ကပေ့ရဲ့ အာဂလူစွမ်း ..စူပါမန်း …၁၁ယောက် (၁၀)

ムラカミNovember 15, 20113min14010
ကပေ့စကားကို အားလုံး စိတ်ဝင်စား သွားကြသည် ...
ဟုတ်တယ်လေ ....ကပေ့ရဲ့ ရဲရဲကြီး ဖွင့်ဟချက် ဆိုတော့ ...
ပေ။ သည်မယ် ကိုယ့်လူတို့ ကျုပ်တို့ ၈ယောက် နဲ့ ပန်ပန်တယောက်တည်း သွားရမှာ တယ်တော့
       သင့်တော်လှတယ် မဟုတ်ဘူး ....ပြီးတော့ ကျုပ်တို့က အိပ်ချိန်ကလွဲရင် မူးနေတာကများသား..
       ကလေးမလေး ...အနေအထိုင် ကျုံ့မှာ စိုးရိမ်မိတော့သကိုး .......
ဖော်။ သည်အတွက်တော့ ကျုပ်တာဝန်ထား ...ကပေ.... ပန်ပန့်အတွက်ဆို အသက်နဲ့လဲ
        စောင့်ရှောက်မယ့် ရွာသားပါဗျ.... ဖော်ဟာ ပန့်အတွက် ဆိုတာ သိသွားစေရမယ်..
ကပေါက်ဖော်တယောက် မတ်တပ်ထ ရှေ့တိုးနောက်ငင်လုပ်ရင်းက စကားဆိုသည်...
(ဘာမှလည်းဆိုင်ဝူး...)



ပေ။ ကျုပ်ပြောချင်တာ ဒါမဟုတ်ဘူးဗျ ..ခင်ဗျားစောင့်ရှောက်တာလည်း စောင့်ရှောက်တာပေါ့
        ကျုပ်တို့က အလုပ်တာဝန်တွေကိုယ်စီရှိမှာဆိုတော့ အချိန်ပြည့်တော့ ဘယ် စောင့်ရှောက်နိုင်ပါ့မလဲ
        သည်တော့ကာ သည်ခရီးမှာ မိန်းမဖော်လေး ဘာလေး .....
မှော်။ ဟားဟား ....ပေါက်ပီ ကပေ ပေါက်ပီ ...ခင်ဗျား ဘာကိုဆိုလိုသလဲဆိုတာ ...
        ဘယ့်နှယ့် ဟုတ်တယ်မလား ...
သူ့ထုံးစံအတိုင်း မျက်နှာကို စပ်ဖြဲဖြဲထားရင်း မေးကို ဆတ် ပြသည်...
ပေ။ အဟဲ ...ကမှော် ကလည်း တို့က သူကလေးကို ခေးလေး ဘွ ဂဒဲက ....
      အဟစ်အဟစ် ....



သည်လူကြီး အသက်ကြီးမှ .... စကားတောင် မပီချင်တော့ ...ကပေ မသောက်ထားဘဲ စကားမပီတာ
အလွန်ရှားလေသည် ...တချိန်လုံး ငြိမ်ပြီး နားထောင်နေသော ...အင်ဇာဂီ မနေနိုင်တော့ ...
ဇာ။ အဲ့တော့ ဘာဖြစ်လဲ ကျုပ် ဘာလုပ်ပေးရမှာလဲ ...ပြော ....
မှော်။ ခနလေးဆြာ ခနလေး ... ကပေ့ ကိုသာပြောရတယ် ဂယ်တော့လေ ကျုပ်လည်း ကျုပ်လည်း ....
ဖော်။ သည်တချီ ငါတော့ လိုက်မမီတော့ဝူး .... နင်တို့ ဘယ်သူတွေကို ခေါ်မလို့ ကြိတ်ကြံနေကြတာတုန်း...
မဖြေကြ ...
ဖော်။ ဖြေလကွာ ..ယောက်ျားတွေမဟုတ်ကြဘူးလား .....

မာနကိုထိတော့ ဆတ်ကနဲ ဖြစ်သွားကြသည် ....ဟုတ်တယ်လေ ...သူက သူကြံနေတဲ့ ပန်ပန်လေးက
အဖွဲ့ဝင်ဆိုတော့ ဘယ်သူ့မှ ခေါ်စရာ မလိုဘူးဆိုတဲ့အချိုးနဲ့ အထက်စီးကဟောက်နေတာဆိုတော့
ကပေနှင့် ကမှော် ပြိုင်တူ ရွတ်လိုက်ကြသည်...
ပေ။ အိတုန်
မှော်။ မိုးဇက်...

ဟာ ..... တလုံးတည်း ရွက်လိုက်နိုင်သူမှာ အင်ဇာဂီဖြစ်သည်...
ဒါကြောင့် သည်ဘဲတွေ သည်လောက် နုနေထွတ်နေ သဘောကောင်းပြနေတာကိုး ....
တကယ့် ရွာက ဒိတ်ဒိတ်ကျဲ တွေ ...

ပေ။ အဲ့ရာ ညီလေးရယ် ညီလေးရဲ့ အစွမ်းကို အတိုရီး အားကိုးပါတယ် ....အဟဲ ...အိတုန်လေးကိုလေ..
      ပန်ပန်လေး နဲ့ အဖော် လိုက်ပေးဖို့ စည်းရုံး သိမ်းသွင်းပေးပါနော်... အဟဲ ...သူ့အတွက် စရိတ်ကိုလေ
      အကို့ ဝေစုထဲက အကုန်ခံမယ် သိလား ....ကုန်ချင်သလောက်ကုန် .....

မှော်။ လုပ်ပါဆြာရယ် ..ကျနော်လည်း တူတူပါပဲ ...နော် ...နော် ..လို့ ....


ငြင်းမရမယ်မှန်း သိလျက်နှင့် အင်ဇာဂီ ခေါင်းတဗျင်းဗျင်းကုတ်နေသည် ....
စကားလာစ သူက ကဖော် ....ဒါမျိုးကျသူက ဉာဏ်ကောင်းသည်..

ဖော်။ လုပ်ပေးလိုက်ပါကွာ ...သင်းတို့မှာ မင်းလို ရုပ်အခံကလည်းမကောင်း ...
         အစွမ်းအစကလည်း မရှိရှာတော့ အဟစ် အဟစ် 

အင်ဇာဂီ စဉ်းစား ရပြီ ...အင်း ...သူပြောတော့လည်း ဟုတ်သလိုလို ...ဘာပဲဖြစ်ဖြစ်လေ ..သည်ငွေတွေ တခြားမှာ
ဘယ်လို ပေါက်ပန်းဈေး လျောက်သုံးပီး သူများရိပ်မိကုန်တာထက်စာလျင် သည်ကိစ္စမှာ သုံးလိုက်ခြင်းက ပိုမိုလုံခြုံသည်
မဟုတ်ပါလား ...ငွေဝင်ရာလမ်းကြောင်း အကြောင်းပြချက်ကောင်းကောင်းသာပေးနိုင်ရင် ဘယ်သူမှ မရိပ်မိတော့....
ကောင်မလေးတွေ စည်းရုံးဖို့ကလည်း သိပ်မခက် ....အမေရိကား ဆိုတဲ့ နိုင်ဂျံဂါးကြီးကို အခမဲ့ ရောက်ဖူးရမယ့်
အခွင့်အရေး ကြီးပဲဟာ ...လူ၂ယောက်လောက်တိုးတာကတော့ သူတို့ သဂျိုင်ခီးက ငြိုငြင်မှာ မဟုတ်ပေ...။
ဘာပဲပြောပြော သူလည်း သူ့ရွာက သယ်ရင်းတွေကို သဂျိုင်ခီး၏ မန့်သ်လေးဘေး ဟော်တယ်ကြီးမှာ တည်းဖူးစေချင်သည်
မဟုတ်ပါလား .......... နောက်ဆုံး သူ ဆုံးဖြတ်ချက်ချ လိုက်လေသည်....။

ဇာ။ ကောင်းပြီလေ ကပေနဲ့ ကမှော် ...ခင်ဗျားတို့ ဆန္ဒပြည့်ရစေမယ် ...တခုတော့မှာမယ်
      အလုပ်က အလုပ် ပါဆင်နယ်က ပါဆင်နယ် စည်းတော့ထားရမယ်ဗျ ...ကျုပ်တို့ လူစွမ်းကောင်း ၁၁ယောက်ကိစ္စ
      သူတို့၂ယောက် သိလို့ ပါလို့ မဖြစ်ဘူး.....
ဖော်။ ဟုတ်တယ် ဒါတော့ ပိုက်ဆံစကားပြောတာ မဟုတ်ပေမယ့် ငွေစကားပြောရရင် ဝေစု ၁၁စု ကနေ ၁၃စု အဖြစ်မခံနိုင်ဘူး။ ဒါပဲ
ဇာ။ ခင်ဗျားတို့ ကွိုင်မတက်ပါဘူး ဆိုတာ ခင်ဗျား အာမခံသလား ...
ပေ။ အို ...တုန်လေးနဲ့ ပါတ်သတ်ရင်  ...နိုးပရော်ပလုံ ....အိုခေ ...ဂိ ဂိ (ကတိ ကတိ) ဝေစုကိစ္စလည်း ဂိ ဂိ...


ဇာ။ ဟို မှော်ဆြာ ဆိုတဲ့လူ ခင်ဗျားရဲ့ Moe Z ကို သင်္ဘောသီး တွေက အီစီကလီ လုပ်ရင် ကိုယ့်ဟာကိုယ် ရှင်းနော် ပြသနာ မဖြစ်စေနဲ့
      ပရိုပီသပလေ့စေ ..ဒါပဲ ....
မှော်။ဟုတ် ကဲ့ပါ ခင်ဗျ ..ကောင်းပါပီခင်ဗျ....
မှားပါတယ် သည်လူ့နှယ့် ...သူ့ အလုပ် လာအပ်တယ် များ မှတ်နေသလားမသိ ....

ဇာ။ ကပေါက်ဖော်ရေ ....သဂျီးအတွက် ဖောရှော ငွေစာရင်းရှင်းတမ်း ရယ် .. သူတို့ စရိတ်အတွက် ဖိန့်ဖိန့် ငွေဝင်ပေါက် ရယ် ရှာဖို့
      အကောင့်တန့် တယောက် လိုသဗျ....
ဖော်။ သည်တော့ ...
ဇာ။ အဲ့ဒါ ခင်ဗျား တာဝန်ယူ ရှာလိုက်ဗျာ ....ကျုပ်ကတော့ ရွာပြန် စည်းရုံးရေးဆင်းရဦးမယ်..
      ဟိုလူတွေ ဆြာပေါက်ဖော် ကို ကူလိုက်ကြဦးနော့်....
ပေ။မှော်။ ဟုတ် ဟုတ်
သို့နှင့် ၄ဦးသား အကြိတ်အနှယ် ဆွေးနွေးပြီးနောက် ..ဆွေးနွေးပွဲ အောင်မြင်စွာ ရုပ်သိမ်းခဲ့တော့သတည်း......။
-------------------------------------------------------------------------------

ဒုတိယနေ့ အစီးအဝေးပွဲ ...
အကျဉ်းချုပ်ရေးရလျင် အစီအစဉ်မှာ သဂျီး၏ မဟာ ဂလဲ့စား ပင်ဖြစ်သည်..
တားဂတ် မှာ မည်သူ ဖြစ်သည် မည်သို့ လုပ်မည် မပြောသေး...
အဘယ်ကြောင့်ဆိုသော် ပါ့စ် ပို့တ် လုပ်လို့ အဆင်မချော ဖြစ်ပီး
တစုံတယောက် ကျန်ခဲ့လျင်အစားထိုးရန်နှင့် မလိုအပ်ဘဲ
သတင်း မပေါက်ကြားစေရန်ပင် ဖြစ်သည် ...
စိတ်မြန်သော သဂျီး က ထုတ်ပြောလိုက်တော့မလို ဖြစ်သွားသော်လည်း
အဘဖော ၏ သတိပေးမှုကြောင့် ထိုသို့ မပြောဖြစ်လိုက်ပေ
ဘဖော တော့ သိမှာသေချာသည် ။ ဇာတ်လိုက်ကြီး ကပေသည်
ဘဖောနှင့်နီးစပ်သူ သင်္ဘောသီးများအား ချဉ်းကပ် အစ်အောက်ကြည့်ရန်
ဆုံးခြတ်လိုက်သည် ...လျှို့ဝှက်အပ်သော ကိစ္စများတွင် တခါတရံ
လက်ဦးမှု ရယူရန် လိုအပ်သည် မဟုတ်ပါလား...

ပါစ့်ပိုတ့် ကိစ္စနှင့်ပတ်သတ်၍အတွေ့အကြုံများပြီး မျှော်တွေးတတ်သော ဘဖော
ပူလျင်လည်း ပူစရာပင်...
အရှေ့ကျွန်း အင်ဇာဂီ အရှေ့အလယ်ပိုင်း ကမှောင်ချော နှင့်
၂၁ရာစု ငထွေးရူးကစိန်သော့ တို့မှာ ပြသနာမရှိနိုင်ငြားသော်လည်း


ကပေ ကိုယ်နှိုက်က တစ်မိုးအောင်း ဖူးသည်...
မှော်ဆြာနှင့်ကပေါက်ဖော် တို့က နယ်စပ်မြို့များမှတဆင့် ဟိုသည် အသွားအလာရှိသည်..
ပန်ပန်က လက်ရှိအလုပ်မဝင်မီ မလေးရား တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင် ဝင်ဖူးသည်..
သူ့ သူငယ်ချင်းတွေက သူ့ကို မဆလာဒေဝီ ဟုခေါ်ကြသည် မဟုတ်လား...
အုတ်သယ် မဆလာဗန်း ရွက်ခဲ့သော် ဒဏ်ကြောင့်လားတော့မသိ ...သူ့ဆံပင်တွေက
ပလိုဂလမ်မာ ဖစ်လာသည့်တိုင် အနက်ရောင်မဟုတ်တော့ဘဲ နီကျင်ကျင် ဖြစ်နေသည်
ဒါကိုပင် သူက ဆေးဆိုးထားသည့်နှယ် ဂုဏ်ယူသေး၏ ...
သင်္ဘောသီးများကလည်း အခွန်ကင်းရဲ့လား ဘာလား မသေချာပေ...



ထို့နောက် သူတို့လူစု ရုန်ကန် ပြန်ကြလေတော့သည် ...
သူတို့ကိုယ် သူတို့ လည်တယ် သွက်တယ် လို့ ခံယူထားကြသော သင်္ဘောသီးများသည်
အားလုံး၏ ပါ့စ်ပိုထ် လုပ်ဖို့ ကိစ္စ ကို တာဝန်ယူလိုက်သည် ..စာအုပ် နီနီလေးတွေ ကိစ္စဆိုပါတော့
 ... သူတို့၂ယောက်ကို ကူညီပေးသူမှာ
ကပေါက်ဖော် နှင့် ပန်ပန်ဖြစ်သည် ...တကယ်ကတော့ လိုအပ်သော စာရွက်စာတမ်းတွေကို
တဂျောင်းဂျောင်း ရိုက်ပေး အင်ထုပေးရတာ ပန်ပန် ..ကပေါက်ဖော်ကတော့ ယပ်လေးခပ်ပေး..
ရေလေး ခပ်ပေး ....အရာခပ်သိမ်း TTMY ဖြစ်သည်..

အမေနဲ့ ရွာကို လွမ်းတယ် ဆိုပီး အင်ဇာဂီက ရွာပြန်ချသွားသည် ....
သူနှင့်အတူ မရောက်တာကြာလို့ ဆိုပီး ကမှောင်ချော နှင့် ကစိန်သော့ ပါသွားသည်..
သည်တော့ ဘုန်းမောင်တယောက်တည်း ဖြစ်နေသူမှာ ဇာတ်လိုက်ကြီး ကပေ တည်း...

ယောင်ချာချာနှင့် ဘယ်သွားရမှန်းမသိ ....
ခုတလော ကံအပြောင်းအလဲကများ နေသည်မဟုတ်လား..
ကံကောင်းချင်တော့ ပိုက်ပိုက် အတုတွေ လှိုင်လှိုင်ဖြန့်ရ
ကံဆိုးချင်တော့ မော်စကိုရောက် ..
ကံကောင်းချင်တော့ ပြောင်ကြီးမေတ္တာ ၆၀၀ဝ စာရင်းထဲ ဝင်
ကံဆိုးချင်တော့ အင်ဇာဂီ နှင့်တွေ့
ကံကောင်းချင်တော့ သဂျီးမှ ဦးဆောင်ခိုင်း
ကံဆိုးချင်တော့ ပေါက်ကရတွေ လုပ်မိ
ကံကောင်းချင်တော့ သဂျီးက ဗွေမယူ
ကံ ဆိုးချင်တော့ ပါ့စ်ပိုတ့် ကိစ္စ ပူရ
ကံကောင်းချင်တော့ ....ကံဆိုးချင်တော့...

ဝှူး ...ကပေ တယောက် ဆုံးဖြတ်ချက်ချလိုက်သည်. ...
တခါက အင်ဇာဂီပြောဖူးသည် ..ဘိုးတော်ဖက်တီး တဲ့....


နာမည်ကြီးဆိုတော့ သိပ်မစုံစမ်းလိုက်ရ ....
ထွက်ဒါမီယာ (ဝင်ဒါမီယာ အစပ် ဟုမှတ်ပါ) မှာ အိမ်ကြီးရခိုင် နှင့် နေသည် ဆိုပဲ ...
ကပေ့ ခြေလှမ်းများက ဘိုးတော်ဖက်တီး ဆီသို့ ...
ဆိုင်ဆိုင်မဆိုင်ဆိုင် သီချင်းလေး ကောက်ညည်းမိလိုက်သည် ...
ကိုယ်လာပီ မင်းဆီကို ...............
---------------------------------------------------------------------------------

ဟော ရောက်ပါပီ ထွက်ဒါမီယာ ကို ....
ဟင် .....
လိပ်စာ အရ ကြည့်လိုက်တော့ တစ်ထပ်တိုက်ပု အိမ် သေးသေးလေး ....
ဘယ့်နှယ့် အိမ်ကြီး ရခိုင်နှင့် ဆို ........
ခြံတွင်းတွင်တော့ ပန်းလေးတွေ စုံလင်စွာ စိုက်ပျိုးထားသည် ....
ဒါ ကမှောင်ချော လက်ဆောင်ပေးထားခြင်း ဖြစ်ကြောင်းရိပ်မိလိုက်သည်...
ဖောက်ခွဲရေး မှလွဲလျင် သူဝါသနာပါသည်မှာ ပန်းစိုက်ပျိုးရေးဖြစ်သည်...



ရွာမပြန်ခင် သူ့ပန်းတွေ ကြည့်မည့်လူမရှိလို့ သေမယ့် အတူတူ
ဗေဒင်ဆြာကို လာ မျက်နှာလုပ် ထားခြင်း ဖြစ်ကြောင်း ရိပ်မိလိုက်သည်...
သည်ပန်းတွေ တနေ့ကအထိ မြင်ရတုန်းဥစ္စာ ...
တွေးရင်း ထိတ်ကနဲ ဖြစ်သွားသည် ....
ဩ ...သူ သည်ကို အရင် ရောက်ပီးမင့်ကိုး...
ပန်းပင်များ လာဘ်ထိုးပီး ဘိုးတော် ဖက်တီး ထံ နားပူနားဆာ လုပ်သွားမှာ သေချာသည်
ကပေ အထဲမဝင်သေးဘဲ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်မိသည်...
အိမ်ထဲမှ ထွက်ပြီး ဘတ်စ်ကားမှတ်တိုင်သို့ လျောက်သွားသည်မှာ
 ....ရွာက  ရွှေအိမ်စည် ....ပါလား ...
အဖြူရောင် ရှပ်လက်တို ဝတ်ထားသော လူဝကြီးမှ ...အိမ်ကြီး သွားပီလားကွ
ငါ့ဖြင့် နောက်ကျမှာစိုးနေတာ ....
ခုပဲသွားတယ် အဘ ...



ပြန်ဖြေသည်က သံတွဲ မြို့မှ ရွာသားတသိုက် ....

ကပေ ပေါက်သွားပီ ..သူသည်လောက် မဝေး
ဒါ့ကြောင့်  အိမ်ကြီး ရခိုင် နှင့်နေသည် ဟု ဆိုခြင်းပေကိုး ....

ကပေ ဆက်နားထောင်နေလိုက်သည် ...
လက်တလော ဘိုးတော် ဖက်တီး ဘိုင်နည်းနည်း ကျနေဟန်ရှိသည် ...
(အေးလေ...သူလည်းလေ လောကီသားမို့ အနိမ့်အမြင့် အတက်အကျတွေ ရှိပေမပေါ့..)
သူ့ကိုယ်သူ ဓါတ်ရိုက်ဓါတ်ဆင် ပြုလုပ်ရန်အတွက် ကြက်ဥ အလုံး ၁၀၀၀ဝအား
တောင်ပြုံးပွဲအမှီ ကွန်တိန်နာ နှင့်တိုက်ပြီး  မနှဲလေး ကို ဆက်သရန်လိုကြောင်း
သံတွဲသားတွေကို ပြောနေသံကြားရလေသည် ...
သည်လောက်ဆို ကပေ ဒတ် သွားပီ ...သူအိမ်ပြန်ပြီး
(အိမ်ဆိုသည်မှာ သူတို့ကို အင်ဇာဂီက အမေရိကား မသွားခင် တင်ကျွေးထားသည့်
အိမ်ကို ဆိုလိုသည် ...- စကားချပ် )
ကပေတယောက် လိုအပ်သော ကုန်ကြမ်းများကို ဝယ်ယူတော့လေသည်
ထို့နောက် ငါ့ဝဏ္ဏမိုးလုံလေလုံလောက်ကျယ်သော အင်ဇာဂီ၏ ကားဂိုထောင်အတွင်း...
ကပေတယောက် အလုပ်ရှုပ်တော့သတည်း ...
၂ရက်သာကြာလိုက်သည် ..အတုဝိဇ္ဇာ ကပေတယောက် သူ့ အတုproduct တခု
အောင်မြင်စွာ တီထွင် ဖန်တီးနိုင်ခဲ့လေသည်။ ဟုတ်ပါသည် ..ကြက်ဥ တည်း...



သည်လိုနဲ့ အချုပ်ဆိုရလျင် ကွန်တိန်နာ ကား တစီးငှား သူ့ကြက်ဥအတုတွေ
စင်းလုံးတိုက် ...ဘိုးတော်ဖက်တီး ကို ဂါရဝပြု သူ့ယတြာ ကိစ္စ အဆင်ပြေလို့
ဘိုးတော်လည်း ဝမ်းသာပီး သကာလ ယတြာ မန္တာန် အဆောင်
လက်ဖွဲ့ အင်းအိုင် အစုံသုံးပြီး ကူညီလိုက်လေသတည်း ....။


သည်လိုနဲ့ တလမပြည့်တပြည့် မှာ ဘယ်လိုမှ ပါ့စ်ပိုတ့် ကျစရာအကြောင်းမရှိသော
သူတို့တသိုက် မှတ်ချက် အသီးသီးနှင့် ပါ့စ်ပိုတ် ကျလာခဲ့လေသတဲ့ကွယ် ...
ယတြာ ကပဲ စွမ်းသလား သင်္ဘောသီးကပဲ လည်သလား သွက်သလားတော့
မပြောတတ်..

(နောက်ပိုင်း သတင်းတွေအရ ဘိုးတော် ဖက်တီး ရဲ့ ယတြာလည်း ဆြာပေ့ အစွမ်းကြောင့်
အောင် မြင် သွား တယ်လို့ ကြားရပါတယ် ...အလုံး ၁၀၀၀ဝ ပေမယ့် စစ်ဆေးရေး ဂိတ်တွေ
အကြောင် းကောင်းကောင်းသိတဲ့ ကပေက အလုံး ၇၀၀၀ဝ ထည့်ပေးလိုက်လို့ပါတဲ့...
ဟိုရောက်တော့ ၁သောင်း၂ထောင် ကျော်ပဲ ကျန်တော့တာ ..၁၀၀၀ဝကို ကပ်လိုက်ပီး
ပိုတဲ့ ၂ထောင်ကျော် ကို ဖျော လိုက်ပါသတဲ့ကွယ် ...
သည်တော့ ကြက်ဥအတု ပြန့်တဲ့ကိစ္စမှာ ကပေ့မှာ အပြစ်မရှိဘဲ ...အဲ့သည့် ဂိတ်တွေနဲ့
ဖျော လိုက်တဲ့ ကားဆြာ ကိုသာ အပြစ်တင်ကြပါကုန် ... )

10 comments

  • ပေါက်ဖော်

    November 15, 2011 at 10:20 am

    ဥတောင် အတုလုပ်တဲ့ ကပေပါလား..အံ့ရော..အံ့ရော..

    ကမှောင်ချောက ထွက်ဒါမီယာ ထဲမှာ အိမ်ကြီး ရခိုင်နဲ ့နေတာဆိုလို ့…
    ရွှေအိမ်စည်နဲ ့..သံတွဲသားတွေနဲ ့.ပေါင်းပြီး ငှားနေကြတာကိုး 😆

    ပလိုဂလန်မာ မဆလာဒေဝီ………အဲအဲ..ပလန်ပလန် ရေ…
    မဆလာရွက်ရင် ဦးထုပ်ဆောင်းနော့

    😆

    နောက်ဒါနော့..စိတ်ဆိုးကြနဲ ့..

  • ba gyi

    November 15, 2011 at 11:34 am

    ပါ့စ်ပို့ ကျတာရော၊
    ဥ အတုပြန့်တဲ့ ကိစ္စရော က လိုင်းဝင် ကောင်းသွားလို့နေမှာပါ ကပေ့ရေ။
    လိုင်းရှိ မှ လမ်းေပေါ်တာလေ ၊ ကပေ့ကြီးရောလိုင်း မဝင်ခြင်ဘူးလား ငှဲ — ငှဲ ။

  • Shwe Ei

    November 15, 2011 at 1:31 pm

    ကပေ့ ဥတွေအတုမှန်းသိရင် မနှဲလေး ကိုင်ခံရမယ်နော်။ သတိလဲထားအုံး။

  • အီးတီ

    November 15, 2011 at 7:12 pm

    သူတို ့ကအတွဲလေးတွေကိုယ်စီနဲ ့ငြိမ့်နေပါလား။ အပြင်မှာရော အတွဲတွေလားဟင်။ 😛

    • ပေါက်ဖော်

      November 15, 2011 at 7:41 pm

      အပြင်မှာလဲ တွဲတယ်..
      နှပ်ချေး..နှပ်ချေး..

    • etone

      November 16, 2011 at 4:19 pm

      တစ်ချိန်က ဖလမ်းဖလမ်းထပြီး တွဲခဲ့တာပေါ့ … ….ခုမှသာ သူက ထားခဲ့လို့ပေါ့ … အဟင့် … အဟင့် … 😥
      ဖူးစားမဆုံပေမယ့် …သူ့ကို မမေ့နိုင်တော့လည်း … သူမွေးတဲ့ သူ့သားလေးကိုပဲ ကျောက်ပျဉ်ရွက်စောင့်နေပါတော့မယ် :mgreen:

  • windtalker

    November 15, 2011 at 9:20 pm

    အခုလဲ ရောင်းစရာ ဥလေး နှစ်လုံး ရှိတယ်
    ဇာဇာ့ကိုဘဲ ရောင်းပေးချင်တာ
    ဇာဇာ့ ကိုဘဲ ရောင်းမှာ
    ဝယ်ရမယ်နော်
    မဝယ်လို ့ကတော့ ဟွင်းဟွင်းဟွင်းဘဲ

    • windtalker

      November 15, 2011 at 9:21 pm

      မှတ်ချက် ။ ။ မနေ ့က ၊ အလုပ်က ဝန်ထမ်းကောင်လေး ရွာပြန်လက်ဆောင် ပေးထားတဲ့ တောကြက်ဥလေး နှစ်လုံး ကို ပြောပါဒယ်

    • inz@ghi

      November 15, 2011 at 9:35 pm

      ထင်တယ်လေ. …ဟိုပို့စ့် ကို ဖတ်ပီးကတည်းက အဲ့ရာရောင်းချင်နေတာမလား ….ခစ်ခစ်

Leave a Reply