အစ္စရေးအစားအစာ…
ကျွန်မလည်း ပြီးခဲ့တဲ့ ရက်တွေတုန်းက နေမကောင်းတာရယ်၊ ပျင်းတာရယ် ရောပြီး စာကို မရေးဖြစ်ဘူး။ ဒါကြောင့် ရွာထဲမှာ ပေးရမဲ့ အကြွေးတွေ ပုံနေသလို၊ တာဝန်ပဲ မကျေသလို ကိုယ့်ဘာသာခံစား မိပြီးနေမထိထိုင်မသာ။ အရင်ကဆို အနည်းဆုံး တပတ်တပုဒ်လောက်တော့ ရေးဖြစ်တယ်။ လွန်ရောကျွန်ရော နှစ်ပတ်ပေါ့။ ရေးလက်စ အစ္စရေးအကြောင်းတွေလည်း ကျန်သေးရဲ့။ စိတ်ကူးထဲက စာတွေလည်း အပြည့် ရေးသာမရေးဖြစ်တာ အတွေးထဲတော့ စာစီနေတာပါပဲ။ ကျွန်မသိသလောက် ခရစ်ယာန်ဘာသာတွေ အတွက် အရေးပါတဲ့ သခင်ယေရှု နှစ်ခြင်းခံရာ ဂျော်ဒန်မြစ်နေရာတွေ၊ ခရူးဆိတ်စစ်ပွဲနေရာတွေ အို…အကြွေးပေးစရာတွေ ကျန်နေသေးပါလားလို့ ကိုယ့်ဘာသာ သတ်မှတ်ပြီး ဒီရွာထဲ နေပြီး ဒီရွာသူတာဝန်မကျေသလို ဘာလိုလို။ ဒါနဲ့ပဲ ဒီနေ့တော့ မဖြစ်မနေ ရေးမဟဲ့လို့ အားတင်းပြီး သကာလ အစ္စရေး အစားအစာအကြောင်း တင်လိုက်ပါတယ်။ (အခုတလော ရွာထဲမှာ တင်တဲ့ စာတွေကလည်း စာကောင်းတွေများတာမို့ ကိုယ့်စာလေး မျက်နှာငယ်မှာ စိုးတာလည်းပါတာပေါ့) 🙂
သမ္မာကျမ်းစာမှာ အစ္စရေးနိုင်ငံကို “နို့နှင့် ပျားရည်ပေါကြွယ်သည့် မြေ” ( Land 0f Milk and Honey) လို့ ဖော်ပြထားပါတယ်။ တကယ်ကိုလည်း နို့နဲ့ ပျားရည် ပေါပါတယ်။ အစ္စရေးစားသောက်ဆိုက်မှာ အစ္စရေးစာ စားမယ်ဆိုရင် Falafe ( ဗယာကြော်) ၊ Shawarma (နံပြား နဲ့ တူပါတယ်)၊ humous (ကုလားပဲပြုတ်ထားတာကို ကျိတ်ပြီး သံလွင်ဆီ ၊နှမ်း စတာတွေနဲ့ ရောစပ်ထားပြီး အနှစ်လုပ်ထားတာ) ၊ ခရမ်းချဉ်သီး ၊ မုန်လာဥနီ၊ သခွားသီး၊ ဂေါ်ဖီကို အချဉ်တည်ပြီး သုတ်ထားတာတွေကို စားကြပါတယ်။
Falafel (ကုလားပဲကြော်လုံး)
မြို့တိုင်း နေရာတိုင်းမှာ လမ်းဆုံလမ်းခွတွေ၊ ဈေးတွေ၊ စူပါမားကတ်တွေတိုင်းမှာ Falafel ဆိုင်တွေ ရှိပါတယ်။ ကျောင်းသူ၊ ကျောင်းသားတွေ ငွေမရွှင်သူတွေ နေ့လည်စာအဖြစ် တဝစားသုံးလေ့ရှိတဲ့ သည်မုန့်ကို အရသာရှိအောင် Yemen ဂျုးတွေက စတင်ဖန်တီးထားတာပါ။
Shawarma
Pata လို့ခေါ်တဲ့ နံပြားလို ဂျုံဝိုင်းကို ကတ်ကြေးလေးနဲ့ဖေါက်၊ ကြက်သား အသားလွှာတွေကို ဒေါင်လိုက်လည်ပတ်နေတဲ့ တံစို့မှာ ထိုးပြီး ဖြည်းဖြည်းခြင်း ကင်ထားတဲ့ အသားကိုလှီး ပီတာထဲကိုထည့်၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ သခွားသီး၊ ဂေါ်ဖီ စတဲ့ ဆလပ်တွေထည့်၊ ဟူးမု ခေါ်တဲ့ ကုလားပဲနှစ်တွေကို ပီတာထဲ အဆာသွတ်ထည့်ပြီး စားရတဲ့ အစားအစာ တမျိုးပါ။ တချို့ကတော့ ပေါင်မုန့်အလုံးအရှည်ကို ထက်ခြမ်းခွဲပြီး အဆာသွတ်စားတတ်ကြတယ်။
ကျွန်မလည်း ရောက်စက မစားတတ်ပေမဲ့ အခုတော့ Shawaram ကို နှစ်သက်သဘောကျလာပါပြီ။ Shawaram တခု စားရင် ကြက်အကောင်တရာရဲ့ အသားကို တပြိုင်တည်း စားရသလိုပဲလို့ တချို့တွေက ဆိုကြပါတယ်။ Shawaram ဆိုင်ကိုသွား မုန့်တခုမှာ အာလူးချောင်းကြော်ရယ်၊ ဖလာဖယ်ရယ်၊ ဆလပ်တွေရဝ်၊ ကိုလာလေးရယ်နဲ့ တကယ်စားကောင်းတဲ့ အစာတခုပါပဲ။
ပြီးခဲ့တဲ့ ရက်က ရွာသားတွေကို အစ္စရေးအစာ ကျွေးချင်လွန်းလို့ မိသားစုလိုက် ဆိုင်ကို ချီတက်ခဲ့ပါတယ်။ မုန့်မှာလည်း ပြီးရော ကျွန်မလည်း အားမနာတမ်း စပြီးဓါတ်ပုံ ရိုက်ပါတော့တယ်။ ဆိုင်ရှင်ဂျုးကလည်း သူ့ဆိုင်မှာ မုန့်လာစားလို့သာ ရိုက်မလွှတ်တာ ထင်တယ်။ ကျွန်မက တဆိုင်လုံး တဖြတ်ဖြတ်ရိုက်နေတော့ လက်ပိုက်ပြီး ရပ်ကြည့်နေလို့ သွားလေးဖြဲ ရီပြပြီး အသာကိုယ့်နေရာကိုယ် ပြန်ထိုင်နေရတယ်။ ဒီဂျုးတွေ လွယ်တာမဟုတ် အားလည်းမနာတတ်တဲ့ လူမျိုးတွေဆိုတော့ တော်ကြာ လူအများ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်တယ် ဆိုပြီး နှင်ထုတ်ချင် ထုတ်မှာ။ ကဲ…အခုတော့ မျက်စိနဲ့ပဲ စားသွားကြပါဦးနော့်။
32 comments
Moe Z
December 5, 2011 at 5:04 pm
မမမှီ အစ္စရေးအစားအစာဆိုပြီး ဖရန့်ချ်ဖရိုက်ကဘာလို့ပါလာတာလဲ 🙂
ပုံတွေကြည့်ပြီးဗိုက်ဆာလာပြီ ..
ဆူး
December 5, 2011 at 5:30 pm
ပုံတွေကြည့်ပြီးတော့ တခုတွေးမိတယ် အဲဒီပုံစံနဲ့ ဟင်းတွေ စားစရာတွေ ချည်းသာ ဆိုရင် ဆူး စားနိုင်မယ် မထင်ဘူး။ မဆလာ များမလား မသိဘူးနော်။
မိုက်ကယ်ဂျော်နီအောင်ပု
December 5, 2011 at 5:36 pm
ကြက်သားအလွှာတွေကို ကင်ပြီး ပလာတာလို ဟာနဲ့ စားရတာ
ဆိတ်သားကို အိုက်ဒလိုလုပ်တာလည်း စားကောင်းတယ်
ဇဂါးမစပ် ကြုံလို့ပါ
ဘလော့ထဲမှာလည်းပါဘာတယ်
အမေရိကန်က အဒေါ်ကြီးရဲ့ နေ့လည်စာမှာပါတဲ့ ငါးရှဉ့်ကြော် ဆိုတာလေးတွေ့မှ
ငါးရှဉ့်ခုတ်ထစ်ထားပြီးသားတွေ ဝယ်ထားပြီးမှ ဘယ်လိုလုပ်စားရမှန်းမသိလို့
ဒီတိုင်းရေခဲသတ္တာထဲမှာခဲထားတာ အတော်ကြာနေပြီ
ကျေးဇူးပြုကြပါဗျို့
သူများအသက်ကို ဘယ်လိုများ ချက်ပြုပ်စားသောက်ရသလဲဆိုတာ 😀
တစ်ကယ်မသိလို့ပါ
hmee
December 5, 2011 at 8:47 pm
ဆူးရေ ဂငယ်တွေက မဆလာတော့ နိုင်တယ်။ ကြက်သား၊ ဆိတ်သားတွေဟာ အဲ့လိုကင်လို့ မဆလာမနိုင်ရင် အလွန်ညှီတာ။ အခုသူတို့က မဆလာသုံးတယ်ဆိုပေမဲ့ ကုလားမဆလာတွေလို အနံမရှိဘူး။ အညှီနံလည်း လုံးဝမထွက်လို့ မဆလာနံဆို အရမ်းကြေးများတဲ့ အမတောင် အဲ့ဒီ့ ကြက်ကင်ကို ကြိုက်တယ်။ တခါတလေများဆို အသားကင် သပ်သပ်ဝယ်ပြီး ဟင်းအဖြစ်တောင်စားတာ။
ကိုအောင်ပုရေ ဒါများ အလွယ်လေး။ ခုတ်ထစ်ပြီးသားတွေကို အရိုးထွှင်လိုက် ပြီးတော့ရေဆေး ဆားသင့်ရုံနယ်ပြီးထား။ ဇလုံတလုံးထဲကို ဂျုံမှုန့်၊ ငရုပ်ကောင်းမှုန့်၊ ငရုပ်သီးအရောင်တင်မှုန့်နဲ့ ဆားလေးနဲနဲထည့် နယ်လိုက်ပါ။ ပြီးရင် ခုနက ငါးရှည့်တွေကို ဇလုံထဲထည့် ဂျုံကပ်ပြီး အိုးထဲကို ဆီများများထည့် ဆီပူလာရင် ဂျုံကပ်ထားတဲ့ ငါးရှည့်တွေထည့်ကြော်။ နီရောင်သမ်းလာပြီး ကြွပ်လာရင် ဆယ်ပြီး ဟင်းအဖြစ်စားလိုလျှင်စား (သို့) ဘီယာလေးနဲ့ မြည်းလည်း လွှတ်ကောင်းပေါ့။
မိုက်ကယ်ဂျော်နီအောင်ပု
December 6, 2011 at 11:30 am
သိုင်းကယူး ပါ အဒေါ်
Thanlwinoo
December 5, 2011 at 5:37 pm
အားနာ ပါးနာနဲ့စားလိုက်တာ ဗိုက်တောင်အတော်တင်းသွားပြီ..။
ံHumous ကုလားပဲနှစ်က (ကုလားအစာ) တိုရှည်ဟင်းရည်နဲ့ ဆင်မယ်ထင်တယ်..။
ရန်ကုန်မြို့ ၂၆-လမ်းမှာ (နှစ်တစ်ရာကျော်သက်တမ်းရှိ) ဂျူးဘုရားကျောင်းတစ်ခုနဲ့
ကန်တော်လေး၊ ၉၁-လမ်းမှာ ဂျူးသင်းချိုင်းတစ်ခုရှိပါတယ်..။
thit min
December 5, 2011 at 7:06 pm
မမှီပျောက်နေပါတယ်လို့ တွေးနေတာ။
လူဦးရေများတိုးတာလားလို့ (^^)
~~~~~~~
စားစရာတွေကတော့ သေချာတယ်။ ဗေဒင်မမေးနဲ့ ခဏ ခဏ စားရင် “ဝ” လာမယ်။
ရေးဘူးတယ်နော် ကျနော် – တခါတည်းပါနှင့် နောက်ဆက်တွဲများ ဆိုပြီး။
hmee
December 5, 2011 at 8:59 pm
Humous က တိုရှည်ဟင်းရည်နဲ့တော့မတူဘူး သူက အရမ်းပျစ်ပါတယ် (ဒိန်ချဉ်လောက် နီးနီး)
ကိုသစ်မင်းလည်း ကိုရင်စည်သူရဲ့ အကြားအမြင်နည်းကိုများ ကျင့်နေသလား။ 🙂 တနေ့တခြား သွေးကလည်း အပြိုင်လိုက်တိုးနေတာရယ်၊ မောနင်းဆစ်ရယ်ကြောင့် ရွာထဲကို အရောက်အပေါက်နည်းနေတာပါ။
koyinmaung
December 5, 2011 at 7:24 pm
ဗိုက်တောင်ဆာလာပြီ……
မစားရညှော်ခံဘဝပါလားနော်
windtalker
December 5, 2011 at 7:59 pm
ဗယာကြော် လေးတွေ မြင်တော့ စားချင်လာတယ်ဗျာ
အန်တီမှီ ရန်ကုန်ရောက်ရင် လာတွေ ့ပြီး ကြော်ကြွေးခိုင်းမယ်နော်
small cat
December 7, 2011 at 7:15 am
ကိုပေ ကျနော်လည်းဗယာကြော်ကြိုက်သဗျ… ငယ်ငယ်က ဗယာကြော်သေးသေးလေးတွေကျူရှင်ခန်းထဲဝယ်သွားပြီး ပဲလှော်ဝါးသလိုဝါးနေတာ ဆရာတွေ့ သွားပြီးအထုပ်ကို အခန်း ရှေ့ယူသွားပြလို့ အတန်းသားတွေ ဝိုင်းရီကြတာပြန်သတိရသွားတယ်။
ပေါက်ဖော်
December 5, 2011 at 8:17 pm
ရှလွတ်..ဂလု..
ဘတ်ထ်
ချဉ်ငံစပ်..တွေပိုကြိုက်တာ..
လျှောက်သီးသုပ်.
ငါးရှဉ့်ခြောက်စပ်..(ကအောင်ပုရေခဲသေတ္တာထဲရှိသတဲ့)
ငနီတူသုပ် ဂလု..ရှလွတ်..
weiwei
December 5, 2011 at 9:29 pm
တရုတ်ပြည်မှာနေတုန်းက နိုင်ငံပေါင်းစုံကလူတွေနဲ့ မီးဖိုတစ်ခုထဲ သုံးခဲ့ရဖူးတယ် … မဆလာနံ့ပေါင်းစုံရှူခဲ့ရဖူးတယ် … မူဆလင်တွေများတော့ အမျိုးသမီးတွေက တစ်နေကုန် ချက်တော့တာပဲ … သူတို့ဟင်းနံ့တွေ သိပ်မခံနိုင်တာနဲ့ ဘယ်လိုချက်လဲလို့ မစပ်စုဖြစ်ခဲ့ဖူး … ကပ္ပလီတွေချက်ရင် အနံ့ကတစ်မျိုး .. ဗီယက်နမ်ကတစ်မျိုး … ကိုရီးယားကတစ်မျိုး .. မြန်မာကတော့ အဆိုးဆုံးလားမသိဘူး … ငါးပိစိမ်းစားနဲ့သာချက်လိုက်ရင် တစ်ထပ်လုံး ထွက်ပြေးတော့တာပဲ … 😛
naywoonni
December 5, 2011 at 9:29 pm
သွားရည်ကျလာပြီဗျို့ ….။ နောက်ဆို တစ်ကယ် လက်လှမ်း ယူပြီးစားလို့ရတာပဲ တင်ပါဗျာ….။ ဟီး ဗိုက်တစ်ကယ်ဆာလာတယ်…။ 😛
pooch
December 6, 2011 at 12:34 am
စားလို့ ကောင်းမဲ့ပုံလေးပဲ အသုပ်လေးတွေက ..စားချင်စဖွယ်..
ဒါနဲ့ ကျမလည်း မမှီရွာဝင်ကျဲမယ်လို့ ပြောတုန်းက စိတ်ထဲ ကိုသစ်မင်းထင်သလိုပဲ တွေးလိုက်မိတယ်..
ဘာရယ်မဟုတ် .. ဒီလိုပဲ ထင်လိုက်မိတာ..
ရွာသားတွေ အကြားအမြင်များ ရနေသလား မသိဘူး.. 😛
နောက်ရေးနေကျ တယောက်ယောက်များပျောက်နေရင်လည်း သိတယ် ပြောတော့ မပြောဖြစ်ဘူးပေါ့လေ သို့သော် သိနေတယ်စိတ်ထဲ ဘယ်များရောက်နေသလဲ မအားဘူးထင်ပါ့လို့တော့ တွေးမိတယ်…
ပြောရရင် ကိုယ့်မိသားစုထဲကတယောက်ကို မတွေ့မိသလိုမျိုး ခံစားရတယ်..
bigchef
December 6, 2011 at 5:15 am
shawama နဲ ့ falafe ကိုmiddle east က လူတွေ တော်တော် များများ ကြိုက် ကြ ပါ တယ်။ အထူး သဖြင့် အာ ရပ် တွေ တော် တော် ကြိုက် ကြ ပါ တယ်.။shawama ရဲ ့ မူ ရင်း က ဂ ရိ က လို ့ လည်း ပြော ကြ တယ်. ကျွန်တော် က တော ့ shawama စား ရင် pickle မပါ မှ စား တယ်.. သူ တို ့ pickle က အ ရမ်း ချဉ် တာ။
hmee
December 6, 2011 at 2:02 pm
ဟုတ်ပါတယ် middle east ရဲ့ အဓိက အစားအစာ ထင်ပါတယ်။ falafe ကတော့ မူရင်းက ဂရိပါ။ ရှေးဟောင်းသုတေသန ပညာရှင်တွေက အီဂျစ်ဖာရိုဘုရင်ရဲ့ အုတ်ဂူထဲမှာ အတွင်းချေထားတဲ့ ကုလားပဲစတွေ ရှာဖွေတွေ့ရှိခဲ့တာမို့ ကုလားပဲလုံးကြော်ဟာ အီဂျစ်က စတယ်လို့ ဆိုကြပါတယ်။ Shawarma ကိုတော့ တူရကီက စတင်တာပါ။ သိုးသားချပ်တွေကို ဒေါင်လိုက်လည်နေတဲ့ တံစို့မှာ ကင်ပြီးစားတာပါ။ humous ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ဝလောက်ကတည်းက မြောက်အာဖရိကက စတင်တာပါတဲ့။ ဒါပေမဲ့ အခုတော့ အစ္စရေးမှာ အစ္စရေးအစားအစာ အဖြစ် နှစ်နှစ်ခြိုက်ခြိုက် စားနေကြပါတယ်။
nozomi
December 6, 2011 at 11:12 am
မမှီ ကြီး မတွေ့တာ ကြာပြီ
အားလုံးက စားချင်စရာတွေချည်းပဲ
ဘယာကြော်ကတော့ အညာမှာစားရတဲ့ အလယ်မှာ အကွင်းလေးနဲ့ မွမွလေးကို တော့ အကောင်းဆုံးလို့ ထင်တာပဲ
မြန်မာပြည်ပြန်လာဘို့ အစီအစဉ် မရှိသေးဘူးလား
ကြောင်ကြီး
December 6, 2011 at 11:17 am
ကျနော်တို့ဆီမှာလည်း gyro လို့ခေါ်တဲ့ ကြက် သို့ သိုးသားကို မဆလာနဲ့ ရောမွှေထားတာ စားလို့ကောင်းတယ်။ သိုးသားစစ်ရင် ဈေးကြီးတယ်၊ လမ်းဘေးဆိုင်တောင် ဟင်းနဲ့ထမင်း တဗူးကို ၈ဒေါ်လာလောက်ပေးရတယ်။ ကြက်သားကတော့ ၅-၆ ဒေါ်လာလောက်ပဲရှိတယ်။ ဖလာဖာ ဗယာကျော်နဲ့ အာလူးကျော်၊ Shawarma ကိုတော့ ဒီမှာ နာမည်တမျိုးနဲ့ခေါ်တယ်။ သက်သက်လွတ် ရောင်းတာပဲ စားဖူးတယ်။ ဘစ်ရှက်ဖ် ပြောတဲ့ Shawarma ဂရိလူမျိုးတွေဆီက လာတာဆိုတာ ဖြစ်နိုင်တယ်။ ဂရိဆိုင်တဆိုင်မျာ စားဖူးတယ်။ လမ်းဘေးဆိုင် အရှေ့အလယ်ပိုင်းအစာအနေနဲ့ ရောင်းတဲ့အရသာလောက် လျှာမတွေ့ဘူး။ Shawarma ထဲမှာ အစုံရောထည့်ထားတဲ့ ဖလာဖာ၊ ဆလပ်ရွက်များ၊ သခွားသီးအချဉ်စိမ်၊ humous အဖြူနှစ်ရည်ကို စားလိုက်ရရင် ဘယ်ပြောကောင်းမလည်း။ အသားမပါ မစားတတ်သူတောင် နေ့လည်စာကောင်းကောင်းဖြစ်တယ်။။။။။
hmee
December 6, 2011 at 2:15 pm
ကိုနိုဇိုမီရေ ဘယာကြော်က ကျွန်မတို့ အညာမှာရောင်းတဲ့ အလယ်က အကွင်းလေးနဲ့ မွမွလေးလို အရသာပါပဲ။ အဲ့လို ပွပွ မွမွလေးပဲ ပုံစံသာကွာတာ အရသာရော ဝါးရတာရော အတူတူပဲ။ ပြန်မဲ့အကြောင်းကို ပို့စ်တင်မလား စိတ်ကူးထားတာ။ 🙂 ဂေဇက်ရွာသူ မှီ အမှတ် တရ ဆိုပြီး။ လာမည့် ဇန်နဝါရီလကုန်လောက် ပြန်ဖြစ်မယ် ထင်ပါတယ်။ မောင်ပေ ရန်ကုန်သွားတယ် ဖတ်ရတုန်းက ဆူးကို ပြောထားတယ် ပြန်ရောက်ချိန်မှာ ဖြစ်နိုင်ရင် ရွာသူားတွေနဲ့ ဆုံချင်လိုက်တာလို့။ 🙂
ကိုကြောင်ရေ ဒီမှာလည်း Shawarma တခုကို ၂၅ရှကယ်ပေးရတယ်။ ဒေါ်လာနဲ့ဆို ရဒေါ်လာလောက်ကျတယ်။ Shawarma တခုနဲ့ ဗယာကြော်၊ အာလူးကြော်၊ ဆလပ်တွေနဲ့ဆို နေ့လည်စာ အပြီးပဲ။ တခါတလေ ဗယာကြော် အစားများရင် Shawarma တခု ကုန်အောင်မစားနိုင်ဘူး။ 🙂
blackchaw
December 6, 2011 at 11:49 am
ဝင်ရောက် ကြည့်ရှုပြီးသကာလ ဗိုက်ဆာလာပါသဖြင့် ပြန်ထွက်ပြေးသွားပါကြောင်း။
windtalker
December 6, 2011 at 6:53 pm
ဘယ်ဟိုတယ်လ် ကို လည်း ဘော့စ်
အနော့်လဲ ခေါ်ပါဦး
ဘော့စ် ကျန်တာလေးဘဲ စားရစားရ
🙂
နွယ်ပင်
December 6, 2011 at 12:25 pm
မမှီတင်ထားတာကို ထမင်းစားချိန်ကြီးဝင်ကြည့်မိတော့
ဆာနေတဲ့ ဗိုက်ကပိုဆိုးတော့တာပဲ ..
မျက်စိနဲ့စားသွားပါတယ် မမှီရေ
အခုတော့ ထမင်းစားချိန်အမှီ ပါးစပ်နဲ့သွားစားလိုက်ဦးမယ် 😛
etone
December 6, 2011 at 4:24 pm
စားစရာတွေများပေမယ့် … အရသာတွေကတော့ … ဒီနိုင်ငံက မုန့်ဟင်းခါးလောက် ကြိုက်မိမယ်မထင်ဘူး မမှီရေ … ။ 🙂 မမှီရဲ့စာတွေပျောက်နေလို့ … သတိရနေတုန်း ပို့စ်ပြန်တွေ့တော့ ဝမ်းသာမိတယ် .. ။
hmee
December 6, 2011 at 4:56 pm
တုံရေ မုန့်ဟင်းခါးအကြောင်း မပြောနဲ့ စိတ်ဆိုးတယ်။ 🙂 ရန်ကုန်ပြန်ရောက်ရောက်ခြင်း စားမဲ့မုန့်တွေထဲမှာ မုန့်ဟင်းခါးက နံပါတ်(၁) ပဲ။ တသက်လုံးစားပြီး အာရုံမှာစွဲနေတဲ့ အစာမို့ စားလိုက်ရလို့ကတော့ ဗိုက်အဆာရော၊ စိတ်အဆာရော ပြည့်မှာ သေချာတယ်။ 🙂
etone
December 7, 2011 at 9:05 am
မမှီရေ ရန်ကုန်သာရောက်အောင်ပြန်ခဲ့ပါ .. မုန့်ဟင်းခါး အရမ်းကောင်းတဲ့ဆိုင်မှာ လိုက်ကျွေးမယ် .. 🙂
ကိုပေါက်(မန္တလေး)
December 6, 2011 at 7:50 pm
မမှီရေ
ပျောက်နေလို့ စိတ်တွေပူ။
မမှီမဝင်တာ ကျနော့်ရဲ့ဖောက်သည်သူများဆီရောက်နေသလိုခံစားရပါတယ်။
အခုပြန်လာတယ်ဆိုတော့ ဝမ်းသာပါသဗျာ။
မုန့်မြင်တော့ စားချင်လာတယ်ဗျိုး။
MaMa
December 6, 2011 at 9:36 pm
မှီရေ- ကြိုးစားပမ်းစား ရွာ့သံယောဇဉ်နဲ့ တင်ပေးလိုက်လို့ ဝမ်းသာအားရ လာစားသွားပါတယ်။
မန့်ထားတာတွေကြည့်ပြီး မှီ ရွာနဲ့တော့ မဝေးသေးဘူးလို့ မှန်းမိတယ်။ 🙂
fatty
December 7, 2011 at 10:54 am
ပုံတွေကြည့်ပြီးသကာလ …. ချစ်တီးဆိုင်သို့ပြေးပြီဖြစ်ပါကြောင်း …….။
ကိုရင်စည်သူ
December 7, 2011 at 11:54 am
ဗိုက်ဆာလာပီ… မမီးရယ်… 😳 😳
Diamond Key
December 7, 2011 at 5:08 pm
သိပ်ကိုစားကောင်းမယ့်ပုံတွေပါလားနှော်။ ကျွန်တော်က ဒီလို အစားအစာမျိူးတွေလည်း ကြိုက်တယ်။ 😀
ဗဟုသုတလေးတွေပါ ရတော့ အရသာတွေ ရှိပြီးရင်းရှိပါပဲ။ 😆
kokoover
December 7, 2011 at 7:15 pm
အင်..ဗိုက်တော့ပြည့်ချင်ပြည့်မယ် စိတ်ထဲမှာ တင်တိမ်နိုင်မယ်တော့မထင်ဘူး.. အမြည်းအဖြစ်နဲ့ဆိုရင်တော့
တမျိုးပေါ့ဗျာ.. ဗဟုသုတ ရလို့ သိုင်းသိုင်း နော်..