ဘီလူးတစ်ကောင်နှင့် တွေ့ဆုံခြင်း ….
ဒီနေ့မနက်စောစော ဘုရားရင်ပြင်တော်ပေါ် လမ်းလျှောက်လာရင်း ဘာရယ်မဟုတ် ဘီလူးမျက်နှာက အတွန့်အကွေး အရေးအကြောင်း ကနုတ်ပန်းလေးတွေကို သေချာကြည့်မိသည်။ ပန်းပုဆရာ လက်စွမ်းပြထားသည်ထင်သည် ။အနားကပ်ကြည့်တော့ ပီဘိနုနုရွရွ ကနုတ်ပန်းလေးတွေပါ။ ဒါပေမယ့် ခပ်လှမ်းလှမ်းက ကြည့်လိုက်တော့မှ ရက်စက်ကြမ်းကြုတ်သော ဘီလူးတစ်ကောင်၏ ပုံရိပ်က အပြည့်အဝ ပီပြင်လာပါတော့သည်။ ထိုအခြင်းအရာကို ကြည့်ရင်းနဲ့ မှော်ဆရာသဘောပေါက်လိုက်သည် အနုပညာဆိုသည်မှာ ကိုယ်ပေးလိုသောရသအား ယဉ်ကျေးသိမ်မွေ့သော နည်းဖြင့်သာ ခံစားသူ၏ နှလုံးသားထဲသို့ အရောက် ပို့ပေးပါလား ဟုပင် ။
တကယ့်ဘီလူး၏ ပုံရိပ်မှာ ဤသို့မဟုတ်လောက်ပေ။ အမွှေးအမှင်စုတ်ဖွား မသတီစရာ ပုံပန်းဖြင့် တင့်တယ်မှုမရှိသော သတ္တဝါ တစ်မျိုးပင် ဖြစ်ပေလိမ့်မည်။ ထိုသို့ ရုပ်ရည်အတိုင်းသာ ပန်းပုဆရာ ထုဆစ်ခဲ့ပါက ယခုကဲ့သို့ ဘုရားရင်ပြင်တော်ပေါ်တွင် ယခုကဲ့သို့ နေရာရနှိုင်စရာ အကြောင်းမရှိ ..။ မသီစရာ သတ္တဝါကိုပင် အတင့်အတယ် နေရာရနှိုင်အောင် ဖန်တီးနှိုင်ခြင်းသည်သာလျှင် အနုပညာအစစ် ..။
ပန်းပု ပန်းချီလောကသာလျှင်မဟုတ် …။ရုပ်ရှင် ဂီတ နယ်ပယ်များတွင်လဲ အနုပညာ အစစ်ကို ဖန်တီးခဲ့သော သူများ များစွာရှိနေသေးသည်။ ရုပ်ရှင်ကားထဲတွင် မင်းသားနဲ့ မင်းသမီး အတွေ့ကို မရှောင်နှိုင်ပဲ ညိစွန်းကြသည် ဆိုပါစို့ ..။အပြင်လောကတွင် သူများနှာခေါင်းရှံ့ဖွယ်ရာကိစ္စကို ပုံရိပ်ကလေးတစ်ခုဖြင့် အစားထိုးပြသွားသည်။ ပန်းပွင့်လေးတစ်ပွင့်ပေါ်တွင် လိပ်ပြာလေး တစ်ကောင် နားနေသည့်အဖြစ်။ မောင်နှင့်နှမ ၊ သားနှင့် အမိ မျက်နှာပူစရာမလို လှပသော အနုပညာလေးက ယဉ်ယဉ်ကျေးကျေးလေး တင်ပြသွားသည် ..။
နောက် ဂီတနယ်ပယ် .. ထင်ရှားသည့် သီချင်းရေးဆရာကြီး နန်းတော်ရှေ့ဆရာတင် .. အနုပညာဆိုတာ ဒီလိုကွဟု ချပြနှိုင်စရာ သီချင်းများစွာကို ဖန်တီးခဲ့သည်။ ဥပမာ ရွှေမင်းဂံ ဆိုသည့်သီချင်း ..။ဇာတ်လမ်းနောက်ခံလေး နဲနဲ တင်ဆက်ရလျှင် ဆရာတင်နှင့် အပေါင်းအသင်းတစ်စု မင်းဂံရွာ ထန်းတောထဲ ထန်းရေသောက်နေစဉ် ထန်းတောပိုင်ရှင်၏သမီး အပျိုမလေး ဟိုဘက်ရွာ အလှုမှ ပြန်လာတာမြင်ရ၏။ အပျိုမလေးခင်မျာလဲ အညာမိုး၏ နှိပ်စက်မှုကြောင့် တကိုယ်လုံး ရေတွေ ရွှဲရွှဲစိုလို့…။ စဉ်းစားကြည့်ဖို့ကောင်းသည် ထန်းရေမူးသမား တစ်ယောက်၏ မျက်လုံးထဲတွင် ရေရွှဲရွဲစိုနေသော အပျိုမလေးတစ်ယောက်ကိုမြင်လျှင် မည်သည့်အလှအပများကို အရင်ခံစားမိမည်ထင်ပါသနည်း။ စာဖတ်သူထင်သည့်အတိုင်း မှန်ပါသည်။ ရေစိုအလှကို ဆရာတင် အရင်ဆုံးခံစားမိပါသည်။ ထို့ကြောင့်လဲ သီချင်းမရေးရ မနေနှိုင်သူပီပီ သီချင်းရေးလိုက်မိသည်။ ရေစိုအလှဖွဲ့တွေ အများကြီးပါသည်။
>>>> ရေကြည်သောက်လျှင် မြင်ရမလောက်ပင် လည်တိုင်သေးပြီး နဘေးကြည့်က သာလို့ ယဉ် . ယဉ် . ယဉ်..>>> ဒီလို် ဆရာတင်ကြီး ရေးဖွဲ့ခဲ့သည်။
မိန်းကလေးတစ်ယောက်ကို ဘေးဘက်က ကြည့်လျှင် မြင်ရသည့် အလှအပဆိုသည်မှာ မိန်းကလေး၏ မျက်နှာကို တယုတယ ဖွဲ့ဆိုထားတာတော့ မဖြစ်နှိုင်ပေ … ။ သို့သော် အနုပညာတန်ခိုးဖြင့် ထိုသီချင်း ယခုထက်ထိ ကြော်ကြားနေပါသေးသည်။ အလှူအတန်း ပွဲကြီးလမ်းကြီးများတွင် အတင့်အတယ် နေရာရခဲ့၏။ ရိုင်းလိုက်တာဟု မည်သူမှ မဆိုခဲ့ပေ ..။
ယခုခေတ်တွင်တော့ အနုပညာ နဲပါးလာသည်ဟု ဆိုရမလား ။ ပွင့်လင်းလာသည်ဟုဆိုရမလား ..။ကျွန်တော့် တစ်ဦးတည်းအမြင်နှင့် ဆိုရမည်ဆိုလျှင် အနုပညာ မပါတော့ဆိုချင်သည်။ အနုပညာနေရာမှာ ခပ်ရဲရဲ ပြကွက်လေးတွေ အစားထိုးလာသည်။ ပန်းပွင့်နှင့်လိပ်ပြာလေးနေရာတွင် လမ်းမပေါ်သို့ သွေးစွန်းသော လက်ကိုင်ပဝါလေး လွင့်ကျလာပုံနှင့် အစားထိုးကြ၏ ။အမယ် အမယ်…. အိပ်ယာခင်းကို တင်းတင်းဆုတ်ထားသည် လက်ကလေးတစ်ဖက် ကို သေချာရိုက်ပြသွားတဲ့ ကားတောင် ကြည့်ဖူးသည်။ ရိုက်တဲ့သူတော့ မသိ. ကြည့်တဲ့သူတော့ အလကားနေရင်း ဘေးကလူကို မျက်နှာတွေ ပူသည်။
ရေစိုအလှ တစ်ပုဒ်လောက် ဆိုပြချင်သည်။ နားထောင်ကြည့်ကြပါ ..။ >>>> ရေစိုနေတဲ့ မင်းရဲ့အလှအပ မင်းကိုယ်လုံး အသဲထဲ ရစ်ဖွဲ့ထုံး ၊ ကြင်နာမည်ဆို မင်းလေးပြောပေါ့ဘယ့်နှယ့်တုန်း .. တစ်ခုခု ဆုံးဖြတ်ဦး … အိုးလေး လှုပ်ပါဟေ့ အိုးလေးလှုပ်ပါဟေ့ >>> ရေစိုနေတဲ့ မိန်းကလေးတစ်ယောက်ရှေ့မှာ ဒီသီချင်းကို ကျွန်တော် ဘယ်မျက်နှာထားနှင့် ဆိုရမည်နည်းဟု စဉ်းစားမိသည်။ ယှဉ်ကြည့်ကြဖို့တော့လိုသည်။
ခေတ်သီချင်းတွေထဲမှာရော လှလှပပ အနုပညာလေးတွေမရှိဘူးလား ။ ရှိပါသည်။ စိုးပိုင်ကြီးက အနိုင်မယူခဲ့ပါ မိန်းကလေး ဟုဆိုပြသွားသည် ။ ကိုယ့်ကို လမ်းခွဲသွားတဲ့ မိန်းကလေးတစ်ယောက်ကို ကိုယ်ကျင့်တရားစောင့်စည်းခဲ့ပုံကို ပြန်လည်ရှင်းပြတဲ့ သီချင်းလေး ဖြစ်သည်။ >>> ဒီလို အချစ်မျိုးတော့ မတွေးသေး … အနိုင်မယူခဲ့ပါ မိန်းကလေး … ။ အပိုင်ကြံ .. ခန္ဓာထက် ပို ပြီးလေ… ကိုယ်တကယ် မေတ္တာ အလေးပေး …>>>
ငယ်ချစ်ဦးရှေ့ သွားဆိုပြလျှင် ငယ်ချစ်ဦး မျက်ရည်မဆည်နှိုင် ဖြစ်သွားမည်။အဆိုနပ်တဲ့သူဆိုလျှင် ငယ်ချစ်ဦးနှင့် ပြန်လည် လက်တွဲခွင့်တောင် ရနှိုင်လောက်၏။
ဒါဆို ယခုဖော်ပြမည့် သီချင်းကိုရော ငယ်ချစ်လေးရှေ့ သွားဆိုပြရဲပါသလား …။ယခုသီချင်းလဲ စောင့်ထိမ်းခဲ့တာကို ဖွဲဆိုထားသော သီချင်းတစ်ပုဒ်ပါပေ..
>>> ဘယ်သူက ကျား ဘယ်သူက နွား နင်သေချာ စဉ်းစားရဲ့လား … ငါသနားလို့ နင်ဘဝမပျက်တာ နင့်ကိုယ်နင် အဟုတ်ထင်နေလား …။>>>
သွားရောက်ဆိုရဲသူရှိလျှင်တော့ ဆိုင်ကယ်စီး ဦးထုပ်ထူထူဆောင်းပြီးမှ သွားဆိုပါဟုသာ မှော်ဆရာ အကြံပေးလိုက်ချင်ပါတော့သည်။
( water melon ၏ မကြိုက်မိသောစာသားများ ပိုစ် ဖတ်အပြီးတွင် ရေးတင်လိုက်ပါသည်။ အစဖော်ပေးသော water-melon ကို ကျေးဇူးတင်ပါသည်။ သူကြီးခင်ဗျား မသင့်တော်ဘူးထင်ရင် ဖျက်ပေးပါခင်ဗျား ..။ ဂီတဝေဖန်ရေးလေး နဲနဲ ဆန်သွားပါသည်။)
33 comments
kai
November 30, 2011 at 5:09 am
ဘယ်ကလာ..
ဝေဖန်ရေး,ရေးလေ.. ကြိုက်လေပါ…။ များများသာရေး…။
=
ဘီလူးဆိုလို့ပါ..။
တခါ မြန်မာပြည်ပြန်ရောက်တုံး.. စေတီ..ဘုရားကျောင်းကန်တွေက.. ဘီလူးအရုပ်တွေ.. စာရင်းလုပ်… ဓါတ်ပုံရိုက်ဖို့ ကြိုးစားဖူးသေးတယ်..။ မြန်မာဘီလူးရုပ်က.. အင်မတန် အနုပညာသက်ဝင်ပါတယ်..။
အဲဒါတွေနဲ့.. ဘီလူးရုပ် စာအုပ် လုပ်မလို့ပေါ့…။
နိုင်ငံတကာမှာ..စိတ်ဝင်စား.. ရောင်းကောင်းလောက်တယ်..။
Diamond Key
November 30, 2011 at 10:33 am
သဂျီး…..မရိုက်ရသေးရင် သဂျီးနားမှာ ရှိနေတဲ့ “ဟို ရ ဖေါ်ကို ရိုက်လေ၊ “ဂေါက်၊ ဝေ၊ မြူး၊ စီ………………..ဆိုလား၊ ဘာဆိုလာ:”
ဆြာမှော် ပြောတဲ့ ကိုယ်ပေးလိုသောရသကို ခံစားသူရဲ့ နှလုံးသားထဲကို အရောက် ပို့ရင် သဂျီးလူတွေရဲ့ ပုံတွေကို နိုင်ငံတကာမှာ..ရောင်းကောင်းလောက်ပါတယ်..။ 😛
(ဆြာမှော်ပြောသော ဆိုင်ကယ်စီး ဦးထုပ်ထူထူဆောင်းပြီးမှ မန့်သည်။)
သက်တော်ရှည်ဘိုးဘိုးကြီး ဆိုရင် မျက်နှာဖုံးတင် 😆
MaMa
November 30, 2011 at 7:13 am
ဒီစာကိုဖတ်ပြီး ခန့်မှန်းမိတာ မှော်ဆရာဟာ အသက်ခပ်ကြီးကြီးဖြစ်ရမယ် 😛
မှော်ဆရာ
November 30, 2011 at 7:49 am
မမ တော့ အချွန်တဲ့ မပြီ …။ တားတား အတက်က ဝတ်မှုံချွေရီလေးနဲ့မှ လယ်ဘယ်တန်း …
ဆူး
November 30, 2011 at 9:14 am
ဦးလေးက ဝတ်မှုံချွှေရီ ကို လက်ဘတန်းမှာ မွေးတာလား.. ဦးလေး သမီးက အသက် ၅ဝလား ဟင်
inz@ghi
November 30, 2011 at 9:24 am
ဟုတ်တယ်ဗျ ..
အဲ့သည့် မင်းမြတ်စကြာရီးက အသက်အတော်ကြီးနေပီ..
(အိုနေဘီ တေဘို့ပဲကျန်တော့တာ ..ဟီဟိ..)
သူပြောဖူးတဲ့ စကားနဲ့ပဲ မန့်မယ်နော်..
ကင်မလာ ၁ဝလုံးကျော် ဖျက်စီးပြီးပြီတဲ့ …
ကင်မလာ ၁လုံး မှာ sensor သက်တမ်း(ဝရမ်တီ)က အချက်ရေ ၁သိန်းခွဲ ဆွဲလို့ရတယ်..
ကျနော့် 550D လေးကို ၁ဝလအတွင်း အချက်ရေ ၂သောင်းမပြည့်တပြည့်ပဲ ဆွဲရသေးတယ်ဗျာ
သည်နှုန်းနဲ့ တွက်ကြည့်ရင် အနှစ်ကို ၃သောင်းထားပါတော့ …ပိုပိုလိုလိုဗျာ
ကင်မလာတလုံးသက်တမ်း ၃နှစ် ….ဆိုပါစို့ …သူက ၁ဝလုံးဆိုတော့
အဲ့သည့်မှာတင် အနှစ် ၃ဝဖြစ်တွားဘီ ..အသက် ၂ဝကနေ ပလော်ဖက်ချင်ဒယ် ဖစ်လာတယ်ဆိုရင်
အနည်းလေည်း သူ့အသက်က ၅ဝကျော်တွားဘီ … အဟုတ် …၁ဝလုံးနဲ့တွက်တာနော ..ဒါတောင်
သူက၁ဝလုံးကျော် ဆိုတော့ ကျနော့်အထင် သည်ဆြာရီးဟာ ..အသက် ၆ဝနဲ့အထက်မှာ ရှိတာကိုးဗျ…..
MaMa
November 30, 2011 at 9:36 am
အထင်မလွဲပါနဲ့ မှော်ဆရာရယ်။ ဓာတ်ပုံရိုက်ပေးလို့ ကျေးဇူးဆပ်တာပါ။ 😆
ကြုံလို့ပြောတာပါ။ လောတာ မဟုတ်ဘူးနော်။ စက်ကြာမင်း မေ့သွားမှာစိုးလို့။ 😛
inz@ghi
November 30, 2011 at 7:55 am
ဟင်းဟင်း….
သည်လူကတော့ လုပ်ပီ …
ဟုတ်ကဲ့ ခင်ဗျား ဆွေးနွေးသွားတာ နမိတ်ပုံ အဖွဲ့အနွဲ့ခည…
ဆြာ ဝါသနာပါတဲ့ အဲ့လိ အခန်းတွေသာမကဘူး
အခြား အခန်းတွေမှာလည်း နမိတ်ပုံ ပြကွက်တွေ
သုံးကြသေးတယ်မလား … ပန်းအိုးကျကွဲတာတို့ ဘာတို့ …
ဘတ်..
တိုက်ဆိုင်လို့ပြောရမယ်ဆိုရင်…
ကျနော်တို့လူမျိုးများ innovation မရှိတာ ပြောပါတယ် …
အဲ့သည့် ပန်းပေါ်လိပ်ပြာနားတာပဲ ကားတိုင်းသုံးနေတာ ဆိုးတာ…
(ပြီး ပန်းလိပ်ပြာက ကိုယ်တိုင်ရိုက်ထားတာလည်း မဟုတ်ဝူး ….ဖြတ်ညှပ်ကပ် ..
တချို့ကားတွေများ သည်ပန်းသည်လိပ်ပြာ …တိုက်တောင် တိုက်နေသေး…ဟေးဟေး…)
ဟုတ်တယ်လေ…တခြား ပြစရာတွေများပုံလို့ ……
ဆြာသမား မျက်နှာပူမယ်ဆိုလည်း ပူဗျာ …..
(ကျုပ်ကတော့ အပေါ်ကရေးထားတဲ့အချက်တွေကို မျက်နှာပိုပူတယ်…)
ဟဲဟဲ ..ဗမာကားမကြိုက်တဲ့ကျုပ် လွန်ခဲ့တဲ့ ၄-၅နှစ်လောက်က
တကား ကြည့်ဖူးတယ်ဗျ …..မှတ်မှတ်ရရ ….. လူဇိုးက မင်းသမီးကို
ဖျက်ဆီးတဲ့အခန်းမှာ ဘာနမိတ်ပုံသုံးတယ် အောက်မေ့တုန်းဗျ ….
အဆန်းကြီးနော …တေတွားမယ် ….ဘိလိယက်ထိုးတာ ရိုက်ပြတယ်ဗျာ..
အံ့ရော …..အော် ..innovation မလုပ်လို့ လုပ်လိုက်ရင်လည်း
..ဟီး ..၆တလွဲ
မှော်ဆရာ
November 30, 2011 at 8:07 am
ဟေ့လူရီး ကျွန်တော်သိတဲ့ ဧရာဝတီကို မှတ်ချက်လေးပေးပါဦး
E.T
November 30, 2011 at 8:20 am
ဆြာမှော်ရဲ ့ ချစ်ဇနီးလေးကို ဘယ်လိုစာသားလေးနဲ ့ ချုပ်လိုက်ပါလဲ။
koyinmaung
November 30, 2011 at 9:10 am
ဘယ်သူက ကျား ဘယ်သူက နွား နင်သေချာ စဉ်းစားရဲ့လား … ငါသနားလို့ နင်ဘဝမပျက်တာ နင့်ကိုယ်နင် အဟုတ်ထင်နေလား
ဟင်….စားကြည့်ပါလားAကိုက်တွားမယ်.ညှင်း ညှင်း ညှင်း
မှော်ဆရာ
November 30, 2011 at 9:43 am
အော် ကျားကြောက်တဲ့ နွားဆိုတာ ဒါမျိုးကိုး …..
lone
November 30, 2011 at 9:45 am
ရှေ့မှီနောက်မှီ ဘဘကြီးမှော်ဆရာပဲ အရင်ခေတ်က သီချင်းနဲ့ ဒီခေတ်သီချင်းကို တွဲပြသွားတာများ မိုက်လိုက်တာ … ထပ်ပြီးနှိုင်းယှဉ်ရေးပြပါဦး …ဖတ်လို့ကောင်းလိုက်တာ …
inz@ghi
November 30, 2011 at 9:49 am
ဘမှော်ရီးက တားတားတို့ရဲ့
ပေါက်-ပေ-လူး-ဂီ-တီ-မှော်-စည် ဂိုဏ်းမှာ သက်တော်ရှည်ဘိုးဘိုးကြီးခည..
သွားမစမ်းနဲ့ ….သိုင်းပညာ အစုံတတ်တယ် သူက လျှိုထားတာ …
ဒဂဲ့ ရှေ့မှီနောက်မှီရီး….
thit min
November 30, 2011 at 9:55 am
ညီရေ
အိုင်အာ ကလူတွေက အချဉ် မရှိဘူး။
ကိုယ့်ဘော်ဒါတွေ ဆိုဆရာတွေချည်းဘဲ။
နိုင်ငံတကာဆက်ဆံရေးတဲ့ “လူအချင်းချင်းလောက်တော့ပျင်းတယ်”။(^^)
inz@ghi
November 30, 2011 at 10:06 am
အိုင်အာ ကချိုတာ ဂီ သိပါဒယ်ဆြာ …
မှော်ဆြာ ဇ တွေ ထုတ်ထုတ်ပြနေကတည်းက
ခြေစွမ်း အဲ့ လက်စွမ်း ကို ခန့်မှန်းမိပီးသား…
နောက်ပိုင်းတော့ ဂီ အရေးကျဲတော့မယ်ဗျို့…
ဆြာတွေ ပေါလာပီ ပိတ်သတ်ပဲလုပ်ချင်ပီ…
ဟိုကိစ္စလေး ရင်နာနေတာလည်း ပါတာပေါ့…
:'(
နံနက်စောစော ၅နာရီ ..
သူအဝတ်အစားများ သိမ်းနေသည်..
ဘီးလေးတချောင်းနဲ့ ခေါင်းကိုဖြီး ….
………………………………….
ဘာမှမီဟုတ်ပါဝူး …ဦးဘွဲ့မှူးသတိရလို့ပါ..ဟီး…
မှော်ဆရာ
November 30, 2011 at 12:12 pm
မငိုနဲ့ မငိုနဲ့ ဂီဂီတိတ်တိတ် ..
ဖြိုးဖြိုး က ပြန်လာမှာပါ …
nozomi
November 30, 2011 at 9:48 am
အနုပညာနဲ့ ပတ်သက်လို့ အဲဒီလို ရှင်းပြ ရေးပြတာလေးတွေကို သဘောကျတယ် ၊ အခြေခံ တွေးနည်းလေးသိရတယ် ပြီးတော့မှ ကိုယ့်အခံပေါ် မှုတည်ပြီး ဆင့်ပွားတွေးတာက တမျိုးပေါ့
သူကြီး ဘီလူးဓါတ်ပုံတွေစုရင် ကျွန်တော်တို့ ရွာထဲက ဘီလူးကို ရှေ့ဆုံးမှာ ထားနော်
small cat
November 30, 2011 at 9:59 am
အနုပညာဖန်တီးချက်ကတော့ပြောမနေနဲ့ အပြင်မှာ ဘဲနဲ့တူတဲ့ ဟင်္သာက အရုပ်ထဲရောက်တော့………..
တိရိစ္ဆာန်ရုံ မှာ ကလေးတစ်ယောက်ပြောတာကြားဖူးတယ်၊ ဟင်္သာလို့ရေးထားပြီးအထဲမှာ ဘဲကြီးထည့်ထားတယ်တဲ့၊ ခြင်္သေ့လည်းဒီလိုပဲ၊ နဂါးဆိုတာမမြင်ဖူးတော့မသိတော့ဘူး၊မြွေလိုအကောင်ပဲဖြစ်မှာပါ။
Moe Z
November 30, 2011 at 10:06 am
ထောက်ခံဘာဒယ် ထောက်ခံဘာဒယ် ရေးသာရေးပါ 🙂
ဘဘမှော်ဆရာ ရဲ့မြေးတွေက မျက်စိနောက်လောက်အောင်
အဲဒီသီချင်းတွေဆိုပြီးကဲနေကြလို့ဖြစ်ရမယ် 😛
မောင်ဘလိူင်
November 30, 2011 at 11:33 am
ကျုပ်ဆိုရင်တော့ အဲသလို အခန်းမျိုးကို လိပ်ပြာတွေ ၊ဖိနပ်တွေ နဲ့
နိမိတ်ပုံ မဆင်ဘဲနဲ့ သူများထက် ပိုထူးအောင် ငရုတ်ဆုံထောင်းပြတဲ့
အခန်းရိုက်ပြရ ကောင်းမလား တွေးမိတာပဲ။ 🙂
Shwe Tike Soe
November 30, 2011 at 11:45 am
ပို.စ်လေးက မဆိုးဘူးပဲ… ရှေ.မှီနောက်မှီတစ်ယောက်က ဝေဖန်ပြထားတာ ဗဟုသုတ ပညာရသ ရလိုက်ပါတယ်…
အခု ခေတ်မှာတော့ အနုပညာမဆန်ပညာသားမပါတဲ့အပြင် အရည်အသွေးနဲ. အရေအချင်းပါ သိသိသာသာ ကျဆင်းလာနေပါတယ်ဗျာ…
မြန်မာ သီချင်းဆို ဒုံချပ် ဒုံဒုံချပ်နဲ.
မြန်မာ ဗွီဒီယိုဆို သုံးလေးယောက်တစ်ကားပါ..
ပြောရင် အောင်မင်း လွန်ရာကျမယ်.. ပြောကို မပြောချင်ပေါင်
မှော်ဆရာ
November 30, 2011 at 11:46 am
ဘာရယ်မဟုတ်ပါဘူးဗျာ … ဆိုချင်တာ လျှောက်ဆိုပြီး အနုပညာလို့ အော်ကြလွန်းလို့ ..
အဲဒီ့ကိစ္စ စိတ်လေနေတာ ကြာပြီ … ရှေ့ကလူတွေကလဲ ဆိုပြ…နောက်ပေါက်တွေကလဲ ဒီလို ရိုင်းတာ အနုပညာဆိုပြီး လိုက်လုပ် ..
ဒါကြောင့် ဆိုင်ကယ်စီး ဦးထုပ်ထူထူဆောင်းပြီး ရေးလိုက်ပါတယ်…
မင်းမြတ်စက်ကြာ မှော်ဆရာ ( မင်းကြီးမဟာ သက်တော်ရှည် )
inz@ghi
November 30, 2011 at 12:02 pm
ဟီး …မှော်ဆြာရေ့
ဘာသာပြန်ဆြာကတော့ ဆုံထောင်းမယ်တဲ့ … ဟီဟိ. …အင်း ..
ဆုံထောင်းတာ ..ဆုံ…ထောင်း….တာ….
သည်လူရီးဒွေ အတော်နောက်တာဘဲ…
လဗြိုလေး နားရှက်ထှာ ..အဲ့လေ. .မျက်စိရှက်ထှာ
ကြောင်ကြီး
November 30, 2011 at 12:42 pm
ဘုရားပေါ်က ဘီလူးရုပ်ကတော့ ရုပ်ဆိုးအကျည်းတန်ခြင်းထက် ကြောက်မက်ဖွယ်စွမ်းပကားနဲ့ ပြင်းပြင်းထန်ထန် ကာကွယ်စောင့်ရှောက်ခြင်းသဘော ဖြစ်တယ်ထင်ပါတယ်။ နို့မို့ရင် ဘုရားက ခွင့်လွှတ်လို့ ဘာလုပ်လုပ်ရဒယ် ထင်နေမှာဆိုးလို့ ဖြစ်ပါမယ်။ ဥပမာ – သဂျီးတို့အုပ်စု (ဘီလူး အစီးခံရမယ် သဂျီးရေ၊ အဲဒီအခါကြရင် ကွန်ပြူတာ မကယ်နိုင်ဘူး။။)
kai
November 30, 2011 at 2:20 pm
အခုတောင် ဖျားနေပြီ..
ဘီလူးများ တကယ်စီးနေသလားမသိဘူး…။
ဘာပဲဖြစ်ဖြစ်.. အဆင်ပြေရင်..မိအောင်ဖမ်းပြီး ပြစားလိုက်မယ်..။
ဆင်ဖြုထက်ရောင်းကောင်းမဲ့.. မီလီယန် ဘီဇနက်..။ 😆
မှော်ဆရာ
November 30, 2011 at 1:09 pm
အမှန်တကယ်တော့ ကြောက်မက်ဖွယ်စွမ်းပကားနဲ့ ပြင်းပြင်းထန်ထန် ကာကွယ်စောင့်ရှောက်ခြင်းသဘော ဖြစ်မှာပါ …။
ဒါပေမယ့် အခုပိုစ့်မှာတော့ အောက်က ပြောချင်တာလေးတွေ ပြောလို့ရအောင် ကိုယ်လိုရာ ဆွဲရေးလိုက်တဲ့သဘောပါ ဦးကြောင် …
weiwei
November 30, 2011 at 2:32 pm
ဒီပို့စ်နဲ့ မဆိုင်ပေမယ့် သတိရတာလေး ဝင်မန့်လိုက်အုန်းမယ် ..
ကျွန်မတူတော်မောင် စကားတတ်ပုံလေးပါ … သူ ၃ နှစ်သားလောက်တုန်းက ဘုရားကို မိသားစုလိုက်သွားကြတော့ သူ့ကိုစချင်တာနဲ့ ဦးလေးလုပ်သူက ဘီလူးပုံကြီးကိုပြပြီး အနားကို တိုးလိုက်တယ် .. ရုတ်တရက် ကလေးက လန့်သွားပေမယ့် ချက်ခြင်းပဲ သူက ပြန်ပြောလိုက်တယ် … ဒီဟာကြီးက ဘီလူးအစစ်မဟုတ်ဘူး .. ကျောက်ဘီလူးကြီးတဲ့ … ဘီလူးအစစ်က သီချင်းထဲမှာပဲ ရှိတယ်တဲ့ … အဲဒါနဲ့ ဘာသီချင်းလဲလို့မေးလိုက်တော့ …. အချစ်ရှုံးသမား ဒသဂီရိတဲ့ … 😛
ba gyi
December 1, 2011 at 11:11 am
ကိုမှော်ရေ၊တော်တော်လေးဖတ်လို့ကောင်းပါတယ်၊အနုပညာသဘောလေးတွေပါတယ်။
အနုပညာ၊ ဂီတတို့ ဆိုတာမှာ ကျနော် နားလည်သလောက်ပေါ့၊ (သိပ်နားလည်လို့မဟုတ်ပါဘူး)၊ပိုစ့်လေး
ဖတ်ရင်းကောင်းလို့ဝင်ဆွေးနွေးပြီးမန့်တဲ့သဘောပါ။
အဲ ပြန်ကောက်ရရင်- ခေတ်ရဲ့ရေစီးကြောင်းအလိုက် လူတွေလက်ခံတဲ့အပေါ်မှာ ဖြစ်ပေါ် တယ်လို့ မြင်ပါ တယ်။သည်မှာလည်းအကျိုက်အမျိုးမျိုး၊အတန်းအစားအဖုံဖုံကွဲကြပါတယ်၊ယ္ခုခေတ် သီချင်းတွေစာ သား တွေ လည်း၊ကျိုက်သူ၊မကျိုက်သူ၊လက်ခံသူ၊လက်မခံသူအတန်းစားအမျိုးမျိုးရှိကြပါတယ်၊ကျနော်လည်း အဲသည်ထဲမှာပါတဲ့သာမန်လူတစ်ယောက်ပါပဲ။
ယ္ခုခေတ်- တစ်ယောက်နဲ့တစ်ယောက် အတင်းအဖျင်းပြော တာကို သံစဉ်တစ်ခုထဲ မယ်စကားလုးံ ထည့်သရုပ် ဖေါ်တဲ့ခေတ်ရောက်လာပြီး မယဉ်ကျေးစရာ၊သားနဲ့အမိ နားထောင်ရမှာရှက်စရာတွေ ကို မနှစ်မြို့ကြ သလို၊ဘိုးဘေးကြီးတွေခေတ်မှာလည်း ခေတ်အရလက်ခံကြိုက်ကြသလို၊ ရှက်စရာလို့ (သူရို့ခေတ်ရှေးရိုးလူကြီးတွေ)သတ်မှတ်နိုင်တဲ့ စာသားအနုသယတွေလည်းရှိခဲ့ပါတယ်။
ဥပမာ ။ ။ ဆရတင် ရဲ့သီချင်းတစ်ပုဒ် မှာ – အစကရိုးရိုး နောက်တော့တစ်မျိုးတိုးလို့— ချစ်ပြန်
ဆိုပဲ သည်လူခက်ပါတယ် — ငရဲကြီးလိပ်မယ် ရှင့် မတော်ဘူးမောင်ရယ်၊(ကဲ ငရဲကြီးတဲ့ အဆင့် ထိ ဆို ဘယ်ထိရောက်သွားသလဲလို့) အဲသည် သီချင်း ဆို သေချာ စဉ်းစားကြည့်ရင်- သူရို့ခေတ်တင်မက၊ ခုခေတ်မှာထိကို အကျိုက်တွေ့စရာ၊ ဖို မ ဆက်ဆံရေးပါ တဲ့သီချင်း ပါပဲ တစ်ပုဒ်လုံးနား ထောင်ရင်ပို တောင်ပီပြင်တာတွေ့ရပါမယ်၊ ဒါပေမည့် ခုခေတ်နဲ့ သူရို့ခေတ် ဘာကွာသလည်းဆို။၊ ဖို မ ဆက်ဆံရေး သီချင်းချင်းအတူတူ ဆရာတင်တို့သီချင်တွေက နှစ်ပေါင်းများစွာတင်ကျန်ရစ်တယ်၊ ခေတ်ပေါင်းများစွာ ကိုဖြတ်ကျော်ပြီးရှင်သန်တယ်၊ရှက်စရာမကြားဝံ့မနာသာတဲ့ဘာဝကို အနုအရွလေးတွေနဲ့စီ ချယ်ပြီးနား ထောင်ကောင်အောင်၊စွဲသွားအောင်ချယ်မှုန်းတတ်တယ်၊ ဒါပေမဲ့ ၊ဖို မ ဆက်ဆံရေးဆို တဲ့သဘာဝ ပျောက်သွားတာလည်းမဟုတ်ဘူး၊အကွက်ကျကျ တစ်ဆင့်တစ်ဆင့် တက်သွား တာကို မက်စရာ ၊ နားစွဲအောင် သံစဉ်တွေနဲ့လိုက်ဖက်အောင်ထွင်ပြတတ်တယ်။ ကိုမှော်ပြောတဲ့ ဘီလူးရုပ်လိုပေါ့။ အဲဒါ ကိုကအနုပညာပါပဲ။ခုခေတ်တေးရေးပညာရှင်တွေလည်း သဘာဝကို ချစ်စရာဖြစ်အောင်၊သဘာဝ မပျောက်အောင် ၊ဂန္ထဝင်တင်တဲ့ အနုပညာတွေဖန်တီးနိုင်ကြဘို့ ရှေးကဆရာကြီး တွေရဲ့သီချင်း တွေ၊ အနုပညာတွေကိုထဲထဲဝင်ဝင် လေ့လာပြီးမှခေတ်နဲ့အညီ စမ်းသစ်နိုင်ကြပါစေလို့။
မှော်ဆရာ
December 1, 2011 at 11:38 am
အမှန်ပဲ ဘကြီးရေ .. ကျွန်တော်ဆိုလိုချင်တဲ့ အဓိက တားကက်က အဲဒါကိုပါ ….
ကိုရင်စည်သူ
December 1, 2011 at 6:51 pm
ဘီလူးလည်း လက်ရာမြောက်တယ်..
ဘီလူးအကြောင်း သိပ်မရေးနဲ့ မှော်ဆြာ
ရွာထဲက ဘီလူးကြီး အသက်ဝင်လာရင်
သိုင်းကွက်တွေထုတ်မှ… ကျုပ်တို့ပြေးနေရဦးမယ်။..
မသိလို့နော်.. အာဖလိကန်တွေက ဘီလူးအစစ်တွေနဲ့
အမျိုးတော်လားမသိဘူး… 🙄 🙄
inz@ghi
December 1, 2011 at 10:52 pm
ဘယ်ဆိုးလို့လည်း သဂျီး ……
login လုပ်မလုပ် .. ဆိုတာနဲ့ browser ရွေးမရွေး
cookie ဖျက်မဖျက် ဆိုတဲ့ အချက်တွေနဲ့ … စမ်းကြည့်ပြီးပြီ
အောင်မြင်ပါတယ်ဗျ … သည် iP တခုကနေ သည်
comment တခုကို အနှုတ် ၁ခု ထက် ပိုပေးလို့မရတာ ..သေချာသွားတယ်..
ကောင်းပြီ. … သတင်းဆိုးလာပြီ …စိတ်ခိုင်ခိုင်ထား….
တယောက်တည်း မဟုတ်တာ သေချာတော့…ဒါဟာ …ဂိုဏ်း ဂန နဲ့ ပြဿနာရှာနေတာလား …???
တဦးတယောက်တည်းက အကောင့်ဘယ်နှခုပိုင်ပြီး ဘယ်လောက် အနီကတ်ပြနေသလဲ …???
ဒါ သဂျီး စဉ်းစားရမယ့် အပိုင်းဖြစ်သွားပါပြီ…နောက်တချက် …. ဖော်ထုတ်ရမယ့် အပိုင်းဖြစ်သွားပါပြီ..
အချင်းချင်း ဂိုဏ်းဖွဲ့ …………….လက်ဝါးရိုက်ပီး …ဟိုဘဲ ဘာရေးရေး အနီကဒ်ကွာ
သည်ဘဲဘာရေးရေး … လက်မအောက်စိုက်ကွာ ဆိုတာတော့ ….အင်း….ဒီမိုခရေစီမဟုတ်ပါကြောင်း…
ဆြာသမားက လစ်ဘရယ် ဒီမိုခရက် ဖြစ်လွန်းတော့ … ဂျာပွန်မှာ ..
သင်ယူခဲ့ အသုံးချခဲ့တဲ့ ….. ခိုင်းဇန်း နဲ့ ပီဒီစီအေ မော်လ်ဒယ်တွေကို ခန မေ့သွားတာပဲ
ဖြစ်မှာပါလို့ ယူဆရင်း…
ခင်တဲ့..
(ခင်တော့ခင်တယ် သို့သော် လက်ရှိကတော့.. မေးခွန်းထုတ်စရာတွေများနေတဲ့)
ဂီဂီ
kai
December 2, 2011 at 12:22 am
ကဲ..အနီကဒ်ဆြာတို့ရေ..
ဒီမိုကရေစီမှာ.. လွတ်လပ်စွာရေးသားပြောဆိုနိုင်ခြင်းဆိုတာ.. လွတ်လပ်စွာတဖက်သားကို တိုက်ခိုက်နိုင်ခြင်း…မဟုတ်ပါဘူးနော…။
… ကိုယ်ရဲ့အချိန်နဲ့အလုပ်/သူတပါးရဲ့ အချိန်နဲ့အလုပ်ကို တန်ဖိုးထားကြစေချင်တယ်..။
အနီကဒ်တခုကို အချိန်ကုန်ခံပြီး လူမသိသူမသိ.. လွယ်လွယ် ပေးပစ်ရလောက်အောင် ကိုယ်ကတန်ဖိုးကျနေပြီလားလည်း… ပြန်သုံးသပ်စေချင်တယ်..။