The Adventure of ဦးလန်ဘား
စုံထောက်ကြီး ဦးလန်ဘား တစ်ယောက် ရန်ကုန်သို ့ရောက်နေပါသည် ။
ရွာသာယာ မှ ဦးသာဝ နှင့် ဒေါ်မြ တို ့၏ သီတင်းကျွတ်မင်္ဂလာပွဲ အပြီး ၊ သူတို ့လင်မယား က ဦးလန်ဘားကို ဘုရားဖူး၊အလည်အပတ်ခရီးအတွက် စပွန်ဆာပေးခြင်း ဖြစ်သည် ။
ရန်ကုန်မြို ့သို ့တစ်ခါ မှ မရောက်ခဲ့ဖူးသူ ၊ ဦးလန်ဘား အတွက် တွေ ့သမျှ ၊ မြင်သမျှ အားလုံးထူးဆန်းနေသည် ။
ဘုန်းကြီးလမ်း ရှိ ဦးသာဝ အမျိုးအိမ်တွင် တည်းခိုရသည် ။
ဦးသာဝ အမျိုး ကမ်းကြီး ဆိုသော လူငယ်က ဦးလန်ဘားကို ရန်ကုန်မြို ့ထဲ အဖော်အဖြစ် လိုက်ပေးသည် ။
ရွှေစင်များဖြင့် ဝင်းအိနေသော ရွှေတိဂုံ ဘုရား ကို ဖူးမျှော်ခွင့် ရသည် ။
ဆူးလေ စေတီတော်ကြီးကို လည်း ဖူးမျှော် ခဲ့သည် ။
ဟက်ပီးဝေါ ကစားကွင်း ထဲ မှာ ကလေးတွေ နဲ ့တိုက်ကားသွားစီးပြီး ပျော်ရွှင်ကြည်နူးရသည် ။
ကန်တော်ကြီး ၊ အင်းလျားကန်ဘောင်ပေါ်တွင် အတွဲ များကို ငေးကြည့်ခဲ့သည် ။
ညနေပိုင်းသို ့ရောက်သော အခါ ဦးလန်ဘား တစ်ယောက် နေရထိုင်ရ နဲနဲခက်လာသည် ။
ကမ်းကြီး ဆိုသော သူငယ်ကိုလည်း ဖွင့်ပြောရမှာ အားနာနေမိသည် ။
ရွာမှာ ဒီလို အချိန်ဆိုလျှင် ထွေးညို နှင့် နှစ်ပါးသွားနေကြ ။
ဦးလန်ဘား တစ်ယောက် လေချဉ် စတက်လာပြီ ။
မြွေမြွေချင်း ခြေမြင်သော ကမ်းကြီး သည် ဦးလန်ဘားကို တရုတ်တန်း သို ့ခေါ်သွားလေတော့သည် ။
ဆိုင်ရောက်တော့ ၊ ဦးလန်ဘား တစ်ယောက် ထွေးညို ရလား မေးနေသဖြင့် ၊ ကမ်းကြီး မှ ကမန်းကတမ်းနှင့် သောက်စရာ မှာလိုက်လေသည် ။
မြန်မာ ဘီယာ တဲ့ ၊ အရသာ မှာ ရွာက ကိုပု ထန်းတောမှ ထန်းရည်လောက် မပြင်း ၊ မစူးရှ ။
ရန်ကုန်က လူတွေ က တော့ ဒါမျိုးတွေ ပဲ သောက်နေကြ ဆိုတော့လည်း ၊ ဦးလန်ဘားတစ်ယောက် မြန်မာဘီယာ နဲ ့ပဲ စိတ်ဖြေရတော့သည် ။
သူတို ့၂ ယောက် သောက်ရင်းစားရင်း တောပြော တောင်ပြော ဖောရှောရိုက်ကြသည် ။
တရုတ်တန်းက ငါးကင် က ရွာမှ ကိုကြောင်ကြီး ရဲ ့ဖားကင် လောက် စားမကောင်းဟု ဦးလန်ဘား က ပြောသည် ။
ကမ်းကြီး က အခွံနွှာပြီး ဆီ၊ဆားဖြင့် နယ်ထားသော မြေပဲပြုတ် တစ်ဇွန်းကို ဝါးရင်း ၊ ဒီလိုမျိုး ခင်ဗျားတို ့ရွာမှာ ရှိလို ့လား ဟု ပြန်ဘုတောသည် ။
ဦးလန်ဘား တစ်ယောက် ရွာတွင် သူ၏ စွန် ့စားခဲ့ပုံ များကို ပြန်ပြောပြနေသည် ။
ကမ်းကြီးကတော့ နားပူလို ့လား မသိ ၊ ဘီယာကိုသာ တစ်ခွက်ပြီးတစ်ခွက် ကစ်နေသည် ။
အချိန်ကား..ညနေ ၆နာရီကျော်ခန် ့..ရှိသွားပြီ
လူသုံးယောက် ၊ ယောက်ျား၂ယောက် နှင့် မိန်းမ တစ်ယောက် ။
တိတိကျကျ ဆိုရလျှင် အသက်၃ဝကျော်ဗမာတစ်ယောက်၊အသက်၃ဝနီးပါးတရုတ်တစ်ယောက် နှင့် ငယ်သည်ဟု ထင်ရသော ့ဗမာမ တစ်ယောက် ။
သူတို ့သုံးယောက် ဦးလန်ဘားနှင့် ကမ်းကြီးတို ့ထိုင်နေသော ဆိုင်ထဲ ဝင်လာကြပြီး ၊ ဘေးကပ်ရပ် ဝိုင်းတွင် ဝင်ထိုင်ကြသည် ။
စုံထောက်ကြီး ဦးလန်ဘား လည်း သူ ပြောနေသည်ကို ကမ်းကြီးက အရေးမစိုက်သဖြင့် ၊ ဘေးဝိုင်း ဘက်ကို အာရုံစိုက်နေလိုက်သည် ။
သူတို ့၃ယောက် က နောက်မှ ရောက်လာပြီး ၊ ဘီယာ ၂ လုံးခန် ့အကုန်တွင် စကားသံများ ကျယ်လာသဖြင့် ၊ ဦးလန်ဘား တစ်ယောက် စပ်စုလိုက်ရာမှ အကြောင်းပေါ်လာတော့လေသည် ။
၄ဝ = ညီမလေး….နင် အတွေးမမှားစေချင်ဘူးနော် ၊ အခုလို အခွင့်အရေးပေါ်တုန်း နင် လိုက်သွားသင့်တယ်
မ = အင်း…သမီးလည်း သေချာစဉ်းစားနေတာပဲဟာ..ကိုလူး က လဲ
၃ဝ = မိန်မိန်း..ဘာမှ စဉ်းစားမနေနဲ ့တော့ ၊ နင့်အတွက် လက်မှတ်ဖြတ်လိုက်တော့မယ် ၊ ဟိုက ပြန်လာရင် နင် ပိုက်ဆံ ရှာရတာ အရမ်းလွယ်တယ် ဆိုတာ သိသွားမယ် ၊ ငါလဲ အကူအညီ ပေးမယ့် ကိစ္စပဲ
မ = ကိုပေါက်ဖော် က ပြောတာက လွယ်တယ် ၊ ညီမလေး ကိုကို ့ ကို ဘာမှ မပြောရသေးဘူး ၊ တစ်ကယ်လို ့သူ ခွင့်မပြုရင် ညီမလေး က မကောင်းဘူးလေ
၃ဝ = ဘာလဲ..နင်ကောင်းဖို ့အတွက် သွားမှာပဲလေ ၊ အချိန်ကလဲ ၂ နှစ်လောက်ပဲ ကြာမယ့်ဟာ ၊ ရှုပ်ပါတယ်ဟာ ၊ သဘက်ခါငါသွားမယ့် ကားနဲ ့သာ တခါထဲ လိုက်ခဲ့တော့
၄ဝ = ဟုတ်တယ်..စဉ်းစားမနေနဲ ့တော့ ၊ နင့် ကိုကို ကိုလည်း ဟိုရောက်မှသာ ဖုန်းလှမ်းဆက်လိုက်တော့ ၊ နို ့မို ့ဆို သူတားနေမှာ
အမျိုးသမီးလေး ပုံကြည့်ရသည် မှာ မလွန်ဆန်နိုင်တော့သည့် ပုံနှင့် ခေါင်းညိတ် ပြလိုက်ဟန်တူသည် ။
ဦးလန်ဘား တစ်ယောက် မနေနိုင်တော့ပဲ ၊ သူတို ့ဝိုင်းဘက်သို ့သွားကာ စပ်စုလိုက်တော့လေသည် ။
“ ဒီက တူလေးတို ့တူမလေး တို ့ကြည့်ရတာ ခရီးသွားဖို ့တိုင်ပင်နေကြဟန်မှတ်တယ် ၊ စိတ်မရှိဘူး ဆိုရင်..ဘယ်သွားကြမှာပါလိမ့် အဘကို ပြောပြပါလား ဟင် ”
သုံးယောက်စလုံး ၊ ဒီအဘိုးကြီး တယ်စပ်စုရန်ကော ဟူသည့် အကြည့်စူးများဖြင့် ဝိုင်းကြည့်ကုန်ကြသည် ။သူတို ့ထဲမှ
၃ဝ = ကျုပ်တို ့ဘာသာ ကျုပ်တို ့ဘယ်သွားသွား ၊ ခင်ဗျားနဲ ့ဘာဆိုင်လို ့လဲ ၊ ဘာကိစ္စနဲ ့ပြောပြရမှာလဲ ဗျ..ဟင်
“ စိတ်မရှိပါနဲ ့ကွယ် ၊ ဒီလိုပါ ၊ ဘ က ဗေဒင်လေးဘာလေး နဲနဲတွက်တတ်တော့ ၊ မောင်တို ့ခရီးသွားမယ် ပြောသံကြားလို ့၊ ဟောချင်လာလို ့ပါ ၊ အလကားဟောပေးမှာပါ ”
၄ဝ = သွားစမ်းပါဗျာ..အလကားဟောပေးပါမယ်ဆိုပြီး ၊ ဟောပြီးမှ သဒ္ဒါသလောက် ပေးပါဆိုပြီး တောင်းမှာမလား ၊ သွားတော့သွားတော့ ၊ စိတ်မဝင်စားဘူး
မ = ကဲ..အဘိုး ၊ သမီးတို ့စကားပြောစရလေး တွေ ရှိလို ့သွားလိုက်ပါဦးနော်
ဦးလန်ဘား တစ်ယောက် မချိုမချဉ်လေးပြုံးကာ ကိုယ့်ဝိုင်းကို ပြန်လာထိုင်သည် ။
ကမ်းကြီးတစ်ယောက် ကတော့ နဲတောင် နဲသေးတယ် ဟူ ထုတ်မပြောရုံတမယ် လှောင်ပြုံး ပြုံးနေလေသည် ။
“ နေနှင့်ဦးပေါ့ကွာ ၊ လန်ဘား အကြောင်း သိစေရမယ် ” ဟု စိတ်ထဲတွင် ပြောနေမိသည် ။
ဦးလန်ဘား ၏ စိတ်ထဲတွင်မူ ၊ သူရန်ကုန် မလာသေးခင် ၊ ရွာက ထော်လာဂျီပိုင် ဦးသစ်မင်း ၏ ပြောစကားများကို ပြန်ကြားယောင် နေမိသည် ။
“ အခုခေတ် များ တယ်ကြောက်စရာ ကောင်းသဗျ ကိုလန်ဘားရဲ ့၊ လူကုန်ကူးကြသတဲ့ ဗျာ ၊ မိန်းကလေးတွေ ကို အဓိက ပစ်မှတ်ထားကြသတဲ့ ဗျို ့၊ ခင်ဗျား က ကျုပ်တို ့ ရွာရဲ ့ တစ်ဦးတည်းသော စုံထောက်ကြီး ဆိုတော့ ဒီအကြောင်းတွေ မှတ်ထားဦး ၊ ဒါနဲ ့ဒီဖုန်းနံပါတ်တွေ ပါ မှတ်ထား ၊ တစ်ခုခု မသင်္ကာတာတွေ ့တာ နဲ ့၊ သူကြီးအိမ် က ဖုန်းဆီသာ တန်းပြေး ဆက်ပေတော့ ဗျို ့ ”
ဦးလန်ဘား ၊ သူလွယ်ထားသော လွယ်အိတ်လေး ထဲ မှ ပိုက်ဆံအိတ်ကလေးကို ထုတ်လိုက်သည် ။ ပိုက်ဆံအိတ်ထဲတွင် ဦးသစ်မင်း ရေးပေးလိုက်သော ဖုန်းနံပါတ်ပါသည် ။
ခဏတာမျှ စဉ်းစားခန်း ဖွင့်ပြီးအနောက် ၊ ဦးလန်ဘား တစ်ယောက် သူတို ့ထိုင်နေသော စားသောက်ဆိုင် ကောင်တာမှ ဖုန်းဆီသို ့ ထသွားလေတော့သည် ။
ဟိုဘက်ဝိုင်းမှ သုံးယောက်ကတော့ စားလိုက်သောက်လိုက် နှင့် စကားကောင်းနေကြဆဲ ။
ဦးလန်ဘား တစ်ယောက် စားဝိုင်းကို ပြန်ထိုင်တော့ ၊ ကမ်းကြီး က တော်တော် ကောင်းနေချေပြီ ။ ( ကောင်း=သောက်လစ်မစ်ပြည့် )
“ ဦးလန်ဘား ၊ အပေါ့သွားနေတာလား ၊ ဘီယာက ဒီလိုပဲ ၊ သောက်ရင် ဆီးရွှင်သဗျ ဟားဟား ၊ ခင်ဗျားတို ့တောက ထန်းရေ လို ပေါ့ ဗျာ ”
“ အေးကွ ၊ ဒါပေမယ့် ထန်းရေ လောက် ငါ့ကို မစွဲလန်းစေတာတော့ အမှန်ပဲမောင် ”
“ ခင်ဗျားကြီးနှယ်…ဒီမှာ ရဖို ့မလွယ်ပါဘူး ဆိုနေမှ ၊ ဒါချည်း ရွတ်နေတယ် ၊ သောက်ဗျာ..ခင်ဗျား သောက်လို ့ပြီးရင် ပြန်မယ် ၊ ကျုပ်တော့ ကောင်းနေပြီ ”
“ အေးအေး..ခဏပါကွာ ၊ ငါ သောက်လိုက်ဦးမယ် ”
ခဏကြာတွင် လွယ်အိတ်လေးများ ကိုယ်စီနှင့် လူ၂ယောက် ရောက်လာပြီး ဦးလန်ဘားတို ့တစ်ဘက်ဝိုင်း ကို ဝင်ထိုင်လိုက်သည် ။
ဦးလန်ဘား တစ်ယောက် မိန် ့မိန် ့ကြီး ကြည့်နေသည် ။
အရပ်ဝတ်တွေ နှင့် ဖြစ်သော် လည်း ဆံပင်ကေများမှာ တိုတိုနှင့်မို ့ရဲ တွေ ဆိုတာ သိသာသည် ။
စကားပြောနေသော သုံးယောက်မှာ လည်း ကြောင်ကုန်ကြသည် ။
“ ဒီက အကိုတို ့၂ ယောက် နဲ ့ဒီက ညီမလေး နဲ ့က ဘယ်လို ပတ်သက်ပါသလဲ ၊ နောက်ပြီး ဘာအလုပ်တွေ လုပ်သလဲ ဆိုတာလေး ဖြေပေးပါ နော် ”
၄ဝ = လာပြန်ပြီ ၂ ယောက် ၊ နေစမ်းပါဦး ၊ ခင်ဗျားတို ့ကကော ဘာတွေ မို ့၊ ကျွန်တော်တို ့က မေးသမျှ ဖြေရမှာလဲ
လာထိုင်သော ၂ ယောက် က လွယ်အိတ်များထဲ မှ ဘာကဒ်များလဲ မသိ ၊ အသီးသီး ထုတ်ပြလိုက်လေသည် ။
၃ဝ = အမ်..ကျုပ် တို ့က ကျုပ်တို ့ဘာသာ အေးအေးဆေးဆေး ဘီယာထိုင်သောက် ၊ အကင်စားရင်း ၊ စကားပြောနေကြတာလေ ဗျာ
“ မှန်ပါတယ် ၊ စောနလေးတင် ကျွန်တော်တို ့ဆီကို တာဝန်သိသူတစ်ယောက် က လှမ်းပြီး ဖုန်းဆက် အသိပေးလို ့လာစစ်ဆေးရတာပါ ၊ မေးတာကို ဖြေပေးစေချင်ပါတယ် ”
မ = ကဲပါလေ ၊ ကျွန်မ ပဲ ဖြေပေးပါတော့မယ် ၊ ညီမ နဲ ့အတူ ထိုင်နေတဲ့ အကို ၂ ယောက် က ညီမ အိမ်နီးနားချင်းတွေပါ ၊ ကိုလူးနဲ ့ကိုပေါက်ဖော် တဲ ့၊ ၂ ယောက်စလုံး တရုတ်ပြည်ကနေ အထည်အလိပ်တွေ တက်သယ်ကြပြီး ၊ ဒီမှာ ပြန်ရောင်းကြတာပါ ၊ ညီမ က သူတို ့လုပ်ငန်းကို စိတ်ဝင်စားတယ် ဆိုလို ့၊ သူတို ့နဲ ့အတူ တရုတ်ပြည် အတူလိုက်ပြီး ပစ္စည်း လိုက်ဝယ်ဖို ့ပြောဆိုနေကြတာပါ ၊ သူတို ့နှစ်ယောက်နဲ ့သိတာ၊ခင်လာတာ ကြာလှပါပြီ ၊ ဒီက တာဝန်ရှိတယ် ဆိုတဲ့ အကို တို ့တွေ က ဘာသတင်းများ ကြားလို ့ပါလဲရှင် ၊ ပြောပြပါဦး
“ အေးဗျာ..ဒါဆို ဒီက ညီမလေး ပြောတာ အမှန်ပဲ ဆိုရင်တော့ ခွင့်လွှတ်ပါဗျာ ၊ တရုတ်တစ်ယောက်နဲ ့ဗမာ တစ်ယောက် က အမျိုးသမီး တစ်ယောက် ကို လူကုန်ကူး ဖို ့ဖျားယောင်း နေတယ် ဆိုပြီး ဖုန်းဆက် အကြောင်းကြားလာလို ့ပါ ၊ ဖုန်းနံပါတ် ကို သေချာမှတ်ပြီး ဖုန်းရုံးကို လိပ်စာလှမ်းမေးတော့လည်း ၊ သူ ပြောတဲ့ နေရာက နား က ဖုန်းပဲ ၊ မှန်း..အခု ညီမတို ့ထိုင်နေတဲ့ ဆိုင်က ဖုန်းများလား မသိဘူး ၊ သွားမေးကြည့်လိုက်ဦးမယ် ”
ထိုအချိန်တွင် ဦးလန်ဘား တစ်ယောက် ပိုက်ဆံ ခပ်သွက်သွက်ရှင်းပြီး ၊ ကမ်းကြီးကို ပြန်ဖို ့ခေါ်နေသည် ။
“ ဟေ့ကောင် ..ထဟ ၊ ထ ၊ ပြန်ကြစို ့၊ မိုးတောင် ချုပ်နေပြီ ”
ကမ်းကြီးက ဇိမ်ပျက်သွားဟန် ဖြင့်
“ အဘိုးကြီးဗျာ..တော်တော်ရှုပ်တာ ပဲ ၊ အေးဆေး ဆက်ထိုင်လဲ ရနေတဲ့ဟာ ကို..ဟင်း ”
ဦးလန်ဘားတစ်ယောက် ကမ်းကြီး လက်ကို ဆွဲကာ သွက်သွက်လေး လစ်လာခဲ့သည် ။
ဆိုင်ထဲ သို ့ဝင်စုံစမ်းသော ၂ ယောက် မှာ ဆိုင်ရှင် က မဖြေချင် ဖြေချင် လုပ်နေသဖြင့် တော်တော်လေး ပြောယူလိုက်ပြီး မှ ၊ သုံးယောက်ဝိုင်းကို ပြန်ရောက်လာသည် ။
“ စောနက ညီမတို ့ဝိုင်းဘေး ထိုင်တဲ ့အဘိုးကြီးတစ်ယောက် လာဖုန်းဆက်တယ် လို ့ပြောတာပဲ ၊ ညီမ တို ့သတိထားမိလား ”
၃ဝ = ဟုတ်ပြီ..သေချာပြီ ၊ စောန က ဗေဒင်ဆရာယောင်ယောင် ၊ တောင်းစားတဲ့သူယောင်ယောင် နဲ ့လာမေးသွားသေးတယ် ၊ ကြည့်ရတာ..အဲဒီ အဘိုးကြီးပဲနေမှာ
၄ဝ = တောက်…သေချာပါတယ်ကွာ ၊ ဒီက အကိုတို ့ ၂ယောက် ဆိုင်ထဲ ဝင်သွားတော့ သူတို ့ကမန်းကတမ်း ထပြန်သွားတာ သတိထားမိလိုက်တယ် ၊ ဟေ့ကောင် ပေါက်ဖော် လာကွာ ၊ လိုက်ရအောင် ၊ မှီရင် နဲနဲပါးပါး ပညာပေးရအောင် ၊ ငါတို ့ကိုများ လူကုန်ကူးသလေး ဘာလေး နဲ ့ ၊ တောက်….
မ = တော်ပါတော့ ၊ ကိုလူး ရယ် ၊ ကိုပေါက်ဖော် လည်း စိတ်လျှော့တော့ ၊ အခု ဘာမှ မှ မဖြစ်တဲ့ဟာ ပဲ ၊ နေပါစေတော့ ၊ အဘိုးကြီးပုံ ကြည့်ရတာ ကြီးမှ သူငယ်ပြန်နေတာ နေမှာပါ ၊ ခွင့်လွှတ်လိုက်ပါ
ဆံပင်တိုနှင့် လူ၂ယောက် လည်း အားတုံ ့ အားနာ ဖြစ်ဟန်ဖြင့်
“ ကျွန်တော် တို ့သတင်းအမှားကြောင့် ၊ ဒီက ညီမတို ့ကို အနှောင့်အယှက် ဖြစ်စေခဲ့တာ ကို ခွင့်လွှတ်ပါနော် ၊ သွားခွင့်ပြုပါဦး ဗျာ ”
ဦးလန်ဘားနှင့် ကမ်းကြီးတို ့လည်း သုတ်ခြေတင် ပြေးလာရင်းမှ ၊ ဦးလန်ဘား က အကြောင်းစုံ ပြန်ရှင်းပြ လိုက်သဖြင့်
“ အဘိုးကြီး..ခင်ဗျားတော့ အသက်ကြီးမှ ဆွမ်းကြီးအလောင်းခံချင်နေပြီလား ၊ ကံကောင်းလို ့၊ အထမြန်လို ့ပေါ့ ၊ နို ့မို ့ဆိုရင် ကျုပ်ပါ အချောင်တွယ်ခံ ရနိုင်တယ် ၊ တော်ပြီ ၊ နောက်နေ ့တွေ ခင်ဗျား ဘာသာ ဒိုးပေတော့ ၊ ကျုပ် ဘယ်မှ မလိုက်ပို ့နိုင်တော့ဘူး ၊ ဒါပဲ ”
“ အေးပါကွာ…”
ဦးလန်ဘားတစ်ယောက် ဘာများ ပြောနိုင်ပါဦးမည်နည်း ။
( ကိုသစ်မင်း ၏ “ လူကုန်ကူးမှုဆိုင်ရာ အရေးပေါ်ခေါ်ဆိုနိုင်သည့် Hot Line တယ်လီဖုန်းနံပါတ်များ ” စာကို ဖတ်ပြီးသကာလ စိတ်ကူးရသဖြင့် လက်တမ်းချရေးမိပါသည် ။ ကိုသစ်မင်း ကို ကျေးဇူးအထူးတင်ရှိပါသည် ။ စာပါ ရဲဘော် တို ့ကတော့ ပြုံးရယ်ရင်း ၊ စိတ်မဆိုးကြပါနဲ ့ဟု )
—————————— အားလုံးကို ကျေးဇူးတင်ပါသည် ——————————
11 comments
thit min
October 17, 2011 at 10:44 pm
အေးဗျာ။
ကျနော်မှာခုတလော အလုပ်ရှုပ်လွန်းလို့မန်းဂေဇက်လဲမရေးနိုင်။
ကိုယ့်ရေးရမဲ့” Paper “တွေကလဲ ဒီမှာ ပူညံ “Dead line “ကပ်တာကပ်၊ကျော်တဲ့ဟာတွေကျော်… ဟဲဟဲ
ပြောရရင်……..
“ဘူ” နေတာ လူက။ “Data” ရှာရ။ ရေးရနဲ့။ စိတ်ရောလူရောအလုပ်ရှုပ်နေတာ။ မလန်းဘူးပေါ့ဗျာ။
မန်းဂေဇက်ဝင်ကြည့်ပါအုန်းမယ်ဆိုပြီး စစခြင်းပဲ ဒီကိုပေရဲ့ စာလေး ဖတ်လိုက်တာ။ ကိုယ့်နာမည်ပါမှန်းလဲမသိပါဘူး။
အင်း တော်တော် ရီလိုက်ရတယ်ဗျာ။
ခင်ဗျားဘဲ ရေးတတ်ပ။
အင်း………
မနက်စောစောထရမှာမှန်ပေမဲ့ ဒီည ကိုပေ့စာနဲ့ လန်းသွားတဲ့ ခေါင်းလေး ဆက်ရေးလိုက်အုန်းမယ်။
ကျေးဇူး မီလီယံ ပါဗျို့။
comegyi
October 18, 2011 at 4:04 am
ဟေ့လူ ကျွန်ုပ်ကို တော်ရုံတန်ရုံဇာတ်ကောင်နေရာမှာ ထားလို့သာပေါ့…….နို့မို့လို့ကတော့ မန္တလာမြေခရီးမှာ ခင်ညားသိန်း တစ်သောင်း ပြောင်အောင်သုံးမနော့ ကိုယ့်လူ ငွင်းငွင်း …..
comegyi
October 18, 2011 at 4:05 am
အယ် မေ့လို့ မေ့လို့ ………စုံထောက်ကြီးခင်ဗျား ခင်ဗျားကိုကြောက်ပါကြောင်း………
small cat
October 18, 2011 at 7:01 am
လူကုန်ကူးတဲ့ သူတွေအောက်မေ့လို့ကြည့်နေတာ။
အထည်ကုန်ကူးတဲ့သူတွေပဲ။
“ဘီလူးကြီး”ogre
October 18, 2011 at 7:48 am
လူကုန်ကူး အရေးပေါ်အဖွဲ့က
ဖုန်းဆက်တာနဲ့ချက်ချင်းရောက်လာတယ်နော်
တကယ်ကြီးလား ကိုပေရ..။။
inz@ghi
October 18, 2011 at 8:21 am
ဆြာပေ လက်စွမ်းပြနေပါသည် …
ဒါနဲ့ ….အဲ့ရာ ဘာသိုင်းလဲ ဆြာ …
😀
pan pan
October 18, 2011 at 9:20 am
ကိုပေရဲ့ဦးလန်ဘား ရန်ကုန်ရောက်နေသလား
ဘယ်တော့ပြန်မှာတုန်း
ငါးကြော်ပျောက်အမှုအပ်မလို့
—–
ကိုပေရေးတာဖတ်ရင်း ရယ်နေရတယ်
တတ်လည်းတတ်နိုင်ပေ့
ဒါနဲ့မန်းလေးဖက်မှာ တရုပ်ပြည်ကနေအထည်တွေသွားယူပြီး
ပြန်ရောင်းကြတဲ့လူတွေ များတယ်ထင်တယ်
တွက်ခြေတော်တော်ကိုက်ကြလားမသိ
စိတ်ဝင်စားလို့ 🙂
ကြောင်ကြီး
October 18, 2011 at 9:30 am
လူမှောင်ခိုကူးသူက လူခိုးထုတ်နေပါတယ်လို့ ပြောပါ့မလား စုံထောက်ရှော်ဂျီးရယ်…..။
etone
October 18, 2011 at 10:26 am
ဦးလန်ဘား တစ်ယောက် စေတနာကို ပေတရာချနင်းခံရတော့မလို့ နည်းနည်းပဲ လိုတော့တယ် ဟီးဟီး 😀
သူများအကျိုးဆောင် ကိုယ့်ကျိုးပြောင်တဲ့လေ ။ 🙂
ပေါက်ဖော်
October 18, 2011 at 10:32 am
ဘဲလူးရေ..
ကျုပ်တို ့ကို အထည်ကုန်သည်တွေထင်သွားကြပြီ.ဆိုတော့..
လူကုန် ပြန်ကူးကြရအောင်….
ဒီလိုပဲ..လုပ်စားရတာ အဆင်မပြေတော့..ကူးစားကြတာပေါ့ဗျာ
လန်ဘား..
အကြံများရင်တော့..ဘီယာဂျားကြီး စာမိတွားမယ်
ဟွင်း.ဟွင်း.
alinsett
October 18, 2011 at 5:30 pm
ကိုပေ..က လက်တမ်းရေးတာတော်တယ်ဗျ။
ကိုယ်ကတော့ စာ တစ်ကြောင်းရေးနိုင်ဖို ့ကို တော်တော် အချိန်ပေးရတယ်။
အပျင်းထူတာရော..။ ဉာဏ် က မကောင်းတာရော..ပေါ့။
ကိုပေ့ စာတွေကို ကိုယ် တော်တော် သဘောကျတယ် ။ ဖတ်ရတာ..ချော လို ့ပါ။
ပြောသွားတဲ ့အကြောင်းအရာ..ပေးချင်တဲ ့အချက်အလက်ကလေးတွေကလည်း.ကောင်းတယ် ။