ကျွန်တော်..ချစ်သော…ကဗျာလေး…. ( ၁ )
ကျွန်တော်သည် ကဗျာများကို အလွန်ချစ်ပါသည်။
ဆရာကြီး ဇော်ဂျီ ၊ မင်းသုဝဏ် ၊ တာရာမင်းဝေ…..စသည် ့ကဗျာဆရာများ ၏ ကဗျာများကို ဖတ်ရှုခံစားပြီးတိုင်း…
ကဗျာရေးချင်စိတ် ပေါ်လာတတ်ပါသည်။
သို ့သော် တပြိုုင်တည်းမှာပင် ကဗျာရေးရမှာ ကြောက်သောစိတ် လည်း ဖြစ်မ်ိတတ်ပါသည်။
*****************************************************************
ကျွန်တော် ရေးသော ကဗျာများနှင့် ဆရာ ့ ဆရာကြီးများရေးသော ကဗျာများကို ယှဉ် ဖတ်မိတိုင်း ရှက်ရွံ ့အားငယ်မိပါသည်။
ကိုယ် ့လက်ကိုပင် ကိုယ်တိုင် ခုတ်ဖြတ်ပစ်ချင်စိတ်ပေါက်မိပါသည်။
ကျွန်တော်သည် ကဗျာရေးခြင်းတွင် အလွန် ့ အလွန် (အလွန် )ညံ ့ ပါသည်။ သို ့သော်…မရေးပဲလည်း မနေနိုင်ပါ။
*********************************************************************************************************************
ကျွန်တော်က သမားရိုးကျ (အစဉ်အလာ) ကဗျာများထက် ဆန်းသစ်သော ( အစဉ်အလာ မဟုတ်သော ) မော်ဒန်
ကဗျာများကို ပို ချစ်ပါသည်။
နိမိတ်ပုံများ ၊ အချိုးဖျက်မှုများ ၊ စံသွေ ဖောက်ထွက်မှုများဖြင့်..ဖန်တီးထားသည် ့ကဗျာများကို
အသည်းနင့်အောင်..ချစ်တတ်ပါသည်။
ကျွန်တော် ချစ်သော ဟန်..ဖြင့် ရေးသော ကဗျာအတော်များများကို ဆရာ..တာရာမင်းဝေ…
ရေးတတ်ပါသည်။ ကျွန်တော် လေးစား ချစ်ခင်စွာ..အားကျငေးမောရသော ကဗျာဆရာများတွင်……
တာရာမင်းဝေ..ပါဝင်ပါသည်။
*******************************************************************************************
ကျွန်တော် ကဗျာများ စတင် ရေးကာစတုန်းက ဆရာ တာရာမင်းဝေ၏ ကဗျာရေးဟန်များ ၊ အယူအဆများကို
(အတုခိုးပြီး)ရေး ခဲ ့ပါသေးသည်။
အခု ကျွန်တော် ချစ်သော ကဗျာလေး တစ်ပုဒ်ကို တဆင့် တင်ပြပါရစေ။ ။
*****************************************************************************************
ကဗျာအမည်……… လယ်သူမ
ကဗျာရေးသူ အမည်……. တာရာမင်းဝေ
မှတ်တမ်း….. 1997 ဇွန်လ ၊ မိုးခေါင်လို ့တီးတဲ ့ဗုံသံ ကဗျာစု ..မှ
ပြန်လည် တင်ပြသူူ …. အလင်းဆက်
*********************************************************************************
လယ်သူမ …
* ကျွန်တော် ့တောင်ကုန်းကလေးပါ။
အလင်းတွေနဲ ့
ခပ်မို ့မို ့ တည်ဆောက်ထားတယ်။
* နေ ့ရက်တွေကြာ…
နွေအပြာတွေ..ပွင့် ပွင့်သွား ။
* ဖြတ်သန်းပြီးသားတိမ်တွေ
တစ်အုပ်ပြီး တစ်အုပ် ပြန်ကွေ ့လာကြ။
…. … …. …. …. ….
ကျွန်တော် ပွေ့ ့ပိုက်ခဲ ့ရတယ်။
* နောက်ဆူံးတော့လည်း……
ဘာမှ မဟုတ်ခဲ ့ပါဘူး။
* ကိုယ် ့ရင်ဘတ်ကိုယ် အကြမ်းကြုတ်ဆူံး…ဆွဲ ဖွင့်ပြီး…
နေပူကြဲကြဲတွေ သွန်ချပစ်ခဲ ့ရတာကလွဲရင်ပေါ့ ။
* သံယောဇဉ်ကိုမှ
ခုတ်ထွင် မီးရှို ့တတ်တဲ ့ လယ်သူမ ရယ်……
အခုတောင်…လွမ်းတယ်။ ။
****************************************************************************************************************
ကဗျာထဲက ကျွန်တော်ဆိုသော ကောင်လေး…လွမ်းနေသည်။
သူ ့ကို စိမ်းကားရက်စက်စွာ…သံယောဇဉ်ဖြတ်သွားသော ကောင်မလေးကို နင့်နင့်သီးသီး လွမ်းနေပုံရပါသည်။
လှပ လင်းလက်တဲ ့နိမိတ်ပုံတွေ..၊ ရိုးမလိုလို နဲ ့ဆန်းသစ်နေတဲ ့ စံသွေမှုတွေ.. အချိုးဖျက်မှုလေးတွေ ပါဝင်နေသော
ကဗျာလေးမို ့ ကျွန်တော်…ချစ်ပါသည်။
***********************************************************
ကဗျာထဲမှ…ကျွန်တော်..နေရာမှ..ဝင် ၊
စကားလုံးတွေနဲ ့အတူ စီးမျော ခံစားလိုူက်သောအခါ…………. …………
ကျွန်တော်..ကိုယ်တိုင်လည်း…တစ်စုံတစ်ယောက်ကို လွမ်းဆွတ်..သတိရသွားပါတော့သည် ။ ။
***************************************************************************************
ကျွန်တော်လည်း….တစ်ခါတုန်းက အဲဒီလို ခံစားခဲ ့ရ ဖူးပါသည်။ ။
*********************************************************************8
လေးစားစွားဖြင့်….
အလင်းဆက်
19 . 9 . 2011 . 10 း15 pm
alinsett.art@gmail.com
3 comments
japoe
September 25, 2011 at 2:06 pm
တာရာမင်းဝေရဲ.ကဗျာတွေကို အရမ်းကြိုက်ပါတယ်
သူရဲ.ကဗျာစာအုပ်လေးတွေရဲ. နာမည်လေးတွေသိပါရစေ
ကျွန်တော်မှာ မရှိလို.ပါ
ပြီးတော. တာရာမင်းဝေရဲ. အမေနဲ.ပတ်သက်တဲ.ကဗျာလေးတွေရှိတယ်လို.သိရပါတယ်
ဘယ်မှာရှာရမလဲဆိုတာပြောပြပေးပါလား—-
alinsett
September 25, 2011 at 2:13 pm
တာရာမင်းဝေ က ကဗျာစု စာအုပ် ထုပ်ဝေမှု မတွေ ့သလောက်ပါပဲ.။ အဲ..ကျွန်တော် လေ ့လာမှု အားနည်းတာလည်းပါမယ်ပေါ့ ။ ကျွန်တော်ကေ တာ့ သူ ့စာအုပ်တွေ တော်တော်များများကို ဖတ်ဖူးပါတယ် ။
မိုးခေါင်လို ့တီးတဲ ့ဗုံသံ..တစ်အုပ်ပဲ..ကဗျာစ ု တွေးမိသေးတယ် ။သူက လုံးချင်းတွေ..ထဲမှာ ကဗျာကို ညှပ်ရေးတာများပါတယ် ။ ကျော်ကျော်ဦး ဘလော့ဂ်မှာတော့ သူ ့စာတွေတော်တော်များများတွေ ့နိုင်ပါတယ်။
windtalker
September 25, 2011 at 7:55 pm
ခံစားချက်တွေ ကို
ပွင့်ပွင့်လင်းလင်း
ကဗျာစာသားတွေ အဖြစ်
တင်ပြလိုက်စမ်းပါဗျာ