တွမ်တီဝမ်းအလွမ်း
ကမာ္ဘပေါ်ရှိ ရယ်စရာအဖြစ်အပျက်များနှင့် ပတ်သက်လျှင် ကျွန်တော်ချစ်သူသည် ကျွမ်းကျင်နှံ့စပ်သူတစ်ယောက်လည်း ဖြစ်သည်။ ကျွန်တော့်အား ရယ်စရာအဖြစ်အပျက်ပေါင်းများစွာကို သူမက ပြောပြခဲ့၏။ ရယ်စရာအကြောင်းတွေ ပြောပြပြီး ရယ်ရလွန်း၍ မောလာလျှင် သူမက ကျွန်တော့်လက်မောင်းပေါ်တွင်မှီ၍ ငြိမ်ငြိမ်ကလေး ရင်ခုန်နေတတ်သည်။ ညနေခင်း ဆည်းဆာကို ကျွန်တော်တို့ မှီ၍ ငြိမ်ငြိမ်လေး မြစ်ကူးတံတားကြီးပေါ်မှနေ၍ အတူတကွ ငေးကြည့်ခဲ့စဉ်ကများ ငှက်ကလေးများသည် ရယ်စရာများဖြစ်ခဲ့ကြသည်။ တိမ်ရောင်စုံတို့မှာ ရယ်စရာဖြစ်ခဲ့ကြသည်။ သူမနှုတ်ခမ်းများမှာ ရယ်စရာ ဖြစ်ခဲ့သည်။ ကျွန်တော့်မျက်လုံးတို့မှာ ရယ်စရာဖြစ်ခဲ့ကြသည်။ မမြင်ရသော အိပ်မက်ဆန်သည့် ကိစ္စများသည် ကျွန်တော်တို့ နှစ်ယောက်ကြားတွင် အမြဲ ရယ်မောဖွယ်ကောင်းခဲ့ကြသည်။
တန်ဖိုးတချို့သည် ဝယ်ယူ၍မရပေ။
တန်ဖိုးတချို့သည် ဝယ်ယူ၍ရပါသည်။
လျင်မြန်သော အချိန်ကာလအတွင်း သူမသည် ကျွန်တော်အတွက် သုညတစ်လုံးကဲ့သို့ တန်ဖိုးရှိလာခဲ့ပါသည်။ မိုး၏ တိတ်ဆိတ်စွာ ရွာသွန်းပုံကို ကျွန်တော်တို့သည် တစ်လျှောက်လုံး ထိုင်ငေးကြည့်ခဲ့ကြသည်။
မှတ်မိပါသေးလား ချစ်သူ…. သူမကို ကျွန်တော်က ရည်းစားစကားပြောသည့်နေ့မှာ မီးပျက်ခဲ့ပါသည်။ ဘတ်စ်ကားတွေ ကျပ်ခဲ့ပါသည်။ စီးပွားရေးမကောင်း၍ ငွေကျပ်နေသဖြင့် ကျွန်တော် စိတ်ဓါတ်ကျနေချိန်ဖြစ်ပါသည်။ သို့သော် အခြေအနေများကြားမှ သူမက ကျွန်တော့်ကို ချစ်ကြောင်း အဖြေပြန်ပေးခဲ့လေသည်။
ချစ်သူ…
မင်းနဲ့ပတ်သက်ရင်
ငါက အရှူံးပေးခြင်းကို
ယဉ်ပါးခဲ့ရ….
ငါတို့ဟာ မရှာဖွေပဲ တွေ့ရှိကြသူတွေလည်း ဖြစ်တယ်။ ။
ချစ်သူရယ်… လောကမှာ လူတိုင်းမဖြေနိုင်တဲ့ မေးခွန်းက အနာဂတ်ဆိုတာပေါ့။ လွယ်ကူလှစွာပဲ မနေ့ကတိုင်းကို ကျော်ဖြတ်ခဲ့ပေမဲ့ မနက်ဖြန်တိုင်းကိုတော့ ဖြတ်သန်ဖို့ ရှာဖွေခက်ခဲနေကြဆဲပါ။
သူမနှင့်ပတ်သက်လျှင် ကျွန်တော်က တစ်ဖက်သတ်ကောက်ချက်ချတတ်သူတဲ့။ ဟုတ်ပါ့မလား… ချစ်သူ…။ တကယ်တော့ ကျွန်တော်ဟာ သူမမှ ပြောလိုက်လျှင် သေဆို အခွေလိုက် ရှင်ဆို ဒေါက်ခနဲကောင်ပါ။ ကျွန်တော်ရဲ့ အသက်ရှင် ရပ်တည်မှုဟာ သူမကြောင့်ပါ။ ကျွန်တော့်ရဲ့ မျှော်လင့်ချက်ဟာလည်း သူမနဲ့ သာယာစိုပြည်စွာ ပေါင်းဖက်ပြီး ကလေးသုံးယောက်ယူဖို့ပါပဲ။ ကဲ ဘယ်သူကများ ဒီအကြံအစည်ကို ဖျက်နိုင်ကြမှာလဲ။ ဒီလောက် လက်တွေ့ဆန်ပြီး ရဲတင်းတဲ့ အတွေးမျိုးကို ဘယ်သူတွေးမိကြလဲ။
မှတ်မိသေးလား။ ချစ်သူ…. အင်းလျားကန်ဘောင်မှာ သူမနှင့် ကျွန်တော် နှစ်ယောက်တည်း ရှေ့ရေးတွေကို တိုင်ပင်စဉ်ကပေါ့။ ………
ကျွန်တော်က ကိုယ့်ကိုယ်ကို “ကိုယ်ပါ” ဟု ပြောသောအခါ
သူမက “ကိုယ်ချည်းပဲလား၊ ဒါဆို ခေါင်းမပါဘူးပေါ့ ”
“မင်းနဲ့ပတ်သက်ရင် ကိုယ်က ခေါင်းမရှိဘူးပေါ့၊ ဆိုလိုတာက ဉာဏ်မသုံးဘူးပေါ့ကွာ၊ နှလုံးသားပဲရှိတယ်”
“ခစ်… ခစ်… ခစ်” ထိုသို့သော ရယ်မောသံများသည် ကျွန်တော့်နားထဲတွင် အမြဲတမ်းအမှတ်တရ ဖြစ်ပါသည်။ ကျွန်တော်က သံယောဇဉ်ရစ်ပတ်နှောင်ဖွဲ့မှုကို မကြောက်မရွံ့ပဲ သူမကို ချစ်မိပါသည်။
ချစ်သူရယ်….
ကြယ်တစ်ပွင့် လမင်းတခြမ်းနဲ့
အလင်းအိုတွေကို ဖြတ်ရင်းနဲ့ ငါ့ညတွေတော့
မိုးစုန်းစုန်းတော့ ချုပ်ခဲ့ပြန်ပြီ…
လတစ်စင်းရဲ့ နှလုံးသားလောက်
မဖြူစင်ခဲ့ပေမယ့်
ငါ့အချစ်တွေကတော့ မင်းအပေါ်
မိန်ရာသီကျရောက်ခဲ့ပြီပေါ့…
ကမ်းနံဘေးက အလွမ်းအဆွေးတွေ
အကြောင်း မပြောပြချင်ပေမယ့်
ကဗျာတစ်ပုဒ် စာတစ်အုပ်ကို
ငါ့နှလုံးသားက ဆွဲထုတ်ပြီး
မင်းကိုပေးချင်လိုက်တာ….. ။ ။
ဒီလိုနှင့်ပင် အိမ်ပြန်ချိန်တို့သည် နောက်ကျစရာ ဖြစ်လာခဲ့သည်။
ထိုမှ………. လမ်းမပေါ်မှ စာအုပ်ဆိုင်များ……….. ထိုမှ…….. J’DONUT၊ ထိုမှ ………. ဝတ်သားတုတ်ထိုးဆိုင်၊ ထိုမှ…….. ထိုမှ………….၊ အများကြီးလျှောက်သွားဖြစ်ကြသည်။ သိပ်မကြာခင် လမ်းများပေါ်တွင် နီယွန်မီးများ လင်းလာလေ၏
အိမ်ပြန်ချိန်သည် မိုးချုပ်လှပြီ။ သို့သော် ပျော်နေလှသော သူမ၏ မျက်ဝန်းများကြောင့် ကျွန်တော့် မှတ်ဉာဏ်ထဲက အချက်အလက်များစွာကို တမင်မေ့ပစ်ခဲ့ပါသည်။
ချစ်သူရယ်…
ငါတို့ ဘယ်လောက်ထိအောင်
ဝေးကွာနေဦးမှာလဲ…
တစ်စက္ကန့်လား၊ တစ်မိနစ်လား၊ တစ်နာရီလား..
တစ်ပတ်လား၊ တစ်လလား… တစ်နှစ်လား…
ကာလတရားနဲ့အပြိုင်မင်းကို ချစ်ရင်းနဲ့….။
ကျွန်တော်တို့ ချစ်သူဘဝ အချိန်ကာလ အတန်ကြာ ဖြတ်သန်းပြီးသောအခါ သူမက ကျွန်တော့်ကို ပထမဦးဆုံးအကြိမ် နမ်းပါသည်။ ကျွန်တော်ကလည်း ပထမဦးဆုံးအကြိမ် ဘဝင်မြင့်ခဲ့ပါသည်။ ကမာ္ဘပေါ်ရှိ တစ်ခုတည်းသော အလုပ်မှာ နမ်းခြင်းဖြစ်သည်ဆိုလျှင် သူမနှင့်ပတ်သက်၍ ကျွန်တော့်တစ်ဘဝလုံး အလုပ်လက်မဲ့ အဖြစ်ခံလိုက်ရတော့မည်။
“ကို…. တို့တွေ ဘယ်တော့လက်ထပ်ကြမလဲဟင်”
ဆုံးဖြတ်ရန်ခက်ခဲသော ကျွန်တော့်ခံစားမှုတို့က ပူနွေးနေဆဲ…။
ဆောင်းဥတုတို့မှာ ပူနွေးနေဆဲ…။
နေရောင်ခြည်သည် ပူနွေးနေဆဲ…။
အချစ်ဖြင့် ထုံမွှမ်းထားသော သူမနှင့်အတူ ပျော်ရွှင်ဖွယ်ကောင်းသော နေ့ရက်များတွင် ကျွန်တော့်ဘဝကို မြုပ်နှံ့ထားပါသည်။ မာရ်နတ်၏ လက်များဖြင့် မတူးဖော်ရပါ။ ဝံပုလွေစိတ်ဓါတ်များဖြင့် မတူးဖော်ရပါ။ အမုန်းတရားကို နှလုံးသွင်းထားသူများ မတူးဖော်ရပါ။ အေးစက်စွာ ဖြားယောင်းတတ်သော သူမ၏ မျက်ဝန်းများမှလွဲ၍ ကျွန်တော့် အချစ်ကို ဘယ်သူမှ မမြင်အောင် ကျွန်တော် ဖုံးကွယ်ထားရပါဦးမည်။ ထို ဖုံးကွယ်ထားတဲ့ အချစ်များဖြင့်သာ ကျန်ရှိနေသေးသည် ကျွန်တော်၏ အသက်ရှင်နေထိုင်ခြင်းများကို ကျွန်တော်သဘောတူပါသည်။
ဟိုးရှေ့မှာ အလွမ်းများ မြူမှုန်တွေကြားတွင် ပုန်းခိုနေကြသည်။ ငွေ့ရည်ဖွဲ့လာသော အလွမ်းများတွင် သူမအတွက် အနာဂတ်သစ်များကို ကျွန်တော်က နာမည်ထိုးပေးချင်သည်။
(မနက်ဖြန် နိုဝင်ဘာလ (၂၁) ရက်နေ့ ကျွန်တော်တို့ ချစ်သူသက်တမ်း (…..)ပြည့် အမှတ်တရလေးအဖြစ် ဒီပို့စ်လေးကို ခံစားရေးဖွဲ့ပါသည်။ )
20 comments
ပေါက်ဖော်
November 21, 2011 at 10:38 am
ဖတ်ရတာ ရေလည်လန်းဒယ်..ကရင်စည်ရေ….
အနော်လဲ အဲလို..ရေးတတ်ချင်တယ်..စိတ်တွေက မြက်လျှောက်လျှောက်စားနေလို ့..ဖမ်းလို ့မရဘူး
ဟပ်ပီးအန်တီဗာစရီပါ..
ညကျရင် ဘီဘီ တိုက်နော်..အထိမ်းအမှတ်နေ ့လေး.တိုက်ရတာကုသိုလ်ရပါတယ်
ဘီဘီတိုက်ရင် တွမ်တီဝမ်းအလွမ်းအပြင် ရှမ်းကိုးမီး အလွမ်းတို ့….ပိုကာအလွမ်းတို ့ပါ အားပေးမယ်
ပ
ရှူံးနိမ့်မှုများနဲ့.. လူ
November 21, 2011 at 10:42 am
ကောင်းလိုက်တဲ့ အဖွဲ့အနွဲ့.. ခံစားချက်ပါလို့လားမသိ..
ကျွန်တော်ကတော့ အလုပ်လက်မဲ့ဖြစ်နေတယ်ခုတော့… ပြန်ရောက်တော့မှပဲ အလုပ်တွေ သိမ်းကျုံးလုပ်ပစ်လိုက်တော့မယ် 😀
ဒီနေ့လေးကစ နောင်နှစ်များစွာတိုင် အမှတ်တရနေ့လေးတွေ သူနဲ့အတူတူ ဖြတ်သန်းနိုင်ပါစေ
(ကလေး ၃ ယောက်လဲ အပါအဝင်ပေါ့)
blackchaw
November 21, 2011 at 10:47 am
ကျွန်တော်တို့ ချစ်သူဘဝ အချိန်ကာလ အတန်ကြာ ဖြတ်သန်းပြီးသောအခါ သူမက ကျွန်တော့်ကို ပထမဦးဆုံးအကြိမ် နမ်းပါသည်။ ကျွန်တော်ကလည်း ပထမဦးဆုံးအကြိမ် ဘဝင်မြင့်ခဲ့ပါသည်။ ကမာ္ဘပေါ်ရှိ တစ်ခုတည်းသော အလုပ်မှာ နမ်းခြင်းဖြစ်သည်ဆိုလျှင် သူမနှင့်ပတ်သက်၍ ကျွန်တော့်တစ်ဘဝလုံး အလုပ်လက်မဲ့ အဖြစ်ခံလိုက်ရတော့မည်။
မိုက်တယ်ဗျာ။
inz@ghi
November 21, 2011 at 11:02 am
အောင်မယ်ငီး. ..
မော်လဒန်ကိုရင် …
လက်စွမ်းထက်လှချိ…
တားတားတို့ကတော့ လူကြမ်းရီးတွေဆိုဒေါ့
ဒါမိုး သိမ်သိမ်မွေ့မွေ့လေးတွေ ဖွဲ့တတ်ဝူးဗျ..
ချီးကျူးပါသည်ကိုရင်
မမေးမစားမလုပ်ဝံ့တော့ပါခည…
စကီလေးနဲ့ အန်နီဗာစရီကိုလည်း ဂုဏ်ယူကြောင်းပါခည …
အားကျထှာ
စကီမရှိတဲ့ တကိုယ်တော် ဂီဂီ
အီးတီ
November 21, 2011 at 11:46 am
ကြက်မောက်သီး ကိုအင်….မော်ဒန်သင်္ဘောသီးကို အရှုံးပေးလိုက်ပြီပေါ့နော်။ ကိုစည်သူရေ ဖတ်လို ့ကောင်းတယ်ဗျ။ အန်နီဗာစရီကိုလည်း ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေဗျာ။
inz@ghi
November 21, 2011 at 11:49 am
အာဂျာ ….
ဘာတိရို့ရဲဂျာ..
အဲ့သည့်ဘက်မှာ အဲ့လို မှိုင်းမိနေလော့မှ…
တားတားရဲ့ ညလေး ဘက်ကို မလှည့်တော့မှာကိုးဂျ…
ကိုအီးတီကလည်း …တိဝူးလား…
နို့မို့ ကိုရင်က တားတား ရဲ့ ဈေးကွက်ဝေစုကို ..
တိလယ်မလား ..အဟိ …
😀
thit min
November 21, 2011 at 11:07 am
ကြည့်ရတာ ဘာတွေ သံသယ ဖြစ်စရာတွေ ရှိနေလဲတိဘူး။
ဇွတ် နု နေတော့တာ ဘဲ ဟု ” ချွန်” သွားပါကြောင်း။
ခင်မင်စွာဖြင့်(^^)
ကိုရင်စည်သူ
November 21, 2011 at 11:48 am
@ကပေါက်ဖော်…
အားပေးတယ်ကျေးဇူးတင်ပါတယ်ဗျာ… ညကျရင်တော့ ရွှေတိဂုံဘုရားသွားမယ်။
ပေးတဲ့ဆုနဲ့ပြည့်ပါစေ.. 🙂 🙂
@ ကိုရှူံး
ခုတော့ ကိုရင်အလုပ်လက်မဲ့မဖြစ်သေးဘူး.. အလုပ်လက်မဲ့တစ်ခါ ဖြစ်ရင်
၁ဝလလောက်ကြာတယ်… အဟီး.. 😳 😳
@ ကိုချော
သေချာဖတ်ပေးသွားတာ ကျေးဇူးတင်တယ်ဗျို့…
@ ကိုဂီ..
ညှင်းညှင်း.. လူချိုး.. လာဒိုင်ရှိူနေတဲ့.. သူ့မှာ စကီလေးတွေကြည်တဲ့
အနုကွက်လေးတွေရှိတယ်ဆိုတာ.. ကြက်မောက်သီးအချင်းချင်း
ခြေမြင်ပီးသား ငွဲငွဲ… 😀 😀 😛
@ ဆရာသစ်..
ဆရာလေးကတော့ ကျပ်လိုက်ပြန်ပီ.. 😀 😀
ဆရာလေးရေးနေတဲ့ စူပါပါဝါဖြစ်နေတဲ့ ဂျီပွန် နဲ့ တီလုပ်ကြီးကို
မကြောက်ပေးမဲ့… သူလေးကိုတော့ တားတားကြောက်ကြောက် 🙁 🙁 🙁
ခင်မင်စွာဖြင့်
ကိုရင်စည်သူ
Moe Z
November 21, 2011 at 11:20 am
နောက်ထပ် နောက်ထပ်သော နှစ်ပတ်လည်ပေါင်းများစွာကို
လက်ရှိချစ်သူလေးနဲ့ပဲ ကျော်ဖြတ်နိုင်ပါစေနော်
ဒါနဲ့အဲဒီမမရော ဂေဇတ်ကိုမလာဘူးလား 🙂
အီးတီ
November 21, 2011 at 11:50 am
ကိုရင်စည်သူရေ ဒီမှာ မမိုးဇက်မေးနေပြီ ကြည့်ရတာပြန်တိုင်မလို ့ ထင်တယ်။
nozomi
November 21, 2011 at 11:52 am
ဝင်ဖတ်နေလို့ ဒီလောက် ချွဲပြနေတာ ဖြစ်မယ်
ရင်ခုန်ခဲ့ဘူးတာ ကြာလာလို့ တော်တန်ရုံ ရင်မခုန်တတ်တော့တာတောင် ကိုရင့်စာလေး ဖတ်ပြီး ရင်ခုန်ချင် သလိုလို ဖြစ်လာသားဗျ 🙂
ကိုရင်စည်သူ
November 21, 2011 at 11:55 am
@ Moe Z
ဆုတောင်းပေးတာ ကျေးဇူးပါနော့.. မမဆိုတဲ့..
ကိုရင့်ချစ်သူက အရင်က ဂေဇက်မှာ စာဝင်ရေးတဲ့
ရွာသူတစ်ယောက်ပါပဲ… ခုတော့ သူတို့ရုံးက ဂေဇက်ဆိုဒ်ကို
ဝန်ထမ်းတွေ အသုံးများလို့ ဘန်းလိုက်တယ်… 🙁 🙁 🙁
ခုတော့ သူ့ရုံးကနေ… ကျော်ခွပြီး ရွာထဲကို ဝင်လို့ရတဲ့
ဝင်ပေါက် ကျနော်ပေးလိုက်တာ… ရွာထဲပြန်ရောက်နေပီ..
ကြားတယ်… အဟင့်… ခုတောင် ရောက်နေပီလားမသိဝူး….. 🙄 🙄
တားတားကြောက်ကြောက်… 😳 😳
ကြောင်ကြီး
November 21, 2011 at 11:58 am
တယ်ဟုတ်ပါလား။ ကိုရင့်လို ကျုပ်လည်း စာတိုတပုဒ် ဖွဲ့ကြည့်မယ်။ ကျန်ုပ်သည် ကြောင်တကောင်ဖြစ်သည်။ သို့သော် ချစ်သူက ငကြောင်ဟု ခေါ်သည့်အခါ လွန်စွာနာကြည်းခဲ့မိသည်။ စိတ်ထိခိုက်မိခဲ့သည်။ ကြောင်တိကြောင်တောင် ငေးငိုင်သွားရသည်။ အဝေးသို့ပြေးထွက်မည်အလုပ် ငါ့ကြောင်ဟုခေါ်ခြင်းဖြစ်ကြောင်း ဖြေရှင်းချက်ပေးသည့်အခါ ကျွန်ုပ်၏မာနအစိုင်အခဲများ အရည်ပျော်သွားကြသည်။ သူမက မှီ..မှီ…မှီ (ရွာသူမှီနှင့် လားလားမျှမဆိုင်) ဟု အသံပေးသည့်အခါ ဝမ်းသာအားရ အနားကပ်သွားခဲ့သည်။ သူမဖွင့်ပေးသော အိတ်အတွင်းသို ဝင်ရောက်လဲလျောင်းခဲ့မိသည်။ ထို့နောက်………….ခွပ်ခနဲနှင့် ကြယ်ရောင်လရောင်များမြင်လိုက်ခါ အမှောင်အတိ ကျသွားရသည်………………။
ယခုကျနော် မဟုတ်တော့သော ကျနော်များ ကန်တခုအတွင်း ပေါလောမျောနေသည်။ စိမ်းရွှေရွှေအနံ့၊ ကျိချွဲချွဲအရည်အဖတ်များလည်း ဘေးပတ်လည်ဝန်းရံနေသည်။ မကြာခင် သူမနှင့်သူမကိုကိုတို့ ဆေးခြောက်နှင့်ကြောင်သား အမည်ရှိ ဟင်းလျာတခွက်ကို ညနေစာအဖြစ် မြိန်ရှက်စွာ စားသုံးကြပါတော့မည်…။ 😥
windtalker
November 21, 2011 at 12:55 pm
အိုး….ဗဲရီး ဝမ်းဒါးဖူး ပို ့စ်
အိုင် လိုက်ခ် ယူအာ ဝေါ့
ဒတ်အစ်စ်
ရှီ ကစ်စ ယူ
ဘရာကြော်..အဲလေ ဘရာဗို မိုင်ဖရင့် စူသီ
ပေါက်ဖော်
November 21, 2011 at 3:39 pm
ဝိုး..
ယွာ အင်းဂလိပ် အစ်စ် ဗဲဒီးဂွတ်
Moe Z
November 21, 2011 at 4:26 pm
အိုင် သင့်(ခ်) ယော်(အာ)ရ် အင်္ဂလိရှ် အစ် ဘတ်တား(ရ်) သန်ဟင်း 😀 😀
ပေါက်ဖော်
November 21, 2011 at 4:34 pm
ရဲ….ဘေဘီ…..ရဲ….
Oh yeah! အိုးရဲ…..
😆
inz@ghi
November 21, 2011 at 5:50 pm
ဟိတ်လူ ကိုရင်….
နိုင်ဘီဗျ နိုင်ဘီ
နီဘုရားပေါ်မှာ ဘာယတြာတွေ ချေလိုက်သလဲ
တွေ့လား တွေ့လား ….
ကြေးတံဆိပ်တော့ ရဘီကွ
ငါတို့အသင်းကို ၁ဂိုးပဲသွင်းပါမယ် ဘာညာလုပ်တဲ့အသင်းကို ဂိုးပြတ်သိပ်ပလိုက်ဘီ
၄-၁ ကွ
တေတွားမယ်…..
ဆဲကြဦးလေ. … နောက်မကြည့်လော့ဝူး ပြောကြဦးလေ
နိုင်ပဟ..
အားရထှာ ….
ပေါက်ဖော်
November 21, 2011 at 7:10 pm
နိုင်ပြီဟေ့..နိုင်ဘီဟေ့..
ကြေးတံဆိပ်လဲ မနဲဘူး..ကွ..ငဇာရ
၄-၁ ကွ..လေးတစ်ကွ..
မနက်ဖြန်အတွက် ဂဏန်း မဟုတ်ပါ
ကိုရင်စည်သူ
November 22, 2011 at 7:42 pm
ကိုရင်တို့ ဘုရားပေါ်တက်တာနဲ့
မြန်မာနိုင်ပါစေဆိုပြီး ကြေးဆင်းတုတော်ဘုရားခြေဖဝါးကို
ရွှေကပ်လိုက်တာ.. ချက်ချင်းကို
ရွှေမြန်မာက… ကြေးဆုရတွားပီ…
ဒီလောက်ဆုတောင်းပြီး ယတြာချေပေးနေတောင်
မနိုင်ရင်တော့ ဗေဒင်ဆရာနာမည်ပျက်တယ်..
နိုင်သွားတာပဲ ကျေးဇူးတင်ပါတယ်.. ဂီ့ရေ..