22-11-2011 ချန်ပီယံလိဂ်ပွဲစဉ်များ

မောင် ပေNovember 22, 20111min1758

မင်္ဂလာပါ ။
ချန်ပီယံလိဂ် ပွဲစဉ်(၅) အကြောင်း ကို နဲနဲပြောချင်ပါတယ် ။
အခု ပွဲစဉ် ကို ကန်ပြီးရင် နောက်ပွဲစဉ် (၆) ဘဲ ကန်ဖို ့ကျန်မှာပါ ။
အခုပွဲစဉ်မှာ အုပ်စုတက်ရေး ၊ အုပ်စုဗိုလ်ဖြစ်ရေး အတွက် ကြိုးစားကြတာကို တွေ ့ရမှာပါ ။
ပွဲစဉ်များနဲ ့အချိန်များကတော့
၂:၁၅ စီအက်စ်ကေအေမော်စကို – လိုင်လီ
။ နာပိုလီ – မန်စီးတီး
။ ဘိုင်ယန် – ဗီလာရီးရဲ
။ ထရာဇွန်စပေါ – အင်တာ
။ ဂါလတီ – ဘေဆဲ
။ မန်ယူ – ဘင်ဖီကာ
။ ရီးရဲ – ဒိုင်နမိုဇာဂရက်
။ လိုင်ယွန် – အေဂျက်
***************************************
အထက်ပါ ပွဲစဉ်များထဲမှ အုပ်စု B မှ
(***)
ထရာဇွန်စပေါ – အင်တာ
ပထအကျော့ အင်တာ ကွင်းမှာ ကန်ခဲ့တုန်းက ၊ အံ့အားသင့်ဖွယ် ရလဒ် နဲ ့ ထရာဇွန်စပေါ က အင်တာကို (၁-၀) နဲ ့နိုင်ခဲ့ပါတယ် ။
လက်ရှိ အုပ်စု ဘီ ရပ်တည်မှု မှာ
အင်တာ က ၃ ပွဲနိုင် ၊ ၁ ပွဲရှုံး ၊ ရဂိုး ၆ ပေးဂိုး ၄ ၊ ရမှတ် ၉ နဲ ့အဆင့် ၁ ဖြစ်ပြီး
ထရာဇွန်စပေါ ကတော့ ၁ ပွဲနိုင် ၊ ၂ ပွဲသရေ ၊ ၁ ပွဲရှုံး ရဂိုး ၂ ပေးဂိုး ၄ ၊ ရမှတ် ၅ နဲ ့အဆင့် ၃ ဖြစ်ပါတယ် ။
စီအက်စ်ကေအေ နဲ ့အမှတ်တူနေသော်လည်း ဂိုးကွာခြားချက်ကြောင့် အဆင့်၃ ဖြစ်ရတာပါ ။
လက်ရှိအနေအထားအရ အင်တာမီလန် ဟာ အမှတ်မလိုဘူး ဆိုပေမယ့် ၊ နည်းပြသစ် ရေနာရီ လက်ထက် မှာ အင်တာမီလန် ဟာ ချန်ပီယံလိဂ် ၃ ပွဲ ကစား ၃ ပွဲလုံး နိုင်ခဲ့ပါတယ် ။
နောက်ပြီး ပကျော့ ရှုံးကြွေးကို ပြန်လက်စားချေ မယ့် သဘောပါ ။
ဈေးအနေအထားအရ လည်း အင်တာမီလန် ကို ဈေးသက်သာစွာနဲ ့အားပေးနိုင်မှာ ဖြစ်လို ့
အင်တာမီလန် ကို ဘဲ ရွေးထားရင် မမှားနိုင်ပါဘူး ။
***************************************
စီအက်စ်ကေအေမော်စကို – လိုင်လီ
ပထမအကျော့ လိုင်လီ ကွင်း မှာတုန်း က ၂-၂ သရေ ကျခဲ့ပါတယ် ။
စီအက်စ်ကေအေမော်စကိုဟာ ၁ ပွဲနိုင် ၊ ၂ ပွဲသရေ ၊ ၁ ပွဲရှုံး ၊ ရဂိုး ရ ၊ ပေးဂိုး ၅ ရမှတ် ၅ မှတ် နဲ ့အဆင့် ၂ ဖြစ်ပြီး
လိုင်လီအသင်းကတော့ ၂ ပွဲသရေ ၊ ၂ ပွဲရှုံး ၊ ရဂိုး ၄ ၊ ပေးဂိုး ၆ နဲ ့အဆင့် ၄ ပါ ။
ဈေးအနေအထားအရ စီအက်စ်ကေအေ က သရေဆိုရင် တစ်ဝက်ကျော် ဆုံးရှုံးမှာဖြစ်ပါတယ် ။
ရုရှားမြေမှာ ဆိုရင် ရုရှားအသင်းတွေ ခြေအရမ်းစွာ တာ ကို ပရိသတ်များ သိပြီးဖြစ်ပါတယ် ။
အိမ်ကွင်းအားသာချက် နဲ ့တစ်ဂိုးဘဲ လိုတဲ့ စီအက်စ်ကေအေ ကို အားပေးပါမယ် ။
***************************************
အုပ်စု ဒီ
ရီးရဲမက်ဒရစ် – ဒိုင်နမိုဇာဂရက်
ရီးရဲမက်ဒရစ် ရဲ ့ယခုရာသီချန်ပီယံလိဂ်ခြေစွမ်း ကို ဘယ်အသင်းမှ လိုက်မမှီပါဘူး ။
၄ ပွဲ ကစား ၄ ပွဲနိုင် ၊ ရဂိုး ၁ဝ ၊ ပေးဂိုးမရှိ ၊ ရမှတ် ၁၂ မှတ် နဲ ့အဆင့် ၁ ပါ ။
ဒိုင်နမိုဇာဂရက် ကတော့ ရီးရဲ နဲ ့ပြောင်းပြန် ဖြစ်ပြီး
၄ ပွဲကစား ၄ ပွဲရှုံး ၊ ရဂိုး မရှိ ၊ ပေးဂိုး ၉ ဂိုး ၊ ရမှတ် ဝ နဲ ့အဆင့် ၄ ပါ ။
ပထမအကျော့ ဒိုင်နမိုဇာဂရက် အိမ်ကွင်းမှာ ကန်ခဲ့တုန်းက ရီးရဲမက်ဒရစ် ၁-ဝ နဲ ့အနိုင်ရခဲ့ပါတယ် ။
ဈေးအနေအထားအရ ရီးရဲကို အားပေးမယ်ဆိုရင် ၃ ဂိုးသွင်းမှ ပါးပါးလေး အကျိုးအမြတ်ရှိမှာပါ ။
စဉ်းစားစရာကောင်းတာ က ရီးရဲ အသင်းဟာ ဒီပွဲကို သရေကန်ရင်တောင် အုပ်စုဗိုလ် အဖြစ် တက်မှာပါ ။ နောက်ပြီး အခုပွဲကို ကစားသမား အင်အားထိန်းကစားနိုင်ပါတယ် ။
ဈေးအနေအထားအရ ၊ ဒိုင်နမိုဇာဂရက် ကို ခေါ်ထားတာ သိသာလွန်းပေမယ့် ၊ ယခု ပွဲ ကို ရီးရဲထိန်းကစား သွားနိုင်တယ် လို ့ယူဆမိတာကြောင့် ယခုပွဲကို အားပေးရမှာ
“ ဒိုင်နမိုဇာဂရက် ” ပါဘဲ ။
***************************************
———— အားလုံးဘဲ အောင်မြင်မှုများ သိမ်းပိုက်နိုင်ကြပါစေ ————

8 comments

  • ပေါက်ဖော်

    November 22, 2011 at 2:43 pm

    ဒိုင်နမိုဇာဂရက်ကို အားပေးတယ်ဆိုတော့…ဒိုလေးကို လျှော့တွက်တယ်ပေါ့..ဟုတ်စ..
    ဟွင်း.ဟွင်း…ရဒလယ်..ရဒလယ်..
    ဒိုလေးနဲ ့တွေ ့မှ .ဟမလေး…..ငိုပြေးရင်တော့..အာကိုလေးလဲ မကယ်နိုင်ဘူးမှတ်
    😕

  • inz@ghi

    November 22, 2011 at 2:47 pm

    ကပေကပေ …
    ၁ဝပုံး ၁ဝပုံးနဲ့ …..
    ရိုက်လိုက်ရ ရင် .. ရှိသမျှ ပုံးတွေကုန်လို့
    ရွာထဲ လိုက် ချမ်းပုံးထီး နေရတော့မယ်
    😀

    ဂီဂီ

  • amatmin

    November 22, 2011 at 3:57 pm

    အားလုံးဘဲ အောင်မြင်မှုများ သိမ်းပိုက်နိုင်ကြပါစေ…ဆိုတော့ ဟုတ်သေးဘူး ကိုရင်ပေရေ..
    ထိုးသားများလုပ်ပါဗျာ..နို့မို့ဆို ဒိုင်တွေပဲ သိမ်းပိုက်နေကြတာလေ…
    ကိုရင်ပေ့ကိုတော့ ယုံပြီးသား..အပြတ်တီးပြီး မိုးလင်းမှ အဖြေညှိကြမယ်.. 🙂

  • zarni

    November 23, 2011 at 7:21 am

    လူဆိုး…သူ့ယုံလို့ပုံအပ်မိပါတယ် လူကလန်ကွပ်တီပဲကျန်တော့တယ်….. 😀

    • windtalker

      November 23, 2011 at 12:38 pm

      ဟီး
      မွှားတဲ့အခါလဲ မွှားပေမပေါ့
      ဆောတီးပါ
      ကျုပ်လဲ တော်တော်ပြောင်သွားဒယ်ဗျ
      ဒီနေ ့ညအတွက် ရှယ် အုန်းစားပေးပါမယ်
      စိတ်ချလက်ချ ဆက်လက် ယုံပေးပါနော်

      • inz@ghi

        November 23, 2011 at 12:41 pm

        ချန်းပုံးထီး ရပါတော့မယ်ဆို….

        • windtalker

          November 23, 2011 at 12:59 pm

          နင့်အတွက် ချန်ထားပါတယ် ဟယ် ဂိဂီ ရယ်
          ဘာမှ မပူနဲ ့….
          နင့် အတွင်းအားတွေ ချက်ချင်းလက်ငင်း တိုးပွားလာအောင်
          အများကြီး ထမ်းစေရမယ် ၊ ပြီးရင် အားချိအောင် အားစီးခိုင်းမယ်
          ဟုတ်ဘီလား

  • Wow

    November 23, 2011 at 11:34 am

    Wow ကတော့ ဒိုလေးပဲ။

Leave a Reply