ခင်သာဇာတိ မောင်သာဂိ(၄)

Nan ShinSeptember 7, 20111min1351

အခန်း(၄)အဘချိုနဲ့ သာဂိ

“အေးလေ မင်းက အဘမေးတဲ့ပုစ္ဆာကို မှန်အောင်ဖြေနိုင်တယ်ဆိုတော့ အဘအတွက် ဟန်ကျတာပေါ့ကွယ်၊ အဲ့ဒိအတွက်ကျေးဇူးတင်ပါတယ်၊    အဘရဲ့အကူအညီကိုတောင်းဖို့အတွက်အဘရဲ့ဇာတ်လမ်းလေးကိုတော့
အကျဉ်းချုပ်ပြောပြရမှာပေါ့”ဟုပြောလိုက်သည်။သာဂိလည်း ဆက်လက်၍ပြောလာမည့်စကားကို စူးစိုက် နားထောင်ဖို ့ရန်အသင့်အနေအထားဖြင့် ငြိမ်၍နားထောင်နေလိုက်သည်။ “လွန်ခဲတဲ့နှစ်ပေါင်း လေးဆယ်
လောက်တုန်းကပေါ့ ကွယ်၊ အထက်အညာဒေသရဲ့တောရွာလေးတရွာကို အဘရောက်သွားခဲ့တယ်၊ အဲ့ဒိအချိန်တုန်းက အဘက ပညာရပ်မှန်သမျှတတ်ကိုတတ်ရမယ် ဆိုတဲ့အဓိဋ္ဌာန်နဲ့ပါဠိ၊ သက္ကတ၊ဟိန္ဒူ၊အင်္ဂလိပ်စတဲ့ဘာသန္တရဘာသာရပ်တွေအပြင် မြန်မာ့ဆေးကျမ်းပေါင်းများစွာ ကိုလည်း ထုံးလိုမွှေရေလိုနှောက်ပြီးလေ့လာခဲ့တယ်၊ ဒါပေမဲ့ဗေဒင်ပညာရပ်နဲ့တော့ အတော့်ကိုအလှန်းဝေးခဲ့တယ်၊ အဲ့ဒိအတွက်ဗေဒင်ပညာရပ်ကိုလေ့လာလိုက်စားချင်လို့စုံစမ်းလိုက်တော့ အညာဘက်မှာ ဗေဒင်ကို တဖက် ကမ်းခတ်တတ်မြောက်တဲ့အထိသင်ပေးနိုင်တဲ့ ဆရာကြီးတဆူရှိတယ်လို့သတင်းကြားလို ့မရ ရအောင ်စုံစမ်း ပြီးရောက်သွားခဲ့တာ၊အဲ့ဒိရောက်တော့ဆရာကြီးကလွယ်လွယ်ကူကူပဲလက္ခံသင်ကြားပေးခဲ့ပါတယ်၊                         ဒါပေမဲ့မသင်ကြားပေးခင်ကာလမှာတော့ ငါးပါးသီလ ယူရတယ်၊ဒီပညာရပ် န ဲ့ပတ် သက် တဲ့စည်းကမ်းတွေကိုတစ်သွေမသိမ်းလိုက်နာပါမယ်ဆိုတဲ့ဝန်ခံကတိပြုချက်ကိုတော သစ္စာဆိုရတယ်၊ ဆရာကြီးမှာကတပည့်တွေအများကြီးရှိတယ်၊ သမီးတစ်ယောက်လည်းရှိတယ်၊ ဆရာကြီး မအားလပ် တဲ့ အချိန်တွေ၊ ကျမ္မာရေးမကောင်းတဲ့အချိန်တွေမှာတော့ ဆရာကြီးရဲ့သမီးကသင်ကြားပေးပါတယ်၊ သူနာမည်က ခင်ခင်ထားလို့ခေါ်တယ်၊အဘ အဲ့ဒိကိုမရောက်ခင်ကတည်းက ခင်ခင်ထား မှာချစ်သူရှိနေပြီးသားပါ၊ ဆရာကြီးရဲ့တပည့်တွေထဲကတစ်ယောက်ပဲ၊ ဒါပေမဲ့အားလုံးက ဆရာကြီးကို သိပ်ကြောက်ပြီးတော့ရိုသေလေးစားရတာမို့ဒီအကြောင်းကို ဘယ်သူကမှဖွင်ဟပြောဆိုဖို့မဝန့်ရဲကြဘူး” ဟုပြောရင်းရေနွေးခွက်ကိုကောက်မော့လိုက်လေ၏။သာဂိကတော့အတော်စိတ်ဝင်စားသည်ဟန်ဖြင့်“အဘ
ဆက်ပါဦး” ဟုစကားကိုထောက်ပေးလိုက်၏။ “အေးဒီလိုနဲ့ သင်လာလိုက်တော့ သုံးနှစ်သုံးမိုကြာ တဲ့အခါမှာအဘလည်း ဗေဒင်ပညာရဲ့ကျွမ်းကျင်မှုမှာအထွတ်အထိပ်ကိုရောက်ပြီလိုပြောရမှာပေါကွယ်၊ ဒီတော့ အဘလိုချင်တဲ့ပညာရပ်ကို သင်လို့ပြီးစီးပြီဆိုတော့ပြန်ဖို့ပဲရှိတော့တာပေါ့၊ အဲ့ဒိအချိန်မှာပဲ ဆရာကြီးက အဘကိုခေါ်ပြီးပြောတယ်” ဟုပြောရင်းစကားကိုရှေ့မဆက်ပဲ တစုံတရာ ကိုလွမ်းမော သွားဟန်ဖြင့်ငြိမ်သက်သွားသည်။ “ဘာတွေပြောလဲအဘ” ဟုသာဂိကဝင်ထောက်ပေးလိုက်တော့မှ ကုန်သွားသောရေနွေးခွက်ကို ငှဲ့ဖြည်ရင်း “သူဟာအသက်အတော်ကြီးပြီဖြစ်တဲ့အတွက် မကြာခင်မှာပဲ ဘဝကအဆုံးသပ်တော့မယ်ပေါ့၊ အဲ့ဒိအတွက် သူ့သမီးကိုစိတ်ချရအောင်လို့ အဘနဲ့ နေရာ ချထား ပေးခဲ့ချင်တယ်ပေါ့၊ ဘာကြောင့်လဲဆိုတော့ သူမွေးခဲ့တဲ့တပည့်တွေအားလုံးထဲမှာအဘဟာအသွက်လက်ဆုံး၊
အတော်ဆုံးနဲ့စည်းကမ်းကိုအလိုက်နာနိုင်ဆုံးလူတစ်ယောက်ဖြစ်နေတာကြောင့်လို့သူကပြောတယ်၊အဘက ခင်ခင်ထားမှာ ချစ်သူရှိတဲ့အကြောင်းကိုပြောမလို့ကြိုးစားပါသေးတယ် ဒါပေမဲ့ ခင်ခင်ထားက လုံးဝမပြောဖို့တားမြစ်တာနဲ့ဘာမှမပြောဘဲငြိမ်နေလိုက်တော့တာ” ဟုပြောနေစဉ်မှာ သာဂိကဖြတ်၍ “ဒါဆိုအဘချိုက အဲ့ဒိခင်ခင်ထားဆိုတဲ့ မိန်းမကိုယူလိုက်ရတာပေါ့ ဟုတ်လား” ဟုဝင်မေးလိုက်သည်။ “အေးပေါ့ကွာနောက်ဆုံးတော့ ဒီသဘောပဲသက်ရောက်သွားတာပေါ့” ဟုအဘချိုကလေးကန်လှသော လေသံဖြင့်ပြန်ဖြေသည်။ သာဂိက စိတ်ရှုပ်ထွေးသွားဟန်ဖြင့် “ဟာအဘချိုကလည်း ဘယ်လိုကြီး လဲ အဲ့ဒိသဘောပဲသက်ရောက်သွားတယ် ဆိုတာက” ဟုမေး၍ အဘချိုကလည်း “အေးဒီလိုကွ၊ခင်ခင်ကြီးကလဲ သူ့အဖေ လူ့လောကမှာသိပ်ပြီးကြာကြာနေရတော့မှာမဟုတ်ဘူးဆိုတာ သိတဲ့အတွက် အဖေ့ဆန္ဒ အားလုံး ကို လိုက်ရောချင်တယ်၊ ဆရာကြီးကလည်း သူ့သမီးခင်ခင်ထားကို အဘနဲ့မှစိတ်ချရမယ် ယုံကြည်တယ်၊ အဘကလည်း ဆရာကြီးကိုဘယ်လိုကျေးဇူးဆပ်ရရင်ကောင်းမလဲလို့စဉ်းစားနေတာကြာပါပြီ၊ ဒါပေမဲ့ ဆရာ့ရဲ့ကျေးဇူးတွေကများလွန်းလို့ဘယ်လိုဆပ်ရမှန်းမသိဖြစ်နေတာလေ၊ဒီတော့ဆရာကြီးရဲ့ဆန္ဒတွေ
ကို လိုက်ရောပြီးဖြစ်ချင်တာကိုလုပ်ပေးလိုက်မယ် လို့ဆုံးဖြတ်လိုက်ခဲ့တာကိုးကွ” ဟုပြောရင်း ရေနွေးတစ်ခွက် ကောက်မော့လိုက်သည်။ သာဂိကလည်း နောက်လိုသော သဘောဖြင့် “အဘချိုရဲ့ကျေးဇူးဆပ်နည်းကအတော်လေး ကောင်းပါ့ပဲ” ဟုရယ်ပြီးပြောလိုက်သည်။ အဘချိုကမရယ်ချင်သော်လည်းလူငယ်တစ်ယောက်၏ လွတ်လပ်ပေါ့ပါးစွာရယ်သွမ်းနိုင်မှုကို မဖျက်ဆီး လိုသောကြောင့်ပြုံးရုံမျှပြုံရင်း “အဘ ဘဝရဲ့ ပြဿနာက အဲ့ဒိကစခဲ့တာကွဲ့၊ ခင်ခင်ထားနဲ့ အဘနဲ့လက်ထက်ပြီးနောက်ပိုင်းမှာတော့ ဆရာကြီးရဲ့ရောဂါကတနေ့တစ်ခြား ပိုပြိးဆိုးသည် ထက်ဆိုးလာတယ်၊ အဲ့ဒိအချိန်မှာ ဆရာကြီးကအဘနဲ့ခင်ခင်ထားကိုခေါ်ပြီးတော့ အထဲမှာ ဘာပါမှန်း မသိတဲ့ သေတ္တာလေးတစ်လုံးပေးတယ်၊ အဲ့ဒိသေတ္တာလေးကိုလဲ အင်မတန် ဆင်းရဲဒုက္ခ ရောက်တဲ့အချိန်(သို့မဟုတ်)ဘဝရဲ့ရည်မှန်းချက်တွေပြီးမြောက်ပြီဆိုတဲ့အချိန်မှသာလျှင်ဖွင်ဖို့မှာထားခဲ့တယ်၊ ပြီးတော့အဲ့ဒိသေတ္တာကိုလက္ခံမဲ့လူဟာလဲ လူအယောက်တစ်ရာတိတိကို ကူညီပါမယ်လို့သစ္စာဆိုရမယ်တဲ့
လေ။ အဘကအထဲမှာဘာပါမှန်းမသိတော့ တန်ဘိုးကြီးပစ္စည်းဖြစ်နေခဲ့ရင်သူသမီးကသာလျှင်ရသင့်တယ်လို ့ယူဆတဲ့အတွက် ခင်ခင်ထားကိုပဲလက္ခံယူစေခဲ့တယ်၊ ဒါပေမဲ့ခင်ခင်ထားက အဘကိုသာ ယူထားဖို့ အတန်တန်ပြောလာတာမို့အဘကပဲလက္ခံယူထားလိုက်တယ်” ဟုုပြောရင်းခေတ္တငြိမ်သက်နေသည်။ “ဒါဆိုရင် အဘကလူအယောက်တစ်တိတိကို ကူညီဖို့ပါ သစ္စာဆိုလိုက်ရတာပေါ့ ဟုတ်လား” ဟုသာဂိကမေးလိုက်သည်။
“အေးပေါ့ကွယ်၊ ဒီထက်ပိုပြီးနားလည်ရခတ်တာက ကိုယ်တိုင်ဒီတသက်မှာ ကူညီလို့အယောက်တစ်ရာ မပြည့်ခဲ့ရင် ကိုယ့်ရဲ့မျိုးဆက်တွေကိုဆက်ပြီး ကူညီခိုင်းရမယ်ဆိုတဲ့ သက်မှတ်ချက်ပါ ပါနေတယ်ကွဲ ့” ဟုုပြောရင်းသူ ့ရေနွေးခွက်မော့ချလိုက်သည် “ဒါဆိုရင် အဘက လူအယောက်တစ်ရာ တိတိ ကိုကူညီပြီးပြီပေါ့နော်” ဟုသာဂိကမေးသည်။ အဘချိုကလည်း “အေး အဲ့ဒိအတွက်မင်းကို အကူညီတောင်းရတာပေါ့ကွယ်” ဟုပြောနေစဉ် သာဂိက နားမလည်ဟန်ဖြင့် ခေါင်းကို ကုတ်လိုက်သည်။ အဘချိုက သာဂိနားရှုပ်သွားမှန်းသိ၍ “ဒီလိုသာဂိရဲ့ အဘကူညီခဲ့တဲ့လူက အခုထက် ထိ အယောက်တစ်ရာမပြည့်သေးဘူးကွဲ ့” ဟုပြောပြီးရှေဆက်ပြောမည်အပြုတွင် သာဂိက “ဟာဒါဆိုအဘကတစ်သက်လုံးလူလောကမှာ အကြာကြီးနေပြီးဘာဖြစ်လို့လူအယောက်တစ်ရာပြည့်အောင်
မကူညီနိုင်ရတာလ”ဲ ဟု လူငယ်ပီပီ ပြောချင်သောစကားတလုံးကို ရိုးသား ပွင့်လင်းစွာပြောချလိုက်လေ၏။
ထိုအခါ အဘချိုက “အေး သာဂိပြောလဲပြောစရာပါပဲ လူ့လောကမှာရှိတဲ့လူတွေတော်တော်များက ငါ့ကိုဘယ်သူက ဘယ်လိုကူညီ်ရင်သိပ်ကောင်းမှာပဲလို့သာစိတ်ကူးယဉ်တတ်ကြတယ်ကွဲ့၊ ငါကဘယ်သူ့ကို ဘယ်လိုကူညီလိုက်ရရင်သိပ်ကောင်းမှာပဲလို့သိပ်မတွေးကြဘူး” ဟု မာန်အပြည့်နဲ့ပြောလိုက် လေ၏။ သာဂိက “ဒါဆိုရင်အဘရဲ့ဇာတ်လမ်းကိုဆက်ပါဦးအဘ” ဟု ပြောပြီးခေါင်းကိုငုံ့ထားလိုက်၏။ “ဒီလိုနဲ့ ဆရာကြီးဆုံးသွားပြီးနောက်သိပ်မကြာခင်မှာပဲ ခင်ခင်ထားကသူ့ရဲ့ရည်းစားဟောင်းနဲ့ပြန်ဆက်သွယ် ပြီးတော့ တခြားမြို့တမြို့ကိုထွက်ပြေးသွားခဲ့တယ်ကွဲ့၊ အဘကတော့ ဆရာကြီးလဲမရှိတော့ဘူး ၊ သူလဲ သူ့သမိုင်းသူရေးသွားပြီဆိုတော့ ကိုယ်ကတိခံထားတဲ့အတိုင်းလူအယောက်တစ်ရာကို ကူညီဖို့ ဆိုပြီး အောက်ပြည်အောက်ရွာဘက်ကိုခရီးပြန်နှင်ခဲ့တယ်ကွဲ့၊      အောက်ပြည်အောက်ရွာကမြိုငယ်လေးတစ်ခုမှာ
လူတွေကိုကူညီမယ်ဆိုပြီး နေနေတဲ့ကာလရဲ့တစ်ခုသောညမှာခင်ခင်ထားနဲ့သူ့အကောင်အဘ ဆီကိုရောက်လာခဲ့တယ်အဘဆီမှာရှိနေတဲ့ ဆရာကြီးပေးခဲ့တဲ့သေတ္တာလေးကို သူအလွန်ဒုက္ခ ရောက် နေပြီဖြစ်တဲ့အတွက် ဖွင်ချင်တဲ့အကြောင်းကိုလာပြောတယ်၊ အဘကလည်း ပထမတော့ပေးလိုက် ဦးမလို့ပါဘဲ ၊ ဒါပေမဲ့ လင်ရှိရဲ့နဲ့တခြားတယောက်နဲ့လွယ်လွယ်ကူကူလိုက်သွားတဲ့သူ၊ လင်ရှိတဲ့မယားကို ခိုးပြေးပေါင်းသင်းရဲတဲ့သူတွေဟာကာမေသုမစ္ဆာစရကံကို မရှက်မကြောက်ကြူးလွန်ကြသူတွေဖြစ်တယ်၊ လူယုတ်မာတွေဖြစ်တယ်၊ အဲ့ဒိအတွက် သေတ္တာထဲက ပစ္စည်းဟာတန်းဖိုးရှိသည်ဖြစ်စေ တန်ဖိုးမရှိသည်ဖြစ်စေ မြင့်မြတ်တဲ့ဆရာကြီးရဲ့အမွေကို ဒီလိုသားသမီး ဒီလိုတပည့်တွေ ခံဖို့မထိုက်တန်ဘူးလို့စဉ်းစားမိတာနဲ့ မင်းတို့လိုလူ့လောကမှာလူဖြစ်လာပြီး လူစဉ်မှီတဲ့ အကျင်သီလ မရှိတဲ့အကောင်တွေ ကောင်မတွေကို ငါ့ဆရာကြီးရဲ့အမွေကိုလုံးဝမပေးနိုင်ဘူးကွ လို ့ပြောချလိုက်တယ်၊ အဲ့ဒိလိုပြောလိုက်တယ်ဆိုရင်ဘဲ တစ်ယောက်က အဘကိုထချုပ်၊ တစ်ယောက်ကဓါးနဲ့ထောက်ပြီး အခုပေးမလား မပေးဘူးလားလို့ခြိမ်းခြောက်ကြတယ်” ဟု ရင်နင့်ဖွယ်အတိတ် ကိုပြန်လည် သတိရသွား ဟန်ဖြင့် ရေနွေးခွက်ကို ကိုင်သာကိုင်ထားပြီး မသောက်ပဲ ငြိမ်သက်နေသည်။ထိုအခါသာဂိက “ဟာဒါဆိုရင် အဘကသူတို့ကိုအညံ့ခံပြီးသူတို့လိုချင်တာကိုပေးလိုက်ရတာပေါ့ ဟုတ်လား” ဟု အဘချိုဘက်မှ မခံချင်
စိတ်အပြည့်ဖြင့်ဝင်ပြောသည်။အဘချိုကတော့ တည်ငြိမ်ရင့်ကြက်မှုအပြည့်ဖြစ်သောမျက်နှာထားနှင့် “လူလေးရဲ့ လောကမှာ ရန်ကိုနိုင်အောင်ဖြစ်ချင်တာလား ၊ စစ်ကိုနိုင်အောင်တိုက်ချင်တာလား၊ ရန်ကိုနိုင်အောင်ဖြစ်ရတာကောင်းတယ် ၊စစ်ကိုနိုင်အောင်တိုက်တာလဲကောင်းပါတယ်၊ ဒါပေမဲ့ ရန်ကိုမဖြစ်ပဲနိုင်တဲ့သူ၊ စစ်ကိုမတိုက်ပဲနိုင်တဲ့သူ၊ အဲ့ဒိလိုလူမျိုးကိုသာ အမှန်တကယ် အစွမ်းအစ ရှိတဲ့လူလို့ခေါ်တယ်ကွဲ့၊ ဟုတ်တယ်ဒါကြောင်လဲ အဘက သူတို့ကိုပြောလိုက်တယ် အေးမင်းတို့လိုချင်ရင်တော့ အခုမရသေးဘူး နက်ဖြန်မှလာယူ၊ အဲ့ဒိသေတ္တာက အခုဒီမှာမဟုတ်ဘူး၊ ငါတစ်ခြားနေရာမှာသိမ်းထားတယ် လို့ပြောတော”့ ဟုပြောနေစဉ်မှာပဲ သာဂိကဖြတ်၍ “အဘကအဲ့ဒိလိုပြောလိုက်တော့သူတို့ကပြန်သွားရောလား” ဟုမေးလိုက်ပါသည်။ အဘချိုကဆက်လက် ၍ “မကောင်းမှုကိုများများလုပ်တဲ့သူဟာ သူများကိုယုံကြည်မှုပိုနည်းတယ် လူလေးရဲ့၊ ဘာကြောင့်လဲဆိုတော့ သူတို့ဟာမကောင်းမှု တွေကိုသူတို့ကိုယ်တိုင်ကြူးလွန်ကြပြီး တခြားသူတွေကိုလည်း ဒီလိုကြုံလာရင်ဒီလိုလုပ်ကြမှာပဲလို့ထင်ကြတယ်၊ အဲ့ဒိအတွက်ဘယ်သူ့ကိုမှ အယုံအကြည်မရှိတတ်ကြဘူး ဒါကြောင့်သူတို့ကအဘကိုမယုံဘူး၊ ပြီးတော့သူတို့တအိမ်လုံးလိုက်လံရှာဖွေကြတယ်” ဟုပြောပြီး မောသွား၍ရေနွေးသောက်နေစဉ် “ဒါဆိုသူတိုရှာတွေ့ပြီးယူသွားကြတာပေါ့” ဟုသိလိုစိတ်များစော၍ မေးလိုက်သည်။ အဘချိုက“ဘယ်ရမလဲသာဂိရယ် အဘချိုကတစ်ချိန်ချိန်မှာ သူတို့ဒိကိစ္စနဲ့ အဘချို ကိုစုံစမ်းပြီးလိုက်လာလိမ့်မယ်ဆိုတာ အဘကတွက်ထားပြီးသား ဒါကြောင့်ဘယ်ရောက်ရောက် အဘချို
ရောက်လေရာမှာ အဲ့ဒိပစ္စည်းကို အိမ်အောက်အလည်တည့်တည့်မှာမြှုပ်ထားလေ့ရှိခဲ့တယ်၊ သူတို့လဲ နေရာအနှံ့ရှာဖွေလို့မတွေ့ကြတာနဲ့ နက်ဖြန်ပြန်လာမယ်လို့ပြောပြီးဆင်းသွားကြတယ်၊ နောက်တစ်နေ့ သူတို့ပြန်လာမဲ့အချိန်မှာတော့ သူတို့အဘကိုတွေ့ကြရမှာမဟုတ်တော့ဘူးပေါ့ ကွယ်” ဟုပြောရင်း ကုန်လုဆဲဖြစ်သောဖယောင်းတိုင် အထက်တွင်      အသစ်တစ်ချောင်းထပ်မံစိုက်ညှိလိုက်သည်။   “အဲ့သလို
အဘကနေရာအသစ်    ကိုပြောင်းလိုက်တော့ သူတိုက စုံစမ်းပြီးထပ်လိုက်မလာကြတော့ဘူးလား အဘရဲ့”
ဟုသာဂိကမေးလိုက်သည်။အဘချိုက “သူတို့လိုချင်တဲ့အရာက အဘဆီမှာရှိနေတာဆိုတော့မလိုက်ဘဲ ရှိပါ့မလားကွယ်၊ အဘကလည်း သူတိုလိုက်မှန်းသိတာနဲ့ပြောင်း၊ အဘကနေရာအသစ် ပြောင်းပြီဆိုတာနဲ့ သူတို့ကလည်းလိုက်နဲ့  နောက်ဆုံးအေးချမ်းမှုရှိပြီး   သူတို့လုံးဝမလိုက်နိုင်တော့တဲ့     ဒီခင်သာရွာလေးကို
ရောက်လာခဲ့တာပေါ့ကွယ်” ဟုပြောရင်း သက်ပြင်းချလိုက်သည်။ ဆက်လက်၍ “အဲ့ဒိလို သူတို့နဲ့ စိမ်ပြေးတမ်းကစားနေရတဲ့အတွက်   လူအယောက်တစ်ရာတိတိကိုကူညီရမယ်   ဆိုတဲ့ကိစ္စလည်း ဆုံးခန်းမတိုင်လိုက်ပဲ လေးဆယ်ကိုးယောက်မှာတင် ရပ်နေခဲ့တယ်၊          ဒါကြောင့် တစ်ရာတိတိပြည့်ဖို့အ
တွက်  ငါးဆယ့်တစ်ယောက်တိတိကိုဆက်ပြီးအကူညီပေးဖို့ကျန်နေသေးတယ်ကွဲ့” ဟုပြောရင်း အာခေါင်ခြောက်သွားဟန်ဖြင့် ရေနွေးတစ်ခွက်ကိုကောက်မော့လိုက်ပြန်သည်။“ဒါဆိုရင် အဲ့ဒိငါးဆယ ့်တစ် ယောက် ကို ကျနော်ကဆက်ပြီး တာဝန်ယူကူညီရမယ်ဆိုပါတော” ့ဟု သာဂိပြောလိုက်သည်။ “ဟုတ်တယ် သာဂိ အဲ့ဒိငါးဆယ့်တစ်ယောက်ကို ဆက်လက်အကူအညီပေးရမှာဖြစ်တဲ့အပြင် အဘတစ်သက်လုံး အန္တရာယ်တွေအများကြီးနဲ့ရင်ဆိုင်ပြီးသိမ်းဆည်းလာခဲတဲ့ သေတ္တာလေးကိုလည်း အမွေအဖြစ်နဲ့ပေးခဲ့မယ် အဲ့ဒါကို မင်းကဆက်လက်သိမ်းဆည်းပြီးတော့” ဟုပြောရင်းစကားပြောအတန်ငယ်ရပ်တန့်သွားသည်။
သာဂိက “ဆက်ပြောပါ အဘကျနော် နားထောင်နေပါတယ်” ဟုပြောလိုက်သည်။ “အေး အဘပြောဖို့ကျန်ခဲ့တာတစ်ခုရှိတယ် အဲ့ဒါကခင်ခင်ထား ထွက်သွားတဲ့အချိန်မှာအဘရဲ့ ကိုယ်ဝန် ပါသွားတယ်ဆိုတာရယ်၊ အဲ့ဒိကိုယ်ဝန်ဟာ သားလေးမွေးတယ်ဆိုတာရယ်၊အဲ့ဒိသားက ဆက်မွေးထားတဲ့ မြေးမလေးတစ်ယောက်ရှိနေပြီဆိုတာရယ်ကိုမကြာသေးခင်ကမှသိလိုက်ရတယ်၊ ဒါတွေက အခုအဘ အကူအညီတောင်းတဲ့ကိစ္စနဲ့တော့မဆိုင်ပါ၊ အဘလုံးဝမတွေ့လိုက်ရတဲ့သားလေးနဲ့မြေးမလေးကိုလွမ်းဆွတ်
သတိရမိလို့ပါ ဟုပြောရင်း သက်ပြင်းကိုကြီးစွာချ၍ မျက်ရည်များဝဲလာခဲ့သည်။ သာဂိက “အဘအရမ်းပင်ပန်းသွားပြီ်ဆိုရင် အနားယူပြီးအိပ်လိုက်ပါလား၊နောက်နေ့မှ ထပ်ဆက်ကြတာပေါ့” ဟု
ပြောသော်လည်း အဘချိုက “ဒီညဟာအဘအတွက် နောက်ဆုံးညဖြစ်နေရင် အဘအတွက် တာဝန်မကျေသလိုခံစားရပြီး ဘဝဆုံးသွားမှာပေါ့ကွယ် အဘဆက်ပြောပါရစေ၊ သာဂိအိပ်ချင်ရင်လည်း ဒီတစ်ညတော့ နောက်ဆုံးသည်းခံခြင်း၊ နောက်ဆုံးကူညီခြင်းနဲ့ဆုံးအောင်နားထောင်ပေးပါကွယ်” ဟုု ပြောသဖြင့် သာဂိလည်းအလွန်အားနာသွားဟန်ဖြင့်“ကျနော်မအိပ်ချင်ပါဘူး အဘရဲ့ အဘချို ကိုစိုးရိမ်လို့ပြောမိတာပါ” ဟုပြာပြာသလဲပြောရှာ၏။ အဘချိုကလည်း ကျေးဇူးတင်ကြောင်းပြောပြီး ဆက်လက်၍ “အဘဆုံပါးသွားတဲ့အချိန်မှာ ဒီအိမ်ရဲ့အလယ်တည့်တည့်မှာ အဘမြှုပ်နှံထားတဲ့ သေတ္တာလေးကို သာဂိကဆက်လက်ထိမ်းသိမ်းပေးထားပါ၊ ဖွင့်မယ်ဆိုရင်တော့ သေတ္တာလေးရဲ့စည်းကမ်း
အတိုင်းပေါ့ အင်မတန်ဒုက္ခရောက်ပြီဆိုတဲ့အချိန်မှာဖြစ်စေ ၊ဘဝရဲ့ရည်ရွယ်ချက်ပန်းတိုင် ကိုရောက်ပြီ ဆိုတဲ့အချိန်မှာဖြစ်စေ ဖွင့်ကြည့်နိုင်တယ်” ဟုုပြောပြီးရှေဆက်ပြောမည်အပြုတွင်သာဂိက “အဘကိုယ်တိုင် ဘာဖြစ်လို့ဒီသေတ္တာလေးကို မဖွင့်ရတာလဲ”ဟုဖြတ်မေးလိုက်သည်။ အဘချို က “အဘ ဘဝမှာဘယ်လိုအခက်အခဲတွေပဲရှိရှိ ဒုက္ခရောက်တယ်လို့ဘယ်တော့မှ မခံယူခဲ့တာကတစ်ကြောင်း၊ အဘရဲ့ပန်းတိုင်ရည်ရွယ်ချက်ဖြစ်တဲ့ ဆရာသမားကိုပေးထားတဲ့ကတိအတိုင်း  လူအယောက်တစ်ရာကိုပြည့်
အောင်မကူညီနိုင်ခဲ့တာကတစ်ကြောင်းမို့မဖွင့်ဖြစ်ခဲ့တာပေါ့ သာဂိရယ်” ဟုပြောလိုက်သည်။ သာဂိလည်း “အော်” ဟုသာပြောပြီးဘာမျှဆက်မပြောဘဲ အဘချိုဆက်ပြောမည့်စကားကိုသာ ငံ့လင့် နေလိုက် တော့သည်။ အဘချိုက ပြတ်သွားသောစကားစကိုပြန်ကောက်၍ “အဲ့ဒိသေတ္တာ လေးကိုလည်း ဆက်လက်ထိန်းသိမ်း၊ ပြီးတော့ ဟိုမှာတွေ့လား အဘချိုသွားလေရာပါတဲ့သေတ္တာကြီးသုံးလုံး” ဟုပြောရင်း ခေါင်းရင်း၌ထပ်ထားသော သေတ္တာများကိုလက်ညှိုးထိုးပြလိုက်၏။ “ဟုတ်” သာဂိက ခေါင်းညှိမ့်ရင်း ပြောသည်။ “အေး အဲ့ဒိအထဲမှာ တစ်လုံးကဗေဒင်နဲ့ဆေးကျမ်း စာအုပ်တွေ၊ တစ်လုံးက ပါဠိ သက္ကတ အင်္ဂလိပ်စတဲ့ ဘာသာရပ်တွေကိုလေ့လာတဲ့စာအုပ်တွေ၊ တစ်လုံးက အထွေထွေဗဟုသုတလို့ခေါ်တဲ့
မြန်မာ့သမိုင်း ကမ္ဘာသမိုင်း ပထဝီနဲ့သမိုင်းစတဲ့စာအုပ်တွေပေါ့ကွယ်” ဟုသေတ္တာများကို လက်ညှိုး ထိုးပြရင်းပြောသည်။ သာဂိက “အဘရယ် ကျနော်က လေးတန်းအထိပဲကျေင်းတက်ခဲ့တာပါ အဲ့ဒိအတွက် ဒီစာအုပ်တွေနဲ့ဘယ်လိုမှအသုံးတဲ့မှာမဟုတ်ပါဘူး၊ ဒါပေမဲ့ အဘကယူစေချင်တယ် ဆိုရင်တော့ ယူထားလိုက်ပါ့မယ်၊ ပြီးရင်တော့ရွာဦးကျောင်းဆရာတော်ကြီးကိုသွားလှူလိုက်မယ်လေ” ပြောလိုက်စဉ် အဘချိုက“အထက်တန်းကျောင်းမတက်ခဲ့ရလို ့ဒီစာအုပ်တွေကိုမဖတ်ရဘူးလို့ဘယ်သူကစည်း ကမ်းချက် ထုတ်ထားလို့လဲသာဂိရဲ့” ဟုမေးလိုက်သည်။သာဂိလည်း ဘာပြန်ပြောရမှန်းမသိ၍ ခေါင်းကိုသာ အတွင်တွင်ကုတ်ဖို့ကြိုးစားနေမိတော့၏။ “ဒီလိုရှိတယ် သာဂိရဲ့အဘကမင်းကို အကူညီတောင်းတာဟာ လူတွေကိုအကူညီပေးရမယ် ဆိုတဲ့အချက်ဖြစ်တယ်၊ အဲ့ဒိအတွက် မင်းမှာ ဘာပညာမှမရှိပဲ ဘာတွေနဲ့သွားပြီးအကူညီပေးမှာလဲသူများကို တစ်ဝက်ပေးချင်ရင် ကိုယ့်မှာတစ်ခုတော့ရှိထားမှဖြစ်မှာပေါ့၊ ပြီးတော့ မင်းကိုယ်တိုင် ဖြေထားခဲ့တဲ့ ပညာကသာလျှင် အရာရာကိုအလျှင်မြန်ဆုံးပြီးမြောက် အောင်မြင်စေနိုင်တယ် ဆိုတဲ့အဖြေတစ်ခုကို မင်းမှတ်မိလား” ဟုမေးလိုက်သည်။ သာဂိ ဘာမှဆက်မပြောသာ၍ငြိမ်ပြီးနားထောင်နေသည်။ သာဂိ ငြိမ်နေခြင်းဖြင့် သူပြောသည့် စကားကို ထောက်ခံကြောင်းသိလိုက်သော အဘချိုက ဆက်လက်၍ ပြောမည်အပြုတွင်သာဂိက ဒါဆိုရင် “အဲ့ဒါတွေကိုကျနော်က ဘယ်လိုသင်ယူရမှာလဲ ဘယ်သူ့ဆီမှာသင်ယူရမှာလဲ” ဟုမေးလိုက်သည်။ အဘချိုက “လူလေး မင်းတော်တယ် သာဂိ၊ အဲ့ဒါကို အဘကသင်ပေးမယ် ဘယ်လိုသင်ယူရမယ်ဆိုတာကိုလဲ အဘကပဲပြောပြမယ် ဟုတ်ပြီလား” ဟုပြောလိုက်၍ သာဂိက “ဒါဆိုဘယ်တော့စသင်ပေးမှာလဲ” ဟုစိတ်
ဝင်တစားပြန်မေးလိုက်သည်။ “အေး မင်းစိတ်ဝင်စားတယ် လေ့လာချင်စိတ်ရှိတယ်ဆိုရင်တော့ မင်းဟာအခုပဲ အဲ့ဒိပညာရပ်အားလုံးကိုတက်မြောက်သွားပြီလို့ မှတ်လိုက်တော့”ဟုပြောလိုက်၍ သာဂိ ကနားမလည်သည့်ဟန်ဖြင့် အဘချိုကို စိုက်ကြည့်လိုက်သည်။
အဘချိုက သာဂိကို သဘောပေါက်နားလည်စွာဖြင့်ကြည့်ရင်း “ဘယ်ဆရာသမားမှ ကိုယ့်တပည့်တစ်ယောက်ကို ပညာကုန်တတ်အောင်မသင်ပေးနိုင်ဘူးကွဲ့၊ အေး တပည့်တစ်ယောက်ကို ပညာကုန်သင်ပေးချင်တယ်ဆိုရင် သင်ပေးလို့ရတဲ့နည်းတစ်နည်းပဲရှိတယ်၊ အဲ့ဒါကတော့ ကိုယ်သင်မဲ့ဘာသာရပ်တစ်ခုကို အဲ့ဒိတပည့် စိတ်ဝင်တစား နဲ့အစွမ်းကုန်လေ့လာချင်စိတ်ပေါက်အောင် သွန်သင်ဆုံးမ ပေးရမယ် အဲ့သလိုဆိုရင် တပည့်က သူ့ဘာသာ ပါရဂူမြောက်တက်ရောက်တဲ့အထိ သင်ယူသွားလိမ့်မယ် သာဂိရဲ့” ဟုပြောရင်းရေနွေးတစ်ခွက် ကောက်သောက်လိုက်ပြီးမှဆက်လက်၍ “လောကမှာဘယ်ရှုထောင့်ကကြည့်ကြည့်မမှားတဲ့သဘောတရားတွေရှိတယ် သာဂိရဲ့ အဲ့ဒိသဘော တရားတွေကို ဗုဒ္ဓရဲ့အဆုံးမတွေထဲကနေရှာဖွေတွေ့နိုင်တယ်၊ အဲ့ဒိအတွက်ပါဠိ စာပေကိုလေ့လာရလိမ့်မယ်၊ ပြီးတော့ ကာလာမသုတ္တန်မှာလည်း မြတ်စွာဘုရားကချစ်သားတို့ အရာရာကိုဆင်ခြင်သုံးသပ်ပြီးမှယုံရမယ် ဘယ်သူပြောတာကိုမှ လွယ်လွယ်နဲ့မယုံလေနဲ့ အဆုံးစွန်ထိ ငါဘုရားပြောတာကိုတောင် ငါတို့ကိုးကွယ်တဲ့
ဘုရားကပြောတာပဲ ဟုတ်မှာပါလေဆိုတဲ့အတွေးမျိုးနဲ့မယုံလေနဲ့လို ဟောကြားတော်မူခဲ့တယ်ကွဲ့။ တို့ရဲ့ဗုဒ္ဓဟာလည်း ပရိနိဗ္ဗာန်ပြုသွားတာ နှစ်ပေါင်းနှစ်ထောင့်ငါးရာတောင် ကျော်လာပြီဆိုတော့ တချို ့စာပေတွေဟာ မူမှန်အတိုင်းမရှိတော့ပဲ ပြောင်းလဲသွားပြီး အဓိပ္ပါယ်တွေအမျိုးမျိုးထွက်ကုန်ကြတယ်ကွဲ့၊ ဟိုဆရာဟိုလို ဒီဆရာက ဒီလိုနဲ့အနက်အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုနေတဲ့အထဲမှာမှ ဘယ်ဟာကဖြစ်သင့်၏၊ ဘယ်ဟာကတော့ မဖြစ်သင့်၏ ဆိုတာကို ကိုယ်ပိုင်ဉာဏ်နဲ့ဆင်ခြင်သုံးသပ်နိုင်ဖို့အတွက် သက္ကတ စာပေဆိုတာလိုအပ်လာတယ်ကွဲ့။ ဘာကြောင့်လဲဆိုတော့ အဲ့ဒိပါဠိနဲ့သက္ကတ ကခေတ်ပြိုင် ဘာသာရပ်တွေမို့အတိအကျမဟုတ်သော်လည်း ခပ်ဆင်ဆင်တူတယ်၊ ဘယ်ပါဌ်က ဘယ်အနက် ထွက်တယ်ဆိုတာအတ်ိအကျသိနိုင်ဖို့ အတွက်အဲ့ဒိဘာသာရပ်နှစ်ခုကိုချိန်ထိုးကြည့်လို့ရတာပေါ့ကွယ်။ ပြီးတော့ တို့နေတဲ့အရှေ့တိုင်းက စိတ်ပိုင်းဆိုင်ရာလေ့လာမှုအားကောင်းပြီးတော့ အနောက်တိုင်းကတော့ ရုပ်ပိုင်းဆိုင်ရာလေ့လာမှုအားကောင်းတယ်။ လူသားတိုင်းမှာက စိတ်ပိုင်းရော ရုပ်ပိုင်းပါရှိတဲ့အတွက် စိတ်အကြောင်းရော ရုပ်အကြောင်းပါလေ့လာသင့်တယ်” ဟုုပြောရင်း အနည်းငယ် ပင်ပန်းသွား၍ ရေနွေး
သောက်လိုက်ပြန်သည်။ သာဂိကလည်း စိတ်ဝင်စားလွန်း၍ ဆက်လက်နားထောင်နိုင်ရန်အတွက် ပြန်လည်နေရာယူပြီး ပြင်ဆင်ထိုင်လိုက်ပါသည်။ ပြီးတော့မှ အဘချိုကဆက်လက်၍ “အဲ့ဒိအနောက်တိုင်းကပညာရပ်တွေကို သင်ယူလေ့လာဖို့အတွက် အင်္ဂလိပ်စာဆိုတာ တတ်ကိုတတ်ထားရမဲ့ ပညာရပ်တစ်ခုထပ်ဖြစ်လာတယ်။ပြီးတော့ ဗေဒင်ပညာကတော့ မတတ်မဖြစ်ရယ်လို့မဟုတ်ပါဘူး။ တတ်ထားရင်ကောင်းတဲပညာရပ်ပေါ့။ ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓပရိနိဗ္ဗာန်စံပြီးနောက်ပိုင်းမှာ ဘာသာတရားကိုအမှီပြုပြီး အချောင်ခိုစားသောက်ချင်တဲ့ လူယုတ်မာတွေဟာ သာသနာဘောင်ထဲကိုဝင်ရောက်လာကြပြီး ဗေဒင်တွက်၊ ဆေးကုနဲ့သင်္ကန်းပတ်ပြီးစီ်းပွားဖြစ်လုပ်စားလာတဲ့ပုဂ္ဂိုလ်တွေရှိလာသလို တခြားဘာသာခြားတွေကလည်း ဗုဒ္ဓပေါ်ထွန်းလာလို့သူတို့စားပေါက်ပိတ်သွားတဲ့အခါမှာ ရဟန်းယောင်ဆောင်ပြီးတော့ အင်းအိုင်ခလဲ့ လက်ဖွဲ့ စတဲ့တန္တရ မန္တရခေါ် ဗုဒ္ဓမဟောကြားတဲ့ အရာတွေကို ဟောလေသယောင်ယောင်နဲ့သာသ နာကိုလဲဖျက်ရင်းသူတို့ဝမ်းကိုလဲကျောင်းရင်းနဲ့ဝင်ရောက်လာကြတယ်။ အဲ့ဒိတော့ကိုယ်ကဗေဒင်ကို ကျွမ်းကျွမ်းကျင်ကျင်တတ်ထားမယ်ဆိုရင် ဒီဗေဒင်ဟာ ဒီလိုရှိပါတယ်မှန်အောင်ဟောပြောနိုင်ပါတယ် ဒါပေမဲ့ ဗုဒ္ဓဘာသာမှဆင်းသက်လာခြင်းမဟုတ်ပါ စသည်ဖြင့်ကိုယ်ကတွက်ချက်ပေးလိုက်တဲ့လူတိုင်းကိုရှင်းရှင်း လင်းလင်း တရားဟောလို့ရတာပေါ့ကွယ်၊ လူဆိုတာ ပုဂ္ဂိုလ်ခင်တော့တရားမင်တယ်မဟုတ်လားကွဲ့၊ ကိုယ်ကဗေဒင်တွက်ပေးလို ့ခင်လာတဲ့သူကိုတရားမင်အောင်ဟောလို့ရတာပေါ့ကွယ်။ ဆေးကျမ်း တွေက တော ့ ကိုယ်တတ်ထားရင် ကိုယ်ရှေ့မှာဘယ်သူတွေဘာဖြစ်မလဲ ဖြစ်လာတဲ့သူကိုကုသပေးလို့ရတာပေါ့။ လူသားတွေကိုဆေးကုပေးတဲ့အလုပ် ပြုစုစောင့်လျှောက်တဲ့အလုပ်ကတော့ စေတနာ ထားတတ်မယ် ဆိုရင်အမြင့်မြတ်ဆုံးအလုပ်တွေထဲတစ်ခုပဲပေါ့။ အဘရဲ့လူတွေကိုကူညီရမယ်ဆိုတဲ့ကိစ္စကိုလဲ ဒီဆေးပညာနဲ့ကူညီလို့ရတာပေါ”့ ဟုပြောရင်း ငြိမ်၍နားထောင်နေသော သာဂိကိုလှည့်ကြည့်လိုက်သည်။ သာဂိက အဘချိုပြောသမျှကိုစူးစိုက်နားထောင်နေသော် လည်းအတွေးတစ်စုံတရာရှိနေသည့်ပုံမို ့အဘချိုက “ဘာတွေစဉ်းစားနေတာလဲသာဂိရဲ့” ဟုမေးလိုက်သည်။ “အဘချို ပြောတဲ့အရာတွေကို တန်ဖိုးရှိတယ် လို့လက္ခံမိလေ ဒေါ်ခင်ခင်ထားဆိုတဲ့အဖွားကြီးကိုတွေးပြီးစိတ်တိုလေဖြစ်နေတာလေ” ဟုပြောလိုက်သည်။ “ဘာဖြစ်လို ့လဲသာဂိရဲ့” ဟုအဘချိုက နှစ်သိမ့်သောအကြည့်ဖြင့်မေးလိုက်သည်။ “ဟုတ်တယ် အဘရဲ့ဒါကြောင်မို့ဆရာတော်ကြီးတစ်ပါးက မိန်းမမကောင်းကြောင်းတွေချည်းပဲ တော်တော်များ ရေးသွား တာ၊  ပြီးတော့ ကျနော်စဉ်းစားကြည် ့တယ် ဒီလောက်တော်တဲ့တတ်တဲ့ ယောက်ျားတစ်ယောက်ကိုမှပြစ်ပြီး ရည်းစားဟောင်းနောက်လိုက်သွားတယ်ဆိုတော့ တော်တော်ဆိုးလို့ပေါ့အဘရဲ့ ကျနော်တော့ တွေးရင်းနဲ့မိန်းမဆိုတာတွေကိုရွံပြီးတော့ ကြောက်လာပြီအဘရေ” ဟုမိမိခံစားချက်ကို မကွယ်မဝှက် ပဲ ပကတိရိုးသားမှုအပြည့်ဖြင့် ကလေးလေးတစ်ယောက်ပမာပြောလိုက်သည်။ ထိုအခါ အဘချိုမှ ဟက်ဟက်ပက်ပက်ရယ်မောရင်း “မင်းက ဆရာတော်ကြီးရေးတဲ့ မိန်မ မကောင်းကြောင်း စာတွေလောက်ဖတ်ဖူးတာကိုးကွ ၊အဲ့ဒိစာတွေရေးပြီးနောက်ပိုင်းမှာ မိန်းမတွေနဲ့ပတ်သက်လို ့ဆရာတော်ဘာတွေဆက်မိန့်သွားတယ်ဆိုတာကိုမှ ဆက်မလေ့လာတာကွ ဟားဟားဟား” ဟုဆက်တိုက်ရယ်မောလိုက်ပြီးမှ ဆက်လက်၍ “ဒီမယ် သာဂိ လောကမှာလေ့လာတယ် ဆည်းပူးတယ်ဆိုတာအစလေးနဲ့ရပ်တန့်မထားနဲ့၊အဆုးံစွန်ထိလိုက်လေ့လာ ရတယ် ၊လေ့လာပြီးသားကို
လည်း မှန်လား မှားလား ဖြစ်သင့်လား မဖြစ်သင့်လား ဆိုတာကို ယုတ္တိရှိရှိစဉ်းစားရတယ်ကွဲ့၊ အေး အဲ့ဒိယုတ္တိဆိုတာကလည်း သဘာဝယုတ္တိ အာဂမယုတ္တိရယ်လို့နှစ်မျိုးရှိတယ်ကွယ်၊ ဝါဒတစ်ခု ယုံကြည်ချက်တစ်ခု ကိုလက္ခံတော့မယ်ဆိုရင် အဲ့ဒိယုတိ္တနှစ်ပါးနဲ့ချိန်ထိုးကြည့်ရတယ်၊ အံဝင်ခွင်ကျဖြစ်ပြီဆိုတော့မှ လက္ခံရတယ်။  အဲ့ဒါကိုပဲယုတ္တိရှိတယ်လို့ခေါ်တာကွဲ့” ဟုပြောရင်း ရေနွေးသောက်ဖို့ဟန်ပြင်လိုက်သည်။ ထိုစဉ်သာဂိက “ဘာတွေလဲ အဘချိုရယ် အာဂမယုတ္တိတွေရော သဘာဝယုတ္တိတွေရော ကျနော်နားမလည်တောဘူး” ဟုပြောသည်။အဘချိုက “နံက်မှာ နေထွက် တာသဘာဝ၊ ညနေမှာနေဝင်တာလည်းသဘာဝပဲ။ နေထွက်ရင် အနွေးဓါတ်ကိုရတာလဲသဘာဝဖြစ်သလို နေဝင်သွားရင် အနွေးဓါတ်တွေ လျှော့ကျသွားတာဟာလဲသဘာဝပဲ ဘယ်သူမှ လိုက်လုပ်လို့ဖြစ် နေတာမဟုတ်ဘူး၊ ငှက်တွေပျံတာ ငှတ်ရဲ့သဘာဝဖြစ်သလို ငါးတွေရေကူးတာဟာလဲ ငါးရဲ့ သဘာဝပဲဖြစ်တယ် ၊ အေးတစ်ယောက်ယောက်ကများမင်း မိုးပေါ်ပျံတဲ့ ငါးတစ်ကောင် ကိုသူ တွေ့ခဲ့ပါတယ်လို့ပြောရင်မင်းလက္ခံမလား” ဟုမေးလိုက်၍ သာဂိ ကခေါင်းခါပြလိုက်သည်။ “ဘာဖြစ်လို့လက်မခံရတာလ”ဲ ဟုဆက်မေးလိုက်သည်။သာဂိကလည်း “မဖြစ်နိုင်လို့ပါ” ဟု လွယ်လွယ် ပင်ပြန်ဖြေလိုက်သည်။ “အေး အဲ့ဒိလိုမဖြစ်နိုင်တာကို သဘာဝမကျဘူး သဘာဝယုတ္တိမရှိဘူးလို့ခေါ်တယ်၊ ပြီးတော့ ဘုရားဟောပါဠိတော်တွေ အဲ့ဒိပါဠိတွေကို ထပ်မံချဲ့ထွင်ရှင်းလင်းထားတဲ့အဋ္ဌကထာ စ တာတွေကို အာဂမလို့ခေါ်တယ်။ ကဲထားပါတော့ အခုချိန်မှာ ခင်ခင်ထားတို့ကမင်းကိုပြောမယ်ကွာ သူတို့က ချစ်သူရည်းစားဟောင်းတွေ အတူတူပြန်နေတာ ထွက်ပြေးတာမှန်ပါတယ်လို့ပြောရင်မင်းလက္ခံမလား” ဟုမေးလိုက်သည်။ သာဂိက “ဘယ်လက္ခံမှာလဲအဘရဲ့” ဟုပြန်ဖြေသည်။“ဘာကြောင့်လဲသာဂိရဲ့” ဟုမေး၍ သာဂိက “ငါးပါးသီလထဲမှာ သူများသားမယားကိုမပြစ်မှာမကြူးလွန်ရလို့ပါတဲ့အတွက်ကြောင့်ပေါ့အဘရဲ့” ဟုပြန်ဖြေလိုက်သည်။ “အေး အဲ့သလိုဘုရားဟော ကျမ်းဂန်နဲ့ မညီညွတ်တဲ့ စကားတလုံး အယူဝါဒကိုလဲသဘာဝမကျဘူး၊အာဂမယုတ္တိမရှိဘူးလို့ခေါ်တယ် သာဂိရဲ့”ဟုပြောပြီး ခေါင်းတဆတ် ဆတ် ငြိမ့်၍သာဂိကိုစိုက်ကြည့်နေလိုက်သည်။ နှစ်ဦးလုံးဘာဆက်ပြောရမည် မသိ တိတ်ဆိတ်နေကြသည်။ တခဏမျှငြိမ်သက်နေကြပြီးမှ သာဂိက ချက်ချင်းသတိရသွားဟန်ဖြင့် “ကျနော်မိန်းမတွေ ကိုရွံကြောက် ဖြစ်သွားရတာနဲ့ အဲ့ဒိအာဂမယုတ္တိ သဘာဝယုတ္တိတွေနဲ့ဘာဆိုင်လို့လဲအဘရဲ့”ဟု ထမေးလိုက်၏။ “ဆိုင်ပါသော်ကော သာဂိရယ် မင်းပြောခဲ့တဲ့ စကားကိုကောက်ချက်ချရမယ်ဆိုရင် မင်းအနေနဲ့မိန်းမတွေအပေါ်မှာ  အထင်သေးတဲ့  စိတ်ဝင်သွားတယ်ဆိုတာရယ်    မိန်းမတွေရဲ့ဆိုးသွမ်းပုံကို
ရေးထားတဲ့ စာပေတွေကိုအဟုတ် အမှန်ဆိုတဲ့ခံယူချက်တစ်ခုဝင်သွားတယ် ဟုတ်လား မဟုတ်ဘူးလား ကဲပြောစမ်းပါဦး မောင်သာဂိ” ဟုအဘချိုက ပြုံးစိစိဖြင့် မေးလိုက်သည်။ သာဂိက ဆိတ်ဆိတ်နေခြင်းဖြင့် ဟုတ်မှန်ကြောင်းကိုဝန်ခံလိုက်သည်။ “အေးအဲ့ဒိအတွက် အဘချိုရှင်းပြမယ် ကွဲ့ ဘုရားရှင်လက် ထက်တော် အခါတုန်းက ရဟန်းတော် အချို့ဟာ ဟိုးရှေးရှေးဘဝကသူတို့နဲ့တော်စပ်ခဲ့ဘူးတဲ့ မယားဟောင်းတွေကို ဒီဘဝမှာပြန်တွေ့ကြတော့ လူလူချင်းမသိကြပေမဲ့ ဘဝပေါင်းများစွာ တော်စပ်ခဲ့ဘူး တဲ့လင်မယား ဆိုတဲ့ရေစပ်ကြောင့်ဒီဘဝမှာလဲ့ မြင်မြင်ခြင်းချစ်မိကြတယ် စွဲလမ်းမိကြတယ်။ ဒီတော့ မိန်းမကြောင့်လူထွက်ချင်စိတ်ပေါက်တဲ့ ရဟန်းအချို့ကိုလူမထွက်စေချင်လို့သူတိုနဲ့ကွက်တိဖြစ်မဲ့တရား၊ ကျွတ်တန်းဝင်မဲ့တရားကိုဘုရားရှင်ကဟောကြားပေးရတယ်။ မြတ်စွာဘုရားရဲ့တရားဆိုတာ ဒီတစ်ယောက် ကို ဒီတရားနဲ့ချွတ်လို့ရပေမဲ့ ဟိုတစ်ယောက်ကို ဒီတရားနဲ့ချွတ်လို့ရချင်မှရတာကွဲ့၊ ဒါကြောင့်မြတ်စွာဘုရားက ဘယ်သူဟာ ဘယ်တရားနဲ့မှကျွတ်တန်းဝင်မယ်ဆိုတာကို ဉာဏ်တော်နဲ့ ဆင်ခြင်သုံးသပ်ပြီးမှ ဟောထားတာကွဲ့ မင်းထင်သလို မိန်းမ မကောင်းကြောင်းတွေကို ဟောထားခဲ့တာမဟုတ်ဘူး။ အဲ့ဒိတရားတော်တွေကို လွယ်လွယ်ကူကူ နဲ့မှတ်လိုသားလို့ လွယ်အောင်ဆိုပြီးတော့ ဆရာတော်ကြီးက နောင်လာနောက်သားတွေအတွက် ကဗျာအလင်္ကတွေသီးကုံးပြီး ရေးစပ်ထားခဲ့တာပါ၊မိန်းမအကြောင်းဆိုတာက ဆရာတော်စပ်ဆိုထားခဲ့တဲ့ စာပေပေါင်းများစွာထဲကမှ တစိတ်တဒေသပဲရှိပါတယ်” ဟုပြောရင်း ခြောက်သွားသော အာခေါင်ကိုရေစွတ်သောသဘောဖြင့် ရေနွေးတစ်ငုံကိုငုံလိုက်သည်။ ထိုအခါ သာဂိက “အဘပြောတဲ့ ဆရာတော်နောက်ပိုင်းမှာ ဘာတွေဆက်မိန့်သလဲဆိုတာ ပြောပြပါဦးအဘရဲ့”ဟုမေးသောကြောင့်အဘချိုက “အေး ဟုတ်တယ် မဟုတ်ဘူးဆိုတာ အဘလဲအသေချာတော့ မဖတ်ဖူးပါဘူး သာဂိရယ် တို့များဆရာအစဉ်အဆက် ပြောစမှတ်ရှိတဲ့ဖြစ်စဉ်လေးကတော့ ….ဆရာတော်ကြီးကအဲ့ဒိလို မိန်းမ မကောင်းကြောင်း ရေးစပ်မှုတွေများတဲ့အတွက်တချို့သော ဒကာတွေက ဆရာတော်ဘုရား မိန်းမတွေက အဲ့သလောက်ထိဆိုးသွမ်းတယ်ဆိုရင်ဖြင့် မိန်းမတွေကိုဘယ်လိုလုပ်ပြစ်ဖို့သင့်ပါလဲဘုရားလို ့လျှောက်ထားကြသတဲ့။ ဆရာတော် ကလည်း အေးအဲ့ဒိမိန်းမတွေကို ဖောင်ကြီးကြီးဖွဲ့ပြီး ပင်လယ်ထဲ့မျှော
ပစ်ရမယ် ဒကာတို့ရဲ့ ဟုမိန့်သတဲ့၊ အဲ့ဒိတော့ ဒကာတစ်ဦးက ဟုတ်တယ် ဆရာတော်မိန့်တာမှန်တယ် တပည့်တော်လည်း အဲ့ဒိလိုပဲလုပ်ပြစ်ချင်တယ် ဘုရား လို့လျှောက်တဲ့အခါမှာ ဆရာတော် က လုပ်တာလဲလုပ်ကြပေါ့ အဲ့မျှောမဲ့နေ့မှာတော့ ဘုန်းဘုန်းကိုလဲအသိပေးပါဦးလို့မိန့်လိုက်တယ်ဆိုရင်ပဲ ဒကာတစ်ဦးက နောက်ဆုံးအနေနဲ့မေတ္တာသုတ်ရွတ်ပေးလိုက်မလို့လားဘုရား လို့ထလျှောက်ပါတယ်။ အဲ့ဒိတော့ ဆရာတော်ကမဟုတ်ဘူး ဘုန်းဘုန်းပါ အဲ့ဒိဖောင်နဲ့လိုက်သွားမလို့ပါ လို့ပြန်ဖြေလိုက်တယ်။ ဒကာတွေအားလုံးဘာဆက်ပြောရမည် မသိငြိမ်သွားကြ၍ ဆရာတော် က ဟုတ်တယ် တို့များဘုန်းကြီးတွေလဲ ဒီဒကာမတွေ သဒ္ဓါတရားကောင်းလွန်းလို့ အချိန်ကုန်ခံ အလုပ်ရှုပ်ခံပြီး ဆွမ်းချက်ကပ် လှူဒါန်းနေလို့သာ သာသနာအတွက် အသက်ဆက်နေနိုင်တာဒကာတွေချည်းပဲရှိပြီး ဒီဒကာမတွေသာ မရှိတော့ရင် တို့များလဲ ဆွမ်းကပ်မယ့်လူ ဆွမ်းလောင်းမဲ့လူ မရှိလို့သာသနာလဲ ပြုနိုင်မှာ မဟုတ်သလိုစာသင်စာချအလုပ်တွေလဲလုပ်နိုင်မှာမဟုတ်ဘူးလို့မိန့်လိုက်သတဲ့ …..ဒီတော့ သာဂိရေ မင်းမှတ်ထားရမှာကတော ဆရာတော်ဟာ မိန်းမမကောင်းကြောင်း တွေချည်း သက်သက် ရေးဖွဲခဲ့တာ မဟုတ်ပါဘူး။ ဘုရားဟောကျမ်းဂန်တွေကိုနောင်လာနောက်သားတွေမှတ်သားရ လွယ်ကူအောင် ရေးစပ်ခဲ့တယ်ဆိုတာရယ်၊ လောကမှာ မိန်းမလည်းမကောင်းသူရှိသလို ယောက်ျား လည်း မကောင်းသူရှိတယ်၊ ဘုရားခေတ် ကစိဉ္စမာဏလိုမိန်းမယုတ်ရှိသလို ဒေဝဒတ်လို ယောက်ျားယုတ် တွေလဲရှိခဲ့တာပဲ၊ အဲ့ဒိတောမိန်းမရယ် ယောက်ျားရယ်လို့သတ်မှတ်ခွဲခြားခြင်းမပြုပဲ ဆိုးတဲ့သူကလည်း မိန်းမ ယောက်ျားမဟုတ် ဆိုးက်ိုဆိုးတယ်၊ ကောင်းတဲ့သူကလည်း မိန်းမယောက်ျားမဟုတ် ကောင်းကိုကောင်းတယ်ဆိုတာရယ် ကို ကောင်းကောင်းကြီးမှတ်သားထားရမယ်” ဟု ရေနွေးကြမ်း တခွက် မော့သောက်ရင်းပြောလိုက်ပါလေတော့သတည်း။
ဆက်လက်ရေးသားပါဦးမည်။……………………………ရေးသားသူ။   ။နန်းရှင်
www.nan-shin.com

One comment

  • Shwe Ei

    September 7, 2011 at 10:00 am

    အောင်မလေး ကိုနန်းရှင်ရယ် မနည်းဖတ်ရတယ်။ ဒီလောက်အရှည်ကြီးမတင်ဘဲ နည်းနည်းလျှော့ပါအုံး။
    ဒါ့ထက် ဒကာမတွေ အပေါ် အမြင်မလွဲအောင် ရှင်းပြပေးထားတာလေးတော့ ကြိုက်တယ်။

Leave a Reply