စကားစမြည်
ပြောလိုက်တာကတမျိုး ပြောဖြစ်သွားတော့တမျိုး Post မှ ..
မင်းပြည့်ရှိန်မေးကို သစ်မင်းဖြေ တင်ဆက်လိုက်ပါသည်။
(…..ညီရေ အဲဒီလို ဆွေးနွေးပေးတာကျေးဇူးပါ။)
—————————————————-
“အဓိက က ဈေးကွက် ဗျလို့ ပြောလိုက်ရင် ကိုဂျီး ဂီက ဘယ်လို
ပြန်ပြောမလဲ မသိ ဦးသစ်ရယ်”
(^^)~~~~~~~~~ဈေးကွက်ဆိုပေမဲ့ ကိုယ်ရဲ့လုပ်နေတဲ့ နေရာရဲ့ “စံ=Standard”
ကိုတော့ချိုးလို့မရဘူးလို့ပြောလိမ့်မယ်ထင်တယ်။ သူ့မေးကြည့်ပေါ့ သေချာအောင်။
————————————————————————————–
“ကျွန်တော် Satori က ထုတ်တဲ့ ကားတွေ ကြည့်ဖြစ်ပါတယ် ကြိုက်လို့လေ.. Flash ဆိုတဲ့ ကားကနေ
စပြီး ကြည့်ဖြစ်တာ ကိုယ်က သဘောကျလွန်းလို့ ပတ်ဝန်းကျင်ကို ပြောတော့ ဘာဂျီးမှန်း မသိဘူးတဲ့..
ဒါနဲ့ပဲ..ဪ ဆိုပြီး Satori ကပဲ ထုတ်တဲ့ “တိမ်တွေသွားတဲ့လမ်း”ကို ညွှန်းမိခဲ့တယ်..
ကဲ.. မကြိုက်ကြပြန်ဘူး…
ဒါပေမယ့် သူတို့ ကိုရီးယားကားကို ကြိုက်နေကြတယ် ဘာကြောင့်မှန်း တော့ မသိဘူး..”
(^^)~~~~~~~~~~~မြန်မားကားဆိုညံ့တယ်ဆိုတဲ့ အစွဲကကြီးနေပြီလေ။တချို့ ကြည့်တယ်လို့
ပြောရမှာတောင် သူများဟာ ခိုးသလိုရှက်နေပြီ။ အဖြစ်မှန်ကလည်း မြန်မာကားကောင်းပါတယ်လို့
ဘယ်လိုမှမပြောနိုင်တာဘဲမဟုတ်လား။ ဆတိုရီကလဲ ခိုးတာပါဘဲ..
F4 , The Village (Ghost Movie) လိုဟာမျိုးဆိုပေါ်တင်ကြီးလေ။
ခိုးရင်မူရင်းထက်သာအောင် ရိုက်ရမှာပေါ့။ ဝင်းဦးဟိုတုန်းကနာမည်ကြီးကားတွေထဲက အတွယ်အတာ
ဆိုတာ မူရင်းထက်ကောင်းတယ်(ခိုးတာပဲအဲဒါ)။ ပြီးတော့ဆတိုရီကပေးတဲ့ မက်ဆေ့ချလေးတွေက
စဉ်းစားရတယ်။ဒီခေတ်က စိတ်ကိုပျော်စရာလိုက်ရှာနေတော့ “ဟာသ” မဟုတ်ဘဲ စဉ်းစားနေရရင်
သဘောမကျတော့ဘူးပေါ့။
ကိုရီးယားကားကြိုက်တယ်ဆိုတာကတော့ မြန်မာကွ။
ဘေးအိမ်က အမေရိကားသွားရင်ကိုယ်လဲ အမေရိကားသွားဖို့လုပ်တာ။
ဘေးအိမ်ကကင်ဆာဖြစ်ရင် ကိုယ်လဲနှလုံးရောဂါရှိမှ နေလို့ထိုင်လို့ရတဲ့ သူများယောင်လို့လိုက်ယောင်
တတ်တဲ့ စိတ်ဓာတ်ပေါ့ကွာ။
နောက်တော့လဲ မင်းသားကချောချာ၊မင်းသမီးချောချောနဲ့ ဘဝအဆင်ပြေတာတွေပြတော့ ခနတော့
ဒီဘဝတုလေးထဲ စိတ်အပန်းဖြေမယ်ပေါ့။ မြန်မာကား ဟာသ ဘဲ ပေါက်နေတာနဲ့ ကိုရီးယားကားကြိုက်တာ
၂ခုလုံးရဲ့အကြောင်းရင်းက တခုထဲပါကွ။ မွန်းကြပ် ဘဝ တွေပေါ့ညီရာ။ ခန လွတ်မြောက်ရှာချင်ကြလို့ပါ။
——————————————————————-
“နောက်ပြီး ကျွန်တော်သိချင်တာက အနုပညာ က သိပ္ပံပညာ ဟုတ်မဟုတ်ပေါ့.. အထူးသဖြင့်
ရုပ်ရှင်.. သဘာဝ ကျတယ်ဆိုတာ၊ ဖန်တီးမှု ဆိုတာ၊ တင်ဆက်ပုံဆိုတာ… အထူးသဖြင့် မြန်မာ
မင်းသမီးတွေ ငိုတာက အစ.. ငိုတဲ့သူရဲ့ ဘဝနောက်ခံ လက်ရှိအနေအထား ငိုတဲ့ ပတ်ဝန်းကျင်
ငိုရတဲ့ အကြောင်း စသည်ဖြင့်ပေါ့..သဘာဝ ကျကျ ငိုချင်ရင် ဇာတ်ကောင်ဟာ ဘယ်ဘဝမှာလဲ
ဆိုတာ .. ဒါရိုက်တာက သိမှာပါ.. ဒါပေမယ့် မြန်မာ့ရုပ်ရှင်လောကမှာ ငွေက အနုပညာထက်
ဈေးကောင်းနေတော့.. ငွေရစေတဲ့ မင်းသမီး မင်းသား တွေက ဒါရိုက်တာထက် နေရာ
ရနေတာကြောင့်.. သူတို့ ငိုချင်သလိုပဲ.. (ငိုနေကျစတိုင်လ်) နဲ့ပဲ ငိုခဲ့သလား ထားပါ.
. ဦးသစ်ရယ်..”
(^^)~~~~~~~~~~~~~~သိပ္ပံပညာ=အတတ်ပညာ ဝိဇ္ဇာ= အသိ၊သိခြင်း ပညာလို့
မှတ်သားဘူးတယ်။ ရုပ်ရှင်ဟာ “သိ”မှရိုက်လို့ရမှာပေါ့။ ဘယ်လိုခံစား၊
ဘယ်စကားဘယ်နေရာပြောသင့်တယ်
ငို၊ခေါ် ၊ပျော်၊မျှော်၊ရူး၊ ဘ၊ဇော်၊ နန်း တဲ့၊ အဲဒီလိုမျိုးတွေအကုန်သိရမယ်လေ။
ဒါရိုက်တာက “သိ” ရမှာ ပြီးတော့ “တတ်” အောင်သင်ပေး “တတ်” ရမှာဆိုတော့
သိပ္ပံပညာ=အတတ်ပညာဝိဇ္ဇာ= အသိ၊သိခြင်း ပညာ၂မျိုးလုံးအကျုံးဝင်တယ်။
ဘဘဦးသုခက ငယ်စဉ်က ဆေးလိပ်ခုံ ရှင်ရဲ့သားဆိုတော့ မိန်းမတွေ မူတာ၊နွဲ့တာ၊ချွဲတာ၊မျက်နှာအမူအရာ
အကုန်သိသတဲ့။ အဲလို “သိ” ရမှာပေါ့။
မရှိတာကိုရှိအောင် လုပ်ပြ ရမှာ…အဲ ဖန်တီးမှူပါလာပြီ “တတ်” မှ ရမှာပေါ့လေ။
ဂျွမ်းထိုးတတ်တာ၊မြင်းစီးတတ်တာကအစ အတတ်ပညာတွေ။
အပြင်မှာ လူဆိုးခေါင်းဆောင်လုပ်ဘူးတဲ့ လူကြမ်းဆိုတာဘယ်ရှိမှာလဲနော့။လုပ် “တတ်”ရတော့မယ်။
အဓိကဖြစ်တဲ့စက်မှုပိုင်းပံ့ပိုးမှုမပါဘဲနဲ့လဲ ရုပ်ရှင်ဆိုတာဖြစ်မလာတော့ “အတတ်” လည်း ပါပြန်တယ်။
မင်းသမီးငိုတတ်သလို ငိုခွင့်ပေးရတယ်ဆိုရင်ပေါ့လေ..
“King of the scene”= ရိုက်ကွင်းဘုရင် ဒါရိုက်တာရဲ့ဩဇာကျဆင်းမှုကလဲ အကြောင်းတရားတရပ်ပါဘဲ။
————————————————
“တစ်ကယ့်ကို ခံစားတတ်တဲ့ ပရိတ်သတ်တွေ ဘယ်လောက်များ ရှိသလဲ .. ဘယ်ဒေသကလဲ..
ငွေဘယ်လောက် အကုန်ခံပြီး ကြည့်ကြသလဲ.. ဘာတွေကို အားပေးသလဲ စတာတွေက
ရုပ်ရှင်ဈေးကွက်နဲ့ ဒါရိုက်တာ ထုတ်လုပ်သူ များကို အလုပ်ဖြစ်နေစေတာကြောင့်….
ဆင်းရဲနွမ်းပါးပြီး တောင်သူလယ်သမား (ဆိုရရင် ရွာသား) ဦးရေ များတဲ့
ကျွန်တော်တို့နိုင်ငံမှာ ကိုရီးယားကို အားပေးပြီး အချို့သော ကောင်းတဲ့ မြန်မာကားတွေကို
အားပေးမှု နည်းတာ ဘာကြောင့်များပါလိမ့်ဆိုတာ ကိုဂျီး ဂီတို့က ပိုသိမှာပဲ.. (ကိုဂျီးဂီ ပြောပြဦး)
(^^)~~~~~~~~~~~~တစ်ကယ့်ကို ခံစားတတ်တဲ့ ပရိတ်သတ်အရမ်းနည်းပါ လိမ့်မယ်။
ကိုယ်လို အများကြီးသီးခံပြီး(ကြည့်တတ်တဲ့နားထောင်တတ်တဲ့)လူတောင် လန်ကျသွားတဲ့
ကားတွေအများကြီးပဲဆိုတော့လေ။
မြန်မာကားတွေကို အားပေးမှု နည်းတာဘာကြောင့်များပါလိမ့်ဆိုတာ ကိုရီးယားကားက
ပိုကောင်းလို့လိုဘဲ ရိုးရိုးလေးဖြေရမှာပါ။
ညီလေးဂီ ရေ မေးနေပြန်ပြီ ၂ခါရှိပြီ။ဖြေလိုက်ပါအုန်း။
——————————————————————-
” ဖြစ်သင့်တာကတော့ ဖြစ်စေချင်တာကတော့ ဖန်တီးသူများကလည်း သူဂျီးသား နဲ့ သူဌေးသား
ကောင်မလေးကို လုကြတာထက် ဈေးကွက်လုတာ အာဏာလုတာ (ကောင်းတာတွေ လုပ်ပြပြီး)
ကို ပိုပြီး ပြစေချင်သလို.. တိုင်းပြည်ဖွံ့ဖြိုးဖို့ အနုပညာနဲ့ တည်ဆောက်စေချင်သလို…
တစ်ကယ်လို့များ ဟာသ မမြောက်တဲ့ ဟာသ ကားတွေ လို အနုပညာ မမြောက်တဲ့
ဇာတ်ကားတွေ ရောက်လာရင် ထွက်လာရင်.. တောင်သူများ က မသိကြတောင်
နယ်မြို့များမှ ဖြန့်ချိသူများက လက်ရှောင်ကြရင် သိပ်ကောင်းမှာပဲ..
ဒါဆို ရောင်းမရတဲ့ ကားတွေ သိပ်ရိုက်ကြတော့မှာ မဟုတ်ဘူး လို့ ထင်တယ်လေ..
အဲ.. ဦးသစ်ပြောသလို ပြောလိုက်တာက တစ်မျိုး ပြောဖြစ်သွားတာကတစ်မျိုးများ
ဖြစ်သွားသလား မသိ..
(^^)~~~~~~~~~~~~~~~သိသလောက်ပြောရရင် နယ်ကိုယ်စားလှယ်ကကားမထွက်ခင်
“ဘယ်မင်းသား ဆို” ဆိုတဲ့ စကားနဲ့ စာချုပ်သတဲ့။ကြိုပြီးငွေပေးထားရတယ်ပေါ့ကွာ။
ထွက်လာမှညင်းလို့ဘယ်ရတော့မလဲ။အဲလို ကြားဘူးတယ်။
ခုခေတ်တော့ ကိုရီးယားမြန်မာပြန်ပြီးချိန်ကိုချုပ်မယ်ထင်ပါရဲ့။
“ငါးပွက်ရာ ငါးစာချ စီးပွါးရေးစနစ်” ကိုအသားကျနေပြီကွ.။
ကိုရီးယားကားကိုရောင်းရရက်သားနဲ့ ခနလောက်မသွင်းဘဲနေရင်တော့ ကြည့်စရာမရှိရင်ကြည့်
ချင်ကြည့်လာမှာပေါ့။ အကျိုးပြုကားဆိုတာကျတော့ မြန်မာ့ရုပ်ရှင်စိစစ်ရေးကြီး က
“လူတွေအပြင်မှာတကယ်မပြောတဲ့စကား”တွေမပါရင် ဘယ်ခွင့်ပေးပါ့မလဲ။
တောမှာကျောင်းဆရာ သွားလုပ်တာဘဲကွာ၊ တောကကလေးတွေ စာတတ်စေချင်လို့ပါဆိုပီးရော့ပေါ့။
ခုတော့ ဟုတ်ပါဘူး။ နိုင်ငံတော်ရဲ့ ဘာညာ၊ဘာညာ ဒီလိုတွေပါတော့၊ သဘာဝယုတ်တိလွတ်တယ်ကွ။
ဆတိုရိရဲ့ကားတခုမှာတော့ သဘာဝပါတ်ဝန်ကျင်ထိန်းသိမ်းရေးလေး ခပ်ပါးပါးလေးပြသွားတာတွေ့မှာပါ။
အဲဒီလောက်ဘဲ ရမယ်။ ညီပြောသလို ထူသွားရင် ပရိတ်သတ်က “ဟေး” ဆိုပြီး ရီပြီး၊ခေါင်းခါသွားမှာဘဲ။ –
——————————————————-
“တတ်စွမ်းတဲ့ အနုပညာနဲ့ တိုင်းပြည်ကို ကူညီတည်ဆောက်ကြစေချင်ပါတယ်ဗျာ…
တစ်ကယ်ပါ..”
(^^)~~~~~~~~~~ဟိုတုန်းကရုပ်ရှင်တွေကလူတွေကို”စိတ်ထားကောင်းအောင်” သင်ပေးတယ်။
လူဆိုးပေမဲ့ လူဆိုးသစ္စာရှိတယ်။သိတ်ခါရှိတယ်။
ခုခေတ်ကားတွေက ညစ်ညစ်ပတ်ပတ်ပြောတတ်အောင်၊ ကျော်တတ်ခွတတ်အောင်၊
ဖော်တတ်ပြတတ်အောင်၊ အရှက်မဲ့ စွာနေထိုင်နည်း၊ဝတ်စားနည်းတွေကိုသင်ပေးလို့ အရင်တုန်းက
အိပ်ယာထဲကျမှ မြင်ရမဲ့ဟာတွေ “လမ်း” ပေါ်မှာအလွယ်တကူမြင်နိုင်ပြီ။ မိန်းကလေးနဲ့ယောက်ျားလေးလဲ
ခါးအောက်ပိုင်းနဲ့ပါတ်သက်တာတွေ ထမင်းစားရေသောက်ပြောကုန်ပြီ။ ဘာဖြစ်လာလဲဆိုတော့
ဆေးဝါးတွေသုံးပြီး အလွန်အကြွံတွေအထိဖြစ်ကုန်တယ်မီး သူများနိုင်ငံကလူတွေက “အတို”
ဝတ်ပြီး လုံအောင် ထိုင်တတ်တယ်။ ဒို့ ရွှေများကတော့ ဆိုးပါ့။ မင်းသမီးဆိုတဲ့ လူတွေတောင်
ကင်မရာရှေ့ မှာရှိနေတာသိသိကြီးနဲ့ မထိုင်တတ်ဘူးလေ(တမင်ဖော်နေတာဆိုရင်တော့၊ မပြောလို)
ဒါကိုတိုးတက်တယ်လို့မြင်တဲ့သူတွေလည်း ရှိတယ်ဆိုတော့ ဘာပြောရမှန်းကိုမသိတော့ဘူး။
လူအရည်အသွေး တိုးတက်မြင့်မားလာတာမျိုး မဟုတ်ဘဲ ၊ ယဉ်ကျေးမှုယိုယွင်းလာတာကို
တိုးတက်တယ်လို့ ထင်နေလို့ အခုလိုကြီး လိုက်လုပ်နေတာပေါ့။ကိုယ်ပိုင် “မူ” မရှိတဲ့
တို့မြန်မာများ၊သူများဟာ ကောင်းတယ်ထင်ရင် “ခိုးချ”တော့တာပါဘဲ။
ရုပ်ရှင်ဆိုတာဩဇာသိပ်ကြီးတဲ့ မီဒီယာကြီးမဟုတ်လား။ ကောင်းသော “သင်” ပေး ခြင်းဆိုရင်
ငွေ ရနည်းမှာ စိုးတယ် ဆိုကထည်းက ဒို့မြန်မာလူမျိုးတွေက “ငါသိ ငါတတ် ကျင့်ဝတ်တွေ၊
စည်းကမ်းတွေလာမသင်ကြနဲ့”လို့ဖြစ်နေပုံပေါက် ကရော။ လက်တွေ့တော့ဟုတ်မယ်မထင်ပါဘူး။
သူတို့ အဲဒီလို “ပညာပေး”ကားတွေကို (ငွေဝင်ကားအဆင့်အထိ)ပီပြင်အောင် မရိုက်” နိုင်” လို့
(သို့) ရိုက်”ခွင့်”မရလို့ များလားလို့တွေးမိတာပါဘဲ။
“ဝိုင်း” တို့ “စိုးကျော်ဆန်း” (ကိုပေါက်) တို့အရင်စောစောကခွဲထွက်ပုံစံတွေ ရိုက်ခဲ့တာ
တွေ့ရပါတယ်။ ခုတော့ ကိုပေါက်လဲ သိပ်မထူးခြားတော့ဘူးဖြစ်သွားပြီ။
ပေါက်သင့်သလောက်ပေါက်ပေမဲ့ နောက်ပိုင်းမတွေ့ရတော့ဘူး..။
မကိုက်ဘူးထင်ပါရဲ့။ ငွေအား(ငွေအရှုံးခံပြီး) ဖောက်ရမယ်လို့လဲ တွေးမိတယ်။
လူ့အဖွဲ့ကြီးတခုလုံးရဲ့ အိုင်ဒီအိုလိုဂျီတခုကိုလုံးလုံးကြီးပြောင်းသွားဘို့ဆိုရင်တော့
100% ကိုမှန်းရင်တော့ ဆယ်စုနှစ်လောက်မှပြန်အသားကျနိုင်မယ် ။
နည်းနည်းခြင်း စွဲယူသွားရမှာလေ။
{{သိန်း 1000 သောင်းလောက်ချမ်းသာတဲ့ အသိတယောက်လောက် “ညီ” မှာရှိလား (^^)}}
~~~~~~~~~~~~~~~~~
လေးစားစွာ ကောင်းစေလိုသော စေတနာဖြင့်
မောင်သစ်မင်း(^^)
15 comments
ပေါက်ဖော်
November 24, 2011 at 9:48 am
ကျနော့်မှာ သိမ်းသုံးသာင်း ရှိပါလယ်
လေလောဆယ်..တဂျီးဆီမှာ ခဏ သိမ်းထားတယ်.
မြန်မာ့ရုပ်ရှင် တိုးတက်ရေးအတွက်..လိုအပ်ပါက..အချိန်မရွေး ၂ဝ တိုးဖြင့် ချေးပါ့မယ်ခင်ည
ငွှ………ငွှ………..ငွှ
ပုံ၊
မင်းတား မထိုးခင်ကတည်းက မှောက်သွားသော..
လူဂျမ်း..ကဖော်ဂျီး
🙄
မင်းပြည့်ရှိန်
November 25, 2011 at 12:10 pm
အဲဒီ ၂ဝ တိုးက ၁ဝ နှစ်မှ တစ်ခါ တိုးမှာ မလား..
သေချာပါတယ် အဲလိုပဲ နေမှာပါ.. ယူမယ်ဗျာ.. ဂယ်..
ပီးရင် မြန်မာ့ရုပ်ရှင်လုပ်ငန်းတိုးတက်ရေး ဖောင်ဒေရှင်းဆိုပီး တော့လုပ်လိုက်မယ်..
ရုပ်ရှင်အနုပညာတက္ကသိုလ် တစ်ခုဖွင့်မယ်
Studio အကြီးကြီး လုပ်မယ် ကိုယ်တိုင်သုံးမယ် ငှားစားမယ်…
ရုပ်ရှင်နဲ့ ပတ်သက်တဲ့ ဂျာနယ် တစ်စောင်ကို စီးပွားဖြစ်ထုတ်မယ်..
ဘောလုံးကလပ်လုပ်သလိုကို လုပ်ပစ်မယ်….
ပိုက်ပိုက်ကတော့ ဂယ်ချီးပေးရမှာနော်.. (၁ဝ နှစ်နေမှ ၂ဝ တစ်ခတိုး) တိုးတဲ့ အတိုးကို ပြန်လှူ…
weiwei
November 24, 2011 at 10:59 am
မြန်မာရုပ်ရှင်ကားတွေကို ကျေးလက်တောရွာတွေမှာ အကြည့်များကြပါတယ် … သူတို့တွေအကြိုက် ဟာသကားတွေကို ဦးစားပေးရိုက်ကူးနေကြတယ်ထင်တယ် …
ရုပ်ရှင်ကြည့်တာလဲ အနုပညာတစ်ခုပါပဲ … ကျွန်မက အပန်းလဲဖြေရင်း၊ ဗဟုသုတလဲလိုချင်ရင်း၊ ဘာသာစကားကိုလဲလေ့လာရင်း တစ်ချက်ခုတ်ပြီး ဆယ်ချက်လောက်ပြတ်နိုင်တဲ့ ရုပ်ရှင်ကားမျိုးကိုကြည့်ချင်ပါတယ် … အချိန်သိပ်မပိုတဲ့အတွက် ရတဲ့အချိန်မှာ သုတ ရသ နှစ်မျိုးလုံးရချင်လို့ အင်္ဂလိပ် အမေရိကန် ရုပ်ရှင်ကားတွေကိုကြည့်ဖြစ်တာများတယ် … တစ်ခါတစ်လေ မြန်မာကားကြည့်မိရင် နောင်တရလေ့ရှိပါတယ် … အချိန်ကိုနှမြောတာရော၊ အကုသိုလ်ကိုထိုင်ပြီးယူလိုက်မိတာရောနဲ့ အလွန်နစ်နာတာပေါ့ … ဘိသိတ်ပြိုင်လို ဇာတ်ကားမျိုးကိုတော့ သိပ်ကြိုက်ပါတယ် … ကြုံရင်ကြုံသလို ကိုရီးယားဇာတ်လမ်းတွေကို ကြည့်ဖြစ်ပေမယ့် မကြိုက်ဘူး … သူတို့ဇာတ်လမ်းတွေက သဘာဝမကျဘူး … တမင်လုပ်ရိုက်နေကြတယ် … လှတာလေးတစ်ခုကိုပဲ ခံစားလို့ရတာမို့ အလေးအနက်ထားပြီး မကြည့်ချင်ဘူး … ထမင်းစားရင်း ခဏထိုင်ကြည့်ရုံလောက်ပဲ ကြည့်မိတော့တယ် …
inz@ghi
November 24, 2011 at 11:14 am
ဟိုဘက် ပို့စ် ပြန်ဖတ်ဖြစ်လိုက်တယ်
ဆြာ သစ်နဲ့ ညီမင်းပြည့်ရှိန်ရေ…
Entertainment sector ရဲ့ Marketing အကြောင်းတော့ ဂီ မသိပါ….
စိတ်တော့ ဝင်စားပါသည်
ဓါတ်ရှင် မင်းသမီးတွေနဲ့လည်း မရင်းနှီးပါ …
(ရိုက်ကွင်းသွားရန် ဟော်လတယ်မှအထွက် ကားပျက်နေသော ဓါတ်ရှင်မင်းသမီးလေးတစ်ဦးအား
ဘလက်တက္ကစီ ယောင်ဆောင်၍ ၁ခါတိတိ လိုက်ပို့ပေးဖူးသည်မှာ လွဲ၍)
ဓါတ်ရှင် မင်းသားတွေတော့ ၁ကောင်မှ ကြည့်မရပါ
(ကျုပ်ဂီတာနောက်ကျောမှာ အိုင်ခေးလ် ပြေထှီအူး လို့ ရေးထားပါသည် ဆို)
တေးရေး/ဆိုအရိုး သရော်တဲ့ ၃ရက်နဲ့ တကား ဆိုတာ အမှန်ပါပဲ။
ဒါလိုက်တာတွေ ရိုက်ကွင်း ကတည်ပြီးတော့မှ လက်တမ်း ဇာတ်ချရေးပြီး ရိုက်ရတယ် ဆိုတာလည်း
(တိကျတဲ့ သတင်းရပ်ကွက်မှ) ကြားဖူးပါတယ် (အံမယ် တခါတလေများ)
ရိုက်ကွင်းတည်ပီးမှ ဇာတ်ကို စာရေးဆြာအိမ်ဖုန်းဆက် ဝယ်သတဲ့….
မင်းသား/မင်းသမီး ဘက် ကလည်း သည်ဇာတ် ကနေ ဟိုဇာတ် ကြားထဲ ကြော်ငြာ အမ်တီဗီ
များ ဖြတ်ခုတ်ပြီး ရိုက်ကြနေလေတော့ ….
ဆိုတော့ ဘယ်လာကောင်းနိုင်ပါလိမ့်မလဲဗျာ…
မင်းသားတယောက် ၁လ၂ကားရိုက်တယ်ပဲထားပါတော့ရဲ့ (တကယ်က ၄နဲ့မြှောက်ရမှာ)
၁နှစ်ကို ကာရိုက်တာ ၂၄ခု … သေပီဆြာပဲ ….သည်ထဲ အရူးပါမယ် ဆြာဝန်ပါမယ် ရဲပါမယ်
လယ်သမားပါမယ် မုဆိုး ပါမယ် ဝန်ထမ်း ပါမယ် ဇာတ်ကောင် စရိုက်ပြောပါဒယ်
(သနားဒယ် ဟယ်ရစ်ဆင်ဖို့ထ် ရယ် …ခင်ညား အနုပညာသက်တမ်း ၅နှစ်အောက်ပဲ
ရှိဦးမယ့် ဗမာမင်းသားတယောက်လောက် ဇာတ်ရုပ်စုံအောင် သရုပ်မဆောင်ဖူးသေးဘူး)
ဘယ်လာ ပီပြင်တော့မလဲဗျာ…အနုပညာ ဝမ်းစာကောင်းဦးတော့
ဆြာသစ်ပြောတဲ့ အတတ်ဆိုတဲ့ ပညာ ဘယ် လိုက်မီပါတော့မလဲ
တခု အကြံပြုလိုတာကတော့
Series ရိုက်ကြည့်ပါလား ဆိုတာပါပဲ …
၂နာရီကား (တောမှာတော့ သည်လိုပဲခေါ်တယ်ဗျ) ကို ရုပ်ရှင်ကြီးကလွဲ ပေးမရိုက်နဲ့တော့
ရုပ်ရှင်ကြီးက ၁နှစ်ပြည့်ပြီးနောက် မှ အခွေပြန်ထွက် (၂နာရီကားကို ရုံသွားမကြည့်ရင် ၁နှစ်စောင့်)
ရုပ်ရှင်ရုံပါ လူပြန်ဝင်လာနိုင်တယ်ဗျ (ရုံပိုင် ခန်ပဏီများ ကလည်း မွေးဆပ်ပြာ မတိုက်ချင် ဆင်ချေးတုန်းပဲ ရှိတယ်
ဆိုတဲ့ ၆ချိုးတွေတော့ ပြင်ပေါ့ မှောင်ခိုတော့ နှိမ်နင်းပေါ့ဗျာ..)
ဟိုမရောက်သည်မရောက် (ကားလတ်လို့ခေါ်တဲ့)DVD စက်တွေနဲ့ ရွှေမန်း စံပြတို့လို ဒုတိယတန်းအဆင့်
ရုံတွေမှာ ပြတာ ကိုလည်း ရပ်..(ခုတော့ ရပ်လိုက်ပလား မသိပါ)
ဗီဒီယို ကား ၂ဝ ရိုက်တာ ထက် စီးရီး အပိုင်း-၂ဝ ရိုက်တာက location cost, setting cost ပိုသက်သာမယ်
economy of scale ဖြစ်မယ်ဗျာ။ သရုပ်ဆောင်ပိုင်း ကျတော့လည်း character ၂ဝ လုပ်စရာမလိုဘူး
၁မျိုးတည်းကို ဇောက်ချပြီး လုပ်ရမှာဖြစ်တဲ့အတွက် စိတ်ကို နှစ်ပြီး ပီပီပြင်ပြင် သရုပ်ဆောင်နိုင်လာမယ်
ဟိုဖြတ်ခုတ် သည်ဖြတ်ခုတ် ရိုက်ဖို့လည်း နည်းသွားမယ်ပေါ့ ….
(ဟိုဘက်တွေမှာလည်း series တွေပဲ ရိုက်မှာမို့ တဝက်ကနေ ဝင်ဖို့ ခက်လို့ပါ)
ဒါလိုက်တာတွေလည်း ပိုမို အသေးစိတ် သရုပ်ဖော်လာနိုင်မယ်.. ဩဇာပို ရှိလာမယ်ပေါ့
ကိုငှက် ပြောဖူးသလို သည် ဇာတ်အတွက် inspire လုပ်ထားတဲ့ ဇာတ်ဝင်တေး တွေ
ပေါ်လာပြီး ဂီတဘက်ကိုပါ အထောက်အကူပြုနိုင်လာမယ်ဗျ…(ကိုဘလက်ကြီး ဇာတ်ဝင်တေး
ရေးတဲ့ သီချင်းရေးဆြာ အလုပ်ရတော့မှာနော့်)
Series လုပ်ကြပါဆိုတာ အိုင်ဒီယာ အသစ်အဆန်းတော့ မဟုတ်ပါဘူး
သူများတိုင်းပြည်မှာ ရုပ်သံကနေ လွှင့်နေကြတာတွေပဲလေ
သည်မှာ ကျတော့ ရုပ်သံမဖွံ့ဖြိုးသေးတော့ DVDဆိုတဲ့ မီဒီယာ နဲ့ပဲ
Series ကိုသွားရမှာပေါ့ ရိုက်ရမယ့် ဇာတ်လား …
ပေါပါတယ်ဗျာ သန်း၆ဝသော လူထုကြီး ရှိတာပဲ
ဘဝထဲက ဘဝတွေကို ရိုက်ပေါ့…သရုပ်ဖော်ပေါ့ …
ဇာတ်မရှိရင် လေးပေါက် ဆီကလာဝယ်လှည့်ကြ
ဟိုဘက်မှာလည်း မန့်ဖူးပါတယ် တိုင်းပြည် ပိုက်ပိုက်ရှိရင်
ဆြာဝန် အင်ဂျင်နီယာ တက္ကနစ်ရှင် မာကတ်တာ ကြိုက်တာ
နိုင်ငံခြားသား အင်ပို့ထ် လုပ်လို့ရတယ်..စာပေ ဂီတ ရုပ်ရှင်
အနုပညာ ကတော့ ကိုယ့်လူမျိုး မှ ကိုယ့်လူမျိုးပဲဖြစ်ရမယ်..
ဆက်ဆွဲရအောင်
တခုတော့ ရှိတယ်ဗျ Series ရဲ့သဘောက အစောပိုင်း ၁ပိုင်း-၂ပိုင်းမှာ
မပီပြင်ရင် မကောင်းရင် ဆိုတဲ့အချက်ပဲ
အပိုင်း ၂ဝရိုက်ထားလည်း နောက် ၁၈ပိုင်းကို ဘယ်သူမှကြည့်မှာမဟုတ်တော့လို့
၁၈ကားစာလောက် တချီတည်း ရှုံးမယ့် သဘောပါနေတယ်…
(ကျုပ်လို ဘာမှမဟုတ်တဲ့ကောင်တောင် တွေးမိသေးတာ အဲ့သည့်လောကကလူတွေ
ပိုတောင်သိဦးမယ် သည်risk ကြောင့် Series မလုပ်ဘဲ ငါးပွက်ရာ ငါးစာချနေကြတာ
အေဘေးတွေ လူလည်တွေ ရေပေါ်ဆီတွေ)
ကောင်းအောင် ပြောင်းမယ် ကြိုးစားကြမယ် ဆိုတဲ့ စိတ်ဓါတ်နဲ့ သွားရင်တော့
လူညီရင်တော့ … ကျင့်ဝတ် အညီကြိုးစားကြရင်တော့… တော့ .. တော့ …
ဆင်ဆာ ကိစ္စလည်း အတော် အသံတွေညံနေတယ်ဆိုတာ ဖတ်ရပါတယ်.
ကြားဖူးတာ ဘာတဲ့ …. သားမက်လုပ်တဲ့လူက ယောက္ခမ ကိုပြန်ပြောတဲ့အခန်းပါလို့
အဲ့သည့်ဇာတ်မှာ ယောက္ခမက ရပ်ကွက်လူကြီးဆိုလား ဖြစ်နေလို့ ဆင်ဆာမကျဘူးတဲ့
လူဆိုးက ရဲကို ဖမ်းဆီး နှိပ်စက် လို့ မရဘူးတဲ့ …. ပြန်စဉ်းစားကြဖို့တော့လိုပါပြီ
Airforce One တို့ Con Air တို့ ပြန်ကြည့်ကြပါဦးလူဂျီးမင်းများခညား
(အို ရှုပ်ပါတယ် အဲ့ ဆင်ဆာ ကို မီးဒုတ် မီးဒုတ်ပဲကွာ …)
နောက်ပြီး Copyright လည်း လုပ်ကြရပါဦးမယ်…မောထှာ…
ကိုယ့်ဟာခိုးတော့ကြ နာတတ်လိုက်တာ ကိုယ်ကခိုးတော့ဖြင့်
အရသာကိုတွေ့လို့ ….ခုခေတ် ဆောက်ကိုရီးယားခိုးချတာတော့မပြောနဲ့
ငယ်တုန်းက ကြည့်ဖူးပါတယ်.. The Good The Bad and The Ugly
ကို ….မောင်ရင် ငတေ မိုက်ကန်းသည် တဲ့..
လုပ်ရက်လိုက်ကြတာ..(ဘဖောလေကျ ဖြင့်…)
တော်သေးဘီ မောဘီ ….
တိုးတက်လိုစိတ်ရှိကြဖို့ မူလီအကျပ်ခံမယ့် ခံယူချက်ပြင်းထန်ဖို့တော့ လိုမယ် ထင်ပါကြောင်း..
P.S ဆြာသစ် ဒါလိုက်တာ လုပ်မယ်ဆိုရင်ဖြင့် ဗီလိန်နေရာမှ ဝင်အရွေးခံလိုကြောင်း…
(ဇာတ်လမ်းတွဲဆိုဒေါ့ အပိုင်း၂ဝဆို ၁၉ပိုင်းလောက် ကိုယ်က ကောင်းစားမှာကိုး…)ခိခိ
thit min
November 28, 2011 at 8:43 am
ရုပ်ရှင်နဲ့ ဘဲန်းကရော(လေ့လာထား)တယ်ဆို။
ရေးပေတော့ ။
အဲဒီ ရထားတဲ့ “ဟာ” လေးတွေ။
ရေခဲတောင် ကြာပွင့်တွေစားပြီး
ဝူးဖွားဖွားရဲ ့သိုင်းကျမ်းကိုလည်းရထားတယ်ဆိုတာသိနေတယ်နော်။
မထင်ရဘူး၊ စတိဂျော့ဘ်ရဲ ့အတွင်းအားကိုတောင် အနိုင်ချလိုက်လို့ ဟိုလူအတွင်းဒါဏ်ရာ ရသွားရှာတာကိုး။
ကဲ လာထား၊လာထား။
အိုင်တီသိုင်း၊ မာကက်တင်းသိုင်း ဆိုတာ ပန်းသီးကိုတောင် ချမ်းပီး သွားစေမယ် ကွနော်။
blackchaw
November 24, 2011 at 12:57 pm
ဟိုနေ့က အမေရိကားမှာ ပြတဲ့ မြန်မာကားက
အတည်အခန့်ကြီး သရုပ်ဆောင်ကြတာကို ကြည့်တဲ့လူတွေက ရယ်ကြတယ်တဲ့။
ဒါပေမယ့် ဒီနောက်ပိုင်းရုံတင်တဲ့ မြန်မာကားတွေထဲမှာ
တည်တည်တံ့တံ့ အရှိဆုံး မြန်မာရုပ်ရှင် က အဲဒီကားပဲဗျ။
အာဒံဧဝဒသ ကားကိုပြောပါတယ်။
ဒါရိုက်တာ ဝိုင်း ကတော့ မဆိုးရှာပါဘူး။ နည်းနည်း ခွဲထွက်ချင်တဲ့ စိတ်လေးရှိတယ်ထင်တယ်။
မြန်မာရုပ်ရှင်မြှင့်တင်ရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲလေး လုပ်သင့်တယ်ထင်ပါတယ်။
ဒါမှ အကောင်းဆုံးအကြံဉာဏ်ကို ရနိုင်မယ်လို့ ထင်မိတယ်ဗျာ။
ကျွန်တော်ကတော့ ရုပ်ရှင်ရုံနဲ့ လည်းနီးတယ်၊ တူတွေတူမတွေကိုလည်း လိုက်ပြရတယ်၊
ဆိုတော့ မြန်မာကားကိုတော့ မချစ်သော်လည်းအောင့်ပြီး နမ်းနေရသေးတယ်ဗျို့။
ဆူး
November 24, 2011 at 1:03 pm
မြန်မာ ဇတ်ကားထဲမှာ မှတ်မှတ်ရရ လူမင်း ရိုက်တဲ့ ကျန်စစ်သားပါပဲ.. တနေရာရောက် မိန်းမ တယောက်ယူ.. ရောက်ရာ အရပ်မှာ အပင်ပေါက်တဲ့ လူစားမျိုးကြီးကို ဖြစ်နေတာပဲ.. ပုဂံပြည့်ရှင် မင်းဖြစ်တာ မိန်းမ ၄ယောက် လူလို့ ဖြစ်နေပြီ။ စိတ်ဓါတ် ကောင်းတာတွေ ဘုရားတည်တာတွေ လူတွေကို ကြည့်ရှု့ခဲ့တာတွေကျတော့ စာတမ်းထိုးနဲ့ ဇတ်သိမ်းလိုက်တယ်။
တနေ့ တနေ့ လာလိုက်တဲ့ ကိုရီးယား သမိုင်း ဇတ်ထုတ် အတွဲလိုက် တရုတ် သိုင်းကား ဇတ်ထုတ် အတွဲလိုက် ကောင်းမှကောင်း.. ကိုယ့်လူမျိုးမဟုတ်ပဲ သူတို့ သမိုင်း အကုန်သိနေပြီ..
မြန်မာမှာလည်း မြန်မာ သမိုင်း သီးခြား ရှိတယ်။ သမိုင်းကို လူတွေ စိတ်ဝင်စားလာအေင် လုပ်သင့်တာမျိုးပေါ့.. နောက်ပြီး ဇတ်လမ်းတွေ ရိုက်ရင် သမိုင်းကို ပေါ့ပေါ့တန်တန် လုပ်တာမျိုးတွေ.. အပေါစား သိပ်ဆန်တယ်။
ဘဂျက် မရှိလို့ ပိုက်ဆံ မတတ်နိုင်လို့ပဲ ထားလိုက်ပါတော့လေ.. လှပတဲ့ သမိုင်းနဲ့ ရာဇဝင်တွေကတော့ စာအုပ်ထဲမှာပဲ လှနိုင်မယ် ထင်ပါတယ်။
ကိုရီးယား ဇတ်လမ်း ချန်ကင် ဆိုပြီး မြန်မာပြည်မှာ တော်တော် နာမည်ကြီးသွားသေးတယ် တနေ့ တနေ့ ဟင်းမျိုးစုံချက်ပြီးတော့ အပိုင်း ရာကျော်အောင် ဆွဲဆောင်သွားတယ်။ ပြည်တွင်းက လူတွေကလည်း မီးမလာရင် မီးစက်နိုးကြည့်လို့ မီးလောင်တယ်လို့ ကြားတဲ့ နေရာက ကြားတယ်။ မီးပျက်တာ တလမ်းမီးပျက်ရင် တလမ်းမီးလာ စနစ်ကို နောက်ဖေးအိမ်က မီးလာရင် ချန်ကင်ကြည့်ဖို့ နောက်ဖေးအိမ်က မီးကြိုးဆွဲပြီး တီဗွီကြည့်တယ် နောက်တော့ မီးပေးတဲ့ စနစ်ကိုတောင် တအိမ်ခြား ပေးတဲ့ စနစ်ကို ပြောင်းရတဲ့ အထိပါပဲ အဲသည့်လောက် အထိ အောင်မြင်ခဲ့တယ်။ သူတို့ တိုင်းပြည်မှာလည်း အဲဒီ ရုပ်ရှင် ရိုက်ကွင်းနေရာတွေကိုလည်း နိုင်ငံခြားသား ခရီးသည်တွေ ဝင်ရောက် လေ့လာဖို့ အတွက် ဝင်ကြေးနဲ့ လေ့လာခိုင်းထားသေးတယ်။ ဇတ်လမ်းအောင်မြင်မှုတင် မကဘူး ဇတ်လမ်းရိုက်တဲ့ နေရာကို ပြစားတဲ့ အတွက်လည်း ရိုက်စား လုပ်နိုင်သေးတယ်။
http://www.myanmargazette.net/50366/travel
သူများတွေ လုပ်နိုင်ပြီး ကိုယ်တွေ ဘာလို့ မလုပ်နိုင်ရတာလဲ.. ခရီးသွားတွေ မကြာခင် နှစ်ပိုင်းအတွင်း အများကြီး လာကြလိမ့်မယ်လို့ ထင်တယ်။လမ်းကြောင်းတွေလည်း ပွင့်လာအောင် လုပ်နေကြတာဆိုတော့.. ပိတ်ရက်ရှည်ရောက်ရင် ခရီးထွက်နေကြ လူတွေကတော့ မြန်မာနိုင်ငံ ထက် တခြားနိုင်ငံတွေကိုတော့ အကုန် စုံအောင် ရောက်ပြီးနှင့်သူများကတော့ မြန်မာပြည်ကို သေချာပေါက် လာကြဖို့များတယ်။
hmee
November 24, 2011 at 2:57 pm
ကိုသစ်မင်းရေ ကျွန်မလည်း အရင်က ဗမာကားဆို မကြည့်တာများတယ် စိတ်ပျက်လို့ပါ။ တောကားမှာ မင်းသမီးက တောသူ ရေခပ်ဆင်းတာ ပုံတော်ကတ္တီပါနဲ့။ မြို့သူတွေ မသိရင်နေမယ် ကျွန်မတို့လို တောသူမက မြို့သူမကျတွေကသိတယ်။ နောက် တောသူဆို ဝတ်မယ် အကွက် ပုံတုံး။ တချို့ကဆို ဝတ်လိုက်တာ ဇတ်ရုပ်နဲ့မလိုက် ပျံလန်လို့။ တောသူလို သရုပ်ဆောင်မယ်ဆို လေ့လာသင့်တယ် ထင်တာပဲ။ နေတာထိုင်တာတွေက အစပေါ့ တကူးတက မဟုတ်တောင် ခရီးသွားဟန်လွဲ တွေ့ရင် ယူတတ်ရမယ်။ လယ်ထဲ ထမင်းပို့တယ်တဲ့ မြေကြီးပေါ် ဖင်ချ မထိုင်ရဲဘူး ကြည့်တာနဲ့ သိသာတယ်။ ဒါပရိတ်သတ်ကို အထင်သေးတာ၊ လျှော့တွက်တာလေ။ ဆရာဦးသုခက ရုပ်ရှင်ရိုက်ရင် နားထောင်တယ်တဲ့ အသံမမှန်ရင် အမူအရာပါ မမှန်ဘူးတဲ့။ ပညာပြည့်ဝတဲ့ ဒါရိုက်တာတွေကိုး။ တလောက ဖတ်မိတယ် ဆောင်းပါးတပုဒ်မှာ အခုခေတ် ဒါရိုက်တာတွေမှာ မင်းသား၊ မင်းသမီးလောက် ပညာဝမ်းစာ မပြည့်ပဲ လုပ်နေသူတွေကြောင့် မင်းသား/သမီးက ပြန်သင်ရတာမို့ ရိုက်ကွင်းမှာ ဒါရိုက်တာဘုရင် မဖြစ်တာတဲ့။ အခုနောက်ပိုင်း အပြင်ရောက်လာတော့ သံယောဇဉ်အခံရယ်၊ လွမ်းတာရယ်၊ အသံကြားချင်တာရယ်ကြောင့် မကြည့်ဖြစ်တောင် အသံနားထောင်ပါတယ်။ ဆာတိုရီက မင်းသား ရဲတိုက်ကားလေးတွေက ကြည့်ဖြစ်တယ်ပေါ့။ Flash မှာဆို ပတ်ဝန်ကျင်ထိန်းသိမ်းရေး အတွက်ငွေလှုတာ ခပ်ပါးပါးလေး ပြသွားတယ်။ နောက် တိမ်တွေသွားတဲ့လမ်း မိဘမဲ့တွေရဲ့ ခံစားချက်တွေ၊ နောက် ကြာနီတပွင့်မှာ ကိုယ့်မြေကို ချစ်တတ်အောင်၊ အချစ်သမိုင်းမှာလည်း ယောက်ကျားတယောက်ရဲ့ ဘဝမှာ ဖြစ်ပျက်ခဲ့ ကြုံခဲ့တာတွေကို သဘာဝကျကျ ရိုက်ပြတယ်။ ပြောတဲ့စကားတွေလည်း သဘာဝကျတယ်။ လေကြီးလေကျယ် စာတွေ ပေတွေ မရွတ်ဘူး။ အဲ့လောက်လေးတွေ ရိုက်နိုင်ရင်ကို မြန်မာဇတ်ကားတွေ အရည်အသွေး သိပ်မကျဘူး။ အခုတော့ ဇတ်လမ်းကမရှိ အတင်းလုပ်ဇတ်ကြီးတွေက စိတ်ပျက်စရာပဲ။ အရင်က ကုသိုလ်ကားလေးတွေလည်း ကြည့်ဖြစ်တယ် အခုတော့ သူလည်း တောင့်မခံနိုင်ဘူး ထင်ပါရဲ့ ချာလာပြီ။ ဒါကြောင့် မနေနိုင်လို့ ဖွင့်ပါတယ် မကြည့်ပါဘူး။ ကြည့်တိုင်းလည်း အပြစ်တွေ့ပါတယ် မပြောရလည်း မနေနိုင်ပါဘူး။ မဝေပြောတဲ့ ဘိသိတ်ပြိုင်ကား တကယ်ကောင်းပါတယ် မင်းသား မင်းသမီး မပါပါဘူး။ တကယ့် တောအလှုမှ တပုံစံတည်းပါ။ အဲ့တော့ ပြောစရာရှိပါတယ် ရိုက်တာကလည်း ဆရာချစ်ဦးညိုကိုးလို့လေ။ ဆင်ဆာကြောင့်သာ လက်ညှိုးထိုးနေကြတာ အဲ့သည့် ဆင်ဆာ လွှတ်ပေးလည်း ထူးမခြားနားလာမှာပါပဲ။
MaMa
November 24, 2011 at 9:51 pm
ကာတွန်းတခုမှာ ဓာတ်ပုံဆရာက တောရွာမှာ ရေအိုးလေးတွေရွက်ပြီး ညနေရခပ်ဆင်းပုံကို ရိုက်ဖို့၊ တောဓလေ့လေးတွေ ရိုက်ဖို့သွားတယ်။ တောသူတွေက ဂျင်းပန်နဲ့ တီရှပ်နဲ့၊ ရေခပ်မဆင်းတော့ဘူး။ ရေတုံကင်ရှိတယ်တဲ့။ 😆
thit min
November 24, 2011 at 10:17 pm
သိပ်တော့လဲ အထူချည်း မဟုတ်ပါဘူး။
ပါးပါးလေးပါ ။
မြန်မာ့ရုပ်ရှင်ဆိုတာ တော်တော် အခြေအနေဆိုးတယ်ဆိုတာ
လူတော်တော်များများ သိပြီးသားပါ။
ဟုတ်ပါတယ်။
ဆိုးနေလို့ မကောင်းလို့ ဆိုပြီး အားရပါးရ ပြောနေကြတာကတော့
မြန်မာ့ ရုပ်ရှင်တခုထဲ မဟုတ်ပါဘူး။
ပြောမယ်ဆိုရင် မြန်မာပြည်မှာအများကြီးမဟုတ်လား။
ကျနော် လိုချင်တာ တခုထဲပါ။
ကိုယ့်နိုင်ငံ က”ဆိုးနေတဲ့ ကိတ်စ တခုကိုဘယ်လောက်ထိပြင်ချင်စိတ်” ရှိသလဲ
သိချင်မိလို့ ဒီ ပို့စ်ကိုရေးပါတယ်။
ကျနော် တို့ မကောင်းဘူးလို့ အော်နေတာထက်၊
ကောင်းအောင် ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့အကြံဉာဏ် ရချင်တာပါ။
အကြံဉာဏ်ပေး သူများလိုအပ်ပါတယ်။
ကျနော် အဲဒီလို စဉ်းစားပါတယ်။
ပြုပြင်ချင်စိတ် ရှိရင် ကိုယ်လဲတိုးတက်ပါတယ်။
သူများကိုယ်လဲ တိုးတက်အောင်လုပ်ပေးနိုင်ပါတယ်။
ကိုယ့်အမှားလဲ မသိ၊ ကိုယ်မာနနဲ့ ကိုယ်နေသူများကတော့
ပြုပြင်လိုစိတ် နည်းတာတွေ့ရပါတယ်။
ကိုယ်ဟာကိုယ်တောင် ပြင်ဘို့မစဉ်းစားတော့ သူများကိုလည်း
ပြင်ပေးဘို့ စိတ်မရှိနိုင်ပါဘူး။
ဒီစာလေးနဲ့ လူတွေရဲ့ ပကတိစိတ်တွေကိုသိလိုက်ရလို့
ဝမ်းသာပါတယ်။
နိုင်ငံကိုချစ်တဲ့သူတွေရှိရင် ကျနော်တို့တနေ့ ခေါင်းပြန်မော့လာမှာပါ။
ညီပေါက်ဖော်
မဝေဝေ
ညီဇာဂီ
ကိုဘလက်
ဆူး
မမှီ
မမ
အားလုံးကိုလေးစား ကျေးဇူးအထူးတင်ရှိပါတယ်။
ကိုပေါက်(မန္တလေး)
November 24, 2011 at 10:51 pm
မြန်မာ့ရုပ်ရှင်အကြောင်းပြောရရင်တော့
သနားစရာကောင်းတာက ပြစရာရုံကောင်းကောင်းမရှိ။
ရှိပြန်တော့လဲ အလကားပြပေးနေတဲ့(ငါးပိုင်းလောက်ကို တစ်ထောင်ဘိုးလေးချပ်နဲ့ဝယ်လို့ရတဲ့)
ကိုရီးယားကားကို မမှီပြန်ဘူး။
အဲတော့ ဝင်ငွေမကောင်း ဒီကြားထဲခိုးကူးခွေကပါ ဈေးကွက်ဝင်လု
(မုန့်သေးသေးလေးကို သူများက ဖြတ်ခုတ်သွားသလိုဘဲ)
အဲဒီထဲ မင်းသားမင်းသမီးက သိန်းဆယ်ချီတောင်း
(ဒါတောင် အနုပညာကျန်တဲ့လုပ်ကွက်ပါမှ ဆိုဘဲ)
ရိုက်ပေးတာ့ တစ်ရက်ထဲသုံးလေးကားတစ်ပြိုင်ထဲရိုက်ပါတယ်။
ဒီတော့ကာ……………………………
ကျန်တဲ့သူတွေဆက်ပြောဘို့အလှည့်ပေးပါတယ်။
မင်းပြည့်ရှိန်
November 25, 2011 at 12:44 am
ဝိုး….
တကယ်ပါ အဟုတ်ပါ ချစ်လို့ပါ..
ဟုတ်ပါရဲ့.. ပြောမယ်ဆို အများကြီး..
လုပ်မယ်ဆို အများကြီးရယ်နော်..
အကြောင်းကြောင့် အကျိုး. အကျိုးကြောင့် အကြောင်းဆိုရင်
ဘယ်ဟာ အကြောင်း ဘယ်ဟာ အကျိုး လဲ သေချာကို သိရတော့မယ့် အခြေအနေဆိုက်နေပါပြီ..
ဘာကြောင့်ဆို ကုရင် ကု မကုရင် သေချာပေါက် လုံးပါး ပါးပြီး သေရပါတော့မယ်..
ကိုသစ်ရေ.. ဒီလို စကားစမြည် လေးတွေ များများလုပ်ပါနော်..
တောင်ကိုရီးယား ကိုယ်တိုင်လည်း ဒီနေ့ မြန်မာတွေ ကြုံသလို အဖြစ်မျိုးကို ရောက်ခဲ့ဖူးတယ်လို့ သိရပါတယ်..
ဒါနဲ့ပဲ သူတို့က ဘာလုပ်လိုက်ကြသလဲဆိုတာ.. စိတ်ဝင်စားစရာ ကောင်းပါတယ်..
ဘယ်လို တိုးတက်လာကြတယ် ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်
ဘာလို့ဆို ကိုယ့်အတွက်လည်း အဖြေတစ်ခုကို အနီးစပ်ဆုံး ရှာပေးနိုင်မယ် ထင်ပါရဲ့ဗျာ..
ကိုသစ်ကို……… ကိုဂီကို ကျေးဇူး အထူးပါ ခင်ဗျာ…
ဆူး
November 25, 2011 at 9:01 am
ရုပ်ရှင် ဆိုတာ ခဏ ထားပါအုန်း.. ရုပ်ရှင်ထက် အရေးကြိးတာတွေ အများကြီးရှိတဲ့ လက်တွေ့ ဘဝ ကို ရင်ဆိုင်ဖို့ ပြုပြင်ဖို့ ဆိုရင်တော့ ကျောင်းစာအုပ်တွေက စပြီးပြင်ရမယ် သင်ရိုးညွန်းတန်းတွေမှာ စည်းကမ်းတကျ နေဖို့နဲ့ တန်းစီ စနစ်တွေ အမှိုက် လွယ်လွယ် မပစ်ဖို့ ကလေးတွေနဲ့ မိဘတွေ ပူးပေါင်းပြီး လုပ်သင့်တာမျိုးတွေ ဥပမာ အားဖြင့်… ကလေးတွေ အတွက် ပျော်ပွဲရွင်ပွဲ အုပ်ထိန်းသူများ ပါဝင်ပြီးတော့ ကလေးတွေအတွက် ဝင်ပြီး အပြေးပြိုင်တာမျိုး လုပ်ပေးခြင်း.. ကလေးတွေကို အပတ်စဉ် ကျောင်းသန့်ရှင်းရေး နဲ့ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ခိုင်းတာမျိုး.. တန်းစီ စနစ်နဲ့ ဘယ်ဟာမဆို အလုအယက်လုပ်တာကို ရှက်တတ်အောင် သင်ပေးသင့်တယ်။ ကျောင်းဆရာမတွေ ကျူရှင်တွေ သင်တော့ ဩဇာ မညောင်းတော့ဘူး။ ဆရာမတွေ အကြောင်းမဲ့ ညစ်တာက စလို့ ကျောင်းသားတွေ တစ်ယောက်နဲ့ တစ်ယောက် ပိုက်ဆံ ကို ဩဇာ လို့ မြင်လာပြီးတော့ အသိပညာတွေ အတတ်ပညာတွေကို သေချာ မသင်ချင်တော့ဘူး။ ဂွင်ကောင်းတွေကို ဘယ်လို ကပ်ရမလဲ ဆိုပြီး ညစ်ချင်စိတ်တွေ ဖြစ်လာမယ်.. ပညာနည်းတော့ သူများကို ကလိန်ကျချင်မယ်.. ကလိန်ကကျစ် နဲ့ ကလိန်ကကျစ် ပေါင်းမိပြီးတော့ ဘယ်နားက ဘယ်လို ဖြုတ်ယူရမလဲ ချောင်းတဲ့ စိတ်တွေနဲ့ ဘယ်တော့မှ အများနဲ့ ယှဉ်ပြီး ရင်ဘောင်တန်းနိုင်ဖို့ လုပ်နိုင်ကြပါ့မလဲ.. ပညာနည်းပြီး ပညာတန်ဖိုး မသိတဲ့ မိဘက မွေးတဲ့ ကလေးတွေကို မိဘတွေကကော ပညာကို ကောင်းကောင်း သင်စေပါ့မလား.. ချမ်းသာပါစေ.. ကလေး စိတ်မပါရင် မသင်နဲ့ ဆိုပြီး မသင်ခိုင်းတဲ့ မိဘတွေ အများကြီးပါ.. ဆင်းရဲတော့လည်း ဆင်းရဲလို့ အလုပ်ဝိုင်းလုပ်ဆိုပြီး မသင်ခိုင်းတာတွေ ရှိပြန်ကော.. ဘာတွေ လုပ်သင့်လဲ.. ကလေးတွေက အစ စာဖတ်ချင်လာအောင် စာဖတ်ချင်စိတ်ဖြစ်လာအောင် လုပ်သင့်တယ်။ အတန်းပညာ ဆိုတာ အဆင့်တခုပါပဲ.. မြို့နဲ့ နယ် မတူသလို နယ် နဲ့ တော တောင် လုံးဝ မတူဘူး။ အတန်းပညာ ဆိုတဲ့ အဆင့်တခုသာ တက်တက်လာတယ်.. ၃တန်း လောက် ကျောင်းနေဖူးပေမဲ့ စာကောင်းကောင်း မဖတ်တတ်တဲ့ ကလေးမတွေ မြင်ဖူးတယ်။ လမ်းကြောင်းတွေ လွဲကုန်ပြီနော်..
အိမ်ကြီးကို ထောက်ထားတဲ့ တိုင်တွေ ထဲက တတိုင်တည်း မဟုတ်ပဲ တိုင်တွေ အားလုံး ပိုးစားနေတော့ ဘယ်ဟာကို ဖြုတ်လဲဖို့ ကြိုးစား ကြိုးစား.. ဒီတိုင်ထိ ရင် ဟိုတိုင်က ပိုလှုပ် အဲလို ဖြစ်နေတယ်.. လုံးဝ ပြိုသွားတာလည်း မဖြစ်ချင်တော့ တိုင်တခုပြီး တခုတော့ လဲရမှာပါပဲ။ ပိုးစားတဲ့ တိုင် ကို အပြင်က ပိုးမစားနိုင်တဲ့ အရာနဲ့ မန် ထားပြီးတော့ ခိုင်မာအောင် ထောက်နိုင်ပြီ ဆိုရင်တော့ အတွင်းက ပိုးတွေ ခြစ်ထုတ်ပြီး လဲ ရမှာပဲ.. ဒီတိုင်းတော့ ပိုးစားနေလို့ ဆိုပြီး လဲပလိုက်ရင်တော့ အိမ်ပြိုသွားလိမ့်မယ် ထင်တယ်။
thit min
November 25, 2011 at 5:26 pm
ရုပ်ရှင်ကို ပြုပြင်ချင်လို့ပြောနေတာ မဟုတ်ဘူးဆိုတာ thit min ကော်မန့်ကို သေသေချာချာနားလည်အောင်
ဖတ်ရင် သဘောပေါက်ပါလိမ့်မယ်။
ပြုပြင်စရာတွေကအများကြီးတွေ ရှိတာမလို့၊ ပြင်ဆင်ချင်တဲ့ စိတ်ကို သိ ချင်တာလိုရင်းပါ။
ရုပ်ရှင်လို အင်တာတိန်းမဲန်းကို တောင် ပြင်ချင်စိတ်ရှိမယ် ဆိုရင် တခြားအရေးကြီးတဲ့နေရာဆိုဘယ်ပြော
ကောင်းမလဲ အဲဒါ။
Iceberg သီအိုရီလို့ခေါ်တယ်။ ရေပေါ်မှာပေါ်နေတဲ့ ရေခဲတုံးရဲ့ အပိုင်းလေးကိုကြည့်ပြီး
( ပင်လယ် )ရေအောက်မှာ မြုပ်နေတဲ့အပိုင်းကို ခန့်မှန်းတာမျိုးပေါ့။
ဒီမှာတော့ လူတွေရဲ့ ပြုပြင်ချင်တဲ့စိတ်၊ အတွေးအခေါ်အဆင့်အတန်း၊ စိတ် “နှလုံးသား ကို ခန့်မှန်းတာပါ။
aye.kk
November 28, 2011 at 8:59 am
ဪ..
အရည်အချင်း.အရည်အချင်း..
အရည်အချင်းမရှိဘဲ လုပ်စားနေကြတာဆိုတော့..
ပြောမဆုံးပေါင် တောသုံးတောင်..တောင်မကချင်..အမြင်လေးပြောပြတာပါ..။