ကျင့်ယူရသော အကြားအမြင်ပညာရပ်
ဟိုနေ့က ရွာထဲမှာ ညီငယ်တစ်ယောက် အကြားအမြင်ဆိုတာ ကျင့်ကြံလို့ရသလား၊ မွေးရာပါ အကြားအမြင်ပါလာရင် မပျောက်ပျက်အောင် မည်သို့ ကျင့်ရမည်ကို မေးထားသည်ကိုတွေ့ရပါသည်။ ညီငယ်ရဲ့ အမေးကို အဘ ကျွန်တော်တို့ အားသင်ကြားပေးခဲ့တဲ့ စိတ်ကျင့်စဉ်နည်းထဲမှာ ဖော်ပြပေးလိုက်ပါတယ်။ ညီငယ်ရေ… ကိုရင် လက်တွေ့စမ်းသပ်ပြီးပါပြီ…. အဘပြောတဲ့ နည်းအတိုင်း ကျင့်ယူကြည့်ပါ အိုကေသွားပါလိမ့်မယ်…။
—————————————————–
တစ်နေ့သ၌ ကျွန်ုပ်ထံသို့ ကျွန်ုပ်၏တပည့် ဗေဒင်ဆရာ ဖြိုးဟန်ကျော်ဆိုသူ ရောက်လာ၏။ ၎င်းဖြိုးဟန်ကျော်သည် ရွှေတိဂုံဘုရား မြောက်ဘက်မုဒ်တွင် ဗေဒင်ဟောသူ ဖြစ်၏။ ဥပုဒ်နေ့တိုင်း ဆိုင်ပိတ်၏။ ကျွန်ုပ်သည် ၎င်းကို မြင်လိုက်သည်နှင့် ယနေ့ ဥပုဒ်နေ့ပါလားဟု သတိရ၏။ ဖြိုးဟန်ကျော်သည် ကျွန်ုပ်အတွက် ဒိန်ချဉ်နှစ်ခွက် ဝယ်လာ ၏။ ကျွန်ုပ်သည် ဒိန်ချဉ်ကို လွန်စွာကြိုက်သောကြောင့် ချက်ချင်းပင် သောက်လိုက်လေ၏။ ကျွန်ုပ်က ဒိန်ချဉ် သောက်ပြီးသောအခါ၌ ဖြိုးဟန်ကျော်က…
ဆရာကြီးကို ကျွန်တော် တစ်ခုမေးမယ်။ ပုတီးများများ စိပ်လာရင် သူတစ်ပါးရဲ့ စိတ်အကြံကို သိတယ်ဆိုတာ ဟုတ် သလားဟု မေးလေ၏။ ထို့ကြောင့် ကျွန်ုပ်က သူတပါးရဲ့ အကြံကို သိတာတို့ အကြားအမြင်ရတာတို့ ဆိုတာက ပုတီး စိပ်ရုံနဲ့ မရဘူးကွ။ သီးသန့် လေ့ကျင့်ယူရတယ်။ လေ့ကျင့်တဲ့ နည်းတွေလည်း အများကြီး ရှိတာပေါ့ကွာ။ အဲဒီထဲ … ငါ့ရဲ့အကြိုက်ဆုံး နည်းတစ်ခုပြောပြမယ်ဟု ပြောလိုက်လျှင် ဖြိုးဟန်ကျော်က အဲဒီနည်း ကို သိချင်ပါတယ် ဆရာကြီး ပြောသာပြပါဟု ပြောလေ၏။
ဒီလို ဖြိုးဟန်ကျော်ရဲ့။ မျက်စိဆိုတာ ဦးနှောက်ကလာတဲ့ အာရုံကြောနဲ့ ဆက်နေတာကွ။ ဦးနှောက်က အာရုံ ကြောနှစ်စုံဟာ မျက်လုံးနဲ့ ဆက်ထားတယ်ပေါ့ကွာ။ ဒါပေမယ့် အဲဒီ အာရုံကြောဟာ အကြောနဲ့ မတုဘူး။ ဦးနှောက်ကနေ အတက်ကလေးနှစ်ခု ထွက်နေသလိုပဲ။ ပြီးတော့ အကြောလို ပျော့ပျော့ပြောင်းပြောင်းလဲ မဟုတ်ဘူး။ ဖိုင်ဘာလို မာနေတာကွ။ သူက မျက်စိနောက်က နေရာတစ်စုံနဲ့ လာပြီး ဆက်ထားတယ်။
အဲဒီနေရာကို အင်္ဂလိပ်လို ရက်တီနာ (RETNIA ) လို့ ခေါ်တယ်။ အဲဒီ ရက်တီနာဟာ ဘာနဲ့ တူလဲဆိုတော့ တယ် လီဗေးရှင်း စကရင်နဲ့ သိပ်ပြီး တူတာကွ။ အဲဒီတော့ ဦးနှောက်က ထွက်လာတဲ့ အာရုံကြောနှစ်ခုဟာ တယ်လီဗီး ရှင်းမှာ အသုံးပြုတဲ့ အင်တီနာ (ANTENNA) နဲ့ သိပ်ပြီးတူနေတာပေါ့ကွာ။ အဲဒီတော့ကွာ မျက်လုံး ရှေ့တူရူမှာ ရှိတဲ့ အရာကို မျက်လုံးကနေတဆင့် မျက်လုံးနောက်က စကရင်ဖြစ်တဲ့ ရက်တီနာကို ပို့တယ်ကွာ။ အဲဒီ ရက်တီနာ ကနေတဆင့် အင်တီနာနဲ့ တူတဲ့ အကြောမာမာကလေး နှစ်ခုကနေ ဦးနှောက်ကို ပို့တယ်။ အဲဒီမှာ မြင်တယ် ဆိုတဲ့အကြောင်း ဖြစ်လာတော့တာပဲ။ မင်းပိုပြီး သဘောပေါက်လာအောင် ငါ့ဆီမှာရှိတဲ့ ပုံလေးတစ်ပုံကို ပြမယ်ဟုဆိုကာ ကျွနိုပ်သည် ထိုအကြောင်းကို ရှင်းလင်းထားသော ပုံလေးတစ်ပုံကို ဖြိုးဟန်ကျော်ကို ပြလိုက်လေ၏။
ဖြိုးဟန်ကျော်သည် ထိုပုံကို ကြည့်ပြီးနောက် တော်တော် သဘာဝ ကျတာပဲဟု ပြောလေ၏။ အဲဒီတော့ မင်းနာ လည်ရမှာက မျက်လုံးရဲ့ တူရူရှေ့မှာရှိတဲ့ လူပဲ ဖြစ်ဖြစ် အရာဝတ္ထုကိုပဲ ဖြစ်ဖြစ် လူက မြင်တယ်။ မျက်လုံးက ဘာနဲ့ တူသလဲဆိုတော့ မှန်ဘီလူးနဲ့ တူတယ်။ အဲဒီ မှန်ဘီလူးကနေတဆင့် ရက်တီနာကို ပို့တာ။ ရက်တီနာကနေ အနောက်က ဖိုင်ဘာနဲ့ လုပ်ထားတဲ့ အင်တီနာကနေ အမြင်အာရုံကြောကနေ တစ်ဆင့် ဦးနှောက်ကို ဆက်ပြီး ပို့လိုက်တာ။
အဲဒီအခါကျမှ ဦးနှောက်က မြင်တယ်လို့ ဖြစ်တော့တာပဲဟေ့။ ဒါပေမယ့် တစ်ခု ထူးဆန်းတာက မျက်လုံးရှေ့ တည့်တည့်မှာ ဘာမှမရှိပဲ စိတ်ကူးတာကို ဦးနှောက်မှာ ထင်မြင်လာတာကတော့ မိမိတွေးမိတဲ့ အတွေးတစ်ခု ဟာ ရက်တီနာပေါ်မှာ လာပြီး ထင်တယ်ကွ။ ဘယ်ပုံ ဘယ်နည်း ထင်သလဲဆိုတော့ တွေးလိုက်တဲ့ အတွေးပုံစံ အင်္ဂလိပ်လို သော့ဖောင့်စ် ( THROUGH FORMS ) ဒါမှမဟုတ်ရင် မင်တယ်ပစ်ချာ့စ် (MENTAL PICTURE) တွေဟာ ရက်တီနာပေါ်မှာ လျှပ်စစ်ဓါတ်အားတွေ ကြွပြီး ပေါ်လာတယ် အဲဒီလျှပ်စစ်ဓါတ်တွေ ဟာ အပူငွေ့အဖြစ်နဲ့ ပေါ်လာတယ် အဲဒီပုံတွေဟာ လှိုင်းအဖြစ်နဲ့ ပုံသဏ္ဍာန်တွေ ဖော်ပြပြီး ဦးနှောက် ဆက်ပို့ လိုက်တယ်။ ဦးနှောက်မှာ ဗစ်ရှုရာ ( VISUAL CENTRE )လို့ ခေါ်တဲ့ ရုပ်ပုံဖမ်းတဲ့ နေရာလေး တစ်နေရာရှိ တယ်။
ဒီက လွှတ်လိုက်တဲ့ ရုပ်ပုံကို ဟိုက ဖမ်းယူတယ်ပေါ့ကွာ။ စိတ်ကူးတွေ အိပ်မက်တွေဟာလည်း ဒီနည်းနဲ့ ဦးနှောက် ရုပ်ဖမ်းဌာနမှာ တင်ပြတာကွ။ အဲဒီတော့ အရုပ်ကိုပဲ အာရုံပြုပြု အသံကိုပဲ အာရုံပြုပြု သဘောက အတူတူပဲ။ လူရဲ့ မျက်လုံးနဲ့ ဦးနှောက်ဟာ အခုမြင်တွေ့ရတဲ့ တယ်လီးဗီးရှင်းနဲ့ သိပ်ပြီးတူတာပဲ။ အသံကို အာရုံပြုရင် အသံကြားရတယ်။ ရုပ်ကို အာရုံပြုရင် အရုပ်မြင်ရတယ်။
အဲဒီမှာ သူတစ်ပါးရဲ့ စိတ်အကြံကို ကိုယ်က သိချင်တာ တို့ သူတစ်ပါး ပြောနေတာကို အဝေးက ကြားချင်တာတို့ ၊ အဝေးရောက်နေတဲ့ လူတစ်ယောက်ကို ဘာဖြစ်နေသ လဲ ဆိုတာကို မြင်ချင်တာတို့ဟာ မျက်လုံးရဲ့ ရှေ့ပိုင်းကို မသုံးတော့ပဲ ရက်တီနာနဲ့ ဦးနှောက်ကို လေ့ကျင့်ယူရ တာ ဖြစ်မယ်ကွ။ ဒါကြောင့်မို့လို့ အကြားအမြင်ကို အနောက်တိုင်းက ပညာရှင်တစ်ဦးက ဆိုက်ကစ်တယ်လီဗျူး ဝါး (PHYCHIC TELE-VIEWER) လို့တောင် သုံးသေးတယ်ကွ။ ဆိုက်ကစ်ဆိုတာ စိတ်နဲ့ ဆိုင်တာ။ တယ်လီ ဆိုတာ အဝေးနဲ့ ဆိုင်တာ။ ဗျူးဝါးဆိုတာမြင်တွေ့တာ။ အဝေးမှာ ရှိတဲ့ အရာကို စိတ်နဲ့ မြင်တွေ့နိုင်တဲ့ အတတ် ပေါ့ကွာဟု ကျွန်ုပ်က ပြောလိုက်လျှင် ဖြိုးဟန်ကျော်က…
ဒီအထိတော့ နားလည်ပြီ ဆရာကြီး။ နောက်ပြောမှာတွေကိုတော့ ဖြည်းဖြည်းပြောပါ ဆရာကြီး။ နားရှုပ်ကုန်မှာ ကြောက်လို့ပါဟု ပြောလေတော့၏။
ပထမအဆင့်ကတော့ မျက်စိကို စုံမှိတ်လိုက်ရမှာ။ ပြီးတော့ မျက်စိထဲမှာ ဘညပေါ်လာသလဲ ဆိုတာကို အာရုံစိုက်ပြီး ကြည့်ရမှာ။ အဲဒီမှာ ဘာမှ မမြင်ရဘူးဆိုရင် မျက်စိကို တင်းတင်းကြပ်ကြပ် မှိတ်နိုင်သမျှ ထပ်ပြီး တော့ မှိတ်ရမယ်။ ကလေးတွေဟာ ကောင်းကင်ကို မော့ပြီး တိမ်တွေကို အရုပ်ဖော်သလို မျက်စိကို မှိတ်ထား ရင်းကနေ ပုံဖော်ကြည့်ရမယ်။ အဲဒီလို ပုံဖော်ကြည့်ပြီးတော့ ပေါ်လာတဲ့ပုံကို ပါးစပ်က ရွတ်ဆိုရမယ်။ ဥပမာ ကျား နဲ့ ခပ်ဆင်ဆင် တူတာကို ကျားကျားလို့ ပုံဖော်ရမယ်။ မျောက်နဲ့ ခပ်ဆင်ဆင် တူတာကိုလည်း မျောက်…. မျောက် လို့ အော်ပြီး ပုံဖော်ရမယ်။ စောစောက မပီမသ ပေါ်နေတဲ့ ကျားရုပ်ဟာလဲ ပီပီသသ ကျားရုပ်ပေါ်မယ်။ စောစော က မပီမသ မျောက်ပုံပေါ်နေတဲ့ ရုပ်ဟာ မျောက်ရုပ် ပီပီသသ ပေါ်လာမယ်။ အဲဒါ ဟာ လေ့ကျင့်ခန်း တစ်ခုပဲဟေ့။
လေ့ကျင့်ခန်းနှစ်ကို ပြောပြမယ် ။ အဲဒီလို လုပ်လိုက်တဲ့ အခါမှာ ကိုယ်ဖော်တဲ့ ကျားရုပ်ပေါ်ပြီးရင် မျက်စိထဲမှာ ရပ်မနေဘူး။ အရုပ်တွေ အမျိုးမျိုး အဖုံဖုံ ပေါ်လာတတ်တယ်။ အဲဒီအခါမှာ တစ်ကိုယ်လုံးမှာ ရှိတဲ့ အကြောတွေ လျှော့ပစ်ရမယ်။ အဲဒီအချိန်မှာ အိပ်ပျော်သွားလိမ့်မယ်။ ဒါပေမယ့် အချိန်မကြာပဲ နိုးလာလိမ့်မယ်။ နိုးလာတဲ့ အခါမှာ ရှစ်နာရီကြာအိပ်ရေးဝအောင် အိပ်ထားတဲ့ လူလို လန်းဆန်းနေရမယ်။ ဒီလို နိုးလာတဲ့အခါမှာ အများသူ ငါပြောတဲ့ တတိယမျက်လုံး ဒါမှမဟုတ် စိတ်မျက်လုံးကို အသုံးပြုရတော့မယ်။
ဥပမာ မောင်ဖြူကို မောင့်ဖြူစိတ်ကို သိချင်ရင် မောင်ဖြူစိတ်ကို သိချင်လိုက်တာလို့ အာရုံပြုထားရမယ်။ အာရုံပြုတဲ့ အခါမှာလဲ မောင်ဖြူကို တွေ့လေ့တွေ့ထရှိတဲ့ နေရာလေးမှာ တွေ့တယ်လို့ စိတ်ထဲမှာ ထင်မြင် အောင် အာရုံပြုရမယ်။ ဥပမာအားဖြင့် သူ့အိမ်မှာ ရှိတဲ့ ခုံမှာ ထိုင်နေပုံ ၊ သူ့ရုံးက စားပွဲမှာ ထိုင်နေပုံ ၊ ခြံရှေ့မှာ ထိုင်နေပုံပေါ့။ မောင်ဖြူဟာ စာအုပ်တစ်အုပ်ကို ကိုင်လေ့ရှိတယ် ဆိုရင်လည်း ဈတ်ထဲမှာ စာအုပ်လေးတစ်အုပ် ကိုင်ထားတတ်တာကို အာရုံပြုထား။ အဲဒီလို အာရုံပြုရင် မင်းက မင်းစိတ်ထဲမှာ ရှိတဲ့ အာရုံကြောတွေကို ဒုတိယအကြိမ် ထပ်ပြီး လျှော့ထားရမယ်။
အဲဒီမှာ အာရုံပြုလို့ မထင်ဘူးဆိုရင်တော့ မောင်ဖြူရိုက်ထားတဲ့ ဓာတ်ပုံရှိရင် ထုပ်ပြီး ကြည့်ခွင့်ရှိတယ်။ ဓာတ်ပုံကလည်း နှစ်အတော်ကြာကြာက ရိုက်ထားတဲ့ ဓာတ်ပုံဆို သိပ်မကောင်းဘူူး။ အခုလောလောလတ်လတ် ရိုက်ထားတဲ့ ဓာတ်ပုံ ပိုပြီးကောင်းတယ်။ အာရုံမှာ သိပ်မဆွဲဘူဆိုရင် ထပ်ပြီး အကြောတွေ လျှော့ရမယ်။ အဲဒီအခါမှာ မောင်ဖြူပြောလိုက်တဲ့ စကားသံကို ဖြစ်စေ မောင်ဖြူ အခုတကယ် လှုပ်ရှားနေတာကို ဖြစ်စေ အာရုံထဲမှာ ကြားလာမြင်လာမယ်။ တစ်ခါလောက် ထင်ထင်ရှားရှား ရပြီဆိုရင် စိတ်အေးလက်အေး နေလိုက်ပေတော့။ မုချ အကြားအမြင် စိတ်တွေ တစ်ဖက်သားရဲ့ လှု်ရှားမှု့တွေကို သိရလို့ စိတ်ဓာတ်ခိုင်ခိုင်မာမာ တင်လိုက်ပေတော့။ အမြင်ဓာတ် အကြားဓာတ်တွေကို လောမကြီးပဲ မှန်မှန်ဆက်လုပ်သွားရင် မုချရလာမှာဟု ကျွန်ုပ်က ပြောလိုက်လျှင် ဖြိုးဟန်ကျော်က…
လွယ်သားပဲ ဆရာကြီးဟု ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်က..
လွယ်တယ်လို့ မပြောပါနဲ။ မခက်ဘူးလို့ ပြောပါ။ ငါလဲ ၁၉၇ဝလောက်တုန်းက ဒါမျိုးတွေ လေ့ကျင့်ဘူးပါတယ်။ အဲဒီတုန်းက အင်းစိန်မှာ ရှိတဲ့ ငါ့ဦးလေးရဲ့ အောင်ဗောဓိ ဓာတ်ခန်းမှာ လေ့ကျင့်ခဲ့တာပါ။ အတော်အတန် ပေါက်ပေါက်မြောက်မြောက် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ငါ့ရဲ့ ဘဝက ဆက်ပြီး အခွင့်အရေး မရပေးလေတော့ အသက်မွေး ဝမ်းကြောင်းအလုပ်တွေနဲ့ပဲ အချိန် ကုန်ခဲ့ရတယ်ဟေ့။ တကယ်လို့ မင်းတို့မှာ အချိန်ရှိမယ်ဆိုရင် လုပ်ကြည့်ပါ။ မုချ အောင်မြင်တဲ့ နည်းပါ။ တစ်ခုတော့ အကြံပေးချင်တယ်။ အဲဒါက ဘာလဲဆိုတော့ အဲဒီ လေ့ကျင့်ခန်းကို လေ့ကျင့်တိုင်း လေ့ကျင့်တိုင်းမှာ မလေ့ကျင့်မီ ပုတီးကိုတော့ စိပ်စေချင်တယ်ကွာ။ ပုတီးကလည်း အခြားဟာ မဟုတ်ပါဘူး။ ဓမ္မစကြာမှာပါတဲ…
စက္ခုံ ဥဒပါဒိ။
ဉာဏံ ဥဒပါဒိ။
ဝိဇ္ဇာ ဥဒပါဒိ။
အာလောကော ဥဒပါဒိ။
ဒီငါးလုံးကို ပုတီးကိုးပါတ် စိတ်ရမယ်ကွာ။ ဟုတ် ၊ မဟုတ် မင်းအရင် လက်တွေ့ စမ်းကြည့်စေချင်တယ်။ စမ်းကြည့်ပြီးရင် မင်းက ငါ့ကို ကျေးဇူတင်မှာပါဟု ပြောလိုက်လျှင် ကျွန်ုပ်၏ တပည့် ဖြို်းဟန်ကျော်က…
မဟုတ်ပါဘူး ဆရာကြီးရယ်။ အခုလို ပြောပြကတည်းက ကျေးဇူးတင်နေပါပြီဟု ကျေကျေနပ်နပ်ကြီး ပြောလိုက်လေတော့သတည်း
သဗ္ဗေသတ္တာ ကမ္မဿကာ
မင်းသိင်္ခ
24 comments
ပေါက်ဖော်
November 13, 2011 at 1:26 pm
မခက်ဘူးဆိုပေမဲ့..
တော်တော်လေးခက်ပါတယ်ဗျာ..
သမာဓိလဲ လိုပါလိမ့်မယ်..
ကျနော်တို ့ဆို..လေ့ကျင့်ဖို ့..မလွယ်ဘူး….မလွယ်ဘူး..မလွယ်ဘူး..
ထူးဆန်းတဲ့ ပညာကြီးပါပဲ…..တော်ယုံလူ..မရနိုင်ဘူးလို ့ထင်ပါတယ်.
အင်း..မစမ်းရသေးဘူး..မရဘူးပဲ လွှတ်ပြောနေတာ..ငါ့နှယ်ဒုက္ခ..
နောက်လာမဲ့ ကွန်းမန် ့လေးတွေ…ဆက်ကြည့်ပါဦးမယ်..
Gipsy
November 13, 2011 at 4:29 pm
ရေးထားတာကတော့ ရှင်းပါတယ် .. မှတ်သားရလဲ လွယ်ပေနဲ့…
လွယ်ကူမဲ့ ဟာတော့ မဟုတ်ပေဘူးဗျို့..၊
ပါရမီ ပါမှ ဖြစ်နိုင်မဲ့ ကိစ္စမျိုးလို့ ထင်မိပါတယ်…၊
စစ်မရောက်ခင် မြှားကုန်သဘောမျိုးများ ဖြစ်နေသလားတော့မသိပါဘူး….။
windtalker
November 13, 2011 at 7:02 pm
ကိုရင်ကတော့ ပညာတွေ ပြန်ဖြန် ့လိုက်ပြီ ။
ကျုပ်တို ့ရွာထဲက အကြားအမြင် ပညာရှင် ဘယ်နှစ်ယောက်ထွက်မလဲ ဆိုတာ စောင့်ကြည့်ရမယ်ဗျို ့။
aye.kk
November 13, 2011 at 7:07 pm
မိမိရဲ ့ညာလက်ဖဝါးပြင်မှာဖြစ်စေ ဘယ်လက်ဖဝါးပြင်မှာဖြစ်စေ
လက်သန်းအောက်ခြေ ဗုဒ္ဓဟူးဂြိုလ်ခုံနဲ့တနင်းလာဂြိုလ်ခုံကို လေးကိုင်းသဖွယ်ဆက်စပ်နေတဲ့
သမ္ဘူယညဏ်လမ်းကြောင်း ပါလာခဲ့သည်ဖြစ်စေ နှလုံးလမ်းကြောင်းနဲ ့ညဏ်လမ်းကြောင်းကြားမှာရှိနေတဲ့
စနေဂြိုလ်ခုံအောက်တည့်တည့်မှာ ပါလာတဲ့ဂဗ္ဘီရကြက်ခြေခတ် လေးသာပါလာခဲ့မယ်ဆိုရင် အကြားအမြင်
ဝါသနာပါသူများအတွက် ကံကြမ္မာကတွန်းပို ့သလိုဖြစ်နေပါလိမ့်လို ့ပြောပြပါရစေ…
aye.kk
November 13, 2011 at 7:16 pm
မိမိရဲ ့ညာလက်ဖဝါးပြင်မှာဖြစ်စေ ဘယ်လက်ဖဝါးပြင်မှာဖြစ်စေ
လက်သန်းအောက်ခြေ ဗုဒ္ဓဟူးဂြိုလ်ခုံနဲ့တနင်းလာဂြိုလ်ခုံကို လေးကိုင်းသဖွယ်ဆက်စပ်နေတဲ့
သမ္ဘူယညဏ်လမ်းကြောင်း ပါလာခဲ့သည်ဖြစ်စေ နှလုံးလမ်းကြောင်းနဲ ့ညဏ်လမ်းကြောင်း တို ့အကြား
စနေဂြိုလ်ခုံအောက်တည့်တည့်မှာ ရှိနေတဲ့
ဂဗ္ဘီရကြက်ခြေခတ် လေးသာပါလာခဲ့မယ်ဆိုရင် အကြားအမြင်
ဝါသနာပါသူများအတွက် ကံကြမ္မာကတွန်းပို ့သလိုဖြစ်နေပါလိမ့်မယ်ဆိုတာ ပြောပြပါရစေ..
etone
November 14, 2011 at 1:56 pm
ဘယ်ဟာက ဘယ်လမ်းကြောင်းပါလိမ့် … လက်သန်းအောက်ကတော့ ဟုတ်ပါပြီ တနင်းလာခုံက ဘယ်နားကလဲ ဟီး ။ ချိတ်ဝင်စားလို့ပါဆို .. ။
ပေါက်ဖော်
November 13, 2011 at 7:31 pm
အပေါ်မှာ..ထွက်လာပြီ ပညာရှင်….
သုံးကိုယ်ခွဲတောင်မှ
😆
koaung
November 13, 2011 at 7:50 pm
တကယ်ဖြစ်ချင်တကယ်လုဎ်အဟုတ်ဖြစ်ရမည်ဆိုသလိုပေါ့ဗျာ ငယ်စဉ်ကဘာသာရေးဆိုတဲ့အရာကိုလေးစားရမှန်းမသိကျင့်ကြံရမှန်းလဲမသိ အယုံအကြည်လဲမရှိနဲ့ ဟောအချိန်တန်တော့လဲဆရာရင်း ဝိပတ်သနာ ဘုန်းကြီးက အိမ်ကိုရောက်ချလာပြီး ပတီးစိတ်နည်းပေးတယ် ကျနော်က ပတီးစိတ်ရင်ဘာဖြစ်မှာလဲလို့မေးခဲ့ဘူးတယ်(အကျိုးမရှိရင်ဘာမှမလုပ်ဘူးလို့ခံယူထားလို့ပါ) အေးကွာ ပတီးစိပ် ရင်နေ့ချင်းညချင်းချမ်းသာတာမျိုးမဟုတ်ဘူးကွဲ့ လို့ ကျနော်ကိုပြန်ပြောပါတယ် နောက်ပြီး ပတီးစိတ်ရင် သမာဓိရှိလာမယ်သမာဓိရှိရင်တဆင့်ပြီးတဆင့် (မင်းလိုချင်တာဖြစ်မယ်လို့)ဆုံးမပါတယ် အဲဒီအချိန်ကကျနော်တတိယနှစ်ရူပကျောင်းသားပါ(ကမ်းမမြင်လမ်းမမြင်အချိန်ပေါ့) ဒါနဲ့ကျနော်လဲ(တကူးတကအိမ်ကိုတောင်ကြွပြီးပေးတဲ့ပတီးစိတ်နည်းမို့အားနာပြီး)ဆရာတော်ရဲ့ ဘတ်ဒေးဖြစ်တဲ့ဆန်းဒေးမှာပဲစတင်စိတ်မယ်ဆိုပြီးကတိပေးခဲ့သလို အဲဒီအချိန်ကစစိတ်ခဲ့တာခုထိပါဘဲ ထူးခြားတာတွေကတော့ ၊မယုံနိုင်အောင်ပဲပေါ့ဗျာ ရောက်ချင်တဲ့နိုင်ခံခြားလဲရောက်ခဲ့သလို ရရက်သားသမီးတော်တော်များများကိုလဲကူညီနိုင်ခဲ့သလိုlသူများထက်အောက်တန်းမကျတဲ့ နေရာနဲ့အလုဎ်များလဲရသလို ကိုယ်လုဎ်ချင်ဖြစ်ချင်တာမှန်သမျှ ဖြစ်ခဲ့ပါတယ်(ဆရာရင်းကိုလဲသတိရလွမ်းစွတ်မိပါတယ်)ဒါပေမဲ့ကျနော်ဆရာရင်း ပျံလွန်တော်မူသွားရှာပါပြီ နောက်ပိုင်းကြုံရင် ဆေးပေါင်းခတဲ့ ညအကြောင်း မျှဝေပေးချင်ပါတယ် ကျမ်းမာကြပါစေ(ဆရာတော်အားဦးထိပ်ထားလျှက်)
ပေါက်ဖော်
November 13, 2011 at 8:08 pm
ဟိုက်….
ရေးပါဦး..ရေးပါဦး..ဆေးပေါင်းခတာလေး အားပေးရအောင်..
မြန်မာလိုတွေဘာတွေ…များများ စားစား ဖတ်ရတာ ဒါ..ပထမ ဆုံးပဲ..မိုလို ့..
ထူးဆန်းနေတာ..
ခါတိုင်းဆို..ဂလု..နဲ ့..ရှလွတ်ပဲ..တွေ ့တွေ ့နေရတာ..မိုလို ့
ဟဟဟ
koaung
November 13, 2011 at 8:16 pm
ဂလုဂလုတို့ ရှလွတ်ရှလွတ် တို့က (တတ်သည့်ပညာမနေသာလေ) အနော်လဲပုထုစဉ် ဂျီပုံး(အဲလေ) လူသားမို့ မကင်းနိုင်ပါကြောင်း 😀
ကိုရင်စည်သူ
November 13, 2011 at 8:21 pm
ကိုအောင်.. သီလ၊ သမာဓိ၊ ပညာ ပြည့်စုံတဲ့ ဆရာသခင်တွေရဲ့
စကားကို မြေဝယ်မကျနားထောင်ပြီး ကျင့်ကြံအားထုတ်တာ
ဘဝမှာ ဘာမှအရှူံးမရှိကြောင်း ကိုအောင် လာရေးပြပေးလို့
ကိုရင်ဝမ်းသာပါတယ်….။ ကိုရင် ငမိုက်သားလည်း အရင်တုန်း အဲ့လိုပါပဲ…
အဘဆရာသခင်မင်းသိင်္ခနဲ့သာ မတွေ့ရင် အခုဆို ဘာဖြစ်နေမလဲ
ကိုယ့်ကိုယ်ကို မတွေးရဲပါဘူး….
လူငယ်များလည်း ပျော်ပျော်ပါးပါးနေကြပါ…
တစ်နေ့ကို နာရီဝက်လောက်တော့ ဘုရားရှိခိုး
တရားအားထုတ်ဖို့ မမေ့နေပါနဲ့….လို့ ခင်မင်စွာ အကြံပြုပါတယ်..
စေတနာကောင်းစွာဖြင့်
ကိုရင်စည်သူ
koyinmaung
November 13, 2011 at 8:19 pm
ကိုအောင်ရေ ဆေးပေါင်းခတဲ့ညအကြောင်းလေး….
ရေးပါ အားပေးပါ့မယ်…
xman
November 13, 2011 at 11:15 pm
ကိုရင်စည်သူရေ
အထူးကျေးဇူးတင်ပါတယ်ဗျာ
ကိုယ့်ဘာသာရှာရမယ်ဆို ဘယ်လိုရှာရမှန်းသိမှာမဟုတ်ဘူး
အဘမင်းသိင်္ခရဲ့စာတွေ ပညာတွေ ပြန်စုစည်းနိုင်ရင် သိပ်ကောင်းမှာပဲနော်။
small cat
November 14, 2011 at 6:39 am
ကိုရင်စည်သူနဲ့ ဘီယာအတူသောက်ဖို့စဉ်းစားထားတာ မသောက်ရဲတော့ဘူး၊
တော်ကြာ အကြားအမြင်ပညာနဲ့ ကြည့်ပြီး ကျွန်တော်ဘာတွေ စဉ်းစားနေလဲသိသွားမှာဆိုးလို့။
ကိုရင်စည်သူ
November 14, 2011 at 12:47 pm
ကျွန်တော်နဲ့ ဘီယာအတူတူသောက်ရင်း
ကိုကြောင်လေး စဉ်းစားနေတာတစ်ခု ဟောမယ်နော်..
“ဟ… ဒီကိုရင် အမြည်းတွေစွတ်အုပ်နေတာ
ငါ့ဖို့ကော ကျန်ပါအုံးမလားမသိဘူး…. ” 😀 😀 😀
နောက်တာပါနော်… 😛 😛 😛
ကိုကြောင်လေးက သဘောကောင်းမယ်… သိပီးသား..
ကြောင်ကြီး
November 14, 2011 at 8:36 am
ကိုရင့်နည်း ဟုတ်မဟုတ် စမ်းကြည့်လိုက်အုံးမယ်။ ကိုင်း ရောက်ချင်ရာ ရောက်ဟဲ့… အလို ရှေ့ကလူကြီးက အဒူရဲ… တခါမှ မမြင်ဘူးပေမဲ့ ရင်းရင်းနှီးနှီး သိနေသလိုပဲ။။။ စဉ်းစားလို့မရဘူး။ ရွာသူရွာသားများကို မြင်ရတဲ့ပုံဖော်ပြီး အကူအညီ လှမ်းတောင်းအုံးမှပါ။ သိရင်ပြောကြပါဗျို့။။ 😉
အဲဒီလူဂျီးက ဆံပင်ခလယ်ခွဲနဲ့၊ အံမယ်… ဆံပင်မဖြူသေးဘူး။ ဆေးဆိုးထား၊ မထားတော့ သိလောက်အောင် သမာဓိမကောင်းသေးဘူး။ အင်း.. မျက်မှန်ကတော့ လေ့ထောင့်မကျတကျ အနက်ရောင်ကိုင်းနဲ့။ နှုတ်ခမ်းမွှေးစစနဲ့၊ မုတ်ဆိတ်မွှေးရေးတေးတေးလည်း ပါသေးတယ်ထင်တယ်။ နဖူးကတော့ မဟာနဖူး၊ ပြောင်တာလား အောင်တာလားတော့ အာရုံထဲမပေါ်ဘူး။ အသက်ကတော့ လေးဆယ်ပတ်ဝန်းကျင်။ ငါးဆယ် မရှိသေးတာ သေချာတယ်ဗျာ။ ကြောင်အမြီးဖြတ် လောင်းဝံ့တယ်။ လူပုံက ချပ်ချပ်ရပ်ရပ် လန်းလန်းဆန်းဆန်းပဲ၊ အနှိပ်ခန်းကပြန်လာပြီးကာစ ရုပ်မျိုး။ အရပ်က သိပ်မခန့်မှန်းတတ်ဘူးဗျ၊ မပုတာတော့သေချာတယ်။ ၅ပေ၈လက်မ အထက်တော့ရှိမယ်ဗျို့။ အလို… သမီးတော်က ငယ်ငယ်လေး ရှိပါသေးကလား။ 😎 အဖေချစ်သမီး ဖြစ်ပုံရတယ်။ အရင်က အသက်မသိသေးလို့ ပြောမှားဆိုမှား ရှိခဲ့ရင် ဦးကြောင်ကို ခွေးမလွှတ်ပါနဲ့ကွယ်၊ ငါးဝယ်ကျွေးပါ။ (ပြောလို့ရတာ မဟုတ်ဘူး၊ အမေရိကန်မှာ ဒီအရွယ်တွေက တထစ်ရှိ နိုင်းဝမ်းဝမ်း ဖုံးဆက်ခေါ်တိုင်မယ် လုပ်နေတာ)။ သမီးတော် ရုပ်ရည်နဲ့ သူတို့လင်မယား ခြံဝတုတ်ထမ်းစောင့်ရမှာ မြင်ယောင်သေး။ 😐 ရုပ်ချောချော သန့်သန့် မျက်နှာချိုချိုနဲ့ အမျိုးသမီးက ဘယ်သူပါလိမ့်။ ဆံပင်ကို ဆေးအရောင်စပ်ကြား ဆိုးထားသကိုး၊ ဟိုလူဂျီးရဲ့ အိမ်သူသက်ထားဖြစ်ရမယ်။ အရပ်က ၅ပေ၄လက်မဗျာ။ မှန်းချေနော်။ အသက်ကတော့ ဟိုလူဂျီးထက်ငယ်ရမယ်။ အလွန်ဆုံး တန်းတူပေါ့။သူ့လူဂျီးကို တော်တော်ချစ်ပုံရတယ် ရပ်နေတာတောင် ဟိုဖက်ဆုံးမှာ 😀 ။ အေးလေ သူမိန်းမတောင် ဒီလောက် ခွာနေမှတော့ အခြားလူတွေ အကောင်းမမြင်တာ မဆန်းဘူး။ မင်းကုသနဲ့ ပပဝတီ ဇာတ်လမ်းဆိုတာ အရင်က မယုံခဲ့ဘူး။ အခုတော့ လုံးဝဖြစ်နိုင်တယ်ဗျို့၊ တော်သေးတယ် သမီးတော်လေးက ပပဝတီဖက် လိုက်ပေလို့။။။။ 🙂
ဆူး
November 15, 2011 at 9:07 am
ဦးကြောင်ကြီး ရဲ့ အကြားအမြင်က ကြောက်ခမန်းလိလိ တော်တော် မှန်တာပဲ.. လန့်တောင် လန့်လာပြီ။
တရုံလုံးမှာ မြန်မာလို ဝတ်တာ ဒို့ မိသားစု ပဲ ရှိတယ် ကြွားမိတာနဲ့ အကြားအမြင် ကွက်တိ ကို ဖြစ်သွားတော့တာပဲ.. ဟိဟိ..
တိုက်ပုံကြီးနဲ့ ဒါ့ပုံ ရိုက်ထားတာ ဘိုသီဘတ်သီ နဲ့ အန်တီကလည်း နည်းနည်းပါးပါး ဆွဲဆန့် မပေးဘူးလား မသိဘူးနော်။
lone
November 14, 2011 at 8:47 am
(စက္ခုံ ဥဒပါဒိ။
ဉာဏံ ဥဒပါဒိ။
ဝိဇ္ဇာ ဥဒပါဒိ။
အာလောကော ဥဒပါဒိ။ ဒီငါးလုံးကို ပုတီးကိုးပါတ် စိတ်ရမယ်ကွာ။) မှာ လေးလုံးပဲရှိသလိုပဲ… တစ်လုံးကျန်ခဲ့လားမသိဘူးနော်။..မသိလို့ပြောပြပါဦး…
ကြောင်ကြီး
November 14, 2011 at 9:02 am
(စက္ခုံ ဥဒပါဒိ။
ဉာဏံ ဥဒပါဒိ။
ပညာ ဥဒပါဒိ။
ဝိဇ္ဇာ ဥဒပါဒိ။
အာလောကော ဥဒပါဒိ။
လုံးလေး ဘယ်ပျောက်နေဒါလဲ။ လုံးဘဲနာဂျီး ရွာထဲက မိဖြိုးဆိုသူနဲ့ ခြေပုန်းခုတ်နေဒယ်ကြားတယ်။ လုံးကလေးကတော့ သစ္စာရှိလိုက်ရတာ၊ ဒင်းကတော့ မပြောလိုက်ချင်ဘူး… 😡 ဝမ်းနည်းနေရင် ဦးကြောင်ပြောချင်တာ မေ့ပစ်လိုက်.. မေ့ပစ်လိုက်…ဝမ်းဂိုးရင် တူးကြောင်လိမ့်မယ်။ 😎
lone
November 15, 2011 at 8:54 am
lone နဲ့ lone ကိုကိုနဲ့ ကိုရီးယားမှာ F4 ရုပ်ရှင်သွားရိုက်နေတာလေ…အဲဒါကြောင့်ပါ ဦးကြောင်ရယ်
ဘေးစကားတွေ ကိုမယုံပါနဲ့……
ကိုရင်စည်သူ
November 14, 2011 at 12:02 pm
@မလုံရေ…
စာရိုက်တာကျန်ခဲ့လို့ဗျ…
ငါးကို မရှာ ငါကိုရှာနေတဲ့
ဦးကြောင်ကြီး ပြန်ပြပေးထားတယ်..
(ကိုရင်က စာရိုက်ရင် အမြဲ ကျကျန်တတ်တယ်
စာလုံးပေါင်းမှားတတ်ပါတယ်… ခွင့်လွှတ်ပါကုန်)
etone
November 14, 2011 at 2:01 pm
ကိုရင်ရေ…အဲ့ဒါလည်း လိပ်ပြာလွှင့်တဲ့ အစားထဲကလားမသိဘူးနော် … ။
ကျွန်မ ကြိုးစာ လုပ်ကြည့်ဖူးတယ်… မရလေ စိတ်တိုလေ ၊ ဒေါသကထွက်လေပါပဲ ။
နောက်တော့ အိပ်ရေးပျက်တာများပြီး ဂေါက်သွားမှာ စိုးလို့ ဆက်မကျင့်တော့ဘူး …။ မှတ်မှတ်ရရ တညမှာ ကိုယ့်ခန္ဓာကိုယ်တွေ့ပြီး အရမ်း လန့်သွားတာလည်းပါတယ် … လူကိုယ်ထဲ ပြန်ဝင်မရတော့ရင်ဆိုတဲ့ စိတ်က လူကိုခြောက်ခြားစေတယ် … တကယ် လိပ်ပြာလွှင့်ဖြစ်ခဲ့တာလား ၊ အိပ်မက်လားကတော့ ကိုယ်တိုင်လည်းမသိပါဘူး .. ဒါပေမယ့် ကြောက်စရာကောင်းတဲ့ စိတ်ကတော့ နိုးတာတောင်ကျန်နေသေးတယ် 🙁
Gipsy
November 14, 2011 at 2:21 pm
ညတုန်းက အားရဝမ်းသာ အစပျိုးကြည့်မိပါတယ်…၊
သိပ်မကြာလိုက်ဘူးဗျ…၊
တစ်ခေါခေါ . တစ်ခွီးခွီး နဲ့ အိပ်ပျော်သွားလိုက်တာ…၊
မနက်နိုးတော့ လန်းဆန်းနေတာပဲဗျို့…။ 😆 😆 😆
taungpawthar
November 15, 2011 at 12:22 pm
ဒီ ပညာ ရပ်ကတော့ ကျင့်လို ့ဖြစ်နိုင်တယ် အရင် ဟာကတော့ ည သန်းခေါင် အမိုးမရှိတဲ့ နေရာမှာ ဆိုတော့ သိပ်မလွယ် ဘူး