ကိုယ်တိုင်ဗျူးသည်…အဆိပ်သီး။။။
ကိုယ်တိုင်ဗျူးသည်။။
ရှစ်မိုင်းလမ်းဆုံ ဓါတ်ပုံဆိုင်ကြီးရှိတဲ့ အိမ်ယာတိုက်ခန်းတွေ တွေနောက်ကကားပါကင်မှာထိုးရပ်ပြီး
ကိုဝယ်စရာရှိတာလိုက်ဝယ် ခဏနေကားထဲပစ္စည်းပြန်လာထားတော့ အတူပါတဲ့ ရုံစတပ်က လူက ဂျန်းရှင်အိတ် ထဲမှာဘယ်လောက်သဝေထိုးနေတယ်မသိ့ဘူး ပြန်မရောက်သေးတာနဲ့ ထိုင်စောင့်နေလိုက်တယ် ထိုင်စောင်ရင်းပျင်းပျင်း
ရှိတာနဲ့ ကားထဲက ကက်ဆက်ကိုဖွင့်ပြီး ဆိုင်းစိုင်မော့ သီချင်းလေးနဲ့နှပ်နေတာပေါ့ …….
““ဒေါက်ဒေါက်….ဒေါက်ဒေါက်””
ကားတံခါးကိုခေါက်တဲ့အသံ ဗျ ဒါနဲ့ ဘာလဲဟဆိုပြီး မှိန်းနေရာက ထကြည့် တော့ ချာတိပ်သေးသေးလေး တစ်ယောက်
လက်ဝါးလေးတစ်ဖက်ဖြန့်လို့…
““ဘာလဲကွ..””
““ထမင်းစားခြင်လို့ (၅၀)လောက်ပေးပါ””
လူကောင်ကြည့်တော့ သေးသေးလေး ရှစ်မိုင်လိုနေရာမျိုးမှာက လူစုံသည် အဖေအမေကကွမ်းယာရောင်းနေတုန်း
သားသမီးကိုမကြည့်နိုင် အဖေအမေအလစ် ကလေးတွေကပိုက်ဆံလိုက်တောင်းရင ်တောင်းနေတတ်တာ တစ်ကယ်တောင်းတဲ့သူတွေလဲရှိသည် ……
““မရှိဘူးကွ ငါလဲထမင်းမစားရသေးဘူး မင်းမှာပါရင်ငါကိုပြန်ပေးခဲ့ပါလား””
““သားမှာမရှိလို့တောင်းတာပေါ့ဗျ ဦးကကားစီးပြီး ပိုက်ဆံမရှိဘူးတဲ့ လိမ်ပြောတယ်””
“““ဟ..ရှိတိုင်းပေးရမှာလားကွ ပိုက်ဆံဆိုတာအလကားမရဘူး ပိုက်ဆံလိုချင်အလုပ်လုပ်ရတယ်””
““သားက ငယ်သေးတော့ အလုပ်မှလုပ်လို့မရသေးတာ””
“““မင်း အဖေက အလုပ်လုပ်မှ ပေါ့ကွမင်းကလုပ်စရာမလိုဘူးလေ””
“““သားအဖေ မရှိတော့ဘူး”””
“““အမေကရောကွ”””
““သိတော့ဘူးဗျာ သွားတော့မယ် ပိုက်ဆံလဲမပေးပဲနဲ့””
““သွားရင်လဲသွားပေါ့ကွာ””
ကျုပ်လဲအသာကြည့်နေလိုက်တယ် ချာတိတ်ပေါက်စလေး ကျွန်တော့်ကားနဲ နီးစပ်ရာကားတွေမှာလိုက်တောင်းနေပြန်တယ်
ဒါပေမယ် ဟန်တဲ့ပုံမပေါ် ဘယ်သူမှပေးတာမတွေ့ ကျွန်တော်လည် ကားနောက်ကြည့်မှန်ကနေလိုက်ကြည့်နေမိ တယ် ခဏ
နေတော့ လယ်တည်လယ်တည်နဲ့ ကားနားက ဖြတ်အသွား ကျုပ်လည်း အတွေးတစ်ခုဝင်လာတာနဲ့ ….။။
““ဟေ့ကောင်..ချာတိတ်လာအုံး””
““ပိုက်ဆံပေးမှလာမယ်””
““အေးပေးမယ် လာခဲ့””
ဒီကောင်လေးအနားရောက်တော ကျုပ်လဲ ပိုက်ဆံအိတ်ထဲက နှစ်ရာတန် တစ်ရွက်နဲ့ ငါးရာတန်တစ်ထုတ်ပြီး သူ့ကိုပြလိုက်
တယ် “““ဒီမှာတွေ့လား ငါမေးတာ သေချာဖြေရင် (၅၀၀)ရမယ် ကောင်းကောင်းမဖြေရင် ဒီ(၂၀၀)တောင် မပေးဘူး ဘယ်နှဲ့
လဲကွ……
““တစ်ကယ်ပေးမှာလား””
““အေးပေါ့ကွ””
““ပြောမယ် ဘာမေးမှာလဲ””
““အသက်ဘယ်လောက်ရှိပြီလဲ””
““ခုနှစ်နှစ်””
“““ဘယ်မှာနေတာလဲ””
““(၂)ရပ်ကွက်မှာ””
““မင်းပြောတာ ချောင်းဘေးနားက ရပ်ကွက်လား””
““ဟုတ်တယ် ဦးလေး””
““ဒီကို ဘယ်သူလာပိုတာလဲ””
““ဘယ်သူမှမပို့ပါဘူး သားအမနဲ့အတူတူလာတာ””
““မောင်နှစ်မ နှစ်ယောက်ပေါ့””
““ဟုတ်တယ်””
““အခုမင်းအမ ဘယ်မှာလဲ””
““ဟိုဘက်ကားဂိတ်မှာစာအိတ်လိုက်ဝေနေတယ်””
““ဟေ..ဟုတ်လား….မင်းအဖေနဲ့ အမေကရော””
““အဖေနဲ့ အမေ က ဘူတာမှာ ””
““သူတို့က ဘူတာမှာ ဘာလုပ်နေတာလဲကွ””
““ပိုက်ဆံတောင်းနေတာပေါ့ ဗျဦးလေးရ””
““မင်းကိုရော အဖေနဲ့အမေကတောင်းခိုင်းတာပဲလား””
““ဟုတ်ပါဘူး သားအမနောက်ကိုအဖေါ်လိုက်ခိုင်းတာ သားက သူကိုစောင့်ရတာပျင်းလို့ ပိုက်ဆံလိုက်တောင်းနေတာ””
“““ဟေ …ကောင်းရောကွာ”””
““မင်းပြောတော့ အဖေမရှိတော့ဘူးဆို””
““ဟုတ်တယ် မရှိတော့ဘူးအရင်အဖေက သေသွားပြီ အခုအဖေ က နောက်ထပ်ရတဲ့ အဖေ””
ကောင်းကျပါလေရောဗျာတို့……
အဖေ အမေက ဘူတာမှာ ပိုက်ဆံတောင်းတဲ့ အလုပ်ကိုလုပ်တယ် သမီးကို စာအိတ်ပေါ်မှာ ဘာညာအကြောင်းပြပြီး သနား
စရာကောင်းအောင် စာတွေရေးထားပြီး ရှစ်မိုင်ကားဂိတ်မှာ ခဏရပ်တဲ့ ကားတွေပေါ်လိုက်ဝေခိုင်းတယ်…ဒီအဖေအမေ
တွေရဲ လုပ်ပုံကိုကြည့်ပြီး လူမမယ် ကလေးငယ်တွေမှာ အတုမြင်အတတ်သင်ပြီး သူများဆီ သနားအောင်ပြောတောင်ရင်
ပိုက်ဆံလွယ်လွယ်ရတယ်ဆိုတဲ့ အချောင်သမား အောက်တန်းကျတဲ့ စိတ်ဓါတ်တွေ ကူးစက်ခံကြရတာပါပဲ…..
ဒီဖြစ်ရပ်လေးကြောင့် ပဲ…ပြီးခဲတဲ့အပတ် နေပြည်တော် မြို့မဈေး ကားဂိတ်မှာ ညနေ လေးနာရီ ကားနဲ့ရန်ကုန်ပြန်ဘို့ ကားပေါ်မှာထိုင်ပြီး ကားထွက်မှာကိုထိုင်စောင့်နေတုန်း….
ကိုရင်ငယ်လေးတစ်ပါး ကားပေါ်တက်လာပြီး ကားပေါ်ရှိသမျှ လူတွေစာအိတ်ဝေတော့တာပါပဲ ကိုရင်ငယ်လဲဖြစ်ပြန်
စာအိတ်ပေါ်မှာရေးထားတဲ့ ““ကင်းသာလမ်းနှစ်ဦးစေတီတောင်ပေါ်ကျောင်းမှ ဆွမ်းကွမ်းမပြည့်စုံသဖြင့်အလှူခံခြင်းဖြစ်
ကြောင်း””ရေးထားတဲ့စာပုဒ်လေးအရ သံဃာကို ရည်မှတ်၍ စာအိတ်ထဲကို ငွေငါးရာကျပ် ထည့်ဝင်ဆက်ကပ်ခဲ့ခြင်းအပေါ်
ပြန်စဉ်းစားမိပြီး ဒီမောင်နှမ လည်းစာအိတ်လေးပေါ်မှာဘယ်လို ရေးသားထားမယ် မသိပေမယ့် စာအိတ်ပေါ်က အချက်
အလက်တစ်ချို့ကိုတော့လိမ်ညာ ရေးသားထားလိမ်မည်ဆိုတာတော့ ငြင်းလို့မရနိုင်အောင် ရှိနေမှာအမှန်ပဲဖြစ်ပါတော့တယ်
နေပြည်တော် ““ကင်းသာလမ်း”” စာအိတ်လေးကရော ဘယ်လောက်ထိမှန်ကန်မှုရှိနေမှာလဲ စာအိတ်ချင်းမတူ လှူဒါန်းမှုခြင်း
လဲမတူ ဒီကလေးမောင်နှမလိမ်တောင်းတာက စာဝတ်နေရေးအတွက် ဘဝကိုလိမ်ပြောပြီးတောင်တာပဲဖြစ်မှာပါ..
““ကင်းသာလမ်း”” စာအိတ်လေးကတော့ သံဃာအတွက် ဆိုပြီး လိမ်များတောင်းခဲ့ရင်တော့…သံဃာကိုရည်မှတ်လှူဒါန်း
အပ်တဲ့ ဝတ္ထုပစ္စည်းများ တစ်လွဲ သုံးစားခဲရင်ဖြင့်…………
““““သံဃာပစ္စည်း အဆိပ်သီး””””အဖြစ်ရင်းလေးမိနေကြောင်းပါပဲ…ဗျာတို့။။။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
9 comments
GreeNSheeP
October 1, 2011 at 6:42 pm
အဲဒါ koyo ဆိုတဲ့ ဘာသာမဲ့ တွေ ရဲ ့လုပ်ရပ်တွေ ပေါ့
ဘာသာမဲ့ ဆိုမှတော့ ၊ စားဖို ့သောက်ဖို ့အရေး လက်တလော အဆင်မပြေ မှာပဲ ကြောက်ကြတာ
windtalker
October 1, 2011 at 7:03 pm
ကိုဘီလူး ကတော့
စလိုက်ပြီဗျို ့
မြန်မာတစ်နိုင်ငံလုံးက
အကြံအဖန်
လိုက် အလှူခံတာတွေ
လိုက်တင်လာကြမှာ
မြင်မိနေတယ် ဗျို ့
winkyawaung
October 1, 2011 at 8:46 pm
မြန်မာနိုင်ငံမှာ ဒီလိ်ုလူတွေကို သက်ဆိုင်ရာတွေက ရှင်းလင်းသင့်ပါပြီ..။ အတောင်းခံရသူတွေကလည်း သူတို့ကို အားမပေးသင့်ပါဘူး။
MaMa
October 1, 2011 at 9:54 pm
စဉ်းစားတတ်ပါပေ့ ဘီလူးကြီးရယ်။ မှန်လည်း မှန်ပါပေတယ်။ သံဃာ့ပစ္စည်း အဆိပ်သီး သုံးနည်း အလွန်ခက် ဆိုတာကို ဗုဒ္ဒ္စဘာသာဝင်တွေ ကိုယ်တိုင်က မသိကြဘူး။ မသိတော့ မှားတယ်။ မှားရင်း မှားရင်းနဲ့ပဲ အမှားသံသရာလည်ပြီး သမ္မာအာဇီဝလည်း မသိတော့ဘူး။ လွယ်လွယ်ကူကူ တောင်းစားလို့ရနေတော့ အလုပ်ဖို့ကို စိတ်မကူးတော့တာ။ အဲဒီလိုနဲ့ ဘဝတွေ ပိုပိုပြီး နိမ့်ကျကုန်ကြတယ်။
မူဆယ်ဘက်ကို ကားလမ်းပေါက်ကာစက ခရီးသွားဖော် ရှမ်းမကြီး ပြောတာကို အမြဲအမှတ်ရနေမိတယ်။ လမ်းပေါ်ကနေ တောင်းကြတဲ့ကလေးတွေကို ခရီးသွားတွေက ငွေတွေ ပစ်ချပေးတော့ အဲဒီ ရှမ်းမကြီးက အဲလို ပေးနေကြရင် အားလုံးသူတောင်းစားတွေ ဖြစ်ကုန်လိမ့်မယ်။ အလုပ်လုပ်စားချင်စိတ် ရှိကြတော့မှာ မဟုတ်ဘူး- တဲ့လေ။ သူ့ရဲ့ မှန်ကန်တဲ့အတွေးအခေါ်နဲ့ မျိုးချစ်စိတ်ဓာတ်ကို လေးစားမိတယ်။
အဲ- ဒါထက် မပြောမပြီး မတီးမမြည် ဆိုသလို သတ်ပုံလွဲတာလေးတွေ နဲနဲတွေ့မိသလားလို့။ 🙂
unclegyi1974
October 1, 2011 at 11:06 pm
မြန်မာကနဂိုလ်ကတည်းကသနားတတ်တယ်
နောက်ဘာသာရေးကလည်းလှုူတာကောင်းတယ်ဆိုတာနဲ့ပဲ
ဒီလိုကလေးတွေကိုလှူဖြစ်နေကြတာပါ
သို့သော်သူတို့လေးတွေကိုဒီလိုပေးလိုက်တာကခဏတာဖြေရှင်းနည်းဖြစ်ပြီး
သူတို့ကိုတဘဝတာလူညွန့်တုန်းအောင်လုပ်နေကြတာကိုဘယ်သူမှသတိပြုမိမယ်
မထင်ပါဖူး
တကယ်သူတို့လေးတွေကိုသနားတယ်ဆိုရင်အတွေးတွေပြင်သင့်နေပါပြီ
kai
October 2, 2011 at 4:40 am
တခြားတော့ မတွေးမိပါဘူး..
အဲဒီကလေး အဝါရောင်အဝတ်စလေးကောက်ပါတ်… ကတုံးတုံးလိုက်ရင်.. ကိုရင်ဘီလူးတယောက်.. ၅၀ဝတော့.. အမေးအမြန်းမရှိ လှူဦးမှာပဲ.. တွေးမိတာပါ…။
အံမာ..
… တလေးတစားနဲ့နော…။
ဒန်တန်တန်…။
windtalker
October 2, 2011 at 11:16 am
သူကြီး
“ ဒန်တန်တန် ” က ဘာဖြစ်ရတာလဲ ဗျ
ဟို ကုလားကား ၊ ဘော်လီးဝု က နာမည်ကြီး ဟာသကား
ကြေငြာဝင်တာလား
ဟီဟိ
“ဘီလူးကြီး”ogre
October 2, 2011 at 9:45 am
သူကြီး ကို ကောင်းမှုကုသိုလ်အကြောင်းလေး လက်ဆင့်ကမ်းရမှာပေါ့
ကုသိုလ် ပြုလုပ်ရမှာ ခွေးကကုသိုလ် ကောင်းမှု လုပ်လဲ ခွေးကုသိုလ်ရတာပါ
လူကကုသိုလ်လုပ်ရင်လဲ လူကုသိုလ်ရတာပါပဲ ခွေးမို့လို့ကုသိုလ်မရဘူးဆိုတာမရှိပါဘူး..။။။
လှူဒါန်းသူမှာလဲ သူအကျိုးနဲ့သူရှိပါတယ် သီလမရှိသူကို လှူတဲ့အကျိုးနဲ့သီလရှိသူကိုလှူတဲ့အကျိုး မတူနိုင်ပေမယ် လှူသူ၏ အလှူအပေါ်ထားရှိသော ဇောစေတနာက သာလျှင် အကျိုးအပြစ်ကို
ဖြစ်စေတာမို့ …..
ဘယ်လို အလှူခံပုဂ္ဂိုလ်ပဲဖြစ်ဖြစ် လှူဒါန်းစဉ်အချိန် ထားတဲ့ စေတနာကသာလျှင် အဓိကဖြစ်ပါကြောင်း…။။။
tattoo
October 2, 2011 at 10:42 am
အလှူတခုမှာ ပေးလှူသူရဲ့ စိတ်ထားပေါ်မူတည်ပြီး ပေးသူကို အကြိုး ပေးတာပါပဲ …
အလှူခံ ပုဂ္ဂိုလ်ရဲ့ အလွဲသုံးစား လုပ်မှူဟာ ပေးလှူသူနဲ့ ဘယ်လိုမှ မပတ်သက် ပါဘူး.
ဒါပေမယ့် ပေးလှူသူရဲ့ စိတ်စေတနာဇော ကတော့ အလှူခံ ပုဂ္ဂိုလ်ကို တိုက်ရိုက် အကျိုး
ပေးမှာဖြစ်တဲ့အတွက် သူ့အပြစ်သူ ခံသွားပါလိမ့်မယ်..