လိင်အကျင်.ယိုယွင်းခြင်း(လိင်တူဆက်ဆံခြင်း)

နီကီတာNovember 1, 20111min100329

လူအများက လိင်တူဆက်ဆံခြင်းကို အကျင်.ယိုယွင်းမှုအဖြစ် မသတ်မှတ်ကြတော.ပေ။ကိုယ်ပိုင်ရွေးချယ်ခွင်.ဖြစ်သည်ဟု ခံယူထားကြသည်။
အချို.ခရစ်ယာန်အသင်းတော်များကလည်း လိင်တူချင်းကို ပုံမှန်လက်ထပ်ခွင်.ကဲ.သို. ခွင်.ပြုလာကြသည်။

ကမ္ဘာဦးဖန်ဆင်းချိန်တွင် လိင်ဆက်ဆံခြင်းသည် ဖော်ရွေသော၊ကောင်းသော၊အရှက်ကင်းသော သဘောရှိပြီး မျိုးပွားရန်ရည်ရွယ်သည်။
(ကမ္ဘာဦး၊ ၁း၂၈,၂း၂၄)သို.သော် လူသားတို.သည် ဖန်ဆင်းရှင်၏ အလိုနှင်.ဆန်.ကျင်၍ ရွေးချယ်ခဲ.ကြသောအခ လိင်ဆက်ဆံမှုသည်
လျို.ဝှက်သော တဏှာဆန်သော ကာမ ဖြစ်လာခဲ.သည်။

လိင်တူဆက်ဆံခြင်းကဲ.သို.သော အကျင်.ယိုယွင်းမှုသည် အမှန်ပင်လူသားတို.၏ ကိုယ်ပိုင်ရွေးချယ်ခွင်.သာဖြစ်သည်။သို.သော် ထိုရွေးချယ်မှု
သည်  လူ၏မူလစစ်မှန်သော အရည်အသွေး တန်ဖိုးကို ကျဆင်းစေကြောင်းသိသင်.သည်။ သမ္မာကျမ်းစာက လိင်တူဆက်ဆံခြင်းကို
လိင်အကျင်.ယိုယွင်းမှုအဖြစ် အပြင်းအထန်တားမြစ်ထားသည်။(ဝတ်ပြုရာ၊၁၈း၂၂,၂ဝး၁၃)

သမ္မာကျမ်းစာတွင် ဆန်.ကျင်ဘက်လိင်မိန်းကလေးများအား ချစ်တတ်သည် ထက်သာ၍ ချစ်ကြသော အမျိုးသားလူငယ်မိတ်ဆွေနှစ်ယောက်
အကြောင်းကို တွေ.ရသည်။လူငယ်ဒါဝိဒ် သည် ရန်သူ ဂေါလျက်အား အနိုင်ရပြီးနောက် ရှောလုဘုရင်၏ နန်းတော်သို.ရော်လာ၍ ဘုရင်.သား
ယောနသန်နှင်.တွေ.ဆုံခဲ.သည်။ ယောနသန်သည် ဒါဝိဒ် အားကိုယ်နှစ်အမျှ (ဓမ္မရာဇဝင် (ပ) ၁၈း၃)၊ကိုယ်.အသက်ကဲ.သို. (ဓမ္မရာဇဝင် (ပ)
၂ဝး၁၇) ချစ်ခဲ.သည်ဟုဆိုသည်။နောက်ပိုင်းတွင် ဘုရင်ရှောလုက ဒါဝိဒ် အားအမြင်မကြည်လင်ဖြစ်လာ၍ ထွက်ပြေးတိမ်းရှောင်ရရာ
ယောနသန်က ဖခင် ဘုရင်ကို ဆန်.ကျင်၍ ဒါဝိဒ်အားတလျှောက်လုံးကူညီပေးခဲ.သည်။မိမိရရှိမည်. ထီးနန်းကိုလည်း ဒါဝိဒ်အတွက်ဖြစ်သည်ဆို
၍ ကိုယ်တိုင်ကမူ ဒါဝိဒ်လက်အောက်တွင်ရှိမည.်အကြောင်း ပြောကြားခဲ.သည်။ (ဓမ္မရာဇဝင် (ပ)၂၃း၁၆)နောက်ဆုံး ယောနသန်သည်
တိုက်ပွဲတွင် ကျဆုံးသွားခဲ.ရာ ဒါဝိဒ်က ငိုကြွေးမည်တမ်း၍သူငယ်ချင်းယောနသန်အား အောက်ပါတိုင်းစပ်ဆိုခဲ.သည်။
“အိုယောနသန်၊သင်၏ မြင်.သောအရပ်တို.၌ သင်သည် အသေခံလေပြီတကား။ငါ.ညီယောနသန် သင်.ကြောင်.ငါညှိုးငယ်ခြင်းရှိ၏။သင်
သည်ငါ.မိတ်ဆွေကြီးဖြစ်၍ ငါ.ကိုချစ်သောမေတ္တာသည် အံ.ဩဘွယ်သောမေတ္တာ၊မိန်းမကိုချစ်တတ်သော မေတ္တာထက်သာ၍အားကြီးသော
မေတ္တာဖြစ်၏။သူရဲတို.သည် လဲသေကြပြီတကား၊စစ်တိုက်လက်နက်တို.သည် ဆုံးကြပြီတကားဟုပါသတည်း။(ဓမ္မရာဇဝင်(ဒု)၁း၂၆)

လိင်မှုသည် ဖောက်ပြန်သော၊လျို.ဝှက်သော၊သဘောဖြစ်ရာ မိတ်ဆွေသူငယ်ချင်းတို.၏ ဖြူစင်သော အချစ်ကို ဖျက်ဆီးသည်။ကျနော်တို.ချစ်ခင်
မြတ်နိုးရသောမိတ်ဆွေသူငယ်ချင်းများအား ချစ်မြတ်နိုးမှုကို ပြသရာတွင်  ယောနသန်ကဲ.သို. သည်းခံတတ်သော၊ကြင်နာသနားတတ်သော၊
ကိုယ်ကျိုးမရှာသော၊ကျေးဇူးပြုတတ်သော သဘောဖြင်.ပြသခြင်းသည် တန်ဖိုးထား၍ဂုဏ်တင်ရာရောက်သည်။အချစ်သည် မဖောက်ပြန်ပဲ
တည်သည်။(၁ကောရိန္တု ၃း၄-၈)လိင်အကျင်.ယိုယွင်းမှုကို အချစ်အဖြစ်မိမိကိုယ်ကိုရော၊တပါးသူကိုပါ လှည်.စားခံရစေဖို.မသင်.ပါ။

ကျနော်တို.သည် မပြည.်စုံသေးသောလောကကြီးတွင် အသက်ရှင်နေရချိန်ဖြစ်သောကြောင်. ကျနော်တို.တွင်မှားယွင်းစရာအကြောင်းများစွာ
ရှိသည်။လူအများအပြားက ကိုယ်ဝန်ဖျက်ချခြင်း၊အတူတကွနေထိုင်ခြင်း၊အိမ်ထောင်မပြုမီ လိင်ဆက်ဆံခြင်း စသည်.အကျင်.ပျက်မှုများကို
သာမာန်ကိစ္စများကဲ.သို.သာသဘောထားကြတော.သည်။သမ္မာကျမ်းစာက ကိုယ်ကျင်.တရားကိစ္စရပ်များတွင် လမ်းညွှန်ချက်ပေးထားသော်
လည်း ခက်နေသည်မှာ လူအများက သမ္မာကျမ်းစာ စံနှုန်းများကို ဂရုမစိုက်ကြတော.ပေ။

အချို.ကလည်း ဤသို.အကျင်.ပျက်ယိုယွင်းမှုများသည်  ကျနော်တို.မသိနိုင်သော၊မတတ်နိုင်သော အကြောင်းတရားတခုခုကြောင်.၊ကံတရား
ကြောင်. ဟုဆိုကြပေမည်။သမ္မာကျမ်းစာက ဖော်ပြသည်မှာ ကျနော်တို.သည် မိမိတို.ကိုယ်တိုင်က ထိုကဲ.သို.သောတပ်မက်မှုကို သန္ဓေတည်
စေပြီး ကြီးထွားလာစေသောကြောင်.သာဖြစ်သည်။(တပ်မက်သောစိတ်သည် ပဋိသန္ဓေယူ၍ ဒုစရိုက်ကိုဘွားတတ်၏ ။ယာကုပ်ဩဝါဒစာ 1း14)

 

…………….just sharing…………………

29 comments

  • Moe Z

    November 1, 2011 at 11:30 am

    ဘပုမန့်တာကိုပဲစောင့်ဖတ်တော့မယ် 🙂

  • ပေါက်ဖော်

    November 1, 2011 at 11:43 am

    အိပ်နေတဲ့ ဒေါ်ပုကို လော်စပီကာနဲ ့ အော်နှိုးလိုက်သလိုဖစ်နေဦးမယ်..

  • windtalker

    November 1, 2011 at 12:01 pm

    ဟိုနေ ့က စပေါ့လိုက်ထဲမှာလား
    ဂဒါဖီ သေကြောင်းထဲမှာလား တောင် မမှတ်မိတော့ဘူး
    ဂဒါဖီ မသေခံ လိင်တူချစ်ခံလိုက်ရသေးတယ် ဆိုကလားဘဲ

  • Koyin Sithu

    November 1, 2011 at 12:24 pm

    အင်း.. ရွာထဲမှာ အိပ်ပျော်နေတဲ့…
    မိုက်ကယ့် နှလုံးသားကို နှိုးထအောင်လုပ်နေပီထင်ပါ့..
    ဘပုရဲ့ ဘာကွန့်မန့်လေးတွေ တက်လာမလဲ စောင့်ဖတ်ရမယ်.. 😀

  • နွယ်ပင်

    November 1, 2011 at 1:12 pm

    ရွာထဲက ပျောက်သွားတဲ့ဖြိုးတို့
    အိပ်နေတဲ့ ကိုကိုပုတို့ကို တပ်လှန့်လိုက်ပြီ ….:)

  • etone

    November 1, 2011 at 1:49 pm

    သူ့ဘာသာသူ ကွက်တိဖြစ်နေတဲ့သဘာဝတရားကို ဘယ်လိုဖြစ်လို့ .. လူတွေ ပြောင်းပြန်ဖြစ်ချင်ကြပါလိမ့် …. ။ ဖိနပ်တောင် ဘယ်နဲ့ညာ မတူတာ တွဲစီးသေးတာ … ဘက်တူကြီးဆိုလျှင် တော့ … 🙄

  • pan pan

    November 1, 2011 at 2:13 pm

    လိင်တူချစ်သူတွေဖက်က ဝင်အော်လိုက်ဦးမယ်
    ကူပြောတာနော်
    အထင်တော်လည်း မလွဲကြပါနဲ့ဦး

    တကယ်က ကျားဖြစ်ဖြစ်၊ မဖြစ်ဖြစ် တစ်ဦးကိုတစ်ဦး တကယ့်မေတ္တာနဲ့ ချစ်တတ်ဖို့ပဲ အရေးကြီးတာ
    အညှီအဟောက်ကိစ္စတွေတော့ မစဉ်းစားဘူးနော်
    လိင်တူချင်းဖြစ်စေဦးတော့ ကိုယ့်အပေါ်တကယ်ကောင်းတယ်
    စေတနာမှန်တယ်၊ ကိုယ်ကလည်းနှစ်သက်တယ်ဆိုရင်
    အဲဒီလူနဲ့နေရတာ တကယ်ကိုစိတ်ချမ်းသာပါတယ်
    လူတွေလက်ထပ်တယ်ဆိုတာ တကယ်ကဘဝကိုတစ်ယောက်တည်း မလျှောက်လှမ်းဘဲ
    နှစ်ယောက်လက်တွဲရင်ဆိုင်တာမလား
    အေးတူပူမျှ တစ်ဦးကိုတစ်ဦး မျှဝေပြီး တက်ညီလက်ညီဖြစ်နေဖို့ပဲလိုတယ်
    ပြောထားပြီးသားနော်၊ အညှီအဟောက်ကိစ္စတွေတော့ မစဉ်းစားဘူး
    စဉ်းစားသူတွေဖက်ကတော့(လိင်တူချစ်ချစ်၊ လိင်ကွဲချစ်ချစ်) အဲဒီသဘောတရားမဟုတ်လောက်ဘူး
    အရေးကြီးတာက တစ်ဦးနဲ့တစ်ဦးကြားမှာရှိကြတဲ့ မေတ္တာတရားပါပဲ

    • nikita

      November 1, 2011 at 3:12 pm

      ဟုတ်တာပေါ့
      အရေးကြီးတာက အချစ်စစ်၊ မေတ္တာစစ်ပဲ
      အခုခေတ်မှာ အစစ်တွေက အရမ်းရှားနေပြီ 🙁

      • windtalker

        November 1, 2011 at 7:03 pm

        ဟိုက်
        လေသံကြီး ကြည့်ရတာ
        စိုးလွင်လွင် သီချင်း ကြားရသလိုပါဘဲလား
        ဟင့်

        • nikita

          November 2, 2011 at 10:24 am

          ဘာသီချင်းလဲ ဟင်

    • nigimi77

      November 1, 2011 at 8:24 pm

      အပေါ် တစ်ယောက်နဲ ့ အောက်တစ်ယောက် နည်းနည်း ဝင် ညှော်လိုက်မယ်။

      မမတို ့ပြောသလို အညှီအဟောက် မပါ ၊ မစဉ်းစားတဲ့ လိင်တူ အချစ်ရှိကို မရှိဘူး။

      ယုံလား။ ယောကျာင်္းရှာ (ယောက်ကရှာ) ကျုပ်တို ့ အခေါ် ဘောပြားမတွေ

      အကုန်လုံး မိန်းကလေးနဲ ့ လိင်တူခြင်း ရည်းစားထားတယ်။ အတူနေတယ် ။

      သူတို ့တွေအားလုံး တူညီတဲ့ အချက်က ကျုပ်တို ့ ယောကျာင်္း စင်စစ် တွေမှာတောင်

      မရှိတဲ့ လိင်နှိုးဆွရာမှာ အသုံးပြုတဲ့ ကိရိယာ တန်ဆာပလာ တွေ အမျိုးစုံ ရှိတယ်။

      သူတို ့တွေဟာ တစ်ယောက်နဲ ့တစ်ယောက် နှုတ်ခမ်းနမ်းခြင်း ၊ ရင်သားကို အပြန်

      အလှန် ပွတ်သပ်ပေးခြင်း ၊ မိန်းမ အဂါင်္အား အပြန်အလှန် ထိုးသွင်းနှိုးဆွခြင်းဆိုတဲ့

      ခုနက ပြောတဲ့ အညှီအဟောက် ကိစ္စတွေနဲ ့ သာယာမှုကို ယူကြတယ်။

      ထင်သာအောင်ပြောရရင် စမ်းချောင်းက စိန် ့ဖလိုမီးနား လိုမျိုး မိန်းကလေးကျောင်းက

      ကျောင်းထွက်တွေဟာ အဲဒီ ကိစ္စမှာ လက်သံပြောင်ကြတယ်။ ကျုပ် အသက် အခု

      ၃၆ နှစ် အရွယ်အထိကို ဘောပြား သူငယ်ချင်း အယောက် ၂ဝ ကျော် ရှိခဲ့တယ်။

      သူတို ့ဟာ ကျုပ်တို ့ယောကျာင်္းလေးတွေကို အဲဒီ အကြောင်းအရာတွေကို ပြန်ပြောပြတယ်။

      သူတို ့ရဲ ့ လက်နက်ကိရိယာ တန်ဆာပလာ တွေကိုလည်း သက်သေ အဖြစ် ပြသတယ်။

      ယောကျာင်္းလေး အခြောက် ကျုပ်တို ့အခေါ် အပုန်းတွေ ဒါမှ မဟုတ် ဂျော်ဒဂီး တွေလည်း

      အလားတူပဲ။ သူတို ့တွေဟာ ရာနှုံးပြည့်ကို ယောကျာင်္း တန်ဆာကို အနည်းဆုံးတော့

      ကိုင်တွယ် ပွတ်သပ်ခြင်း ၊ ပါးစပ်ဖြင့် အရသာခံခြင်း ၊ စအိုထဲ ထည့်သွင်းခြင်းဖြင့် အရသာ

      ခံခြင်း စတဲ့ အလုပ်တွေကို လုပ်တယ်။ ဒါဟာလဲ အားလုံးသော အခြောက် စစ်စစ်တွေက

      အဲဒီလို လုပ်ကြတယ်။ လိင်တူမဟုတ်ပဲ လိင်ကွဲခြင်း မောင်ချစ် နှမချစ် ဆိုတဲ့ သဘာဝ

      မကျတဲ့ အယူ အဆ မျိုးကို လက်ကိုင်ဆွဲပြီး ဟော တစ်ယောက် ဟော တစ်ယောက် မွေး

      နေတဲ့ ဖိုမ တွေ မြန်မာပြည်မှာ (တဟ်ကယ်ကို မြန်မာပြည်မှာပဲရှိတယ်) ရိုက်သက်လို ့

      တောင် မကုန်ဘူး။

      မေတ္တာဆိုတာကိုလဲ အော်ကြပါ။ ချစ်တာ ဆိုတာကိုလည်း ပျော်ကြပါ။

      ဒါပေမဲ့ပေါ့လေ….. စဉ်းစားတွေးတောကြတယ် ဆိုတဲ့ အတိုင်းအတာမှာ သဘာဝကျကျ

      တွေးခေါ်တာပဲကောင်းမယ်။ မဟုတ်ရင်တော့ လူမှန်း သိတတ်စကတည်းက သာသနာ

      ဘောင်ထဲ ဝင်ပြီး ဆန် ့ကျင်ဖက်လိင်ဆိုတာ ဘာမှန်းတောင် မသိတဲ့ ငယ်ဖြူတွေ ရေးတဲ့

      မိန်းမမြတ်ကျမ်းတို ့ ဘာညာကျမ်းတို ့လိုမျိုး မျက်မမြင် ပုဏားတွေ ဆင်ဆိုတာ ဘယ်လို

      သတ္တဝါလို ့ပြောတာမျိုး ဖြစ်နေဦးမယ်။

      • Foreign Resident

        November 1, 2011 at 10:32 pm

        ပွင့်လင်းပါပေ့ nigimi77 ရယ် ။

        အဘကတော့ အောက်မှာ
        ကို blackchaw မန့်သွားသလို
        သူကြိုက်တာ သူသုံးဆောင်ကြတယ်လို့ပဲ
        သဘောထားပါတယ်ကွယ် ။

        ဘေးလူကို ဒုက္ခ မပေးသရွေ့ကတော့
        သူကြိုက်တာ သူလုပ်ပါစေ
        သိပ်စိတ်မဝင်စားပါဘူးကွယ် ။

      • AKKO

        November 2, 2011 at 10:42 am

        nigimi77 ရေးမှပဲ စုံသွားတော့တယ် ။ BEHS 2 ကလူတွေရှိလျှင် ရန်လာတွေ့နေပါဦးမယ် ။ 😀

      • etone

        November 2, 2011 at 10:54 am

        ဘဲအိုကြီး 77ကတော့ တကယ့်ကို မလွယ်ဘူး ။ စကားထဲကကို ဇာတိပြတယ် … ရှင်ပြောချင်လျှင် ပြောစရာကျောင်းတွေ အများကြီးရှိပါလျှက် .. ဘာလို့ စမ်းချောင်း၂ ကိုပဲ ခလုတ်တိုက်နေရတာလဲ … ။ မိန်းကလေးကျောင်းတွေမှာ အချစ်တော် ကိစ္စတွေရှိပေမယ့်… အဖြူစိမ်းဝတ်ထားတဲ့ အချိန် ရှင်ပြောသလိုမဆိုးပါဘူး … ။ ကျောင်းကလည်း ဆယ်တန်းအောင်ရော အပြင်ရောက်တော့ ဘောပြားကနေ မိန်းမ ပီပီသသဖြစ်သွားတာတွေ ၊ ယောကျာ်း ရသွားတဲ့ လူတွေ တပုံကြီး မြင်ဖူးတယ် … ။ ရှင်ပြောတဲ့ အခြေနေတွေ ရှိကောင်းရှိမှာပါ …
        (((ထင်သာအောင်ပြောရရင် စမ်းချောင်းက စိန် ့ဖလိုမီးနား လိုမျိုး မိန်းကလေးကျောင်းက ကျောင်းထွက်တွေဟာ အဲဒီ ကိစ္စမှာ လက်သံပြောင်ကြတယ်။ ))) ဆိုတာကတော့ သက်သက် ရန်စနေသလိုပဲ … ။ ကျောင်းတက်တုန်းက ဘောပြားတွေရှိပါလျှက် ကျောင်းပြီးသွားလို့ ဘောပြားအဖြစ်နဲ့ တသက်လုံးနေတဲ့ လူ … ဘယ်နှစ်ယောက်များကျန်မယ်ထင်လဲ .. တစ်ရာမှာ ၂%လောက်ပဲ ရှိတယ် … ။ ဒါတောင် အဲ့ဒီ ၂%လောက်က လိင်တူကြိုက်ပြီး ငြားနေတာလည်း မဟုတ်ဘူး ။
        နာမည်ကြီးမင်းသမီးတွေထဲကတောင် ကျောင်းတက်တုန်းက ဘောပြားလုပ်နေပြီး … တက္ကသိုလ်တက်တော့ … လင်ယူသားမွေးလုပ်နေကြတာ လူသိရှင်ကြားပဲ … တကတည်း ပြော မပြောချင်ဘူး … သူကြိတ်ပိုးတဲ့ ကောင်မလေး အဲ့ဒီကျောင်းမှာ တက်သွားပုံရတယ် … စော်စော်ကားကားနဲ့ ဟွန်း 😡

        • AKKO

          November 2, 2011 at 11:01 am

          ကဲတွေ့လား ကျွန်တော်ပြောပါတယ်၊ ရန်တွေ့ခံရတော့မယ်ဆိုတာလေ ။ 😛
          စမ်းချောင်း၂ထွက် တခြားဘယ်သူတွေများ ရှိဦးမလဲ :mrgreen:

      • windtalker

        November 2, 2011 at 11:30 am

        အားပါး
        တပ်မ77 စာတွေက
        ဟက်ထိသဗျို ့

  • king

    November 1, 2011 at 2:24 pm

    ကိုပုကတော့ သူ့ဘက်က လေဒီဂါဂါ ထောက်ခံပေးတာနဲ့ …
    ခပ်ပြတ်ပြတ်အပြောတွေနဲ့ ဘယ်လို ပြန်ချေပမလဲဆိုတာ မြင်တွေ့ချင်စမ်းပါဘိ ..
    ပန်ပန် ပြောသလို အဓိကကတော့ မေတ္တာတရားပါပဲ
    အခုခေတ်မှာ ကြားရ ဖတ်ရ သတင်းတွေမှာ
    မေတ္တာတရားတွေ တော်တော် နည်းပါးလာကြပြီပဲ
    အင်းးးးးး
    ……………………………………………………………….

  • htet way

    November 1, 2011 at 2:37 pm

    လိင်တူဆက်ဆံခြင်းကိုအားမပေးပါ။
    အခုအခြောက်နဲ့ညားသူတွေခောတ်စားနေပါသည်။
    AIDSကိုဖြန့်ဝေခြင်းသာဖြစ်ပါကြောင်း..။
    မိန်းမချင်းအချစ်တော်ထားကြတာတွေရျက်ဖွယ်ကိစ္စ
    များသာ၊

    • nikita

      November 1, 2011 at 3:05 pm

      ” အခုအခြောက်နဲ့ညားသူတွေခောတ်စားနေပါသည်။
      AIDSကိုဖြန့်ဝေခြင်းသာဖြစ်ပါကြောင်း..။ ”
      >>ဒီလိုလဲ တစ်ဖတ်သတ် မတွေးနဲ့လေ
      အခြောက်တွေက AIDS ဖြန့်သလို ဖြစ်နေမှာပေါ့
      သူတို့လဲ သူတို့ ဘဝကံအရပါ

      • etone

        November 2, 2011 at 10:57 am

        မူမမှန်တဲ့ လိင်ဆက်ဆံမှုမှာ ပိုမိုထိခိုက်ပွန်းရှလွယ်တဲ့ အတွက် ရောဂါပိုးကူးစက်မှုနှုန်း မြင့်မားပါတယ် … ။
        ရွာထဲက ဒေါက်တာ မိုးသီတာစိုး ဘယ်ရောက်နေပါလိမ့် …နယ်များဆင်းနေသလားပဲ ။ ဒေါက်တာက လူငယ်ဖွံ ့ဖြိုးရေးတွေ လုပ်နေတာ .. ဒီနေရာမျိုးမှာ ဝင်ရေးသင့်တယ် .. 🙄

  • pooch

    November 1, 2011 at 2:46 pm

    လူတိုင်းလူတိုင်းမှာတဲ့ လိင်တူ ချင်းကို တပ်မက်တဲ့ စိတ်ရှိပါတယ်တဲ့..
    ဒါပေမဲ့ သာမန်လူများမှာတော့ လိင်ကွဲကို တပ်မက်တဲ့ ရာခိုင်နှုန်းက ပိုများလေ့ ရှိပါတယ်တဲ့…

    အဲ.. တချို့ကတော့ ပုံမှန်ရှိသင့်တဲ့ ရာခိုင်နှုန်းထက် နည်းနည်းလေးပိုပြီး လိင်တူအချင်းချင်းတပ်မက်တဲ့စိတ်ဖြစ်လာတာပါတဲ့……

    အဲ့ဒါကြောင့် သူတို့တွေကလည်း ပုံမှန်လို့ ပြောလို့ ယူဆလို့ ရပါတယ်လို့ ဆေးပညာဆောင်းပါးတခုမှာ ဖတ်ဖူးတယ်….. …..

    ချီကာဂိုမှာနေတဲ့ သူငယ်ချင်း အရင်းအချာတယောက်ပြန်လာတုန်းက ပြောတာတော့ သူတို့ ဆီမှာ တော့ ဂေးတွေကလည်း အခွန်ထမ်းတဲ့ ပြည်သူတွေ ဖြစ်တာမို့ သူတို့ ကိုလည်း တန်းတူ အခွင့်အရေးပေးဖို့ တောင်းနေကြတယ်လို့ ပြောဖူးတယ်……

    ဒီမှာကတော့ ထူးပြီးခွဲခြားတာမရှိသလို ထူးပြီး အခွင့်အရေးပေးတာလည်း မရှိပါဘူး… မြင်မိသလောက်ပေါ့
    မိတ်ကပ်ဆိုလည်း နာမည်ကြီးပြီး အဝတ်အစား ဒီဇိုင်းနာဆိုလည်း အားပေးကြတာပါပဲ……

    ကိုယ်တိုင်ရဲ့ အမြင်မှာလည်း သူတို့ ကို လူထဲက လူတွေလို့ပဲ မြင်မိပါတယ်…… ဘာသာရေးအမြင်အရဆိုရင်တော့ သူတို့ အတွက်တော့ သိပ်မကောင်းလှဘူးပေါ့လေ……..

  • blackchaw

    November 1, 2011 at 3:23 pm

    သူကြိုက်တာ သူသုံးဆောင်ပါစေလားဗျာ။ ကိုယ်လည်းကိုယ်ကြိုက်တာ
    သုံးဆောင်ကြပေါ့ဗျာ။ ဘာကများ ခင်ဗျားတို့ကို အနှောက်အယှက် ပေးနေတာပါလိမ့်။
    သူများကြိုက်တာကိုလည်း သဘာဝမကျဘူးတွေ ဘာတွေ သွားမပြောနေကြပါနဲ့ဗျာ။
    ကွန်းမန့်ရှည်ကြီးတွေ မြင်ရဦးတော့ မယ်ဗျို့။

  • ဆူး

    November 1, 2011 at 4:40 pm

    တရွာလုံး ကိုပု ကို မျှော်နေကြပါလား.. တနေ့ကမှ အသုဘချသွားတာ ရက်လည်ရင် လာလိမ့်မယ်။ အားလုံး ကြေးစည်သာ နာနာ ထုပေးကြပါ ဗျို့…..

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 1, 2011 at 6:58 pm

    အမလေးပြောနေလိုက်ကြတာ
    မူမှန်တာတွေရော မူမမှန်တာတွေရော
    ကိုယ်ဖီးလာဘို့ ကိုယ်လုပ်တဲ့ကိစ္စ နှစ်ဦးနှစ်ဖက်ကြေနပ်ကြရင်ပြီးတာဘဲ
    ကောင်းဘို့ကအရေးကြီးတယ်ဟေ့
    လိင်တူချစ်သူတွေဆိုတာ နှိမ်ချပြီးပြောဘို့ မဆင်းစားကြနဲ့
    သူများလိုအဖြစ်ရှိလို့လား
    အဲ့ဒါ ထူးချွန်တာ
    ထူးချွန်တာလို့ခေါ်တယ်
    သူများဘက်စုံ ထူးချွန်တာကို မနာလိုဖြစ်နေကြတယ်လား
    ခေတ်မှန်စနစ်မှန်နဲ့သာဆို
    ဒို့က ဘက်စုံ ထုူးချွန် စံပြလူသားတွေဆိုပြီးတော့
    စံပြမောင်တွေ ဖြစ်ဦးမှာ ဖြစ်ဦးမှာ
    သိပလား ဒကတဲ
    ဗျန်းဗျန်းဗျန်း

  • မှော်ဆရာ

    November 1, 2011 at 8:24 pm

    ကိုပု ဗျန်းဗျန်းဗျန်း ဆိုတာ ဘာသံတုန်းဗျ …..
    လိင်တူ ချစ်သူနဲ့ ဗျန်းဗျန်းဗျန်း ဘာဆိုင်တုန်း

  • waymg

    November 1, 2011 at 8:37 pm

    အမလေ့…. ကြက်သီးထစရာ….ဒကတဲ …ဗျန်းဗျန်းဗျန်း တဲ့….
    စိတ်နဲ့ကိုယ်နဲ့တစ်ထပ်တည်းပါလားဗျို့…

  • Koyin Sithu

    November 1, 2011 at 8:42 pm

    အမလေး… မိုက်ကယ်ပုရယ်…
    စံပြမောင်တွေ အဖြစ် ကျုပ်ကတော့ အသိအမှတ်ပြုပါတယ်
    ခင်ည… တဗျန်းဗျန်းနဲ့ အသံကြီးက
    ဘာနဲ့ ရိုက်ပြတာတုန်း… ရင်တောင် ခုန်သွားတာပဲ… 😛

  • kyeemite

    November 2, 2011 at 11:29 am

    ဘာပြောရမှန်းတောင်မသိတော့ဘူး..ဟူးဟူး
    လူတဦးနဲ့တဦးတော့ မတူကြဘူးပေါ့..
    ကိုယ့်တဦးထဲသဘောပြောရရင်တော့..မကြိုက်ဘူးဗျာ။

  • secret

    November 2, 2011 at 1:07 pm

    ယောက်ျားကမိန်းမကိုချစ်တယ်ဆိုတာကလည်းတဏှာပါတာပဲ
    ယောက်ျားယောက်ျား ကိုချစ်တယ်ဆိုတာလည်းတဏှာပါတာပဲ
    မိန်းမမိန်းမ ကိုချစ်တယ်ဆိုတာလည်းတဏှာပါတာပဲ
    ပုထုဇဉ်ဆိုတာတဏှာနဲ့မကင်းနိုင်ပါဘူး
    အဓိကအရေးကြီးတာလူနှစ်ယောက်တူတူနေရင်တစ်ယောက်ကိုတစ်ယောက်
    နားလည်ပြီးတစ္စာ ရှိဖို့ကအရေးကြီးတယ်လို့ထင်တယ်
    လူသားအားလုံးကိုလေးစားပါတယ်

Leave a Reply