ဆီမီနာ(၂)ကိုပြန်လည်ဆွေးနွေးခြင်း (၂)
–
–
၃။ ………….. ဝန်ထမ်းများအတွက် အမှားပြင် အမှန်ရောက်နည်းလမ်းများ
အံမယ်.. အံမယ်.. ကြီးကြီးကျယ်ကျယ်..
“မင်းကရော ဘယ်လောက်မှန်နေလို့တုန်းးးး ကွ” ….လို့
ထ ဆဲချင်စရာတော့ပစ်လေး တချက်လောက်တော့ တို့ ထိ ပါရစေ။
ဟုတ်ပါတယ်ခင်ဗျာ။ မှန်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ အမှားမကင်းပါဘူး။
ပတ်ဝန်းကျင်မှာတော့ – လူဝတ်ကြောင်ထဲမှာဖြင့် အမှားကင်းတယ်လို့ ဝန်ခံနိုင်သူကလဲ သိပ်မများလှဘူးလို့ ထင်ပါရဲ့ခင်ဗျာ။
ဒါကြောင့်လဲ ကိုယ်တိုင်အတွက်ရော သူများအတွက်ပါ ဖြေဆေးလေးတွေရှာမိတာပါ။
မှားတာကို ပြင်ချင်မှဖြင့် အနည်းဆုံးတချက်က
မှားတာကို မှားမှန်း လက်ခံနိုင်ရပါမယ်။
မှားတာအတွက် အကြောင်းပြချက်တွေရှိပါတယ်။
မငြင်းနိုင်တဲ့ဆင်ခြေတွေရှိပါတယ်။ မရှောင်သာတဲ့ အခြေအနေတွေရှိပါတယ်။
သို့သော်- မှားတာကတော့ မှားတာပါပဲ။
အဲသလို လက်ခံမှလဲ အမှားတွေကို ထပ်မတိုးအောင် ထိန်းချုပ်နိုင်မှာ… လျော့ပါးအောင် ပြုပြင်နိုင်မှာ…
ဝန်ထမ်းတွေကြားက လောလောဆယ်မရှောင်သာသေးတဲ့ အမှားတွေထဲကတခုကတော့ လာဘ်ယူတာပါ။
အုပ်ချုပ်စီမံမှုစံနစ်တွေ မပြင်ရသေးလို့ လာဘ်ယူတာကို အပြတ်မရှောင်နိုင်သေးရင်တော့
အမျိုးအစားခွဲပြီး ရွေးချယ်ရပါလိမ့်မယ်။
လောလောဆယ်အကြမ်း နှစ်မျိုးခွဲကြည့်ရအောင်..။
သူတပါးတိုက်ရိုက်နစ်နာစေတဲ့ လာဘ်ယူခြင်း နဲ့
သူတပါးတိုက်ရိုက်မနစ်နာစေတဲ့လာဘ်ယူခြင်း – ဆိုပြီးတော့ပေါ့။
(သွယ်ဝိုက်သောနည်းဖြင့်တော့ နှစ်မျိုးလုံးဟာ တိုင်းပြည်နဲ့လူမျိုးကို သူ့အတိုင်းအတာနဲ့သူ ထိခိုက်စေတာပါပဲ)
နှစ်မျိုးလုံးကိုမငြင်းနိုင်လို့ တခုရွေးခွင့်ရမယ်ဆိုရင်ဖြင့်
သူတပါးတိုက်ရိုက်မနစ်နာစေတဲ့လာဘ်ယူခြင်းကိုသာ ရွေးသင့်ပါတယ်။
အဲသလိုရွေးရင် သိသာလာမယ့်တချက်က ဌာနအတွင်း လာဘ်ယူသူတွေကြားမှာ
ကိုယ်က လူမုန်းခံရတာနဲလာတယ်။ လူချစ်လူခင်များလာတယ်။ ထင်ရှားလာတယ်။ နာမည်ကောင်းရလာတယ်။
အဲဒီလိုလုပ်ပြရင်း အခြားဌာနတွင်းဝန်ထမ်းတွေကပါ ကိုယ့်ကိုအားကျပြီး ကိုယ့်လမ်းစဉ်လိုက်လာတတ်ပါတယ်။
ကြာတော့ ဌာနကိုရော ဝန်ထမ်းတွေကိုပါ လူမုန်းနဲပြီး နာမည်ကောင်းလာပါတယ်။
အဲဒီအဆင့်ရောက်ပြီဆိုရင်တော့ စားရတဲ့ထမင်းကလဲ ပိုသန့်လာတယ်။ နေရတာလဲ အေးချမ်းလာတယ်။
လုပ်ငန်းခွင်ရဲ့ဖိစီးမှု့လဲ အထိုက်အလျှောက်သက်သာလာပါတယ်။
ဝန်ထမ်းအများစုဟာလဲ အချင်းချင်း ပိုက်ဆံရှာနိုင်တာ မပြိုင်တော့ပဲ နာမည်ကောင်းတာကို ပိုပြိုင်လာပါတော့တယ်။
အဲဒါလက်တွေ့ပါ။ အခုလောလောဆယ်ဖြစ်ရပ်ပါ။
လာဘ်ယူတဲ့ကိစ္စမျိုးတွေမှာ နာမည်အဆိုးဆုံးဖြစ်ပြီး လာဘ်မယူပဲ လုံးဝလည်ပတ်လို့မရတဲ့ဌာနတခုမှာ
ဖြစ်နေတာပါ။
အဲဒီရဲစခန်းထဲက အရာထမ်းတချို့ဆို အသောက် အစား အပျော်အပါးတွေ လျော့ကုန်တဲ့အထိပါ။
တော်တော်လဲ ယဉ်ကျေးဖေါ်ရွေကုန်တာပါ။ တကယ်ကို ကူညီတတ်သူတွေ ဖြစ်ကုန်တာပါ။
အဲဒါ အကြီးတန်းဝန်ထမ်းတဦးရဲ့ “သူတပါးတိုက်ရိုက်မနစ်နာစေသောလာဘ် ” ကိုသာယူတဲ့ စောင်းစည်းမှု့က “စ” တာပါ။
(ဒီမှာမဖေါ်ပြသင့်ပေမယ့် အဲဒီဌာနဆိုတာကို လက်တွေ့သိချင်ပါတယ်ဆိုရင် ကျွန်တော့်ဆီ PM ပို့ပြီးမေးနိုင်ပါတယ်။)
ကျွန်တော်ပြောချင်တာက-
ကျွန်တော်တို့ဟာ လူတွေပါ
သဘာဝဘေးအန္တရာယ်မျိုးစုံကို ကြံ့ကြံ့ခံရင်ဆိုင်တွန်းလှန်ရင်း
ရှင်သန်တိုးတက်မြင့်မားလာတဲ့ – “စွမ်းရည်ရှိတဲ့” မျိုးစိတ်ပါ။
ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ကောင်းအောင်- ပိုကောင်းအောင်လုပ်နိုင်တာ သေချာပါတယ်။
လုပ်ကြရအောင် ……….
22 comments
ဦးဦးပါလေရာ
January 5, 2012 at 11:50 pm
ဒီဥစ္စာကတော့ တောင်းပဲတောင်းပန်ရမလား ဘာပဲလုပ်ရမလဲမသိဘူး။
တီဗွီနားထောင်ရင်း draft ကိုနဲနဲပြင်ပြီး save လုပ်တာ publish နှိပ်မိသွားပါတယ်။
ကို့ယိုကားယားပိုစ့်ကြီးကိုဖတ်မိရင် ဆောတီးပါ အရပ်ကတို့ …
Khin Latt
January 6, 2012 at 2:43 am
“ကို့ယိုကားယားပိုစ့်ကြီး” တောင်မှ အတော်ဖတ်လို့ကောင်းပါတယ် ဦးဦးပါလေရာရေ။
ပြဿနာက အပေါ်မှာ အသေအချာ serious ဖတ်လာပြီးချိန် comment ကိုမြင်လိုက်မှ ဝါးလုံးကွဲ ရီမိလိုက် ပါကြောင်း ဝန်ခံပါ၏။ 😀
အရီရပ်ပြီးမှ ဆက်ဆွေးနွေး ပါရစေ။ 😉
Khin Latt
January 6, 2012 at 3:48 am
~~~~ မှားတာကို မှားမှန်း လက်ခံနိုင်ရပါမယ်။ မှားတာအတွက် အကြောင်းပြချက်တွေရှိပါတယ်။
မငြင်းနိုင်တဲ့ဆင်ခြေတွေရှိပါတယ်။ မရှောင်သာတဲ့ အခြေအနေတွေရှိပါတယ်။
သို့သော်- မှားတာကတော့ မှားတာပါပဲ။ ~~~~
မှန်လှပါတယ်။
ကျွန်မ အထင်တော့ ကျွန်မတို့ မြန်မာလူမျိုးတွေဟာ ရောင့်ရဲသည်းခံနိုင်စွမ်းရှိပါတယ်။ (ရောင့်ရဲနိုင်ခြင်း ရဲ့နောက်မှာ မကောင်းကွက်တွေ ရှိပေမဲ့ မဖွချင်သေးပါဘူး)
နောက်ပြီး စာရိတ္တကောင်းခြင်း ကို ရှေ့တန်းထားတတ် “ခဲ့” ကြသူ လူမျိုးပါ။
ဦးဦးပါလေရာ ပြောသလို ရိုးသားခြင်းကို တန်ဖိုးထားတဲ့ Role Model တွေ ရှားပါးလာခြင်း ဟာလဲ အဓိက ဆင်ခြေ ဖြစ်လာနိုင်ပါတယ်။
ချမ်းသာပြီးရင်း ချမ်းသာအောင် သမာအာဇီဝ နည်းနဲ့ မလုပ်နေသူ တွေဟာ ကျွန်မတို့ နိုင်ငံရဲ့ ယနေ့ကာလ Role Model တွေဖြစ်နေမလား။
ဒီတော့ စားစရာမရှိလို့ လုပ်ရတဲ့ သူတွေ ကို အပြစ်ဘယ်လို ပုံရပါ့။
အဲဒီလို တကယ်ပြုပြင် တော့မယ် ဆိုရင် လဲ သူတို့ အတွက် (တကယ်ကြိုးစားသူတွေ အတွက်) ရသင့်တဲ့ အခွင့်အရေး (အပိုဆုကြေး) လိုမျိုး၊ ဘာလုပ်ရင် ဘာဖြစ် မယ် ဆိုတဲ့ မျှော်လင့်ချက်မျိုး ခံစားနိုင်အောင် လဲ သက်ဆိုင်ရာ ဆင့်ကဲအုပ်ချုပ် သူများ မှ စီစဉ် စဉ်းစား ပေးသင့်ပါတယ်။ ဒါမှ ကောင်းတာလုပ်လို့ တရားဝင် ကောင်းကျိုး ရတယ် ဆိုတဲ့ ရလာဒ် ကောင်းကို သိလာမှာပါ။ ဘယ်သူ မဆို တိုးတက်ဖို့ မျှော်လင့်ချက် လေးနဲ့ အလုပ်လုပ်ချင် ကြမှာပါ။
အခုချိန်မှာ တော့ “ဒါမလုပ်ရင် ပြစ်ဒါဏ်ရမယ်” ဆိုတဲ့ အုပ်ချုပ်ပုံ အစား “ဒါလုပ်ရင် ဒါမျိုး ကောင်းတာရမယ်ဟေ့” ဆိုတဲ့ အုပ်ချုပ်ပုံ ကို သုံးသင့်တယ်လို့ လဲ ထင်မိပါတယ်။
နတ်ရေစင် ဖြန်းလိုက်သလိုတော့ ချက်ချင်း ပြောင်းသွားမှာတော့ မဟုတ်ပေမဲ့ နဲနဲချင်း စရင်း ပိုပို ကောင်းလာမှာပါ။ အသိရှိကြဖို့ ကတော့ ပထမ အစပေါ့။ “ဆရာသစ်” စကားနဲ့ဆို Awareness ပေါ့။
တိုင်းပြည် ချစား လာတာလဲ ဝုန်းကနဲ မှမဟုတ်တာ။ တဖြေးဖြေး အကဲစမ်းရင်း အကဲစမ်း ရင်း ပေါ်တင်ဖြစ်ကုန်တာ မဟုတ်လား။
ဒါကြောင့် အောက်ခြေ မဆွေးအောင် ခေါင်လုံ ရမယ် ဆိုတဲ့ ကျွန်မတို့ ခေါင်းဆောင်ရဲ့ စကားကို ကြားယောင်မိရင်း ဦးဦးပါလေရာ ရဲ့ အကြမ်းတောင်မှ အတော်ကောင်းလှတဲ့ Post ကို ထောက်ခံ ဆွေးနွေးလိုက်ပါတယ်။
ထိပ်ပိုင်းမှ လူများ အသိမှန်၊ အမြင်မှန်၊ အကျင့်မှန် အမြန်ရကြပါစေ လို့လဲ လှိုက်လှဲစွာ ဆုတောင်း ဆန္ဒပြုလိုက်ပါတယ် ဦးဦးပါလေရာ (ခင်ဗျား)။ 🙂
small cat
January 6, 2012 at 7:41 am
“သူတပါးတိုက်ရိုက်နစ်နာစေတဲ့ လာဘ်ယူခြင်း နဲ့
သူတပါးတိုက်ရိုက်မနစ်နာစေတဲ့လာဘ်ယူခြင်း ”
မှန်ပါတယ် တချို့ကိစ္စတွေဟာ သူတစ်ပါးနစ်နာအောင် အတင်းဖြစ်ညှစ်ယူရတာမျိုးတွေရှိပြီး၊ တချို့ကိစ္စတွေက သူတစ်ပါးရဲ့အခက်အခဲတစ်ခုပြေလည်သွားအောင် ဘောင်ထဲက ကူညီလိုက်ရတာမျိုးတွေရှိပါတယ်။
“နှစ်မျိုးလုံးကိုမငြင်းနိုင်လို့ တခုရွေးခွင့်ရမယ်ဆိုရင်ဖြင့်
သူတပါးတိုက်ရိုက်မနစ်နာစေတဲ့လာဘ်ယူခြင်းကိုသာ ရွေးသင့်ပါတယ်။”
အထက်ကပြောသလိုကူညီလိုက်တဲ့အခါမျိုးမှာတခြားသူလည်းနစ်နာမသွားပါဘူး၊ အကူအညီရသူဟာလည်းကျေးဇူးတင်သွားပါတယ်။ဒီလိုကိစ္စမျိုးကိုရွေးချယ်ရမှာပါ။
“အဲသလိုရွေးရင် သိသာလာမယ့်တချက်က ဌာနအတွင်း လာဘ်ယူသူတွေကြားမှာ
ကိုယ်က လူမုန်းခံရတာနဲလာတယ်။ ”
မှန်ပါတယ် အများပြည်သူရဲ့အမြင်မှာ ကောင်းလာပါတယ်၊ တချို့သောအခွင့်အရေးသမားများကတော့ လုပ်မပေးနိုင်တဲ့ အတွက် အဆင့်မရှိဘူးဆိုပြီးအထင်သေးခံရတာမျိုးတော့ ရှိနိုင်ပါတယ်။ဂရုမစိုက်ပါနဲ့။
“အဲဒီလိုလုပ်ပြရင်း အခြားဌာနတွင်းဝန်ထမ်းတွေကပါ ကိုယ့်ကိုအားကျပြီး ကိုယ့်လမ်းစဉ်လိုက်လာတတ်ပါတယ်။”
အဲဒီအချက်ကတော့ ရာနှုန်းပြည့်မမှန်ကန်နိုင်ပါ။ တချို့အမုန်းခံရတာတောင်ရှိတတ်ပါတယ်၊လစ်လျူရှုလိုက်ပါ။
“စားရတဲ့ထမင်းကလဲ ပိုသန့်လာတယ်။ နေရတာလဲ အေးချမ်းလာတယ်။
လုပ်ငန်းခွင်ရဲ့ဖိစီးမှု့လဲ အထိုက်အလျှောက်သက်သာလာပါတယ်။”
အသေအချာကိုမှန်ကန်ပါတယ်၊ဝန်ထမ်းများ စမ်းသပ်ကြည့်ဖို့လေးလေးနက်နက်တိုက်တွန်းပါတယ်။
“ဝန်ထမ်းအများစုဟာလဲ အချင်းချင်း ပိုက်ဆံရှာနိုင်တာ မပြိုင်တော့ပဲ နာမည်ကောင်းတာကို ပိုပြိုင်လာပါတော့တယ်။”
အဲဒါက တော့ လုပ်ပြနေသူဟာ ဌာနရဲ့ဦးဆောင်သူ အရာရှိကိုယ်တိုင်ဖြစ်နေရပါမယ်။ လက်အောက်ကသူဆိုရင်တော့ အရာရှိရဲ့ ငြိုညင်မှုနဲ့ လူရာသွင်းမခံရမှု၊ အခြားဝန်ထမ်းများကပါ အရာရှိအမြင်စောင်းမှာကြောက်တဲ့အတွက် ဖာသိဖာသာနေတာမျိုးခံရပါမယ်။
ကိစ္စမရှိပါ ၊အဓိက ကတော့ ကိုယ့်စိတ်ထဲမှာ “ငါအတတ်နိုင်ဆုံးမဟုတ်တာမလုပ်ဘူး၊ ငါ့ဟာငါရပ်တည်နိုင်အောင်ကြိုးစားမယ်” ဆိုတဲ့ စိတ်ကိန်းအောင်းနေဖို့ပဲလိုပါတယ်။အဲဒါမှလာဘ်စားမှုပေါ်မှာလဲသိပ်အာရုံမထားပဲ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို လုပ်ချင်စိတ်ဖြစ်လာမှာပါ၊ဖြစ်အောင်လည်းလုပ်မှာပါ၊တစ်ခုအဆင်မပြေရင် နောက်တစ်ခုကိုပြောင်းလုပ်ချင်လာမှာပါ။”လုပ်လည်းလုပ်ကြည့်ကြဖို့တိုက်တွန်းပါတယ်၊အချည်းနှည်းမဖြစ်ကြောင်းလည်းအာမခံနိုင်ပါတယ်။”
အရင်ကနာမယ်ပျက်ရှိထားရင် အစပိုင်းမှာခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ မှန်ကန်တဲ့စိတ်ဓါတ်အပြည့်နဲ့ကြိုးစားကြည့်ပါ၊ အများက သိလာရင် လက်ခံလာကြပါလိမ့်မယ်။
အမှားများ၊လိုအပ်ချက်များရှိပါက၊ရွာသူား(ဝန်ထမ်း)များပြင်ဆင်ဖြည့်စွက်ပေးကြပါလို့ မေတ္တာရပ်ခံတောင်းပန်အပ်ပါသည်။ ဆက်လက်ဆွေးနွေးပါဦးမည်။
thit min
January 6, 2012 at 9:37 am
အရမ်းကောင်းပါတယ်။
ဒီလိုပထမစဉ်းစားတယ်။
လိုအပ်တာထက် ပိုနေတဲ့ လာဘ်စားမှုတွေကို ရှက်စရာလို့မြင်တတ်လာရင် လိုသလောက်ဘဲ
မဖြစ်မနေအသက်ရှင်ရပ်တည်ရေးအတွက် စားတယ်ဆိုတဲ့အနေအထားလောက်ရောက်သွား
ရင်တောင် ဒီထက်အများကြီးပိုကောင်းလာမှာပါ။
ပိုကောင်းသွားအောင် နည်းလမ်းတခုထပ်စဉ်းစားမိတယ်။
ရလာတဲ့လာဘ်ထဲက ပါဆဲန်းတိတ်ချ်တခုကို ကောင်းမှုတခုလုပ်တာ၊ လှူတန်းတာမျိုးပါ။
အရင်တုန်းက မြန်မာပြည်မှာလာဘ်စားတာအရမ်းနာမည်ကြီးတဲ့အဖွဲ့အစည်းတခုရဲ့လုပ်ရပ်တခုပါ။
သူတို့ရုံးကိုသာယာလှပအောင်ပြုပြင်တယ်၊ ဆွမ်းကျွေးဆွမ်းလောင်းတာတွေပုံမှန်လုပ်တယ်။
ဆင်းရဲတဲ့ ကျောင်းတွေကိုရွေးလုပ်တာမို့လိုအပ်တဲ့ နေရာကိုဖြည့်စွက်တဲ့သဘောလုပ်တာမျိုး။
နောက်ဆုံးတချက်ကတော့ ကိုယ်တွေ့ပါ။
မြန်မာပြည်ရဲ့ နယ်စပ်မြို့လေးတမြို့မှာ တနှစ်လောက်စီးပွါးရှာခဲ့စဉ်က ပြီမလွဲမရှောင်သာ ရုံးကိတ်စတွေ
ပါတ်သက်လာရတယ်။
အမြတ်ခွန်ရုံး၊ အကောက်ခွန်ရုံး၊ကုန်တင်ပို့ရမဲ့ဌာန သုံးနေရာကိုသွားရတယ်ပေါ့။
လာဘ်စားတာတော့ စားတာဘဲ။တော်တော် အဆင်ပြေတဲ့လာဘ်စားမှုလို့ပြောလို့ရတယ်။
လုပ်ပုံကဒီလို။
ကိုယ်ဆောင်ရမဲ့ အမြတ်ခွန်နှုန်းကို ကုန်တန်ဘိုးနဲ့ရေးထားတဲ့ဖြည့်စွက်ပုံစံကို နမူနာ ပြထားတာကြည့်ပြီး
ဖြည့်ရေး။ ပြီးရင် အပြင်ကနေ လက်နဲ့လှမ်းပြီးထဲ့လို့ရတဲ့ ဂျပ်ထူပုံးထဲကို လျှောက်လွှာနဲ့ လုပ်ဆောင်ခ
(အမှန်က အဲဒါလာဘ်ငွေ)ကို သားရေကွင်းနဲ့ချည်ပြီး ပလတ်စတစ်အိပ်ထဲသေသေချာချာထဲ့ပြီး သား
အထုတ်လေးကိုလှမ်းထဲ့လိုက်။ပြီးရင်ပြန်တော့။
အဲဒီဟာပြီးရင်အကောက်ခွန်ရုံးကိုသွား၊ စာရေး ၃ ယောက်ရှိမယ်။ လွတ်နေတဲ့နေရာဝင်ပြီး ပို့မဲ့ကုန်စာရင်းနဲ့
လုပ်ဆောင်ခ(လာဘ်ငွေ)ပါတွဲပေး။သူက အခွန်ဘယ်လောက်ဆောင်ရမယ်လို့ပြန်ရေးပေးလိမ့်မယ်။
အဲဒီ မှာဘဲရှိတဲ့ ငွေစာရင်းဋ္ဌာနကိုသွားသွင်း အဲဒီမှာလဲတန်းစီစရာမလိုဘူး။ လုပ်ဆောင်ခပေးရတယ်။
အမြန်ဆုံးလုပ်ပေးတယ်။
အဲဒီကနေ ခုနကအမြတ်ခွန်ရုံးပြန်သွား ခုနကထဲ့ထားတဲ့ပုံးကြီးအပြင်ရောက်နေပြီ။အပြင်ရောက်ဘို့အဲဒီပုံးက
၁ နာရီတိတိကြာတယ်လေ။အဲဒီအတွင်း ကတ်စတန်(အကောက်ခွန်ရုံးသွားတဲ့သဘောပေါ့ဗျာ)။
ပုံးထဲက ကိုယ်နဲ့ဆိုင်တဲ့ ဗောက်ချာကိုရွေးယူ။ အံ့ဩစရာကောင်းတာက ကုန်သည်တွေကစည်းကမ်းရှိတယ်ဗျ။
ကိုယ့်စာရွက်ဘဲကိုယ်ယူတယ်ပေါ့။ ဖြည်းဖြည်းသက်သာရှာယူကြတာ။ သူများစာရွက်တွေပြဲမှာဂရုစိုက်ပေး
တဲ့သဘော။ အဲဒါလိုမယ်။ အဲဒါမြန်မာပြည်ပါဘဲနော်။စစ်အစိုးရလက်ထက်ပါဘဲ။
အဲဒီကယူပြီးကုန်တင်ပို့ဌာနကို သွားပေါ့။ အဲဒီက တော့ဒီကစာရွက်စာတမ်းတွေပါတော့မြန်ပါတယ်။
သူတို့ကတော့ ပရိုက်ဗိတ်တွေပါ။
အဲဒီလိုလုပ်ရတာ တမနက် သို့မဟုတ် နေ့ခင်းတခြမ်း ဆိုရင် လုံလောက်တယ်။
စိတ်ညစ်စရာမရှိဘူး။ အဲဒီကဝန်ထမ်းတွေဆိုမျက်နှာတွေကချို၊ ကုန်သည်တွေလည်းပြုံးလို့။
အင်း အဲဒီနေရာပုံစံမျိုး ကညနမှာလိုင်စင်သွားယူတုန်းကရယ်။ဘဏ် ၃ မှာငွေသွားသွင်းတုန်း
ကရယ် တွေ့ဘူးတယ်။ အမြန်ကြေးလို့ဆိုတယ်မဟုတ်လား။မှတ်မိမှာပါ။
ချောချောမွေ့မွေ့လုပ်ပေးတော့ပေးပျော်ပါတယ်။အဲဒီလိုမျိုးလေးပေါ့။
weiwei
January 6, 2012 at 11:12 am
ဝန်ထမ်းတွေ လာဘ်စားတာနဲ့ပတ်သက်ရင် လုပ်ငန်းပေါ်မူတည်ပြီး အမျိုးမျိုးရှိကြတယ် … ကျွန်မပတ်ဝန်းကျင်မှာဆိုရင် လာဘ်စားတဲ့သူတစ်ယောက်မှမရှိဘူး … လာဘ်ပေးတဲ့သူပဲရှိတယ် … ပေးချင်လွန်းလို့ကို ပေးတယ် … နည်းမျိုးစုံနဲ့ ငြင်းလို့မရအောင် ပေးဖို့ကြိုးစားကြတယ် … လက်ခံရတဲ့သူ ဝိနည်းလွတ်အောင် ပေးတယ်ပေါ့ …
အဲဒီမှာ ပြသနာက … လုပ်ငန်းကြောင့်မဟုတ်ပဲ ခင်လို့ပေးသလိုမျိုးလုပ်တော့ ယူတဲ့သူက အတ္တကြီးရော … သူ့ကိုပေးတာ တခြားဝန်ထမ်းနဲ့မဆိုင်ဘူးလို့ မှတ်လိုက်တယ် … ပေးတဲ့သူကလဲ တစ်ဌာနလုံးကိုတော့ ဘယ်ပေးမလဲလေ … အဲဒီမှာ တစ်ဦးတည်းမောင်ပိုင်စီးထားလိုက်ပြီး မသိချင်ယောင်ဆောင်နေလိုက်တော့ လက်အောက်ငယ်သားတွေခဗျာ တစ်ပြားတစ်ချပ်မှမရပဲ ခိုင်းသမျှအကုန်လုပ်ပေးရတဲ့ အခြေအနေမျိုး ကြုံရတယ် … မမျှတမှုတွေ များလာတယ် …
အဲဒီလို ခေါင်းဆောင်မျိုးလက်အောက်မှာ အလုပ်လုပ်ကြရတဲ့ဝန်ထမ်းတွေလဲ မြန်မာပြည်ထဲမှာ အများကြီး (အများကြီး) ရှိပါတယ် ….
blackchaw
January 6, 2012 at 1:28 pm
ကဲ လုပ်ကြမယ်ဗျာ။ ကိုပါလေရာရေ။ ကျွန်တော်တို့ တတ်နိုင်သလောက်ပေါ့။
ဦးဦးပါလေရာ
January 7, 2012 at 12:25 am
ဟုတ်ပါတယ် ကိုဘလက်ချောရေ
ကိုယ့်ကိုယ်ကိုလဲ အားပေး၊ သူတပါးကိုလဲအားပေးရင်း…
ကိုယ့်ကိုယ်ကိုလဲ စည်းရုံး၊ သူတပါးကိုလဲ စည်းရုံးရင်း ပေါ့…
nature
January 6, 2012 at 3:06 pm
ဝန်ထမ်းတွေလာဘ်မစားဖို့အတွက် ကျွန်တော်မြင်တာကတော့ –
သင့်တင့်လုံလောက်ပြီးမိသာစု ၁ခု ထူထောင်နိုင်တဲ လစာ ကိုတိုးပေးရမယ်။လူပျိုဆိုရင်အပိုစုမိရမယ်။ လစာတိုးရုံသာမက ဝန်ထမ်းတွေရဲ့စိတ်ဓါက်ကိုမြှင့်တင်ပေးဖို့ လေ့ကျင့် သင်တန်းပေး စည်းရုံးဖို့လိုမယ်။ လက်အောက်ဝန်ထမ်းတွေကို ငါ့တပည့်ပဲ၊ ငါခိုင်းတာလုပ်ရမယ်ဆိုတာထက် ၊ အောက်ခြေဝန်ထမ်းတွေဆိုတာ တိုင်းပြည်ရဲ့ ယန္တယားလည်းပတ်ဖို့ အတွက်အခြေခံအုတ်မြစ်ဖြစ်တယ်ဆိုပြီး သူတို့ကိုစိတ်ဓါက်မြှင့်တင်ပေးပြီး ပြည်သူတွေရဲ့ဝန်ဆောင်မှုလုပ်ငန်းမှာ သူတို့ရဲ့လက်တွေ့ကျတဲ့ အတွေ့အကြုံအခက်အခဲတွေကို လက်ခံစဉ်းစားပေးပြီး ပိုမိုကောင်းမွန်တဲ့နည်းလမ်းကိုစည်းစည်းရုံးရုံးနဲ့ အဖြေရှာပြီး ဖြေရှင်းရင် ပိုမို အဆင်ပြေလာမယ်ထင်တယ်။ မပြောရဲ မဆိုရဲ အကြံမပေးရဲတာတွေ လျှော့သွားမယ်။ ဝန်ထမ်းတွေ စိတ်ဓါက်တက်ကြွလာမယ်ထင်တယ်။ တိုင်းပြည်ဟာလည်း ကမာ္ဘ့အဆင်းရဲဆုံးနိုင်ငံဖြစ်နေတဲ့အတွက် ရုံးတွေမှာလည်း ပြည်သူတွေက ထိုက်သင့်တဲ့ဝန်ဆောင်ခမျိုးပေးသင့်တယ် ။
small cat
January 6, 2012 at 3:12 pm
“လိုအပ်တာထက် ပိုနေတဲ့ လာဘ်စားမှုတွေကို ရှက်စရာလို့မြင်တတ်လာရင် လိုသလောက်ဘဲ
မဖြစ်မနေအသက်ရှင်ရပ်တည်ရေးအတွက် စားတယ်ဆိုတဲ့အနေအထားလောက်ရောက်သွား
ရင်တောင် ဒီထက်အများကြီးပိုကောင်းလာမှာပါ။”
“ရလာတဲ့လာဘ်ထဲက ပါဆဲန်းတိတ်ချ်တခုကို ကောင်းမှုတခုလုပ်တာ၊ လှူတန်းတာမျိုးပါ။”
ဆရာသစ်ရေ ကွက်တိပါပဲဗျာ။ကျနော်တို့လိုချင်တဲ့ ဘက်ကိုနဲနဲတော့ ချဉ်းကပ်လာပါပြီ။
“အဲဒါ အကြီးတန်းဝန်ထမ်းတဦးရဲ့ “သူတပါးတိုက်ရိုက်မနစ်နာစေသောလာဘ် ” ”
“အဲဒါ အကြီးတန်းဝန်ထမ်းတဦးရဲ့”
“အဲဒါ အကြီးတန်းဝန်ထမ်းတဦးရဲ့”
“အဲဒါ အကြီးတန်းဝန်ထမ်းတဦးရဲ့”
ဦးဦးပါလေရာခင်ဗျာ အထက်မှာ အဲဒိကိစ္စကိုကျနော်ဆွေးနွေးထားပြီးပါပြီ။
ဌာနရဲ့ ဦးဆောင်သူ သို့မဟုတ်နဲနဲမြင့်တဲ့သူဖြစ်ရပါမယ်။ ကျနော်တို့အများအားဖြင့်တွေ့နေ ဖတ်နေရတာက
အောက်ခြေဝန်ထမ်း
အောက်ခြေဝန်ထမ်း
အောက်ခြေဝန်ထမ်း လို့ပဲတွေ့နေရတယ်။
“လိုအပ်တာထက် ပိုနေတဲ့ လာဘ်စားမှုတွေကို
“လိုအပ်တာထက် ပိုနေတဲ့ လာဘ်စားမှုတွေကို
“လိုအပ်တာထက် ပိုနေတဲ့ လာဘ်စားမှုတွေကို
အဲဒီနေရာမှာ ဘယ်သူတွေက လိုအပ်တာထက်ပိုစားနေသလဲဆိုတာ အကြမ်းဖျင်း အုပ်စုခွဲဖို့လိုလာပါပြီ။
ဝန်ထမ်းတွေကို အောက်ခြေ၊အလယ်၊အထက် လို့ အုပ်စုသုံးစုခွဲကြည့်ရအောင် ။
ဘယ်အဆင့်က ဘယ်အဆင့်ထိအောက်ခြေလဲ
ဘယ်ကဘယ်ကိုု အလယ်လဲ
ဘယ်က ဘယ်ကို အထက်လဲ ၊
အဲဒီ သုံးအုပ်စုကိုလည်းတစ်အုပ်စုကို သုံးဆင့်ထပ်ခွဲကြည့်ရအောင်။
အဲဒါလေး အရင် သတ်မှတ်ပေးကြပါ။
အဲဒါလေး အရင် သတ်မှတ်ပေးကြပါ။
အဲဒါလေး အရင် သတ်မှတ်ပေးကြပါ။
အထက်ကပြောင်းနေပြီဆိုတာ ဘာကိုပြောတာပါလဲ။
(တစ်ခုတော့ တောင်းပန်ချင်ပါတယ်၊ ကျနော်ဆွေးနွေးခဲ့တဲ့အစအဆုံးဟာ၊ ကျနော့တစ်ယောက်အတွက်မဟုတ်ပါဘူး၊ ကျနော့ပတ်ဝန်းကျင်မှာတွေ့နေရတဲ့ ကျနော့ထက်အောက်ကိုကျတဲ့အောက်ခြေဝန်ထမ်းတွေ နေရာက ဝင်ခံစားပြီးဆွေးနွေးနေတယ်ဆိုတာ နားလည်ပေးစေချင်ပါတယ်။)
etone
January 6, 2012 at 3:26 pm
(((ကျွန်တော်တို့ဟာ လူတွေပါ
သဘာဝဘေးအန္တရာယ်မျိုးစုံကို ကြံ့ကြံ့ခံရင်ဆိုင်တွန်းလှန်ရင်း
ရှင်သန်တိုးတက်မြင့်မားလာတဲ့ – “စွမ်းရည်ရှိတဲ့” မျိုးစိတ်ပါ။ ))) ဆိုတဲ့ စိတ်မျိုး လူတိုင်းမဟုတ်လျှင်တောင် လူအများစုမှာ ရှိလျှင် သိပ်ကောင်းမှာပါပဲ … ။ လာဘ်ပေးလာဘ်ယူမှုပျောက်ဖို့ကတော့ ကျွန်မတို့ တစ်သက်တောင် မှီပါ့မလား မသိဘူး ။
thit min
January 6, 2012 at 5:35 pm
လာဘ်စားတာကိုရှက်စရာလို့ “လေးလေးနက်နက်ကြီး” လာဘ်စားခွင့်ရှိသူတိုင်း
သဘောပေါက်လက်ခံလာတဲ့နေ့ဟာ လာဘ်စားခြင်း ပပျောက်မဲ့နေ့ပါဘဲ။
ကိုကြောင်လေးပြောတဲ့ အောက်ခြေအဆင့်ထက် အကြီးတန်းတွေရဲ့ တာဝန်က
ပိုလို့ကြီးတာပါ။
မဝေဝေပြောသလို သူတို့ရဲ့အာဏာပါဝါအောက်မှာလာဘ်မစားလို့ကိုမရ၊ ခိုင်းတာလိုက်လုပ်
နေရတဲ့ ဘဝတွေဟာ အဲဒီ အကြီးတန်းတွေရဲ့ လာဘ်စားခြင်းကို အရှက်မဲ့တဲ့လုပ်ရပ်တွေကြောင့်ပါဘဲ။
————————————————-။
အတွေ့အကြုံတခုအရပြောရရင် လာဘ်ပေးတာကို သေသေချာချာကိုရေပြီး ယူတဲ့သူတွေကိုတောင်တွေ့
ဘူးလို့ အံ့ဘွယ်သုတဖြစ်ခဲ့ရပါတယ်။
ဟိရိ ဩတပ္ပတရား (မကောင်းမှုပြုခြင်းကို ရှက်ခြင်း ကြောက်ခြင်း)များ မရှိကြ။အရှက်ကင်းမဲ့စွာပါဘဲ။
ရှက်တတ်လာအောင် ” Awareness ” ရအောင် ဘယ်လိုကြိုးစားနိုင်မလဲ။
လက်တွေ့ကလေးတွေကနေ ဆွေးနွေးပေးကြပါအုန်း။
ကိုပါလေရာရေ ကျေးဇူးပါနော်။
ဦးဦးပါလေရာ
January 6, 2012 at 6:28 pm
အဲဗျာ..
ဒီပိုစ့် ကန့်လန့်ကြီးကို စိတ်ရှည်သည်းခံပြီး ဖတ်ပေး ဆွေးနွေးပေးကြတာကို ကျေးဇူးတင်လှကြောင်းပါ။
မခင်လတ်ပြောသလိုပဲ “နတ်ရေစင် ဖြန်းလိုက်သလိုတော့ ချက်ချင်း ပြောင်းသွားမှာတော့ မဟုတ်ပေမဲ့ နဲနဲချင်း စရင်း ပိုပို ကောင်းလာ” ..အောင် ရည်မှန်း လုပ်ဆောင်ကြရမှာပါပဲ။ ရလာဒ်ကောင်းတွေအတွက် သိပ်အလောကြီးလို့မရပေမယ့် အသိရှိသူများက တလှမ်းချင်း စ ပြီး ကိုယ်တိုင်လဲလုပ်ရင်း လုပ်နေသူတွေကိုလဲ အားပေးပံ့ပိုးဘို့လိုတယ်လို့ ယူဆမိပါတယ်။
ကိုနေးချားပြောသလို – “ဝန်ထမ်းတွေလာဘ်မစားဖို့အတွက် သင့်တင့်လုံလောက်ပြီးမိသာစု ၁ခု ထူထောင်နိုင်တဲ လစာ ကိုတိုးပေး”.. ဘို့ဟာလဲ မဖြစ်မနေ လိုအပ်ပါတယ်။ အခြေခံ လူမှု့စားရိတ်ရဲ့ ၁၀% မှ ၂၀% အထိလောက်ပဲ လစာရနေတဲ့ ဝန်ထမ်းမျိုးတွေကို လာဘ်မယူဘို့ ပြောရမှာ တရားမျှတမှု့လဲမရှိ၊ အောင်လဲ မအောင်မြင်နိုင်ပါဘူး။
small cat ပြောတဲ့ –
“ဌာနရဲ့ ဦးဆောင်သူ သို့မဟုတ်နဲနဲမြင့်တဲ့သူဖြစ်ရပါမယ်။”
ဆိုတာဟာလဲ မှန်လဲမှန် အရေးလဲပါပါတယ်။ အပေါ်က အရမ်းစားချင်နေတဲ့ နေရာမျိုးတွေမှာ အောက်ခြေက ရုပ်မဆိုးအောင် နဲနဲထိန်းလုပ်ရင်ကို အပေါ်က ပြဿနာမျိုးစုံရှာ ( အချို့နေရာတွေမှာ မိသားစုနဲ့အသက်ကိုပါခြိမ်းခြောက်) တာတွေ တကယ်ပဲရှိနေပါတယ်။
မဝေဝေပြောတာနဲ့ ကိုသစ်မင်းပြောတာကို သပ်သပ်ထုတ်ပြီး ဆွေးနွေးဦးမယ်။
အိတုန်ရေ – လာဘ်ပေးလာဘ်ယူတာတွေ ပပျောက်ဖို့တော့ တော်တော်ကို မမှန်းနိုင်လောက်အောင် ဝေးပါသေးတယ်။
ဦးဦးပါလေရာလဲ ဝဲဂယက်ထဲမှာ လာဘ်ပေးသူတဦးအဖြစ် ပါဝင်ဆဲပါကွယ်။
မပေးရင်လား … ဟင်း.. ဟင်း… 🙁
ငပေါက်ဖော်
January 6, 2012 at 6:38 pm
အဲဒီအခန်းဖြတ်..အဲဒီအခန်းဖြတ်
ဘယ့်နှယ်အေ
လာဘ်ပေးလာဘ်ယူ တို ့ရန်သူဆိုပြီးကြွေးကြော်ခဲ့ကြတာ အခုလို လာဘ်စားတဲ့ကိစ္စဆွေးနွေးနေကြမှတော့
ကျုပ်တို ့နိုင်ငံလာဘ်စားမှန်း ကမ္ဘာက ရိပ်မိကုန်ကြတော့မှာပေါ့
အရဂါးနောက်ဒါ 😆
ဆက်ဆွေးနွေးကြပါ..
ကျနော်မျိုးကြီး မှတ်သားနေပါကြောင်းခင်ဗျား
ဦးဦးပါလေရာ
January 7, 2012 at 12:29 am
ဟုတ်ပါ့ ကဖေါ်ရီး ရယ်
ကမ္ဘာမှာထင်ရှားတဲ့ ကျုပ်တို့နိုင်ငံရဲ့ နာမည်ကောင်းလေးမှ မထောက်.. 😀
MaMa
January 6, 2012 at 9:31 pm
ဦးပါလေရာ မန့်လိုက်ရင် အလွန်သဘောကျမိပါတယ်။
ပိုစ့်ကတော့ ဆိုဖွယ်ရာ မရှိပေ့ါ။ 🙂
ပြောရမယ်ဆိုရင်-
လာဘ်ပေးတဲ့သူတွေဘက်ကလည်း ကိုယ့်ကိစ္စအဆင်ပြေအောင် ပေးရတာပါ။
မပေးရရင် ပိုကောင်းတာပေ့ါ။ 🙂
(အလုပ်ကိစ္စပြီးမှ အဆင်ပြေလို့ ကျေးဇူးတင်တဲ့အနေနဲ့ ပေးတာလာဘ်လို့ မခေါ်ပါ။)
ဝန်ထမ်းတွေထဲမှာလည်း ကိုယ့်ဂုဏ်သိက္ခာကို စောင့်ထိန်းပြီး သိက္ခာရှိရှိနေချင်သူတွေ ရှိမှာပါ။
( ခုချိန်မှာလည်း တချို့နေရာတွေမှာ အင်မတန်တော်ပြီး သိက္ခာရှိတဲ့ ဝန်ထမ်းတွေကို မြင်ဖူးပါတယ်။)
ငယ်ငယ်က ကျမတို့ တောမြို့လေးကို ရောက်လာတဲ့ အရာရှိကြီးငယ်တွေကို ကြည့်ပြီး လေးစားခဲ့တယ်။ အားကျခဲ့ရတယ်။
ခုချိန်ထိ (သူတို့ ရာထူးရှိချိန်မှာရော၊ အခုရာထူး မရှိချိန်မှာပါ) ဆွေမျိုးတွေလို ရင်းနှီးခင်မင်လျှက် ပေါင်းသင်းဆက်ဆံကြရတာ ဘယ်လောက် ဝမ်းမြောက်စရာကောင်းသလဲ။
အဲဒီလို ဂုဏ်သိက္ခာရရှိကြစေချင်ပါတယ်။ သူကောင်း ကိုယ်ကောင်းပေ့ါ။ 🙂
ဦးဦးပါလေရာ
January 7, 2012 at 12:41 am
( ခုချိန်မှာလည်း တချို့နေရာတွေမှာ အင်မတန်တော်ပြီး သိက္ခာရှိတဲ့ ဝန်ထမ်းတွေကို မြင်ဖူးပါတယ်။)
ကျွန်တော့်မှာ သင်ဆရာတယောက် ရှိခဲ့ဘူးတယ် မမ ရဲ့။
သူက တချိန်မှာ ဝန်ထမ်းထဲမှာဖြင့် အမြင့်ဆုံးရာထူးကိုရခဲ့ပြီး အငြိမ်းစားယူသွားတာ။
လုံးဝ လုံးဝ လာဘ်မစားတာတော့ ကိုယ်တွေ့။
လာဘ်မစားတော့ ဆင်းရဲကျပ်တည်းတယ်ပေါ့။ အရမ်းအရမ်း ခြိုးခြံရတယ်ပေါ့။
တဖက်တလမ်းက ပညာကိုရင်းပြီး ဝမ်းစာရှာရတယ်ပေါ့။
အငြိမ်းစားလဲယူပြီးရော သူ့ကို ချစ်ခင်တဲ့ ကြည်ညိုတဲ့ လေးစားတဲ့သူတွေ ဝိုင်းဝိုင်းလည်နေတာ။
အခုတော့ သူ့သိက္ခာကြောင့်ပဲ ပုဂ္ဂလိကလုပ်ငန်းတခုက တစ်လ ထောင့်ငါးရာလောက်နဲ့ အိမ်ဦးခန်းတင်ထားလေရဲ့။
သူ့သီလက သူ့ကိုအကျိုးပေးတာလေ။
Oo Oo
January 6, 2012 at 10:30 pm
ဆွေးနွေးထားကြတာတွေ အလွန်ကောင်းကြပါတယ်။
ဦးဦးပါလေရာ တင်ပြထားတဲ့..
“နှစ်မျိုးလုံးကိုမငြင်းနိုင်လို့ တခုရွေးခွင့်ရမယ်ဆိုရင်ဖြင့်
သူတပါးတိုက်ရိုက်မနစ်နာစေတဲ့လာဘ်ယူခြင်းကိုသာ ရွေးသင့်ပါတယ်။”
ဆိုတဲ့အယူအဆဟာ ဂုဏ်သိက္ခာ ပိုင်းကိုတန်ဖိုးထားတတ်လာစေတဲ့သဘောဆောင်လို့
လက်ရှိခေတ်အခြေအနေနဲ့ကြည့်ရင် လာဘ်စားနေကြတဲ့ဝန်ထမ်းတွေအားလုံး အဲ့ဒီအဆင့်လောက်ရောက်
ရင်ပဲမဆိုးလှတော့ဘူးလို့ထင်ပါတယ်။
လက်ရှိမှာ ပြည်သူတွေနဲ့တိုက်ရိုက်ထိတွေ့နေရတဲ့(ဝန်ကြီးဌါနအချို့ရဲ့) မြို့နယ်အဆင့်ရုံးတွေမှာ အောက်ခြေအဆင့်ဝန်ထမ်းက
အထက်အရာရှိအတွက်လည်းရှာပေးရ ကိုယ့်အတွက်လည်းကျန်အောင်လုပ်ရ ဆိုတော့ နောက်ဆုံး ရုံးကိုမဖြစ်မနေလာပတ်သက်
နေရတဲ့မရှိဆင်းရဲသား တွေအပေါ်မှာလည်း စာနာရကောင်းမှန်းမသိတော့ပဲ (ပေါက်ဈေးရမှလုပ်ပေးနိုင်မယ်ဆိုတဲ့သဘောနဲ့)
ဇွတ်ကိုတောင်းတော့တာပဲ။ မပေးနိုင်တဲ့လူတွေကို လုံးဝကိုမဆောင်ရွက်ပေးပဲ ပစ်ထားတာတွေ..ညစ်ထားတာတွေမျိုးလည်းရှိနေပါတယ်..အဲ့လိုအဆင့်ကတော့ ယုတ်မာတဲ့အဆင့်ရောက်သွားပြီလို့မြင်ပါတယ်..
ဒီလိုအဖြစ်တွေနဲ့စာရင် ဦးဦးပါလေရာ တင်ပြထားတာကပိုမိုသင့်မြတ်နေကြောင်းပါ။
ဦးဦးပါလေရာ
January 7, 2012 at 12:31 am
အဲဒါပါ Oo Oo ရေ
အကောင်းဆုံးကို မရခင်မှာ
အဆိုးသက်သာတာလေး ရွေးချယ်ရမလားလို့ ……
small cat
January 7, 2012 at 8:25 am
“(ပေါက်ဈေးရမှလုပ်ပေးနိုင်မယ်ဆိုတဲ့သဘောနဲ့)
ဇွတ်ကိုတောင်းတော့တာပဲ။ မပေးနိုင်တဲ့လူတွေကို လုံးဝကိုမဆောင်ရွက်ပေးပဲ ပစ်ထားတာတွေ..ညစ်ထားတာတွေမျိုးလည်းရှိနေပါတယ်..အဲ့လိုအဆင့်ကတော့ ယုတ်မာတဲ့အဆင့်ရောက်သွားပြီလို့မြင်ပါတယ်..”
ဦးဦးခင်ဗျာ ကျနော်ကိုယ်တိုင်ကို အဲဒီလုိုမျိုး ခံစားလိုက်ရပါတယ်။ သူတို့ တောင်းတဲ့နှုန်းကိုမပေးလိုက်လို့ ထစ်ထားတာခံလိုက်ရပြီး မြေကိစ္စတွေ မူပြောင်းသွားတော့ အစကနေပြန်လုပ်ရမဲ့သဘောဖြစ်နေပါတယ်။
“အကောင်းဆုံးကို မရခင်မှာ အဆိုးသက်သာတာလေး ရွေးချယ်ရမလားလို့ ……”
ဟုတ်ပါတယ် ၊အရင်ဆုံးလျော့ပါးအောင်လုပ်ရမှာပါ။ ဝန်ထမ်းတွေမလောက်လို့လာဘ်စားတာကိုခွင့်ပြုဖို့မဟုတ်ပါဘူး၊ ဦးတည်ချက်က -ပပျောက်သွားအောင် နည်းလမ်းရှာဖို့ ဝိုင်းပြီး တွန်းအားပေးကြဖို့ပါ၊ ဒီနေရာမှာ ပစ်မှတ်တွေ မမှားကြဖို့ လိုပါတယ်။
“ကျွန်တော့်မှာ သင်ဆရာတယောက် ရှိခဲ့ဘူးတယ် မမ ရဲ့။သူက တချိန်မှာ ဝန်ထမ်းထဲမှာဖြင့် အမြင့်ဆုံးရာထူးကိုရခဲ့ပြီး အငြိမ်းစားယူသွားတာ။လုံးဝ လုံးဝ လာဘ်မစားတာတော့ ကိုယ်တွေ့။
လာဘ်မစားတော့ ဆင်းရဲကျပ်တည်းတယ်ပေါ့။ အရမ်းအရမ်း ခြိုးခြံရတယ်ပေါ့။”
ပင်စင်ရသွားပြီးမှ ဌာနတွေ၊ ပုဂ္ဂလိက ဂိုထောင်တွေမှာ ဒရဝမ် ပြန်လုပ်နေရတဲ့ ဆရာတွေ အများကြီးရှိနေတယ်။
“ဦးဦးပါလေရာလဲ ဝဲဂယက်ထဲမှာ လာဘ်ပေးသူတဦးအဖြစ် ပါဝင်ဆဲပါကွယ်။
မပေးရင်လား … ဟင်း.. ဟင်း… ”
ဦးဦးပါလေရာက မဖြစ်လို့ပေးနေရတယ်ဆိုတာကိုအပစ်မပြာပါဘူး ။အောက်မှာ ကျနော်ဆွေးနွေးမဲ့ အကြောင်းကိုတော့ နားလည်ပေးဖို့ကြိုတင်တောင်းပန်ချင်ပါတယ်။
ပြုပြင်ပြောင်းလဲရေးကိုဆွေးနွေး နေကြရာမှာ အများအားဖြင့် ဝန်ထမ်းလာဘ်စားမှုကိုသာ ဦးစားပေးဆွေးနွေးနေကြတာကိုတွေ့နေရတယ်။ လာဘ်ပေးလာဘ်ယူဆိုတဲ့ စကားရပ်အရ လာဘ်ပေးသူတွေလည်းပြောင်းလဲသင့်တယ်လို့မြင်ပါတယ်။ ဝန်ထမ်းတွေကိုလက်ညှိုးထိုး ပြောနေကြပေမဲ့ ပြည်သူတွေဘက်က စည်းကမ်း မလိုက်နာတာ၊ဥပဒေ နဲ့အညီဆောင်ရွက်မှုမရှိပဲ ကိုယ်ကျိုးအတွက် အများဘာဖြစ်ဖြစ်ဆိုပြီး အတင်းလာဘ်လိုက်ပေးနေတာတွေ ကိုု ပြန်ဆွေးနွေးတဲ့သူ မရှိဘူးဖြစ်နေတယ်။ ကျနော်တို့ဝန်ထမ်းတွေအားလုံးက အပစ်မကင်းဖြစ်နေတော့ အဲဒါတွေကို မပြာရဲကြဘူးဖြစ်နေတယ်ထင်ပါတယ်။
ကိုယ်ကျိုးရှာ လောဘသမား(ပြည်သူ)တွေက ဥပဒေနဲ့ မညီတဲ့အလုပ်တစ်ခုကိုလုပ်ချင်ရင် အောက်ခြေငွေပေးမရ၊ နဲနဲမြင့်တဲ့သူသွားပေး၊ မရရင် အရှာရှိသွားကပ်၊ မရရင် အာဏာပိုင်သွားပေါင်း၊ သူတို့ ရဲ့ အဆင့်အတန်းအလိုက် ပိုပိုမြင့်တဲ့သူတွေကို ပိုပို မြင့်တဲ့..မြင့်တဲ့..မြင့်တဲ့………
ပြီးတော့ အောက်ခြေကို ခုတုံးလုပ်၊ ခံရတာက နယ်ရုပ်တွေ၊ စစ်တုရင် ကစားသလိုပါပဲ၊ အခြားအသေးအဖွဲစည်းကမ်းမလိုက်နာတာတွေ ကအများကြီးပါ။
အဲဒီတော့ ပြည်သူတွေဘက်က လိုက်နာသင့်တဲ့စည်းကမ်းတွေကိုလည်း ဆီမီနာတစ်ခုအနေနဲ ဆွေးနွေးသင့်တယ်ထင်ပါကြောင်း ဘယ်သူက ဆွေးနွေးမလဲ၊ အရေအချင်းရှိသူများစတင်ဆွေးနွေး သင့်ပါကြောင်းအကြံပြုပါရစေဗျာ။
(အနီများစွာကိုမျှော်လင့်လျှက်)
ကြောင်ကြီး
January 7, 2012 at 12:36 pm
အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်ရာမှာ ဦးပါလေရာ ပြောသလို အဆင့်ခွဲခြား သတ်မှတ်ခြင်းကို နားလည်ပေးနိုင်ပါတယ်။ မတူသော အတွေးနဲ့ပြောရရင် ဖျားတဲ့အခါ ပျောက်အောင်ကုပါ။ ကိုယ်ငွေ့ငွေ့လေး ကျန်နေရင် အားနည်းပြီး လုံးပါးပါးသွားတတ်တယ်။ ပြောချင်တာ လာဘ်ပေးလာဘ်ယူ ကိစ္စမှာ ငိုစားရယ်စား မခွဲစကောင်းဘူး။ ဘယ်လိုပြောမလဲ အဖွဲ့အစည်းတခုရဲ့ mission, vision လို မြင့်မြင့်မားမား သတ်မှတ်ထားမှ တကယ်လုပ်တဲ့အခါ ရင်လောက်တင် ဒူးလောက်ကျမယ်။ လာဘ်ပေးလာဘ်ယူလည်း ရည်မှန်းချက် တိတိကျကျ သတ်မှတ်မှ ကွဲလွဲမှာနဲ့ အနေတော်ရှိမယ်။ မူလကထဲက လျှော့ပေါ့စဉ်းစားတာ မအောင်မြင်တတ်ဘူး။ ဥပမာ – အင်ဒိုနီးရှားနိုင်ငံ သမတ ဆူဟာတိုလက်ထက်မှာ သူ့သားသမီးတွေ စီးပွားရေး အင်ပါယာကြီးတွေထောင် လုပ်စားတဲ့အခါ သူတို့ရတဲ့ ရာခိုင်နှုန်းတချို့ကို ပညာရေး၊ ကျန်းမာရေး လူမှုအထောက်အပံ့တွေမှာ သုံးပြတယ်။ အစတော့ ဟုတ်သလိုပဲ၊ အရင်ကမရတဲ့ အလှူငွေတွေ ရလာတာကိုး၊ နောက်တော့ ဒုံရင်းက ဒုံရင်း၊ သူတို့လှူဖို့ စားသုံးသူက ကျခံရတယ်၊ လွတ်လပ်စွာ ဈေးကွက်ယှဉ်ပြိုင်မှုကို အတားအဆီးဖြစ်တယ်။ လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ခြစားမှု အတည်တကျ ဖြစ်ရတယ်။ မြန်မာပြည်မှာလည်း ထိုနည်းလိပ်ခေါင်းပဲ ဗိုလ်ချုပ်ထွန်းကြည်လက်ထက် ကုန်သွယ်ရေးဝန်ကြီးဌာန ပိုက်ဆံရှာကောင်းတယ်၊ ဆေးခန်းတွေဖွင့်တယ်၊ ဝန်ထမ်းတွေ စားသာတယ်။ အကျိုးဆက်မှာ ဌာနတွင်း ခြစားမှု အလွန်ကြီးမားလာတယ်၊ အစဉ်အလာဖြစ်တယ်၊ နောက်တော့ တိုင်းပြည်ကုန်သွယ်ရေးမှာ ဝန်ထုပ်ဝန်ပိုး ဖြစ်တယ်။ စစ်တပ်ပိုင်ဆိုင်တဲ့ စီးပွားရေးဦးပိုင်၊ စီးပွာရေး ကော်ပိုရေးရှင်းများကိုလည်း ဒီသဘောမြင်နိုင်တယ်။ သီအိုရီအရ ပြောထားရင် အဲဒီအတိုင်း လိုက်ခြင်းသာ အကောင်းဆုံးဖြစ်ပြီး ရှိနေတဲ့ အခြေအနေ အချိန်အခါနဲ့ လိုက်လျောညီထွေ ပြုမူဆောင်ရွက်တတ်ခြင်းသာ အသင့်တော်ဆုံးဖြစ်ပါမယ်။ အပေါ်ကပြောလိုက်တဲ့ ကြည့်ကျက်လုပ်ကွာဆိုတာ အောက်လူများအတွက် လုပ်ကွာလို့ အဓိပ္ပါယ်ထွက်တယ်၊ ဒီတော့ လုပ်ကြတယ် နောက်တော့ လုပ်ရမယ် ဖြစ်သွားတယ်။ မလုပ်ရဘူးဟေ့လို ပြောထားမှ အသံမမြည်အောင်လုပ်ရမယ်ဆိုတဲ့ အသိစိတ်ဝင်တယ်။ ဆိုးတာက မြန်မာပြည်မှာ မုန်လာဥနဲ့တုတ် ဆုပေးဒဏ်ပေးစနစ် မတတ်နိုင်ခြင်းပါ။ အပြောသာရှိပြီး လက်တွေ့လိုက်မကြပ်နိုင်၊ လိုက်မချီးမြောက်နိုင်တဲ့အခါ အရာမထင်ဖြစ်ပါတယ်။ အဲဒါကိုပြောရင် မုန့်လုံးစက္ကူကပ်တဲ့ဖက် ပြန်ရောက်သွားမှာမို့ ဒီမှာတင်ရပ်ပါရစေ…။
padonmar
January 7, 2012 at 7:25 pm
ဝန်ထမ်း ၃မျိုးတွေ့ဘူးပါတယ်၊
(၁)မပေးလဲလုပ် ပေးလဲလုပ်ပါတယ်။
ကျေးဇူးတင်လို့ ကန်တော့တာတော့လက်ခံပါတယ်။
(၂)သူလိုချင်တဲ့ ပမာဏကို ပွင့်ပွင့်လင်းလင်းပြောပြီး တောင်းတယ်၊ညှိနှိုင်းပြီး လုပ်ပေးတယ်ပေါ့။
(၃)စိတ်ညစ်အောင်ရစ်ပါတယ်။
ကြေးကြီးကြီးရအောင် ညှစ်ပါတယ်။
(ကိစ္စပြီးမှ ကျေးဇူးတင်တယ်လို့ ကန်တော့တာတောင် လက်မခံခဲ့တဲ့ ဝန်ထမ်းကြီးတွေကတော့ ပုံပြင်ထဲမှာ ကျန်ခဲ့ပါပြီ)
ဒါတွေအကုန် ကိုယ့်ဘက်က အမှန် အကန် အခြေအနေ နော်။
(၁) လောက်ဆိုရင်တော့ ကျွန်မတို့ ထိုင်ကန်တော့သင့်နေပါပြီ၊
ဒီလိုလူတွေ ရှိသငိ့သလောက်လည်းရှိပါတယ်၊
(၂) ကလည်း အလုပ်ဖြစ်ပါသေးတယ်။ဆရာသစ်ရဲ့ နယ်စပ်ကဝန်ထမ်းတွေလိုပေါ့။
(၃)ကိုတော့ မဖြစ်မနေ ပပျောက်အောင်လုပ်သင့်ပါပြီ။
တိုင်လို့ရမယ့် အခွင့်အရေး နဲ့ တကယ်တမ်း ထိထိရောက်ရောက် အပြစ်ပေးမှု ရှိရင် ပပျောက်ရမှာပါ။
အခုတော့ ပုဂ္ဂလိက ကုမ္ပဏီ ဝန်ထမ်းတွေကိုတောင် အဲဒီ နံပါတ်(၃) တွေ ကူးစက်နေပါပြီ။
အမြန် ကုသသင့်တဲ့ ရောဂါပါ။