ပုစွန်ချဉ်သုတ်ဆီဆမ်းနှင့် ပဲနီလေးဟင်းချို
တစ်နေ့သ၌ ကျွန်ုပ်ထံသို့ စိတ်ကောင်းစွာမနှံ့သော ကျွန်ုပ်၏မိတ်ဆွေကြီး ကိုပီတာ ဆိုသူ ရောက်ရှိလာလေ၏။ ၎င်းကို ပီတာကြီးသည် ကျွန်ုပ်ကိုမြင်လျှင်မြင်ချင်း.. “ ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်ဒ်..” ဟု ကိုးရိုးကားရား နှုတ်ဆက်လေ၏။ “ကိုပီတာကြီးကို ဒီနေ့မနက် ဘယ်လိုဟင်းမျိုးနဲ့ကျွေးရမလဲ” ဟု ကျွန်ုပ်ကပြောလိုက်ရာ ကိုပီတာကြီးက.. “ပုစွန်ချဉ်ကောင်း ကောင်းလေး မစားရတာ ကြာပါပြီ၊ ဖြစ်နိုင်ရင် ပဲခူးမနီ ပုစွန်ချဉ်ကို ကြက်သွန်နီဥကြီးကြီးနဲ့ ဆီစိမ်းဆမ်းပြီးသုပ်မယ်၊၊ ငရုတ်သီးစိမ်းလေးတွေလည်း လှီးပြီးထည့်ရမှာပေါ့၊ ပြီးတော့ပဲနဲလေးဟင်းချိုချက်မယ်၊ အရည်သောက်အတွက်ပေါ့ ပြီးတော့ ပျဉ်ပုံကြီးက ငါးရံ့ခြောက် ကောင်းကောင်းလေးကို မီးဖုတ်ပြီး ထောင်းပြီးတော့ ဆီဆမ်းမယ်၊ ဆန်ကတော့ ကောင်းပစေဟေ့၊ တို့စရာကတော့ သခွားသီးကောင်းတယ်၊ ငါးပိရည်မလုပ်နဲ့ကွာ ငံပြာရည်ကောင်းကောင်းကို ငရုပ်သီးမှုန့်ခပ်မယ်၊ ထမင်းစားပြီးရင်လည်း အချိုစားဖို့အတွက် တခြားဘာမှ မစီစဉ်ပါနဲ့၊ ထန်းလျက်ကောင်းကောင်းနဲ့ ရေနွေးကြမ်းကောင်းကော င်းရရင်တော်ပါပြီ” ဟု ဆိုသဖြင့် ကျွန်ုပ်လည်း ကိုပီတာကြီး စားရန်အတွက် စီမံရလေတော့၏။
ထမင်းစားချိန်ရောက်သော အခါ၌ ကိုပီတာကြီးအား ၎င်းမှာကြားသော ဟင်းလျာများဖြင့်ပင် ထမင်းကျွေးရလေ၏။ ထမင်းစားပြီးသောအခါ၌ ကျွန်ုပ်က .. “ဘယ်လိုလဲ ကိုပီတာကြိး၊ ကောင်းရဲ့လား” ဟု ကျွန်ုပ်ကမေးရာ ၎င်းက.. “ဘဲရီးဂွတ်ဒ်၊ ဘဲရီးဘက်ဒ်..” ဟု ပြောလေတော့၏။ ကျွန်ုပ်လည်း ၎င်း၏အဖြေကြောင့် ရယ်ရသေးတော့၏။ ထို့နောက် ကျွန်ုပ်သည် နေ့စဉ်ပြုလုပ်နေကျ ဝတ္တရားများဖြစ်သော အလုပ်များကို တစ်ခုပြီးတစ်ခု တန်းစီ၍ လုပ်ရလေတော့၏။ အလုပ်လုပ်ရင်းနှင့်ပင် ထမင်းကို ကပျာကသီ စားရလေ၏။ ထမင်းစားပြီးသောအခါ၌ ကျွန်ုပ်၏ တပည့်ကလေးများနှင့်အတူ ကျွန်ုပ်၏ခြံမှ အမှိုက်များကို ရှင်းရလေ၏။ ခြံထဲတွင် သီဟိုဠ်ပင် အမြောက်အများရှိသည်ဖြစ်ရာ ကြွေကျသော သီဟိုဠ်ရွက်ခြောက်များကို ရှင်းရသည်မှာ မသက်သာလှပေ။ အမှိုက်များ ရှင်းပြီးသောအခါ၌ ကျွန်ုထံ လာရောက်သော ဧည့်သည်များနှင့် တွေ့ဆုံရလေ၏။ ဧည့်သည်များမှာလည်း အကြောင်းအရာမျိုးစုံနှင့် လာကြသည်ဖြစ်ရာ ကျွန်ုပ်သည် တစ်ဦးချင်းတွေ့ဆုံကာ ဖြေရှင်းပေးနေရလေ၏၊
နေ့လယ် လက်ဖက်ရည် သောက်ချိန်သို့ရောက်သောအခါ၌ ကျွန်ုပ်သည် ကိုပီတာကြီးအား လက်ဖက်ရည်တိုက်လေ၏။ ကျွန်ုပ်လည်း လက်ဖက်ရည်သောက်လေ၏။ နှစ်ယောက်သား လက်ဖက်ရည်သောက်နေရင်း ကျွန်ုပ်က ကိုပီတာကြီးအား.. “ ကိုပီတာ ကြီးနဲ့ ပေါင်းလာတာကြာပြီ၊ ကိုပီတာကြီးအကြောင်း ကျုပ် မသိတာတွေ အများကြီးပါ၊ ဘာတွေလဲဆိုတော့ ကိုပီတာကြီးရဲ့ ဇာတိက ဘယ်ကလဲ မိဘတွေကရော ဘယ်သူတွေလဲ ညီအစ်ကို မောင်နှမ ဘယ်နှယောက်ရှိသလဲ ပညာဘယ်ထိအောင် သင်ခဲ့သလဲ၊ အစိုးရရုံးဌာနတွေမှာ အလုပ်လုပ်ဖူးသလား အိမ်ထောင်ကျဖူးသလား ဘုရားရှိခိုးတာလည်း တစ်ခါမှမတွေ့ဖူးဘူး၊ ဘယ်ဘာသာကိုးကွယ်သလဲ၊ ပြီးတော့ ဘာဝါသနာပါသလဲ၊ ဝါသနာပါတဲ့အထဲက ဘာတွေလိုက်စားဖူးသလဲ၊ လိုက်စားဖူးတဲ့အထဲက ဘယ်ဟာတွေ ဖြစ်ဖြစ်မြောက်မြောက် တက်ကျွမ်းဖူးသလဲ၊ ဘဝအတွက်လည်း ဘာတွေပြင်ဆင်ထားသလဲ ရှေ့မှာ ဘယ်လို မျှော်လင့်ချက်မျိုးတွေရှိသလဲ..” ဟု ကျွန်ုပ်က မေးလေ၏။
ကျွန်ုပ်၏ မေးခွန်းများမှာ မပြီးသေးပေ၊ ကိုပီတာကြီးသည် ကျွန်ုပ်အား လက်ကာ၍ပြလေ၏။ ထိုသို့ပြရင်း.. “မေးခွန်းတွေက များလှချည့်လား၊ အဲဒီအကြောင်းအရာ တွေကို ဘာကြောင့်သိချင်တာတုံး” ဟု ပြန်၍ပြောလေ၏။ “သိထားရမှာပေါ့ဗျာ၊ ကိုယ်နဲ့ပေါင်းသင်းနေတဲ့လူ တစ်ယောက် အကြောင်းကို မသိလို့ဘယ်ဖြစ်မတုံး” ဟု ကျွန်ုပ်ကပြောလိုက်လျှင် ကိုပီတာကြီးက..
“ကိုယ့်လူမှာက အပေါင်းအသင်းတွေ အများကြီးပဲလေ၊ အဲဒီလူတွေရဲ့ တစ်ဦးချင်းအကြောင်းကို အခုလောက် ပြည့်ပြည့်စုံစုံသိဖို့ ဘယ်လွယ်မတုံး၊ ကိုယ့်လူကို လူတစ်ယောက်လို့ မမြင်ဘဲ ခွက်ကြီးတစ်ခွက်လို မြင်ကြည့်မယ်ဆိုရင် ကိုယ့်လူရဲ့ ခွက်ကြီးဟာ မေးခွန်းတွေ၊ သိချင်တာတွေနဲ့ ပြည့်နေတဲ့ ခွက်ကြီးတစ်ခွက်ဖြစ်နေပြီ၊ ကိုယ့်လူခွက်ကြီးထဲမှာက နေရာလပ်ကို မရှိတော့ဘူး၊ အဲဒီမေးခွန်တွေကို ပြန်ဖြေဖို့ အဖြေထည့်ထားဖို့၊ နေရာတောင်ရှိသေးရဲ့လား” ဟု ကျွန်ုပ်အား အေးဆေးစွာပြန်၍ပြောလေ၏။
“ခင်ဗျားဘာတွေပြောနေ တာလဲ ကိုပီတာကြီးရယ်၊ ကျုပ်မေးတာတွေကို ဖြေစမ်းပါဦး” ဟု ကျွန်ုပ်က ဒေါနှင့်မောနှင့် ပြန်ပြောလိုက်လေ၏။ ထိုအခါ ကိုပီတာကြီးသည် စီးကရက်တစ်လိပ်ကို မိးညှိလိုက်ပြီးနောက်..“ တစ်ခါက တရုတ်ပြည်မှာ ဘုန်းတော်ကြီးတစ်ပါးဟာ တောင်ပေါ်မှာ ကျောင်းဆောက်ပြီး တစ်ပါးတည်း နေတော်မူတယ်ကွယ့်၊ တစ်နေ့မှာ သူ့ဆီကို ကျောင်းဆရာကြီး တစ်ယောက်ရောက်လာပြီး ထိုင်တောင် မထိုင်ရသေးဘူး၊ သူသိချင်တာတွေကိုတရစပ် စတင်ပြီးမေးတော့တာပဲ၊
အဲဒီဘုန်းတော်ကြီး ရဲ့ဘွဲ့အမည်က နမ့်အာင်းတဲ့၊ အဲဒီကျောင်းဆရာကြီးက ကျောင်းကလေးပေါ် ရောက်တာနဲ့ “အရှင်ဘုရား.. ကမ္မဋ္ဌာန်းထိုင်တာ ဘယ်လိုထိုင်သလဲ၊ မြတ်စွာဘုရားသခင်ဟာ သီတင်းကျွတ်လပြည့်နေ့မှာ သင်္ဂီသဋ္ဋ်နဂိုပြည်ကို တာဝတိ ံသာကနေ ဆင်းသက်ကြွလာတော်မူတယ် လို့ပြောတယ်၊ အဲဒီမှာ အဘယ်တရားကို ဟောပါသလဲ” စတင်ပြီ မေးခွန်းတွေ အများကြီး မေးတော့တာပဲ၊
အဲဒီမှာ ဦးပဉ္ဇင်းနမ့်အင်းက ငြိမ်သက်စွာ နားထောင်တော်မူပြီး “ဒကာကြီးကြည့်ရတာ အတော်မောနေပုံရ တယ်၊ မောမှာပေါ့လေ၊ အသက်ကလေးကလည်း အတော်ရနေပြီပဲ၊ ပြီးတော့ ဒီကျောင်းကလည်း ကြည့်ရင်နိမ့်တယ်လို့ ထင်ရတယ်၊ အတော်မြင့်တယ်၊ ဒကာကြီးလာတာကလည်း ဟိုးအဝေးကြီးက လာတာမို့လား၊ အမောပြေ ရေနွေးကြမ်း လေးတစ်ခွက်တော့ တိုက်ပါရစေလို့ ဆိုပြီး အနားမှာရှိတဲ့ အုတ်မီးဖိုလေးထဲကို ဦးပဉ္ဇဇင်းကိုယ်တိုင်ပဲ မိးသွေးတွေထည့်တယ် မီးမွှေးတယ်၊ ပြီးတော့ ရေနွေးအိုးတည်တယ်၊
အဲဒီတည်ထားတဲ့ အချိန်မှာပဲ ကျောင်းဆရာကြီးက သူသိချင်တာတွေကို မေးမယ် အကဲကဲလုပ်နေတယ်၊ အဲဒီတော ့ဦးပဉ္ဇဇင်းက “ဒကာကြီး.. မလောစမ်းပါနဲ့၊ ရေနွေးကြမ်းလေး ဆူပြီးတဲ့အထိ လက်ဖက်ခြောက်ကလေး ကောင်းကောင်းခပ်ပြီးတဲ့ အထိ၊ ပန်ကန်းလုံးထဲကို ငှဲ့ပြီးတဲ့အထိ၊ ပြီးတော့ အဲဒီရေနွေးကြမ်းကော င်းကောင်းလေးကို အရသာခံပြီး သောက်ပြီးတဲ့အထိ သည်းခံပြီး စောင့်လိုက်ပါဦး၊ အဲဒီအခါမှာ ဒကာကြီးသိချင်တာတွေ၊ အဖြေရပြီးသား ဖြစ်သွားမှာပါ၊ သည်းခံပါ.. သည်းခံပါ..” လို့ ပြောလိုက်တယ်၊
ကျောင်းဆရာကြီးဟာ အတော်ကလေး ကသိကအောင့် ဖြစ်သွားတယ်၊ သူက သိချင်နေတာ ဦးပဉ္ဇဇင်း နနမ့်အင်းက သူ့ကို ရေနွေးကြမ်းတိုက်ဖို့လုပ်နေတယ်၊ အဲဒီ မှာ ကျောင်းဆရာကြီးရဲ့ စိတ်ထဲမှာ “ခက်တော့တာပဲ၊ ငါ့မှာတော့ သိချင်တာလေးတွေသိဖို့ အဝေးကြီးက လာခဲ့ရတယ်၊ တောင်အမြင့်ကြီးကို တက်ခဲ့ရတယ်၊ ဒီကြားထဲ ဒီးဦးပဉ္ဇဇင်းက ငါ့ကိုရေနွေးကြမ်းတိုက်ဖို့လုပ်နေတယ်၊ သူတိုက်တဲ့ ရေနွေး ကြမ်းလေးတစ်ခွက် သောက်ပြီးရင် ငါမေးတ ဲ့မေးခွန်းတွေ ဖြေပြီးသားဖြစ်မှာပါလို့ ပြောတယ်၊ ဘယ်လိုဖြစ်မှာတုံး၊ ငါသိချင် တာတွေကို ဒီရေနွေးကြမ်းက ဘယ်လိုအဖြေပေးမှာတုံး၊ ငါတော့ အချိန်ကုန် လူပန်းခံပြီးလာခဲ့ရတာ မှားပြီထင်တယ်၊ ဘာပဲ ဖြစ်ဖြစ်လေ ဒီတောင်ပေါ်က မဆင်းခင် ရေနွေးကြမ်းလေး တစ်ခွက်သောက်သွားရင်တော့ ပိုပြီးကောင်းတာပေါ့” လို့ စိတ်ထဲ မှာဆုံးဖြတ်လိုက်တယ်၊
အဲဒီအချိန်မှာပဲ မီးဖိုပေါ်တင်ထားတဲ့ ရေနွေးအိုကလေးဟာ ဆူလာတဲ့အတွက် သူ့ရဲ့နှုတ်သီးက တရွှီရွှီအသံတွေမြည်လာပြီ၊ အဲဒီတော့မှ ဦးပဉ္ဇဇင်းနမ်းအင်းက ရေနွေးကရားထဲ လက်ဖက်ခြောက်ကောင်းကောင်း ခပ်လိုက် တယ်၊ လက်ဖက်ခြောက် ကျလောက်တဲ့ အချိန်လည်းရောက်ရော ပန်းကန်လေးတစ်လုံးကို အောက်က ပန်းကန်ပြားလေး တစ်ချပ်ခံပြီး ကျောင်းဆရာကြီး ရှေ့ကိုထိုးပေးပြီး ပန်းကန်လုံးထဲကို ဦးပဉ္ဇဇင်းကိုယ်တိုင် ရေနွေးကြမ်းငှဲ့ပေးတယ်၊
ဥိးပဉ္ဇဇင်းငှဲ့ပေးတဲ့ ရေနွေးကြမ်းဟာ ပန်းကန်လုံးကိုပြည့်ပြီး အောက်က ပန်းကန်ပြားကိုပါ လျှံနေပြီ၊ နောက်ထပ်တစ်စက်လောက်ထည့်တာ နဲ့ ပန်းကန်ပြားကိုလျှံပြီး ကြမ်းပြင်ပေါ် စီးကျတော့မယ်၊ အဲဒီအခါမှာ ကျောင်ဆရာကြီးက “ဟိုး..ဟိုး..ဦးပဉ္ဇဇင်း၊ ပန်းကန်လုံးရော၊ ပန်းကန်ပြားရော လျှံနေပြီလေ၊ ဦးပဉ္ဇဇင်း မျက်စိမှုန်နေပြီလား ထပ်ပြီးထည့်ရင် ကြမ်းပြင်ပေါ် ဖိတ်ကျဖို့ပဲ ရှိတော့တယ် လို့ ပျာပျာသလဲပြောလိုက်တယ်၊
အဲဒီအခါမှာ ဦးပဉ္ဇဇင်းနမ့်အင်းက “ဒကာကြီးဖြစ်နေတဲ့ အခြေအနေဟာ ဒီအတိုင်းပါပဲ၊ ကျုပ်ရဲ့ တဲကျောင်းကလေးထဲကို ဝင်လာကတည်းက မေးလိုက်တဲ့ မေးခွန်းတွေ ဒကာကြီးရဲ့တစ်ကိုယ်လုံးဟာ မေးခွန်းတွေ ဒကာကြီးရဲ့ တစ်ကိုယ်လုံးဟာ မေးခွန်းတွေနဲ့ ပြည့်နေတယ်၊ အပြင်ကိုယ်တောင် လျှံကျနေပြီ၊ ကျုပ်ရဲ့ကျောင်းကလေးတောင် လျှံကျနေပြီ ကျုပ်ရဲ့ ကျောင်းကလေးတောင် ပြည့်နေပြီ ကျုပ်က အဖြေပေးဖို့ နေရာတောင် မရှိတော့ဘူး၊ အဲဒါ ကြောင့် ဒကာကြီးပြန်ပါ၊ ဒကာကြီးရဲ့ခွက်ကြီးထဲက မေးခွန်းတွေကို သွန်ချပြီး ရှင်းပစ်လိုက်ပါဦး” ဟု ပြောလိုက်လျှင် ကျောင်းဆရာကြီးသည် သဘောက်ပေါက်သွားပြီးဖြစ်ရာ ပြုံးလိုက်လေ၏၊
ပြီးလျှင် ဦးပဉ္ဇဇင်းကို ဦးချ၍ ကျောင်းကလေးအတွင်းမှ စတင်၍ ထွက်လေတော့၏ ထွက်ခါနီးတွင် ကျောင်းဆရာကြီးက ဦးပဉ္ဇဇင်း တပည့်တော်ခွက်ထဲက မေးခွန်းတွေ၊ သိလိုစိတ်တွေကို အပြီးအပိုင် သွန်ချရှင်းလင်းပြီးမှ တစ်ခေါက်လာပါဦးမယ်ဘုရား..” လို့ ပြောလိုက်တယ်၊
အဲဒီအခါမှာ ဦးပဉ္ဇဇင်းက “ ခွက်ထဲက မေးခွန်းတွေကို ရှင်းလိုက်ပါဦးဆိုတာက သိလွယ် မြင်လွယ်အောင် ပြောလိုက်တာပါ၊ အဲဒါတွေရှင်းမှ ထပ်ပြီးထည့်လို့ရမှာမို့လား၊ တကယ်ပြောရရင်တော့ ခွက်ပါမရှိအောင် အပြီးရှင်းလိုက်ရင် ပိုကောင်းတာပေါ့ အကြမ်းပန်းကန်လုံးကိုပဲ ကြည့်လေ၊ ရေနွေးကြမ်းတွေနဲ့ ပြည့်နေရင် ထည့်လိုမရဘူး၊ အဲဒီရေနွေးကြမ်းတွေကို သွန်ရမှာပဲ၊ ဒါပေမဲ့ နောက်တစ်ခါထပ်ပြီး ပြည့်လာဦးမှာပါဲ့၊
ဘယ်တော့မှ မပြည့်အောင်ဆိုရင်တော့ ခွက်ပါမရှိမှဖြစ်မယ်ဗျို့၊ ခွက်မရှိလေတော့ ထည့်စရာလည်းမရှိဘူး၊ မပြည့်တာလည်း မရှိဘူး၊ ပြည့်လို့ လျှံကျတယ်ဆိုတဲ့ ပြဿနာလည်း မရှိတော့ဘူးပေါ့၊ ဒကာကြီးရယ်..” လို့ မိန့်တော်မူလိုက်တဲ့အခါမှာ ကျောင်းဆရာကြီးဟာ တွေတွေကြီးရပ်နေပြီး ဦးပဉ္ဇဇင်းကို ပြုံးပြလိုက်တယ်၊ အဲဒီအပြုံးဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အပြုံးဖြစ်တယ်” ဟူ၍ ကိုပီတာကြီးက ကျွန်ုပ်အား စိတ်ရှည်လက်ရှည် ပြောပြပြီး ကျွန်ုပ်၏ ကျောကုန်းကို သူ၏ လက်သီးကြီးဖြင့် အုန်းကနဲ့ ထုကာ.. “ ဟေး.. မင်းသိင်္ခ မင်းရဲ့ခွက်ကြီးကလည်း ပြည့်လျှံနေပြီကွ၊ ခွက်ထဲက အရာတွေကို အမြန်ဆုံး သွန်ချပစ်လိုက်၊ ဒါမှမဟုတ် အဲဒီထည့်စရာ ခွက်ကြီးပါမရှိအောင် ဆုံးဖြတ်လိုက်တော့ဟေ” ဟု ပြောဆိုကာ သွက်လက်ပေါ့ပါးသော ခြေလှမ်းများဖြင့် ထွက်သွားရင်း ကျွန်ုပ်အား ကျောခိုင်းလျက် အနေအထားမှ.. “ ငါသွားမယ်၊ ပြီးတော့ ငါလာဦးမယ်..” ဟု နှုတ်ဆက် သွားလေတော့သတည်း။
19 comments
ကိုရင်စည်သူ
January 7, 2012 at 2:57 pm
ဒီပို့စ်ကို ရိုက်အပြီး ဖတ်အပြီး တွေးမိတယ်ဗျာ.. ကျနော်တို့
ဂေဇက်မှာ ခင်ကြတာ ကလောင်ကိုလား၊ သို့၊ လူကိုလား
အဲ့ဒီလူက ဘယ်ကလာတယ် ဘာလုပ်တယ် ဘာတွေလုပ်ခဲ့တယ် ဆိုတာကိုလား…
ကျနော် အရင်တုန်းက ရွာထဲမှာ အရေးကောင်းတဲ့ သူတွေဆို ဘယ်သူလဲ ဘာလဲ ဘယ်ကလဲ
ဆိုတာ အရမ်းသိချင်ခဲ့တယ်… ကျနော် ရေပြည့်နေတဲ့ ခွက်ကြီးလိုပဲ သိချင်တာတွေများတော့
ကိုယ့်မှာ ရေးချင်တဲ့ အကြောင်းအရာတော်တော်များများတောင် မရေးဖြစ်ခဲ့ဘူး။
ကိုပီတာပြောတဲ့ လောဂျစ်ကနေ ဂေဇက်ထဲမှာ စာရေးနေတဲ့ ကျနော် အတွေးတွေ
ပေါ့ပါးသွားစေတယ်.. အားလုံးရဲ့ အလွှာပေါင်းစုံက ကလောင်တွေကိုပဲ ခင်တော့မယ်… ချစ်တော့မယ်…
အပြင်မှာ ဘာတွေ၊ ဘယ်က၊ ဘယ်သူ၊ ဘယ်လိုတွေဆိုတာ မသိချင်တော့ပဲ…
မနာလိုခြင်း ထက်…ကြီးမားသော မကောင်းမှုရယ်လို့ မရှိနိုင်တယ်.. မရောင့်ရဲနိုင်ခြင်း…ငတ်မွတ်ခြင်းရယ် လို့လဲ မရှိနိုင်ပြင်းတယ်… လောဘရမ္မက်သည်…လေပြင်းမုန်တိုင်းထက် ပြင်းထန်တယ်..ရောင့်ရဲခြင်းသည်သာလျှင်… ကြွယ်ဝမှုကို ဖြစ်စေတယ်… မိုးတိမ်ပမာ လွင့်မျောနေမယ့်..
ကိုယ့်ကိုယ် မိုးတိမ်လိုပဲ ရွာထဲမှာနေတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်ဗျာ….
ပုံ
မိုးတိမ်ကိုရင်စည်သူ
thit min
January 7, 2012 at 3:42 pm
ကောင်းလှချည်လား
ဒေါင်းမြကြည်သားလေးရဲ့
~~~~~~~~~~~~~~~~~
ဘာတဲ့
မနာလိုခြင်း ထက်…ကြီးမားသော မကောင်းမှုရယ်လို့ မရှိနိုင်တယ်..
မှန်လွန်းအားကြီးပါ့ဗျာ။အဲဒီဟာ အဲဒီဟာ။
ကိုယ်သူ့လိုတော်အောင်ကြိုးစားပြီးမရေးဘဲ ဟိုတလောကညီလေးဂီကိုအသားလွတ်ဆော်သွားတာမျိုး။
(ဘာသာပြန်တယ်ဘဲထားပါအုန်း၊ အဲဒီလောက်အပင်ပန်းခံရေးကြည့်ပါအုန်း၊)
မနာလိုစိတ်နဲ့ပြောတာလား၊ အပြုသဘောလားဆိုတာ ကော်မန့်ကြည့်သိပါ့ ။
~~~~~~~~~~~~~~~~~~
ကျနော် အရင်တုန်းက ရွာထဲမှာ အရေးကောင်းတဲ့ သူတွေဆို ဘယ်သူလဲ ဘာလဲ ဘယ်ကလဲ
ဆိုတာ အရမ်းသိချင်ခဲ့တယ်…တဲ့လား။
အင်း ကျနော်ကတော့ မသိချင်ခဲ့ဘူးဗျာ။
“အမှန်တော့ပွဲကြည့်သူတယောက်မှမရှိတဲ့ ဇာတ်ဆောင်တွေချည်းဘဲမဟုတ်ပါလား” ကိုရင်စည်ရေ့။
ဆင်းရဲချမ်းသာ၊ ပညာတတ်မတတ် စိတ်ကိုမဝင်စားဘူး။
စေတနာပါသော မနာလိုမှုကင်းသော ဆရာလာလုပ်ခြင်းမဟုတ်သော ပို့စ်နဲ့ကော်မန့်
ပေးသူအားလုံးကိုသစ်မင်းကအရမ်းလေးစားတယ်။
ဘာမှမဟုတ်ဘဲ တခါတလေ ဖတ်သွားပါတယ်ဗျာ ဆိုတဲ့ ကော်မန့်လေးမျိုးက ပိုလို့ချစ်ဖို့ကောင်းသေးတော့။
လူကသူ့ဟာသူဘာကြီးဖြစ်ဖြစ် စာကို ကြည့်လိုက်ပြီး အဲဒီလူရဲ့နှလုံးသားကိုဖတ်နိုင်တယ်။
ခင်မိတယ်။လေးစားမိတယ်။
~~~~~~~~~~~~~~~~~~~~~~
ဘာဘဲဖြစ်ဖြစ် လူဆိုးလူကောင်းတော့ ရှိနေအုန်းမှာမို့ ဗီလိန် ဗီလိန်လို့ဘဲ (^^)
ခင်မင်စွာဖြင့်
သင့်ဘရားသား သစ်မင်း
ကိုရင်စည်သူ
January 7, 2012 at 4:16 pm
ကိုသစ်မင်းခင်ဗျာ.. ဒီလိုချီးမြင့်ပေးတဲ့အတွက် ကျေးဇူးပါခင်ဗျာ…
ကိုသစ်က ကျနော်ပြောချင်တာကို ကျနော် ပြောပြတာထက် ချပြပေးနိုင်တယ်… (be smart)ဖြစ်တယ်။
ကျနော်ကိုယ်တိုင် ချစ်ခင်အထင်ကြီးသွားတဲ့ ကလောင်တွေနောက်ကိုလိုက်ရင် ဒီလူက ဆင်းရဲချမ်းသာ၊
အဆင့်အတန်း ပညာတတ်မတတ်တွေ စတာတွေပါ စိတ်ဝင်စားခဲ့တယ်… လူချင်းလဲ အရမ်းတွေ့ဖူးချင်ခဲ့တယ်။
အဲ့လူတွေနောက်လိုက်ရင်း ပြောရင်းရေးရင်းနဲ့ ကျနော်မှာ မသိမသာ အနေကျုံ့လာတယ်..။ ရေးချင်တာတွေရှိလဲ
မျက်နှာတွေကြည့်နေရတယ်။ ကျနော် ချစ်ခင်ခဲ့ရတဲ့ ကလောင်တွေကိုမဟုတ်ဘဲ ကလောင်နောက်က လူတွေနောက်ကို ပါမှန်းမသိမျောပါသွားခဲ့မိတယ်…..။
ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ… ကျနော်အပါအဝင် လူတွေအားလုံးဟာအတ္တတွေနဲ့ တည်ဆောက်ထားတဲ့ အတွက် ဘယ်လောက် အပြစ်ကင်းနိုင်မှာလဲ
ဘယ်လောက်ထိကော လေးစားဖို့ကောင်းနိုင်မှာလဲ…။
ဖြူစင်တဲ့ စေတနာပါသော မေတ္တာတရားကသာ အားလုံးရဲ့ ပို့စ်တွေကို နွေးထွေးစေမှာပါဗျာ..
တချို့ရွာသူားတွေလည်း ကျနော်လို အာဝါဒေး မဖြစ်အောင်ရေးပြတဲ့သဘောပါပဲဗျာ… ခုချိန်ထိ ကျနော် အမှားလုပ်ခဲ့ခဲ့၊ အမှန်လုပ်ခဲ့ခဲ့… အခင်အမင်မပျက်ကြတဲ့ မိတ်ဆွေများအားလုံးကို ပိုမိုလေးစားမိပါတယ်။
၂၀၁၁ အတွက် ကျနော်အကြိုက်ဆုံး အလေးစားဆုံး လူကြီးတန်း BE SMART အဖြစ်ဆုံး မိုးတိမ် ပုဂ္ဂိုလ်ကို ကျနော်ဘာသာ (၃)ဦး
ကျနော် ရွေးချယ်ထားပါတယ်… အဲ့ဒီ ပုဂ္ဂိုလ်တွေကို ကျနော် လေးစားတဲ့အတွက် ဘယ်သူမှ မကြိုက်လဲ နိုးတောက်ဂရုပါဗျာ…
၁။ ရွာသူကြီးဦးခိုင်
၂။ ကိုသစ်မင်း
၃။ ကြောင်ကြီး
မနာလိုခြင်း ထက်…ကြီးမားသော မကောင်းမှုရယ်လို့ မရှိနိုင်တယ်.. မရောင့်ရဲနိုင်ခြင်း…ငတ်မွတ်ခြင်းရယ် လို့လဲ မရှိနိုင်ပြင်းတယ်… လောဘရမ္မက်သည်…လေပြင်းမုန်တိုင်းထက် ပြင်းထန်တယ်..ရောင့်ရဲခြင်းသည်သာလျှင်… ကြွယ်ဝမှုကို ဖြစ်စေတယ်… ဂေဇက်ရွာထဲမှာ မိုးတိမ်ပမာ လွင့်မျောနေမယ်…….။ ။
ကလောင်တံတွေကိုပဲ ဆက်ချစ်နေဦးမယ့်
ကိုရင်မိုးတိမ်စည်သူ
windtalker
January 7, 2012 at 7:31 pm
အဟမ်း
တို ့ရွာက ဗေဒင်ကဝိဂျီး တောင်
ရွာသာယာ ကို သုံးသပ်နိုင်လာပြီကော…
ကောင်းလေစွ…
Moe Z
January 8, 2012 at 12:46 pm
ကလောင်တံဟုတ်လို့လား ကီးဘုတ်မဟုတ်ဘူးလား 😀 နောက်တာ
လေးစားပါတယ် ကိုရင်တိမ်စည်သွပ် ..
ကိုရင်စည်သူ
January 9, 2012 at 3:38 pm
ဟင်.. မိုးဇက်လေး ရဲ့ အဗေတာထဲမှာ … ဘာဂရို့ ကိုရင့်ပုံကြီးကို
တင်လိုက်တာလဲ ??? 😳 😳
ကိုရင်မိုးတမ် ဘဝမှာ မိုးဇက် လေးစားတယ်ဆိုရင်ပဲ… သေပျော်ပါပီ… 😎
ကီးဘုတ်လေးတွေဖက်ရင်း မိုးကိုမျှော်နေမယ့်..
ကိုရင်မိုးတိမ်
Moe Z
January 9, 2012 at 4:25 pm
ဟာ ကိုရင်စည်သွပ်က ဒီလိုရုပ်ရည်လား
ဝိုင်းဝိုင်းလည်နေမှာပဲနော် (အပုန်းလေးတွေ) 😀 😀
ငပေါက်ဖော်
January 7, 2012 at 3:52 pm
အိမ်း..
အဘပေါက်သိင်္ခကတော့ နဂိုထဲက ခွက်ပျောက်(ခွက်ကိုဖျောက်ထားတာ) မိုလို ့..
ဘလောက်ထည့်ထည့်..ကြိုက်သလောက် ထည့်လို ့ရသေးတာပေါ့နော်
အယူအဆလေး ကြိုက်တယ် ကစည်သွပ်ရေ..အားပေးတွားပါရဲ့
ပုံ၊
ပေါက်သိင်္ခ
inz@ghi
January 7, 2012 at 5:15 pm
အတွေး အရေး တွေ အလွန်မြင့်တဲ့ ကိုရင်ရေ့…
ကိုရင့်ကိုတော့ အငယ်တန်းထဲမှာ ကျုပ်လေးစားရတဲ့အထဲ
ထိပ်တန်းမှာ ထည့်ထားပါတယ် လို့ သတင်းပေးပါတယ်ဗျာ…
ခင်တဲ့
ဂီ
hmee
January 7, 2012 at 5:45 pm
ကိုရင်စည်သူရေ ကျွန်မလည်း အရင်ကဆို စာတွေ တော်တော်ရေးဖြစ်တယ်။ အခုနောက်ပိုင်း တော်တဲ့သူတွေများလာပြီး စာကောင်းတွေများလာတော့ ကျွန်မစိတ်တွေ သိမ်ငယ်လာသလိုပဲ။ ဒါကြောင့် သိပ်တောင်မရေးဖြစ်တော့ဘူး။ ဖတ်ပဲ လိုက်ဖတ်တော့တယ်။ မနာလိုတော့ မဖြစ်မိဘူး တော်လိုက်တာလို့ပဲ အားကျတာပါ။ အခု ကိုရင်စည်သူပြောသလို သူ့လိုတော်အောင် ပိုကြိုးစားမှလို့ မစဉ်းစားမိဘူး။ ယှဉ်ပြိုင်ချင်စိတ်နည်းတယ်လို့ ဆိုနိုင်ပါတယ်။ အခုတော့ ဘယ်သူဘယ်လိုထင်ထင် ဆက်ရေးဦးမှ။
ကိုရင်စည်သူ
January 7, 2012 at 6:05 pm
မမှီးရေ… ကျနော့် မတူတဲ့ အမြင်လေး ပြောပါရစေနော့..
စာကောင်းတွေရေးတာနဲ့ပဲ လူတော်လူကောင်းမဖြစ်လာသလို ကိုယ့်ဘက်ကလည်း
အဲ့ဒါတွေကို ဖတ်ပြီး ငါမှ သူတို့လောက်မရေးနိုင်တာ၊ မတွေးနိုင်တာ၊ မတော်တာဆိုတဲ့
သိမ်ငယ်စရာလည်းမလိုပါဘူးဗျာ… ဂေဇက်ထဲ စာရေးနေတဲ့ လူတွေအားလုံး မြန်မာနိုင်ငံက
ရေသောက် အီးအီးပါ ထမင်းစား အရွယ်ရောက်လာတဲ့ လူတွေချည်းပဲ။ ရွာသူားတိုင်း ကိုယ့်အရည်အချင်းနဲ့
ကိုယ်ပဲ။ ဘယ်သူ့မှာ အထင်ကြီးစရာမလို သလို၊ ဘယ်သူမှ လည်း အထင်သေးစရာမလိုဘူး။ ရွာစည်းကမ်းနဲ့ Universal Truth ကိုသာ ဘောင်ထဲမထွက်အောင် နေရင် ဘယ်သူမှလည်း ကြောက်နေစရာမလိုဘူး။ ဘယ်သူ့မှလည်း ရွံ့နေစရာမလိုဘူး။
ဒါပေမဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများပီပီ ကြီးသူကို ရိုသေ၊ ငယ်သူကိုလေးစားသနားတဲ့ စိတ်ကိုပဲ
အခြေခံဆက်ဆံကြရင်တော့ ပိုကောင်းမယ်မြင်မိပါတယ်။
~~~~ ချီးမွမ်းခုနစ်ရက် ကဲ့ရဲ့ခုနစ်ရက်တဲ့ ~~~~ ကျနော်တို့လိုသာမန်လူတွေ မပြောနဲ့
ဘုရားရှင်တောင်မှ ရှောင်နိုင်တဲ့ အရာမဟုတ်ပါဘူးဗျာ..
တော်လို့အားကျတာနဲ့ ကြိုးစားချင်စိတ်နည်းတာနဲ့ မဆိုင်ဘူး။
ယှဉ်ပြိုင်ချင်စိတ်နည်းတိုင်း အရှူံးပေးလိုက်တာမဟုတ်ဘူး။ အရှူံးပေးမှုတိုင်းဟာ တကယ့်အရှူံးအစစ်မဟုတ်ဘူး။
ဒေဝဒတ်က ဘုရားရှင်ကို မျိုးစုံ နှောက်ယှက် ဖျက်ဆီးဆဲဆိုမှုတိုင်းကို ကျနော်တို့ ဘုရားရှင်က
နှုတ်ဆိတ်တော်မူနေခဲ့တယ်… အဲ့ဒါအရှူံးပေးတာလား။ ဥပေက္ခာတရားစွဲကိုင်ထားမှသာ
လူကောင်း၊ လူဆိုးတွေကြား ရပ်တည်မှုတစ်ခုနဲ့ ရှင်သန်နေမှာ…။
အပင်မြင့်လေ လေတိုက်လေပါပဲ… ဘာပဲဖြစ်ဖြစ် ဆက်ရေးပါဗျာ.. အားပေးနေပါတယ်…
မနာလိုခြင်း ထက်…ကြီးမားသော မကောင်းမှုရယ်လို့ မရှိနိုင်တယ်.. မရောင့်ရဲနိုင်ခြင်း…ငတ်မွတ်ခြင်းရယ် လို့လဲ မရှိနိုင်ပြင်းတယ်… လောဘရမ္မက်သည်…လေပြင်းမုန်တိုင်းထက် ပြင်းထန်တယ်..ရောင့်ရဲခြင်းသည်သာလျှင်… ကြွယ်ဝမှုကို ဖြစ်စေတယ်… ဂေဇက်ရွာထဲမှာ မိုးတိမ်ပမာ လွင့်မျောနေမယ်…….။ ။
ရွာသူားများရဲ့ကလောင်တံတွေကိုပဲ ဆက်ချစ်နေဦးမယ့်
ကိုရင်မိုးတိမ်စည်သူ
thit min
January 7, 2012 at 7:10 pm
မမှီရေ………..
ညီလေးစည်သူပြောတာသိပ်မှန်ပါတယ်။
နှလုံးသားလှဖို့အဓိကပါဗျာ။
ကျန်တာတွေက အပေါ်ယံပါ။
စာရေးကောင်းတယ်ဆိုတာ အဲဒီ တေ့စ်နဲ့ ကိုယ်နဲ့ကိုက်သွားလို့ပါ။
ကျနော် အရမ်းကြိုက်တဲ့ လူမှုဖွံ့ဖြိုးမှုစာအုပ်တအုပ်ကို မမှီကိုဖတ်ခိုင်းရင်ပျင်းစရာကြီးဟာလို့
ပြောချင်ပြောမှာပါဘဲနော်။
ဆိုတော့ ကိုယ့်နှလုံးသားထဲက စီးဆင်းထွက်လာတာကိုစာစီလိုက်စမ်းပါဗျာ။
ဧဟိ မမှီ = ကမ်းမွန် မမှီရေ(^^)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အကြားအမြင်များခြင်းသည်ကောင်း၏။
ဆင်ခြင်တုံတရားနှင့်ပြည့်စုံခြင်းသည်သာ၍ကောင်းတော့၏။
အကြားအမြင်လည်းမများ ဆင်ခြင်တုံတရားမဲ့ကောင်းမဲ့မည်ဖြစ်သော်လည်းမိမိ၏သားသမီး
ကိုအသက်ပေး၍ကာကွယ်ပေးမည်ဖြစ်သော မိခင်တို့၏နှလုံးသားကိုကား အဘယ်သူသည်
ယှဉ်ပြိုင်၍နိုင်ပါမည်နည်း။
အို မိခင် အတုမရှိနှလုံးသားတို့၏မြင့်မြတ်ခြင်းဖြင့် လောကကို အလှဆင်နိုင်သည်မှာ သင်မှတပါး
အခြားမရှိပါ တကား။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လူတို့နှလုံးသား ……..အမုန်းမပွါးကြရင်
မေတ္တာဆွတ်ဖြန်း ………ချစ်ပန်းလှိုင်ကြွယ်
အကြင်နာတရားတွေ …ထားတတ်မှ
စိတ်ထားမြတ်မယ်။
အမြဲသာတွေး …..တွေးဆဘွယ်
အသဲမှာအေး ….အေးမြမယ်
အကြင်နာတွေ ……..ဖြိုးဝေစွာ
မိုးစွေရွာမယ်……
နှလုံးသားဝယ်…..
အမုန်းများကွယ်……
အပြုံးများဖလှယ်ကြစေကွယ်….။
(တော်ပြီနော် ဆက်ဆိုလိုက်တော့)
MaMa
January 7, 2012 at 10:00 pm
နာမည်ကို ကိုရင်အစား ဉာဏ်ကျယ်လို့ ပြောင်းရမယ်။
အဘရဲ့ အတွေးအခေါ် အယူအဆတွေအများကြီးကို အမွေဆက်ခံထားလု့ိ။
ဆရာကောင်းတပည့် ပီသပါပေတယ်။
ဒါထက် ပြောရဦးမယ် ရွာသူားတွေကို မတွေ့ချင်တော့လို့ ဒီနေ့ မလာတာပေ့ါ။ 🙁
ကိုရင်စည်သူ
January 9, 2012 at 3:25 pm
မမရေ.. အားပေးတဲ့အတွက် ကျေးဇူးပါနော့…
ဟိုနေ့က ကော်ဖီသောက်ပွဲမလာဖြစ်တာ ကျနော်
အလုပ်ကိစ္စမအားလို့ပါ။
ကြိုပြီးလည်း အကြောင်းကြားထားပါတယ်ဗျာ..
ခုတလော သဂျီးထံမှ လက်ဆောင်ရတဲ့ သူတွေ
ကော်ဖီတိုက်ရင်တော့ တွေ့မလားလို့… 😆 😆
ကြောင်ကြီး
January 8, 2012 at 10:38 am
ဒီတခါတော့ အစားအသောက်ထက် အတွေးအခေါ်က ပိုကောင်းဒယ်ဗျို့။။။ အဲဒီလို တရုတ်၊ ဂျပန် အတွေးအခေါ်တွေက ပိုပြီးလေးနက်သလိုပဲ။ ဘယ်လိုပြောမလည်း စာမဆန်ဘူး၊ လက်တွေ့ကျတယ် ပြောရမယ်။ ကိုရင်ကသာ အိုးကိုစွန့်ပစ်ဖို့ပြောနေတာ သဂျီးကတော့ ရသမျှသိမ်းကြုံးစုနေလို့ ရာဝင်အိုးနဲ့တောင် မဆံ့ဘူး။ သူ့အတွက် ရင်လေးပါဒယ်…..
fatty
January 8, 2012 at 6:03 pm
ကိုရင်ရေ လူငယ်သလောက်ဖေါ်ဖေါ်ရွှေရွှေနဲ့နေတတ်တဲ့ ကိုရင်ကို ဟိုနေ့ကမတွေ့ဖြစ်တော့အရမ်းသတိရမိပါတယ် ….. ။
pooch
January 8, 2012 at 6:47 pm
ကိုရင်ပြောတဲ့ အတွေးအခေါ်ကို သဘောကျတယ်…
ကလောင်တွေကိုပဲ ခင်တော့မယ် ချစ်တော့မယ်ဆိုတာလေး….
ကျမလည်း လက်ရှိဘဝကို ခဏမေ့ထားပြီး ဒီရွာမှာ လည်ပတ်နေရတာကို သဘောကျတယ်….
မှော်ဆရာ
January 8, 2012 at 8:48 pm
ခင်ဗျားကတော့ တိမ်လို လွတ်လပ်သွားပြီထင်တယ်
ကျွန်တော်ကတော့ ငုတ်တိုင်ကြီးစိုက်လို့ဗျာ
လူတွေသိလာတော့ ရင်းနှီးလာတော့ ကိုယ့်ရေးတဲ့ စာ ၊ ကွန်မန်းမှာ
အဂတိတရား မပါအောင် သတိထားနေရတယ်
ကိုရင်စည်သူ
January 9, 2012 at 3:29 pm
ကိုရင်မှော်ရေ.. ငုတ်တိုင်ကြီးမစိုက်နဲ့
အဗေတာက မှော်နဲ့ ပြုစားထားတဲ့ မိုးလေးကို
ကိုရင်မိုးတိမ်ဆီ ပြန်လွှတ်ပေး…။
ကိုရင့်မှော်ရဲ့ အဂတိမပါတဲ့ စာတွေ ကွန်မန့်တွေကို
စောင့်ဖတ်နေတဲ့ဗျို့…
အစွန်းနှစ်ဖက်ကြားမှာ မျှတစွာ ရပ်တည်နိုင်တဲ့
ရွာခံမှော်ပညာရှင်ကြီး ဖြစ်ပါစေနော်… 🙂 🙂