Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရွာကို ကောင်းအောင်တည်ကြည့်ကြစို့

thit minDecember 19, 20111min51423

 

အဖွားပြောဘူးတဲ့ ပုံပြင်လေးပြောပြမယ်နော်။ တခါက တိုင်းပြည်တပြည်မှာ ဘုရင့်အမိန့်နဲ့ မောင်းကြေးနင်း

လည်ခတ်တဲ့တယ်တဲ့။ အကြောင်းအရာတခုကို ရှင်ဘုရင်ကမေးမယ်ပေါ့။ ဖြေနိုင်ရင် အသပြာထောင်ထုပ်

တောင်စမုဒ်က ပေးပြီး သူကောင်းပြုမယ်ပေါ့။ မဖြေနိုင်ရင် မြောက်စမုဒ်က သုဿန်ထုတ်သတ်စေပေါ့။

(အင်း တောင်က ကောင်းသောအရပ်ဆိုတဲ့ အယူ၊မြောက်က မကောင်းသောအရပ်ဆိုတဲ့အယူကိုရင်စည်သူရေ

အဘ က ဘာများပြောဘူးလဲဗျို့၊ သီပေါမင်းပါတော်မူတုန်းကလဲ မြောက်ဖက်ကထုတ်တယ်လို့ဖတ်ဘူးတာဘဲ)

အဲဒီလို မောင်းကြေးနင်းခတ်လာလိုက်တာ တနေရာလဲ ရောက်ရော တောသားလူရွယ်တယောက် က

မောင်းခတ် သူတွေရှေ့ရောက်လာပြီး ဘိုးဘိုးတို့ ဝန်မင်းတို့ ကျနော် ရှင်ဘုရင်မေးခွန်းဖြေဘို့

လိုက်ခဲ့ပါရစေ ဆိုပြီး လျှောက်ထားသတဲ့။

ဒါနဲ့ မောင်းအဖွဲ့ ခေါင်းဆောင် ဝန်မင်းဘိုးဘိုးကြီးက ဒါနဲ့ မောင်မင်းက ဒီမေးခွန်းကိုဖြေနိုင်တယ်ပေါ့၊အဲလိုလား

လို့မေးလိုက်တယ်တဲ့။ တောသားလူရွယ်က ဘယ်လိုလုပ်ဖြေနိုင်မှာလဲ ဗျာ၊ ကြားတောင်မကြားဖူးဘူး။လို့

ပြန်ဖြေသတဲ့။

ဟ ဒါနဲ့ မင်းဒါဆို ရှင်ဘုရင်က သတ်မှာမောင်၊ မောင်မင်းအသတ်ခံရလိမ့်မယ်လို့ ဘိုးဘိုးကပြောလိုက်တော့။

ဟုတ်ကဲ့ ကျနော်ကအဲဒါကိုလိုချင်တာပါ။ ရှင်ဘုရင်ရှေ့ရောက်တာနဲ့ ဟဲ့ ဘုရင်အရူး၊ငပေါ၊ငါကမင်းနန်းကို

လုမလို့ကွ ဘာညာနဲ့ ကျနော်ပြောပါမယ်။ အဲဒီအခါ ဘုရင်ကြီးလွန်စွာစိတ်စိုးပါလိမ့်မယ်။

ရှင်ဘုရင်တို့ မည်သည် အရမ်းစိတ်ဆိုးသွားရင်ဘဲဖြစ်ဖြစ်၊နန်းလုမှာစိုးတာမျိုးဘဲဖြစ်ဖြစ်၊

ကျူပင်ခုတ်ကျူငုတ်မကျန် အောင် သတ်လေ့ရှိတယ်မဟုတ်လားခင်ဗျာ။ ဒါဆို ကျနော်မျိုးကိုသတ်ပြီး

ရင်ကျနော် မျိုးကြီးရဲ့ အမျိုးတွေကိုပါ တယောက်မကျန် သတ်ပါလိမ့်မယ်။ အဲဒါမှ ကျနော်အိမ်ပေါ်

တက်လာပြီး ဒုတ်ခ အမျိုးမျိုးပေးနေတဲ့အမျိုးတွေ ရှင်းမှာမို့ပါ။ တဲ့ ခင်ဗျား။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဟုတ်ကဲ့ ပါ။ ကျနော်တို့ရဲ့ ဂေဇက်ကို လူရိုင်းတွေ၊ မဲမဲမြင်မြင်ဆဲချင်သူတွေ၊အုပ်စုဖွဲ့အနိုင်ကျင့်သူတွေ၊

ဘက်လိုက်တဲ့လူတွေ၊ ကိုယ်နဲ့မတူ ကိုယ့်ရန်သူလို့သဘောထားရှိသူတွေ၊ လက်ကြောမတင်း

တတင်းလေးတွေ၊မပျင်းတပျင်းလေးတွေ၊ ထမင်းအငတ်ခံပြီး လက်ခုပ်တီးနေသူတွေလိုလို

ပွဲဆူအောင်လာဖွပြီး ဂေဇက်ရဲ့ သမိုင်းကိုရိုင်းအောင်လုပ်နေသလို ပါဘဲ။ ရေးသူကသူ့နာမည်

ပါအပျက်ခံပြီး ဂေဇက် ရဲ့ တမျိုးလုံးကို သုံးလို့မရအောင် လုပ်နေသလားလို့စဉ်းစားမိ ပါတယ်။

လွတ်လပ်စွာပို့စ်တင်လာတာကို စိစစ်သင့်တဲ့အနေအထားကို ရောက်ရရင်လည်းမကောင်းတော့ပါဘူး။

လျှစ်လျှူရှူ တယ်ဆိုတာလဲ တကယ်လုပ်နိုင်ပါ့မလား။ ဒီထက်ဆိုးတဲ့ စာ မျိုးတွေရေးလာရင်

ဘယ်လိုလုပ်မလဲ။ ထင်တာကတော့ စည်းကမ်းတွေ ပြန်လည်စစ်ဆေးပြီး၊ ပြင်သင့်တာပြင်၊

တိုးသင့်တာတိုးလုပ်သင့်ပါတယ်။ အဲဒီ လိုပြင်ပြီးတာနဲ့ အဲဒီစည်းကမ်းနဲ့ မညီသူတွေကို

မင်ဘာအဖြစ်မှ၊ပို့စ်တင်နိုင်ခွင့်မှ ပယ်ဖျက်ပါ။ ကျောသားရင်သားမခွဲပါနဲ့၊ လူဟောင်းအသစ်မခွဲပါနဲ့၊

အားလုံးတန်းတူ အခွင့်အရေးနဲ့ အပြစ်ပေးပါ။ အဲတခုပါဘဲ စည်းကမ်းဟာ ဖတ်ဖို့မဟုတ်ပါဘူး၊

လိုက်နာဘို့ပါ။ သူကြီးကလည်း ပြတ်သားပေးပါ။

ကျနော်မလိုက်နာခဲ့ရင် ကျနော့ကိုလည်းစည်းကမ်းအတိုင်းဆောင် ရွက်ပါ။

သူကြီးတယောက်ထဲတာဝန်တော့မဟုတ်ပါဘူး။

ကျနော်တို့အားလုံးလဲ ဝိုင်းဝန်းသင့်ပါတယ်။ ဘယ်လိုလဲဆိုတော့ စည်းကမ်းနဲ့မညီသူတွေ့

ရင်အေးအေးဆေးဆေးပြောပါ၊ကော်မန့်ပေးပါ။ကျနော်တို့ ကြမ်းရင် သူ့ထောင်ချောက်ထဲ

ရောက်သွားမယ်ဆိုတာလေး သတိထားပေးကြပါခင်ဗျာ။

ရိုးရိုးလေးထပ်ပြပြီးအကြံပြုလိုတာကတော့….

ရှိနေတဲ့ စည်းကမ်းကို မလိုက်နာရင်လည်း အရေးယူပါ။ တကယ်လုပ်ဖို့ပါ။

စည်းကမ်းအတိုင်းနေတတ်တဲ့အကျင့်ကို ဂေဇက်မှ ရပါရစေခင်ဗျာ။

အရေးအကြီးဆုံးကတော့…….

အားလုံး စည်းနဲ့ကမ်းနဲ့ လုပ်တတ်ကိုင်တတ် ရေးတတ် ဖတ်တတ် ပြောတတ်ဆိုတတ် ကောမန့်

ပေးတတ်ဆွေးနွေးတတ် အောင် မီဒီယာအတွေ့အကြုံ စာရေးစာဖတ်အတွေ့အကြုံများသော

သူကြီးဦးခိုင်မှ လိုအပ်သောစည်းမျဉ်း စည်းကမ်းများကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်ပါတော့လို့

လေးစားစွာတောင်းဆိုပါရစေခင်ဗျား။

~~~~~~~~~~~~~~~~~~~~~~~

ဂေဇက်ကိုချစ်ခင်တဲ့…

မောင်သစ်မင်း (^^)

23 comments

  • ဒီလိုပါဘဲ ကိုသစ်ရေ။
    စည်ကားလာတယ်ဆိုတာ လူများလာတဲ့သဘောပါဘဲ။
    လူများတော့ လဲ အသွင်မတူ အမြင်မတူတာများလာတာပေါ့။
    ကျနော်ကတော့ အယူအဆ ဆိုတာ တူချင်လဲတူမယ် မတူချင်လဲမတူဘူး။
    ကျုးိကြောင်းပြပြီး ကွဲလွဲကြ တာအကောင်းဆုံးပါဘဲ။
    ခင်ဝမ်းသီချင်းစာသားလေး ငှားသုံးရင် “ညင်သာစွာဆင်း……………”ပေါ့။
    တကယ့်အဖြစ်အပျက်လေးပြောချင်ပါတယ်။
    တစ်ခါက အရပ်ထဲမှာ အာကြမ်းလျှာကြမ်းမိန်းမတစ်ယောက်ရှိပါတဲ့။
    သူနဲ့တစ်ယောက်ယောက်ရန်ဖြစ်ပြီဆိုတာနဲ့ အစကတော့ပါးစပ်နဲ့ပြော ။အော်ပြိးညစ်တီးညစ်ပတ်ဆဲ့။
    ဇာတ်ရှိန်မြင့်လာပြီဆိုရင် အဝတ်တွေအကုန်ချွတ်ပစ်ပြီးမိမွေးတိုင်းဖမွေးတိုင်း နေပြီးအော်ဆဲတော့ ပါဘဲ။
    နောက်အကြောင်းသိလာတော့ သူနဲ့ဘယ်သူမှ ရန်မဖြစ်တော့ပါဘူး။
    သူကစောင်းမြောင်းဆဲပြီဆိုရင်အိမ်တံခါးတွေပတ်ထားလိုက်ကြါပါတယ်။
    သူနဲ့ဖက်ပြိုင်ပြီးရန်ဖြစ်သူမရှိတော့ သူ့အသံလဲ မကြားရတော့ပါဘုူး။
    ကျနော်သဘောက တော့ ရန်စမိုက်ရိုင်းတဲ့ပိုစ်တက်လာရင် ဖတ်တော့ကြည့်မယ် ။
    မ မန်းဘူးဗျာ။
    ကျနော်တို့အားလုံးဒီလိုသဘောထားပြီး ကျင့်သုံးလိုက်မယ်ဆိုရင်……………………………

  • nozomi

    December 19, 2011 at 1:39 pm

    ကိုသစ် စေတနာ ကိုလဲ လေးစားတယ်
    ဦးပေါက် အကြံကိုလဲ သဘောကျတယ်
    ရေရှည်အတွက် သင့်တော်တာ တစ်ခုခု စဉ်းစားနေတဲ့ အချိန်မှာ ၊ ဦးပေါက် နည်းလမ်းလေးက လက်တွေ့ကျမှာပါ ၊ မနက်က ကိုဘလက် ပြောတာလဲ ဒီသဘောပါပဲ

  • inz@ghi

    December 19, 2011 at 1:47 pm

    လေးပေါက်ပြောတာ ကို ထောက်ခံတယ်ဗျို့ …
    ကတ်ဘလို နဲ့ မနေ့ည က ပြောဖြစ်တာလဲ အဲ့ဒါဘဲ ….
    ကစ်သို ပြောသလိုပဲ …သဂျီးဘက်က စည်းကမ်းပိုင်း
    reinforce လုပ်ဖို့ကိုလည်း တောင်းဆိုပါရစေဗျား ….
    ဘာလို့လဲဆို
    ဟိုဘက်မှာ ကျနော်ရေးထားတာလေး ပြန်ရေးကြည့်မယ်နော..
    ဘောလုံးကန်ရင် လူမချရဘူး ဆိုတာ အားလုံး default သိပြီး
    ဖြစ်ပေမယ့် အနီအဝါ မသုံးရင်ကတော့ ပွဲကြမ်းတွေပဲ
    ကြည့်ကြရဖို့များတယ်ဗျာ ….ဘောလုံးပွဲကောင်းတပွဲရဲ့ ရသကိုပဲ
    အားပေးချင်တာပါ….

    ခင်တဲ့
    Inz@ghi

  • koyinmaung

    December 19, 2011 at 2:13 pm

    ကိုသစ်မင်းအကြံပေးတာသဘောတူပါတယ်
    ကိုပေါက်ရဲ့သဘော
    ကိုဘလက်ချောရဲ့သဘော
    အားလုံးကောင်းပါတယ်
    ရွာဆူအောင်လုပ်တဲ့ပို့စ်မှန်ယင်
    မမန်းတော့ဘူးဗျာ….
    ခုလိုအကြံပြုပေးတာကျေးဇူးတင်ပါတယ်……..

  • nayminn

    December 19, 2011 at 2:26 pm

    မူလတန်းတုန်းက ကဗျာလေးပါ…။

    မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည်။
    မိမိအတန်းကို ကောင်းအောင် ကြိုးစားမည်။
    မိမိကျောင်းကို ကောင်းအောင် ကြိုးစားမည်။
    မိမိတိုင်းပြည်အတွက် ကောင်းအောင် ကြိုးစားမည်။

    တို့ရွာလေး သာယာဖို့ ညီညွတ်ကြပါစို့။

  • blackchaw

    December 19, 2011 at 3:08 pm

    LEO အောင်မင်းတို့ ဆိုခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ရှိတယ်ဗျ။

    စည်းကမ်းလေးများလိုနေပါတယ်ကွယ် တဲ့။

    • kai

      December 19, 2011 at 3:23 pm

      အမှတ်မမှားရင်.. LEO အောင်မင်းတို့စုံတွဲ.. ဆန်ဖရန်မှာနေတယ်..။ (စကားချပ်) 😆

      စည်းကမ်းပိုင်းကို.. ဟိုးအပေါ်ဆုံးက.. လက်မထောင်..လက်မအောက်ချနဲ့ လုပ်မလား စဉ်းစားကြည့်နေပါတယ်..။
      ဒါမှမဟုတ်.. တခြား အမှတ်ပေးစံနစ်တခုထဲ့မလားလို့..

      လက်မအောက်ချ ၁ဝထက်ပိုရင်.. အဲဒီပို့စ်ပိတ်သိမ်းတာမျိုးပေါ့…။
      နိုင်ငံရေးစကားနဲ့ဆို… Carrot and stick လေ..။

      တကယ့်စိတ်အမှန်ကတော့..Rules & Regulations တွေမများချင်ပါဘူး..။
      ဒီလိုပဲ.. အခြေခံ ၁၂ခုနဲ့. ရွာသားအချင်းချင်း ထိမ်းကျောင်းရပ်တည်နေတာမျိုးလိုချင်တာပါ..။
      ဒီအလေ့အကျင့်လေး.. ရှိစေချင်တာ..။ 🙁

      • windtalker

        December 19, 2011 at 7:42 pm

        အားပါး အဲဒီလို သာ လုပ်ကြည့်ပါလား
        အပြင်လူက လက်မလာအောက်မချဘဲ
        အချင်းချင်း စတဲ့နောက်တဲ့သဘောနဲ ့ဘဲ ဖြစ်ဖြစ်
        အမြင်ကတ်လို ့ဘဲ ဖြစ်ဖြစ်
        လက်မတွေ အောက်တွေ ချည်း ကျနေရင်
        ဘယ်လို လုပ်မလဲ သဂျီးရဲ ့
        သဂျီး..ဒီဆိုက်ထဲက လူတစ်ဝက်ကျော်မက ဟာ
        မြန်မာနိုင်ငံကနော် သဂျီး
        ယူအက်စ်က မဟုတ်ဘူးဗျ

  • naywoonni

    December 19, 2011 at 3:33 pm

    ရွာ ကောင်းကျိုးအတွက်ပါ…။ သူပုန်လိုဝင်လာရင်တော့ ဆော်မှာပဲ….။ လက်မ ထောင်လိုက် လက်မ အောက်ချလိုက် တာနဲ့ မစမ်းနဲ့ ဗျို့…။သူကြီး ကျွန်တော်အခုလုပ်ကြည့်နေတယ်…။ ယူဇာနိမ်းမရိုက်ခင်တစ်ခါ ရိုက်ပြီးတစ်ခါ နှစ်ခါလုပ်လို့ရတယ်…။ တစ်ချိန်ထဲနဲ့ တစ်ယောက်ထဲက ………။

  • Gipsy

    December 19, 2011 at 3:57 pm

    admin kai ကို ခနဲ့တာတော့မဟုတ်ပါဘူး … ၊ ဆွေးနွေးတင်ပြတဲ့သဘာပါ …၊
    ဟိုးတစ်ခါ (၁၀)ရက် ဘလော့ခံရတဲ့ အကောင့် ၄ ခု ကိစ္စမှာ အကြောင်းအရာတခုကိုဆွေးနွေးတဲ့
    အကောင့် ၅ ခု ရှိခဲ့ပါတယ် …၊
    ၄ ခုကို (၁၀)ရက် ဘလော့ခံရပြီး နောက် အကောင့် (စီနီယာ) တခုကို ဘလော့ခြင်းမပြုခဲ့ပါ…၊
    အဲဒီတုန်းက သဂျီး မျက်နှာလိုက်ခဲ့ပါတယ် …၊
    ဘလော့ခံရတဲ့ အကောင့် ၄ ခု က သဘာမရှိတဲ့ လူသစ်တန်းတွေပါ..၊
    ဆိုတော့……၊
    ခင်တာ မင်တာ ဆွေမျိုးဖြစ်တာ သဘာမို့ပါ ဆရာကြီးမို့ပါ ဆိုပြီး လွတ်ငြိမ်းခွင့်မပေးစေလိုပါ…၊
    အဲဒီလို စီနီယာကြီးတွေကို အခွင့်အရေး ပိုပေးခဲ့ရင် သဂျီးလဲ ယနေ့ခေတ် အခွင့်ထူးခံလူတန်းစားတွေရဲ့
    ခေါင်းဆောင်နဲ့ အတူတူဖြစ်သွားနိုင်ပါကြောင်း မဝံ့မရဲလေး တင်ပြလိုပါတယ်ခင်ဗျာ….။
    ယ္ခုပို့စ်ကိုရေးတဲ့ ကိုသစ်မင်းခေါ် ( ကစ်သို ) လဲ ture answer ပြခံရပြီး ခွေး နဲ့ နှိုင်းရေးခဲ့သူ
    တယောက်ပါ ( ရင်းနှီးစွာနဲ့ ထောက်ပြခြင်းပါ) …၊
    သဘောထားကြီးကြီးနဲ့ နားလည်ပေးပါလို့ တောင်းပန်ပါတယ်ဗျာ…။

    • thit min

      December 19, 2011 at 7:20 pm

      ကော်မန့်များမတက်ပါ။ ဘာဖြစ်လို့ပါလိမ့်။

    • thit min

      December 19, 2011 at 7:24 pm

      ထောက်ပြပြောဆိုမှုကို လေးစားစွာကြိုဆိုပါတယ်။
      ကျနော့ စာကို သေချာစွာပြန်ဖတ်ကြည့်ပေးပါ ခင်ဗျား။
      ကျနော် ခွေးနဲ့ မနှိုင်းခဲ့ပါ။
      လူမျိုးနဲ့ စာပေကို စော်ကားသူကို ခွေးနဲ့တောင်မနှိုင်းသင့်ပါဘူးလို့ရေးတာပါ။
      ကျနော်ရဲ့ လူမျိုးနဲ့စာပေ၊ကောင်းရာမွန်ရာညွန်ပြပြောဆိုရေးသားသင်ကြားပေးတဲ့
      “မြင်ဆရာ”ဖြစ်သော စာရေးဆရာလူတော်များကို ထိခိုက်ရေးသားခြင်းကိုကျနော့အသွေး
      အသားထဲက ဆတ်ဆတ်ခါနာပါသည်ခင်ဗျား။
      ပြောရရင် လူမျိုးကိုစော်ကားတာဟာကျနော်ရဲ့မိဘဘိုးဘွားကိုစော်ကားတာပါ။
      စာပေကိုစော်ကားတာက အာစရိယဆရာများကိုစော်ကားတာပါ။
      လေးစားထိုက်သူကို လေးစားပါမယ်။
      မလေးစားထိုက်သူကို မလေးစားနိုင်ပါခင်ဗျား။
      ကိုဂျစ်ပစီကို ကျေးဇူးတင်ပါတယ်။
      နောင်လည်း ဝေဖန်ပြောဆိုပေးပါအုန်းလို့..။

    • thit min

      December 19, 2011 at 9:15 pm

      ထောက်ပြပြောဆိုမှုကို လေးစားစွာကြိုဆိုပါတယ်။
      ကျနော့ စာကို သေချာစွာပြန်ဖတ်ကြည့်ပေးပါ ခင်ဗျား။
      ကျနော် ခွေးနဲ့ မနှိုင်းခဲ့ပါ။
      လူမျိုးနဲ့ စာပေကို စော်ကားသူကို ခွေးနဲ့တောင်မနှိုင်းသင့်ပါဘူးလို့ရေးတာပါ။
      ကျနော်ရဲ့ လူမျိုးနဲ့စာပေ၊ကောင်းရာမွန်ရာညွန်ပြပြောဆိုရေးသားသင်ကြားပေးတဲ့
      “မြင်ဆရာ”ဖြစ်သော စာရေးဆရာလူတော်များကို ထိခိုက်ရေးသားခြင်းကိုကျနော့အသွေး
      အသားထဲက ဆတ်ဆတ်ခါနာပါသည်ခင်ဗျား။
      ပြောရရင် လူမျိုးကိုစော်ကားတာဟာကျနော်ရဲ့မိဘဘိုးဘွားကိုစော်ကားတာပါ။
      စာပေကိုစော်ကားတာက အာစရိယဆရာများကိုစော်ကားတာပါ။
      လေးစားထိုက်သူကို လေးစားပါမယ်။
      မလေးစားထိုက်သူကို မလေးစားနိုင်ပါခင်ဗျား။
      ကိုဂျစ်ပစီကို ကျေးဇူးတင်ပါတယ်။
      နောင်လည်း ဝေဖန်ပြောဆိုပေးပါအုန်းလို့……။

  • Shwe Tike Soe

    December 19, 2011 at 4:55 pm

    စည်းကမ်းထုတ်တယ်ဆိုတာ လွယ်တာတော့ဟုတ်ဘူး… (ဘာမှမသိပေမယ့် ဝင်လျှာရှည်တာ ခွင့်လွှတ်ကြပါ။)
    အဲလို ဆဲတဲ့သူ၊ လက်မခံနိုင်တဲ့ပို.စ်တွေ အဲဒါတွေကို စည်းကမ်းထုတ်စရာမလိုပဲ.. ဝိုင်းကျင်ကြရင်ဖြစ်မယ်ထင်ပါတယ်..
    ကိုပေါက်ကြီးပြောသလိုကောင်းပါတယ်….. စည်းကမ်းထုတ်တိုင်းသာ လိုက်နာကျရင် ကျွန်တော်တို. နိုင်ငံကြာပေါ့ ထိပ်ဆုံးရောက်တာ ဟိဟိ 😛

  • zaw min

    December 19, 2011 at 8:59 pm

    ကျနော် တစ်ခု စဉ်းစားမိတာကတော့ စည်းကမ်းနဲ့ မကိုက်ညီဘူးလို့ထင်ရင် ရွာသူားများ တစ်ညီတစ်ညွတ်ထဲ ပို့စ်ဖျက်သိမ်းပေးရန် ကွန်မန်းပေးပြီး တောင်းဆိုမယ်…အဲဒီအပေါ်မှာ သူကြီးစဉ်းစားဆုံးဖြတ်ပြီး ဆောင်ရွက်စေချင်ပါတယ်…
    အသီးအပွင့်တွေနဲ့ ဝေဆာနေတဲ့ ပန်းဥယာဉ်ထဲမှာ ပေါင်းသင်ပျိုးနုတ် မပြုလုပ်ပဲထားလိုက်မယ်ဆိုရင် အချိန်ကြာလာရင် ချုံနွယ်ပိတ်ဖုံးပြီး သုသာန်တစပြင်ကဲ့သို့ရောက်ရှိသွားပေလိမ့်မည်…

  • ကိုခိုင်အတွက်
    ရွာသားများက ခရစ်စမတ်နဲ့ နယူူးရီးယားလက်ဆောင်
    ဆံပင်အနက်ဆိုးဆေးတစ်ဒါဇင်ပို့ပေးလိုက်ပါမည်။

  • Gipsy

    December 19, 2011 at 10:59 pm

    ုဟုတ်ကဲ့ ကိုသစ်မင်းခင်ဗျာ
    စာရေးဆရာ ကဗျာဆရာတွေကိုစော်ကားသမှုပြုသူ ကတော့ပြောစရာ မလိုတော့ပါ
    ကျနော် အပါဝင် စာရေးသူများ အတွက် ကြီးစွားသော အနှောင့်အယှက် ရစေတဲ့ ပို့စ်ပါ
    စာရေးဖို့ နေ့စဉ်ကြိုးစားနေတဲ့ ကျနော်လဲ အပျင်းကောင် ဖြစ်နေပြီးသားပါ :mrgreen:
    ကိုသစ်မင်းကို ပြောမိတာ လွန်သွားခဲ့သလိုဖြစ်ခဲ့ရင်လဲ တောင်းပန်ပါတယ်ခင်ဗျား ….။

    • thit min

      December 19, 2011 at 11:15 pm

      ကိုဂျစ်ပစီရေ
      ကျနော် စိတ်မဆိုးတဲ့ အတွက်တောင်းပန်စရာမလိုပါခင်ဗျား။
      ကိုဂျစ်ပစီပြောတာလဲ ဘာမှမလွန်ပါဘူးခင်ဗျ။
      (ကော်မန့် ဒီအတိုင်းရေးရင် အလဟဿဖြစ်မှာစိုးလို့) တကဲ့အဖြစ်မှန်တခုကိုတင်ပြပါ့မယ်။
      ကျနော် စာတွေထဲမှာ ဒေါက်တာမောင်မြင့်ဆိုတာ ခဏ ခဏ ပါတတ်တာ သတိထားမိမလားဘဲခင်ဗျ။
      တကယ်တော့ ဆရာနဲ့ကျနော် လုံးဝမသိပါဘူး။
      ဒါပေမဲ့ ဓန မဂ္ဂဇင်းထဲက ဆရာဆောင်းပါးများနဲ့ကျနော်
      ရဲ့ အရေးပါလှတဲ့ စာတမ်းတော်တော်များများကို ရေးသားနိုင်တဲ့အခြေခံခိုင်ခိုင်မာမာရရှိခဲ့ပါတယ်။
      ကျနော်မမြင်ဘူးတဲ့ ၊စာသာဖတ်ဖူးရတဲ့ ကျေးဇူးရှင်ဆိုရင်မမှားဘူးပေါ့ခင်ဗျာ။
      အဲဒီလိုမျိုး ဆရာတွေအများကြီး ကျနော့မှာရှိတာပါ။ လူတိုင်းမှာလဲရှိကြမှာပါဘဲ။
      ဆရာဦးရွှေအောင်၊ ဆရာဦးဖိုးကျား၊ဆရာကြယ်နီ၊ဆရာဦးတင်မိုး၊ဆရာချစ်ဦးညို
      ဆရာသိန်းဖေမြင့် အစရှိသဖြင့်ပြောရင်မကုန်နိုင်ပါဘူး။
      တကယ်တော့ အဲဒီ လူ ကတမင်ပွဲဆူအောင်လုပ်တာပါ။
      ကျနော်တို့ချင်း ခုလို နားလည်မှုမရှိရင် သွေးကွဲမှာပါ။
      ကျနော်လဲ နောက်ဆိုဆင်ခြင်စရာရှိတာ ဆင်ခြင်ပါ့မယ်။
      အမြင်မတော်တာတွေ့ရင်လည်း ရင်းရင်းနှီးနှီး ခင်ခင်မင်မင်ပြောဆို ညွန်ကြားပေးပါအုန်းလို့
      လေးစားစွာပြောလိုပါတယ်။
      ခင်မင်စွာဖြင့် (^^)

  • ဦးဦးပါလေရာ

    December 19, 2011 at 11:24 pm

    သူကြီးပြောတဲ့ လက်မထောင်တာ စိုက်တာတွေ
    ဒါမှမဟုတ် အနီကဒ်ဘယ်လောက်ဆို ဘာလုပ်မယ်ဆိုတာတွေက
    သိပ်တော့ မမှန်သေးဘူးထင်ပါတယ်။
    လူတယောက်ထဲကိုပဲ အကောင့် ဆယ့်နှစ်ခုလောက်လုပ်ပြီး (ဒါမှမဟုတ် ဒါ့ထက်ပိုလုပ်ပြီး) ဝင်ရှုပ်မှ ပိုဆိုးကုန်ပါမယ်။ မဟုတ်တဲ့အဖြေတွေ ထွက်ကုန်နိုင်ပါတယ်။

    အရင်တုန်းက တိုက်ပွဲတခုအပြီးမှာ ခံလိုက်ရတဲ့ကောင်လေးက အကောင့် သုံးလေးခုလုပ်ပြီး သူအညှိုးထားသူတွေရဲ့ ကွန်မင့်တက်လာရင် အနီကဒ်သုံးလေးခု တန်းပေးလိုက်တာ သတိရကြဦးမယ်ထင်ပါတယ်။

    လက်မအောက်ချတာ၁ဝခုထက်ပိုလို့ ပိုစ့်ကိုပိတ်ရရင် အဲလိုကောင်မျိုးလေးတွေချည်းပဲ ရွာထဲကျန်နေမှ သူကြီးဆေးမရှိပဲဖြစ်နေမယ်။

    ကျုပ်သဘောကတော့ အခုလဲ ရွာထဲမှာ ဝိုင်းထိန်းနေတာပါပဲ။
    အမြင်မတော်တာတွေ့ရင် ဝိုင်းပြောကြတာပဲလေ။ ဆဲသံပါလာတဲ့အခါ (အားနာမနေပဲ) သူကြီးဝင်ဟန့်ပေါ့။
    ကိုသစ်မင်းပြောသွားတာတွေကို သဘောတူပါတယ်။
    အထူးသဖြင့်တော့
    “စည်းကမ်းဟာ ဖတ်ဖို့မဟုတ်ပါဘူး၊ လိုက်နာဘို့ပါ။ သူကြီးကလည်း ပြတ်သားပေးပါ။”
    ဆိုတာလေးပေါ့။

  • ဦးဦးပါလေရာ

    December 19, 2011 at 11:36 pm

    ကောင်းကောင်းမရေးတဲ့သူကို (ဥပမာ-လာစော်ကားတဲ့သူကို) ပြန်ပြီးကောင်းကောင်းရေးဘို့ ကျုပ်အဖို့တော့မဖြစ်နိုင်ပါဘူး။

    ဆဲလဲမဆဲရဘူးဆိုရင်တော့ ဥပေက္ခာပြုထားလိုက်တာ ကောင်းမယ်ထင်ပါတယ်။

    ပွဲဆူအောင်လုပ်တာပဲဖြစ်ဖြစ် စတန့်ထွင်တာပဲဖြစ်ဖြစ် သူတို့အကြံအလုပ်မဖြစ်ရင် အရှိန်သေသွားမှာပါ။

  • MaMa

    December 20, 2011 at 10:36 am

    ဗြဟ္မစိုရ်တရား ၄ပါးဖြစ်တဲ့ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုတဲ့တရားတွေထဲမှာ နောက်ဆုံးဖြစ်တဲ့ ဥပေက္ခာတရားကို ကျင့်သုံးခြင်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းတာ အကောင်းဆုံးလို့ ထင်ပါတယ်။

  • htoosan

    December 20, 2011 at 10:50 am

    (၁)လွတ်လပ်စွာပို့စ်တင်လာတာကို စိစစ်သင့်တဲ့အနေအထားကို ရောက်ရရင်လည်းမကောင်းတော့ပါ။
    (၂)စည်းကမ်းတွေ ပြန်လည်စစ်ဆေးပြီး၊ ပြင်သင့်တာပြင်၊တိုးသင့်တာတိုးလုပ်သင့်ပါတယ်။
    (၃)ကျောသားရင်သားမခွဲပါနဲ့၊ လူဟောင်းအသစ်မခွဲပါနဲ့၊အားလုံးတန်းတူ အခွင့်အရေးနဲ့ အပြစ်ပေးပါ။ အဲတခုပါဘဲ စည်းကမ်းဟာ ဖတ်ဖို့မဟုတ်ပါဘူး၊လိုက်နာဘို့ပါ။ သူကြီးကလည်း ပြတ်သားပေးပါ။

    “””””””””(၄)စည်းကမ်းနဲ့မညီသူတွေ့ရင်အေးအေးဆေးဆေးပြောပါ၊ကော်မန့်ပေးပါ။ကျနော်တို့ ကြမ်းရင် သူ့ထောင်ချောက်ထဲရောက်သွားမယ်ဆိုတာလေး သတိထားပေးကြပါခင်ဗျာ။”””””””””””””

    ဆရာသစ် ထံမှသာထုတ်နှုတ်ဖော်ပြခွင့်ပြုပါ။
    ကျွန်တော့် အမြင်တော့ ဘယ်သူတွေ ဘာတွေရေးရေး ဆဲတဲ့ စာလုံးမပါရင်။ စည်းကမ်းချက်နဲ့ မညိရင် သည်းခံပေးရမှာ ကျွန်တော်တို့လုပ်သင့်တဲ့ အလုပ်လို့ထင်ပါတယ်။

  • Swal Taw Ywet

    March 21, 2012 at 10:35 pm

    ဒီပို့စ်လေးကို ဆရာရေးခဲ့တာ ၃ လပြည့်တော့မယ်။
    ရွာထဲမှာ နဲနဲ သောင်းကျန်းနေတဲ့သူက ရှိတုန်းဘဲ။
    ကျနော်လည်း ကျနော်တွေးမိတဲ့ နည်းလမ်းလေးတစ်ခု post အသွင်နဲ့ တင်ပြထားပါသေးတယ်။ အချိန်လေးများပေးနိုင်ရင် ရွာထဲ လှည့်ခဲ့ပါဦးနော။
    ရွာထဲမှာလည်း ဒုတိယအကြိမ်အလှူတော်ကြီး အတွက် လုံးပမ်းနေကြလေရဲ့။ ကိုဂီတောင် အမှီပြန်လာပေးမယ်ဆိုဘဲ။ အားလုံးက သတိရနေကြပါတယ် ဆရာသစ်ရေ…
    ရွှင်လန်းချမ်းမြေ့ပါစေ။
    With respect,
    Swal Taw Ywet.

Leave a Reply