Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပြည်သူတွေ …………..

ကြောင်လေးNovember 18, 20111min25711

သူ့ ကိုမေးကြည့်တော့လည်း နိုင်ငံရေးစိတ်မဝင်စားဘူး၊ ကိုယ့်စီးပွားရေးလုပ်ငန်းအဆင်ပြေဖို့ပဲအရေးကြီးတယ်လို့်ပြောပါတယ်၊ ဘယ်ပါတီမဲထည့်သလဲမေးတော့၊ ဒါကတော့ရှင်းပါတယ်တဲ့၊ ဘယ်သူဘာကိုမဲထည့်သလဲသိနေတဲ့စံနစ်မှာ ကျွန်တော်တို့ အညစ်မခံနိုင်ဘူးတဲ့၊ကျွန်တော်တို့လုပ်နေတဲ့စီးပွားရေးဖြောင့်ဖြောင့်

လုပ်လို့ရဖို့အရေးကြီးတယ်တဲ့၊ ဘယ်သူ့ကိုထည့်သလဲဆိုတာမှန်းကြည့်ပါတဲ့၊

ဒီလိုလူမျိုးတွေကောဘယ်နှရာနှုန်းရှိနေသလဲ??????

 

တတိယ တမျိုးက စီးပွားရေးလုပ်ငန်းရှင်ကြီးပါ၊ ကျွန်တော်တို့မြို့သားဖြစ်ပေမဲ့ ရန်ကုန်မှာနေပြီး မြို့မှာကော ရန်ကုန်မှာပါစီးပွားရေးလုပ်ငန်းလုပ်နေတာပါ၊

မြို့ကိုလည်း တစ်လတစ်ခါ ပြန်လာပြီးလုပ်ငန်းကြီးကြပ်ပါတယ်၊ လုပ်ငန်းရှင်အသင်းအဖွဲ့ရဲ့ အကြီးအကဲနေရာယူထားသူ တစ်ယောက်လည်းဖြစ်ပါတယ်။ သူပြောတာကတော့ ဒီစံနစ်ကိုမကြိုက်ပါဘူးတဲ့၊ ဒါပေမဲ့ ဒီလိုမှ ပေါင်းပြီးမလုပ်ရင် သူများ နောက်မှာကျန်နေ မှာပါတဲ့၊ ဒါကြောင့် ကိုယ့်လုပ်ငန်းတိုးတက်ဖို့ အခွင့်အရေးရဖို့အတွက်ကိုတော့ လုပ်ကိုလုပ်ရမှာပဲတဲ့၊

စံနစ်ကိုမကြိုက်ပေမဲ့ အခွင့်အရေးရဖို့အတွက် ဒီစနစ်ကိုပဲအားပေးအားမြှောက် လုပ်နေသူတွေကော တစ်နိုင်ငံလုံးမှာ ဘယ်နှရာနှုန်းရှိနေပါသလဲ။

နောက်ဆုံးတစ်မျိုးကတော့ ပွဲစားတစ်ယောက်ပါ၊ (အဆင့်အတန်းရှိတဲ့၊အရောင်းအဝယ်ပွဲစားကြီးတွေဘယ်လိုဆိုတာကိုတော့ ကျွန်တော်မသိလို့သူတို့ကို မပြောပါဘူး။)

ကျွန်တော်ပြောတာက ဌာနလုပ်ငန်းတွေ ကို ပြည်သူတွေကိုယ်စား ဆောင်ရွက်ပေးနေတဲ့ ပွဲစားမျိုးကိုဆိုလိုတာပါ။                                   သူက ဒီစံနစ်ကိုပဲကြိုက်ပါတယ်တဲ့၊ ဘယ်နေရာဘယ်ဌာနမှာမဆို    “အဆင်ပြေ ရင်…… အဆင်ပြေ” သွားတာပါပဲတဲ့ ၊လမ်းကြောင်းတွေ ဟာ သူ့ဟာနဲ့သူ ရှိပြီးသားပါတဲ့၊ ဒီမိုကရေစီရရင် ဒါမျိုးလုပ်လို့မရတော့ဘူးတဲ့၊

အခုတောင် တချို့ကိစ္စတွေမှာမလုပ်ရဲ မကိုင်ရဲဖြစ်ပြီး ဝင်လို့၊ထွက်လို့အဆင်မပြေတော့ပါဘူးတဲ့။ (အဲဒီစကားကိုတတိယ လူတန်းစား လုပ်ငန်းရှင်ကြီးလဲပြောပါတယ်)  ဒီလိုမျိုးတွေကော ဘယ်နှရာနှုန်းရှိနေပါသလဲ???????

ကြောင်လေးကော ဘယ်လိုလူတန်းစားထဲပါသလဲ?????

ပထမနဲ့ ဒုတိယ ကြားထဲက လူလို့ပဲပြောရမှာပါ!!!!!!

 

တကယ်တော့ ပြည်သူအများစု ဟာ ဒီမိုကရေစီအကြောင်း၊ ဒီမိုကရေစီရဲ့ အနှစ်သာရ၊ဒီမိုကရေစီရဲ့အရသာကို လုံးဝမသိကြပါဘူး။

တချို့က ရေရေရာရာ  သေသေချာချာ မသိပါဘူး၊ ကိုယ့်စားဝတ်နေရေးလေးအဆင်ပြေနေရင် ပြီးတာပဲ၊ ဒီအတန်းအစားထဲမှာ ကြောင်လေး ပါ ပါတယ်၊

တချို့ကြတော့လည်းသိပါတယ်…သို့သော်……!!!!!

 

ပြည်သူတွေဘာလို့ မသိကြတာလဲ?????

သိအောင် ဘာတွေ လုပ်ပြီးကြပြီလဲ  ?????

သိအောင် ဘယ်လိုဆက်လုပ်ကြမှာလဲ ?????

 

(ဒီမိုကရေစီ ကိစ္စတွေ အပြောများနေချိန်မှာ ကြောင်လေးလဲ ခါတော်မီ ဝင်ရွှီးကြည့်တာပါ။)

11 comments

  • small cat

    November 18, 2011 at 3:04 am

    လေးကြိမ်မြောက်ကြိုးစားခဲ့ပြီး မှရပါတယ်၊အကုန်ပြန်တင်ရင်နောက် စာတွေပြတ်နေမှာစိုးတာနဲ့
    တဝက် ကနေ စပြီးတင်လိုက်တာပါ။
    ပထမဆုံးပို့ စ်နဲ့ တွဲဖတ်ပါ၊
    သူကြီးရေ အလယ်က နှစ်ခုကိုဖျက်ပေးပါခင်ဗျာ။

    • ကိုရင်စည်သူ

      November 18, 2011 at 11:49 am

      ဟုတ်ပ.. ကကြောင်လေးရယ်.. ဝင်ဖတ်လိုက်..
      ဘာမှမတွေ့လိုက်နဲ့ ခုတလော..
      သဂျီး.. ဆာဗာ ဘာဖြစ်နေလဲ မတိဖူး.. အထနှေး
      နေတယ်… ဆာဗာပိုင်ရှင်မှာများ.. အက်ဒစ်လုပ်လို့
      ဒူလာစွဲသွားတာ ဆာဗာကိုများ ကူးသွားလားမသိ… 🙄 🙄
      ဒီအသက်အရွယ် ထိတော့ ဒီမိုကလေစီအရသာ ခုထိ မခံစားဖူးသေးဘူးဗျာ…. 🙁 🙁

  • ba gyi

    November 18, 2011 at 2:01 pm

    ကိုကြောင်သေးကလေးရေ၊ ပြောချင်တာထက် ၊ ကျုပ်လေ ငိုချင်စိတ်ပဲပေါက်မိတယ် သိလား။
    ကိုယ့်ထံမှ ပိုက်ဆံတောင်းပြီး၊ခင်းပေးတဲ့ လမ်းကို ကြံ့ဖွတ် ပါတီဝင်တွေလုပ်အားနဲ့ လုပ်ပေးတာလို့ ဆိုင်းဘုတ်တပ် တာငုံ့ခံတဲ့ (လူမျိုးတွေ။)
    -နိုင်ငံရေးသမားထောင်ကထွက်လာလို့ လမ်းမှာတွေ့ရင်တောင် နှုတ်မဆက်ဝံ့တဲ့လူတွေများတဲ့ (လူမျိုးတွေ)။
    -Q စံနစ်နဲ့ ဓါတ်လှေခါး တန်းစီဝင်ပါရေးထားတာ၊ ကျော်တက်ဝင်လို့ ကိုယ်ကမခံနိုင်ပဲပြောရင်တောင်- ကိုယ့်အနားမကပ်တော့ပဲ သူရို့နဲ့ ကိုယ်နဲ့ ဘာမှမဆိုင် သယောင် ၊ဘေးရှဲသွားတတ်တဲ့( လူမျိုးတွေ)။
    -ရွေးကောက်ပွဲတုန်းကဆို( ၇ဝတ )မှာ မျက်နှာလိုမျက်နှာရ မလားလို့၊ ဘယ်ခရီးမှမသွားရပဲ၊ကြိုတင်မဲကို (၇ဝတ)ရုံးသွားထည့်၊ ဟိုရောက်တော့ ဥက္ကဌက အနှေက်အယှက်မရှိ လွန်လပ်စွာ မဲပေးပါဆိုတောင်၊ သါွးဖျဲပြီး ၊ဥက္ကဌ ကြီးပဲ ကြည့်လုပ်ပါဆို ကိုယ့်ဆန္ဒ ကို သူများလက်ထဲ အပ်ခဲ့တဲ့ (လူမျိုးတွေ)။
    မသိလို့ မဟုတ်ဘူဗျ၊
    အသိစုတ်တွေ၊ အသိနုတ်တွေ၊
    ပါးတာမှ လှပ်၊တစ်ဖြတ်ဖြတ်တောင်မြည်သေး။
    နောက်ဆုးံတော့ ရွာဦးကျောင်းဆရာတော် လော်နဲ့ အော်ပြောဘူးတာကြားဖူးတယ်။
    တစ်ကယ့်အရေး၊တစ်ကယ့်ဘေး၊ ဘယ်သွေးမှမကူပြီတဲ့။
    စိတ်ဓါတ်တွေသာအခါခါကျ၊ ဘယ်ဘဝရဲ့ဝဋ်ကြွေး မျာလည်းဆိုပြီး၊
    ရင်ထဲကကျမျက်ရည်
    အမှန်တရားအတွက်
    အခါခါပါပဲလေ။

    • koyinmaung

      November 19, 2011 at 4:07 am

      ဘကြီးရေ…………
      မှန်လိုက်သမှတည့်တည့်ကြီးဗျာ……
      ဘယ်တော့မှဒီဝဋ်ကကျွှတ်မယ်မသိတော့ပါ….

  • mg wine

    November 18, 2011 at 2:55 pm

    ပြည်သူတွေသိအောင်ဘယ်လိုလုပ်ပေးမလဲ
    ပြည်သူတွေဖွံ့ဖြိုးအောင်ဘာတွေလုပ်ကြမလဲ
    အသိတရားနည်းသူတွေများနေရင်ဒီမိုကရေစီကအောင်မြင်နိုင်မလား
    အစိုးရကဦးဆောင်ပြီးဟောပြောပွဲတွေမလုပ်သင့်ပေဘူးလား
    အကြောက်တရားဦးဆောင်တဲ့ခောက်ကကုန်ြ့ပီဆိုတာ
    ပြည်သူ့ဆန္ဒ လွတ်တော်ဆန္ဒဆိုတာတွေကျေးလက်အထိပြန့်
    အောင်၊ပြည်သူကြားထဲထိုးဖေါက်အောင်ဘာတွေလုပ်ကြမလဲ

  • kai

    November 18, 2011 at 3:33 pm

    အရင်က နိုင်ငံရေးစံနစ်ကြောင့်လို့ ထင်မိတယ်..။
    အခုတော့.. တယောက်ထဲ..သုံးကိုယ်ခွဲနေတယ်ထင်ယောင်မှားအောင်.. လုပ်ထည့်လိုက်တဲ့ ရိုးရာတွေလို့ သေသေချာချာကို သုံးသပ်မိတယ်..။

    အဲဒါကို .. လူကြီး/လူငယ်တွေမပြင်နိုင်..မပြောင်းနိုင်ရင်.. ဆန့်ငင်ဆန့်ငင်နဲ့.. ဒရွတ်ဆွဲပြီး.. သွားဦးမှာပဲ..။
    အဲ.. တယောက်ထဲ.. သုံးကိုယ်ကွဲနေမှတော့.. ပါတီ..သမဂ္ဂတွေမှာလည်း.. ကွဲကြပြဲကြ…ဖြဲကြပေဦးမပေါ့…။ 😆

    လူထုထဲက ..လူတဦးချင်းစီက.. အလုပ်လုပ်တိုင်း.. စဉ်းစားတိုင်း.. တွေးခေါ်တိုင်း… နောင်ဘဝကောင်းဖို့လုပ်တာ.. အရင်ဘဝက မကောင်းခဲ့လို့ ခံရတာ.ဆိုတဲ့.. တယောက်၃ကိုယ်ခွဲ.တွေဖယ်လိုက်ရင်.. ကြိမ်စာကျနေတာကနေ လွတ်မယ်လို့ ယူဆမိပါတယ်..။
    သူများကိုလည်း တိုက်တွန်းပါ.. ။ကိုယ်တိုင်လည်း လုပ်ကြည့်ပါ..။
    လွတ်မြောက်ခြင်းရဲ့ အရသာ ခံစားမိလိမ့်မယ်..။

    လွတ်မြောက်သူတွေနေတဲ့တိုင်းပြည်.. အကောင်းဆုံးတွေ ရမှာပဲ..။

  • we R one

    November 18, 2011 at 4:52 pm

    ပြည်သူဒွေ ~~~ ပြည်သူဒွေ ~~~ ချစ်သော ပြည်သူဒွေ…

  • windtalker

    November 18, 2011 at 10:00 pm

    ဒီကိစ္စမှာ ကိုကြောင်လေး သဘောထားကို နားလည်ပေမယ့်
    စာရေးရုံနဲ ့တော့ မရလောက်ဘူး ထင်တာဘဲ

  • အရှင်းဆုံးပြောရရင်တော့
    လက်ရှိလူထက်
    ပြတ်ပြတ်သားသား ပိုကောင်းပါတယ်ဆိုတဲ့
    အားလုံးက ယုံကြည်တယ်ဆိုတဲ့
    တကယ်လဲသူတို့ယုံကြည်သလို ဦးဆောင်ဦးရွက် လုပ်ပြနို်င်တဲ့
    ရင်ထဲအသဲထဲက ကို အများစုက တစ်ကယ်နှစ်သက်တဲ့
    ခေါင်းဆောင်ကောင်း ထွက်မလာသေးလို့ ဖြစ်နိုင်သလို
    ပြည်သူအားလုံးစိတ်ထဲမှာ ဘယ်သူလာလာ ဘယ်သူတက်တက် နောက်ကျတော့ အရင်လူလိုဘဲ
    ဖြစ်သွားမှာပါကွာ ကောင်းလှရင် အစကလေးပေါ့လို့ ယုံကြည်နေတာကြောင့်ဘဲဖြစ်ဖြစ်
    ဘယ်သူတက်တက် ကိုယ်လုပ်မှကိုယ်စားပါကွာ ဆိုတဲ့ စိတ်တွေပြည်သူတွေစိတ်ထဲမှာ ကိန်းအောင်းနေရင်ဘဲဖြစ်ဖြစ်
    အပေါ်ကပြောသလိုဖြစ်နေအုံးမှာပါဘဲ။
    ပြည်သူယုံကြည်အောင် လုပ်ပြဘို့ ကတော့ အဲဒီလုပ်ပြမယ့်သူက ဗိုလ်ချုပ်အောင်ဆန်းစကား ငှားသုံးလိုက်ပါအုံးမယ်
    အတော်ကိုပြဲအောင်လုပ်နိုင်မှ တန်ကာကြမယ် လို့ ဆိုချင်ပါတယ်။

  • ba gyi

    November 19, 2011 at 10:59 am

    သူကြီး ပြာတဲ့ အယူအဆကိုကြိုက်ပါတယ်။
    အတိတ်၊အနာဂါတ်၊ပစ္စုပ္ပန် ဆိုတာကိုတော့မပယ်နိုင်သေးပါ။
    သတ္တဝါမှန်သမျှ နိဗ္ဗန်မရောက်မချင်း မကင်းကြပါ။
    သို့သော်- သူကြီးပြောဒါဘာ့ကြောင့်ကြိုက်သလည်းဆိုရင်-
    ( ဗုဒ္ဓ က ပစ္စုပ္ပန်ကိုတည့်တည့်ရှု လို့ပြောခဲ့ပြီးသားပါ)
    ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒကို အဓိပတိ ဖြစ်ပြီး ပစ္စုပ္ပန်မှာလုပ်နိုင်၊ကျိုးစားနိုင်၊ပေးဆပ်နိုင်မှ လိုချင်တာရပြီး၊အနာဂတ်အတွက်ကောင်းမွန်သောရလဒ်ခိုင်မြဲမှာပါ။
    ပစ္စုပ္ပန်မှာကောင်းတဲ့ရလဒ်ဟာ အတိ်တ်ကဆောင်ရွက်ကျိုးပမ်း၊ပေးဆပ်ခဲ့လို့ပေါ့။
    (အကြာင်းကြောင့် အကျိုး ဖြစ်တယ်လို့လို့ မြတ်ဗုဒ္ဒကဟောခဲ့ပြီးသားပါ။)
    ကျနော်တို့ နိုင်ငံက ဗုဒ္ဒဘာသာဝင်တော်တော်များများဟာ၊ ဘုရားသာကိုကွယ်ပြီး၊တရားစစ်ကိုတစ်ကယ်
    မကိုးကွယ်၊လိုက်နာမှုမရှိကြသေးသောသူတွေ၊များပါသေးတယ်ခင်ဗျား။
    ကျနော်လည်းတစ်ခါတစ်လေ လွတ်သွားတတ်တာတွေ( ပုထုစဉ်ပီပီ) ရှိနေတတ်ပါသေးသည်၊ဝန်ခံပါသည်။
    အဲ ကိုယ့်ရည်မှန်းချက်က (သံသရာမှ )လွတ်မြောက်လိုတဲ့အခါ ၊နိဗ္ဗန်တကယ်ရောက်လိုတဲ့အခါမှာတော့ သူကြီးပြောတဲ့ (3)ကိုယ်ခွဲဘဝကကိုလုံးဝလွတ်အောင်၊အဲသည်အစွဲတွေကိုတစ်ကယ်ပယ်ရ တော့မှာပါပဲ။ တပ်မက်မှုမှန်သမျှ၊စွဲလန်းမှုမှန်သမျှ ပယ်ရတော့မှာပါပဲ။

  • ကြောင်လတ်

    November 20, 2011 at 6:44 pm

    ကိုမောင်ဝိုင်း လက်ရှိအစိုးရက ဦးဆောင်ပြီးဟောပြောဖို့ဆိုတယ် မဖြစ်နိုင်ဘူးထင်တယ်။
    တကယ်တော့ အတိုက်အခံပါတီတွေက လုပ်ရမှာဗျ။

Leave a Reply