Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဓါးတရား

မောင် ပေSeptember 23, 20111min2525

ကျွန်ုပ် မောင်ပေ တစ်ယောက် ၊ မန်းဂေဇက် သို ့ဝင်ကာ ၊ အက်နယူးပို ့စ် ကို ခေါ်ပြီး သကာလ..

ဘာရေးရင် ကောင်းမလဲ ဟု ထိုင်စဉ်းစားရင်း…

မောင်ပေ တို ့၁ဝတန်းအောင်ကာခ ၊ လူငယ်ဘဝ ကို ပြန်သတိရမိသွားသည် ။

ကဲဗျာ…ပြောတော့မယ်နော် ၊ ခင်ဗျား တို ့တားလည်း..အို ဘာတဲ့…

ဒီလိုဗျ ။

အရင် ဝိုင်တူးကေ တုန်းကပေါ့ ။ သက္ကရာဇ် ၂၀၀ဝ ခန် ့က ပေါ့ ။

မန်းတလေး မြို  ့ဆိုတာ ၊ မြန်မာနိုင်ငံ ရဲ  ့ဒုတိယ မြို  ့တော် လို ့သမုတ်ခဲ့ကြတာပေါ့ ။

အခုတော့ ဘယ်အဆင့် ရောက်နေပြီလဲ မသိတော့ဘူး ။ သိလဲ မသိချင်ဘူး ဗျာ။

အားလုံး သိကြတဲ့ အတိုင်း ၊ မန်းတလေး မြို  ့ဆိုတာ ဆိုင်ကယ်မြို  ့တော်ကြီးပေါ့ဗျာ ။

ဆိုင်ကယ် ခရေဇီ တွေ ခေတ်အဆက်ဆက် ၊ အဆက်မပြတ် မွေးဖွားထွက်ရှိလာရာ မြို  ့တော် ။

အဲ…ပို ့စ်ခေါင်းစဉ် နဲ ့လွဲနေသလို  ဖတ်နေရရင် ၊ ခဏ သည်းခံ ပါဦး ။ လာပါမယ် ။

မန်းတလေး မြို  ့ကအကြောင်း ကို ရေးပြတာပါနော် ။

“ မနေ ့ည က လမ်းမှာလေ ၊ ရပ်ကွက်ထဲ မှာလေ ၊ မိန်းထဲ မှာလေ …လူငယ်တွေ လေ ရန်ဖြစ်ကြတာ ။ ဓါးတွေ နဲ ဗျ ”

ဟု ပြောသံ ကြားဖူးကြပါမည် ။ မကြားဖူးသေးလဲ အခု ကြားဖူးပြီ ပေါ့ ဗျာ ။

“ အို…ဓါးတွေ နဲ ့ဆိုတော့ ၊ မသေကုန်ကြဘူး လား ၊ ကလေးတွေ ခက်ရချီရဲ  ့”

ဟု စိုးရိမ်မကင်း ( ဆနွမ်းမကင်း မဟုတ်ပါခင်ဗျ )  ဖြစ်သူ က ဖြစ်ကုန်ကြလေ ဟူ ။

မှုခင်းဂျာနယ် များ တွင် ဖတ်ရသည် မှာ ၊ ဓါးထိုးမှု ဖြစ်ခြင်း ၊ ဓါးနှင့် လည်ပင်းကို ထိုးသွားခြင်း  ၊ ဓါးနှင့် သတ်သွားခြင်း စသည်ဖြင့် ။

လူငယ်တွေ ရန်ဖြစ်လျှင် ဓါးကိုင်သည် ဆိုသည် မှာ ၊ ထိုသို ့မဟုတ်ပါလေ….။

ရန်ဖြစ်လျှင်…၊ ပါလာသော ၊ ဆောင်ထားသော ဓါးကို ထုတ်ကာ ၊ ရန်ဘက် ကို ခုတ်တော့ သည် ။ ပြေးလျှင် လိုက်ခုတ်ကြသည် ။

ခုတ်လျှင် ၊ ပုခုံး တို ့လက်ဖျံ တို ့ကို ခုတ်တာ ဖြစ်ပါသည် ။ ဓါးဖြင့် ထိုးခြင်း မဟုတ်ပါ ။

ဘယ်လောက် မူးတဲ့ အရက်သမား ပဲ ဖြစ်ဖြစ် ၊ ချေး(ချီး၊မစင်) ကျွေးလျှင် မစားသကဲ့သို ့ ….

ဘယ်လောက် ဒေါသဖြစ်တဲ့ လူငယ်ဖြစ်ဖြစ် ၊ ဘယ်လောက် ရန်ငြိုးကြီးကြီး ၊ ဓါးဖြင့် အသေတော့ မထိုးကြပါ ။

နောက်ကို မိမိကို ရှိန်သွားအောင် ၊ မိမိကို ကြောက်သွားအောင် လောက်သာ ခုတ်ရုံ ခုတ်ကြသည် ။

အလွန်ဆုံး ၊ ခုတ်ချက်ပြင်းသွားလို ့၊ ပုခုံး ၊ လက် စုတ်ပြဲ သွားတောင် ၊ အမှုဖြစ်လာလျှင် ၊ မကြီးလောက်ရုံ လောက်သာ ခုတ်ကြသည် ။

ထောင်ထဲ မှာ ၅ နှစ် ၊ ၁ဝ နှစ် ခန် ့တော့ ၊ ဘယ်ချာတိတ် မှ မနေချင်ကြ ။

လူငယ်တွေ ကိုင်သော ဓါး ဆိုသည် မှာလဲ ၊ ကင်တို အတိုလေးတွေ များသည် ။ ငှက်ကြီးတောင် လို အရမ်းရှည်သော ဓါး မျိုး ကိုင်တာ နည်းသည် ။

ဝိုင်တူးကေ တုန်းကပေါ့ ။ လူငယ်တွေ ဓါးဆောင်ပြီ ဆိုလျှင် ၊ ကား ဆိုလျှင် ၊ နောက်ခန်းထဲ မှာ ထည့်ထားတတ်သည် ။

ဟွန်ဒါ ဆူပါကပ် ဆိုင်ကယ် ဆိုလျှင် ၊ ဆိုင်ကယ် ဘိုက်မှာ ချည်ထားတတ်သည် ။

ယမဟာ ဒီတီ ဆိုင်ကယ် မျိုးဆိုလျှင် ၊ အနောက် အိတ်ဇောကြားထဲ ထိုးထည့်ထားတတ်သည် ။

ထိုစဉ်ကာလများကတော့…လူကြီးသား ( အရာရှိသားများ ) လည်း မန်းတလေးမြို  ့တွင် သိပ်မလှုပ်ရှားသေး ။

ပိုက်ဆံရှိ သားသမီးများ သာ ကြီးစိုး ကျင်လည်နေသည် ။

ဆယ်ကျော်သက် အရွယ် လူငယ်လေးများသည် ၊ ဟွန်ဒါ ဆူပါကပ် ဆိုင်ကယ် များ ၊ ယမဟာ ဒီတီ ဆိုင်ကယ် များ ဖြင့် တကျော့ကျော့၊တမော့မော့..

ညနေစောင်းလျှင် မန်းတလေးမြို  ့၏ ကျုံးတစ်ပတ် ပတ်မောင်းနေကြသည် ။ မိန်း (တက္ကသိုလ်) ဘက်တွေ တွင် ပတ်စီးနေကြသည် ။

၁ဝ တန်းအောင်ပြီးစ လူငယ်များသည် မကြာမီ တက်ရောက်ရမည့် တက္ကသိုလ် နားတွင် တစ်ဝဲဝဲလည်လုပ်နေကြသည် ။

တက္ကသိုလ် ကျောင်းသား များသည် လည်း အဆောင်များရှိရာဘက်သို ့လည်းကောင်း သွားလာ လှုပ်ရှားနေကြသည် ။

တစ်ချို  ့က မိန်းဘက်ရှိ ယူနီစန် လဘက်ရည်ဆိုင် တွင် ဂိတ်ထိုးကြသည် ။ တစ်ချို  ့က ဘီယာ ဆိုင် …။အရက်ဆိုင်…

ကျောင်းသူလေး များသည် လည်း ၊ ဆိုင်ကယ်လေး များ ဖြင့် သွားလာနေကြသည် ။

လူဆိုသည် မှာ စိတ်အမျိုးမျိုး ရှိတတ်ကြသည် မှာ ဓမ္မတာ ပင် ။

အချို  ့ချာတိတ် များ သည် အပျော်လွန်တော့ ၊ အပျက်ဘက် သို ့ဖြစ်ကြရသည် ။

အပျော်သဘော မျိုးဖြင့် ၊ ကောင်းပေ့ ဆိုသည့် ဆိုင်ကယ် များ ကို လိုက်ဖျက်လို ့ဖျက်စီး လုပ်ကြသည် ။

တစ်ချို  ့ကြတော့ ၊ တမင် ယုတ်မာ သည် ။

ကိုယ် မတတ်နိုင် ၊ မစီးနိုင် သော ဆိုင်ကယ် ၊ ရပ်ထားတာ တွေ  ့လျှင် ၊ သော့ဖြင့် ဆိုင်ကယ် ကာဗာ ကို ခြစ်တာမျိုး ..

တိုင်ကီ အဖုံးကို မရမက ဖြုတ်ပြီး ၊ ဘာမှ မဟုတ်ပဲ ၊ လွှင့်ပစ်သွားတာမျိုး လုပ်ကြသည် ။

တစ်ချို  ့ကြတော့ လည်း ၊ ပိုက်ဆံ တတ်နိုင် ၊ ပိုက်ဆံရှိ အသိုင်းဝိုင်း မှ ဆင်းသက်သူ ဖြစ်သော်လည်း..

ဆိုင်ကယ်တစ်စီး ကျော့ကျော့မော့မော့ ရပ်ထားတာ မြင်လျှင် ၊ ယုတ်မာသော စိတ်ထားဖြင့် ဖျက်လို ့ဖျက်စီး တမင်သပ်သပ် လုပ်သည် ။

ထိုသူများကြ ဘယ်လို သတ်မှတ်ရမလဲ မသိတော့ ။ ဝမ်းတွင်းပါ သန္ဓေယုတ် သည်ဟု ဆိုရမည် ။

ဝိုင်တူးကေ တုန်းက ၊ ယမဟာ အာစတပ် 97 မော်ဒယ် ဆိုလျှင် ဈေးကြီးပေးရသည် ။

မှတ်မှတ်ရရ တစ်ဆယ့်ငါး သိန်း ၊ တစ်ဆယ့်ခြောက် သိန်း ကျပ်ခန် ့တန်ဘိုးရှိသည် ။

ဂျပန် ဟွန်ဒါ ဆူပါကပ် ခဲရောင် ၊ စစ်သမီးစိမ်း ရောင် လေးတွေ က ၈ သိန်း ခန် ့တန်ဘိုးရှိသည် ။

ယာမဟာ ဒီတီ  ( ဒို ဟု ခေါ်ကြသည် ) များက တစ်ဆယ် သိန်းကျော် ခန် ့တန်ကြေးရှိသည် ။

ယုတ်မာသော ချာတိတ်များသည် အဆိုပါ အာစတပ် နှင့် ဒို ..ဆိုင်ကယ်များ မှ စတစ်ကာ များ ကို လှီးသည် ။

ရေတိုင်ကီ ဖုံး ၊ 2T အဖုံး များကို ဖြုတ်ယူ လွှင့်ပစ် လက်ကမြင်းကြသည် ။

ခံရသော ဆိုင်ကယ် ပိုင်ရှင် မှာ ဆတ်ဆတ်ခါအောင် နာကျည်း ဒေါသဖြစ်ကြရသည် ။

မည်သူ လုပ်သွားလို ့၊ လုပ်သွားမှန်း လည်း မသိ ။

ရဲစခန်း သွားတိုင်ဖို ့ကြတော့ လည်း ၊ ဒီလောက် ကိစ္စလေး နှင့် ၊ မည်သူ မျှ ၊ အလုပ်ရှုပ် မခံချင်ကြ ။

တရားခံ ကို လည်း လက်ပူးလက်ကြပ် မှ မသိလိုက်ရတာ ကိုး ။

ယမဟာ ဆိုင်ကယ်များ ဆိုလျှင် ၊ ကာဗာတစ်ချပ် ကို တစ်သိန်းကျပ် နား အထိ ဈေးပေးကာ ၊ ပြန်လည် အစားထိုးကြရသည် ။

မည်သို ့ပင် အသစ်ဖြစ်စေကာမူ ၊ နဂို အော်ရီဂျင်နယ် လောက်တော့ ၊ အသားမကျ ၊ အချိုးမပြေ ဖြစ်ရသည် ။

သို ့နှင့် …..

ဖျက်လို ့ဖျက်ဆီး လုပ်သော ချာတိတ်လူငယ် များ သည် ၊ တစ်စခန်းထ ၊ သောင်းကျန်းလာကြသည် ။

အချို  ့ဆိုလျှင် ၊ အဖွဲ  ့လိုက် ဖွဲ  ့ကာ ၊ လိုက်လံ စနစ်တကျ ဖျက်ဆီးသည် အထိ ဇါတ်ရဲလက်ရဲ  ရှိလာသည် ။

ခံရသည့် ဆိုင်ကယ် ပိုင်ရှင် လူငယ် ၊ ချာတိတ် များမှာလည်း ၊ တစ်ယောက် စကား ၊ တစ်ယောက် နား ဖြင့်

သတိထားမိလာကြသည် ။ ဖျက်လို ့ဖျက်ဆီး ၊ လိုက်လံ ယုတ်မာနေသော ချာတိတ်များ ရှိနေပြီ ဆိုတာကို ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဆက်လက် ရေးသားဖော်ပြပါမည် ခင်ဗျား ။

———————– အားလုံးကို ကျေးဇူးတင်ပါသည် ———————–

 

 

 

5 comments

  • mgmglusoe

    September 23, 2011 at 10:23 pm

    နိုင်ငံခြား ဇတ်ကားတွေထဲ က လမ်းသရဲ ဇတ်လမ်းတွေ ကြည့်ပြီး အတုမြင်အတတ်သင်
    လုပ်နေကြပီ ထင်တယ်ဗျာ၊

  • ကြောင်ကြီး

    September 24, 2011 at 10:44 am

    ဓါးတရားဆို
    Brotherရယ်
    နားခါးတယ်
    ပါးယားရင်
    Bananaနဲ့
    နာနာပွတ်။

    • windtalker

      September 24, 2011 at 10:58 am

      ပါးမယားပေါင်
      ကျားငါးကောင်
      အားမတရားဆောင်
      တားမရပေါင်

  • small cat

    September 24, 2011 at 2:53 pm

    ကျွန်တော်တို့ငယ်ငယ်ကတော့ မိန်းမစီးစက်ဘီးတွေကိုဒုက္ခပေးဖူးပါတယ်။မဖျက်ဆီးပါဘူး၊သက်သက်စတာပါ။
    မိချောင်းတို့၊ဖီးဆင့်တို့ဆိုတဲ့ ဘီးတွေကိုယောင်္ကျားလေးတွေပါစီးကြပါတယ်။ခွဒေါက်တွေနဲ့ဘီးတွေပါ။
    ဘယ်လိုလုပ်သလဲဆိုရင်
    မိန်းမစီးဘီးက ဘားတန်းမပါတော့ လယ်ဟိုက်လေးရှိပါတယ်၊တခြားဘီးတစီးကိုဇောက်ထိုးလုပ်လိုက်ပြီး
    အဟိုက်အချင်းချင်း အပေါင်းပုံ စွပ်ချလိုက်တာပါ။ဇောက်တထိုးလုပ်ထားတဲ့ဘီးက wheelတွေက လေထဲမှာ
    လယ်နေတာမြင်ယောင်ကြည့်လိုက်ပါ။နောက်တမျိုးက ဇောက်ထိုးမလုပ်ပဲ ဂိုက်ကိုနဲနဲလှည့်လိုက်ပြီး
    ရှေ့ဘီးနဲ့ ကိုယ်ထည်ရှေ့ စိုက်ဘားကြားပေါ်လာတဲ့အဟိုက်နဲ့စွပ်ချလိုက်တာပါ။အဝင်လွယ်သလောက်
    ပြန်ထုတ်ရင်တော်တော်ခက်ပါတယ်။တစ်တွဲထဲမဟုတ်ပါဘူး၊ လေး ငါးတွဲလုပ်ထားတာပါ။
    အတန်းလွှတ်လို့ပြန်ကာနီးသူများတွေပြန်ကြပေမဲ့ အချိတ်ခံထားရတဲ့နှစ်စီးတွဲ နှစ်စီးတွဲ ပိုင်ရှင်တွေ
    ကတော့မရမကဖြုတ်နေကြတာကိုတစ်နေရာကနေထိုင်ကြည့်ရင်းကျွန်တော်တို့ကတော့ တခွိခွိနဲ့ကြိတ်
    ရယ်နေကြတာပေါ့။
    စက်ဘီး bell အဖုံး တွေကိုဖြုတ်ပြီး ဖင်ထိုင်ခုံစွပ်အောက်မှာထည့်ဖွက်ထားပါတယ်။နမော်နမဲ့ကောင်က
    စက်ဘီးစွဲထွက် တက်ထိုင်လိုက်တော့မှ ဖင်အောက်မှာ ခိုးလိုးခုလုဖြစ်နေပါရော။ နောက်ကခြေနင်းတုန်း
    တွေကိုဖြုတ်ပြီး ကယ်ရီယာစွပ်အောက်မှာလည်းဖွက်ထားတတ်ပါတယ်။

Leave a Reply