တောက်တဲ့….

chityimhtooNovember 12, 20111min28518

စစ်ကိုင်းတိုင်း ဒေသကြီး ကျောက်ဆည် ဒေသတွင် တောက်တဲ့ တစ်ကောင်ကို ကျပ်သိန်း ပေါင်း တစ်သောင်း ခုနှစ်ထောင် ဖြင့် အောက်တိုဘာ ၃ဝရက်က အရောင်း အဝယ် ဖြစ်သွားကြောင်း သတင်း ရရှိသည်။ ကျောက်ဆည်ရွာ က တောက်တဲ့တော့ မဟုတ်ဘူး။ အဲဒီ ရွာကို ယူပြီး အရောင်းအဝယ် ဖြစ်တာ တောက်တဲ့အ ရှည်က ၃ ပေခွဲရှိတယ်။

အောင်မလေးတောက်တဲ့တစ်ကောင် သိန်းသောင်းချီပေးတယ်တဲ့။ဟိုနေရာမှာလည်းတောက်တဲ့ဒီနေရာမှာလည်းတောက်တဲ့၊ 2011 ရဲ့မင်းသားက
တောက်တဲ့လားတောင်မသိတော့ဘူး။မိဘကလည်းသားသမီးကိုဆုံးမရင်တောင် စတိုင်ပြောင်းသွားပြီ မင်းတောက်တဲ့လောက်တောင်အသုံးမကျတဲ့
ကောင်၊တောက်တဲ့လောက်တောင် တန်ဘိုးမရှိဘူးတဲ့။ဘဝမှာဆိုးချင်သလောက်ဆိုး၊မိုက်ချင်သလောက်မိုက် တောက်တဲ့တစ်ကောင်ရရင်ပြီးရော။

အိမ်ဘေးကဘကြီးပုကလည်းတောက်တဲ့ ကိုသူ့မိန်းမနဲ့ဒဲ့လဲမယ်ဆိုဘဲ။မင်္ဂလာဦးဇနီးမောင်နှံကလည်းသူတို့မင်္ဂလာဆောင်ကိုတောက်တဲ့တစ်
ကောင်လောက်လက်ဖွဲ့ရရင်တော်ပါပြီတဲ့။

ဟမ်မငှီး……………….တောက်တဲ့………………တောက်တဲ့…

ရင်တုန်ကင်းဝေး စိမ့်သက်လေးမို့…လူတိုင်းရင်မှာ….တောက်တဲ့ပါ။……… 😛

18 comments

  • ပေါက်ဖော်

    November 12, 2011 at 9:49 pm

    တောက်တဲ့..တောက်တဲ့..
    ခြင်လိုသာ အပေါက်ကောင်းရင်..ကျုပ်တို ့ပြည် ဆင်းရဲသား မရှိလောက်တော့ဘူး..

  • Gipsy

    November 12, 2011 at 10:06 pm

    တောက်တဲ့ အကြောင်းတွေ အရမ်း ပွထ နေသမို့ ကျုပ်တို့ဆီမှာတော့
    ခါတိုင်းအော်နေကြ ကောင်လေးတွေတောင် အော်သံမကြားမိတာ ကြာ
    ပါပကောလား..။ သူတို့တွေလဲ သိနေကြတယ်နဲ့တူရဲ့ဗျာ…။

  • ဆူး

    November 13, 2011 at 11:07 am

    ဘုန်းကြီးကျောင်းမှာ တည သွားအိပ်တာ တညလုံး အော်လိုက်တာ နားကို ငြီးနေတာပဲ မနက်ကြည့်တော့ သူက အခန်းထောင့်မှာ လူကိုက်မိရင် ဒုက္ခများမှာ စိုးတာနဲ့ အမြန်မောင်းထုတ်လိုက်ရတယ်။
    ဒီလိုမှန်း သိရင် တောက်တဲ့ ဖမ်းပြီး မင်္ဂလာဆောင် လက်ဖွဲ့လိုက်တယ်။

  • memeseku

    November 13, 2011 at 8:02 pm

    ယုံရက်ခက်ခဲလှပါကြောင်း…….ကျပ်သိန်းတစ်သောင်း

    • မိုက်ကယ်ဂျော်နီအောင်ပု

      November 14, 2011 at 9:35 am

      ဟုတ်ပြီဗျို့ တစ်ယောက်တော့ နီးစပ်လာပြီ
      လုပ်ကြဘာဗျ
      ခင်ဗျားတို့ဟာ တွေကလည်း
      သတင်းတွေဖတ်ပြီး ဟေးလေးဝါးလားချည်းဘဲ
      ဒီအကြောင်းလေးကို ဝေဖန်နိုင်မဲ့ ပညာရှင်ကို စောင့်နေတာ

      • kai

        November 14, 2011 at 11:54 am

        ကျုပ်က ဖြစ်နိုင်တဲ့ ဖက်ကရေးပေးမယ်..။
        ၂ပေ၁၁လက်မခွဲရှိတဲ့ တောက်တဲ့ (အညိုကျား) ကို ဟားဘတ်တက္ကသိုလ်က ဒေါ်လာ ၈သန်းပေးဝယ်မယ်တဲ့..။
        ဘီအိုင်ဒီအက်စ် ပျောက်လို့တဲ့..။ 😆

  • etone

    November 14, 2011 at 11:04 am

    တောက်တဲ့ တစ်ကောင် သုံးပေကျော်ဆိုတာတော့ နည်းနည်းစိတ်ဝင်စားတယ် ။ မိကျောင်းနဲ့များ စပ်ဖောက်ထားသလား မှတ်ရတယ် 😀
    ဒါပေမယ့်လည်း အိမ်မှာသာ တောက်တဲ့ ရှိလျှင် ထုတ်ရောင်းမှာ မဟုတ်ဘူးလေ …. ။ သူများ အသက်ကိုရင်းပြီး ကိုယ့်ဘဝကောင်းစားအောင် မရက်စက်ရဲတာရယ် ၊ တစ်သက်လုံး လိပ်ပြာ သန့်သန့် မနေနိုင်ရယ်မှာ ကြောက်လို့ … ။

    ကျွန်မရွာတစ်ရွာရောက်ဖူးတယ် … အဲ့ဒီအိမ်မှာ ရှိတဲ့ တောက်တဲ့ကြီးများ တစ်ပေလောက်ရှိတယ် ဝဖြီးနေတာပဲ … သူက ညဘက်ကျမှ လမ်းလျှောက်တာ … နေ့ခင်းဘက်ဆို ငြိမ်နေတယ် … ဘယ်ရွာလဲ ထည့်မပြောတော့ဘူး စီးပွားရေး သမားတွေ သွားရှာဖမ်းနေမှာ စိုးလို့ 😆

  • Diamond Key

    November 14, 2011 at 11:16 am

    တောက်တဲ့က တော့ ဈေးကောင်းရတာ၃ဝ သားကျော်မှဆိုပဲ။ တောက်တဲ့က ၃ဝ သားမကျော်ရင် တောက်တဲ့အန်ဖတ် မရဘူးတဲ့။ (အန်ဘူးဆိုပဲ။ ကပေါက်ဖေါ် လက်ထဲက ပုလင်းလု တိုက်လိုက်မှ အန်မလားပဲ)။ အဲဒီ အန်ဖတ်ကို ဆေးဖေါ် ဆိုသဗျ။ တစ်ချို့ကလည်း တောက်တဲ့ရဲ့ အမြီး၊ ဦးခေါင်း တို့ကနေ အဆီထုတ်ကာ အိပ်ချ်အိုင်ဗွီ၊ ကင်ဆာရောဂါ ကုထုံးများမှာ သုံးနေဆိုကြရဲ့။
    ဒါကြောင့် တောက်တဲ့တွေ မျိူးတုန်းလာနေပြီး တောက်တဲ့တွေ ခမျာ တောက်တဲ့ – တောက်တဲ့ လို့ တောင်မအော်ရဲတော့ပဲ တဲ့တောက် – တဲ့တောက် လို့ ပြောင်းအော်နေရကြောင်း ဟာသ သရုပ်ဆောင်တစ်ဦးက စာပေဟောပြောပွဲ တစ်ခုမှာ ပြောသွားဖူးတာ ဖတ်လိုက်ရပါတယ်။
    ကျေးရွာတွေမှာတော့ ထီမထိုးပဲ တောက်တဲ့ ရှာနေကြတယ်လေ။ တောက်တဲ့တွေ ခမျာမှာတော့ တဲ့တောက် – တဲ့တောက်။

  • winkyawaung

    November 14, 2011 at 1:09 pm

    7 Day သတင်းဂျာနယ်က သတင်းမှားကြီးကိုတင်ထားတယ်ဆိုတာ တကယ်ဟုတ်လား ဆရာခိုင်။ စစ်ကိုင်းတိုင်းက အဲဒီရွာကို စုံးစမ်းလို့ရလား..သိပါရစေ..။

  • nayminn

    November 14, 2011 at 1:24 pm

    ” ခိုင်လုံသော သတင်းရပ်ကွက်ပြောပြချက်အရ…..တစ်ပိသာခန့်ရှိသောတောက်တဲ့ မိထားသည်ဆိုဂျ် ဝယ်ယူရန် ပေါက်ဖေါ်( ရွာထဲကမဟုတ်ပါ)ရဲ့ပါတနာတစ်ယောက် ငွေထုပ်ပိုက်ကာ ရန်ကုန်မှ အလွန်တရာဝေးသော နယ်မြို.လေးတစ်မြို.သို့သွားရောက်ရာ တောက်တဲ့မဟုတ်ပဲ ဖွတ်တစ်ကောင်ဖြစ်နေဂျ် ဒေါသထွတ်ကာပြန်လာရခြင်း..။

  • NK

    November 14, 2011 at 1:33 pm

    မဖြစ်နိုင်ဘူး… ပုံနဲ့တကွပြမှယုံကြည်မည်… တောက်တဲ့တော့မဖြစ်နိုင် ဇောတိက သာဖြစ်နိုင်သည်။

  • NK

    November 14, 2011 at 1:37 pm

    သိန်းပေါင်း တစ်သောင်းမရပဲ အနက်နဲ့တိုးမှ ငရပြည်ကို တစ်ခါထဲ ဒိုးရမယ်…..လောဘသားတွေ

  • Gipsy

    November 14, 2011 at 2:36 pm

    7 DAY NEWS ကတော့ အားပါးတရ ဖေါ်ပြပေးနေတော့တာပဲဗျို့….၊
    စစ်ကိုင်းတိုင်းဒေသကြီး ကျော်ဆည် ဘက်က နီးစပ်တဲ့ ရွာသား တစ်ယောက်ယောက်
    သေချာစုံစမ်းပြီး ဟုတ် / မဟုတ် ဝင်ရေးပေးနိုင်ရင် သိပ်ကောင်းမှာပဲဗျာ…။

  • မှော်ဆရာ

    November 14, 2011 at 3:15 pm

    တောက်တဲ့ရှိရင် လဘ်ရွှင်တယ်လို့ ကြားဖူးတယ် …
    အိမ်အသစ်ဆောက်ခါစက ဆောက်ပြီးလို့ မကြာခင် ဘယ်ကမှန်းမသိတဲ့ တောက်တဲ့တစ်ကောင် ရောက်လာပြီးအော်လို့ ဝမ်းသာရတာ မှတ်မိသေးတယ်….
    မြန်မာလူမျိုးတော်တော်များများကတော့ အဲဒီ့အစွဲလေးနဲ့ တောက်တဲ့တွေကို အန္တရာယ် မပြုကြပါဘူး …
    လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဆိုင်ကို လူတစ်ယောက် တောက်တဲ့ တစ်ကောင်ကို ဓါတ်ပုံလာရိုက်တာ ကြုံဖူးတယ် … အဲဒီတုန်းကတော့ တောက်တဲ့ ခေတ်မစားသေးဘူး .. တောက်တဲ့ အရွယ်အစားသိရအောင် စီးကရက်ဘူးခွံနဲ့ တွဲရိုက်ပေးလိုက်ရတယ် .. သူ့ကို ဘာလုပ်ဖို့လဲမေးတော့ တရုတ်က သူ့ညီက ဓါတ်ပုံရိုက်ပို့ခို်င်းလို့ပါ ပြောတယ် … အဲဒီ့တုန်းကတော့ ဘာမှန်းညာမှန်း ဘယ်သိဦးမလဲ ….

  • ရွှေအိမ်စည်

    November 14, 2011 at 5:55 pm

    တောက်တဲ့အ ရှည်က ၃ ပေခွဲရှိတယ်။

    ဟာ…………….မမြင်ဘူးတာနာတယ်ကွာ….
    ဓါတ်ပုံပါတင်ပေးမှယုံမယ်

    • nayminn

      November 14, 2011 at 5:59 pm

      ပြီးခဲ့တဲ့အပတ်…7 Days ဂျာနယ် မျက်နှာဖုံးမှာ..။

  • shwebagan

    November 15, 2011 at 12:33 am

    တောက်တီးတောက်တဲ့

  • ရွှေအိမ်စည်

    November 16, 2011 at 12:49 pm

    တောက်တဲ့ ရှင်းတမ်း
    by 7Day News Journal on Tuesday, November 15, 2011 at 6:39pm

    7Day News ဂျာနယ်၊ အတွဲ(၁၀)၊ အမှတ်(၃၄)မျက်နှာဖုံးမှ “သုံးပေခွဲကျော်ရှိ တောက်တဲ့ တစ်ကောင် ကျပ်သိန်းပေါင်း တစ်သောင်းခုနစ်ထောင်ဖြင့်ဝယ်ယူ”သတင်းနှင့်ဓာတ်ပုံကိုဖော်ပြခဲ့ပါသည်။ အဆိုပါဓာတ်ပုံမှာ မှားယွင်းနေပြီး၊ သတင်းပါအချက်အလက်အများစု မှားယွင်းခဲ့သည့်အတွက် စာဖတ်ပရိသတ်အားလုံးကို အနူးအညွတ်တောင်းပန်အပ်ပါသည်။

    ဖြစ်စဉ်မှာ ကျောက်ဆည်မြို့အခြေစိုက် တောက်တဲ့ဝယ်လက်(အဝယ်တော်) တစ်ဦးက ၎င်းင်းကိုတောက်တဲ့ဝယ်ခိုင်းသော မန္တလေးမြို့မှ တောက်တဲ့ကုန်သည်လုပ်ငန်းရှင်ကြီးတစ်ဦးအား သတင်းပါတောက်တဲ့အကြောင်းကို လိမ်လည်ပြောဆိုရာမှ အဆိုပါသတင်းစတင်ခဲ့ခြင်းဖြစ်ပါသည်။ တောက်တဲ့ အဝယ်တော်က တကယ်မရှိသော တောက်တဲ့အကြောင်းကို ကုန်သည်သို့ပြောပြီး ယုံကြည်စေရန် အင်တာနက်မှထိုင်းနိုင်ငံရှိ တောက်တဲ့ဓာတ်ပုံကို ကူးယူ၍အရှည် သုံးပေခွဲရှိပြီး၊ အလေးချိန် တစ်ပိဿာ လေးဆယ်ကျပ်သားရှိသည်ဟုဆိုကာ ဈေးမည်မျှပေးမည်ကို မေးသည်။ မန္တလေးမြို့မှ တောက်တဲ့ ကုန်သည်ကလည်း ထိုတောက်တဲ့မှာ တကယ်ရှိသည်ဟုယုံကြည်ကာ ကျပ်သိန်းပေါင်း တစ်သောင်းစတင်ဈေးပေးသည်။ ထိုဈေးဖြင့် မရဟု ဝယ်လက်ကဆိုသောအခါ အောက်တိုဘာ ၃ဝရက်တွင် ကျပ်သိန်းပေါင်း ငါးသောင်းအထိ ဈေးပေးခဲ့ခြင်းဖြစ်သည်။ သို့သော် ဝယ်

    လက်က တောက်တဲ့မှာ တကယ်မရှိသည့်အတွက် အခြားကုန်သည်တစ်ဦးက ကျပ်သိန်းပေါင်း တစ်သောင်းခုနစ်ထောင်ဖြင့် အရောင်း

    အဝယ်ဖြစ်သွားသည်ဟု လိမ်လည်ပြောဆိုခဲ့သည်။

    ထိုဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သော မန္တလေးမြို့မှ တောက်တဲ့ကုန်သည်လုပ်ငန်းရှင်ကြီးမှာ 7Day News ကို နှစ်ရှည်လများ သတင်းပေးကူညီခဲ့သော၊ ယုံကြည်ရသည့် သတင်းရင်းမြစ်ဖြစ်သည့်အတွက် ၎င်းက စေတနာဖြင့်ပြောပြသည့်အချက်အလက်များကို ကိုးကား၍ သတင်းအဖြစ်ဖော်ပြခဲ့ပါသည်။ ထို့ကြောင့် ထိုသတင်းပါတောက်တဲ့မှာ တောက်တဲ့အဝယ်တော်၏ လုပ်ကြံပြောဆိုမှုှုမှတစ်ဆင့် ကုန်သည်၊ ကုန်သည်မှ တစ်ဆင့် 7Day News ၊ ထိုမှတစ်ဆင့် စာဖတ်ပရိသတ်အားလုံးထံသို့ အချက်အလက် အမှားများရောက်ရှိခဲ့သည့်အတွက် စာဖတ်ပရိသတ်အားလုံးကို တောင်းပန်အပ်ပါသည်။

    သို့သော် အဆိုပါသတင်းနှင့်ပတ်သက်၍ လုံးဝသေချာသည်မှာ 7Day News က ထိုသတင်းကို လုပ်ကြံရေးသားထားခြင်း မဟုတ်ခဲ့ပါ။ သတင်းရင်းမြစ်ကိုယုံကြည်မှုှုလွန်ကဲပြီး သတင်းဓာတ်ပုံကိုတွေ့ရစဉ် အမှန်ဟု ယုံကြည်ဖော်ပြမိခဲ့ခြင်းဖြစ်ပါသည်။ ဖြစ်ရပ်

    မှ သတင်းဓာတ်ပုံအစစ် ဟုတ်၊ မဟုတ် စစ်ဆေးရန်ပေါ့လျော့မှုှုများနှင့် သတင်းကို ပိုမိုခိုင်မာရန်ကွင်းဆင်း၍ ဘက်ပေါင်းစုံမှ အချက်အ

    လက်များ စုစည်းဖော်ပြရန် ပေါ့လျော့ခဲ့မှုှုတို့အတွက် 7Day News စာဖတ်ပရိသတ်အား တောင်းပန်ပါသည်။

    သို့သော် အဆိုပါဖြစ်ရပ်တွင် ထိုအလေးချိန်နှင့် ထိုမျှရှိသော တောက်တဲ့ကို မန္တလေးမြို့မှ ကုန်သည်က ပထမအကြိမ် ကျပ်သိန်း

    တစ်သောင်း၊ ဒုတိယအကြိမ်ကျပ်သိန်းငါးသောင်း ပေးအပ်ခြင်းမှာ အမှန်တကယ်ဖြစ်ခဲ့ကြောင်း စာဖတ်ပရိသတ်အားလုံးအား သိစေအပ်ပါသည်။

Leave a Reply