မသေသော မြို့တော် ( ၃ )

ဦး ဂ်စ္November 9, 20111min2043

ဝါသုဒေဝမင်းညီနောင်တို့ အုပ်ချုပ်စိုးစံလျက်ရှိစဉ် တစ်နေ့တွင် မင်းညီနောင်တို့၏သားတော်
မင်းသားငယ်တို့သည် ကဏှာဒီပါယနရသေ့ကြီးအားဒိဗ္ဗစက္ခု အဘိညာဉ် ရှိမရှိစုံစမ်းလိုသဖြင့်
မင်းသားတစ်ဦးအားကိုယ်ဝန်ရှိသောအမျိုးသမီးကဲ့သို့ပြု၍ ဤသူငယ်မသည် အဘယ်ကိုဖွားမြင်
မည်နည်းဟုမေးမြန်း၏ ။
မင်းညီနောင်တို့၏ပျက်စီးချိန်တန်ခြင်းနှင့် မိမိ၏အသက် ပျက်စီးချိန်သို့ရောက်ရှိပြီကိုသိရှိလေ
သဖြင့် ထိုကိုယ်ဝန်သည် ရှားတုံးမွေးဖွားအံ့ဟုဆို၏ ။ မင်းသားငယ်တို့သည် ကဏှဒီပါယနရသေ့
ကြီးအားရသေ့စဉ်းလဲဟုပြောဆိုကာသတ်ဖြတ်ကြလေ၏ ။
ခုနှစ်ရက် မြောက်သောနေ့၌ရှားတုံးမွေးဖွားရာကြောက်ရွံ့ထိတ်လန့်သည်ဖြစ်၍  ရှားတုံးအား
မီးဖုတ်ကာ မြစ်အတွင်းသို့ မျှောလေ၏ ။ တစ်နေ့၌ မင်းညီနောင်တို့သည် ပင်လယ်ကမ်းခြေတွင်
မဏ္ဍပ်ကြီးစွာဆောက်လုပ်၍  ရေကစားပွဲကြီး ( ရေသဘင်ပွဲ ) ပြုလုပ်လေ၏ ။
ထိုသို့ရေကစားနေကြစဉ် တစ်ဦးနှင့်တစ်ဦးအမှတ်မထင် ထိခိုက်မိရာမှ ခိုက်ရန်ဖြစ်ကြကုန်သော်
အုပ်စုနှစ်စုကွဲလေ၏ ။ ဆောက်ပုပ် လက်နက်တို့ကိုမရ၍  ပိန်းမြက် ( လမန်းမြက်) ကိုကိုင်မိ
လေလျှင် ရှားကျဉ်ပွေ့များ ဖြစ်ကုန်၍  တစ်ဦးနှင့်တစ်ဦးရိုက်ပုတ်ကြရာသေကျေပျက်စီးခြင်းသို့
ရောက်လေသည် ။
ထိုုရေကစားရာပင်လယ်ကမ်းခြေမှာ“ ငပလီ ”ကမ်းခြေဖြစ်နိုင်ဖွယ် ရှိကြောင်းသုတေသီများမှ
တွေးတောကြံဆကြပါသည်။  တစ်ချို့ သမိုင်းတွင် မြစ်တွင်း၌ ရေချိုးသည်ဟု ပြဆို၏ ။ ကျမ်းဂန်
လာဇတ်တော်၌ ပင်လယ်ကမ်းခြေတွင် ရေချိုးရေကစားကြသည်ဟုရွှေဆံတော်သမိုင်း၌ ပြဆို
ထားသည်ကိုတွေ့ရှိရလေသည် ။ကျမ်းဂန်အတိုင်းမှတ်ယူလျှင် မှန်ကန်ပေမည်ဖြစ်သည် ။
မင်းညီနောင်တို့ သေကြေပျက်စီးပြီးနောက် ဒွါရာဝတီမြို့တော် သံတွဲမြို့ ပျက်လေသည်။
ထိုမှအဆင့်ဆင့် နန်းမြို့တော် များတည်၍ ရခိုင်ပြည်၌ မင်းအဆက်ဆက် အုပ်ချုပ်ခဲ့သည် ။
တတိယဓညဝတီခေတ်ရောက်သော် စန္ဒသူရိယမင်းကြီးလက်ထက် မဟာသက္ကရာဇ်
(၁၂၃) ခုနှစ်တွင် မြတ်စွာဘုရားသခင် ရခိုင်ပြည်သို့ ကြွတော်မူလေသည်။
မဟာမုနိရှင်တော်မြတ်အားကိုယ်စားတော်အဖြစ် ထားတော်မူပြီးနောက် သံတွဲမြို့သို့ ကြွ
တော်မူ၏ ။ ဒွါရာဝတီသံတွဲမြို့ကိုလျှောက်ဝင်လေလျှင် မြို့၏အရှေ့ဘက် ကုန်းမြင့်တစ်ခု
ဖြစ်သောဗာသုတတောင်တော်တွင် ရပ်တန့်တော်မူလျှက် စေတီသုံးဆူအားဗျာဒိတ်ပေး
တော်မူလေသည်။
မြတ်စွာဘုရားရပ်တန့်တော်မူသည်ကိုအစွဲပြု၍ ၎င်းတောင်တော်ကို“တန့်တော်မူတောင်”
( ဒန့်ဒေးတောင် ) ဟုတွင်လေ၏ ။ မြတ်စွာဘုရားသံတွဲမြို့သို့ ကြွရောက်သောကာလ၌
ဒါွရာဝတီသံတွဲမြို့တွင် သိန္ဒဝမင်းအုပ်ချုပ်လျှက်ရှိသည်ဟုဆိုပါ၏ ။

အရှင်ကောသလ္လ (ဂဝေသီ) ၏ ခွင့်ပြုချက်အရ

မသေသော မြို့တော် နောက်ဆုံးပိုင်းကိုဆက်လက်တင်ပြပေးပါမည်ခင်ဗျာ။ ။

3 comments

  • Gipsy

    November 9, 2011 at 10:37 pm

    ဒွါရာဝတီမြို့တော်ရာဇဝင်က အပိုင်း(၄) ဆိုရင် ပြီးပါပြီ …။
    တန်ခိုးကြီး သမိုင်းဝင်စေတီများအကြောင်း ဆက်လက်တင်ပြပေးပါ့မယ်…။
    ဝင်ရောက်ဖတ်ရှုသူများကို ကျေးဇူးတင်လျက်….။

  • ကြောင်လတ်

    November 9, 2011 at 10:52 pm

    အော် ငပလီ ဆိုတာ ဟိုးးးးးးးးးး ရှေးရှေးထဲက ကမ်းခြေအဖြစ် ထင်ရှားခဲ့တာပါလား၊
    သံတွဲသမိုင်းလေးတွေသိရလို့ကျေးဇူးတင်ပါတယ်၊ အပိုင်းတစ်က စလို့ နောက်လာမဲ့အပိုင်းလေးထိ ကူးထားလိုက်ပါရစေ။

  • Gipsy

    November 10, 2011 at 3:03 pm

    တစ်ကယ့်ရာဇဝင် ဖြစ်ပါတယ် ..၊ ကိုးကားချဲ့ထွင်ရေးသားထားခြင်းမရှိပါ..၊
    ဒီ သမိုင်းကြောင်းတွေကို ၁၉၉၆ ဒွါရာဝတီ မဂ္ဂဇင်းမှာ ဖေါ်ပြထားပြီးဖြစ်ပါတယ်..၊
    ကူးယူထားနိုင်ပါတယ်ခင်ဗျ…။

Leave a Reply