ကားပါကင်
ရန်ကုန်မြို့ကြီးမှာ နိုင်ငံခြားမြို့ကြီးများလောက် ကားအရေအတွက် မများသေးပဲယာဉ်ကြောပိတ်ဆို့မှူဖြစ်နေသည်၊
အကြောင်းရင်းများစွာအနက် အဓိက မှာ ကားများ လမ်းပေါ ်parking ပြုလုပ်ခြင်းပင်ဖြစ်သည်၊
ပိတ်ဆို့မှူအများဆုံးမှာ မြို့လယ်ရှိမြို့နယ်များတွင် ဖြစ်ပြီးကားရပ်နားမှူ အများဆုံးလဲဖြစ်သည်။
လမ်းသွယ်များတွင် တခြမ်းမှာ ပါ့ကင်ကားများကြောင့်တခြမ်းပဲမောင်းနိုင်သည်၊ဒါတောင် လူတွေက ပလက်ဖေါင်းပျောက်နေလို့လမ်းပေါ ်တက်လျှောက်နေသေးသည်၊
လမ်းသွယ်အကျယ်ကျတော့ဘယ်ရောညာပါ ရပ်ကြသည်၊လမ်းအားလုံး တလမ်းသွားဖြစ်လို့အလယ်
ကြောက တန်းစီမောင်းရသည်၊ပစ္စည်းရပ်ချသောကားရှိနေရင် တလမ်းလုံးရပ်စောင့်ပေ ရော့။
အရှေ့အနောက်တလမ်း သွားလမ်းမကြီးများမှာယာဉ်ကြော၆ခု-ဘယ်အစွန်၂လိုင်းမှာစောင်းစောင်းရပ်သောကားများ၊ ရပ်ဘို့နောက်ဆုတ်နေသောကား များနဲ့နေရာယူသည်၊
ညာဘက်ဆုံးကြောက ဘတ်စ်ကားကြီးများက ပိတ်ထားသည်၊ဘေးလဲချမရပ်၊
အလယ်-၁ကြောသာသာမှာ rush hours တွင်ကား စုပြုံတိုးနေသည်၊ရပ်နားခ ကောက်ခံရုံနဲ့ မရတော့၊
ထို့ကြောင့်ကားပါကင် သည်ရန်ကုန်မြို့အတွက် မရှိမဖြစ် ဖြစ်နေပြီ၊
စင်္ကာပူတွင် လမ်းပေါ ်ကားရပ်နားခွင့်မရှိ၊တက္ကစီ ပင် လူတင်ရုံ စက်မသတ်ပဲခဏရပ်နိုင်သည်၊
တိုက်မြင့်အားလုံး မြေညီထပ်ကို ကားရပ်နားဘို့ထားရသည်၊လိုရင် ၂ထပ်၊၃ထပ်သီးသန်parking ဆောက်တာလဲရှိသည်၊
မြန်မာနိုင်ငံတွင်လဲ စည်ပင်၊အိုးအိမ် တို့တွင် အဆောက်အဦဆောက်ခွင့်တင်ကတဲက-မြေညီထပ်ကို parking ပါမှ ခွင့်ပြုသင့်သည်၊ရှေ့မြေကွက် ချန်ရုံနဲ့ မလောက်င။ရေထုတ်စနစ် ကောင်းမှာသာ မြေအောက် ကားပါကင် ကို ခွင့်ပြုသင့်သည်၊
ကားသိပ်မများသေးပဲ ပိတ်နေသည်က(ို အထူးသဖြင့်မြို့လယ်တွင်)ကားပါကင်စနစ် ဖြင့်အမြန်ဖြေရှင်းသင့်ပြီထင်ပါသည်။
12 comments
manawphyulay
November 13, 2011 at 3:57 pm
အင်း ခုလည်း သေချာလုပ်ပေးမှာပါ ခဏစောင့်လိုက်ပါဦး။ လမ်းဘေးပလက်ဖောင်းတွေတောင် ဖြိုချထားပြီလေ… အသစ်ပြန်လုပ်ပေးမယ်ထင်ပါရဲ့။
Gipsy
November 13, 2011 at 4:08 pm
ဘယ်လိုလုပ်ရရင်ကောင်းမလဲ စဉ်းစားတွေးတော နေကြတယ်လို့ ပြောပါတယ်ခင်ဗျ..
koyinmaung
November 13, 2011 at 4:34 pm
ကမာ္ဘပေါ်မှာရှိတဲ့မြို့ကြီးတွေထဲမှာဆိုင်ကယ်မစီးရတဲ့မြို့ဆိုလို့
ရန်ကုန်မြို့ဘဲရှိမယ်ထင်တယ်….
ခုလိုယာဉ်ပိတ်ဆို့ခဲ့ယင်ဆိုင်ကယ်လေးနဲ့အဆင်ပြေနိုင်ပါရဲ့နဲ့
ဘာရည်ရွယ်ချက်နဲ့ပိတ်ထားတယ်ဆိုတာသိယင်ရေးကြပါအုံး….
“ဘီလူးကြီး”ogre
November 14, 2011 at 6:54 pm
ကိုရင်မောင်
အနီကဒ် ထိထားပေမယ့် ကျုပ်ကတော့ထောက်ခံတယ်
ကျုပ်တို့ ကုမ္ပဏီ ဝန်ထမ်းတွေအတွက် ဒီကိစ္စဟာ စဉ်းစားစရာပဲ
နေ့တိုင်းဟိုရုံးပြေး ဒီရုံပြေး အချိန်ကိုက် အလုပ်လိုက်လုပ်နေရတာ
မမှီမှာစိုးလို့ ဟိုနားဒီနားတက္ကစီငှားရင် တစ်ထောင်/ထောင့်ငါးရာနဲ့
ကြာရင် ဖွတ်သလွတ်ညစ် တော့မယ် ကုမ္ပဏီဝန်ထမ်းတွေအတွက်သီးသန့်ပေးနိုင်ရင်ကောင်းမယ်ဗျ
စည်ကမ်းတကျစီး /မဝင်ရလမ်းသတ်မှတ် /ကုမ္ပဏီင်္ တံဆိပ်တပ်ပြီး ခွင့်ပြု့သင့်တယ်ထင်တာပဲ
စည်ကမ်း မညီရင်တစ်ခါတည်းသိမ်း လူပါအရေးယူ..ကျုပ်စဉ်းစားမိတာပါ..။။။
koyinmaung
November 14, 2011 at 7:49 pm
ကိုဘလူးကြီးရေကျနော်ကတရုတ်ပြည်လောက်ဘဲရောက်ဘူးပါတယ်
သူတို့မြို့ကြီးတွေကရန်ကုန်ထက်ကြီးတဲ့မြို့တွေပါဆိုင်ကယ်စီးနေကြတာပါဘဲ
တခြားနိုင်ငံကမြို့ကြီးတွေလဲဆိုင်ကယ်ကိုခွင့်ပြုထားမယ်လို့ထင်ပါတယ်
တကယ်ခွင့်မပြုတဲ့မြို့များရှိယင်လဲသိချင်ပါတယ် (ဗဟုသုတပေါ့)
ရန်ကုန်မှာဘာကြောင့်ဆိုင်ကယ်စီးခွင့်မရှိလဲဆိုတာသိချင်လို့မေးမိတာကို
အနီထိရတယ်လို့…မှားပါတယ်ကျနော်မျိုးကြီးမှားပါတယ်…..
ကိုရင်စည်သူ
November 14, 2011 at 8:02 pm
ဟုတ်တယ် ကိုရင်မောင်နဲ့ ဘီလူကြီးရေ…
ဆိုင်ကယ်စီးမရတဲ့မြို့ကတော့ ရန်ကုန်တစ်ခုပဲမြင်တယ်..
သူများနိုင်ငံတွေ ဒီလောက် လူတွေရေတွေရှူပ်ထွေးတောင်
သူဟာနဲ့သူ ဆိုင်ကယ်သုံးနေကြသေးတာပဲ…
ဒီမှာတော့ အစိုးရ ဝန်ထမ်းတွေချည်းပဲ ဆိုင်ကယ်စီးခိုင်းတာတော့
တဆိတ်တော့ အခွင့်အရေးအနေနဲ့ ပစားပေးထားတာပဲမြင်တယ်ဗျာ..
သူ့စည်းကမ်းလေး သူ့ဘောင်လေးနဲ့ ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့်
ပြုထားလည်း ရနိုင်တယ်လို့မြင်တယ်..
ဒါတောင် ချပေးထားတဲ့ စည်းကမ်းကိုမလိုက်နာပဲ
ထင်ရာစိုင်းမောင်းရင်တော့ ကိုယ့်ကံပေါ့ဗျာ…
ရန်ကုန်မှာ လမ်းပန်းဆက်သွယ်ရေး ဒီထက်ကောင်းစေချင်ရင်
ဆိုင်ကယ်တရားဝင်စနစ်တကျပြန်စီးခွင့် ပေးသင့်တယ်မြင်ပါတယ်…
ဆူး
November 13, 2011 at 4:41 pm
ရန်ကုန်မြို့မှာ ဆိုင်ကယ် မရှိတာပဲ ကောင်းတယ် ထင်တယ်။ အခုတောင် လိုင်းကားတွေက စည်းကမ်းမရှိပဲ ဟို တိုး ဒီ တိုး အတင်း လုပ်တာ ကားတွေက အကုန် အလျော့ပေးရတာ။
လိုင်းကားတွေ စည်းကမ်း မရှိသ၍ ဆိုင်ကယ်တွေ ကြားညပ်ပြီး သေနိင်တယ်။ အခုဆို ကားတွေ တော်တော် ကြပ်လာတယ် ကားများတာထက် စည်းကမ်းမရှိပဲ ချောင်တဲ့ လိုင်းထဲ အတင်းတိုးလို့ မလိုအပ်ပဲ လိုင်းတွေ ပိုပိတ်ကုန်တာ။
ပေါက်ဖော်
November 13, 2011 at 6:10 pm
ဘီလိုမှ မရနိုင်တော့ဘူးထင်ပါ့..
တိုက်တွေဖြိုပစ်မှရမယ်..အဟ..အဟ..
နေ ့တဓူဝ သွားလာဝယ်ရောင်းရုံးထိုင်နေသမျှတော့….ကားလမ်းချောင်လာဖို ့မမြင်..
ပိုကြပ်လာဖို ့ပဲ ရှိပါ၏..
Foreign Resident
November 15, 2011 at 1:42 am
အစိုးရ တင်းတင်းကြပ်ကြပ် လုပ်ရင်တော့ရပါတယ် ။
၃ လမ်း ၄ လမ်း ခြားတိုင်းမှာ ကားပါကင်ကြီးတွေဆောက် ။
လမ်းပေါ်မှာ ကားပေး မရပ် နှင့်ပေါ့ ။
ကားပါကင် ကြေး ခပ်ကြမ်းကြမ်းတောင်း ။
လမ်းပေါ်မှာ ကားရပ်ရင် ဒါဏ်ငွေ သိန်းချီချလိုက်ပေါ့ ။
လွယ်လွယ်လေး လမ်းပေါ်မှာ ရှင်းသွားမှာ ။
မြို့ထဲကို ကိုယ်ပိုင်ကားစီးပြီး လာရဲရင်လာကြည့်လေ ။
ပိုက်ဆံကုန်သွားစေရမယ်ဆိုတဲ့စတိုင်ပေါ့ ။
Singapoe မှာဆို CBD မြို့ထဲကို ဝင်တာနှင့်
ပိုက်ဆံကောက်တယ် ။
ဆူး
November 15, 2011 at 8:34 am
အဘဖောကြီး ၃လမ်း ၄လမ်းကြား တခုလောက်မှာ အိမ်စုတ် ၃လုံးလောက် ဆက်ဝယ်ပြီးတော့ ပါကင်ဆောက်ပါလား.. ပြီးတော့ အစိုးရနဲ့ပေါင်းပြီး ရပ်နားကွင်းမှာ အတင်းရပ်ခိုင်း မရပ်ရင် အစိုးရကို ဒဏ်ငွေချခိုင်း လာရပ်သမျှ ကားတွေကိုတော့ ကားခ ယူပလိုက် အေးချေးပဲ အဟေး
VHC
November 15, 2011 at 12:44 pm
bus. ကားတွေ စည်းကမ်းမရှိမောင်းတာကို သောက်မြင်အကပ်ဆုံး လူကိုပြပါဆိုရင်ကျူပ်ဘဲဗျ။ စည်းကမ်းမရှိမောင်းနေတာကို အမှန်တကယ် တင်းတင်းကြပ်ကြပ် အရေးယူသင့်ပါတယ်။ တကယ် မျက်နှာမလိုက်ဘဲ အရေးယူရင်လဲ လုံးဝကို မသနားပေါင်ဗျာ။
စပါယ်ယာ တွေကလဲ မိန်းကလေးမောင်းတဲ့ကား/မိန်းကလေး လမ်းလျှောက်တဲ့ဘေး ကိုများ ဖြတ်သွားရင် ပါးစပ်အရသာခံပြီး နှာပူးသေးတယ်။
driver ကတော့ လုံးဝ လုံးဝ ကို စည်းမရှိဘဲ ကားမောင်း ယမ်းတာ။ ကားပေါ် ကလူတွေရဲ့ အသက်က ကိုယ့်လက်ထဲမှာ ဆိုတာကို သိနိုင်လောက်တဲ့ ဉာဏ်ကို မရှိတာနေမှာ။
အသိစိတ်ဓာတ် ဗဟုသုတ ခံယူချက် ဘာမှကို အဆင့်မရှိတာ။
တကယ်တော့ အစိုးရလဲ ပြည်သူတွေ အဆင့်မြင့်မြင့်နဲ့ အသိအလိမ္မာ ကြွယ်ဝလာဖို့ ဘက်ပေါင်းစုံက စဉ်းစားသင့် နည်းလမ်းရှာသင့်ပြီ။
three colors
October 26, 2012 at 3:05 pm
၂၅x၅ဝ တိုက်ဆိုမြေညီမှာ ကား ၈ စီးဆန့်ပါတယ်၊ လှေခါးအိမ်တော့နောက်ဆုတ်ရတာပေါ့၊ပုံတောဆွဲပြမရလို့ဉာဏ်စမ်းအနေနဲ့ထားခဲ့မယ်၊နောက်ဖေးလမ်းကြားကို အထွက်လမ်းလုပ်နိုင်ရင် တခြားကားတွေရွှေ့ပေးစရာမလိုပဲ ကား၆စီးထားနိုင်တယ်