အပွင့်ပေါ် အရွက်ဖုံးပါလို့

PhyoNovember 11, 20111min77255

“ပထမတော့ ဆရာနဲ့တပည့် ရိုးရိုးခင်မင်ကြ၊ သံယောဇဉ်တွယ်ကြတယ် ထင်မိတာ မြရယ်၊ အရွယ်ချင်းကလည်း သားအဖ အရွယ်လေ၊ ကျွန်မလည်း ဘယ်ထင်မလဲ၊ ကိုကြည်မောင်က ကောင်မလေးကို ခေါ်တော့လည်း သမီးတဲ့၊ အခုလို ဗိုက်ထွက်လာပြီဆိုမှ သူတို့အကြောင်းကို ကျွန်မ သိရတော့တာ၊ ကျွန်မကိုယ်က အ,တာပါလေ”

မျက်ရည်စက်လက်နဲ့ ပြောပြနေတဲ့ မခင်ဝေ စကားတွေကို နားထောင်ရင်း မမြသွေး သက်ပြင်းချမိတယ်။

မခင်ဝေ့ယောက်ျား ကိုကြည်မောင့်အသက်က ငါးဆယ်နီးနေပါပြီ။ ကိုကြည်မောင်က ကုမ္ပဏီတစ်ခုက မန်နေဂျာပါ။ ကလျာဆိုတာ ကိုကြည်မောင့်ရဲ့ ပီအေခေါ် စက္ကထရီခါ် အနီးကပ်နေရတဲ့ ကိုယ်ရေးအတွင်းရေးမှူးပေါ့။ ကောင်မလေးက ၂ဝ ကျော်ရုံလေး။

ကိုကြည်မောင်က တစ်သက်လုံး သိက္ခာရှိရှိ နေလာခဲ့ပြီး ဘာမျှ အစွန်းအထင်းမရှိတဲ့လူ။ သားသမီးကလည်း သုံးယောက်။ နှစ်ယောက်က ဘွဲ့ရပြီးပြီ။ တစ်သက်လုံး မိသားစုအပေါ်မှာ တာဝန်ကျေကျေ ရိုးရိုးသားသား နေလာခဲ့တော့လည်း မခင်ဝေက ကိုကြည်မောင့်ကို ဒီလိုဖြစ်လိမ့်မယ်ဆိုတာ တွေးတောင်မတွေးမိဘူး။ ပြီးတော့ ကလျာကလည်း သမီးအလတ်မနဲ့မှ ရွယ်တူလေ။ ကလျာ့မှာ လက်ရှိတွဲနေတဲ့ ရည်စားရှိတာကိုလည်း သိထားတယ်။ ရုံးအဆင်းမှာ ကောင်လေးက လာကြိုနေကျပဲ။ အဲသည်တော့ ကိုကြည်မောင်နဲ့ ကလျာကို ဟိုလိုဒီလို ဖြစ်ကြလိမ့်မယ်ဆိုတာ ယောင်လို့တောင် မတွေးမိခဲ့တဲ့ကိစ္စပါ။

ကိုကြည်မောင်နဲ့ သူ့ပီအေမလေးကလျာ ဘယ်အချိန်မှာ ဘယ်လို ခြေပုန်းခုတ်လိုက်ကြတယ် မသိဘူး။ မနေ့ကမှ ကလျာ့မှာ ကိုယ်ဝန်ရှိနေပြီဆိုမှ ကိုကြည်မောင်က အဖြစ်အပျက်အားလုံးကို ဝန်ခံလို့သိလိုက်ရတာ။

“ဝေရယ်… ကိုကြည်မောင်နဲ့ရတဲ့ ကိုယ်ဝန်ဆိုတာ သေချာလို့လား”

“သူကိုယ်တိုင် ဝန်ခံနေမှပဲ မြရယ်”

“ကလျာ့ရည်းစား ကောင်လေးကရော၊ သူ့ကောင်လေးနဲ့ရတဲ့ ကိုယ်ဝန်ကို ကောင်လေးက ရှောင်သွားလို့ ကိုကြည်မောင်က သနားပြီး တာဝန်ယူလိုက်တာမျိုးများလား ဝေရယ်”

မမြသွေးက ဝတ္ထုဇာတ်လမ်းဆန်ဆန်တွေးပြီး ပြောလိုက်တယ်။ မခင်ဝေရဲ့ သောကကိုလည်း ပြေလျော့သွားစေချင်တဲ့ သဘောပါ။

“မဟုတ်ပါဘူးမြရယ်၊ ကလျာက သူနဲ့ကိုကြည်မောင့်အဖြစ်ကို ပြောပြလိုက်လို့ ကောင်လေးက ရှောင်ထွက်သွားပြီတဲ့၊ သူတို့ချင်း မလွှဲမရှောင်သာလို့ ဒီလိုဖြစ်သွားရတာပါဆိုတာ ကိုကြည်မောင်ကလည်း ဝေ့ကို ဝန်ခံပြီးပါပြီ မြရယ်”

“ဖြစ်ရလေဝေရယ်… ဒါဖြင့် ဘယ်လိုဆက်လုပ်ကြမလဲဟင်”

“ဟင့်.. ဟင့်… ဝေလည်း မပြောတတ်တော့ပါဘူး မြရယ်၊ ဝေ့ ခေါင်းတွေထူပူနေတယ်၊ ဝေတော့ သေသာသေချင်တော့တာပဲ”

မမြသွေး မခင်ဝေကိုကြည့်ပြီး သက်ပြင်းသာ ချမိပါတော့သည်။ သနားလည်း သနားနေမိ၏။

“မြရေ… ယောက်ျားတွေဟာ စိတ်မချရဘူးဆိုတာ သိပ်မှန်တာပဲနော်၊ ဝေကတော့ ကိုယ့်သမီးအရွယ်လေးနဲ့ ဘယ်ထင်မိမလဲကွယ်။ ဪ… ယောက်ျားတွေ ယောက်ျားတွေ…  တစ်ခုမဟုတ် တစ်ခုတော့ ဆိုးနေကြတာပဲနော်။ ဝေ့အတွက်တော့ လွန်သွားပြီ။ မြလည်း သတိနဲ့သာ နေပေတော့ မြရေ…”

မခင်ဝေက စေတနာနဲ့ပြောတာပဲ ဖြစ်မှာပါ။ မမြသွေးလည်း ပြောရင်းငိုနေတဲ့ မခင်ဝေကို ငေးပြီးတော့သာ ကြည့်နေမိတော့တယ်။

“ကိုယ်လည်း ရှေ့မျက်နှာနောက်ထားပြီးပြောရတာပါ မြရယ်…  ရှက်လည်း ရှက်ပါတယ်။ မြမှ မကူညီရင်လည်း ကိုယ်တို့ တစ်မိသားစုလုံး အရှက်ကွဲရတော့မယ်လေ။ ကိုယ့်ကိုသနားရင် ကူညီပါဦးမြရယ်”

မမြသွေးဟာ ရှေ့က ဆက်တီစားပွဲပေါ်မှာ တင်ထားတဲ့ သုံးကျပ်သားရှိတယ်ဆိုသော လော့ကက်ပါ ရွှေဆွဲကြိုးကိုကြည့်ရင်း ငိုင်နေမိတယ်။ လက်ရှိရွှေပေါက်ဈေးနဲ့ဆိုရင် သုံးကျပ်သားဆွဲကြိုးကို သိန်းနှစ်ဆယ်တောင်းတာ များတာပေါ့။ အပေါင်ခံတယ်ဆိုတာ ကာလတန်ဖိုးရဲ့ သုံးပုံတစ်ပုံလောက်ပဲ ပေးနေကျ မဟုတ်လား။ သုံးကျပ်သားဆွဲကြိုးကို အပေါင်ယူထားပြီး ငွေသိန်းနှစ်ဆယ် ထုတ်ပေးရမယ်ဆိုတော့။

မသီတာကလည်း မမြသွေးအတွေးကို ရိပ်မိပုံရပါတယ်။

“ကိုယ့်မှာ အိမ်ဂရံလည်း ပါလာပါတယ်မြ။ အိမ်ဂရံကိုလည်း ယူထားလိုက်ပါ။ ကိုတင့်ဆန်းတို့ ရွှေဘိုကအိမ်ကိုရောင်းပြီး သူတို့မောင်နှမတွေ အမွေခွဲဖို့လုပ်နေပါတယ်။ မကြာပါဘူး။ သုံးလေးလပါ။ အမွေခွဲရင် ကိုယ်တို့ လေးဆယ်လောက်ရမှာပါ။ မဖြစ်သာလို့ ရှေ့မျက်နှာနောက်ထားပြီး အကူအညီတောင်းရတာပါ မြရယ်”

မသီတာယောက်ျား ကိုတင့်ဆန်းက ဌာနကြီးတစ်ခုက အရာရှိကြီးကြီးတစ်ယောက်ပါ။ ငွေကြေးကိုင်ပြီး သုံးပိုင်ခွင့်ရှိတယ်။ ကိုတင့်ဆန်းက လောင်းကစား ဝါသနာပါတယ်။ ဖဲပါ။ ဖဲဝိုင်းရှိရင် သားမေ့ မယားမေ့ ဖဲရိုက်တတ်တယ်။ စနေ၊ တနင်္ဂနွေနေ့များဆို အိမ်မပြန်ပဲ ဖဲကို တစ်ညလုံး ထိုင်ရိုက်တဲ့ လူစားမျိုးပါ။ အခု ပြဿနာဖြစ်နေတာက တလောက ဖဲဝိုင်းမှာ ကိုတင့်ဆန်း ဆက်တိုက်ရှုံးခဲ့တယ်။ ရုံးငွေတွေ ထည့်သုံးခဲ့မိတယ်။ ပြန်ပြီး လည်ပတ်နိုင်မယ်ထင်တာ စာရင်းစစ်ဝင်ခါနီး အချိန်အထိ ငွေကပြန်မပေါ်တော့ဘူး။ အဲဒီတော့ စိုက်ရမယ်။ မစိုက်နိုင်ရင် အရေးယူခံရမယ်၊ အလုပ်လည်းပြုတ်မယ်၊ အရှက်လည်း ကွဲမှာပေါ့။

အဲဒါကြောင့် မသီတာက သူ့ဆွဲကြိုးလေးကို မမြသွေးဆီမှာ လာပေါင်ပြီး အကူအညီတောင်းနေတာပါ။

မမြသွေးက ငယ်သူငယ်ချင်းကို ကူညီချင်ပေမယ့် ဒါလောက်များတဲ့ ငွေအချိုးအစားကိုတော့ သူ့ယောက်ျား ကိုဖေဝင်းကို မတိုင်ပင်ပဲ မပေးရဲဘူး။ ပြီးတော့ တောင်းတဲ့ငွေက ထားတဲ့ပစ္စည်းထက် များနေတယ်လေ။ မသီတာကလည်း ငွေကို အခုပဲယူသွားချင်ပုံပဲ။ ပေးမယ်ဆိုရင်တောင် မမြသွေးအနေနဲ့ ကိုဖေဝင်းဆိုင်ကို လိုက်သွားပြီး ကိုဖေဝင်းကို တိုင်ပင်အသိပေးပြီးမှ ပေးလို့ဖြစ်မှာပါ။

ဒါပေမယ့် မသီတာအတွက် ကံကောင်းသွားတယ်လို့ပဲ ပြောရတော့မှာပဲ။ ပြန်လာနေကျမဟုတ်ပဲ ကိုဖေဝင်း အိမ်ကိုပြန်ရောက်လာတယ်။

မမြသွေးလည်း ယောက်ျားလုပ်တဲ့လူကို အခန်းထဲခေါ်ပြီး မသီတာရဲ့ ဒုက္ခကို ပြောပြရတာပေါ့။

“ပေးလိုက်ပါကွာ၊ မင်းရဲ့ ငယ်သူငယ်ချင်းပဲ၊ သူလည်း မျက်နှာလွှဲခဲပစ်တော့ လုပ်မယ်မထင်ပါဘူး၊ သူပေးတဲ့ဟာလေးတွေတော့ ယူထားလိုက်ပေါ့၊ ကူညီလိုက်ပါကွာ၊ ကုသိုလ်ရပါတယ်”

မမြသွေးလည်း သူငယ်ချင်းကို ကူညီခွင့်ရလို့ ဝမ်းသာအားရနဲ့ မသီတာလိုချင်တဲ့ သိန်းနှစ်ဆယ်ကို ချက်ချင်းပဲထုတ်ပေးလိုက်ပါတယ်။ မသီတာဆိုတာ ဝမ်းသာလွန်းလို့ အသားတွေတောင် တဆတ်ဆတ်တုန်လို့။

“ကျေးဇူးတင်လိုက်တာ သူငယ်ချင်းရယ်၊ ကိုယ်တို့တစ်မိသားစုလုံးရဲ့ ဒုက္ခကို မင်းကယ်တင်လိုက်တာပါကွာ၊ သိပ်ကျေးဇူးတင်တာပဲ”

မျက်ရည်တွေကျပြီး ပြောရှာတယ်။

“တို့ကိုထက် ကိုဖေဝင်းကိုသာ ကျေးဇူးတင်ပါ သီတာရယ်၊ သူက မင်းတို့အခက်အခဲကို ပြောပြတော့ ချက်ချင်းပဲခွင့်ပြုလိုက်လို့ တို့လည်း မင်းကိုပေးနိုင်တာပါ၊ လင်ယောက်ျား ခွင့်ပြုချက်မရပဲလည်း တို့မပေးရဲဘူးလေ၊ ဒါအမှန်ပြောတာ”

“ဟုတ်တာပေါ့၊ ဟုတ်တာပေါ့ သူငယ်ချင်းရယ်၊ ကိုဖေဝင်းက တကယ့်သူတော်ကောင်းပါ၊ မင်း ယောက်ျားရတာ ကံကောင်းပါတယ်၊ ကိုယ်တော့ ကိုတင့်ဆန်း ဆိုးကျိုးတွေကို ဘယ်အထိ ခံနေရဦးမလဲ မသိပါဘူးမြရယ်”

မသီတာပြောသွားတဲ့အတိုင်းပါပဲ။ မမြသွေးယောက်ျားရ ကံကောင်းခဲ့ပါတယ်။ ကိုဖေဝင်းဟာ အိမ်ထောင်သက် နှစ်ဆယ်ကျော်အတွင်းမှာ သစ္စာရှိရှိနဲ့ မမြသွေးကို ပေါင်းသင်းခဲ့တယ်။ ကိုဖေဝင်းမှာ ဘာတစ်ခုမှ အစွန်းအထင်း မရှိခဲ့ဘူး။ အိမ်ထောင်ကျတဲ့နေ့ကစလို့ ဒီနေ့အထိ ကိုဖေဝင်း အရက်သောက်တာ တစ်ခါမျှ မရှိဖူးဘူး။ အရက်မပြောနဲ့ ဆေးလိပ်လည်း မသောက်ဘူး၊ ကွမ်းလည်း မစားဘူး။ လောင်းကစားဆိုတာတော့ ဝေးရောပဲ။ ဖဲဝိုင်းထိုင်ဖို့ထားလို့ အများတကာ ထိုးကြတဲ့ နှစ်လုံး သုံးလုံးကိုတောင် အပျော်သဘောနဲ့ တစ်ခါတရံမျိုးတောင် မထိုးဘူးပါဘူး။ ကိုဖေဝင်းဟာ ပကတိ ရိုးသားသန့်စင်သူ တစ်ဦးပါပဲ။

ယောက်ျားတော်တော်များများ ကင်းရှင်းခဲတဲ့ မိန်းမကိစ္စမှာလည်း ကိုဖေဝင်း ကင်းရှင်းခဲ့ပါတယ်။ မိန်းမရှုပ်နိုင်လောက်အောင် အခြေအနေပေးပေမယ့် မရှုပ်ထွေးပဲ ရှင်းရှင်းသန့်သန့်နေခဲ့တဲ့ ယောက်ျားတစ်ယောက်ပါ။

အခုဆို ကိုဖေဝင်းနဲ့မမြသွေးတို့ အိမ်ထောင်သက် နှစ်၂ဝ ကျော်လို့ ၂၄ နှစ်ထဲတောင် ရောက်နေပြီလေ။ တစ်ဦးတည်းသော သမီးလေးတောင် အိမ်ထောင်ကျလို့ မြေးလေးတစ်ယောက် ရနေပြီကော။ ကိုဖေဝင်းကော၊ မမြသွေးရော အသက် ၄၅ နှစ် ရှိကြပြီ။ ကိုဖေဝင်းက အိမ်ထောင်အတွက် စီးပွားကိုပဲ ကြုံးရှာပြီး တစ်သက်လုံး ရိုးရိုးသားသား နေလာခဲ့တဲ့သူပါ။

အဲဒါကြောင့်လည်း မမြသွေးဟာ သူများလင်ယောက်ျားတွေ နည်းအမျိုးမျိုးနဲ့ ဆိုးသွမ်းကြတာတွေ ကြားရသိရလေ ချစ်လင် ကိုဖေဝင်းကို ပိုပြီးကြည်ညိုရလေပဲ။

ပတ်ဝန်းကျင်မှာ အိမ်ထောင်သည်ယောက်ျားတွေ တစ်မျိုးမဟုတ်တစ်မျိုး ဆိုးသွမ်းကြတဲ့ သတင်းတွေက အမြဲပဲကြားနေရတာပါ။

သူငယ်ချင်းတွေဖြစ်တဲ့ မခင်ဝေတို့၊ မသီတာတို့အဖြစ်က အခုရက်ပိုင်းအတွင်းမှာ ဖြစ်ခဲ့ကြတာ။ တခြား မိတ်ဆွေသူငယ်ချင်းတွေထဲက လင်ယောက်ျားရဲ့ဆိုးမျိုးကို နည်းအမျိုးမျိုးနဲ့ ခါးစည်းခံနေရတာတွေက မနည်းလှဘူး။

လမ်းထိပ်က မိန်းမဆိုရင် ညတိုင်း ယောက်ျားရဲ့ အရိုက်အနှက်ကို ခံရတယ်။ ဘာမှလည်း အပြစ်ရှိလို့ မဟုတ်ဘူး။ သူ့ယောက်ျားက ညတိုင်း အရက်မူးအောင်သောက်လာပြီး မူးလာရင် အပြစ်မရှိအပြစ်ရှာ နှိပ်စက်တော့တာပဲ။ ဒီမိန်းမမှာ ဝဋ်ခံနေရသလိုပါပဲ။ ညရောက်မှာတောင် ကြောက်ကြောက်နေရတယ်ဆိုပဲ။ ကလေးလေးယောက်နဲ့ အိမ်ထောင်သက် ဒါလောက်ကြာမှ ကွဲလို့ကွာလို့ကလည်း မဖြစ်။ ကိုယ်တိုင်လည်း လုပ်ကိုင်မစားတတ်နဲ့။ ဒါမျိုးတွေ အများကြီးရှိပါတယ်။ ဒီမိန်းမအဖြစ်ကိုတော့ အိမ်ချင်းနီးလို့ နေ့တိုင်း ကြားနေမြင်နေရတာလေ။

တစ်လမ်းခြားက ဆိုက်ကားသမား လင်မယားအဖြစ်ကိုလည်း ကြည့်ဦး။ လူကဖြင့် ဆိုက်ကားနင်းစားရတယ်။ ကလေးက ခြောက်ယောက်၊ ကလေးတွေ ကျောင်းမထားနိုင်လို့ မိခင်ကလေးအသင်းက ကျောင်းထားပေးရတယ်။ ဒါကို သူက မယားငယ်နဲ့တဲ့။ မယားငယ်ကို အိမ်ခေါ်လာလို့ မယားကြီးက သူ့ယောက်ျား ဆိုက်ကားဆရာရော၊ မယားငယ်မကိုပါ ဆဲဆိုရိုက်နှက်လိုက်တာ တစ်ရပ်ကွက်လုံး ပွက်ပွက်ညံသွားပါရောလား။ မမြသွေးမှာ အံ့ဩလို့ မဆုံးတော့ဘူး။

စီးပွားရေး ပြေလည်ရင်လည်း ပြေလည်တဲ့အလျောက်၊ မပြေလည်ရင်လည်း မပြေလည်တဲ့အလျောက် ယောက်ျားတော်တော်များများကတော့ ဆိုးသွမ်းနေကြတာပါပဲ။ ဇနီးမယားတွေကလည်း အောင့်အီးသည်းခံ ပေါင်းသင်းနေရတာပါပဲ။

ဒါမျိုးတွေကိုမြင်ရလေ မမြသွေးက ကိုဖေဝင်းကို လေးစားကြည်ညိုလေပါပဲ။ ကိုယ့်ဘဝကိုယ်လည်း ကျေနပ်မိတယ်။

ညီမဝမ်းကွဲတစ်ယောက်က ဖုန်းဆက်ခေါ်တယ်။ မမမြလာခဲ့ပါဦး၊ အရေးကြီးလို့ပါဆိုလို့ သားမက်ကလေးကို ညီမအိမ် ဆိုင်ကယ်နဲ့ လိုက်ပို့ခိုင်းရတယ်။ ဟိုရောက်တော့မှ အကြောင်းစုံသိလိုက်ရတော့ မမြသွေး ရင်မောသွားရပါတော့တယ်။

ညီမယောက်ျား မောင်အေးဆောင် အရိုက်ခံရလို့တဲ့။ ဖြစ်ပုံက ကာရာအိုကေပါတဲ့ စားသောက်ဆိုင်ကို မောင်အေးဆောင်က သွားနေကျ။ ညတုန်းကတော့ သီချင်းဆိုတဲ့ အဆိုတော်မလေးကို ပန်းကုံးဆုချရင်းက တစ်ခြားဝိုင်းက လူငယ်တွေနဲ့ ရန်ဖြစ်ကြတယ်တဲ့။ ရန်ဖြစ်ကြပုံကလည်း ဆိုင်အပိတ်မှာ အဲဒီမိန်းကလေးကို ခေါ်ထုတ်ဖို့ကြိုးစားတော့ လုကြယက်ကြရင်း ရန်ဖြစ်တာတဲ့လေ။ အဲဒါမှာ တစ်ဖက်နဲ့တစ်ဖက် ရိုက်ကြနှက်ကြရင်း မောင်အေးဆောင် ခေါင်းကွဲသွားတယ်။ အဲဒီလောက်အထိက ကိစ္စမရှိသေးပါဘူး။ ဆိုင်ကပစ္စည်းတွေ ကွဲလို့ရှလို့ ဆိုင်ရှင်က ဖုန်းဆက်လိုက်တာနဲ့ ရဲတွေရောက်လာပြီး နှစ်ဖက်စလုံးကို ဖမ်းသွားကြတယ်တဲ့လေ။ မောင်အေးဆောင် ညကအချုပ်ထဲမှာ အိပ်လိုက်ရတာပါ။

အခုနေ့လည်မှ ညီမဖြစ်သူ ဖုန်းဆက်ခေါ်တာက သူ့ယောက်ျားအာမခံရဖို့ကိစ္စလုပ်ဖို့ သူတစ်ယောက်တည်း မလုပ်တတ်မကိုင်တတ်နဲ့မို့ မမြသွေးကို လှမ်းခေါ်အကူအညီတောင်းတာပါ။

မမြသွေးလည်း ဒီလိုရုံးပြင်ကနားကိစ္စ ဘာနားလည်မှာလဲ။ ကိုဖေဝင်းကိုပဲ ဆိုင်ကိုဖုန်းဆက်ပြီး လှမ်းခေါ်ရတာပေါ့။ ကိုဖေဝင်းရောက်လာမှ သက်ဆိုင်ရာကိုလိုက်ပြီး လုပ်ကိုင်ပေးလို့ မောင်အေးဆောင် အာမခံရသွားတယ်။

“မမမြရယ်… သူ ဒီလိုခြေပုန်းခုတ်နေတာ ဘယ်လောက်ကြာပြီလဲ မသိပါဘူး။ သက်ကတော့ ရိုးရိုးတန်းတန်း သောက်စားလာတယ်လို့ပဲ ထင်မိတာလေ။ အခုလိုဖြစ်မှ ကာရာအိုကေဆိုင်သွားပြီး ကောင်မတွေနဲ့ ရှုပ်နေတာ ဗူးပေါ်သလို ပေါ်တော့တယ်။ ကောင်းကြသေးရဲ့လား”

သက်သက်က မောင်အေးဆောင်ကိုရှေ့ထားပြီး မမြသွေးတို့ လင်မယားကို ငိုရင်းက ရင်ဖွင့်လိုက်ပါတယ်။ မောင်အေးဆောင်ကတော့ ခေါင်းကြီးငိုက်စိုက်ချလို့။ ကိုဖေဝင်းကတော့ သက်သက် ကျေနပ်အောင် ယောက်ဖတစ်ဝမ်းကွဲကို ဆုံးမစကားပြောခဲ့ပါတယ်။

မမြသွေးကတော့ သက်ပြင်းကိုသာ ချမိပါတော့တယ်။

သည်ကြားထဲ… တူတွေ ဆိုးကြသွမ်းကြတဲ့ကိစ္စကို ကြားရသေးတယ်။ မမြသွေး အစ်မအကြီးဆုံးက ယောက်ျားလေးချည်း သုံးယောက် မွေးထားတာပါ။ အားလုံးအရွယ်ရောက်နေကြပြီ။

တစ်နေ့တော့ အစ်မကြီး မမြသွေးဆီရောက်ချလာတယ်။

“မြသွေးရေ… မောင်ဖေဝင်းကိုခေါ်ပြီး ငါ့ကူပါဦးဟဲ့၊ ညီးတူတစ်ယောက်က ဒုက္ခပေးပြန်ပြီအေ”

“ဘာဖြစ်လို့လဲ မမကြီး”

“ဇေယျာကိုလေ၊ နံပါတ်ဖိုးထိုးတာတဲ့၊ ဆေးထိုးရက်တန်းလန်းကြီး ရဲကမိလို့ အခု အခုျပ်ထဲမှာ…”

“အို…”

“သူ့သူငယ်ချင်းတွေလည်းပါတယ်၊ ငါလည်း ဘာမှမလုပ်တတ်ဘူး၊ မောင်ဖေဝင်းကိုပြောပါဦး”

အစ်မကြီးကမုဆိုးမပါ။ သားသုံးယောက်က တစ်ယောက်တစ်မျိုး မရိုးရအောင်ဆိုးနေတော့ အမြဲဗျာများနေရရှာတဲ့ အမေတစ်ယောက်ပေါ့။ မုဆိုးမဆိုတော့ ခုလိုကိစ္စမျိုးဖြစ်လာတော့လည်း ပေါက်ပေါက်ရောက်ရောက်ရှိတဲ့ ကိုဖေဝင်းကိုပဲ အားကိုးရတော့တာပါပဲ။

“မြသွေး သိသလောက်တော့ ဒီအမှုမျိုးက အာမခံမရဘူး မမကြီး”

“ဒါတော့ ဒါပေါ့အေ… အပြစ်ပေါ့လျော့အောင် လုပ်ဖို့ကိုင်ဖို့ သူက ဥပဒေနားလည်တယ်လေ၊ သူ့မှာ ရှေ့နေရှေ့ရပ် အသိမိတ်ဆွေတွေလည်း ရှိတာပဲ၊ ဒါကို ငါကပြောတာပါ”

“ဟုတ်ကဲ့ပါ မမကြီး၊ ကိုဖေဝင်းကိုခေါ်ပြီး မြသွေး ညနေကျလာခဲ့ပါ့မယ်”

“ငါ့မလဲ ဒီသားသုံးကောင်နဲ့ ဒုက္ခပါပဲမြသွေးရယ်၊ တစ်ယောက်ကလည်း အရက်သမား၊ အခု အငယ်ဆုံးကောင်ကလည်း သောက်တတ်နေပြီလေ၊ ညီး သမီးမိန်းကလေးမွေးထားတာ ကံကောင်းတယ်အေ၊ ယောက်ျားလေးတွေကတော့ တစ်ခုမဟုတ်တစ်ခု ဆိုးကြသွမ်းကြတာပဲ၊ သားဆိုးအမေ တပေပေတဲ့၊ ငါ့သာကြည့်တော့”

မမကြီးပြောသွားတဲ့စကားကို မမြသွေး လက်မခံနိုင်ပါဘူး။ မမြသွေးပတ်ဝန်းကျင်မှာတွေ့နေရတဲ့ ယောက်ျားတော်တော်များများ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဆိုးကြတာမှန်ပါတယ်။ မမကြီးပြောသလို ယောက်ျားလေးမှန်သမျှ တစ်ခုမဟုတ်တစ်ခု ဆိုးသွမ်းကြတယ် ဆိုတာကိုတော့ လက်မခံနိုင်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ ဒီအထဲမှာ ကိုဖေဝင်း မပါလို့လေ။ ကိုဖေဝင်းကတော့ စံပြယောက်ျားတစ်ယောက်ပါ။

မမြသွေးနဲ့ ကိုဖေဝင်းနဲ့က မိဘတွေစပ်ဟပ်ပေးစားလို့ ညားခဲ့ကြတဲ့ လင်မယားပါ။ ဒါပေမယ့် ကိုဖေဝင်းဟာ မမြသွေးကို မိဘပေးစားလို့သာ ယူခဲ့ရပေမယ့် ကြင်နာရှာပါတယ်။ ချစ်ရှာပါတယ်။ လင်ယောက်ျားတာဝန် ကျေပွန်လှပါတယ်။ အိမ်ထောင်သက်တလျှောက်လုံး ကိုဖေဝင်းဖက်က ပျက်ကွက်ခဲ့တာ၊ ဖောက်ပြားခဲ့တာ တစ်ခုမှ မရှိခဲ့ပါဘူး။ အကျင့်စာရိတ္တအရာမှာတင် စံပြဖြစ်တာ မဟုတ်ပါဘူး။ ကိုဖေဝင်းဟာ ဆေးလိပ်မသောက်တတ်၊ ကွမ်းမစားတတ်၊ အရက်မသောက်တတ်တဲ့ ယောက်ျားတစ်ယောက်ပါ။ ဖဲနဲ့လောင်းကစားကတော့ ဝေးရောပဲ။

ဒါတွေအတွက် မမြသွေး ဂုဏ်ယူတယ်။ ကိုဖေဝင်းကိုကြည့်လိုက်ရင် အမြဲတမ်း သပ်သပ်ရပ်ရပ် သန့်သန့်ပြန့်ပြန့်နဲ့ သူ့ကိုယ်သူ သားနားအောင်နေတတ်သလို လူပုံကလည်း နဂိုခန့်ချော ချောတဲ့လူပါ။ အခု အသက်ငါးဆယ်နီးတဲ့အထိ ကိုဖေဝင်းက သပ်သပ်ရပ်ရပ် ရှိတုန်းပဲ။ ချောတုန်းပဲ။ အသက်ကြီးပေမယ့် ယောက်ျားတိုင်းလိုလို ဖြစ်လေ့ရှိတဲ့ ဆံပင်ပါးတာ၊ ဗိုက်ထွက်တာမျိုး မရှိသေးပါဘူး။ ကိုဖေဝင်းကို အိမ်ထောင်သည်မှန်း သိပေမယ့် ကျတဲ့မိန်းမတွေ အပုံကြီးရှိပါတယ်။ ဒါတွေကို ကိုဖေဝင်းက စိတ်မဝင်စားပါဘူး။ အဲဒါကြောင့်လည်းမမြသွေးက ကိုဖေဝင်းကို စိတ်ချတယ်။

မမြသွေးနဲ့ အိမ်ထောင်ကျခါစက ကိုဖေဝင်းက ဝန်ထမ်းပါ။ ဘဏ္ဍာရေးဌာနမှာ အထက်တန်းစာရေးပဲ ရှိပါသေးတယ်။ အိမ်ထောင်ကျပြီး မကြာဘူး အထက်အညာကို ပြောင်းရတယ်။ မမြသွေး လိုက်သွားတယ်။ အဲဒီမြို့မှာ သုံးနှစ်ကြာအောင် နေခဲ့ရတယ်။ သမီးကို အဲဒီမြို့မှာ မွေးခဲ့တာပေါ့။

အသက်လေးဆယ်မှာ ဝန်ထမ်းအလုပ်က ထွက်လိုက်ပါတယ်။ ကိုယ်ပိုင်အလုပ်ပဲ လုပ်တော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ပေါ့။

မြို့ထဲက ဆိုင်ခန်းတစ်ခုကိုငှားပြီး မိတ္တူကူးဆိုင်လေးဖွင့်တယ်။ အောင်မြင်ပါတယ်။ ဆိုင်နားမှာ အစိုးရရုံးတွေရှိတယ်။ တက္ကသိုလ်ကျောင်းကြီး တစ်ခုလည်းရှိလို့ အလုပ်ကတွင်ကျယ်တယ်လေ။

တစ်နှစ်မပြည့်ခင်မှာ မိတ္တူကူးစက် နောက်နှစ်လုံးထပ်ဝယ်ပြီး တိုးချဲ့ခဲ့ရတယ်။ ပြီးတော့ ကွန်ပျူတာ စာစီစာရိုက်ပါ တွဲလုပ်မယ်ဆိုပြီး ကွန်ပြူတာတစ်လုံးဝယ် စာရိုက်မယ့်လူ တစ်ယောက်ငှားပြီး လုပ်တော့လည်း အောင်မြင်တာပဲ။

အခုဆို ကိုဖေဝင်းရဲ့ ကွန်ပျူတာစာစီစာရိုက်နဲ့ မိတ္တူကူးဆိုင်ဟာ ဘေးခန်းကိုပါ ထပ်ငှားတိုးချဲ့ပြီးဖွင့်ရတဲ့ ဆိုင်ကြီးတစ်ခုဖြစ်နေပြီ။ ကွန်ပျူတာငါးလုံး၊ မိတ္တူကူးစက်ငါးလုံး၊ ဝန်ထမ်းလူငယ် ဆယ့်နှစ်ယောက်နဲ့ လည်ပတ်နေရတဲ့ ဆိုင်ကြီးတစ်ခုဖြစ်နေပါပြီ။ အလုပ်တွင်ကျယ်လွန်းလို့ ကိုဖေဝင်းမှာ အိမ်ကိုတောင် မပြန်နိုင်တော့ပါဘူး။ ဌာနဆိုင်ရာတွေက အပ်တဲ့စာတွေ၊ တက္ကသိုလ်က စာတမ်းတွေ၊ အစည်းအဝေးနဲ့ နှီးနှောဖလှယ်ပွဲ၊ စာတမ်းဖတ်ပွဲတွေအတွက် ဆလိုက်ရှိုးတွေကအစ လုပ်ပေးရတာဆိုတော့ ညပိုင်းအထိပါ အလုပ်က လုပ်ရတယ်။

အိမ်အတွက်လည်း စိတ်ချနေရပြီ။ သမီးအိမ်ထောင်ကျပြီး သမီးတို့လင်မယားက အိမ်မှာပဲနေတယ်။ အိမ်အတွက် စိတ်ပူစရာ ငဲ့ကြည့်စရာ မလိုဘူးဆိုတော့ ကိုဖေဝင်း ဆိုင်မှာပဲ နေလိုက်တော့တာပါ။ မမြသွေးတို့အိမ်က မြို့သစ်မှာဆိုတော့ ဆိုင်ရှိတဲ့မြို့ထဲနဲ့ လှမ်းတယ်လေ။ ကိုဖေဝင်းက တစ်ပတ်မှ တစ်ခါနှစ်ခါလောက်ပဲ အိမ်ကို အလည်သဘော ပြန်လာတော့တယ်။ ဆိုင်မှာပဲစား၊ ဆိုင်မှာပဲအိပ်နေတော့တယ်။

မမြသွေးလည်း ဘာတာဝန်မှမရှိတော့ တစ်ခါတစ်ရံ ရိပ်သာဝင်၊ တရားထိုင် လုပ်နိုင်နေပါတော့တယ်။ မမြသွေးတို့အရွယ် တစ်ချို့ စားဝတ်နေရေး ရုန်းကန်ရတုန်းပေမယ့် မမြသွေးဘဝကတော့ အေးအေးဆေးဆေးပါ။

ဒီလိုနေနိုင်တာဟာ ကိုဖေဝင်းကြောင့်ပဲ။ စီးပွားရေး အောင်မြင်ရုံ ငွေရှာနိုင်ရုံကြောင့်ရယ် မဟုတ်ပါဘူး။ အသောက်အစားကင်းကင်းနဲ့ မဖောက်မပြား နေနိုင်တဲ့အတွက် ကိုယ့်လင်သားကို မမြသွေးကြည်ညိုမိတယ်။ လေးစားမိတယ်။ ကျေးဇူးတင်မိရပါတယ်။

ဒါကြောင့် မမကြီးပြောသွားတဲ့ “ယောက်ျားလေးမှန်သမျှ တစ်ခုမဟုတ်တစ်ခု ဆိုးသွမ်းကြတယ်”ဆိုတဲ့ စကားကို မမြသွေးက လက်မခံနိုင်တာပါ။ စီးပွားရေးအောင်မြင်ပြီး ငွေရှာနိုင်ပေမယ့် ပျက်စီးမှု လမ်းကြောင်းထဲမရောက်တဲ့ ကိုဖေဝင်းလို လူစားမျိုးလည်း ရှိပါသေးတယ်လေ။

ကိုဖေဝင်းက မိန်းမတွေနဲ့ ကင်းကင်းရှင်းရှင်းပဲ နေပါတယ်။ မမြသွေးက ဘွဲ့ရပြီး အလုပ်မရှိသေးတဲ့ တူမတစ်ယောက်ကို ကိုဖေဝင်းဆိုင်မှာ အလုပ်ပေးဖို့ ပြောတော့တောင် “ကိုယ့်ဆိုင်က ယောက်ျားလေး ဝန်ထမ်းတွေချည်းပဲမြ၊ မိန်းကလေးထည့်လိုက်ရင် အရှုပ်အရှင်းတွေ ဖြစ်လာလိမ့်မယ်၊ အဲဒီလိုဖြစ်မှာစိုးလို့ပဲ ယောက်ျားလေးတွေ ခန့်ထားတာ” လို့ပြောပြီး ငြင်းခဲ့သေးတယ်။

ဟုတ်ပါတယ်။ အလုပ်ကျလာရင် ညအိပ်ပြီးတော့လည်း လုပ်ချင်လုပ်ရတာဆိုတော့ ယောက်ျားလေးတွေချည်း ခန့်ထားတာ ကောင်းတာပေါ့။ ညရေးညတာ ခိုင်းရင်လည်းရတယ်။ မမြသွေးအတွက်လည်း မိန်းမတွေနဲ့ ပတ်သက်ပြီး ကိုဖေဝင်းအတွက် ပူပန်စိုးရိမ်နေစရာ မလိုတော့ဘူးပေါ့။ ပြောသာပြောရတယ် မမြသွေးက ကိုဖေဝင်းကို စိတ်ချပြီးသားပါ။

အမျိုးတွေ အားလုံးကလည်း ဘာကိစ္စလေးဖြစ်ဖြစ် ကိုဖေဝင်းကိုပဲ အားကိုးကြတယ်။ ကိုဖေဝင်းကမှ ရုံးပြင်ကနားကိစ္စ၊ လူကြီးသူကြီးနဲ့ ပြောဆိုဆက်ဆံရမယ့် ကိစ္စတွေကို နားလည်တာလေ။ ဘယ်လိုကိစ္စမျိုးဆို ဘယ်သူ့ဆီသွားရမယ်၊ ဘယ်လိုဝင်ထွက်ရမယ်၊ ဘယ်လိုစကားမျိုး ပြောရမယ်ဆိုတာ ကိုဖေဝင်းနားလည်တယ်။ ဒီတော့ ဆွေမျိုးတွေ အားလုံးကလည်း ကိုဖေဝင်းကို အားကိုးကြတယ်။

ကဲ- ဘယ်မှာလဲ။ မမကြီးပြောသလို ယောက်ျားလေးမှန်သမျှ တစ်ခုမဟုတ်တစ်ခု ဆိုးကြတာပဲဆိုတာ။ ကိုဖေဝင်းနဲ့ကျ ဘယ်မှာ မှန်လို့လဲ။

တစ်နေ့တော့ ညကြီးမင်းကြီး ဖုန်းဝင်လာတယ်။ ညကိုးနာရီတောင်ရှိနေပါပြီ။

ဆေးရုံကြီးကနေ ဖုန်းဆက်တာပါ။ ရေနံချောင်းက အမျိုးထဲက ဘကြီးတစ်ယောက် အသည်းအသန်းဖြစ်လို့တဲ့။ မန္တလေးကို ဆေးရုံလာတက်ရတယ်တဲ့။ အဲဒါ မမြသွေး လာခဲ့ပါဦးတဲ့။

အဲဒီဘကြီးက မမြသွေးတို့အတွက် ကျေးဇူးမကင်းရုံမကဘူး၊ အမေ့ရဲ့ အစ်ကိုအရင်းမို့ မမြသွေးလည်း ဖုန်းရရချင်း ဆေးရုံကြီးကိုပြေးဖို့ ပြင်ရပါတော့တယ်။

ဖြစ်ချင်တော့ ဒီနေ့မှ သူတို့ကုမ္ပဏီကလွှတ်လို့ သားမက်ကလေးက နယ်ကိုခရီးထွက်နေရတယ်။ အိမ်မှာမရှိဘူး။ မမြသွေးလည်း သမီးနဲ့မြေးကို ထားခဲ့ပြီး အိမ်ဘေးက ကောင်လေးကိုပဲ ဆေးရုံလိုက်ပို့ဖို့ အကူအညီတောင်းရတော့တယ်။

“အန်တီ့ကို ဆေးရုံကြီးလိုက်ပို့စမ်းပါ မောင်ရာဇာရယ်၊ အန်တီ ဆီထည့်ပေးပါ့မယ်”

“ရပါတယ်အန်တီ၊ ဆိုင်ကယ်ထဲမှာ ဆီအပြည့်ရှိပါတယ်”

မောင်ရာဇာဆိုတဲ့ ကောင်လေးက လိုက်ပို့ရှာပါတယ်။

ဆေးရုံကြီးကို တိုက်ရိုက်မသွားသေးပဲ ကိုဖေဝင်းကိုဝင်ခေါ်ဖို့ မမြသွေးဆုံးဖြတ်လိုက်တယ်။

ကိုဖေဝင်းဆိုင်နဲ့ ဆေးရုံကြီးနဲ့က မဝေးတော့ဘူးလေ။

မောင်ရာဇာ့ကို ကိုဖေဝင်းဆိုင်ကို အရင်မောင်းခိုင်းလိုက်ပါတယ်။

ကိုဖေဝင်းဆိုင်ရှေ့ရောက်တော့ ဝန်ထမ်းလူငယ်တစ်ယောက်ကို ကွန်ပျူတာနဲ့ အလုပ်လုပ်နေတာတွေ့ရတယ်။ ဆိုင်ထဲမှာတော့ ကိုဖေဝင်း မရှိဘူး။ ဆိုင်ရှေ့မှာ ကိုဖေဝင်းဆိုင်ကယ် ရပ်ထားတာမို့ အထပ်ခိုးပေါ်မှာ နားနေမယ်ဆိုတာ မမြသွေးသိလိုက်ပါတယ်။

မမြသွေးက အထပ်ခိုးပေါ်တက်တဲ့ လှေကားပေါ် တန်းတက်သွားလိုက်တယ်။

“အန်တီ… အန်တီ…”

ကွန်ပျူတာလုပ်နေတဲ့ လူငယ်က မမြသွေးကို ဟန့်တားသလိုနဲ့ လှမ်းခေါ်လိုက်တာကို မမြသွေးက “မင်းဦးလေး အပေါ်မှာမဟုတ်လား၊ ဆေးရုံကြီး သွားစရာရှိလို့ လာခေါ်တာဟေ့” ပြန်ပြောပြီး အထပ်ခိုးပေါ်ကို တက်လာခဲ့ပါတယ်။

မမြသွေးဟာ အထပ်ခိုးပေါ်ကနေ ဝရုန်းသုန်းကား ပြန်ဆင်းပြေးခဲ့ပါတယ်။ အထပ်ခိုးပေါ်မှာ မြင်ခဲ့ရတဲ့ မြင်ကွင်းက မမြသွေး နှလုံးသွေးကိုရော ဦးနှောက်ကိုပါ ဆူဝေပြာမိုက်သွားစေတယ်။

မမြသွေး တက်အသွားမှာ ရုန်းရင်းဆန်ခတ် ဖြစ်သွားတဲ့အသံ၊ ထပ်ခိုးကြမ်းပြင်ကနေ ကမန်းကတန်း ထထိုင်လိုက်တဲ့ ကိုဖေဝင်းနဲ့ ဆိုင်က ဝန်ထမ်းလူငယ်လေးတစ်ယောက်၊ ကိုဖေဝင်းရဲ့ ထိတ်လန့်အံ့ဩတဲ့မျက်နှာ၊ သာမန်အတိုင်းမဟုတ်ပဲ ဖွေးဆွတ်နေတဲ့ ကိုဖေဝင်းရဲ့ မျက်နှာ၊ အင်္ကျီကိုယ်ချွတ်နဲ့ ပုဆိုးပြင်ဝတ်လိုက်တဲ့ ဆိုင်ကဝန်ထမ်းလူငယ်လေး။

အဲဒီမြင်ကွင်းတွေကို ကျောခိုင်းပြီး မမြသွေး အထပ်ခိုးပေါ်က ခြေချော်မကျရုံတမယ် ပြေးဆင်းခဲ့တယ်။

အောက်မှာ ကွန်ပျူတာထိုင်ရိုက်နေတဲ့ လူငယ်က စိုးထိတ်ကြောက်ရွံ့တဲ့ပုံနဲ့ ပါးစပ်အဟောင်းသား ဖြစ်ကျန်ခဲ့တယ်။

မမြသွေးကတော့ ဆိုင်ရှေ့အရောက် အပြေးထွက်လာခဲ့ပါတယ်။

မောင်ရာဇာ့ ဆိုင်ကယ်နားရောက်ခါနီးမှ ဣန္ဒြေဆည်ဖို့ သတိရပြီး မျက်နှာမပျက်အောင် ထိန်းချုပ်လိုက်ရတယ်။

“မင်းဦးလေး မရှိဘူးမောင်ရာဇာ၊ မောင်း… မောင်း… ဆေးရုံကြီးကိုသာ မောင်းတော့”

သတိထားပြောလိုက်တဲ့ကြားက မမြသွေးအသံတွေဟာ တုန်နေပါတယ်။

အခုဆို မမြသွေး တရားစခန်းမှာ ရောက်နေတာ တစ်လပြည့်တော့မယ်။ ကိုဖေဝင်းအဖြစ်ကို မြင်ခဲ့ရပြီး နောက်တစ်နေ့မနက်မှာပဲ မမြသွေး ဒီရိပ်သာကို လာခဲ့တာပါ။ ဒီတရားစခန်းက ထွက်ရင်လည်း အိမ်ပြန်ဖို့ စိတ်မကူးပါဘူး။ နောက်ထပ် ရိပ်သာတစ်ခုပြောင်းပြီး တရားထိုင်ဖို့ စိတ်ကူးထားပါတယ်။

မမြသွေး အိမ်မပြန်ချင်ဘူး။ ကိုဖေဝင်းနဲ့လည်း မျက်နှာချင်း မဆိုင်ချင်ဘူး။ သူနဲ့ဘယ်လို မျက်နှာချင်းဆိုင်ရမှန်းလဲ မသိဘူး။ ဒီကိစ္စကို ရင်ဆိုင်ဖြေရှင်းဖို့ အင်အားလည်း မမြသွေးမှာ မရှိပါဘူး။

ကိုဖေဝင်း အိမ်ကိုပြန်လာသေးလား။ မလာဘူးလားဆိုတာလည်း မမြသွေး မစုံစမ်းမိဘူး။ အိမ်ကသမီးကလည်း မမြသွေးတရားစခန်း ဝင်နေကျမို့ ထုံးစံအတိုင်း သွားတယ်လို့ပဲ ထင်နေမှာပါ။

မမြသွေးအနေနဲ့ ဒီဖြစ်ရပ်ကြီးကို ဘယ်သူ့ကိုရော ရင်ဖွင့်လို့ ရမှာလဲ။ ဘယ်သူ့ကိုမှ ဖွင့်မပြောရဲတဲ့ ကိစ္စမျိုးကြီးပါ။

တရားထိုင်ရင်းက ဟိုတစ်ညမှာ မြင်ခဲ့ရတဲ့ ကိုဖေဝင်းရဲ့ မိတ်ကပ်တွေလိမ်းထားလို့ ဖွေးဆွတ်နေတဲ့ မျက်နှာကြီး စိတ်ကူးထဲမှာ ပေါ်ပေါ်လာတိုင်း မမြသွေး ရင်တွေတုန်နေမိတယ်။

ကိုဖေဝင်း ဒီလိုဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ။ ဘယ်တုန်းကတည်းကလဲဆိုတာ စဉ်းစားမရဘူး။

ဒီလိုလူစားမျိုးတွေ ရှိတယ်ဆိုတာ မမြသွေးကြားဖူးနားဝ ရှိပါတယ်။ ဒါပေမယ့် ကိုယ့်ယောက်ျားကို ဒါမျိုးဖြစ်နေလိမ့်မယ်လို့ ဘယ်ထင်မိပါ့မလဲ။

ကိုဖေဝင်းကလည်း ပိရိပါပေ့။ လုံခြုံပါပေ့။

ဒီလိုလူစားမျိုးတွေဟာ ဒီလိုပဲ သူတို့ဘဝမှန်ကို မသိအောင် ထိန်းချုပ်ဖုံးကွယ် နိုင်ကြတယ်ထင်ပါရဲ့။ ဟန်ဆောင်ကောင်းလွန်းကြတယ် ထင်ပါရဲ့။

ဪ အဲဒါကြောင့်လည်း ကိုဖေဝင်းတို့လို ကိုယ့်ဘဝကိုယ် ဖုံးကွယ်ပြီး ဟန်ဆောင်ကောင်းတဲ့ လူတွေကို “အပုန်း” လို့ ခေါ်ကြတာကိုး။

 

 

ဆောင်းလုလင်

နိုဝင်ဘာလ ၁ဝ ရက်နေ့၊ ၂၀၁၁ ခုနှစ်။

55 comments

  • ကြောင်ကြီး

    November 11, 2011 at 10:10 am

    သောက်ရေးထဲ သောက်ရာပေါ်နေတယ်။ နင့်ဖာသာနင် အရွက်ဖုံးယုံမကလို့ သံကွန်ခြာနဲ့ပဲဖုံးဖုံး ဒီမှာလာရှုပ်ဖို့ မကြိုးစားနဲ့။ အခုတိုင်းရေးပြည်ရာ အရေးကြီးနေတယ်။ အန်အယ်ဒီကို မှတ်ပုံမတင်၊ ရွေးဂေါက်ပွဲမဝင်အောင် နင်တို့ဂျော်လကီးများ တတပ်တအား လှုံ့ဆော်ပေးနိုင်ရင် ရွာထဲအဝင်ခံဖို့ ဝိုင်းပြောပေးမယ်။ ဒီအတိုင်း ဖင်လှန်လာလို့ကတော့ ဟိုဟာနဲ့ထိုးပေးမယ်မထင်နဲ့၊ ဘူဒိုဇာနဲ့ပဲ အထိုးခံရမယ်။။။။ 👿

    သဂျီးရေ သဂျီး၊ ရွာထဲကို သူပုန်းတွေ ဝင်လာဘီဘျ။ ဘယ်မှာသွား အမှုတ်ခံနေသလဲ။ (ခေါင်းလျော်ထားလို့ပါ) 😆

    • Phyo

      November 11, 2011 at 10:15 am

      ရိုင်းလိုက်တာဗျာ 🙂 အဲဒါကြောင့်ပဲ ဗမာပြည် ဒီမိုကရီစီရရှိဖို့ ဒီလောက်ကြန့်ကြာနေတာဖြစ်မှာ 😛

      • ကြောင်ကြီး

        November 11, 2011 at 10:22 am

        သောက်မထောင်မရဲ့ နင်က ကြာလေကြိုက်လေ မဟုတ်ဘူးလား။ သဂျီးကတခါဆွဲရင် တသက်ကြာသတဲ့။ သူ့ဆီသွား၊ ငါတို့ရွာသားတွေအားလုံးက တပ်ထွက်တွေချည်းပဲ။ 🙁

        • ကိုရင်စည်သူ

          November 11, 2011 at 8:02 pm

          ဘကြောင်ရေ… တပ်ထွက်ထဲမှာ
          တားတားတော့ ပါဝူး… 😀 😀 😀
          တားက သဂျီးနဲ့ သူမသာ ကိုယ်အသုဘပဲ… ဟီးဟီး..
          အပုန်းလေးတွေဆို မထိုင်ခိုင်ဘူး မတ်တပ်ရပ်ဆွဲပလိုက်မှာနော်.. ငဲငဲ…
          (မထိုင်သေးခင် မတ်တပ်ရပ်ပီး လက်ဆွဲနှုတ်ဆက်မယ်ပြောတာပါကွယ်..) 😀 😀 😀

        • ပေါက်ဖော်

          November 11, 2011 at 8:26 pm

          အဝှာနဲ ့ မှားဆွဲမိဦးမယ်..
          နားရွက်..တို ့..ဘာတို ့..ပါ
          😆

        • koyinmaung

          November 12, 2011 at 10:44 am

          ဟုတ်ပ…..တောက်လျှောက်ဖတ်လာတာ
          နောက်ဆုံးကျမှဒုတ်ဒုတ်ချင်းရိုက်နေကြတာ….
          အတော်ကျက်သရေတုန်းတယ်…
          အော်……ခုမှပို့စ်တင်တဲ့သူကိုပြန်ကြည့်မိတယ်
          မိဖြိုး ပါလား…………
          အလယ်မလာနဲ့မိဖြိုးရေ..ရွာထဲမှာကြောင်ကြီးနဲ့ဂျပုတို့ဦးဆောင်
          ဖွဲ့စည်းထားတဲ့ဗူဒိုဇာတပ်သားတွေရှိနေပြီနော်……
          ဝေါင်ဝေါင်ရှေး…ဝေါင်ဝေါင်ရှေး…………………………………

      • မင်းပြည့်ရှိန်

        November 12, 2011 at 4:45 pm

        ဗမာပြည် ဒီမိုကရေစီ ရဖို့ ဒီလောက်ကြန့်ကြာနေတာ ရိုင်းလို့ မဟုတ်ဘူး…
        တိုင်းရေးပြည်ရေး ဂရုမစိုက်ဘဲ..
        နင်တို့လို ဖင်တောင်တဲ့ အရေး ဂရုစိုက်နေတဲ့သူတွေ ကြောင့်ဖြစ်မယ်…
        သိပ်ယားနေရင် ဖင်နဲ့ငုတ်နဲ့သာ စောင့်ပြီး နေလိုက်တော့..
        သောက်ရေးထဲ သောက်ရာ လာမပေါ်နဲ့….

        • Phyo

          November 12, 2011 at 5:53 pm

          တိုင်းရေးပြည်ရေး ဂရုစိုက်ပါတယ်ဆိုတဲ့နေရာမှာက ဘယ်လိုမျိုးကို ဆိုလိုချင်တာလဲ မသိဘူး။ ဒီမိုကရေစီ ရရှိရေး… ဒို့အရေး လို့ လူကြားကောင်းအောင် အော်နေတာမျိုးလား။ ဒီမိုကရေစီတို့ လူ့အခွင့်အရေးတို့ဆိုတာမျိုးက နာမည်တပ်ပြီး လုပ်နေမှ အလုပ်ဖြစ်တာ မဟုတ်ဘူးဗျ။ နိုင်ငံရေး ဆိုတာကိုရော ဘယ်လိုမျိုး အဓိပ္ပါယ်ဖွင့်မလဲ။ ကျနော်အနေနဲ့ကတော့ နိုင်ငံရေးဆိုတာ နာမည်ကြီး တပ်ပြီးတော့ ဒါကတော့ နိုင်ငံရေးပါ။ ဒါကတော့ နိုင်ငံရေး မဟုတ်ပါဘူးဆိုပြီးတော့ ရှိမလား။ ကျနော်တို့ နေစဉ် ထမင်းစား ရေသောက် ဒါတွေကလည်း နိုင်ငံရေး။ ဒီမိုကရေစီရေး။ တိုင်းရေးပြည်ရေးပဲ မဟုတ်လား။ အဲဒီလိုဆိုတော့ ဒီမိုကရေစီစနစ်နဲ့ လူ့အခွင့်အရေးကို ပြည့်ဝအောင် လုပ်ဆောင်မယ့် လူမှုအသိုင်းအဝိုင်းတွင်းမှာ ကိုယ်တက်နိုင်တဲ့ဖက်ကနေ တဖက်တလှမ်းက လုပ်နေကြတာ ဒါဟာ တိုင်းရေးပြည်ရေးကို လုပ်ဆောင်နေကြတာပဲ မဟုတ်ဘူးလား။ ပြီးတော့ ဂေး တွေဆိုတာနဲ့ လိင် မှုကိစ္စကိုပဲ ရှုတ်နေတဲ့သူတွေလို မြင်ကြတဲ့ အမြင်ကိုက မှားနေတာဗျ။ ဒါကတော့ သူ့မြင်ကိုယ့်မြင်ပေါ့လေ။ ဒါပေမယ့် သတ်မှတ်ချက်မျိုးကို ထားတာကတော့ မကောင်းဘူးပေါ့။

  • ပေါက်ဖော်

    November 11, 2011 at 3:28 pm

    အပွင့်ပေါ်အရွက်ဖုန်း..အပုန်း..ဒါဗျဲ..
    ကျန်တာတော့ .အရုပ်နဲ ပြီး စာများလို ့…မီဖတ်တော့ဝူး..

    ရန်လေးဘာလေး ဖစ်ကြတော့ဝူးလားဂျာ..ဒီမှာပဲ ရပ်(No လျက်)နေကြတော့မှာလားဗျာ..
    အဟွင့်.အဟွင့်
    😆

  • windtalker

    November 11, 2011 at 7:18 pm

    တရုတ်က သွင်းလာတဲ့
    မော်တာဆိုကလား ဘာဆိုကလား
    အဲဒါနဲ ့ဘဲ ၊ ကိုယ့်ဟာကိုယ် ပြန်ထိုးနေစမ်းဘာကွာ
    လာမရှုပ်စမ်းဘာနဲ ့
    အစကမသိလို ့ဖတ်လာတာ
    ပြီးမှ အမြီးမပါတဲ့ ဖွတ်ကြီး မြင်လိုက်ရတာဘဲ

    • ပေါက်ဖော်

      November 11, 2011 at 7:39 pm

      ဖွတ်ဆိုရင်တော့ ထားလိုက်တော့..

      တောက်တဲ့ ဆိုပြောနော့..
      လိုက်ဖမ်းရအောင်..

      • “ဘီလူးကြီး”ogre

        November 12, 2011 at 8:43 am

        ပေါက်ဖော်
        ငါအိမ်ခေါင်းရင်က စိန်ပန်းပင်မှာတောက်တဲ့ရှိတယ်
        ညညနားပူလို့ လာဖမ်းလှည့်စမ်းပါ
        မိရင်တော့ ငါကိုပေးနော် တစ်ကောင် ကိုသိန်းတစ်သောင်းတဲ့
        ငှဲငှဲ တဌေး ဖစ်ပြီ……. 😛

  • မှော်ဆရာ

    November 11, 2011 at 7:36 pm

    အော် ဘယ်သူများမှတ်တယ် … ပျောက်နေတာ ကြာပြီနော် …

  • Gipsy

    November 11, 2011 at 9:34 pm

    အွင်……. ဂလိုကြီးလား……. သူကတော့ ပေါ်ပေါ်ပဲနော်…..
    ကိုပု မလာခင် ပြေးမှ……. ဝှီးးးးးးးးးးးးး 😆

  • Don Juan Ronald

    November 11, 2011 at 10:39 pm

    မာမာနဲ့မွှေးတဲ့ ဆရာကြောင်ဂျီးရေ~

    Gay လည်းလူပါဘဲ။

    လျှောက်မစဲပါနဲ့၊လူ့အခွင့်အရေးချိုးဖေါက်မိနေပါလိမ့်မယ်။

  • ကြောင်ကြီး

    November 12, 2011 at 8:32 am

    အောင်မာ ဒင်းကိုများ ရာရာသသ ကာပေးတဲ့သူတွေဘာတွေနဲ့။ လီပဲဟေ့ လီပဲ။။။ ဆဲတော့ လီဖြစ်လားကွာ။ …………
    ……..
    ေဩာ်ကျန်သွားလို့ း း း 😆

    • ပေါက်ဖော်

      November 12, 2011 at 10:08 am

      ဟင့်အင်း..
      လီဖြစ်လားဆို..အင်္ဂ ါ မစုံဘူး..
      အဲတာဆိုချစ်တော့ဘူးတဲ့..

    • မိုက်ကယ်ဂျော်နီအောင်ပု

      November 12, 2011 at 10:18 am

      မဆဲပါနဲ့ဗျ
      မကောင်းပါဘူး
      မယဉ်ကျေးပါဘူး
      မလိမ္မာပါဘူး
      မသိမ်မွေ့ပါဘူး
      ဘူး
      ဘူး
      ဘူး
      ဘူး
      ဘုူး
      ဘူး
      ဘူး

    • Don Juan Ronald

      November 13, 2011 at 10:09 pm

      ဟီးဟီး~~~~

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 12, 2011 at 10:28 am

    ပြောရဦးမယ် ကြားဘူးတာလေး
    ပြောပြတာက ကောင်မလေးတစ်ယောက်
    ဟုတ်မဟုတ်တော့မသိဘူး သဘောကျမိလို့ပါ
    အဲ့သည် ကောင်မလေးမှာ အသိတစ်ယောက်ရှိတယ်ဆိုဘဲ လိင်တူချစ်သူလေး
    တစ်ခါမှ မတစ်ခါဘူးသေးတဲ့ လိင်တူချစ်သူလေး
    တစ်နေ့ကျတော့ အင်္ဂလိပ်တစ်ယောက်ကို သဘောတွေကျပြီး
    လွယ်လွယ်ပြောရရင်တော့ ပါကင်ဖွင့်တယ်ပေါ့ဗျာ
    ကံအကြောင်းမလှစွာနဲ့ ဟို …………….
    ( ကန်တော့ပါဗျာ ) ဖင်ကွဲသွားပါလေရော စအိုကွဲသွားတယ်လို့ဆိုတယ်
    သွေးတွေအရမ်းထွက်တာပေါ့နော
    အဲ့ဒါနဲ့ သူ့အသိ
    စောစောကပြောတဲ့ ကောင်မလေးကို တိုင်ပင်တော့
    ကောင်မလေးက သူသိတဲ့ဆရာဝန်တစ်ယောက်ရှိတယ်ပေါ့ ဖင်ချုပ်တယ.် 😀
    ဒီလိုနဲ့ဘဲ အဲ့သည် ဖင်ကွဲတဲ့ လိင်တူချစ်သူလေးလည်း မျက်နှာပူပူနဲ့ဘဲ ကောင်မလေးပြောတဲ့
    ဆေးခန်းကိုသွားတာပေါ့နော
    ခများ အသစ်လေးဆိုတော့ ဆေးခန်းမရောက်ခင် ငါ့နှယ်ဘယ်လိုမျက်နှာပြရမလဲပေါ့
    တွေးပြီးစိတ်ပူနေရှာတယ် ရှက်တာပေါ့လေနော
    ဆေးခန်းလဲရောက်ရော ဘယ်ဟုတ်မလဲ
    သူ့အရှေ့မှာ ဖင်ကွဲလို့ ချုပ်မယ့်သူတွေ များလွန်းလို့ အချိန်အတော်ကြာအောင်တောင်
    ထိုင်စောင့်လိုက်ရပါသတဲ့

    • ပေါက်ဖော်

      November 12, 2011 at 10:48 am

      ဖင်ကွဲပြိုင်ပွဲ ကျင်းပရင်…အဲဒီဆေးခန်းက ပြိုင်ပွဲဝင်မဲ့လူ တော်တော်များမယ်နော့
      🙄

  • htoosan

    November 12, 2011 at 11:17 am

    Do & Don’t (Rules) ထဲမှာ gay မရေးရ မပါတဲ့ အပြင် Society & Lifestyle မှာ Gay/Lesbian ဆို သီးသန့်တောင် ဖွင့်ပေးထား သေးတာ ..
    ကျောင်းတော်က ရန် စတွေလားဟင် .. ဒါမှ မဟုတ် အမှန်တွေပြောလို့ ဒေါခီးသွားကြတာလား . ❓

    ဟေ့ကောင် မသိရင်အေးဆေးနေစမ်း ။ မီးဒုတ် ရှို့မရလို့ ဒေါခီး နေတာ .. (ဦးကြောင်ပြောရ သက်သာအောင် ကြိုပြောပေးတာ) :mrgreen:

    • ကြောင်ကြီး

      November 12, 2011 at 11:28 am

      သဂျီးက ၆နေပြီ။ သူ့ကို ကမ်းခြေခေါ်သွားပြီး ရေစိမ်ခိုင်းတာ ပစိဖိတ်သမုဒ္ဒရာကြီး ရေတွေခမ်းကုန်လို့ အမေရိကန်ကမ်ခြေစောင့်တပ်က လာတားရတယ်။။။။။ 😆

      • inz@ghi

        November 12, 2011 at 11:54 am

        ဝတ္ထု အနေနဲ့ ဖတ်လို့တော့ ကောင်းတယ် လို့ပြောရမယ်ခည ..
        ဒါပေမယ့် ဒီလိုဂျီး ဆိုရင် ကျတော့ မနိပ်ဝူးရယ် ….
        သည်ကိစ္စမှာ တားတာက ဦးကြောင် ဘက်က ရာနှုန်းပြည့်ထောက်ခံကြောင်းပါ…

        ချိတ်ထမိန်မဝတ် ခေါင်းပေါင်းမပေါင်းတဲ့
        ဂေး ဆန့်ကျင်ရေး ကိုယ်စားလှယ် …..
        ယောက်ျားစစ်စစ်… ဂိုင်းအင်ဇာဂီ…

  • Phyo

    November 12, 2011 at 4:39 pm

    ကိုယ့်ရဲ့အမြင်တွေ ကိုယ့်ရဲ့စိတ်ဓါတ်အရင်းခံတွေ ကိုယ့်ရဲ့သဘောထားတွေကို ကွန်မင်းပေးကြတဲ့ အစ်ကိုတွေ အစ်မတွေ အားလုံးကို ကျေးဇူးတင်ပါတယ်ဗျ။ ကျနော် တင်ထားတဲ့ဆောင်းပါးလေးက ရွာထဲမှာ လာရှုပ်တယ်လို့ဆိုရင်လည်း ဘာမှမပြောချင်ပါဘူး။ ဒါပေမယ့် ပြန်စဉ်းစားကြည့်မယ်ဆိုရင် ကျနော်တို့ တကယ့်လက်တွေ့ လူမှုဘဝထဲမှာရော ဒီဇာတ်လမ်းတွေလိုမျိုး မရှိဘူးလားဆိုတာ စဉ်းစားစရာပါ။ ဒီဇာတ်လမ်းလေးက စိတ်ကူးယဉ် ဇာတ်ဝတ္ထုလေး မဟုတ်ပါဘူး။ လက်တွေ လူမှုပတ်ဝန်းကျင်မှာ အများကြီး ကြုံတွေ့နေရတဲ့ ဖြစ်ရပ်လေးတွေပါ။ အဲဒီလိုဟာမျိုးကို ဝိုင်းဝန်းဆဲဆိုနေယုံနဲ့ ကျနော်တို့ လူမှုအသိုင်းအဝိုင်းက ပျောက်ပျက်သွားနိုင်မလား။ ကျနော်ထင်ပါတယ်။ ဒီဆိုဒ်ထဲမှာရှိနေကြတဲ့ အစ်ကိုတွေ အစ်မတွေ ညီအစ်ကိုမောင်နှမအားလုံးက လူ့အခွင့်အရေးကို အပြည့်အဝလေးစားလိုက်နာပြီး လူလူချင်း စာနာစိတ်နဲ့ မေတ္တာထား ဖေးမကူညီကြမယ့် လူထုတစ်ရပ်ကို ပေါ်ပေါက်လာအောင် လုပ်ဆောင်ပေးကြဖို့ အတွက် ကြိုစားနေတယ်လို့ ယုံကြည်ပါတယ်။ အဲဒီလို လူမျိုးတွေကနေ ဒီလိုမျိုး ရုတ်ရင်းကြမ်းတမ်း ဆဲဆိုကြိမ်းမောင်းနေတဲ့ ကွန်မင်းတွေချည်းပဲ ပေးနေမယ်ဆိုရင် ဘယ်လိုလုပ် လူမှုအသိုင်းအဝိုင်းတွက် လုပ်နေတယ်ဆိုတာကို ကျနော်တို့ ယုံကြည်လို့ရပါ့မလဲ။ ကျနော့်တင်ထားတဲ့ ဆောင်းပါးလေးထဲမှာ ဆဲရေးတိုင်းထွာတာ ညစ်ညမ်းတာ ကြမ်းတမ်းတာ မဟုတ်တာတွေ တစ်ခုမှ မပါဝင်ပါဘူး။ လက်တွေ့မှာ ဖြစ်နေတဲ့ဟာလေးတွေကို တင်ပြထားတာပဲ ဖြစ်ပါတယ်။ အဲတော့ ကျနော်အံ့ဩတာက ဒီရွာရဲ့ သူကြီးပါဆိုတဲ့ လူတွေကကို စပြီး ဆဲနေကြတာဆိုတော့ နည်းနည်းတော့ မြန်မာ့လူမှုအသိုင်းအဝိုင်းရဲ့ စရိုက်တွေကို ပြန်စဉ်းစားစရာ ဖြစ်စေပါတယ်။ ကျနော်ဆိုလိုတာ အားလုံးကို လက်ခံပါဆိုပြီး အတင်းအကျပ် လုပ်ခိုင်းနေတာ မဟုတ်ပါဘူး။ လက်မခံရင်နေပါ။ ဒါပေမယ့် မနှိပ်ချပါနဲ့၊ ခွဲခြားဆက်ဆံခြင်းမလုပ်ပါနဲ့။ အဲဒါကြောင့် ကျနော်ဖြစ်စေချင်တဲ့ ဆန္ဒလေးက ဆဲရေးတိုင်းထွားနေမယ့်အစား ဘယ်လိုမျိုးနည်းလမ်းနဲ့ လူမှုအသိုင်းအဝိုင်းတွင်းမှာ ပါဝင်နိုင်မလဲ ဆိုတဲ့ နည်းလမ်းလေးတွေကို ပေးစေချင်တာပါ။ ပြီးတော့ ဒီလိုလူတွေရဲ့ ဘဝ စိတ်ခံစားမှုလေးတွေကိုလည်း နားလည်စေချင်တာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။

    • ကိုရင်စည်သူ

      November 12, 2011 at 5:08 pm

      ဂေးဂလေးဖြိုးစာတွေ ဖတ်လိုက်တဲ့ သကာလ
      ကိုရင့် ဟက်ကို လုံးဝထိသွားပါတယ်ကွဲ့…
      ဒီလို ပို့စ်မျိုးရေးချင်ရင် မြန်မာဂေးလ်ဆိုဒ်တွေ
      အများကြီးပါကွဲ့… ရွာထဲမှာ အဆဲခံချင်လို့ လာရေးတာ..
      Ballလ် ပဲစုပ်ကွာ ဆဲတော့ ဘာဖြစ်လဲကွာပဲပြောတော့မယ်…
      (အဲ့လိုဆဲတော့လဲ တကယ်စုပ်မယ့်ရုပ်)
      သဂျီးကအစ ရွာသားတွေအားလုံးက လူတွေပဲကွ…
      ပါးစပ်ပါတယ်… လက်ပါတယ်.. ဆဲစရာရှိဆဲမယ်..
      ဖြဲစရာရှိဖြဲမယ်.. တရားပြစရာရှိပြမယ်… မင်းလာဆုံးမနေစရာမလိုဘူး…
      ကိုရင့် နောက် ၁ဝနှစ်ကျ ရွေးကောက်ပွဲနိုင်လို့
      အမတ်တစ်နေရာရရင် မင်းတို့အတွက် ဂျပန်က
      ဗိုက်ပရေတာတွေ တရားဝင်သွင်းခွင့် ပါမစ်ပေးပါ့မယ်လို့ ကတိပြုပါတယ်… 🙂 🙂

      တောင်ကိုမဖောက်တောင်းကိုမဖောက် စီထောင်ဖောက်မယ့် 😀 😀
      ိကိုရင်စည်သူ

      • Phyo

        November 12, 2011 at 5:42 pm

        ဆဲတာတော့ ဘာမှမဖြစ်ပါဘူးဗျ။ ဒါပေမယ့် ပေးထားတဲ့နာမည်က ကိုရင်။ တင်ထားတဲ့ ဓါတ်ပုံက ဗုဒ္ဓဘာသာဝင်တွေအတွက် အထွဋ်အမြတ်ထားရတဲ့ ဘုန်းကြီးဓါတ်ပုံ။ ပြီးတော့ စိတ်နှလုံးသားနဲ့ ပါးစပ်ကထွက်လာတဲ့စကားက ရုတ်ရင်းကြမ်းတမ်းတဲ့ ဆဲဆိုတဲ့စကား။ အဲတော့ ကိုယ့်ကိုယ်ကို ပြန်စဉ်းစားကြည့်ကြည့်ပါလား။ ပြီးတော့ အမတ်နေရာ ရအောင်လုပ်ဦးမယ်။ စဉ်းစားစရာပဲ။ မြန်မာနိုင်ငံရဲ့ အနာဂတ်မှာဖြစ်လာမယ့် အမတ်တွေရဲ့ အခြေအနေ။ 🙂

        • ကိုရင်စည်သူ

          November 12, 2011 at 5:59 pm

          ဟဟ… ဂေးဂလေးရဲ့..
          ကိုရင်စည် အမတ်ဖြစ်ရင် စိတ်မဆိုးတတ်တဲ့ ဘာမှမဖြစ်ဘူးဆိုတဲ့ မင်းဂလေးကို
          ဖိုးတွမ်တီး နေရာမှာထားပါ့မယ်… စိတ်ကောက်မနေနဲ့…
          စိုက်ပျိုးရေးမှာ မင်းဂလေးအကြိုက် ခရမ်းသီးကို ပိုမိုတိုးချဲ့ စိုက်ပျိုးခိုင်းပါ့မယ်..
          (အဲ့လောက်မှမကျေနပ်သေးရင် ဒူရင်းသီးကို စိုက်ပျိုးခိုင်းလိုက်ပါ့မယ်ကွဲ့)
          ခုဖြစ်နေတဲ့အမတ်တွေက ကိုရင်ထက် တော်တော်ညံ့ပါတယ်..
          ကွန်ပျူတာကြီးရှေ့ထားပြီး စာတောင်ကောင်းကောင်းရိုက်တတ်တာမဟုတ်ဘူး…
          ကိုရင် အမတ်ဖြစ်လာရင် မင်းဂလေးအတွက် ဂေးလ်အခွင့်အရေးကို
          လွှတ်တော်မှာတင်သွင်းပေးပါ့မယ်ကွယ်….
          ကဲ… ကျေနပ်ပီလား.. ကိုရင့်နှလုံးသားကို မကျေနပ်လို့
          ဂွေစုပ်မနေနဲ့ဦး….:D 😀
          (း ဝစ်စနလုံးပေါက်ကျန်သွားတယ်)

          တောင်ကိုမဖောက်တောင်းကိုမဖောက် စီထောင်ဖောက်မယ့် 😀 😀
          ိကိုရင်စည်သူ

        • ကိုရင်စည်သူ

          November 12, 2011 at 6:14 pm

          ချပစ် ဆော်ပစ်ကွာ မထောက်ခံတဲ့သူရော၊ ကန့်ကွက်တဲ့သူရော။ ကြည့်ဖို့ပြောတဲ့သူရော၊ သင်ခန်းစာယူခိုင်းတဲ့သူရော အကုန်လုံးကို ဗဲရီးဂွတ်လုပ်ပစ်။။ မီးဒုတ် မီးဒုတ် ရှို့ရှို့…….မီးဒုတ် မီးဒုတ် ရှို့ရှို့…….မီးဒုတ် မီးဒုတ် ရှို့ရှို့…….မီးဒုတ် မီးဒုတ် ရှို့ရှို့…….မီးဒုတ် မီးဒုတ် ရှို့ရှို့…….မီးဒုတ် မီးဒုတ် ရှို့ရှို့…….မီးဒုတ် မီးဒုတ် ရှို့ရှို့…….မီးဒုတ် မီးဒုတ် ရှို့ရှို့…….မီးဒုတ် မီးဒုတ် ရှို့ရှို့…….မီးဒုတ် မီးဒုတ် ရှို့ရှို့…….မီးဒုတ် မီးဒုတ် ရှို့ရှို့………..
          ူူူူူူ……………….
          …………………..
          ………………………မီးဒုတ် မီးဒုတ် ရှို့ရှို့…….။ 👿
          (မင်းဂလေးအတွက် ပြောစရာကတော့ ဒါပဲရှိပါတော့တယ်…
          ဦးကြောင်ကြီးကွန့်မန့်မှ တိုက်ရိုက်ကူးချထားသည်)

        • ကြောင်ကြီး

          November 12, 2011 at 7:47 pm

          အံမယ် အံမယ် ဒင်းကများ လာသေးတယ်.. လူမှုအသိုင်းအဝန်း၊ အနာဂတ် ဘာညာနဲ့။ ငါတို့မပြောနဲ့ ငါတို့ဆီကထွက်တဲ့ စပန်းတောင် နင်တို့ထက် အဖြစ်ရှိတယ်။ ကိုယ် fင်ယားတာ အားမရလို့ သူများကိုပါ လိုက်ဆွပေးနေတယ်။ နင်တို့a၆တွေ အကြောင်း မသိရင်ခက်မယ်။ ယောက်ျားဖက်က မကောင်းတဲ့ စရိုက်နဲ့ မိန်းမဖက်က ဆိုးတဲ့အကျင့် ယူထားရတာကို အဟုတ်မှတ်နေလား။ နင်တို့ကြောင့် ကောင်းကောင်းမွန်မွန် ဂျီပုန်းတွေပါ နာမယ်ပျက်တယ်။ သဂျီးကို ဆွဲမထည့်နဲ့၊ သူက၆နေပေမဲ့ လွှတ်တော်အမတ်မှ စဉ်းစားတာ။ နင်နဲ့တူလို့လား။။။ 😡

        • မင်းပြည့်ရှိန်

          November 13, 2011 at 4:28 pm

          မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ ဖြစ်လာမယ့် အမတ်တွေရဲ့ အခြေအနေကို မတွေးနဲ့ဦး
          မြန်မာနိုင်ငံမှာ နင့်လို့ ဟိုမရောက် ဒီမရောက်တွေ များလာမှာကို တွေးပူဦး..
          အဲဒါ နိုင်ငံရေးပဲ.. နင်ပြောသလို ခေါင်းစဉ်တပ်ထားမှ မဟုတ်ဘူး…
          ယောက်ျားချင်း… ကြိုက်နေရင် နင်တောင် ထွက်လာမှာ မဟုတ်ဘူး…
          ဖင်စုတ်တာပဲ အဖတ်တင်မယ်…
          သောက်ကောင်မ ရေးချင် ဂေးဆိုဒ်တွေ သွားရေး…
          ိကိုယ့်နေရာကိုယ်နေ….
          လာမရှုပ်နဲ့….
          ခပ်ရှင်းရှင်းပဲပြောမယ်… လူဂျီးတွေ သေးပေါက်တဲ့ နေရာ ခေါင်းလာ မလျှော်နဲ့ အကောင်မ

    • Foreign Resident

      November 12, 2011 at 7:48 pm

      ဖြိုး ရေ
      အမှတ်မှားမှာ စိုးရိမ်လို့ပါကွယ် ။
      ” ဒီရွာရဲ့ သူကြီးပါဆိုတဲ့ လူတွေကကို စပြီး ဆဲနေကြတာဆိုတော့ ”
      ဒီရွာရဲ့ သူကြီးက Kai ပါ ။ သူကြီး Kai ကတော့ ဆဲဆိုလေ့ မရှိပါဘူး ။

      အဘရဲ့ Personal သဘောထားကတော့
      GLBT ( gay, lesbian, bisexual, and trans-gender ) အားလုံးကို
      လူသားတစ်ဦးအနေနှင့် တန်းတူ သဘောထားပါတယ် ။
      ကံ ပစ်ချရာ ကျနေရတဲ့ လူသားတွေဖြစ်တဲ့အတွက်
      ခွဲခြား နှိမ်ချ ဆက်ဆံလိုစိတ် မရှိပါဘူးကွယ် ။

      တခုတော့ရှိတာပေါ့နော် ။
      အဘ လိုအမြင်ရှိမယ့်သူတွေက မြန်မာအသိုင်းအဝိုင်းမှာ အနည်းစု ဖြစ်မှာပါ ။
      အဲဒီအခါကျတော့ GLBT အကြောင်းတွေကို Post ရေးတင်တဲ့အခါ
      တချို့က GLBT ဖြစ်ဖို့ လာဆွဲဆောင်တယ်လို့ ထင်ကြပြီး
      နဲနဲ အစွန်းရောက်တဲ့ Comment တွေထွက်လာကြတာပေါ့ ။
      စိတ်မကောင်းပါဘူးကွယ် ။ ဒါပေမယ့် ရှောင်လွဲလို့မရပါဘူး ။

      ဒီအောက်ကစာပိုဒ်ကို ဖြိုး မဖတ်ပါနှင့်ကွယ် ။

      ရွာသူားတို့ရေ ဗုဒ္ဓဘာသာ တရားတော်အရဆိုရင်
      Gay တွေကို လှောင်ပြောင်ကဲ့ရဲ့တာဟာ
      နောင်ဘဝမှာ Gay ဖြစ်စေတဲ့ အကြောင်းရင်းနော် ။
      အဘတော့ ဝဋ်လည်မှာကြောက်တယ် ၊ မပြောရဲဘူး ။

      • ကြောင်ကြီး

        November 12, 2011 at 8:00 pm

        အမယ်လေးလေ့ ဦးဖောက ဒင်းရေးခဲ့တဲ့ စာတွေကို မဖတ်မိလို့ပါ။ ရွာထဲမှာတောင် ရှိအုံးမယ်။ အစကတော့ အိညောင်အိညောင်နဲ့ နောက်ပိုင်းကြတော့ တစ်တစ်ခွခွတွေ ပါလာလို့ ရွာသားတွေ စုပေါင်းပြီး တောထုတ်ထားရတာ ရာဇဝင်ရှိတယ်။ နောက်ဆုံးမှာ theGပုန်းနေရာကနေ ထွက်လာပြီး သတ်မှတ်ထားတဲ့ လေဘယ်လ်အောက်မှာပဲ ရေးဖို့သတ်မှတ်လိုက်တယ်။ အဲဒီ GLBT ခေါင်းစဉ်နဲ့ဆိုရင် ရွာပင်မစာမျက်နှာမှာ တက်မလာရဘူး။ ဖတ်ချင်တဲ့သူက category အောက်မှာ သွားဖွင့်ဖတ်မှရတယ်။ နောက်ပိုင်းတော့ သဂျီးလည်း ပိုပို၆ လာတယ်ထင်ပါ့။ ရွာသားတွေ မေ့လောက်ရှိရင် ဇာတိက ပြပြလာဒယ်။။။။။။
        စစ်တပိုင်းအစိုးရကို ဖားတဲ့အပြစ်ကတပြစ်၊
        ဂေးဖြစ်ချင်တဲ့ အပြစ်ကတပြစ်၊
        အဓမ္မရုပ်ဝါဒီ သာသနာဖျက် အပြစ်ကတပြစ်၊
        သုံးပြစ်တော့ သဂျီးမှာ ရှိနေပြီ။ အမြင်မှန်ရပါတော့ သဂျီးရယ်။ ကျနော့်မှာ မိုးကြိုးသံကြားတိုင်း သဂျီးအတွက် စိတ်ပူနေရတယ်။။။။။ 😀

        • Foreign Resident

          November 13, 2011 at 1:32 am

          သတင်း မျှဝေတဲ့အတွက် ကျေးဇူးပါ ဦးကြောင် ရယ် ။
          ကဲ မ/ကို ဖြိုး ကလည်း ဆင်ခြင်ပေါ့ကွယ် ။
          ဦးကြောင် ပြောသလိုဆို သဂျီးမှာ အပြစ်တွေ တော်တော်များနေပြီပဲ ။

      • ကိုရင်စည်သူ

        November 12, 2011 at 8:02 pm

        ဟွန့်.. အဘမာစတာဖောဝင်ပြောလို့
        တရားမှတ်ပြီး စိတ်ထိန်းလိုက်ပြီ…
        (အဘဆုံးမလို့ ဒီကွန့်မန့်လောက်နဲ့ အဆုံးသတ်လိုက်မယ်…)
        မင်းဂလေးလို ဂျီပုန်းလုပ်တာ တော်ကြာ
        ကောင်းကောင်းမွန်မွန် အေးဆေးနေတဲ့ ဂျီးပုန်းလေးတွေ
        ရုပ်ချော သဘောကောင်းတဲ့ ကိုရင်ကို အချစ်ပေါ့သွားအုန်းမယ်…။ 😀 😀 😀
        သဂျီးကို ဆဲတယ်သွားစွပ်စွဲနေ ဟိုက ထလာမှ..
        နင့်ဖင်ကို အိုဂျီဆီသွားအပ်နေရအုန်းမယ်..
        တို့သဂျီးက ကိုရင်တို့လို ရွာသားတွေကို ထိန်းထားတာ…
        အချဉ်မမှတ်နဲ့…
        မင်းဆို အချက် ၅ဝလောက်တော့ အသာလေးချုပ်ရမယ်… 👿 👿
        ရွာထဲ ဂျီပုန်းလုပ်မယ်ဆိုလဲ အေးဆေးနေ…
        ပြောရင်လည်း ကိုရင်တို့ လွန်ရာကျမယ်…

        လှေခွက်ချည်းကျန် အလံမလှဲတဲ့
        ကိုရင်စည်သူ

      • မင်းပြည့်ရှိန်

        November 13, 2011 at 4:37 pm

        ဦးဖောရေ..
        လှောင်ပြောင်ကဲ့ရဲ့နေတာ မဟုတ်ကြပါကြောင်းနှင့်…
        ကိုယ့်နေရာ ကိုယ်မနေဘဲ
        လမ်းမပေါ် ဟိုဟာ လာလုပ်နေတာကြောင့်…
        ဆဲဆို မောင်းထုတ်နေတာသာ ဖြစ်ပါကြောင်း….
        အမျိုးကောင်းသား အမျိုးသမီးကောင်းများ နည်းသွားမှာ စိုးတာကြောင့်…
        စေတနာ ဗရဗွဖြင့် သာသနာနှင့် တိုင်းပြည် အကျိုးမျှော် ဆောင်ရွက်နေတာဖြစ်ကြောင်းခင်ဗျား..

      • Foreign Resident

        November 14, 2011 at 1:17 am

        ရွာသူားတို့ရယ်
        အဘ လည်းသိပါတယ်ကွယ် ။

        အဘအမှတ် မမှားဘူးဆိုရင် ဒီနာမည် နှင့်ပဲ XMyanmarX ဆိုဒ်မှာ
        အမေစု ကိစ္ခနှင့် ပါတ်သက်ပြီး အကြီးအကျယ် စကားများခဲ့ပြီး
        Banned အလုပ်ခံခဲ့ရပါတယ် ။
        ( ဖြိုး ရေ အဘ အမှတ်မှားရင် ပြင်ပေးပါကွယ် ။ ကြိုတင်တောင်းပန်လျှက် )

        သို့သော် ပြင်သစ်စာရေးဆရာကြီး ဗောလ်တဲယား ရဲ့ စကားတစ်ခွန်း ရှိတယ် ။

        ” ခင်ဗျား ပြောတဲ့ဟာကိုတော့ ကျုပ်သဘောမတူဘူး ၊
        ဒါပေမဲ့ ခင်ဗျား အဲဒါ ပြောဆိုခွင့် ရဖို့တော့ ကျုပ် အသေခံပြီး ကာကွယ်ပေးသွားမယ် ”

        တဲ့ ။ စဉ်းစားကြဖို့ပါကွယ် ။
        အဘကို ခွင့်လွှတ်ကြပါအုန်းကွယ် ။

  • “ဘီလူးကြီး”ogre

    November 12, 2011 at 5:03 pm

    လိင်တူချစ်သူ များ အခွင့် အရေး ရက်သတ္တပတ်

    ယခုအခါ Social Network များရှိ လူငယ်များ၏ Profile များတွင် အခြောက်လား ကြောက်တယ်တို့၊ အခြောက် ဆိုသော စကားကို တွင်တွင် သုံးကာ ရိုင်းစိုင်း စွာ ဆက်ခံ ခံ နေရပါသည်။ မိမိ တို့ ညီအကို မောင်နှမ များကို မိမိ တို့ ကိုယ်တိုင် ကာကွယ်ကြပါစို့။ မိမိတို့ အခွင့် အရေးကို မိမိ တို့ ကာကွယ်ကြရမည်ဖြစ်သည်။

    လိင်တူချစ်သူ များ အခွင့် အရေး ရက်သတ္တပတ် အနေနှင့် Social Network များ ဖြစ်သော Facebook, My Space တို့ တွင် မိမိ Profile Picture များအား လိင်တူချစ်သူ တို့အားကိုယ်စားပြုသည့် သက်တံအလံများ၊ လက်တွင် Gay Symbol များ ရေးသားကာ ဓါတ်ပုံရိုက်၍ ပြောင်းလဲ အသုံးပြုကြပါစို့။

    Myanmar LGBT Society
    #####################################################
    အကိုဂျော်လကီပုရေ
    ဒီစာအရဆို အကိုပြောတဲ့ဆေးခန်းဝင်ငွေပိုကောင်းမယ့် အခြေအနေရှိတယ် ဗျ
    ““တောက်…နာသကွာ”” စောစောထဲက ဖင်ချုပ်တဲ့ ဆရာဝန်လုပ်ရမှာ… 😉 🙂 😛

    • windtalker

      November 12, 2011 at 6:47 pm

      ဟုတ်ပ ၊ ကိုလူး ရာ
      ဘာလို ့များ ဖင်ချုပ်တဲ့ ဆရာဝန် ဖြစ်အောင် မလုပ်ခဲ့မိတာပါလိမ့်

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 12, 2011 at 8:31 pm

    ဟမလေး
    ဟမလေး
    ဖြိုး ဂို ဝိုင်းပြီး ဆော်ဂါးနေလိုက်ဂျဒါ
    ကြည့်ဇမ်း ကြည့်ဇမ်း
    ကိုကြောင်ဂျီးဆို တစ်ယောက်ထဲ ခြောက်ခါဒေါင် 😀 ( ကော်မန့် )
    ကိုရင်စည်သူ ဆို စီနီယာ 😀
    မာမီ့သားကြီး အောင်ဇေယျကလည်းပါလိုက်သေး
    ဘီလူးကြီးကလည်း ချုပ်လိုက်ဦးမယ်ဒဲ့
    ဘကြီးဖောကတော့ စမ်းကြည့်ခြင်လို့ အချိုသပ်နေဒယ် 😀
    ကျန်တဲ့သူတွေဂလည်း ဝိုင်းပီးဒေါ့
    အမလေးအမလေး
    ဖြိုးကိုတော့ချီးကြူးတယ် ဂယ်
    တပ်စိတ် တစ်စိတ်လုံးကို ကြံ့ကြံ့ခံထားဒါ
    အားမငယ်နဲ့ ဖြိုး တောင့်ထား တောင့်ထား
    သံမဏိစိတ်ဓာတ် သံမဏိစိတ်ဓာတ်

    • ပေါက်ဖော်

      November 12, 2011 at 8:39 pm

      တပ်ရင်း တစ်ရင်းလုံး တောင့်ခံနိုင်အောင်လဲ မှာဦးလေ..

      ကျန်တဲ့ တပ်သားတွေ…ဒီနေ ့..အနားယူနေကြလို ့ထင်တယ်..
      နောက်နေ ့လာကြမှာ..မြင်ယောင်သေး..မြင်ယောင်သေး..

      🙄

  • koyinmaung

    November 12, 2011 at 8:35 pm

    ဟုတ်တယ်ဦးဖောရေ ကိုကြောင်ကြီးပြောတာမှန်တယ်
    အယင်ကရွာထဲကို မိဖြိုးမွှေသွားဘူးတယ်
    လင်တူဆက်ဆံတဲ့အကြောင်းတွေတစ်တစ်ခွခွရေခဲ့ဘူးလို့
    ရွာသူသားတွေညီညီညာညာနဲ့ဖယ်ထုတ်ခဲ့ရဘူးပါတယ်…
    ခုလဲ..အစပျိူးလာပြန်ပြီ…
    ဖြိုးရေ..ဒီဆိုက်မှာဒါမျိုးတွေလာမရေးပါနဲ့တောင်းပန်ပါတယ်…
    အမြင်မတော်ပြောမိပြန်ယင်ဦးဖောပြောသလိုဝတ်လိုက်နေအုံးမယ်….
    ကိုကြောင်ကြီးတို့ကိုရင်စည်သူတို့ကတော့
    နောင်ဘဝကျယင် အင်………………

    • ပေါက်ဖော်

      November 12, 2011 at 8:42 pm

      ပက်ပက်စက်စက်
      ခွခွတစ်တစ်..
      ပြစ်ပြစ်နှစ်နှစ်..

      ခံရဦးမယ်..(အပြော ခံရမှာ)

      😆

  • ကျွန်တော့်အိမ်နီးချင်းကလေးမလေးတစ်ယောက်က ဘယ်သန်ပါ။ ဒါပေမယ့် သူကစာယေးတော့ ညာလက်နဲ့ ယေးပါတယ်။ စကားစပ်မိလို့ပြောကြတော့ ဒီကလေးမလေးကို ငယ်ငယ်ကတည်းက မိဘတွေ။ ဆယာမတွေက လက်ကလေးကို တုတ်နဲ့ယိုက်ယိုက်ပြီး ဆုံးမခဲ့လို့ အခုတော့ ညာသန်ဖြစ်သွားကြောင်း အားပါးတယပြောပြကြပါတယ်။ ကျွန်တော် ဘာမှပြန်မပြောခဲ့ပေမယ့် စိတ်ထဲ ဘယ့်နှယ့်ဖြစ်သွားမှန်းမသိဘူး။ မတော်မတယားနိုင်လိုက်လေလို့ တွေးမိပါတယ်။ ဒါ ဘယ်သန်ညာသန်ကိစ္စလေးပါ။ ဖြိုးကလည်း တဏှာကိစ္စမပါဘဲ လူမှုအခွင့်အယေး လူ့အခွင့်အယေးကို ဦးတည် ပြောမယ်ဆိုယင် သိပ်ကောင်းမှာပါ။ မြန်မာတွေက discrimination သိပ်လုပ်တာ မကောင်းဘူးဗျာ။

  • parlayar46

    November 13, 2011 at 1:29 am

    မောင်ဖြိုးရေ
    အရင်က မောင်ရင်လေး ရေးတာတွေကိုလဲ အန်ကယ်ဖတ်ဘူးပါသကွယ်။ အဲဒါတွေကို အစမဖေါ်တော့ပါဘူး။
    အခုတင်တဲ့ ပိုစ့်အပေါ်မှာပဲ ကွက်ပြီးပြောရရင်-
    အခုဘာလို့ဝိုင်းဆူသလဲ – သိလား
    အဲဒါ ဒီပိုစ့်မျိုးကို မောင်ဖြိုးရေးလို့ – ဂေးက လိင်တူကိစ္စလာရေးလို့
    တကယ်လို့များ ဒီဇတ်လမ်းကို တခြားလူကရေးရင်ဖြစ်ဖြစ်
    မောင်ဖြိုးက လိင်တူကိစ္စမပါပဲ တခြားအကြောင်းရေးရင်ဖြစ်ဖြစ် ဒီလိုဝိုင်းပြောတာမျိုး ဖြစ်မှာမဟုတ်ဘူးလေ။
    ဒီရွာမှာ ဒါမျိုးလက်မခံတာ မောင်ဖြိုးလဲ သိပြီးသားနော်
    အန်ကယ်တို့ မြန်မာအသိုင်းအဝိုင်းမှာ ဒါမျိုးလက်ခံနိုင်အောင် တော်တော်စောင့်ရဦးမယ်။
    ဒီအတောအတွင်းတော့ အုံ့ပုန်းလေးပဲနေကြပါကွယ်။
    မောင်ရင်တို့လဲ အစော်ကားမခံရ – သူများလဲ အကုသိုလ်မများ တဲ့
    ဝင်းဝင်း နည်းလမ်းလေးနဲ့ပေါ့။ (win-win approach)

    စကားချပ် ။ ။ ကျုပ်ကလဲ အရင်က အင်မတန် အခြောက်မုန်းတာ။ ငယ်ငယ်ကဆို အခြောက်မြင်ရင် ကိုယ်ထိလက်ရောက် လိုက်ရန်ရှာတာ။ အခုတော့ အဲဒါ မှားမှန်းသိပါပြီ။ အခြောက်လဲမမုန်းတော့ပါဘူး။ ဒါက မြန်မာ့အသိုင်းအဝိုင်းရဲ့ ရေခံမြေခံစိတ်ဓါတ်အခံကိုပြောတာပါ။ အဲဒါကို GLBT တွေ သတိပြုကြပါစေ။

  • kai

    November 13, 2011 at 2:41 am

    ကိုဖြိုးရေ..

    ဒီရွာရဲ့ သူကြီးပါဆိုတဲ့ လူတွေကကို စပြီး ဆဲနေကြတာဆိုတော့ နည်းနည်းတော့ မြန်မာ့လူမှုအသိုင်းအဝိုင်းရဲ့ စရိုက်တွေကို ပြန်စဉ်းစားစရာ ဖြစ်စေပါတယ်။

    ဆိုတာကိုရှင်းပြရေးရမဲ့ တာဝန်ရှိလာလို့ဝင်ရေးလိုက်တာပါ။
    ကိုရင်FR လည်း ရှင်းသင့်သလောက်ရှင်းထားပြီးပါပြီ. အဲဒီအတွက် FRကိုကျေးဇူးပါနော.။

    ဒီရွာမှာ ကျုပ်ကပဲ အက်ဒ်မင်၊ အယ်ဒီတာတာဝန်ယူထားပါတယ်။ ပုံနှိပ်သတင်းစာမှာတော့ အယ်ဒီတာချုပ်တာဝန်ယူထားတာပါ။
    အခုထိ ဝက်ဘ်ဆိုက်တခုလုံးခြုံပြီး မော့ဒ်ဒရိတ်တာ တာဝန်လွှဲပေးထားတဲ့သူမရှိသေးပါဘူး။
    (လွှဲမလို့တော့ ရွာသားတဦးချင်းစီရဲ့ အကျင့်..လုပ်ကိုင်ပုံတွေ သေချာကြည့်နေတာပါ) ❗

    ကိုဖြိုးတို့ ဂေးတွေကိစ္စအရင်က ရွာထဲကလူအများစုနဲ့ပြဿနာဖြစ်ဖူးတာ သတိရချင်ရပါလိမ့်မယ်.။
    အဲဒီတုံးက ကျုပ်က ဘယ်ဖက်က ရပ်ပေးခဲ့သလည်း ဘယ်လိုဆုံးဖြတ်ပေးခဲ့သလည်း သတိရပါနော။

    ဆိုတော့..
    ဂေးတွေက တန်းတူအခွင့်အရေးလိုချင်ရင် ကြိုးစားကြဖို့ပဲရှိပါတယ်..။
    အဲဒီမှာ အဆဲခံချင်ခံရမယ်.။ အရိုက်ခံရမယ်..။ ယူအက်စ်မှာဆို အသတ်တောင်ခံရတာတွေတောင်ရှိခဲ့ပါတယ်.။
    လူထုကိုစည်းရုံးရာမှာ နည်းပညာလိုပါတယ်.။
    အချိန်ယူရမှာပါ။ မြန်မာဆိုတာက အရမ်းကွန်ဆာဗေးတစ်ဖြစ်လွန်းတာမို့.. ပိုပြီးအချိန်ယူရမှာပါ။
    နောက်တခုပြောချင်တာကတော့..ဖြစ်နိုင်ရင်ပေါ့လေ..။
    အခုလို ဖွဲ့နွဲ ့ရေးတဲ့ ရသမျိုးနဲ့.. ဂေးအကြောင်းရေးတာထက်စာရင် ဂေးနဲ့ပါတ်သက်တဲ့.. နည်းပညာ၊သတင်း တွေကိုသာ ရေးတင်စေလိုတာပါပဲ..။ ပိုထိရောက်မယ်လို့ ထင်ပါတယ်..။

    ဘာပဲဖြစ်ဖြစ်…
    အခုလို ဆဲဆိုတာတွေကို.. သည်းခံပေး..ပြင်းထန်စွာမတု့ ံပြန်ပေးတဲ့အတွက် ကျုပ်ကကျေးဇူးတင်ကြောင်းပြောလိုပါတယ်….။
    ရွာထဲ.. ရွာသူားအနေနဲ့တော့ တန်းတူအခွင့်အရေး ပေးထားပါကြောင်းနဲ့..
    ဂေးအနေနဲ့တော့ကတော့.. ဆက်လက်ကြိုးစားစေလိုကြောင်း…။ 😆

  • အိမ်း… ဖြိုးဆိုတဲ့ ၆၆ လေးရေ

    ကျုပ်ဆိုလျင်လဲ ခုထိတိုင်အောင် GAY ဆို အသေအလဲ မုန်းသပေါ့လေ
    ဒီ Post လေးကို စတင်ခကတည်းက၊ ဘယ်သူမှ မမန့်ခင်ကတည်းက ဖတ်မိသပေါ့ (ဖတ်မိဆိုကျုပ်က လိုင်းပေါ်မှာ အမြဲနီးပါးရှိနေတာလား)။ အရေးအသားအရ တော်တော်လေးပညာသားပါသလို လွန်စွာလဲ အနုပညာမြောက်လှတယ်လို့ဆိုရမယ်။ စာကို ဖတ်ကြည့်တဲ့အနေအထားမှာတော့ တင်ပြလိုရင်းကို နောက်ဆုံးကျမှ ထုတ်ပြသွားတာ တွေ့ရတယ်။ တွေးမယ်ဆိုရင်တော့ အတွေးနယ်ချဲ့စရာတွေလဲ များသပေါ့လေ။ GAY ဖြစ်အောင် ဆွဲဆောင်မှုပြုတဲ့ အတုပညာရပ်တစ်ခုလို့လဲ မမြင်မိပါဘူး။ ခံစားမှုရသတစ်ခု ဖြစ်မြောက်အောင် အနုပညာနဲ့ ဖန်တီးသိမ်းသွင်းသွားနိုင်တယ်လို့ပဲ မြင်မိပါတယ်။ (ဒီနေရာမှာ ခင်ဗျားနဲ့ပါတ်သက်ပြီး ကျုပ်ပါ ဝိုင်းဆဲခံရမှာ ကြောက်သား)

    ဆိုတော့ကာ ဇာတ်လမ်းကို အကျဉ်းချုပ်တင်ပြရမယ်ဆိုရင် မမြသွေးနဲ့ ကိုဖေဝင်း၊ မမြသွေးက မိဘပေးစားလို့ ကိုဖေဝင်းကိုလက်ထပ်ယူခဲ့ရတယ်လို့ဆိုတယ်။ ကိုဖေဝင်းကလဲ နဂိုကတည်းက အနေအေး။ ဒါပေမယ့်ပေါ့လေ သူလဲ လိင်စိတ်တော့ရှိခဲ့မယ်ထင်ရဲ့။ မမြသွေးက မိဘတွေပေးစားလို့ ယူခဲ့ရတဲ့ လင်သားဆိုတာကတစ်ကြောင်း၊ ကိုဖေဝင်းကလဲ အေးတဲ့သူဖြစ်တာကတစ်ကြောင်း၊ ညဘက်လင်မယားနှစ်ယောက် ဆက်ဆံတဲ့အခါမှာ မမြသွေးက လှေထိုးကြီး ရိုးရိုးလိုက်ရုံကလွဲလို့ ကိုဖေဝင်းကို စိတ်ကျေနပ်အောင် စွမ်းဆောင်မှု ပြုနိုင်မယ် မထင်ခဲ့ဘူး။ ကိုဖေဝင်းကလဲ ကုပ်ကမြင်းဖြစ်ပုံရတယ်။ သူအရမ်းလိုချင်နေတာကို သူ့မိန်းမဖြစ်တဲ့ မမြသွေးကိုလဲ တောင်းဆိုလို့ ရနိုင်မယ်မထင်ဘူး။ ဒီတော့ သူ့စိတ်တွေ ပြောင်းလဲစပြုလာမယ်။ မိန်းမတစ်ယောက်ကို ဘယ်လို စိတ်ခံစားမှုရှိလာအောင်ပြုရမလဲလို့ဆိုတာရယ်၊ သူ့ကိုယ်သူ ယောကျာ်းတစ်ယောက်မပီသ သလို ခံစားလာမိတယ်ထင်တယ်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာ ပေါင်းဖက်လာရင်း သူကလဲ အနေအေးတဲ့သူဆိုတော့ တစ်ခြားမိန်းမတွေလဲ ပါတ်သက်ရဲမယ်မထင်ဘူး။ နောက်တော့ (အသက် ၄ဝကျော်လာတော့) မိန်းမဖြစ်သူက ဘာသာရေးလိုငိးကို လိုက်သွားတယ်။ နဂိုကတည်းက လှေထိုးကြီး ရိုးရိုးက ဘာသာရေးနွယ်သွားပြီဆိုတော့ လင်ယောကျာ်း ဘယ်မှာ အာသာပြေနိုင်တော့မလဲ။ ငယ်နုစဉ်အခါတော့ ကောင်းချင်ကောင်းနိုင်ခဲ့ပေမယ့် ခုလိုအရွယ်မှတော့ ဘာမှ ကောင်းနိုင်စရာမမြင်တော့ဘူး။ ဒါကြောင့်မို့လို့ လိုချင်စိတ်တွေလဲ သိပ်များပြန်၊ တစ်သက်လုံးစောင့်ထိန်းလာတာတွေလဲ မပျက်စီးစေချင်တဲ့ စိတ်အခံကလဲရှိပြန်ဆိုတော့ ခုလို ခြောက်သွားရှာတယ်လို့ ကိုယ်ပိုင်အမြင်သက်သက်ဖြင့်မြင်ရင်း တင်ပြလိုက်ရပါကြောင်း….

    (ရိုင်းတယ်ထင်သွားရင်လဲ သည်းခံ ဖတ်တော်မူကြပါကုန်၊ လူ့သဘော၊ လူ့သဘာဝတွေကိုသာ ရေးပြခြင်းဖြစ်ပါကြောင်း….)

    • etone

      November 14, 2011 at 11:40 am

      သူများတွေ ကော့မန့်မရေးခင်ကတည်းက ကျွန်မကလည်း ဖတ်မိခဲ့ပါတယ် ဒါပေမယ့် ရေးရမှာ လက်တွန့်နေတယ် …. ကိုယ်တိုင်ကလည်း ဝိုင်းစုခိုင်သိမ်းပို့စ်မှာ ဖြိုးဆိုတဲ့ တစ်ယောက်ကို ဗျင်းခဲ့ဖူးတာကိုး 😆 အရင်ကလို အခြောက်တွေကို သိပ်ပြီး မျက်စိထဲမမြင်တော့ဘူး …. ။ ဥပက္ခာပဲပြုထားတော့တယ် ။

      စာရေးတာကြည့်ရတာ အရေးသားကောင်းပါတယ် …. ဒါပေမယ့် ဆင်လိုက်တဲ့ ဇာတ်ကိုကတည်းက လုပ်ကြံဇာတ်လို့ခေါ်မလား ၊ စိတ်ကူးယဉ် ဝတ္တု ဆန်ဆန်မျိုးလို့ပြောရမလား မဝေဖန်တတ်ပါဘူး ။

      ဖြိုးဆိုတဲ့ တယောက်က ဒီစာမျိုးတွေချည်း အရေးများလို့ … သူရေးတိုင်းဒါပဲဖြစ်မယ်ဆိုတာ သိပေမယ့် .. ပြိုင်မပြောချင်တော့ဘူးလေ ။ မပြောရလျှင် မနေနိုင်လို့ တစ်ခုတော့ ပြောပါဦးမယ် … အခြောက်ကြီးမှန်း သူ့မိန်းမသိသွားတဲ့ အခန်းမှာ မိတ်ကပ်တွေ လိမ်းထားတယ်ဆိုတာကတော့ … လုပ်ကြံဇာတ်ကို ပိုပေါ်လွင်စေပါတယ် ။ လိင်တူချစ်ကြိုက်သူတိုင်း ကနွဲ့ကလျမဟုတ်သလို မိတ်ကပ်မလိမ်းပဲ ခြောက်နေတာလည်း အများကြီးပါ ။ အခုအနေထားအရ ဇာတ်ကောင်က လူများအမြင်မှာ မားမားမတ်မတ်ယောကျာ်းကြီးလေ …. ။ နောက်ကွယ်မှာသာ ပုန်းစားတာဆိုတော့ … လိင်တူချစ်ကြိုက်ဖို့ မိန်းမသွင်ပြင် မဖြစ်သင့်ဘူး ။ :mrgreen:

      ဖြိုးကိုယ်တိုင်ကလည်း ယောကျာ်းရုပ်ရည်နဲ့ လိင်တူချစ်သူလို့ ကြော်ငြာခဲ့ဖူးတယ်နော် … အဲ့ဒါနဲ့တွဲမှတ်မိနေလို့ပါ … လိင်တူချစ်သူတွေက အထူးသဖြင့် နှစ်ဖွန်ချက် ၊ နှစ်ဖက်ချွန်တွေဆိုတာ ဒီပို့စ်က သက်သေပြသွားပါရဲ့နော် 😀

  • ပေါက်ဖော်

    November 13, 2011 at 8:32 am

    ငဖြိုးရေ..
    တပ်ချုပ်ကြောင်ဂျီးကို သဂျိုင်ခီးနဲ ့မှားပြောလေသလား..ငါတို ့သဂျိုင်ခီးက မဆဲတတ်ပါဘူး..
    သဂျိုင်ခီး..ဘောကောင်းတာ.နင်မသိသေးဘူးထင်ပ..
    မယုံစမ်းကြည့်…ဘော(သဘော)တော်တော်ကောင်းတယ်… 😆

    စေတနာနဲ ့ပြောရလျင်.အရွက်ပေါ် အပွင့်ပြန်ဖုံးစေချင်တယ်ကွယ်..

    😆

  • ကြောင်ကြီး

    November 13, 2011 at 1:18 pm

    သဂျီး…
    နေ့ခင်းဖက်ခွေပြီး ညဖက်ဟင်းခိုးစားတဲ့ ကြောင်သူတော် လုပ်ဖို့မကြိုးစားနဲ့။ ကြောင်တွေ နာမည်ပျက်တယ်။ 😀 သဂျီးကိုယ်၌က ဖွင့်လိုက်ပိတ်လို့ မတည်ငြိမ်လို့ ဖြစ်တာ။ စီအိုင်အေက ပြောရင်ဖွင့်လိုက်၊ တရုတ်ကြီးကပေးရင် ပိတ်လိုက်၊ နအဖကတောင်းရင် ပေးလိုက်၊ ဖြိုးတို့ကကျွေးရင် စားလိုက် ဘယ်နေ့ စားပိုးနင့်မလည်း မသိဘူး။ 😆

    ဦးပါလေရာ…
    ကျနော်ဂျီလကီးတွေကို မမုန်းပါဘူး၊ လက်တွေ့ဘဝထဲမှာ ရှိနေတဲ့အရာတွေပဲဟာ လက်ခံရမှာပေါ့။ ကျနော့်အသိထဲမှာလည်း ဂျီပုန်းတွေရှိတယ်။ ဒီလိုပဲ ကိစ္စရှိရင် ရောရောနှောနှော နေခဲ့တာပဲ။ သူ့ဘဝနဲ့သူ ကိုယ့်ဘဝနဲ့ကိုယ်ပါ။ ကာမအာရုံ ခံစားမှုဆိုတာ လူတွေအတွက် မတားဆီးနိုင်တဲ့ ဘဝရဲ့ အစိတ်အပိုင်းတခုပါ။ သူလိုကိုယ်လို သူတို့လည်း ခံစားချင်ကြမှာပေါ့။ သူတို့ဘာဖြစ်လို့ အချောင်းကို လိုက်ရှာနေရသလဲဆိုတာလည်း နားလည်တယ်။ ဒါဝင်မှ ဟိုဟာလာပြီး ဟိုဒင်းထွက်မှာကိုး။ နို့မို့ရင် ဘယ်လိုလုပ်မလဲ။ သို့သော် သူတို့မှာ ယောက်ျားတယောက်ရဲ့ စိတ်ရှိနေတယ်၊ အဲဒီစိတ်ကပဲ အတောမသတ် အရွယ်သုံးပါးမရွေး ထချင်တဲ့စိတ်ကို ဖြစ်စေတယ်။ မိန်းမတွေကြတော့ ခန္ဓာဗေဒသဘောအရ၊ ပတ်ဝန်းကျင် သတ်မှတ်ချက်အရ၊ မိသားစုဖိအားအရ အသက်ကြီးလာရင် စိတ်ဆန္ဒနည်းသွားတယ်၊ အခြေအနေ မပေးတော့ဘူးဗျာ။ ယောက်ျားကြတော့ တမျိုး၊ သူ့မှာ စိတ်ဆန္ဒရှိနေတယ်၊ အားကုန်လည်း ပျားအုံတုတ်နဲ့ထိုး အားဖြည့်တယ်၊ အခြေအနေကလည်း ခွင့်လွှတ်တယ်။ ဖြိုးတို့ အခုလုပ်နေတာက ယောက်ျားလို သောင်းကျန်းမယ်၊ မိန်းမလို ခံစားမယ်။ အုံ့ပုန်းလို မနေချင်ဘူး။ ဖြစ်နေသူများက ဖြစ်ချင်စိတ်ရှိသူ၊ နဂိုအခံရှိသူတွေကို နည်းမျိုးစုံနဲ့ လိုက်ဆွတယ်၊ သဘာဝတရားတခုအဖြစ် ပုံသွင်းတယ်။ ကန့်ကွက်သူတွေကို အရူးတွေ၊ ပညာမဲ့တွေ၊ အရိုင်းအစိုင်းတွေအဖြစ် ပုံဖော်တယ်။ ဒီတော့ ကျနော်တို့ကလည်း တားမရပေမဲ့ ပေါ်ပေါ်ထင်ထင် မဖြစ်စေဖို့ ကန့်ကွက်တယ်။ သူတို့ အကြံအစည်က မဖိနှိပ်ဖို့တောင်းဆိုတာ မဟုတ်ဘူး။ လူမြင်သူထင် ယောက်ျားခြင်း နမ်းရှုပ်ဖို့၊ ခါးဖက်ဖို့၊ အတူအိပ်ဖို့၊ လက်ထပ်ဖို့၊ ခလေးမွေးစားဖို့ ကြိုးပမ်းနေတာ။ နောက်ဆို ဘုန်းကြီးဝတ်ခွင့်ပါ လာလိမ့်မယ်။ အနောက်တိုင်းမှာ ကက်သလစ်ဘာသာ အခုလိုမျိုး ကြုံနေရပြီ။ ပြသနာရှာနေတာက မိန်းမလျှာတွေ၊ ယောက်ျားလျှာတွေက အေးအေးဆေးဆေးပဲ။ သဘာဝချင်းတူလို့သာ ယောယောင်ပါနေတာ။
    ဖြိုးရေးတဲ့ စာကိုဖတ်ကြည့်ရင် အဲဒီသဘော မြင်ရတယ်။ ကျနော်တို့က အရင်ကထဲက သူ့အာဘော်ကို ဖတ်ဖူးထားလို့။ စစခြင်းဖတ်သူဆိုရင် ဓာတ်ချင်မှဓာတ်မယ်။ သူပြောချင်တာ လူအဖွဲ့အစည်းထဲမှာ ဒါမျိုးတွေရှိတယ်။ ဖုံးဖိထားလို့ ရှုပ်ကုန်တာ။ ဒီတော့ ဖြစ်ချင်တာ ဖြစ်ခွင့်ပေးလိုက်၊ မထိန်းချုပ်နဲ့။ ဘာသာတရား၊ လူ့ကျင့်ဝတ်ဆိုတာတွေသည် အခြောက်ကိစ္စနဲ့ မဆိုင်ဘူး။ ဒါမျိုးကို သဂျီးတို့အုပ်စု ရေလဲသုံးတယ်။ ယောက်ျား၊ မိန်းမ ကွာခြားမှုမရှိဘူး၊ ကျင့်ဝတ်စည်းကမ်း အသစ်အသစ်တွေ ထွင်ဖို့ကြိုးစားနေတယ်။ ကမာ္ဘမှာလည်း အဲဒီရေစီးကြောင်း ရှိတယ်။ ဒါကို သူတို့က အသုံးချနေတာ။ အရှိန်မရခင် တားနိုင်ရင်တား၊ မတားနိုင်ရင် ထိုင်းနိုင်ငံလို ဖြစ်သွားလိမ့်မယ်။ ဖြစ်သွားမှ အတင်းအကြပ်တားမယ်ဆိုရင် နိုင်ငံရေး၊ လူမှုရေး ခွဲခြားမှုအဖြစ် နိုင်ငံတကာမှာ ရှုမြင်ခံရမယ်။ အဲဒီကြမှဆိုရင် နောက်ကြသွားပြီ။။။။။ 🙄

    • windtalker

      November 14, 2011 at 11:45 am

      ဘရာဗို ကိုကြောင်ကြီးကွ လှုပ်ရှား

  • parlayar46

    November 14, 2011 at 12:03 am

    ဖိုမ-မခွဲခြားပဲလိင်စိတ်ဖြစ်တယ်ဆိုတာ သဘာဝတရားဖြစ်ရင်တောင်
    သဘာဝတရားဆိုတိုင်း လွှတ်ပေးထားလိုက်ရတော့မှာလား …လို့ စဉ်းစားစရာရှိပါတယ်။

    လူနဲ့တိရိစ္ဆာန် ကွာခြားမှု့တွေ(ပေါင်းများစွာ) ကို ရှု့ဒေါင့်အမျိုးမျိုးက နည်းအမျိုးမျိုးနဲ့ ပိုင်းခြားနိုင်တယ်။

    တခုသောရှုဒေါင့်ကကြည့်ရင်-
    သဘာဝအတိုင်းဖြစ်တာတွေကို အထိန်းအကွပ်မဲ့လိုက်မလုပ်ပဲ (မိမိအစုအဖွဲ့အကျိုးအတွက်) သင့်လျှော်တဲ့စည်းမျဉ်းတွေနဲ့ ကန့်သတ်ထိန်းသိမ်းလိုက်နာတတ်တာဟာ လူနဲ့ တိရိစ္ဆာန်တို့ကြား ကွာခြားမှု့ ဖြစ်ပါတယ်။
    အဲဒါကြောင့်ပဲ တိရိစ္ဆာန်မှာမရှိတဲ့ ယဉ်ကျေးမှု့တွေ ကျင့်ဝတ်တွေ လူ့ဘောင်လူ့လောကမှာ ဖြစ်ထွန်းနေပြီး တိုးတက်မြင့်မားတဲ့သက်ရှိအဖွဲ့အစည်းအနေနဲ့ –
    ငါတို့(လူတွေ)ကသတ်သတ် ကျန်တဲ့အကောင်(တိရိစ္ဆာန်)အားလုံးကသတ်သတ် ဖြစ်နေတာပါပဲ။

    ဥပမာ လူက လိင်စိတ်ရှိပေမယ့် ကိုယ့်အမေ၊ကိုယ့်နှမ၊ကိုယ့်သမီးကို လိင်မဆက်ဆံဘူး။ သဘာဝကို အဲသလို ဆန့်ကျင်ပြီး စောင့်စည်းတယ်။ ဒီလိုစောင့်စည်းတာ – မျိုးဆက်နဲ့ချီ/နှစ်ထောင်သောင်းချီ ကြာလာတော့ –
    လူက လိင်စိတ်ရှိပေမယ့် ကိုယ့်အမေ၊ကိုယ့်နှမ၊ကိုယ့်သမီးနဲ့ပါတ်သက်ပြီး လိင်ဆက်ဆံလိုစိတ် မပေါ်လာတော့ဘူး။
    စိတ် မထ တော့ဘူး။ အဲဒါသဘာဝ(အသစ်)ဖြစ်သွားပြီ။ အဲဒါဖြစ်မြဲသဘောဖြစ်သွားပြီ။ အဲဒီလိုနည်းနဲ့ လူဟာ တိရိစ္ဆာန်ထက် ပိုယဉ်ကျေးသွားပြီ။

    နောက်ပြီးမှဆက်မယ်နော်-

  • parlayar46

    November 14, 2011 at 12:59 am

    အပေါ်က ကွန်မင့်အဆက်ပေါ့-

    ဖိုမ-မခွဲခြားပဲလိင်စိတ်ဖြစ်တယ်ဆိုတာ သဘာဝတရားဖြစ်ရင်တောင် – သဘာဝတရားဆိုတိုင်း အတိုင်းအဆ အထိန်းအကွပ်မဲ့ လွှတ်ပေးသင့်တာမဟုတ်ဘူး၊
    (မိမိအစုအဖွဲ့အကျိုးအတွက်) သင့်လျှော်တဲ့စည်းမျဉ်းတွေနဲ့ ကန့်သတ်ထိန်းသိမ်းလိုက်နာသင့်ရင် လိုက်နာရမယ် ဆိုတာကို ပြောလိုရင်းပါပဲ။

    ဒါကတော့ ဂေးတွေရဲ့ လူကြားထဲ ဗြောင်ကျကျ နေရာယူဘို့ကြိုးစားရာမှာ –
    လိင်တူချင်းနှစ်သက်တာ လိင်ဆက်ဆံချင်တာ သဘာဝတရားပါဆိုတဲ့ ဆင်ခြေကို လက်မခံထိုက်ကြောင်းပယ်ချတာပါ။

    တကယ်တော့ ကျုပ်တဦးတည်းအမြင်က လိင်တူချင်းနှစ်သက်တာကို သဘာဝလို့ကို လက်မခံပါဘူး။
    သက်ရှိသတ္တဝါတွေရဲ့ သဘာဝက လိင်ကွဲကိုပဲ နှစ်သက်တာပါ။
    လိင်တူချင်းနှစ်သက်တယ်ဆိုတာ သဘာဝကို ကျော်လွန်ဖေါက်ပြန်တဲ့ အဖြစ်လို့သာ ယူဆပါတယ်။
    အင်းပေါ့ – စိတ်ပညာရှင် ဘာပညာရှင် ညာပညာရှင်မျိုးစုံက အင်္ဂလိပ်လို၊ ဂျာမန်လို၊ ပြင်သစ်လို –
    ကြိုက်သလိုသာပြောကြတော့- ကျုပ်ကတော့ ဒီအယူအဆမှာ ခေါင်းမာတယ်။

    ဂေးတွေကို လူလူချင်းအနေနဲ့ လူအဖြစ်တော့ အတူတူလို့မြင်နိုင်ပေမယ့်
    ရိုးရိုးလူတွေနဲ့ စိတ်ချင်း အမူအကျင့်ချင်း မတူတာတော့အမှန်ပဲ။
    ဒါကြောင့် စိတ်ချင်း အမူအကျင့်ချင်း တူတဲ့ ရိုးရိုးလူတွေရဲ့အစုအဝေးထဲမှာ
    အဆင်ပြေ အံဝင်ဂွင်ကျ မဖြစ်ပါဘူး။
    ဒါ့ကြောင့် ဖိနှိပ်တာ နှိမ်ချတာ မလုပ်သင့်ပေမယ့် ခွဲခြားဆက်ဆံမှာတော့ဖြစ်ပါတယ်။
    အတူတူလို့ သဘောမထားပါဘူး။ တူမှမတူပဲ။ မယုံရင်လာကြည့်လေ- ဆိုသလိုပဲ။
    အဲဒါ ဂေးတွေအပေါ် မြန်မာ့လူ့ဘောင်အသိုင်းအဝိုင်းရဲ့ သဘောထားပါပဲ။

    ခေတ်မမီဘူး တဲ့လား။
    ရပါတယ်။ အရေးကြီးတဲ့တခြားဟာတွေ အရင်ခေတ်မီအောင် လုပ်ရပါဦးမယ်။
    ဂေးတွေအတွက် အချိန် မရှိသေးပါဘူး။

    • Foreign Resident

      November 14, 2011 at 1:21 am

      parlayar46 ရယ်
      ဖြေရှင်းပြသွားပုံလေးက လှပါတယ် သဘောကျပါတယ် ။

  • Phyo

    November 14, 2011 at 4:34 am

    ကို KAI ကို အနူးအညွတ် တောင်းပန်ပါတယ်ဗျ။ ကျနော်ထင်တာက အစ်ကိုတွေ အစ်မတွေ ပြောပြောနေကြ တဲ့ ဒီရွာသူကြီးဆိုတဲ့ထဲမှာ တယောက်တည်း ဖြစ်မယ်လို့မထင်ထားဘူး။ ဆိုဒ်ကိုအယ်ဒမင်တွေနဲ့ ဖွဲ့စည်းထား တယ်လို့ထင်ပြီး ပြောလိုက်တာ။ ကျနော်ပြောတာ ရိုင်းသွားရင်း တောင်းပါတယ်ခင်ဗျား။
    (၁) အချက်အနေနဲ့ ဒီဝတ္ထုလေးကို ကျနော်ရေးထားတာမဟုတ်ပါဘူးခင်ဗျား။ (ကျနော်တင်ပြထားတဲ့ ဆောင်းပါးတွေ သတင်းတွေတော်တော်များများကို ကျနော်ရေးသားထားတာ မဟုတ်ပါဘူး) ဒီဝတ္တုလေးကို ရေးသားထားတဲ့ သူက ဂေး တယောက်လည်း မဟုတ်ပါဘူး။ မဂ္ဂဇင်းတွေမှာ စာရေးနေတဲ့ စာရေးဆရာ တယောက်ပါ။ သတိထားမိကြမလားတော့ မသိဘူး။
    (၂) အချက်အနေနဲ့ ကျနော်တင်တဲ့ ဆောင်းပါးတွေတိုင်းမှာ လိင်တူချစ်တဲ့သူတွေရဲ့ ခံစားချက်အမြင်လေးတွေကလွဲပြီးတော့ ညစ်ညမ်းတဲ့၊ ရုတ်ရင်းကြမ်းတမ်းတဲ့ အပြုအမူတွေ မပါဝင်ဘူးဆိုတာပါ။
    (၃) အချက်အနေနဲ့ကတော့ ကျနော်တင်ပြပေးနေတဲ့ဆောင်းပါးတွေကိုဖတ်ပြီးတော့ လိင်တူချစ်သူဖြစ်လာအောင် မြူဆွယ်နေတာ မဟုတ်ပါဘူး။ လိင်တူချစ်သူတွေရဲ့ လူမှုဘဝလေးတွေကို သိခိုင်းစေချင်လို့ပါ။ လိင်တူမကြိုက်တဲ့သူတယောက်ကို လိင်တူကိုကြိုက်ပါလို့ အတင်းမြူဆွယ်ဖျားယောင်း လို့မရသလို လိင်တူကိုမှကြိုက်တဲ့သူတယောက်ကိုလည်း အတင်းလိင်ကွဲချင်းပဲ ကြိုက်ရမယ်လို့ အတင်းလုပ်ခိုင်းလို့ ရပါ့မလား။ အဲဒီထဲမှာလည်း လိင်တူရော လိင်ကွဲကိုပါ ချစ်ခင်နှစ်သက်တဲ့ သူတွေဆိုတာ ရှိပါသေးတယ်။
    လိင်တူချစ်သူဖြစ်လာအောင် မြူဆွယ်ဖြားယောင်းတယ်ဆိုတဲ့ စကားစုကို တော်တော်များများ ပြောကြတာ ကြားဖူးပါတယ်။ ကျနော့်ဘဝလေးနဲ့ ယှဉ်ပြီး ပြောရမယ်ဆိုရင် ကျနော် လူမှန်းသိတတ်စ ကတည်းက ယောက်ျားလေးချင်းပဲ ချစ်ကြိုက်ခဲ့တယ်ဆိုတာ စိတ်ထဲမှာ သိနေခဲ့တယ်။ ကျောင်းမနေရသေးတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို လွတ်လွတ်လပ်လပ် လူတယောက်လိုပဲ ခံစားခဲ့တယ်။ ကျောင်းစနေတဲ့အချိန်မှာ သူငယ်ချင်း အပေါင်းအသင်းတွေရှိလာခဲ့တယ်။ အဲဒီအချိန်မှာ ကျနော့်အတွက် ပြဿနာက စတာပါပဲ။ ကျနော့်ပတ်ဝန်းကျင်မှာ ကျနော့်လို စိတ်ခံရှိတဲ့သူ တယောက်မှ ကျနော်မတွေ့နေခဲ့ဘူးလေ။ အဲတော့ ကျနော်ကိုယ်ကျနော် တွေးထင်လာတာက ကျနော်က မှားယွင်းနေတဲ့ လူတယောက်ဆိုတာပါပဲ။ အမြဲတမ်း စိတ်အားငယ်ခဲ့ရတယ်။ ကျနော့်စိတ်ထဲမှာ ဖြစ်နေတဲ့ လိင်တူကြိုက်တဲ့စိတ်ကို ဖျောက်ပစ်ချင်နေခဲ့တယ်။ ဒါပေမယ့် ဘယ်သူ့ကိုတိုင်ပင်ရမလဲ။ ဘယ်မှာသွားပြီး ကျနော်ရင်ဖွင့်ရမလဲ။ ကျနော့် မိဘ၊ မိသားစုအသိုင်းအဝိုင်း၊ သူငယ်ချင်းပေါင်းအသင်း သူတို့ကို ပြောဖို့ ကျနော်ဘယ်လိုခွန်အားယူရမလဲ။ ကျောင်းနေခါစ မူလတန်းအရွယ် ကလေးလေးတယောက်မှာ ဘယ်လိုမျိုး တွေးခေါ်နိုင်စွမ်းတွေ ရှိနေဦးမလဲ အဲဒီအချိန်။ အဲဒီတော့ ကျနော်ကျောင်းမသွားချင်လာတော့ဘူး။ တနေ့တာကုန်ဆုံးလို့ မနက်ရောက်လာမှာကို အရမ်းကြောက်နေ ခဲ့ရတယ်။ ကျနော်က နည်းနည်းလေးနွဲ့တယ်။ အဲတော့ သူငယ်ချင်းတွေက အခြောက်၊ ဂန်ဒူး အဲဒီစကားလုံးတွေနဲ့ စလာတော့တာပါပဲ။ အဲဒီလို ခေါ်သံကြားရတိုင်းမှာ ကျနော့်အတွက် အဲဒီစကားလုံးတွေက လူ့လောကကြီးထဲကနေ ထွက်သွားချင်လောက်အောင် စိတ်ခြောက်ခြားစေတယ်။ မူလတန်းအရွယ် ကလေးတယောက်ရဲ့ ခံစားချက်နော်။ အဲဒီစကားလုံးတွေက ဘာကြောင့် အဲလောက်နာကျည်းစရာ ကောင်းမှန်းကျနော်မသိခဲ့ဘူး။ စကားလုံးတွေရဲ့ အဓိပ္ပါယ်ကိုလည်း အဲဒီအချိန်တုန်းက ကျနော် မသိခဲ့ဘူး။ ဒါပေမယ့် အဲဒီစကားလုံးကြားတိုင်း ကျနော် သေချင်တယ်။ အလယ်တန်းလောက်ရောက်တဲ့အခါမှာ ကျနော် အစ်ကိုတို့ အစ်မတို့ပြောတဲ့ လုံးဝ ကျားကျားယားယား ယောက်ျားကြီးပုံစံပေါ့။ ကျနော့်ကို ဘယ်သူမှ အခြောက်လို့ခေါ်မယ့်သူလည်း မရှိသလို။ ဂန်ဒူးလို့ မြင်မယ့်သူလည်း မရှိဘူး။ မိန်းကလေးရည်းစားလား။ သူများတယောက်ဆို ကျနော်နှစ်ယောက်လောက်ထားပြလိုက်သေးတယ်။ ဒါပေမယ့် ကျနော့်စိတ်ထဲမှာ စိတ်ကူးယဉ်အိပ်မက် တာတောင် မိန်းကလေးကို တစ်ခါမှ ချစ်တယ်လို့ မမက်ခဲ့ဖူးဘူး။ ကျနော်ချစ်နေတာက ယောက်ျားလေးကိုလေ။ ကျနော့်ကို အခြောက်လို့ ပြောမယ့်သူ မရှိရင် ကျနော်ပျော်မယ်လို့ ငယ်ငယ်ကတည်းက ထင်လာခဲ့တယ်။ ဒါပေမယ့် ကျနော် ဘယ်တုန်းကမှ စိတ်လွတ်လပ်စွာနဲ့ မပျော်ခဲ့ရဖူးဘူး။ ယောက်ျားစစ်စစ်ဆိုတဲ့ လူတွေပြောကြတဲ့ ပုံစံတစ်ခုကိုပဲ ကျနော်ဖြစ်ချင်နေခဲ့တယ်။ ပုံသွင်းယူခဲ့တယ်။ လူပုံစံကတော့ ဖြစ်လာခဲ့ပါတယ်။ ပြီးတော့ ဒီရွာထဲကလူတွေလိုပဲ ဂေးတွေ၊ မိန်းမလျာတွေကိုဆိုရင် အနီးကပ်ခံဖို့မပြောနဲ့ အစ်ကိုတွေ အစ်မတွေထက် ဆိုးတဲ့ စကားလုံးတွေနဲ့ ကျနော်ကိုယ်တိုင်း ဆဲခဲ့ဖူးတယ်။ နှင်ထုတ်ခဲ့ဖူးတယ်။ ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောခဲ့ဖူးတယ်။ အဲလိုမျိုး ဟန်ဆောင်ဖုံးဖိထားရင်းနဲ့ပဲ ကျနော့်အတွက် မမျှော်လင့်တဲ့ ဘဝအပြောင်းအလဲ ဖြစ်စေမယ့် အခြေအနေတစ်ခုကို ကျနော်ရခဲ့တယ်။ လိင်တူချစ်သူတွေနဲ့ လိင်စိတ်ခံယူမှုနဲ့ ပတ်သက်တဲ့ အသိပညာအစလေးပေါ့။ အဲဒီကနေမှ ကျနော် ဆက်လက်ပြီးတော့ လိင်စိတ်ခံယူမှုအကြောင်းတွေ လိင်တူချစ်သူတွေရဲ့ ဘဝတွေ စိတ်ခံစားမှုတွေကို လေ့လာခဲ့တယ်။ ကျနော်ပြောတဲ့ လိင်စိတ်ခံယူမှုဆိုတာ လိင်ဆက်ဆံတာကို ပြောတာမဟုတ်ပါဘူးနော်။ Sexual Orientation ကို ပြောတာပါ။ အဲဒီလို သိလာလေလေ ကျနော့်အတွက် ခွန်အားတွေ ရလေလေပါပဲ။ ကမ္ဘာပေါ်မှာ ကျနော့်လို ခံစားချက်မျိုးရှိတာ ကျနော်တယောက်တည်းမဟုတ်ဘူးဆိုတာ သိလာတယ်။ အောင်မြင်ကျော်ကြားနေတဲ့သူတွေ၊ စစ်ဗိုလ်တွေ၊ ဆရာဝန်တွေ၊ အတွေးအခေါ်ပညာရှင်တွေ စသဖြင့် လူတွေလေးစားရမယ့်နေရာတွေမှာလည်း လိင်တူချစ်သူတွေ ရှိနေတာပဲဆိုတာတွေကို ကျနော်နေခဲ့ဖူးတဲ့ ရွာလက်တဆုတ်လေးမှာပဲ ကျင်လည်ခဲ့ရတဲ့ ဘဝကနေ ကမ္ဘာ့ဖျားဆိုတဲ့ တကမ္ဘာ့လုံးအထိ ကြည့်မြင်တတ်သွားတဲ့အချိန်မှာ ကျနော့်အတွက် အားအင်တွေက အလိုလိုနေရင်း ဖြစ်လာခဲ့တယ်။ အဲဒီအချိန်မှာပဲ ကျနော့်ကိုယ်ကျနော် ငါဟာ ဂေး တယောက်ပါဆိုတာကို လက်ခံနိုင်သွားခဲ့တယ်။ အရမ်းကိုထူးဆန်းဖို့ကောင်းတာက အဲဒီလို ကျနော်လက်ခံသွားတဲ့နေ့ကစပြီး ကျနော့်စိတ်ထဲမှာ ထိန်းချုပ်မြိုသိပ်ထားတဲ့ ခံစားချက်တွေက အလုံးကြီး ကျသွားခဲ့သလို ကျနော် လွတ်လပ်ပေါ့ပါးသွားတယ်။ လိင်စိတ်ခံယူမှုနဲ့ပတ်သက်ပြီး ကျနော် ဘာမှအကြောက်တော့ဘူး။ အဲဒီလို ကိုယ့်ကိုယ်ကို လက်ခံလိုက်တဲ့နေ့ကတည်းကလည်း ကျနော့်ကို အခြောက်ခေါ်မလား၊ ဂန်ဒူးခေါ်မလား၊ ဘာနဲ့ သမုတ်ချင်လဲ။ ကျနော် အေးဆေးပါပဲ။ အရမ်းရှည်သွားပြီ။ ပြောရရင် ငယ်ငယ်ကတည်းက ဖြတ်သန်းလာခဲ့ရတဲ့ ကြမ်းတမ်းတဲ့ဟာတွေကို ပြောလို့ကုန်မှာမဟုတ်ဘူး။ ကျနော်ပြောပြချင်တာက ဘာမှမသိနားမလည်တဲ့ ကျနော်တို့လိုမျိုး ခံစားချက်ရှိတဲ့ကလေးတယောက် ဒီလိုမျိုးဖိနှိပ်မှုမျိုးတွေနဲ့ ဖြတ်သန်းကြီးပြင်းလာရမယ်ဆိုရင် သူ့ဘဝအတွက် ၅ဝ ရာခိုင်နှုန်းလောက်က အလိုလိုနေရင်း ရှုံးနိမ့်နေခဲ့ရတယ်ဆိုတာပါပဲ။ တချို့ဆို ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ လူငယ်လေးတွေမှာ အများကြီး။ ကျနော့်ဆီမှာ အထောက်အထားတွေ ရှိပါတယ်။ ကျနော် ပါးစပ်တစ်ခုတည်းနဲ့ ပြောနေတာ မဟုတ်ပါဘူး။ ကျနော့်ဆီမှာ မှတ်တမ်းတွေ ရှိပါတယ်။
    အဲဒီတော့ ကျနော့်ဆောင်းပါးလေးအတွက်နဲ့ အနှောက်အယှက်ဖြစ်သွားကြရင်း အားလုံးကို ဝိုင်းတောင်းပန်ပါတယ်။ ဒါပေမယ့် သေချာတာတစ်ခုက လူတွေဝိုင်းနှင်ထုတ်တိုင်းသာ ထွက်ပြေးရစတမ်းဆိုရင် အမျိုးသမီးအခွင့်အရေးတွေ လိင်တူချစ်သူအခွင့်အရေးတွေလုပ်ဆောင်နေကြတဲ့ သူတွေကို စော်ကားရာ ရောက်သွားမှာပေါ့။ အဲဒီတော့ ကျနော်ပြောချင်တာကတော့ ကျနော်တို့အတွက် စာမျက်နှာမှာ မပေါ်နိုင်ပဲ သက်သက်မြှုပ်ထားပေးတဲ့ ခေါင်းစီးအောက်မှာလည်း မထည့်နိုင်သလို ဒီရွာကတည်း ထွက်မသွားနိုင်ဘူးဆိုတာပါပဲ။ ဒီရွာထဲမှာရှိတဲ့ ညီအစ်ကို မောင်နှမတွေနဲ့ ဒီဆိုဒ်လေးတည်နေသမျှ ကျနော်တို့လည်း ပါဝင်နေဦးမှာပါ။ ကျနော့်ကို ဒီဆိုဒ်က ဘလော့ဒ်ပစ်မယ်ဆိုလည်းရတယ်။ ကျနော်ကတော့ ပြန်လာနေဦးမှာပါ။ ဘာလို့လဲဆိုတော့ ကျနော်လည်း ဒီရွာကို အစ်ကိုတွေ အစ်မတွေလိုမျိုးပဲ ချစ်တာပါပဲ။ ဒီရွာထဲမှာလည်း ကျနော့်လို့မျိုး စိတ်ခံယူချက်တွေနဲ့ မွေးလာမယ့် ကလေးတွေ ရှိနေမယ်ဆိုတာလည်း ယုံကြည်တယ်။ အဲဒီတော့ သူတို့အတွက် ကျနော် အမုန်းခံရမယ်ဆိုလည်း သူတို့လေးတွေရဲ့ စိတ်လွတ်လပ်ဖို့အတွက် ကျနော့်ကို ဝိုင်းရိုက်လည်း ကျနော်ခံပြီးနေဦးမှာပါ။ ဒီရွာကောင်းကျိုးအတွက် ကျနော်လည်း တဖက်တလမ်းကနေ ပါဝင်နေဦးမှာပါ။ အားလုံးကို လေးစားရိုသေးစွာနဲ့ ကောင်းသောမနက်ခင်းလေး ဖြစ်ကြပါစေဗျာ။

Leave a Reply