Good first steps, let’s see more – Secretary of State, Hillary Clinton,

kaiDecember 1, 20111min41320

ကိုယ်တိုင်သတင်းမယူနိုင်တေ့ာ သူများယူထားတဲ့ သတင်းတွေ တင်ပေးလိုက်တာပါ..။ ဆိုင်ရာ သတင်းဌာနတွေရဲ့အာဘော်အတိုင်းဖြစ်ပါကြောင်း….။

===

http://www.first-11.com/index.php?option=com_content&view=article&id=11280:2011-11-30-15-05-44&catid=42:2009-11-10-07-36-59&Itemid=112

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ ရောက်ရှိ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် နိုဝင်ဘာလ ၃ဝရက်နေ့ ညနေ လေးနာရီ မိနစ်၃ဝအချိန်က အမေရိကန်လေယာဉ် ၈၀၀၀၂ ဖြင့် မြန်မာနိုင်ငံ၊ နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာခဲ့ပါသည်။

နှစ်ပေါင်း ၅၆နှစ်တာကာလအတွင်း သမိုင်းဝင်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို နေပြည်တော်လေဆိပ်၌ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါက်တာမျိုးမြင့်က ကြိုဆိုခဲ့ပါသည်။ထို နောက် ဟီလာရီကလင်တန်နှင့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် ခေတ္တတည်းခိုမည့် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်သို့ ဆက်လက် ထွက်ခွာသွားခဲ့ကြ ပါသည်။

ဟီလာရီကလင်တန်၏ မြန်မာနိုင်ငံခရီးစဉ်မှာ သုံးရက်ကြာမြင့်မည် ဖြစ်ပြီး နိုဝင်ဘာလ ၃ဝရက်နေ့မှ ဒီဇင်ဘာလ၂ရက်နေ့ အထိ လာရောက်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါအစီအစဉ်အရ ဒီဇင်ဘာလ ၁ရက်နေ့တွင် ဟီလာရီကလင်တန်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံမည်ဖြစ်ပါသည်။ ထို့နောက် ဒီဇင်ဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် နေ ပြည်တော်မှ ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဟီလာရီကလင်တန်နှင့်အတူ မြန်မာနိုင်ငံသို့ သုံးကြိမ်တိုင်လာရောက်ခဲ့ဖူးသော မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်နှင့် မူဝါဒညှိနှိုင်းရေးမှူး ဒဲရက်မစ်ချယ်နှင့် မြန်မာနိုင်ငံသို့ တစ်ကြိမ်လာရောက်ခဲ့ဖူးသော အမေရိကန်နိုင်ငံ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရား လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပိုစနာတို့ လိုက်ပါလာကြောင်း သိရပါသည်။ အမေရိကန်ကိုယ်စားလှယ် အဖွဲ့၏ မြန်မာနိုင်ငံခရီးစဉ်သည် မြန်မာနှင့်အမေရိကန် နှစ်နိုင်ငံကြား သမိုင်းနှစ်ပေါင်းများစွာကရှိခဲ့သည့် သံတမန်ဆက်ဆံရေးကို အခြေခံပြီး ပြန်လည်ထိတွေ့ ဆက်ဆံမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

ခရီးစဉ်ကာလအတွင်း မြန်မာ အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံ ရာ၌ နိုင်ငံရေးအကျဉ်းသားများကိစ္စ၊ တိုင်းရင်းသားအရေးကိစ္စများနှင့် နျူ ကလီးယားဆိုင်ရာကိစ္စရပ်များကို ဟီ လာရီကလင်တန်က ဆွေးနွေးသွား ဖွယ်ရှိကြောင်း သိရပါသည်။ ထို့အပြင် အမေရိကန် သမ္မတ ဘားရက်အိုဘားမား အစိုးရအဖွဲ့၏ အာရှဆိုင်ရာ ပထဝီနိုင်ငံရေးအပေါ် ပြန်လည်အာရုံစိုက်မှုကို အဓိကထား ဦးတည်သွားမည့် ခရီးစဉ် အစိတ်အပိုင်း တစ်ရပ်လည်းဖြစ်ပြီး မြန်မာ- အမေရိကန်နှစ်နိုင်ငံ ဆက်ဆံရေး တိုး မြှင့်မှုများအတွက် သံတမန်ရေးကျကျ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

အမေရိကန် အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်သော လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ဝေဖန်မှုပြုလုပ်ခဲ့ သော်လည်း လက်ရှိဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏ ပြောင်းလဲမှုများကို အသိအမှတ်ပြုသော အားဖြင့် အမေရိကန် သမ္မတ ဘားရတ်အိုဘားမား က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့ခြင်းဖြစ်ပါသည်။ သမ္မတ အိုဘားမားသည် နိုဝင်ဘာလ ၁၈ရက်နေ့တွင် အင်ဒိုနီးရှား နိုင်ငံ၊ ဘာလီ၌ ပြုလုပ်ခဲ့သော တတိယအကြိမ် အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲ၌ မြန်မာနိုင်ငံနှင့်ပတ်သက်သော သီးခြားထုတ်ပြန်ချက်တစ်ရပ် ပြုလုပ်ခဲ့ပြီးနောက် ဟီလာရီကလင်တန်ကို မြန်မာနိုင်ငံသို့ စေလွှတ် ရန် အတည်ပြု ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။

ဟီလာရီကလင်တန်သည် ၁၉၅၅ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်ခဲ့သော အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတစ်ဦး ဖြစ်ပါသည်။

==============
http://www.voanews.com/burmese/news/Hillary_Day1_TS_Live_Report_Nov30_2011-134757418.html
ဗုဒ္ဓဟူး, 30 နိုဝင်ဘာ 2011
ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နေပြည်တော်မှ တိုက်ရိုက် သတင်းပို့

By မစုမြတ်မွန်

နှစ်ပေါင်း ၅ဝ အတွင်း ပထမဦးဆုံးအကြိမ် သမိုင်းဝင် မြန်မာနိုင်ငံခရီးကို စတင်တဲ့ အနေနဲ့ ဒီကနေ့ ညနေပိုင်းက နေပြည်တော်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ရောက်သွားခဲ့ပါပြီ။ သူ့ရဲ့ ဒီခရီးစဉ် အခြေအနေနဲ့ ပတ်သက်ပြီးတော့ နေပြည်တော်မှာ ဒီခရီးကို သတင်းယူဖို့ရောက်နေတဲ့ မစုမြတ်မွန်ကို ဝါရှင်တန်ကနေ မနန္ဒာချမ်းက တိုက်ရိုက် ဆက်သွယ် မေးမြန်းထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာနိုင်ငံကို ဒီနေ့ညနေမှာပဲ ရောက်လာပါတယ်။ အမေရိကန်ပိုင် လေယာဉ်နဲ့ပဲ နေပြည်တော် လေဆိပ်ကို တိုက်ရိုက် ရောက်လာခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဆီကို နှစ်ပေါင်း ၅ဝ ကျော်အကြာမှာ ပထမဆုံး ရောက်လာတဲ့ အမေရိကန် နိုင်ငံခြားရေဝန်ကြီးကို မြန်မာဖက်က ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာမျိုးမြင့်က လာကြိုပါတယ်။ နိင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကိုယ်တိုင် လာမကြိုတဲ့ အပေါ်မှာတော့ ဘာကြောင့် မကြိုတာလဲဆိုပြီး သတင်းထောက်တွေကြားမှာ သုံးသပ် ပြောနေကြပါတယ်။ ဘယ်သူကမှတော့ ဘာကြောင့်လဲဆိုတာ သိနိုင်မယ် မထင်ပါဘူး။

တိုက်ဆိုင်ချင်တော့ မြန်မာနိုင်ငံကို Belarus ဝန်ကြီးချုပ်ကလဲ မနက်ဖြန် ဒီဇင်ဘာလ ၁ ရက်နေ့မှာ ရောက်ဖို့ ရှိနေတော့ နေပြည်တော်လေဆိပ်နဲ့ လမ်းတွေပေါ်မှာတော့ Belarus ဝန်ကြီးချုပ်ကို ကြိုဆိုပါတယ်ဆိုပြီး ဆိုင်းပုဒ်ကြီးတွေပေါ်မှာ ရေးထားတာကိုတော့ တွေ့ခဲ့ရပါတယ်။

ဒီတော့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ကိုယ်တိုင် အခုလိုမျိုး ထူးထူးခြားခြား လာရောက်တဲ့ ဒီခရီးစဉ်မျိုးမှာ လုံခြုံရေး အခြေအနေနဲ့ ပတ်သက်လို့ရော ဘယ်လိုတွေ မြင်တွေ့ရသလဲရှင့်?

လုံခြုံရေးဆိုရင်တော့ ဒီနေ့လေဆိပ်မှာ ၂ မျိုးကြုံခဲ့ရပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး လာတဲ့အတွက် အမေရိကန် သံရုံးကယူတဲ့ လုံခြုံရေးနဲ့ မြန်မာ အာဏာပိုင်တွေယူတဲ့ လုံခြုံရေး ၂ မျိုးပါ။ မြန်မာအာဏာပိုင်တွေယူတဲ့ လုံခြုံရေးကတော့ တော်တော်လေး တင်းကြပ်ပါတယ်။ ဥပမာ သတင်းထောက်တွေကို သတ်မှတ်ပေးထားတဲ့ နေရာမှာပဲ သတင်းယူဖို့ ပြောတာတောင်၊ သူတို့ ပြောတာက မလိုလားအပ်တဲ့ အပြုအမူ၊ စည်းကမ်းဖေါက်ဖျက်တဲ့ အပြုအမူဖြစ်ရင် အဲဒီသတင်းဌာနဟာ Black list ၊ နာမည်ပျက် စာရင်းအသွင်းခံရမယ်၊ နောက်ထပ် လာခွင့်ပြုမှာ မဟုတ်တော့ဘူး ဆိုတဲ့အထိကို လုံခြုံရေးအရာရှိက တင်းတင်းကြပ်ကြပ်ကို ပြောတာပါ။ ဒါကတော့ အစိုးရဖက်က ယူတဲ့လုံခြုံရေးပါ။

အမေရိကန် သံရုံးဖက်ကတော့ ပုံမှန်ထက်ထူးပြီး လုံခြုံရေး ယူတယ်လို့တော့ မမြင်ပါဘူး။ တင်းထောက်တွေရဲ့ စက်ပစ္စည်းတွေမှာ ပေါက်ကွဲစေတဲ့ ပစ္စည်းပါ မပါ အနံ့ခံခွေးနဲ့ လိုက်ရှာတာလောက်ကိုပဲ ကြုံခဲ့ရပါတယ်။ လေဆိပ်ပါတ်လည်မှာ မြင်ရသလောက်တော့ လုံခြုံရေးယူတာကတော့ SB သတင်းတပ်ဖွဲ့ကပါ။ အခုကျွန်မတို့ တည်းနေတဲ့ ဟိုတယ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တည်းနေတဲ့ ဟိုတယ်နဲ့ ကပ်ရက်မှာ ရှိတာဆိုတော့ သူတည်းတဲ့ သင်္ဂဟဟိုတယ်မှာရော ဒီဖက်ဟိုတယ်မှာပါ ရဲအစောင့်တွေ တော်တော်များများကို တွေ့နေရပါတယ်။ ဆိုတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအတွက် လုံခြုံရေးကို အိမ်ရှင်အစိုးရက တင်းတင်း ကြပ်ကြပ် ယူထားတယ်လို့ ပြောလို့ရပါတယ်။

နေပြည်တော်မှာ သတင်းယူရတဲ့ အခြေအနေရော ဘယ်လိုရှိလဲ?

ဘယ်လိုလဲဆိုတော့ တင်းကြပ်တဲ့ လုံခြုံရေးအောက်မှာ သတင်းယူရတယ်လို့ပဲ ပြောရမယ်ထင်တယ် မနန္ဒာရေ။ ဥပမာ နက်ဖြန်မှာ သမ္မတဦးသိန်းစိန်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton တို့ သမ္မတအိမ်တော်မှာ တွေ့မယ်။ အဲဒါကို သတင်းယူချင်တဲ့ သတင်းထောက်ေတွေ အနေနဲ့ ပြန်ကြားရေးက စီစဉ်ပေးထားတဲ့ ကားတွေနဲ့ပဲ ပြန်ကြားရေးရုံကနေ စုပြီး သွားရမှာမျိုးပါ။

တခုရှိတာက အခု Mrs. Clinton လာတဲ့အတွက် ကျွန်မတို့ ဗွီအိုအေ အပါအဝင် နိုင်ငံတကာက သတင်းဌာန တော်တော်များများက သတင်းထောက်တွေကလဲ သတင်းယူဖို့ မြန်မာနိုင်ငံမှာ ရောက်နေကြတော့ ဒီသတင်းထောက်တွေ အားလုံးအတွက် သိချင်ကြတာကို သက်ဆိုင်ရာက ဖြေကြားပေးနိုင်ဖို့ အစီအစဉ် မကျတာ တချို့တော့ရှိပါတယ်။ ဒါပေမဲ့လဲ ပြည်တွင်းက အထာသိနေတဲ့ သတင်းထောက်တွေကလဲ တော်တော်လေး အကူအညီပေးကြပါတယ်။

နောက်တခုက အင်တာနက်သုံးရတဲ့ အခက်အခဲပါ။ နေပြည်တော်မှာပါနော်၊ ဒါကတော့။ အခုကျွန်မတည်းတဲ့ ဟိုတယ်ကြီးမှာဆိုရင် ဘယ်လိုကြောင့်လဲတော့ မသိဘူး အင်တာနက်ကို Proxy ခံပြီး သုံးရပါတယ်။ အခု Gmail လဲဖွင့်လို့ မရ၊ အလုပ် Email လဲ ဖွင့်လို့ မရတော့ မနန္ဒာတို့ဆီတောင် ပို့ချင်တဲ့ အသံဖိုင်တချို့ မပို့နိုင် ဖြစ်နေပါတယ်။

ဒီတော့ သူ့ရဲ့ ၃ ရက်ကြာမယ့် ခရီးစဉ် အတွင်းမှာပေါ့လေ သူ ဘယ်သူတွေနဲ့ တွေ့မလဲ၊ ဘာတွေ စီစဉ်ထားတာ ရှိလဲရှင့်?

ဒီနေ့ညမှာတော့ သူ့အနေနဲ့ ဘယ်သူနဲ့မှ တွေ့ဖို့ အစီအစဉ် မရှိတော့ဘူး။ နက်ဖြန်မှာတော့ အရင်ဆုံးက နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ နိုင်ငံခြားရေးရုံးမှာ တွေ့မယ်။ ပြီးသွားရင် သမ္မတဦးသိန်းစိန်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့ သမ္မတ အိမ်တော်မှာ တွေ့ကြပါမယ်ပေါ့လေ။ သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးကတော့ သူတို့ ၂ ယောက် တံခါးပိတ် ဆွေးနွေးကြမယ်လို့ သိရတယ်။

နောက်ပြီးသွားရင်တော့ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်နဲ့ တွေ့မယ်။ နောက်တခါ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းတို့အပြင် ပေါ့လေ လွှတ်တော် ကိုယ်စားလှယ် တချို့နဲ့လဲ မနက်ဖြန်မှာ တွေ့ဖို့ရှိပါတယ်။ နေ့လည်ပိုင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကနေပြီးတော့ ရန်ကုန်ကို မသွားခင်မှာတော့ သတင်းစာရှင်းလင်းပွဲ ခနလေး လုပ်ဖို့ရှိတယ်လို့ သိထားပါတယ်။

ရန်ကုန်မှာတော့ သောကြာနေ့ ဒီဇင်ဘာလ ၂ ရက်နေ့ ရောက်မှပဲ ဒေါ်အောင်ဆန်းစုကြည်ကို အရင်ဆုံး တွေ့မှာပါ။ နောက် တိုင်းရင်းသား ခေါင်းဆောင်တချို့နဲ့ တွေ့ဖို့ရှိတယ်။ နောက် အရပ်ဖက် အခြေပြု အဖွဲ့တချို့နဲ့လဲ တွေ့ဖို့ရှိပါတယ်။ ပြီးရင်တော့ ဒီဇင်ဘာလ ၂ ရက်နေ့ ညနေမှာပဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက မြန်မာနိုင်ငံကနေ ပြန်သွားမှာပါ။ ရန်ကုန်မြို့က အထင်ကရ ရွှေတိဂုံစေတီတော်ကိုလဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ဖူးဖို့ရှိတယ်လို့ အစီအစဉ် သိရပါတယ်။

20 comments

  • kai

    December 1, 2011 at 1:24 am

    Clinton’s Myanmar message: Good first steps, let’s see more
    By Kristen Welker, NBC News correspondent

    NAYPYIDAW, Myanmar – On the first full day of her three-day Asia trip, Secretary of State, Hillary Clinton, delivered the keynote address at a development forum in Busan, South Korea.

    She hailed the progress that has been made toward elevating development in South Korea. “Child mortality rates have fallen and millions of people have escaped poverty in the past 60 years,” Clinton said. But she also warned, “We can and must do better.”

    After her remarks, Clinton shifted to the main focus of her trip: Visiting Myanmar and pressing top officials to enact greater reforms in the country.

    Changes welcome, lets see more
    Clinton landed in Naypyidaw, the capital of Myanmar, on Wednesday afternoon (local time is ET + 12.5 hours) and will meet with the President Thein Sein, the foreign minister and parliament officials on Thursday.

    The United States has been encouraged by some recent steps Myanmar has taken to create a more open society – including opening up a dialogue with democratic opposition leader, Aung San Suu Kyi, releasing some political prisoners and relaxing some restrictions on the media. But the U.S. wants to see more progress.

    “I am looking to determine for myself, and on behalf of my government, what is the intention of the current government with respect to continuing reforms both politically and economically,” Clinton said.

    According to a senior State Department official, Clinton’s message will be twofold. “One, some initial steps have been taken; we welcome those steps. Frankly, we have been surprised by some of those steps, but that this is simply a first step and several other things will need to take root and happen for the United States to be able to work closely to support the overall effort.”

    The official also said that Clinton will propose a series of next steps that the Obama administration would like to see take effect.

    The official said the Secretary of State is mindful of the risks of increasing relations with Myanmar and will be “careful” moving forward. “The areas that we are primarily concerned with in terms of the relationship between North Korea and Burma are in the realm of missiles and other military equipment,” the State Department official said.

    Myanmar in the country’s official name, it used to be known as Burma.

    The highlight of Clinton’s trip will likely be meeting the pro-democracy leader Suu Kyi for the first time.

    Suu Kyi spent most of the past two decades under detention after her party won a victory in the 1990 elections but was denied power. She won the Nobel Peace prize in 1991 and was released from house arrest last year.

    Suu Kyi recently announced that she will re-enter the political system by running for parliament – an encouraging sing to be sure – but experts warn there is no guarantee that Myanmar will continue to become a more open and democratic society.

  • kai

    December 1, 2011 at 2:00 am

    Burma or Myanmar? For Clinton, no easy answer
    By William Wan

    Secretary of State Hillary Rodham Clinton arrives in Naypyidaw, Burma. (Saul Loeb — Reuters) NAYPYIDAW, Burma — What’s in a name? A lot, it turns out, when meeting for the first time with leaders of an authoritarian government.

    On her historic visit to Burma this week, Hillary Rodham Clinton will wrestle with how to address its human rights abuses, its handling of political prisoners and its rumored weapons trade with North Korea. Meanwhile, her speechwriters will struggle with a vexing issue of their own: how exactly she refers to this country.

    Should she call it Burma, Myanmar or nothing at all? Each is a choice fraught with political implications.

    For more than a decade, the repressive government — still largely controlled by the military – has insisted that the country be called “Myanmar” in English, a name it adopted in 1989 after it declared martial law and brutally cracked down on pro-democratic uprisings, killing thousands in the process.

    A year later, when Aung San Suu Kyi and her democratic party decisively won the general election, the military junta cracked down again, barring her party from power and keeping her under house arrest for most of the next two decades.

    In support of her 1990 victory and in protest of the military’s actions, the U.S. government to this day persists in using “Burma” in all speeches and publications.

    View Photo Gallery: Hillary Rodham Clinton arrives in Burma, becoming the first U.S. secretary of state to visit the authoritarian country in more than half a century.

    But dig a little deeper, and it gets more complicated.

    There are some, even among the pro-democracy movement, who argue Myanmar may technically be the better name because it’s perceived as being more inclusive. While members of the country’s ethnic majority are known as Burmans, there are hundreds of other ethnic minority groups who may feel excluded by the name “Burma.”

    “In some ways, Myanmar makes more sense,” said Aung Din, a former student protester and leader of the pro-democracy group U.S. Campaign for Burma. “But you look at the way the government did it. As if by changing the name, they could change the past … as if it could make people forget all those killed in the streets, all the suffering they caused.”

    Others like Suu Kyi, who has routinely used “Burma” in English, have pointed to ironies inherent in having such a repressive government — responsible for killing and raping ethnic minorities — invoking ethnic inclusiveness as an argument for the usage of Myanmar.

    “It’s not the name itself but the way it was changed, without asking the people what they wanted, without a referendum,” noted Charm Tong, a Burmese women’s advocate.

    Linguistically, the difference between the two is murky. In the Burmese language, “Myanma” is the written version often used, and “Bama” the colloquial spoken name. Bama is believed to have derived from Myanma as the “m” sound eroded into a “b.”

    To some, Burma — the name chosen by the country’s British rulers in the 19th century — carries a bitter taste of colonialism. But to others, Myanmar carries equally bitter overtones of its current rulers.

    Even as the debate has continued within Burma, it has spread to the international community.

    Within five days of the military junta’s decision, the United Nations endorsed the new name — under its general rule that countries should be referred to by their chosen name. Some countries, including China and Germany, have followed suit. But several English-speaking countries — the United States, Britain, Canada and Australia among them — have held firm.

    Even nongovernmental organizations involved in human rights disagree. Amnesty International calls it Myanmar, while Human Rights Watch uses Burma.

    Nowhere has the argument raged longer and been so thoroughly examined than in the media, with the sharp eyes of copy editors and persnickety style mavens.

    For years, editors have argued the finer points of both sides. As a Lexington Herald editor explained in a 2008 to its readers: “It’s hard to apply the principle of ‘what do the people call themselves’ with regard to Burma/Myanmar, since a significant portion of the country’s common populace and exiles are at odds with its military government.”

    The hallowed style gurus at the Associated Press made the switch to Myanmar in 2006.

    The New York Times did it even earlier, in 1989, a decision that can be traced to Joseph Lelyveld, then foreign editor and later executive editor, who expressed regret in a 2007 Boston Globe column for having settled on Myanmar too early, before seeing how brutal its government would become.

    “Now Myanmar is associated with those dreadful people,” Lelyveld told the Globe. “Basically, I was too fast off the mark.”

    Some have tried to have it both ways. The Lonely Planet franchise, for example, has titled its guides “Myanmar (Burma).”

    But over time, Myanmar has become the more popular option — adopted by CNN, most networks and outlets such as the Los Angeles Times and the Wall Street Journal.

    The Washington Post is now one of the lone holdouts, sticking with “Burma” but requiring that its scribes dutifully include the phrase “also known as Myanmar” in each story.

    In recent years, the Burma/Myanmar dispute has spread to new media. After a rhetorical skirmish broke out on Wikipedia, editors proposed a two-week debate on the issue on the site. Advocates on both sides wrote up lengthy dissertations on the topic, citing precedents (like Burkina Faso, formerly known as Upper Volta) and invoking the founding principles of Wikipedians, Google search statistics and much more.

    For a while reconciliation seemed near, with the floating of a grand compromise involving two articles. A “Burma” entry, it was proposed, would cover all history before 1989, and a “Myanmar” post would tackle post-1989. But that, too, was shot down.

    Wikipedia’s administrators had the last word. The site’s page on the country now says “Burma …officially the Republic of the Union of Myanmar.”

    For U.S. and Burmese officials, the subject remains incredibly touchy.

    In January, at a U.N. discussion on human rights violations in Burma, the country’s delegate interrupted the U.S. representative, bristling over her passing reference to “the Burmese delegation.” After intervention by the session’s president, the U.S. representative continued her talk, simply avoiding the use of either name.

    View Photo Gallery: Burma has implemented reforms in recent months and shown signs of opening up. Here’s a collection of photographs from Burma from the past two decades.

    With Burma’s leaders just beginning to open up and reform, U.S. officials say they want to avoid sparking similar disputes during Clinton’s visit.

    So instead, they will use phrases like “your country,” “what you call Myanmar,” “this land,” and the new capital of Naypyidaw in its place, according to senior administration officials who were not authorized to speak for attribution.

    “This is the first time for us in visiting, so we want to come with respect for them, knowing it’s a sensitive issue,” said the official traveling with Clinton, “but also keeping in mind that it’s a sensitive issue for us, too.”
    http://www.washingtonpost.com/blogs/checkpoint-washington/post/burma-or-myanmar-for-clinton-no-easy-answer/2011/11/30/gIQAIl8rCO_blog.html

  • kai

    December 1, 2011 at 2:02 am

    အမေရိကပြည်ထောင်စုမှ မြန်မာပြည်အား..
    Burma ဟုခေါ်စေချင်သည်။ 36.84% (452 votes)
    Myanmarဟုခေါ်စေချင်သည်။ 63.16% (775 votes)

    Total Votes: 1,227

    ဒီနေ့ နိုဝင်ဘာ ၃ဝ .. Poll လုပ်ထားတာ ရလဒ်အရ အမေရိကပြည်ထောင်စုကနေ မြန်မာနိုင်ငံကို… မြန်မာတွေက Myanmar လို့ခေါ်စေချင်တာများတယ် တွေ့ရပါတယ်..။ ဆိုတော့… အမေရိကပြည်ထောင်စု(United States of America)ကိုလည်း.. မြန်မာတွေက.. အမေရိကနိုင်ငံ.. ဒါမှမဟုတ်.. အမေရိကပြည်ထောင်စု.. ဒါမှမဟုတ်.. အမေရိက.. ဒါမှမဟုတ်.. ယူအက်စ်(United States)လို့ခေါ်စေချင်တာပါ..။ အခုတော့ သတင်းဌာနတွေကိုယ်တိုင်က.. အမှန်မခေါ်နိုင်ဖြစ်နေတာတွေ့ရကြောင်း…။

    ကြားထဲ.. လေယဉ်အဆင်းထိုးထည့်ပေးလိုက်တဲ့..လှေကားက..Myanma ဖြစ်နေပြန်တာမို့.. အမေရိကန်တွေခမြာ အူလည်လည် ဖြစ်သွားဦးမှာက တကြောင်း..။

    ဒါကတချက်…။
    ကလင်တန်က. မြန်မာပြည်လာတာမှာ နေပြည်တော်ကျ..ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဆင်းကြိုတာမို့.. ရန်ကုန်ကို လာရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လေဆိပ်ဆင်း ကြိုလိုက်ပေးစေချင်ကြောင်း… ဒါကတခု…။

    ဝေဖန်ဆွေးနွေးနိုင်ကြပါကြောင်း…။ 😆

    • maungmoenyo

      December 1, 2011 at 7:50 am

      “မြန်မာ့” ဆိုတာက adjective အနေနဲ့သုံးတဲ့ သဘောပါ။ ဥပမာ- “မြန်မာ့သဘောင်္ကျင်းကော်ပိုရေးရှင်း” “မြန်မာ့လေကြောင်း” စသဖြင့်ပါ။တခါ “မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်” ကျတော့တမျိုးဖြစ်သွားတာကိုတွေ့မိကြဘူးပါလိမ့်မယ်။ ရေးတော့ အမှန် ထွက်တော့အသံ..ကိုး။

    • ကြောင်ကြီး

      December 1, 2011 at 11:43 am

      ဒဂျီးရေ.. myanma ဆိုတဲ့ စာလုံးပါ လှေခါးရှင်တပ်ပေးတာ တိုက်ဆိုက်မိတခုထက် ပိုမယ်ထင်တယ်။ အမေရိကန်နိုင်ငံက အခုအချိန်အထိ ဘားမားလို့ပဲ သုံးသေးတယ်။ ဒေါ်စုဖက်ကလည်း ပြောင်းခေါ်သံ မကြားမိသေးဘူး။ စစ်တပိုင်းအစိုးရကတော့ မြန်မာမှမြန်မာဖြစ်နေတာ ကြာပြီ။ ဒီတော့ အခွင့်ရတုန်း အရူးကွက်နင်းပြီး ဝိနည်းလွတ် မြန်မာ့လို့ သုံးထည့်လိုက်ပုံရတယ်။ သဂျီးတို့ စီအိုင်အေကို မြန်မာ စရဖက တကွက်ထည့်လိုက်တာပေါ့ဗျာ။။။ မတူတဲ့အတွေးနဲ့ တွေးကြည့်မိတာ မှားရင် ခွေးလွှတ်ပါခင်ဗျာ။။။
      ဒေါ်ကလင်တန် ပြန်သွားရင် သတင်းထုတ်ပြန်ချက်မှာ ဘယ်အသုံးအနှုန်း သုံးမလဲ သိချင်သား။ ဒါလဲလောင်းချင်ကြသလား။။ ကျုပ်ကတော့ ဘားမားလို့ သုံးတဲ့ဘက်က လောင်းတယ်ဗျာ။။။။။။ 😎

      • htoosan

        December 1, 2011 at 8:34 pm

        ဦးကြောင်ကြီး ရေ ဆင်းရဲတဲ့ ကျွန်တော်တို့ တိုင်းပြည်မှာ ဒီလိုလှေခါးများများစားမရှိပါဘူး ။ ရှိတဲ့ Myanma Airways လို့ ရေးထားတဲ့ လှေခါးလေးဘဲ သုံးရရှာတာပါ။
        ရှိတာလေးနဲ့ တန်ဆာဆင်ရင်း အတော်ဘဲ ဖြစ်သွားတာပါ။

        • maungmoenyo

          December 2, 2011 at 10:38 am

          မြန်မာ့ (Myanma) ဆိုတဲ့အရေးအသားက ၁၉၈၈ နောက်ပိုင်းမှာပေါ်ပေါက်ခဲ့တဲ့ အုပ်ချုပ်ရေးပြောင်းလဲမှုအရ၊ သုံးစွဲလာတဲ့ တရားဝင်အသုံအနှုန်းတွေပါ။ မတော်တဆ (သို့) မှားယွင်းပြီးသုံးခဲ့တာလုံးဝ (လုံးဝ) မဟုတ်ပါဘူး။ မြန်မာ့သဘောင်္ကျင်း၊ မြန်မာ့အာမခံ၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း စသဖြင့်ဒီကနေ့များစွာသော ဌာနကြီးတွေကို ဒီနေ့တိုင်တွေ့ရပါလိမ့်မယ်။ ယခင်ကကော်ပိုရေးရှင်းတွေကို လုပ်ငန်းအဖွဲ့အစည်းများအဖြစ်အသွင်ပြောင်းတဲ့အခါမှာတွေ့ရပါလိမ့်မယ်။

    • DAL

      December 2, 2011 at 4:58 am

      ဘယ်နိုင်ငံကဖြစ်ဖြစ် ဘယ်သူကဖြစ်ဖြစ် MYANMARပဲ ခေါ်ခေါ်BURMAပဲခေါ်ခေါ်
      ခေါ်ချင်သူတွေရဲ ့ကိစ္စ ထားလိုက်ပါအုံး။
      ဒီနေရာမှာ တိုင်းရင်းသားတစ်ယောက်အနေနဲ ့ ကျနော့်အမြင်ကို နဲနဲပြောချင်ပါတယ်။
      ကျနော့်ရွာက မကြာခဏ တိုက်ပွဲသံသေနတ်သံ ကြားရတဲ ့ဒေသတစ်ခုပါ။ စစ်ဒဏ်ခံနေရတဲ ့ရွာပေါ ့။
      ကျနော်တို ့ရဲ ့ရွာထဲကို အစိုးရတပ်၊ စစ်ကြောင်းတွေ ဝင်လာြ့ပီဆိုရင် ရွာသူရွာသားတွေ (အထူးသဖြင် ့ယောက်ျားတွေ)ကြောက်နေကြပြီ။ ငါတို ့ကိုနှိပ်စက်မယ် ့သူတွေ ပေါ်တာဆွဲမယ် ့သူတွေဆိုပြီး။ စစ်ကြောင်းဝင်တယ်ဟေ ့လို ့အသံကြားရုံနဲ ့ယောက်ျားတွေက ပြေးကြပုန်းကြ။ တကယ်လဲ ဟုတ်ပါတယ်။ တကယ်လဲဆွဲပါတယ်။ ကိုယ်တိုင်လဲ ၂ကြိမ် ပေါ်တာလိုက်ဘူးပါတယ်။ သူကြီးဆိုရင်လဲ မကြာခဏအပြောင်းအလဲပဲ။ စစ်တပ်ဒဏ် မခံနိုင်ကြလို ့။
      ကျနော်တို ့အရပ်ဒေသမှာ စစ်တပ်တွေကို စစ်တပ်လို ့မခေါ်ကြဘူး။
      ဗမာတွေတဲ ့။
      ဘယ်လိုခြောက်ခြောက် အငိုမတိတ်တဲ ့ ကလေးတစ်ယောက်ကို ဗမာတွေလာပြီလို ့ပြောလိုက်
      ချက်ခြင်းတိတ်တယ်။ ယုံတမ်းမဟုတ်ပါ။ ဒါက ကျနော ့ပတ်ဝန်းကျင်ဒေသက လူတွေရဲ ့အစိုးရစစ်တပ်အပေါ်မြင်တဲ ့အမြင်။ အစိုးရ နဲ ့စစ်တပ်ကိုလဲ ခွဲမမြင်ပဲ တစ်မျိုးတစ်ဖွဲ ့
      အဖြစ်ပဲသတ်မှတ်ကြတယ်။ တခြားဒေသကတိုင်းရင်းသားတွေလဲ ဒီလိုမျိုး ခံစားချက် ရှိကြမယ်ထင်ပါတယ်။ အုပ်စိုးသူ အစိုးရကို အစိုးရတစ်ရပ်လို ့ မမြင်ဘဲ ငါတို ့ကို ဖိနှိပ်မယ် ့ ဗမာတွေ လို ့ပဲအမြင်ရှိကြပါတယ်။ ပြောရရင်တော ့ ဗမာကို အယုံအကြည်မရှိဘူးပေါ ့။ (ဒီစကားလုံးရေးရတာတော်တော်လန် ့ပါတယ်။ သွေးခွဲတယ်အထင်ခံရမှာစိုးလို ့ပါ။ လက်တွေ ့ ဖြစ်နေတာတွေကိုပြောနေတာပါ။)
      ဘယ်သူမဆို ကိုယ် ့မြေ ကိုယ် ့ဒေသကိုချစ်ကြတာပါပဲ။ တိုင်းရင်းသားတွေကလည်း ထို ့အတူပါပဲ။ ကျနော်တို ့တိုင်းပြည်က လူမျိုးတစ်စုတစ်ဖွဲ ့ထဲနေတဲ ့တိုင်းပြည်မဟုတ်ပါ။
      BURMA ဆိုအခေါ်အဝေါ်က ကျနော်တို ့လိုတိုင်းရင်းသားတစ်ယောက်ရဲ ့နားမှာတော ့ မဆန် ့တာအမှန်ပါပဲ။ အေးအတူပူအမျှ စည်းလုံးညီညွှတ်တဲ ့တိုင်းပြည်၊ ဒီမိုကရေစီကျတဲ ့
      တိုင်းပြည် ဖြစ်စေချင်ရင် ဒီအခေါ်အဝေါ် ကိစ္စကအလွန်အရေးကြီးတယ်လို ့မြင်ပါတယ်။
      မလေးရှားမှာ ဒေသခံတွေက မင်းဘယ်နိုင်ငံကလဲ?ဘူရ်မားလား? (မလေး၊ အင်ဒိုနီးရှား လူမျိုးရဲ ့Burma အသံထွက်)လို ့မေးလာရင် ရှင်းပြနေရင်ကြာမှာစိုးလို ့ (စကားမကျွမ်းတာလဲပါတယ်)လွယ်လွယ်ပဲ ဟုတ်ပါတယ် ဖြေလိုက်တယ်။ စိတ်ထဲမှာတော ့ သူတို ့ညွှန်းတဲ ့ဘူရ်မားဟာ နိုင်ငံတစ်ခုအနေထက် လူမျိုးတစ်ခုအနေနဲ ့ပဲဖြစ်နေပါတယ်။

      ပြည်ထောင်စုမြန်မာနိုင်ငံတော်
      ပြည်ထောင်စုဗမာနိုင်ငံတော်
      ပြည်ထောင်စုဘူရ်မားနိုင်ငံတော်

      ဘယ်ဟာက ခေါ်ရပိုတင် ့တယ်ပါသလဲခင်ဗျာ!!!

      ဝေဖန်ဆွေးနွေးခွင် ့ပေးတဲ ့ ဒီရွာက သူကြီးကို ကျေးဇူးတင်ပါတယ်။

  • koaung

    December 1, 2011 at 3:34 am

    ကိုယ်နိုင်ငံကောင်းဖို့လာရောက်ပန့်ပိုးတဲ့လူဗျာ့ အရေးတယူရှိသင့်တာပေါ့ဗျာ တရုတ်ကြီးမျက်စိနီမှာဆိုးလို့ ပြူပြူငှါငှါ မရှိတာနေမှာပါ
    အမေစုကဆင်ခြင်တုံတရားပြည့်စုံတဲ့လူပါ( ပြောဘို့တောင်လိုမယ်မထင်ပါ)

  • maungmoenyo

    December 1, 2011 at 8:01 am

    ကလင်တန်ရဲ့ ခရီးစဉ်မှာ မြန်မာပြည်ဖွား အစိုးရရဲ့ထိပ်တန်းအရာရှိတွေ လိုက်ပါသွားကြပါတယ်။ ဒီလိုမသွားခင်မှာ working group meetings တွေ နေ့မီးညမီးတွေနဲ့ မြန်မာနိုင်ငံလက်ရှိဖြစ်ပေါ်တိုးတက်မှုတွေကို အတော်သုံးသပ်ဆွေးနွေးကြတဲ့ပုံရှိပါတယ်။ ဒီခရီးစဉ်ရဲ့အဓိကကိစ္စက ဒေါ်စုရဲ့လက်ရှိရပ်တည်ချက်ကို သေချာအောင်စုံစမ်းဘို့၊ (sanction ကိစ္စကအစ၊ နယ်စပ်ရောက်ပြောင်းရွှေ့ခိုလှုံသူတွေ နေရပ်ပြန်လည်အခြေချခွင့်ရရေး၊ နဲ့ တိုင်းရင်းသားလူနဲစုတွေရဲ့ အခွင့်အရေးပိုမိုတိုးတက်ရရှိရေးတို့ ကို ကွင်းဆင်း fact finding လုပ်တာပါဘဲ။ ပြီးတော့ သမ္မတ သိန်းစိန် မိသားစုနဲ့ ရင်းရင်းနှီးနှီးတွေ့ဘို့ နဲ့ သူ့ရဲ့သဘောထားကိုတီးခေါက်ဘို့ပါဘဲ။
    (၁) အမေရိကနိုင်ငံရဲ့ စတုတ္ထအာဏာအရှိဆုံးပုဂ္ဂိုလ်နဲ့ ဆွေးနွေးမှာမို့ သမ္မတ သိန်းစိန်အနေ နဲ့ ထွက်ပြီးတဲ့စကားပြန် ဝင်ရတဲ့အဖြစ်မျိုးကိုအထူးသတိထားရှောင်ပါလိမ့်မယ်။
    (၂) အာဆီယံ ထိပ်သီးအစည်းအဝေးနှစ်စဉ် လုပ်မှာမို့ မြန်မာနိုင်ငံကို အမေရိကသမ္မတ ရောက်လာစရာကိစ္စကသေခြာသလောက်ရှိပါတယ်။ SEAP Game လဲ လုပ်မှာမို့ စီးပွားရေးလုပ်ကွင်းလုပ်ကွက်တွေ ဖန်တီးလာပါလိမ့်မယ်။

  • chityimhtoo

    December 1, 2011 at 8:43 am

    ဟီလာရီကလင်တန် ကိုဟက်ပီးဝေါကစောင့်နေမယ်လို့ ပြောပေးပါနော်………:P

  • kai

    December 1, 2011 at 9:21 am

    အဖွားကြီးက.. နုအောင်..မျက်နှာခွဲစိတ်ထားတာလေ..။
    အသက်က.. ၆၄နှစ်ရှိနေပြီ..။
    ပြောလို့တော့ မရသေးဘူး..
    အခု အိုဘားမားသက်တန်းပြီး နောက်သက်တန်း.၂၀၁၆မှာ. သမ္မတအဖြစ် ဝင်ပြိုင်ချင်ပြိုင်လိမ့်ဦးမှာ..
    ရရင်.. သမ္မတဖြစ်ဦးမှာပေါ့…။

  • cryingsoul

    December 1, 2011 at 11:22 am

    ကောင်းသောလာခြင်းဖြစ်ပါစေ

  • kai

    December 1, 2011 at 2:31 pm

    နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့ နေပြည်တော်တွင် တွေ့ဆုံ
    Thursday, 01 December 2011 12:21

    နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့သည် ယနေ့ ဒီဇင်ဘာလ (၁) ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် တွေ့ဆုံခဲ့ကြသည်။ ဟီလာရီ ကလင်တန်သည် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး တစ်ဦးဧ။် နှစ်ပေါင်း (၅၀) ကျော်အတွင်း ပထမဆုံး ခရီးစဉ်အဖြစ် နိုဝင်ဘာလ (၃၀)ရက်နေ့ ညနေပိုင်းက မြန်မာနိုင်ငံ နေပြည်တော်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

    ဟီလာရီကလင်တန်သည် ဒီဇင်ဘာလ (၂)ရက်နေ့အထိ (၃)ရက်ကြာမြင့်မည့် ခရီးစဉ်ဖြစ်ပြီး ခရီးစဉ်အတွင်း နိင်ငံတော် သမ္မတ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဌများ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့နှင့် တွေ့ဆုံမည် ဖြစ်ပြီး ရန်ကုန်မြို့ရှိ NLD ပါတီ အထွေထွေ အတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီဇင်ဘာလ (၂) ရက်နေ့တွင် တွေ့ဆုံမည်ဖြစ်သည်။ ဟီလာရီကလင်တန်သည် ဒီဇင်ဘာလ (၁)ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိမည် ဖြစ်ပြီး ရွှေတိဂုံစေတီတော်သို့ တက်ရောက် ဖူးမျှော်မည် ဖြစ်သည်။

    ယခုခရီးစဉ်တွင် ဟီလာရီ ကလင်တန်နှင့် အတူ မြန်မာနိုင်ငံသို့ ၃ ကြိမ်လာရောက်ဖူးသည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်နှင့် မူဝါဒ ညှိနှိုင်းရေးမှုး ဒဲရက်မစ်ချယ် နှင့် မြန်မာနိုင်ငံသို့ တစ်ကြိမ်လာရောက်ခဲ့ဖူးသာ အမေရိကန် နိုင်ငံ ဒီမိုကရေစီ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပို့စနာ တို့ လိုက်ပါလာကြောင်း သိရသည်။
    http://www.weeklyeleven.com/index.php?option=com_content&view=article&id=11296:2011-12-01-06-12-10&catid=42:2009-11-10-07-36-59&Itemid=112

  • kai

    December 1, 2011 at 3:37 pm

    http://www.voanews.com/burmese/news/–11_30_11_my-news-international—-134799388.html

    Burma အသုံးအနှုန်း အမေရိကန်ဆက်သုံးစွဲ
    By ဗွီအိုအေ(မြန်မာဌာန)

    အမေရိကန်ပြည်ထောင်စုဟာ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို ထောက်ခံအားပေးတာကို ပြသတဲ့ အနေနဲ့ Myanmar အစား Burma လို့ သုံးနှုန်းပါတယ်။ မြန်မာပြည်မှာ စစ်အစိုးရလက်ထက်က Burma ကနေ Myanmar ဆိုပြီး ၁၉၈၉ခု နှစ်မှာ ပြောင်းလဲသုံးစွဲခဲ့တာပါ။

    ဒါပေမဲ့လည်း မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေတော်တော်များများကတော့ စစ်အစိုးရက ပြည်သူ့ဆန္ဒ မပါဘဲ တိုင်းပြည်နာမည်ကို ပြောင်းလဲသုံးစွဲခဲ့တာကြောင့် Myanmar ဆိုတာကို အသိအမှတ်မပြုဘဲ Burma လို့ဆက် ပြီးသုံးစွဲနေကြပါတယ်။

    အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း Burma လို့ဆက်ပြီး သုံးစွဲနေပါတယ်။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲမှာတုန်းက ဒီမိုကရေစီရေး လှုပ်ရှားသူတွေဘက်က အနိုင်ရခဲ့ပေမဲ့လည်း အာဏာလွှဲပေးတာမရှိဘဲ စစ်တပ်ကပဲ တိုင်းပြည်ကိုဆက်ပြီး အုပ်ချုပ်လာတာကြောင့် ဒီမိုကရေစီရေး လှုပ်ရှားမှုကို ထောက်ခံတဲ့အနေနဲ့ အမေရိကန်က Myanmar အစား Burma ဘားမားကို သုံးစွဲနေတာပါ။

  • Don Juan Ronald

    December 1, 2011 at 7:39 pm

    သဂျီးရေ~~
    သမတဟောင်းရစ်ချတ်နစ်ဆင်လည်း၊ဗိုလ်ရှုမောင်ခေတ်မှာဗမာပြည်ကို၂၄နာရီမပြည်တဲ့ခရီးတခါလာဘူးတယ်နဲ့တူတယ်???

    • maungmoenyo

      December 2, 2011 at 10:42 am

      ဗိုလ်ရှုမောင်ခေတ်မှာမဟုတ်ပါဘူး။ (၁၉၅၅) ပါလီမန်ဒီမိုကရေစီခေတ် ဦးဘဆွေ ဝန်ကြီးချုပ်လက်ထက်မှာပါ။ ဆီနေတာအမတ်ဘဝနဲ့ပါ။ တိုက်ပုံ၊ ပုဆိုးဝတ်ပြီး ဗိုလ်နေဝင်းကို (မှတ်မိသလောက်) အခုရန်ကုန်စိမ်းလဲ့ကန်သာရိပ်သာမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းကို တွေ့ခဲ့တာပါ။

      • maungmoenyo

        December 3, 2011 at 11:18 am

        ဘွာတေ…။ အကြောင်းသိတယောက်ကပြောမှ သတိထာူးမိတယ်။ ဟုတ်ပ နစ်ဆင်က ဒုသမ္မတနဲ့ မြန်မာနိုင်ငံကိုရောက်ခဲ့တာပါ။ ဆီနေတာဘဝနဲ့ အဲ့ဒီမတိုင်ခင် ၆နှစ်လောက်ကတြိကိမ်ပါ။

  • kai

    December 2, 2011 at 5:13 am

    အောက်မှာ.. မြန်မာ-အမေရိက ဆက်ဆံရေးကို.. ဧရာဝတီကကူးတင်ပေးလိုက်ပါတယ်.။
    ကြည့်ရတာ.. ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်ကခေသူတော့မဟုတ်..။ ယူအက်စ်ကွန်ဂရက်လိုင်ဘရီထဲများ ဝင်မွှေလို့ရသလားမသိ..။ 😆
    ==============

    US Vice President Richard Nixon rings a bell at Shwedagon Pagoda in Rangoon in 1953.

    http://www.irrawaddyblog.com/2011/12/blog-post_7965.html

    ယခု တပတ် ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော် ရဲ ့ ဆောင်းပါး ဖြစ်ပါတယ်။

    မြန်မာနဲ့ အမေရိကန် ဆက်ဆံရေး သမိုင်းကို ပြန်ကြည့်တော့ အမြော်အမြင်ကြီးပြီး အနောက်နိုင်ငံတွေနဲ့ အဆင်ပြေချင်တဲ့ မင်းတုန်းမင်းက စပြီး သံတမန်ဆက်ဆံရေး တံခါးကိုဖွင့်ခဲ့တာလို့ သမိုင်းအထောက်အထားတွေ အရ သိရပါတယ်။

    ၁၈၅၆ မှာ မင်းတုန်းမင်းဟာ အမေရိကန် သမ္မတ ဂျွန် ဗြူကန်နန် (John Buchanan) ဆီကို နှစ်နိုင်ငံ ဆက်ဆံရေး မျက်နှာစာ ဖွင့်တဲ့အနေနဲ့ သဝဏ်လွှာပို့ခဲ့တယ်လို့ သိရပါတယ်။

    ၁၈၅၃ မှာ မင်းဖြစ်တဲ့ မင်းတုန်းမင်းဟာ ၃ နှစ်အကြာမှာ အမေရိကန် သမ္မတ ဆီကို စာချွန်လွှာပို့ခဲ့တာပါ။

    ၁၉၆၆ ခုနှစ်က ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း အမေရိကန်သမ္မတ လင်ဒန် ဂျွန်ဆင်နှင့် အိမ်ဖြူတော်တွင် လက်ဆွဲနှုတ်ဆက် နေကြစဉ်

    ဒီအချိန်ဟာ ဒုတိယ အင်္ဂလိပ်မြန်မာ စစ်ပွဲပြီးစ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအောက်ပိုင်းဟာ ဗြိတိသျှ ကိုလိုနီ နယ်ချဲ့ရဲ့ လက်ထဲ ကျရောက်သွားခဲ့တဲ့အချိန် မင်းတုန်းမင်းကလည်း မြန်မာဘက်က ပေးခဲ့ရတဲ့နယ်တွေကို ပြန်ပြီး တောင်းဆိုဖို့ ကြိုးစားနေတဲ့ ကာလလို့ ဆိုရမှာ ဖြစ်ပါတယ်။

    အမေရိကန်သမ္မတ ဂျွန် ဗြူ ကန်နန်ဟာ အဲဒီအချိန်မှာ ကိုလိုနီ တပိုင်း မြန်မာနိုင်ငံကို ဘယ်လောက် အာရုံစိုက်နိုင်တယ် ဆိုတာ တွေးစရာပါ။ သူကိုယ်တိုင်လည်း ပြည်တွင်းစစ်နဲ့ ကျေးကျွန်စနစ်တိုက်ဖျက်မှုတွေနဲ့ စိန်ခေါ်ခံနေရတဲ့ အချိန်ကာလဖြစ်ပါတယ်။ ၁၈၅ရ မှာတော့ သမ္မတဆီက မင်းတုန်းမင်းတြားကြီးဆီကို စာချွန်လွှာ ပြန်ပို့ပါတယ်။

    သူ့ရဲ့ စာထဲမှာတော့ ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရေးကို လိုချင်ကြောင်း၊ မြန်မာရဲ့ အချုပ်အခြာလွတ်လပ်ခွင့်ကို ထိပါး စော်ကားတာ မမြင်ချင်တဲ့ အကြောင်းလည်း ပါတယ်လို့ သိရပါတယ်။ စာအုပ်လက်ဆောင်အပြင် မီးသင်္ဘောပုံစံငယ် လက်ဆောင်လေးပါ ပါးလိုက်တယ်လို့ သမိုင်းအထောက်အထားတွေ အရ သိရပါတယ်။

    မြန်မာ – အမေရိကန် ဆက်ဆံရေးဟာ ဒီမှာပဲ ခဏ တန့်သွားပါတယ်။

    ၁၈၈၅ မှာ မြန်မာဟာ ဗြိတိသျှ ကိုလိုနီ နယ်ချဲ့လက်အောက်ကို ရောက်ခဲ့တယ်။ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေး ပြန်ရခဲ့ပါတယ်။ အဲဒီမှာ အမေရိကန်က မြန်မာပြည် ရခဲ့တဲ့ လွတ်လပ်ရေးကို အသိအမှတ်ပြုပါတယ်။ သံရုံးကိုလည်း စတင်ဖွင့်လှစ်ခဲ့ ပါတယ်။ စီးပွားရေး အထောက်အကူပြုတဲ့ စာချုပ်ကိုလည်း နှစ်နိုင်ငံ ချုပ်ဆိုနိုင်ခဲ့ပါတယ်။ အမေရိကန်သမ္မတ ထရူးမင်း ကိုယ်တိုင် သဝဏ်လွှာပို့ပြီး လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုခဲ့ပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးကို ဆက်လက်တည်ဆောက်ဖို့ ပြောဆိုခဲ့တာလည်း တွေ့ရပါတယ်။

    ဒါပေမယ့် မြန်မာ – အမေရိကန် ဆက်ဆံရေးမှာ အဖုအထစ်တွေ ဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။ အဲဒါကတော့ စီအိုင်အေ အဖွဲ့ကြီးကနေ မြန်မာ့မြေပေါ်ကျူးကျော်ရောက်ရှိနေတဲ့ ကူမင်တန် တရုတ်တွေကို ထောက်ပံ့ကူညီခဲ့တဲ့ ကိစ္စကြောင့်ပဲ ဖြစ်ပါတယ်။

    အမေရိကန်ရဲ့ Covert Operation ကတော့ မော်စီတုန်းရဲ့ ကွန်မြူနစ် တပ်နီတွေလက်ထဲကနေ တရုတ်ကူမင်တန်တွေက ပြန်ပြီး သိမ်းဖို့အစီအစဉ်ပဲ ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ လေထဲ တိုက်အိမ်ဆောက်ရသလိုပါပဲ။ အရာမရောက်ခဲ့ပါဘူး။ အဲဒီအချိန်မှာ မြန်မာပြည်မှာ ဝန်ကြီးချုပ်ဦးနု အစိုးရ ဦးဆောင်နေတဲ့ အချိန်ဖြစ်ပြီး အင်အားချိနဲ့ဆဲ မြန်မာ့တပ်မတော်ကလည်း ရောင်စုံသူပုန်တွေကို တဘက်က ရင်ဆိုင်၊ တဘက်ကလည်း ကျူးကျော်နေတဲ့ ကူမင်တန်တွေကို တိုက်ထုတ်နေရတဲ့ ကာလလို့ ဆိုရမှာပါ။

    တချိန်တည်းမှာ အမေရိကန်က မြန်မာအစိုးရကို ထောက်ပံ့မှုတွေ လုပ်ခဲ့တဲ့အပြင် ၁၉၅ဝ မှာ ၂ နိုင်ငံချစ်ကြည်ရေး စာချုပ် ချုပ်ဆိုခဲ့တယ်။ အဲဒီနှစ် အောက်တိုဘာလမှာ အမေရိကန်ဘက်က ဒေါ်လာ ၂၁ သန်းဖိုးရှိတဲ့ စစ်ရေးအထောက်အကူတွေကို ပေးခဲ့ပါတယ်။

    ၁၉၅၁ မှာဆိုရင် မြန်မာ့တပ်မတော်က “Operation Frost” ဆိုတဲ့ နာမည်နဲ့ ကျူးကျော်ကူမင်တန်တွေကို တိုက်ထုတ်ဖို့ လုပ်ခဲ့တာ တွေ့ရပါတယ်။

    ရှမ်းပြည်နယ် မိုင်းဆတ်နယ်မှာ လေယာဉ်ကွင်း အကျအန ဆောက်ပြီး စီအိုင်အေက သယ်ပို့လေယာဉ်တွေက ကူမင်တန် တွေကို ရိက္ခာတွေချပေးနေတဲ့ သတင်းဓာတ်ပုံတွေကလည်း သတင်းစာတွေမှာ ဘူးပေါ်သလို ပေါ်ခဲ့တာတွေ့ရပါတယ်။

    အဲဒီမှာ မြန်မာပြည်က သတင်းစာဆရာကြီးတွေ အားပါးတရ လိုက်ခဲ့ရတဲ့ သတင်းတွေကတော့ ကူမင်တန် သတင်းတွေ အပြင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒေးဗစ် ကီး (David. M. Key) အကြောင်းပဲဖြစ်ပါတယ်။ သူဟာ စီအိုင်အေရဲ့ Covert Operation ကို လုံးဝ မသိတဲ့အတွက် ဝါရှင်တန်ကို စာပို့ခဲ့တာပဲ ဖြစ်ပါတယ်။ သမိုင်းအထောက်အထားတွေအရတော့ ၁၉၅၁ ခုနှစ် ဩဂုတ်လ အတွင်းမှာလို့ သိရပါတယ်။ ၁၉၅၂ ဧပြီလအတွင်းမှာတော့ သူဟာ သံအမတ်အဖြစ်က နုတ်ထွက်ခဲ့ပါတယ်။ စီအိုင်အေရဲ့ မြန်မာပြည်တွင်းက ကူမင်တန် လျှို့ဝှက်စစ်ဆင်ရေးကို သူမသိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

    မြန်မာဘက်ကတော့ ကူမင်တန်ကျူးကျော်တဲ့ကိစ္စကို ကုလသမဂ္ဂအထွေထွေညီလာခံကနေ ကူမင်တန်တွေရုပ်သိမ်းဖို့ကို ဆုံးဖြတ်ချက်ချ တောင်းဆိုခဲ့ပါတယ်။ အဲဒီအချိန်တုန်းက UN မှာ ကိုယ်တိုင်လျှောက်လဲခဲ့သူ ကတော့ တရားရေး ဝန်ကြီးချုပ် Justice ဦးမြင့်သိန်း (Uncle Monty လို့လည်းခေါ်ကြပါတယ်) ပဲ ဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာတော့ မြန်မာ၊ ထိုင်းနဲ့ ထိုင်ဝမ်က တရုတ် အရာရှိတွေနဲ့ အမေရိကန်တွေ ဘန်ကောက်မှာ တွေ့ဆုံပြီး မြန်မာ့မြေပေါ်က ကူမင်တန်တွေ ဆုတ်ခွာရေးကို ဆွေးနွေးခဲ့ကြတဲ့ သမိုင်းတွေရှိခဲ့ပါတယ်။

    မြန်မာနဲ့ အမေရိကန် ဆက်ဆံရေးကတော့ ချစ်ကြည်ရေး ပျက်ပြားတဲ့အခြေအနေကို မရောက်ခဲ့ပါဘူး။ ၁၉၅၃ မှာဆိုရင် ဒုသမ္မတ ရစ်ချတ် နစ်ဆင် က မြန်မာပြည်ကို လာရောက်လည်ပတ်ခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန် ဆန့်ကျင်ရေး အသံတွေကိုတော့ သူကြားသွားခဲ့ရပါတယ်။ သူ့ရဲ့ ၂ ရက်ခရီးစဉ်အတွင်း မြန်မာပြည်ဟာ စစ်လိုလားတဲ့ ယန်းကီးတွေအတွက် မဟုတ်ဘူးဆိုပြီး ဆန္ဒပြုခဲ့သူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ နစ်ဆင်ရဲ့ ခရီးစဉ်အပြီး ဝန်ကြီးချုပ် ဦးနုက ဝါရှင်တန်ကို သွားရောက်လည်ပတ် ခဲ့ပါတယ်။

    ဦးနုက အမေရိကန် လွှတ်တော် ၂ ရပ်စလုံးမှာ မိန့်ခွန်းချွေခဲ့ရသလို သမ္မတကြီး အိုက်စင်ဟောင်ဝါနဲ့ မြန်မာပြည် ဝန်ကြီးချုပ် တို့ဟာလည်း ကိုရီးယားစစ်ပွဲတုန်းက တရုတ်ပြည်မှာ အထိန်းသိမ်းခံထားခဲ့ရတဲ့ အမေရိကန် လေတပ်က လေယာဉ်မှူးတွေရဲ့ ကိစ္စကိုလည်း ဆွေးနွေးခဲ့ပါတယ်။

    ဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ်ပြည်နဲ့လည်း ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ပြုလုပ်ခဲ့တဲ့ ဝန်ကြီးချုပ်ဦးနုက ဒီလေယာဉ်မှူး တွေ လွတ်မြောက်ရေးအတွက် ဝင်ရောက်စေ့စပ်ပေးခဲ့တာတွေ ရှိခဲ့ပါတယ်။

    ၁၉၆ဝ ကာလနောက်ပိုင်း အမေရိကန်နဲ့ မြန်မာပြည်အကြား ဆက်ဆံရေးမှာ အချိုးအကွေ့တချို့ ရှိတယ်လို့ ဆိုရမှာပါ။ ၁၉၆၂ မှာ ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့ တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပါတယ်။

    ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းခဲ့တာကို အမေရိကန်က ဘာမှမပြောခဲ့ပါဘူး။ ဇူလိုင် ရ ရက်နေ့မှာ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို မိုင်းနဲ့ခွဲ ဖျက်ဆီးပြီး ဆန္ဒပြကျောင်းသားတွေကို သတ်ခဲ့တဲ့အချိန်မှာလည်း ဝါရှင်တန်က ရေငုံနှုတ်ပိတ် နေခဲ့တာတွေ့ရပါတယ်။ ဒီနေရာမှာ ကွန်မြူနစ်တရုတ်နိုင်ငံက ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရကို မထောက်ခံဘဲ နောက်ပိုင်းမှာ ဖက်ဆစ်နေဝင်းအစိုးရ လို့ ပီကင်းရေဒီယိုက အော်ခဲ့သလို ဗမာပြည်ကွန်မြူနစ် ပါတီကိုလည်း ပြောင်ပြောင်တင်းတင်းဘဲ သူ့မြေပေါ်ကနေ တရားဝင် ကြေညာချက်ထုတ်ပြန်ခွင့် ပေးပြီး ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရကို ပြစ်တင်ရှုတ်ချစေခဲ့ပါတယ်။

    ဒီအချိန်ဟာ အင်ဒိုချိုင်းနားက တောင်နဲ့ မြောက်ဗီယက်နမ် စစ်ပွဲ အရှိန်ပြင်းထန်နေဆဲ ကာလလည်း ဖြစ်ပါတယ်။

    တရုတ်က ဗကပ ကို လက်နက်ထောက်ပံ့ပြီး နိုင်ငံရေးအရ အကူအညီ အထောက်အပံ့တွေ ပေးခဲ့ပါတယ်။ နေဝင်းအစိုးရ ဖြုတ်ချရေးပါ။ အမေရိကန်ကလည်း အဲဒီအချိန်မှာ လောနိုင်ငံက ကွန်မြူနစ်အစိုးရကို ဖြုတ်ချဖို့အတွက် စီအိုင်အေကပဲ တိုင်းရင်းသားတွေ ဖြစ်တဲ့ မြန်မာပြည်က ရှမ်း၊ လားဟူ၊ ဝ စတဲ့သူတွေကို ထောက်ပံ့ပြီး ထိုင်း – မြန်မာ – လော နယ်စပ်မှာ လှုပ်ရှားနေတဲ့ ကာလလို့ ဆိုရမှာပါ။

    အမေရိကန်က သူ့ရဲ့ အင်ဒိုချိုင်းနား စစ်ပွဲမှာ မြန်မာဟာ သူ့ရဲ့ မဟာမိတ်မဟုတ်ဘူး၊ ဒါပေမယ့် ကြားနေနိုင်ငံလို့ မြင်ပုံ ရပါတယ်။ ဦးနေဝင်းရဲ့ အစိုးရကလည်း ဘက်မလိုက် အဖွဲ့ကြီးထဲဝင်ပြီး သူ့ရဲ့ နိုင်ငံခြားရေးဝါဒဟာ ဘက်မလိုက် နိုင်ငံခြားရေး ဝါဒလို့ အတိအလင်း ကြေညာခဲ့တာဖြစ်တဲ့အတွက် မြန်မာ – အမေရိကန် ဆက်ဆံရေးဟာ ပုံမှန်အနေအထားလို့ ဆိုရင် မမှားပါဘူး။ စစ်ပွဲထဲကို မြန်မာက မဝင်ခဲ့ပေမယ့် မြန်မာဟာ ကွန်မြူနစ် ဘလော့ခ် (Bloc)နဲ့ရော အနောက်ဘက် အုပ်စုနဲ့ပါ အဆင်ပြေအောင် ပေါင်းခဲ့ရတယ်လို့ ဆိုရမှာပါ။

    ဗိုလ်ချုပ်ကြီးနေဝင်းဟာ စစ်ဦးစီးချုပ် ဘဝနဲ့တုန်းကလည်း အမေရိကားကို မကြာခဏ သွားခဲ့တာဖြစ်ပြီး ၁၉၆၂ အာဏာသိမ်းပြီး ၄ နှစ်အကြာမှာ တရားဝင် ခရီးစဉ်အဖြစ် အိမ်ဖြူတော်ကို သွားရောက်လည်ပတ် ခဲ့ပါတယ်။ အဲဒီမှာပဲ အမေရိကန် သမ္မတ လင်ဒန် ဂျွန်ဆင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

    အမေရိကန်တွေက မြန်မာခေါင်းဆောင်ရဲ့ အရိပ်အကဲကို စောင့်ကြည့်နေပုံရပါတယ်။ သူ့ကို ဧည့်ခံတဲ့ပွဲမှာ ဦးနေဝင်းက စကား သိပ်မပြောဘဲ ၂ နိုင်ငံချစ်ကြည်ရေး အဓွန့်ရှည်ဖို့ သဘောပဲပြောပြီး ရှမ်ပိန်ခွက်ကို မြှောက်ခဲ့တာဟာလည်း အမေရိကန်နဲ့ သိပ်ပြီး ဖက်လှဲတကင်း အရောတဝင် မရှိဘူးဆိုတာကို ပြတာလား၊ ဘက်မလိုက်မူဝါဒကို ကျင့်သုံးတာလား ဆိုတာ ကတော့ မေးခွန်းထုတ်စရာပါပဲ။ ဒါပေမယ့် ဦးနေဝင်းအစိုးရ ဟာ အဲဒီအချိန်တုန်းက အမေရိကန်ဆီက အကူအညီတချို့ကို ဆက်ပြီးယူနေတုန်းပါပဲ။

    အဲဒီအထဲမှာ စစ်ရေးအကူအညီ ပါလာလို့ အမေရိကန် စစ်ဦးစီးတက္ကသိုလ်ကို မြန်မာအရာရှိ ၂ ဦး နှစ်စဉ် ပို့ခွင့်ရှိပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ တပည့် သားမြေးတွေထဲက ကာကွယ်ရေးဦးစီးချုပ်ရာထူးကို တော်တော်ကြာကြာ ထမ်းဆောင်သွားခဲ့တဲ့ ဗိုလ်ချုပ်ကြီးသူရကျော်ထင် ကလည်း အမေရိကန် စစ်တက္ကသိုလ်မှာ တနှစ်သွားပြီး ပညာသင်ယူခဲ့ရတာပါ။

    ဦးနေဝင်းရဲ့ခေတ်မှာ MI ဆိုပြီး အားလုံးကြောက်ရတဲ့ MI တင်ဦး (မျက်မှန်တင်ဦး) ဟာဆိုရင်လည်း ဦးနေဝင်းရဲ့ ခိုင်းစေမှုကြောင့် ဆိုင်ပန်ကျွန်းမှာ စီအိုင်အေရဲ့ သင်တန်းပေးတာကို ခံယူခဲ့ရသူတဦးပါ။ အဲဒီခေတ်က ထောက်လှမ်းရေး အရာရှိတွေက အမေရိကန်မှာ ထောက်လှမ်းရေး မွမ်းမံသင်တန်းတွေလည်း တက်ခွင့်ရခဲ့တာဖြစ်ပါတယ်။

    ဒါ့အပြင် မူးယစ်ဆေးဝါးနှိမ်နင်းရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမေရိကန်က မြန်မာကို Bell 205 ဟယ်လီကော်ပတာတွေ ပေးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ မြန်မာ့တပ်မတော်ကတော့ မူးယစ်ဆေးကိစ္စမှာကော၊ ပြည်တွင်းစစ်မှာပါ သုံးခဲ့တယ်လို့ နိုင်ငံခြားသတင်းထောက် တွေက ရေးသားခဲ့ကြတာ ဖတ်ဖူးပါတယ်။

    အာဏာသိမ်းပြီး ၂ နှစ်အကြာမှာ တော်လှန်ရေးကောင်စီက အမေရိကန်ဆီက ယူနေတဲ့ အကူအညီကို ရပ်ဆိုင်းခဲ့တာပါ။ ၁၉၆၄ မှာပေါ့။ ၁၉၇၁ မှာ ကျင်းပတဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ ညီလာခံမှာ နိုင်ငံခြားအကူအညီ ပြန်ယူရေး ပေါ်လစီက ပြန်ကျ ခဲ့ပါတယ်။

    အဲဒီအချိန်ဟာ မြန်မာရဲ့ စီးပွားရေးဟာ အခြေအနေ မကောင်းတော့တဲ့ လက္ခဏာတွေ အထင်အရှား တွေ့နေရပြီ ဖြစ်ပါတယ်။ ဦးနေဝင်းကတော့ ကျားမြီးဆက်ဆွဲထားရမှာပဲ၊ လွှတ်လို့မရဘူးလို့ ပြောခဲ့တဲ့ ဝန်းကျင်ကာလ အပိုင်းအခြားတခုလို့ ထင်ပါတယ်။

    ဗီယက်နမ်မှာလည်း စစ်ပွဲဟာ ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။ ၁၉၇၅ မှာ ဦးနေဝင်း အစိုးရက အမေရိကန်ဆီက အကူအညီတွေ ပြန်တောင်း၊ ပြန်ယူရတာကို တွေ့ရပါတယ်။ ဗီယက်နမ် စစ်ပွဲက ပြီးတော့မှာကိုး။

    ဒီစစ်အေးတိုက်ပွဲကာလမှာ ရန်ကုန်ဟာ အမေရိကန်အတွက် စိတ်ဝင်စားစရာ ကောင်းတဲ့ မြို့တော်တခုလို့ ဆိုရင် မမှားပါဘူး။ အဲဒီတုန်းက ဆိုဗီယက် ရုရှားနိုင်ငံနဲ့ တရုတ်နိုင်ငံရဲ့ ဆက်ဆံရေးတွေ၊ ကွန်မြူနစ် ဘလော့ခ် တွေရဲ့ အကွဲအပြဲ တွေကိုလည်း စနည်းနာ ထောက်လှမ်းလို့ ရတဲ့ နေရာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆိုဗီယက်နဲ့ တရုတ်သံရုံးကြီးတွေဟာ ရန်ကုန်မှာ အတော်ကို ခြေရှုပ် အလုပ်များကြတဲ့ ကာလဖြစ်တဲ့အတွက် အမေရိကန်တွေလည်း သူတို့ကို စောင့်ကြည့်လို့ ကောင်းတဲ့နေရာဆိုရင် မမှားပါဘူး။

    အမေရိကန်အပါအဝင် အနောက်နိုင်ငံခေါင်းဆောင် တချို့ကလည်း အဲဒီကာလတွေမှာ မော်စီတုန်းရဲ့ တရုတ်နီ နိုင်ငံတော်ကြီးကို အနီးကပ် လေ့လာချင်ရင် ရန်ကုန်ကိုလာပြီး ဦးနေဝင်းဆီမှာ တီးခေါက်ကြတာတွေလည်း မကြာခဏ ဆိုသလို ရှိကြတာဖြစ်ပါတယ်။

    အဲဒီနိုင်ငံတကာ ဆက်ဆံရေးတွေမှာ မြန်မာ – အမေရိကန် ဆက်ဆံရေးဟာ ပုံမှန်အနေအထားမှာ ရှိတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ထိုင်း – မြန်မာနယ်စပ်က ကရင်လက်နက်ကိုင်တွေက Bell 205 ရဟတ်ယာဉ်ကြီးတစင်းကိုပစ်ချခဲ့တာတွေ ရှိခဲ့ပါတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာတင် မကဘဲ တိုင်းရင်းသားတွေကို တိုက်ခိုက်နှိမ်နင်းတဲ့ နေရာမှာ သုံးနေတယ် ဆိုတာ ပေါ်သွားတဲ့ အဖြစ်တခုပါပဲ။

    ဝါရှင်တန်က ဒီကိစ္စကို ဘာမှ တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါဘူး။ အဲဒီအချိန်မှာ အမေရိကန်ရဲ့ မူဝါဒက မြန်မာကနေ ထွက်ပြီး အမေရိကန်ပြည်ကို လှိမ့်ပြီးဝင်ရောက်နေတဲ့ ဟီးရိုးအင်းဘိန်းဖြူကိစ္စကို တားဆီးရေးပဲ ဖြစ်ပါတယ်။

    ဒါကြောင့် မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးတွေမှာ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ အတော်ရှိခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရွှေတြိဂံက ဘိန်းဖြူတွေကတော့ အမေရိကန်ဆီကို ရောက်ဆဲ ရောက်မြဲပါပဲ။

    ၁၉၈၈ မှာတော့ မြန်မာ – အမေရိကန် ဆက်ဆံရေးရဲ့ အပြောင်းအလဲ အချိုးအကွေ့ကို တွေ့ရမှာဖြစ်ပါတယ်။ ဒီမိုကရေစီ အရေးတော်ပုံကြီး အထွဋ်အထိပ်ကို ရောက်နေတဲ့ ကာလမှာ အထက်လွှတ်တော်အမတ် စတီဗင် ဂျေ ဆိုလာ့စ် ရန်ကုန်ကို လာခဲ့ပါတယ်

    အဲဒီတုန်းက တာဝန်ထမ်းဆောင်နေတဲ့ သမ္မတ ဒေါက်တာမောင်မောင်တို့နဲ့ တွေ့ခဲ့သလို ဒီမိုကရေစီ အရေးအခင်း စတင်ပြီး နောက်ပိုင်း ပါဝင်လာတဲ့ အတိုက်အခံခေါင်းဆောင် ဖြစ်လာမယ့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ တခြား နိုင်ငံရေးသမား တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အမေရိကန်သံရုံးရဲ့ သံအမတ်ကြီးက ဘာတွန် လီဗင်ပါ။ အမေရိကန်သံရုံးရဲ့ ရှေ့မှာ ဆန္ဒပြရင် လုံခြုံတယ်လို့ ယူဆပြီး ဆန္ဒပြခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေလည်း ရှိပါတယ်။ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး ကြွေးကြော်သံတွေ လှိုင်လှိုင်ညံခဲ့တဲ့ ကာလတွေပါ။ ဒီလူတွေက အနောက်ကို လိုလားသူတွေ၊ အမေရိကန် လက်သပ်မွေးတဲ့ သူတွေလို့ နောက်ပိုင်းမှာ တက်လာတဲ့ စစ်အစိုးရက ပြောခဲ့ပါတယ်။

    အဲဒီလိုနဲ့ မကြာခင် သံရုံးရှေ့ဆန္ဒပြသူ တွေကို ပြောင်ပြောင်တင်းတင်း ပစ်ခတ်ခဲ့တဲ့ ကိစ္စတွေ ဖြစ်ပွားခဲ့ပြီး အထောက်အထား ဓာတ်ပုံတွေကော၊ အစီရင်ခံစာတွေကိုပါ သံအမတ်ကြီး ဘာတွန် လီဗင်က ဝါရှင်တန်ကိုပို့ပြီး အစီအရင်ခံခဲ့တာ ဖြစ်ပါတယ်။

    ဒါ့အပြင် ထူးခြားတာက အမေရိကန် ရေတပ်သင်္ဘော အုပ်စုတစုက မြန်မာပြည်ရေပိုင်နက် အနားကို ရောက်လာတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ဒီသင်္ဘောတွေကို စတွေ့တာက စက်တင်ဘာ ၁၂ ရက်နေ့လို့ မြန်မာဘက်က ပြောပါတယ်။ တစီးကတော့ လေယာဉ်တင်သင်္ဘော Coral Sea ပဲ ဖြစ်ပါတယ်။ အာဏာသိမ်းဖို့က ၆ ရက်ပဲ လိုပါတော့တယ်။ အမေရိကန် ဘက်က အကြောင်းပြတာကတော့ သူ့ရဲ့ သံရုံးဝန်ထမ်းတွေကို အရေးပေါ်ရွှေ့ပြောင်းဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

    မြန်မာဘက်ကတော့ ဒါဟာ အမေရိကန်ရဲ့ ကျူးကျော်မှု ခြေလှမ်းတခုပဲလို့ မြင်ခဲ့ပုံရပါတယ်။

    အမေရိကန် လွှမ်းမိုးမှုကို သမိုင်းတလျှောက်မှာ ဆန့်ကျင်ခဲ့တာ တပ်မတော်နဲ့ တပ်မတော်အစိုးရပဲလို့ နဝတ/ နအဖ စစ်အစိုးရ လက်ထက်မှာ သိက္ခာတင် ပြောလေ့၊ ရေးလေ့ ရှိတာဖြစ်ပါတယ်။

    စက်တင်ဘာ ၁၈ ရက်နေ့မှာ တပ်မတော်က အာဏာသိမ်းခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းရဲ့ ညွှန်ကြားမှုပါတယ် ဆိုတာ ဘယ်သူမှ ငြင်းမယ့်ကိစ္စ မဟုတ်ပါဘူး။

    ဒီမှာ ပြောင်းခဲ့တာကတော့ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဆက်ဆံရေး၊ နိုင်ငံတကာနဲ့ အနောက်နိုင်ငံတွေရဲ့ ဆက်ဆံရေးပဲ ဖြစ်ပါတယ်။ အမေရိကန်က သံတမန်ဆက်ဆံရေးကို လျှော့ချခဲ့ပါတယ်။ သံအမတ်အဆင့်မထားတော့ဘဲ သံရုံးတာဝန်ခံ အဆင့်ပဲ ထားခဲ့ပါတယ်။

    အနောက်နဲ့ အမေရိကန် ဆန့်ကျင်ရေးကိုလည်း မြန်မာသတင်းစာတွေမှာ နေ့စဉ်နီးပါး စဖတ်ခဲ့ရပါတယ်။

    တဘက်မှာတော့ အရင်က ဦးနေဝင်းအစိုးရကို ဖြုတ်ချဖို့ အလုံးအရင်းနဲ့ ကြိုးစားခဲ့တဲ့ တရုတ်က မြန်မာနဲ့ ဆက်ဆံရေး ပြန်ပြီး အလွမ်းသင့်လာတဲ့ ကိစ္စပါပဲ။

    ၁၉၆ရ မှာ တရုတ် – ဗမာ အဓိကရုဏ်း ဖြစ်ခဲ့ပြီး တရုတ်အစိုးရက ဖက်ဆစ်လို့တောင် ခေါ်ခဲ့တဲ့ ဦးနေဝင်းနဲ့ တရုတ်အစိုးရ အကြားမှာ ဆက်ဆံရေးတွေ ပြန်ကောင်းလာခဲ့သလို ၁၉၈ဝ အစောပိုင်းကစပြီး တရုတ်ရဲ့ မူဝါဒ ပြောင်းပြီး ဗကပ အပေါ်ထောက်ပံ့မှုတွေကို ဖြည်းဖြည်းချင်း ဖြတ်တောက်ခဲ့တာ တွေ့ရပါတယ်။

    ၁၉၇၆ မှာတော့ တရုတ်ပြည်မှာ မော်စီတုုံးရော ချူအင်လိုင်းပါ ကွယ်လွန်သွားခဲ့ပါတယ်။ နောက်တက်လာတဲ့ တိန့်ရှောင်ဖိန်က Pragmatic ကျတဲ့ ခေါင်းဆောင်တဦးပါ။ သူ့ရဲ့ လက်ထက်မှာပဲ ဗကပအပေါ်ထားတဲ့ ပေါ်လစီက စပြီး ပြောင်းလဲခဲ့ပါတယ်။ ဒါကို ဦးနေဝင်းက မြင်ခဲ့ပါတယ်။

    အဲဒီအချိန်မှာ ကမ္ဘောဒီးယားက ခမာနီ ပြောက်ကျားတွေကို ထောက်ခံအားပေးနေတာက တရုတ်အစိုးရ ဖြစ်ပါတယ်။ ဖနွမ်းပင်ကို သိမ်းထားပြီး အထီးကျန်နေတဲ့ ခမာနီခေါင်းဆောင်တွေဆီကို ပထမဆုံး သွားရောက်လည်ပတ်တဲ့ နိုင်ငံခြား ခေါင်းဆောင်ကတော့ ဘယ်သူမှမဟုတ်ပါဘူး။ ဦးနေဝင်းကိုယ်တိုင်ဖြစ်ပါတယ်။ ၁၉၇ရ နိုဝင်ဘာလမှာ ဦးနေဝင်း ဖနွမ်းပင်ကို သွားခဲ့တာပါ။

    ၁၉၇၈ မှာတော့ တရုတ်မြန်မာ ဆက်ဆံရေး အပြောင်းအလဲတွေ တွေ့နေရပါပြီ။ ဗကပ တွေကို တရုတ်နယ်ထဲကနေ ပန်ဆိုင်းကို ပြန်ရွှေ့ခိုင်းတယ်။ “ပြည်သူ့အသံ” လည်း ပါသွားပါတယ်။ တရုတ်က ပေးထားတဲ့ “Volunteer” ဆိုသူတွေကိုလည်း တရုတ်က ရသလောက် ပြန်ခေါ်သွားပါတယ်။

    အဲဒီနှစ်မှာပဲ တိန့်ရှောင်ဖိန်ဟာ မြန်မာပြည်ကို ၆ ရက်ကြာ ခရီးသွားရောက်ခဲ့ပါတယ်။ ဦးနေဝင်းရဲ့ အထူးဧည့်သည်တော် အဖြစ် လာခဲ့တာဖြစ်ပါတယ်။

    ဗကပ ဘက်က မျက်ဖြူစိုက်ခဲ့ရတဲ့ အချိန်ဖြစ်ခဲ့သလို မြန်မာနဲ့တရုတ်နိုင်ငံအကြားမှာ သံတမန် ဆက်ဆံရေးလမ်းတွေ ပိုကောင်းလာပြီး တရုတ်က အကူအညီတွေ စပြီး ပြန်ပေးခဲ့ပါတယ်။ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းတွေ ပြန်ဖွင့်ခဲ့တဲ့ ကာလပါ။

    ၁၉၈၈ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ မြန်မာရဲ့ အဓိက မဟာမိတ်ဟာ တရုတ်နိုင်ငံ ဖြစ်သွားခဲ့ပါတယ်။ အဲဒီအချိန်က စပြီး ရွှေလမ်း ငွေလမ်း ဖောက်ကြတဲ့ ကာလကို ရောက်ခဲ့ပါတယ်။ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး အသံတွေ ညံနေအောင် ကြားရတဲ့ အချိန်ကာလပါပဲ။

    ဒီမိုကရေစီ အရေးအခင်းကို စစ်တပ်က ရက်ရက်စက်စက် ဖြိုခွင်းပြီးနောက်ပိုင်း မြန်မာကို လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဒီမိုကရေစီ ဆိတ်သုဉ်းမှု စတာတွေနဲ့ ပတ်သက်ပြီး အပြစ်တင် ဖိအားပေး အရေးယူ ပိတ်ဆို့မှုတွေ ဆောင်ရွက်ခဲ့တာကတော့ အမေရိကန် နိုင်ငံပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ က ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ အတိုက်အခံတွေကို ကူညီထောက်ခံခဲ့တာ ကလည်း အမေရိကန်ပဲ ဖြစ်ပါတယ်။

  • maungmoenyo

    December 2, 2011 at 10:57 am

    ဒါတွေကိုကြည့်ရင် အရင်မြန်မာအစိုးရအဆက်ဆက် က အမေရိကားနဲ့ ဥရောပကိုဘဲ လူရာသွင်းပါတယ်။ အရှေ့တောင်အာရှ ဆိုတာက မြန်မာကိုကြည့်ပြီးသရေကျနေရတဲ့ဘဝပါ။ ဘက်မလိုက်ဆိုတဲ့ မူဝါဒစကားလုံးကို တီထွင်ပြီးကမ္ဘာ့နိုင်ငံရေးဇာတ်ခုံကိုတင်ခဲ့တာက မြန်မာပါ။ မြန်မာနိုင်ငံက အဦးဆုံးဒီဝါဒကိုဖေါ်ထုတ်ခဲ့တာက တည်မြဲ ဦးကျော်ငြိမ်း (နောက် သခင်နုကဝင် နံ့မယ်ရသွားတယ်)၊ သူနဲ့ခေတ်ပြိုင်လိုက်ပြီး ဝေလေလေကြတာက ယူဂိုစလားဗီးယားက မာရှယ်တီးတိုး၊ အီဂျစ်ကဆဒတ်၊။ မြန်မာခေါင်းဆောင်တွေက အဲ့ဒီလို ခေါင်းဆောင်ကြီးတွေနဲ့ ဖုံးဆက်စကားပြော၊ သူတို့ဆီသွားလည်ရင်လဲ အိမ်မှာခေါ်လယ်ပြီးမိသားစုနဲ့ရင်းရင်းနှီးနှီးဆက်ဆံ။ အဲ့လိုနေခဲ့ကြတာကလား။ ဟိုချီင်းတို့ဆိုတာက မြန်မာကို ဆက်ဆံရာမှာ၊ ခုခေတ်မြန်မာက စင်္ကံာပူကို အားကျနေရတဲ့ဘဝပါ။ ရုရှားကဝန်ကြးီချုပ်ဗီဗီယန်ဆိုရင်၊ မြန်မာမိန်းကလေးတွေကိုသဘောကျလို့တဲ့လေ။ (ဟဲဟဲ- အဖြစ်မှန်တွေနော)
    ပြောချင်တာက- မြန်မာတွေက ခေသူမဟုတ်ဘဝနဲ့ ရေမြင့်ကြာတင့်ခဲ့တာလေ။ ခုကြည့်ပါအုံး။
    ဝါရှင်တန်မြန်မာသံရုံးက ကလင်တန်နဲ့အဖွဲ့ကြိုက်တတ်မဲ့အစားအသောက်မျိုးတွေကို ခရီးစဉ်မှာပါတဲ့သူအားလုံးစိတ်ကြိုက်ဖြစ်ရအောင် ဖုံးတဂွမ်ဂွမ်ဆက်ပြီးမေးကြရတဲ့ဘဝရောက်နေတယ်လေ။ မိသားစုပုံစံမျိုးတွေ့ဆုံမှုမျိုးကို ရာစုတဝက်ကြာမှ မြန်မာအစိုးရမင်းများသဘောပေါက်တယ်။
    ဒေါ်စုနဲ့ကတကြိမ်
    အခုကလင်တန်နဲ့တကြိမ်
    မိသားစုလိုက်တွေ့ရတဲ့ပွဲတွေ
    မှတ်ချက်။ ။သူကြီးရာ- နစ်ဆင်နဲ့ ………ပုံမြင်တော့မျက်ရေလည်မိပါတယ်။

Leave a Reply