Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မင်းသမီး နဲ့ ဓါတ်ပုံ ဆရာ အပေးအယူတည့်မှ ပုံကောင်းထွက်တယ်

black chawSeptember 21, 20111min44916

၂၀၀၆ ခုနှစ်လောက်က ဖြစ်ပါသည်။

ကုမ္ပဏီ တစ်ခုတွင် ကျွန်တော် အလုပ်လုပ်စဉ်က ဖြစ်ပါတယ်။ ကုမ္ပဏီက မြန်မာပြည်တစ်ဦးတည်း တစ်ဦးတည်းကိုယ်စားလှယ် အဖြစ် ပစ္စည်းတစ်မျိုးကို ဖြန့်ချိနေပါတယ်။ အလုပ်သဘောအရ Billboard ကြော်ငြာအတွက် ဓါတ်ပုံရိုက်ကွင်းတစ်ခုကို ကျွန်တော်တာဝန်ခံပြီး စီစဉ်ခဲ့ရပါတယ်။

ပစ္စည်းက အမျိုးသားတွေ အဓိက ဝယ်တဲ့ ပစ္စည်းဆိုတော့ Boss က sexy ဖြစ်အောင်ကြော်ငြာဘို့ ညွှန်ကြားပါတယ်။ ဓါတ်ပုံဆရာကိုတော့ နာမည်ကြီး ဓါတ်ပုံဆရာတစ်ယောက်ကို ကျွန်တော် ရွေးပါတယ်။ မော်ဒယ် ကိုတော့ တက်သစ်စ နာမည်ရခါစ မင်းသမီးလေးကိုငှားပါတယ်။ မင်းသမီးက သရုပ်ဆောင်ခ ကျပ် နှစ်သိန်းခွဲ တောင်းပါတယ်။ Boss က ဈေးကြီးပါတယ်တဲ့။ သိတ်လည်းအောင်မြင်သေးတာမဟုတ်ဘူးတဲ့ ပြောပါတယ်။ ဒါနဲ့ ကျွန်တော်လည်း မင်းသမီးနဲ့ ဈေးညှိတော့ နှစ်သိန်းနဲ့တည့်သွားပါတယ်။ ရိုက်ဖြစ်တယ်ပေါ့ဗျာ။

ကြော်ငြာရိုက်ကွင်းကို Boss လိုက်ကြည့်ပါတယ်။ ရိုက်ကွင်းက အင်ဒိုးပါ။

ရိုက်ကွင်းမှာ မင်းသမီးနဲ့ ဓါတ်ပုံဆရာ ရင်းရင်းနှီးနှီး နောက်လိုက်ပြောင်လိုက်နဲ့ ပျော်စရာကြီးပါ။

ဓါတ်ပုံဆရာက မင်းသမီးကို ပထမဆုံးအနေနဲ့ နင်လုပ်ချင်တဲ့၊ နင်ဆန္ဒရှိတဲ့ အိုက်တင်ကို စိတ်လွတ်လက်လွတ်လုပ်ဘို့ ညွှန်ကြားပါတယ်။ မင်းသမီး ကလည်း သူ့စိတ်ကြိုက် အိုက်တင်တွေ တစ်ခုပြီးတစ်ခု လုပ်ပါတယ်။ Sexy ဖြစ်အောင် ရိုက်တာဆိုတော့ စကတ်တိုတိုလေးဝတ်ထားပေးပါတယ်။ မင်းသမီးက လှဲပြီး ဒူးထောင်တဲ့အိုက်တင်သရုပ်ဆောင်တဲ့ အခါ

ဘေးကမီးထိုးတဲ့ ကောင်လေးဘက်ကို ခြေထောက်ပေးထားရပါတယ်။ မင်းသမီးက မီးထိုးတဲ့ကောင်လေးကို ” ဟဲ့ ကြည့်လည်းကြည့် မီးကိုလည်း သတိထားဦး” ဆိုပြီးနောက်ပါတယ်။ ကောင်လေးဘက်က ကြည့်ရင် အတိုင်းသားကိုဗျ။ ကျွန်တော်တို့ Boss ရိုက်ကွင်းကိုကြည့်ရင်း မင်းသမီးကို နည်းနည်းသနားစပြုလာပါပြီ။

နောက်တစ်ခါ ဓါတ်ပုံဆရာက သူ့ စိတ်ကြိုက် အိုက်တင်ကိုပြောပါတယ်။ မရိုသေ့စကား မင်းသမီးကို တင်ကော့ ခိုင်းပါတယ်။ မင်းသမီးကလည်း တင်ကို ကော့ပါတယ်။ ဓါတ်ပုံဆရာကလည်း မကြိုက်သေးပါဘူး။ နောက်ဆုံးမင်းသမီးက စိတ်မရှည်တော့ပါဘူး။ ကဲ ဦး သမီးမှာ ဖင်က ဒီလောက်ပဲရှိတယ်။ ဒါအကုန်ပဲ။ မတတ်နိုင်တော့ဘူးလို့ ပြောလိုက်ပါတယ်။

အဲဒီမှာ ဓါတ်ပုံဆရာက စကားတစ်ခွန်းပြောပါတယ်။ ” ဟဲ့ နင့်ပုံကို မြင်တာနဲ့ ယောင်္ကျားတွေ သားစိတ်မယားစိတ်ပေါက်လာအောင် တင်ကိုကော့ခိုင်းနေတာ၊ အခုဟာက ငါတောင် ဘုန်းကြီးဝတ်ချင်စိတ်ပေါက်လာတယ်။ နင့်ဘဲနဲ့တွေ့ရင် ထားတဲ့ နင့်ရဲ့တင်ကိုလိုချင်တာ။ နင့် ဘဲနဲ့တွေ့ရင် ဘယ်လိုထားလဲ။ အဲဒါကိုလိုချင်တာ”။

မင်းသမီး ကြိုးစားလိုက်တာလား၊ ဓါတ်ပုံဆရာ ပဲ စိတ်လျှော့လိုက်တာလား မသိပါ။ သူ့စိတ်ကြိုက်ပုံတော့ ရသွားပါသည်။

ကျွန်တော်တို့ Boss သဘောပေါက်သွားပါသည်။ မင်းသမီးတစ်ယောက် နှစ်သိန်းလောက်ရဘို့ သရုပ်ဆောင်ပြရတာ မလွယ်မှန်းသိသွားပါသည်။ ဓါတ်ပုံဆရာ နှင့် မင်းသမီးရင်းနှီးမှုက ပုံကောင်းများထွက် လာစေနိုင်ကြောင်း ကျွန်တော်သဘောပေါက်သွားပါသည်။ ပုံတွေထွက်လာတော့ တော်တော်ကြီးကောင်းပါသည်။ ထိုပုံများ မသုံးဖြစ်ပါ။ ဆင်ဆာ ခွင့်မပြုသည်အထိ Sexy ဖြစ်သွားပါသည်။

16 comments

  • ကြောင်ကြီး

    September 21, 2011 at 10:53 am

    ထုံတယ်ပြောပြော
    ပုံမမြင်ရသ၍
    ယုံဘူးဟယ်…

  • Shwe Ei

    September 21, 2011 at 11:05 am

    စာကြီးဘဲ ဒီအတိုင်းဖတ်ရတာ သဘောမပေါက်ဘူးဗျာ။

  • linnyones

    September 21, 2011 at 11:28 am

    ကျွန်တော်လဲ စာဖတ်ရင် အတွေးနဲ့ ပုံရိပ်တထပ်တည်း ကျအောင်လို့ တွေးဖတ်တတ်ပါတယ်
    ဒါပေမယ့် ဒီတစ်ခါကျမှ ဘယ်လိုမှပုံဖော်လို့မရဘူးဖြစ်နေတယ် … 😀

  • thit min

    September 21, 2011 at 11:37 am

    ဟိုတုန်းကဇိနတ်အမန်းဆိုတဲ့အင်ဒီးယားမင်းသမီးတယောက်ကအင်တာဗျူးတခု
    မှာပြောဘူးတာကိုဖတ်ခဲ့ဘူးတယ်….ကျမဒီလိုမင်းသမီးဖြစ်လာအောင်ခြင်ထောင်ထဲကဖြတ်ခဲ့
    ရပါတယ်တဲ့၊(မြန်မာစာပေစိစစ်ရေးကိုကြောက်လို့ခြင်ထောင်လို့ရေးတယ်ထင်ပါရဲ့။)
    …သစ်မင်းကငယ်သေးတော့၊…ဪ”ဇိနတ်အမန်း”ဆိုတာအင်ဒီးယားက
    အငြိမ့်မင်းသမီးလို့ထင်ခဲ့တာ(ပိန်းတာပိန်းတာ)
    ခုတော့သိပြီပေါ့ဗျာ။
    အင်း မြန်မယ်နိုင်ငံကမော်ဒယ်မင်းသမီးတွေလဲသာမန်အခြေအနေမှာ
    “ပါးဆွဲရိုက်လို့ရတဲ့စကားမျိုး” ကိုမဖြစ်မနေလိုက်လုပ်ပေးနေရပါလား။
    မယုံရင်လမ်းပေါ်ကမိန်းကလေးတယောက်အဲဒီဒါရိုက်တာဆိုတဲ့လူ..သွားပြောကြည့်ပါလား။
    ရဲစခန်းလား၊မဏိကွမ်းစားလား၊တခုခုဘဲလေ။
    ခုတော့အောင်မြင်မှုအတွက်”ကော့” ပါဟ ..ဆိုလဲဟုတ်ကဲ့ဆရာပေါ။့
    (အင်း ………….မကောင်းပါဘူးမင်းကြီးများ)

  • blackchaw

    September 21, 2011 at 11:38 am

    ဒီတစ်ခါတော့ ကျွန်တော့်ကို ခွင့်လွှတ်ကြပါဗျာ။ ဒီဓါတ်ပုံတွေကို ကျွန်တော်မပိုင်ပါ။ ကျွန်တော့်မှာလည်း မရှိတော့ပါ။
    ကုမ္ပဏီနဲ့လည်း ကျွန်တော် လမ်းခွဲခဲ့ပြီးပါပြီ။ နောက်ဓါတ်ပုံဆရာ နဲ့ မင်းသမီး ကိုလည်း ကျွန်တော် မရင်းနှီးပါ။
    အဲဒီအတွက် ဓါတ်ပုံတွေကိုတော့ ခွင့်လွှတ်ပါ။
    ကျွန်တော် ဒီပို့စ်မှာ အဓိက ဆိုလိုချင်တာက ဓါတ်ပုံဆရာနဲ့ မော်ဒယ်တွေ ရဲ့ ရင်းနှီးမှုရှိမှ အပေးအယူတည့်ပြီး ပုံကောင်းထွက်နိုင်မယ်
    ဆိုတာပါ။ ဟိုနေ့က စိတ်ပျက်မိတဲ့ အရက်ကြော်ငြာ ဆိုတဲ့ပို့စ်က ပုံကိုကြည့်ရင်း မော်ဒယ်ဒီလိုဝတ်ပေးဘို့ ဓါတ်ပုံဆရာက တောင်းဆို တာလား၊ ကြော်ငြာရှင်ကတောင်းဆိုတာလား ဆိုတာ စိတ်ဝင်စားမိပါတယ်။ ကျွန်တော့်အထင် ဓါတ်ပုံဆရာ က အရေးကြီးပါတယ်။

  • chartatelay

    September 21, 2011 at 12:05 pm

    ပုံတော့ တင်သင့်တာပေါ့ဗျာ
    ဒါမှာ ယုံမှာပေါ့
    ဟဲဟဲ

  • kolulay

    September 21, 2011 at 12:15 pm

    ပုံမြင်မှ ပုံကောင်းမကောင်းသိရမှာပေါ့ နော့။
    ယုံစေ ချင်ရင် ပုံပါပြလေ။ : P

  • zaymdy

    September 21, 2011 at 12:45 pm

    မယုံဘူး ဓါတ်ပုံပြ 😛
    မီးထိုးသမားလေး ဖြစ်ချင်လိုက်တာနော် ဟီးဟီး တမျိုးမထင်နဲ. တောတည်းမှာ သားကောင်ပြစ်ရင် ညဘက်မီးထိုးတည်း မီးထိုးသမားပြောတာပါဗျာ….

  • nozomi

    September 21, 2011 at 1:03 pm

    တော်တော် စိတ်ဝင်စားဘို့ကောင်းတဲ့ အတွေ့အကြုံပဲ
    ရွာသားတွေက တောင်းဆိုနေတာ blackchaw မငြင်းသင့်ပါဘူး ရှိရင်တင်ပေးလိုက်ပါ
    မရှိတော့ရင်လဲ ရွာသားတွေ ကျေနပ်အောင် blackchaw ကပဲ အဲဒီတုန်းက ပုံစံမျိုးနဲ့ သရုပ်ဆောင်ပြီး တင်ပေးလိုက်ပေါ့ 😀

  • windtalker

    September 21, 2011 at 1:25 pm

    အင်း
    ၂သိန်းရှိရင်
    ကောင်းကောင်းကြီးခေါ်ကြည့်လို ့ရတယ်ပေါ့နော်
    ကောင်းကောင်းကြီး ဆက်ဆီ လုပ်ခိုင်းလို ့ရတယ်ပေါ့နော်
    ဟီဟိ

  • intro

    September 21, 2011 at 2:30 pm

    မယုံဘူး၊ ပုံပြမှ ယုံမယ်… ဟဲဟဲ…

  • nayminn

    September 21, 2011 at 3:05 pm

    ဒီလောက်တောင်းဆိုနေတာ…တင်လိုက်ပါ။

  • nature

    September 21, 2011 at 3:31 pm

    ရွာသားတွေက တော်တော်ခက်တယ်နော်။ မတင်တော့လည်း တင်ပါတင်ပါ။ တင်တော့လည်း ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့။ ဟီး…ဟီးးး …တင်ပေးနော် .. ပြောတဲ့အထဲ ကျနော်မပါဘူး။

  • kai

    September 21, 2011 at 3:54 pm

    ဪ..
    အဲဒါကြောင့်.. မြန်မာမင်းသမီးတွေရိုက်လိုက်ရင်.. ထွက်လာတဲ့ပုံတွေက.. အတင်းကာရော..ကော့လန်ကားထားတာတွေ ဖြစ်နေတာကိုး..
    ဓါတ်ပုံဆရာတွေ.. လက်ချက်မှန်း..သေချာသွားတာပေါ့…။ 🙂

  • AKKO

    September 21, 2011 at 4:00 pm

    တကယ်ရှိတဲ့ လူတွေက ရှိရင်းစွဲကို အသုံးပြုပြီး မီဒီယာအားကိုးနဲ့ လူလုံးပြချင်ကြတယ် …မ ရှိတဲ့လူတွေကျတော့လည်း အတုအားကိုးနဲ့ … ဖော်ရှိုးလုပ်ချင်ကြတယ် .. ဘယ်လိုပဲဖြစ်ဖြစ်ပါ အ များပြည်သူ ကြည့်မယ့်နေရာ ၊ မြင်မယ့်နေရာတွေမှာ ကပ်မယ့် ပိုစတာ ဆိုင်းဘုတ်တွေဆိုလျှင် လုံလုံခြုံခြုံဖြစ်သင့်ပါတယ် … လမ်းဆုံလမ်းဂွမှာ ကိုယ့်ယို့ကားရားနဲ့ ဆိုလျှင် မောင်နဲ့ နှစ်မ ၊ အမိနဲ့သား ၊ ရဟန်းရှင်လူ အတူမကြည့်သင့်တဲ့ ပုံတွေ ဖြစ်မနေစေဖို့ အရေးကြီးပါတယ် … ။

  • ma ma gyi

    October 2, 2011 at 4:24 pm

    ကိုယ်ချင်းမစာ ပုံတောင်းကြည့်ကြတယ်နော်။ ရေးတဲ့သူက အပြုသဘောရေးတာတောင် ဝိုင်းပြီးအမဲဖျက်နေကြတယ်။နှာတွေးပဲ တွေးကြတယ်။ မင်းသမီး နဲ့ ဓါတ်ပုံဆရာ ရဲ့ ခင်မင်ရင်နှီး မှု ကိုတော့ အလေးထားတွေးမပေးကြဘူး။ဒီလောက ကဒီလိုပြုမူမှရမယ်ဆိုတာ သိထားသင့်ကြပါတယ်။ ဘာပဲပြောပြော ဒီပို့စ် တင်တဲ့ သူ ကျးဇူးပါ။ ကိုယ်နဲ့ ဝေးတဲ့ လောက တစ်ခုရဲ့ အဖြစ်အပျက် ကို သိရတာပေါ့။

Leave a Reply