Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အမြတ်နိုးဆုံးသည်အမှန်တရား

aye.kkJanuary 8, 20121min38715

ကျမဘဝတွင်အမြတ်နိုးဆုံးအရာကား အမှန်တရားဖြစ်၏ ။

အမှန်တရားကို မြတ်နိုးသဖြင့် အဖေက မောင်နှမအားလုံးထဲတွင် ကျမကိုလွန်စွာပင်အားထား၏ ။ ကျမ၏ဆုံးဖြတ်ချက်မှန်သမျှက အဖေကလက်ခံ၏၊ ။ အားကိုး၏ ။ ကျမကိုအဖေကယုံကြည်၏ ။ ကျမ၏မွေးလက်စန်းဇာတာအရတူရာသီလဂ်ရ၏ ၊ ဇာတာအရလည်းအမှန်တရားကိုမြတ်နိုး၏ ။ ကျမသည်အမှန်တရားကိုမြတ်နိုးသဖြင့် ၊ မဟုတ်လျှင်ဆတ်ဆတ်ထိမျှလက်မခံတတ် ၊ ထစ်ကနဲဆိုကျမနှင့်ထိတ်တိုက်တွေ ့ရစမြဲပင်။

ကျမ(၁၁)နှစ်သ္မီးအရွယ်က အမေကိုယ်တိုင် ။ ကမ္မဌာန်းကျောင်းပို့ကာ တရားအားထုတ်ခိုင်းရ၏ ။ သည်းခံခြင်းတရားကို
အမေကျင့်သုံးခိုင်း၏ ။ အမေမသေခင် တစ်လအလိုလောက်က ကျမထံမှ သည်းခံပါ့မည်ဆိုသည့် “ဂတိ”စကားတစ်ခွန်းကိုသာ အမေကတောင်းခံ၏ ။ ကျမထံမှဂတိတစ်လုံးမပေးနိုင်သည့်အခါ အမေသေရမှာစိတ်မဖြောင့်ဟုပြော၏ ။အမေအသေဖြောင့်နိုင်ရန် သည်းခံပါ့မည်ဟု ကျမထံက ဂတိမရမခြင်း အမေကစောင့်၏ ။ နောက်ဆုံးတွင် ကျမမှ ။ မျက်ရည်ဖြိုင်ဖြိုင်ကျကာ ။
သည်းခံပါ့မည်ဟုဂတိပေးရ၏ ။ ကျမထံမှ ဂတိရမှသာ အမေ အသေဖြောင့်ခဲ့ရ၏ ။
ကျမကား ကျမကိုယ်၌က မပြုလုပ်နိုင်သော သည်းခံခြင်းအား ။ အမေ့ အားပေးထားပြီးဖြစ်၍ ။
အသက်ဆုံးတိုင်အောင်စောင့်ထိန်းရတော့၏ ။

အမှန်တရားက သည်းခံခြင်းနှင့်တွဲဖက်မိ၍ အကောင်းဆုံးတည်းဟူသော အရာကို နောင်အခါတွင် ကျမကိုယ်တိုင်ခံစားသိမြင်ရ၏ ။ လတ်တလောကာလလျှင်က တော့မကောင်းပါ ၊ ကျမဘဝတွင်အမှန်တရားကိုမြတ်နိုးသဖြင့် အားလုံးနှင့်အတိုက်အခံဖြစ်ခဲ့ရ၏ ။
တစ်ရက်တွင် ကျမခင်သည့်ဦးပဇင်းတပါးအား သွားလျှောက်ဘူး၏ ၊ အမှန်တရားကို မြတ်နိုးသည့်မိမိက အရာရာကိုဆုံးရှူံးနေရ၏ ၊

ဤသို့လျှင်ကား မည်သို့ဖြစ်ရပါသနည်းဟု လျှောက်ထားလျှင် ။ ဦးပဇင်းကရှင်းပြသည်မှာ..

ဒကာမကြီးကို ။ ဦးပဇင်း ပုံပြင်တစ်ပုဒ် ပြောပြမည် တရားနှင့်ဖြေပါဟုပြော၏ ။ ထိုပုံပြင်၏ ခေါင်းစဉ်ကိုသာ ဖတ်ပြရလျှင် “မှန်တာပြောကရွာပြင်ထွက်နေရ၏” ဟုဆိုသောပုံပြင်ဖြစ်၏ ။ အတိုချုပ်ပြောရသော် ကောင်းကင်အမြင်နက္ခတာရာတို့
စာဂကျင့်ကာ ဝကြ (ပြောင်းပြန်) စီးနင်းနေခိုက်ကာလ၌ အမှန်တရားသည်အမှားဖြစ်ကာ အမှားသည် အမှန်တရားဖြစ်
နေခိုက်ကြုံကြိုက်နေလျှင် ။ အမှန်တရားကိုမြတ်နိုးသည့် သူတော်ကောင်းကိုပင်လျှင် ။ ရွာစောင့်နတ်က ကိုယ်ထင်ပြကာ
အမှန်မပြောရန် ။ သတိပေးတော်မူရသည့် အဖြစ်တို ့ရှိခဲ့ကြောင်းအား ။ ပြောကာဆုံးမဘူး၏ ။ အချိန်နှင့်အခြေနေအရ
အမျာ းမိုးခါးရေသောက် ဆိုသလို ရှင်ဘုရင်ကြီး တစ်ယောက်တည်း မသောက်၍ နေမရသကဲ့သို့ ။ လိုက်လျှောညီထွေ
နေထိုင်မှုပြုနိုင်ရန် ပြောပြကာဆုံးမ၏ ။ တရားနှင့်ဖြေပါဟု ပြောကာ သည်းခံရန် မှာကြားပြောဆိုခဲ့၏ ။

ကျမ၏ ပင်ကိုယ်ဗီဇ စိတ်အခံက ရုပ်ဝါဒီဆန်၏ ခေါင်းအလွန်မာ၏ ။ မှန်တယ်ထင်လျှင် ။ နောက်မဆုတ်တတ် ။
ထိုစိတ်အခံ ဓါတ်ကြောင့်ပင် ။ ကျမမှာ ပါတ်ဝန်းကျင်နှင့် ဝေးကွာသလို ခံစားလာခဲ့ရ၏ ။ အထီးကျန်ဆန်ခဲ့ရ၏ ။
ခင်ပွန်း သားသ္မီးများနှင့်ပင် သဘောတရား ကွာခြားလာနေ သလိုဖြစ်ခဲ့ရ၏ ။ ကျမမှ အမေ့အား ။ ကိုယ်ပေးထားသည့်
ဂတိတစ်လုံးအား ။ စောင့်စည်းထိန်းသိမ်းကာ ။ သည်းခံခြင်းတရားအား လက်ကိုင်ထားပြီး ကျမနေနေရ၏ ။

ကျမ ကျင်လည်နေရသော ပါတ်ဝန်းကျင် အလုပ်ဌာနက အစိုးရဝန်ထမ်းဖြစ်၏ ။ ကျမမှာ ပေါင်းစရာကား အခြားမရှိ ။ အားလုံးနှင့်တသီးတခြားစီ နေနေနိုင်သလိုဖြစ်လာ၏ ။ တစ်ခါက အစည်းအဝေးတစ်ခုတွင် လူကြီးကပြော၏ တစ်ယောက်တည်းနေနေက ကြာလာလျှင် ရှူးသွားနိုင်သည်ဟု ပြောဆိုဘူး၏ ။ ကျမတစ်ယောက်တည်း နေတတ်နေသည်ကို အားလုံးကသိမြင်နေကြ၏ ။
ကျမက ကျမ၏ ။ဆွေမျိုးကလွဲလျှင် ပေါင်းစရာလူမရှိပေ ။ ဆွေမျိုးဟုပြောရလျှင် ကျမငယ်စဉ်တောင်ကျေး ကြီးပြင်းလာရသော
မိတ်ဆွေဘဘကြီး၏ မိသားစုကလွဲလျှင် မည်သူ ့ကိုမျှ ကျမ မခင်တွယ်ပါ ။ အကျင့်သီလအား ခါးဝတ်ပုဆိုးကဲ့သို ့စောင့်ထိန်းကာ အသက်ထက်ဆုံး ကျင့်ကြံနေထိုင်သွားခဲ့သည့် ။ ဘဘကြီးကိုကား ။ အမိအဖမှလွဲလျှင် ။ ကျမ နှလုံးသားမှာ ။ ဘုရားတည်ထား သကဲ့သို့မြတ်နိုးမိ၏ ။ စိတ်အစဉ်မှာ ထာဝစဉ်ရှိနေ၏ ။ ကျမ၏လုပ်ကိုင်မှု အရာရာ ။ မှန်သမျှတို့သည် အနားမှာရှိနေသလို ။ ဘဘကြီး၏အရိပ်က အမြဲတစေ လိုက်ပါနေသကဲ့သို့ရှိ၏ ။ အကြောင်းအရာအားလုံးတို့ မလိုက်နာနိုင်လျှင်တောင် ဆုံးမစကားတို့က အစဉ်အမြဲထာဝစဉ်မှန်နေ၍ပင်ဖြစ်၏ ။

ကျမက အမှန်တရားကို မြတ်နိုးနေမြဲဖြစ်၏ ။ ကျမဘဝတွင် ။ အလေးစားဆုံး ။ အမြတ်နိုးဆုံး အရာသည်ကား အမှန်တရားပင်ဖြစ်၏ ယနေ့တိုင ်အမှန်တရားကိုမြတ်နိုးကာ ကိုးကွယ်ကာအသက်ရှင်နေထိုင်၏ ၊ အမေ့အား အရာရာကိုသည်းခံပါ့မည်ဟုပေးထားသော ဂတိ ၊
အမေ ကျမထံမှဘာကြောင့် ထိုဂတိကို တောင်းခံရသလဲဆိုသည့် ကျေးဇူးတရားကို ကျမတွေ ့မြင်လာရ၏ ။ အမှန်တရားကိုမြတ်နိုးသူ အဖို့သည်းခံခြင်းတရား မရှိလျှင် ကျမကား ပျောက်ဆုံးသွားနိုင်၏ ၊ ကျမအား လူမုန်းများကာ လုပ်ကြံခံရကာ အသက်ပင်ဆုံးရှုံးသွားနိုင်၏ ။ အလုပ်ထဲတွင်လည်း အတိုက်အခိုက်လွန်စွာခံရ၏ ။ အလုပ်နှင့်ပါတ်သက်၍ ရာထူးရာခံနှင့်ပါတ်သက်၍ မတော်မတရားလုပ်ကြံခံရဘူး၏
ကျမသာ၊သည်းခံမှုမရှိပါလျှင် ကျမကို ပြုလုပ်ခဲ့သည့် ထိုသူတို့အားလုံး ။ ထောင်ထဲရောက်မည်ကား အမှန်ပင်ဖြစ်၏။

ကျမကို အကြီးအကဲတစ်ယောက်က ထိုကိစ္စနှင့်ပါတ်သက်၍ လုံးဝလက်မခံရန် အဖြစ်မှန်အားတင်ပြရန် ပြောကြားဘူး၏ ။ အမှန်တရားကားလက်မခံ၍မှမရပေ ။ ကျမက ထေရဝါဒ ဗုဒ္ဓတစ်ရားတော်ကို ယုံကြည်၏ ။ ဝဋ်ကိုကြောက်၏ ။
သံသရာကိုကြောက်၏ ။ ကျမကားပြန်မလုပ်ခဲ့ ။ ထိုသူတို့သည်သာ ကျရှုံးကုန်ကြ၏ ။ ကျမကား ယနေ့တိုင်ရပ်တည်နေဆဲပင် ။
ကျမ တာဝန်ထမ်းဆောင်သည့်အချိန်တွင် စိတ်ကောင်းစေတနာကောင်း တရားထားရှိကာ ဆောင်ရွက်ခဲ့၏ ။ သူများ၏မျက်ရည်ကြီးငယ် အပူစာတို့အား ။ ကျမစိတ်က မနှစ်သက် ။ ပြုကားမလုပ်ခဲ့ ။ ကျမအား ပေးအပ်ခဲ့သော ။
အခွင့်အရေးပေါင်းများစွာတို့ကို ကျမလက်လွတ်ခဲ့၏ ။ မခံစား မရယူခဲ့ ။

အားလုံးသော သူတို့က ။ ကျမကိုရူးများနေသလားဟုပင် ။ နောက်ကွယ်တွင် ။ ကဲ့ရဲ ့မှုပြုခဲ့ကြ၏ ။ ကျမကားဂရုမစိုက် ။ သည်းခံမှု တရားတို ့ဖြစ်သာ ။ လက်ကိုင်ထားပြီး ။ နေလာခဲ့၏ ။ အမှန်တရားကို မြတ်နိုးသဖြင့် ကျမကိုယ်တိုင် အရာရာအားလုံးကို ကျော်လွားသွားနိုင်ခဲ့၏ ။ ယနေ့ကျမရပ်တည်နေနိုင်၏ ။ ကျမဘဝတွင် မည်သည့်အရာနှင့်မျှ မလဲနိုင်သောအရာကား အမှန်တရားသာလျှင်ဖြစ်တော့၏ ။
(ကိုသစ်၏ဘာကိုအမြတ်နိုးဆုံးလဲ) ကိုဖတ်မိ၍ရေးသားရခဲ့မိခြင်းဖြစ်ပါသည် ။

15 comments

  • small cat

    January 8, 2012 at 9:12 pm

    လေးစားပါတယ်ခင်ဗျာ၊ စိတ်ဓါတ်တူ၊ဘဝတူတွေ အများကြီးရှိနေနိုင်ပါသေးတယ်၊ တစ်နိုင်ငံလုံးမှာ ကျဲပြန့်နေကြလို့မဆုံစည်းနိုင်တာဖြစ်မှာပါ။

  • Thel Nu Aye

    January 8, 2012 at 9:19 pm

    ဟုတ်ကဲ့။ aye.kk မှန်ပါတယ်ရှင်။ ဆရာတော်ဦးဇောတိကဟောထားခဲ့တဲ့ ” သီးမခံနိုင်တော့တဲ့အထိသီးခံပါ ” ဆိုတဲ့စကားရပ်ကလေးကိုလိုက်နာကျင့်သုံးခဲ့တဲ့အတွက်အဖိုးမဖြတ်နိုင်တဲ့အကျုးိကျေးဇူးတွေရခဲ့ပါတယ်။ ကိုယ်တွေ့ပါ။ အမှန်တရားလက်ကိုင်ထားခြင်းကတော့ရေတိုမှာမကောင်းပေမဲ့ရေရှည်မှာအကျိုးကျေးဇူးတွေ ရတယ်ဆိုတာလဲ လက်ခံပါတယ်။

  • ငပေါက်ဖော်

    January 8, 2012 at 9:32 pm

    ကိုသစ်က ဘာအမြတ်နိုးဆုံးလဲ ဆိုတော့
    ဒေါ်အေးကေကေက အမြတ်နိုးဆုံးသည် အမှန်တရားတဲ့
    ကျနော်လဲ အမှန်တရားလေးတွေမြင်နိုင်အောင် ဖတ်သွားပါတယ်ခင်ဗျာ..

  • thit min

    January 8, 2012 at 9:34 pm

    ကျနော် အစ်မစာလေးကိုဖတ်ရတာ ဆုံးမစကားတွေအများကြီးကြားလိုက်ရပါတယ်ခင်ဗျာ။

    ဒီခေတ်မှာ ဒီလို ” ကျမဘဝတွင်အလေးစားဆုံးအမြတ်နိုးဆုံးအရာသည်ကား အမှန်တရားပင်ဖြစ်၏ ယနေ့တိုင်အမှန်တရားကိုမြတ်နိုးကာ ကိုးကွယ်ကာအသက်ရှင်နေထိုင်၏ ”
    ဆိုတဲ့စကားမျိုးပြောနိုင်တဲ့သူမရှိသလောက်ရှားသွားပါပြီ အစ်မရေ။

    အမှန်တရားကိုမြတ်နိုးသူဟာကိုယ်ကျင့်တရားကောင်းသူလဲဖြစ်သွားပါပြီ။

    ကျနော်ထက်ကြီးမယ်လို့မှန်းဆမိလို့ အစ်မရဲ့စာစုအတွက် ကျနော်အစ်မကို လေးစားစွာဂါရဝပြုပါတယ်။

    အစ်မ ကိုယ်စိတ်နှစ်ဖြာရွှင်လန်းပြီး လိုရာပြည့်ပါစေခင်ဗျား။

    လေးစားခင်မင်လျှက်
    မောင်သစ်မင်း

  • windtalker

    January 8, 2012 at 9:36 pm

    ကျွန်တော့် အတွက် ကတော့ ကတိတည်ခြင်း သည် အမြတ်နိုးဆုံး သာပ ။

  • Khin Latt

    January 9, 2012 at 5:21 am

    အစ်မအေးရေ – အစ်မရဲ့ စိတ်ထား ကို အရမ်းလေးစားမိပါတယ်။
    အမှန်တရား ကိုချစ်တဲ့ သူ မို့ အနည်းဆုံး အစ်မကိုယ် အစ်မတော့ တစ်သက်လုံး လိပ်ပြာလုံ နေမှာပါ။ ကိုယ့်ကိုယ်ကို ဂုဏ်ယူလို့ ရမှာပါ။
    အမေ့ စကားကို နားထောင်ခဲ့တဲ့ သမီး မို့ ဘာဒုက္ခမှ မကြုံတွေ့ရတာ နမူနာယူစရာပါဘဲ။
    အစ်မ ရဲ့ Post က ကျွန်မတို့ အားလုံးကို အမှန်တရားမြတ်နိုးမှု နဲ့ သည်းခံပေးမှု အတွက် သတိပေးတဲ့ Reminder လေးပါဘဲ။ ကျေးဇူးပါ အစ်မရေ။

  • aye.kk

    January 9, 2012 at 5:47 am

    small cat,ရေအားပေးစကားကိုကြားရတာဝမ်းလည်းသာ၊ကျေးဇူးလည်းတင်မိပါတယ်။
    thel nu aye,ရေစိတ်ဆိုတာသီးခံနိုင်ဘို့အင်မတန့်ကိုခက်ခဲပြီးတကယ့်ကို်မလွယ်ကူတာပါ၊
    ကလေးမွေးထုတ်တာကမှလွယ်ပါဦးမယ်၊သီးခံဆိုတဲ့စကားကနှစ်လုံးထဲပါ၊
    အနှစ်သာရပြည့်ဝကာအရမ်းကိုလှပလွန်းပေမယ့်၊
    မလွယ်တာကတော့တကယ့်အမှန်တရားပါပဲ၊
    သီးခံခြင်းဟာအောင်မြင်ကာကျေးဇူးတရားကြီးမားတာ၊လတ်တလောမခံစားရပေမယ့်
    တစ်ချိန်မှာကျိန်းသေမုချအကျိုးကျေးဇူးခံစားရတာမြေကြီးလက်ခတ်မလွဲပါပဲ။
    ငပေါက်ဖော်,ရေအမှန်တရားလေးတွေမြင်အောင်ဖတ်သွားပေးတာကျေးဇူးပါ။
    ကိုသစ်မင်း,ကျမကလည်းတကယ့်ကို်ကျေးဇူးတင်မိပါတယ်၊
    ခံစားချက်တွေတင်ပြလိုက်မိသလိုဖြစ်သွားတယ်၊
    ကိုသစ်ပေးတဲ့ဆုနဲ့ပြည့်ဝပါရစေ။
    ကိုဝင်းတော့ကာရေ..
    ကျမအဖေကပြောဘူးတယ်၊လုပ်ငန်းကြီးလုပ်ကိုင်လာတဲ့အခါဂတိမတည်ရင်မအောင်မြင်နိုင်ဘူးတဲ့
    ဒါကြောင့်မို့မင်းမှာသစ္စာ၊လူမှာဂတိတဲ့လွယ်လွယ်မပေးဘို့က
    ိုအသေအချာမှာကြားခဲ့ပါတယ်ဆိုတာလေးပြောပြလိုက်ပါရစေ။

  • kai

    January 9, 2012 at 5:56 am

    ဒီရွာကတော့ အမှန်တရားပြောသူ ဘယ်တော့မှ ရွာပြင်မထုတ်တဲ့အပြင်.. အားပေးကူညီပါတယ်/ကူညီပါရစေခင်ဗျ…။
    “မှန်တာပြောကရွာပြင်ထွက်နေရ၏”ပုံပြင်ကိုလည်း.. အမှန်တရားဖက်ကရပ်တည်ခဲ့/နေသူတွေကို စော်ကားတဲ့ ပုံပြင်အဖြစ်.. ရှုံ့ချပါတယ်..။
    အင်မတန်ဆိုးဝါးတဲ့.. ရှေးစွန်းစွဲလက်စွဲပုံပြင်ပါ..။ ပယ်ဖျက်သင့်ပါတယ်..။

    ဆိုတော့ ..
    အမှန်တရားကိုဘာနဲ့တိုင်းမလည်း.. ပြောစရာဖြစ်လာနိုင်ပါတယ်..
    တည်ဆဲဥပဒေနဲ့တိုင်းပါမယ်..။
    ‘ဒီရွာမှာတော့.. မြန်မာပြည်ကဥပဒေမဟုတ်ပါဘူး..။ ယူအက်စ်က..လူမှုရေးနိုင်ငံရေးလုပ်ထုံးဥပဒေတွေ.. ကုလလူ့အခွင့်အရေးကြေငြာစာတမ်းတွေနဲ့တိုင်းတာမယ်လို့.. အသိပေးပါတယ်..။ 😆

    သီးခံတာကိုလည်း ပြောစရာရှိပါတယ်.။
    ကျုပ်အနေနဲ့ပြောရရင်တော့.. သီးခံတာကို.. ခေါင်းငုံ့ခံလိုက်တာနဲ့ရောမနေစေချင်ပါဘူး.။
    တဖက်က.. ပြောဆိုတိုက်ခိုက်လာတာနဲ့..တန်းတူ တုံ့ပြန်စေချင်တာပါ..။
    ကံ..ကံရဲ့အကျိုးကို လက်တွေ့ကျကျ တုံ့ပြန်ပြုမူစေချင်ပါတယ်..။
    သူက. မေတ္တာနဲ့လာရင်..မေတ္တာနဲ့တုံ့ပြန်ပြီး.. ဒေါသနဲ့လာရင်.. ပြန်ချိုးနှိမ်နိုင်ရင်.. ပြန်ချိုးနိုင်တဲ့ပါဝါသုံးပြီး.. ပြန်ချိုးနှိမ်စေချင်တာပါ..။
    ပြန်ချိုးနှိမ်ခြင်းမပြုနိုင်သေးရင်.. ဥပက္ခာထားပါမယ်.။
    သူလုပ်သမျှကို.. ကိုယ်လုပ်နိုင်သမျှနဲ့.. ဉာဏ်ကူပြီး… တိုက်ရိုက်တုံ့ပြန်စေချင်တာပါခင်ဗျား..

    ဂေါတမဘုရားရှင်ရဲ့ အောင်ခြင်း၈ပါးမှာ.. ခေါင်းငုံ့သီးခံခဲ့တာမပါပါဘူးလို့ တွေ့ရပါတယ်..။
    နန္ဒောပနန္ဒနဂါးကို..သူ့ထက်ကြီးတဲ့နဂါးလုပ်စေပြီး.. အနိုင်ယူတယ်..။
    ဗိုက်ကြီးပါတယ်စော်ကားတဲ့.. စိဉ္စမာဏဝိကာကို.. မဟုတ်မှန်ကြောင်း.. လူပုံအလယ် ဗိုက်မစစ်မဟုတ်ကြောင်ပြစေခဲ့တယ်..
    စသဖြင့်ပေါ့..

    ဆိုတော့…
    မှန်တယ်ထင်ရင်.. မသီးခံပါနဲ့လို့…။ မတူတဲ့အတွေးချရေးပြလိုက်ရပါတယ်နော..။
    =====
    အောင်ခြင်းရှစ်ပါး ဂါထာ
    မာရံ ယက္ခံ ဂဇံ စောရံ၊ စိဉ္စမာနဉ္စ သစ္စကံ။
    နာဂံ ဗကံ ဇိနိ ဇိနော၊ ဟောတု မေ ဇယမင်္ဂလံ။

    အဇိနိ=တန်ခိုးဉာဏ်ရှိန် ဝရဇိန်စက်မြတ် အတုလွှတ်ဖြင့် မချွတ်အောင်တော်မူလေပြီ။
    တံ တေဇသာ=ထိုသို့အောင်ခြင်း တရားမင်း၏ ထွန်းဝင်းတေဇော် အာနုဘော်ဖြင့်။
    မေ=အကျွန်ုပ်အား။
    ဇယျမင်္ဂလံ=ရောဂါဘေးဒဏ် ရန်မာန်ခပင်း စိုးရိမ်ခြင်းကို နှိမ်နင်းအောင်တတ် ကောင်းမြတ်လှစွာ မင်္ဂလာသည်။
    ဟောတု=စင်စစ်မသွေ ဖြစ်ပါစေသတည်း။

  • aye.kk

    January 9, 2012 at 6:34 am

    အဘသူကြီးဦးခိုင်..
    လေးစားကာမှတ်သားနာယူသွားပါသည်။
    အဘ၏မတူတဲ့အတွေးကမှတ်သားနာယူစရာစံနမူနာတစ်ခုဖြစ်ပါသည်။

  • nature

    January 9, 2012 at 11:10 am

    လေးစားပါတယ်။ aye.kk ရေ။ အင်မတန်ပဲ အဖိုးတန်ပြီးအနှစ်သာရပြည့်ဝတဲ့ အဖြေလို့ပဲဆိုချင်ပါတယ်။ ဒါပေမဲ့တရားတော်မှာကတော့ ကိုယ်ကမှန်ပေမဲ့လည်းဝဋ်ရှိရင်ခံရမှာပဲလို့ဆိုထားတာ ကြားဖူးပါတယ်။ မဟာစည်က ပဲနွယ်ကုန်းဆရာတော်ရေးတဲ့ သုတပန်းခိုင်ဆိုတဲ့စာအုပ်လေးမှာဖတ်ဖူးတာပါ။ တန်ဖိုးက ၂၀ဝကျပ်တည်းပါ။ နောက်များအချိန်ရရင်ရေးတင်လိုက်ပါဦးမယ်။
    ဂေါတမဘုရားကအောင်ခြင်းရှစ်ပါးမှာ သီးခံတာဘာဖြစ်လို့မပါရမှာလည်းသူကြီး။ အာဠာဝက ဘီလူးကိုအောင်ခန်းက မေတ္တာနဲ့သီးခံပြီးအောင်မြင်တာလေ။ 🙂 (သည်းခံလားမသိဘူးနော်မမရေ။ 🙂 )

  • ကြောင်ကြီး

    January 9, 2012 at 12:11 pm

    သီးခံခြင်းဆိုတာ အလွန်လုပ်နိုင်ခဲတဲ့ အရာတခုပါ။ ဒေါ်aye.kk လုပ်နိုင်သည်ဆို၍ သာဓုသုံးကြိမ်ခေါ်ပါသည်။ ရှေးဘုရားများ သည်းညီးခံက နိဗ္ဗာန်ရ ဆိုသည့်စကာတလုံးသာ မှာသည်ဟု မှတ်သားဖူးပါသည်။ အမြဲမှန်သော စကားလုံးဖြစ်သည်ဟု ယုံကြည်ပါသည်။ ရွာထဲမှာလည်း သဂျီးကို ခိုင်သမီးတော်လေး မျက်နှာထောက်၍ အတော်သီးခံရပါသည်။ ရမှ သဂျီးအိမ်ဦးခန်းတွင် ထိုင်၍ထေရဝါဒ သာသနာအကြောင်း မိုက်ကရိုဖုံးနှင့် တရပ်ကွက်လုံးကြားအောင် ပြောပါမည်။။ ကြောင်ကြီးစကား မှားယွင်းခဲ့လျင် သီးခံဖို့တောင်းပန်အပ်ပါသည်။

  • weiwei

    January 9, 2012 at 12:59 pm

    ကျွန်မ အမြတ်နိုးဆုံးကတော့ တရားမျှတမှု ပဲ ဖြစ်ပါတယ် …
    တရားမျှတမှုအတွက် အကြိမ်ကြိမ် ပြသနာဖြစ်ခဲ့ရဖူးတယ် … ပြသနာဖြစ်တာပဲအဖတ်တင်ပြီး တရားမျှတမှုကို မရတဲ့အခါ ဒေါသအကြိမ်ကြိမ်ထွက်ရတယ် …
    ဒေါသထွက်ရတာ ပူလောင်လွန်းလို့ တဖြည်းဖြည်းနဲ့ စိတ်လျော့တတ်အောင်ကြိုးစားရပါတယ် … တော်တော်ခက်ခက်ခဲခဲနဲ့ အခုဆိုရင် အတော်အတန် စိတ်လျော့နိုင်ခဲ့ပါပြီ … လူအသစ်တစ်ယောက်ပြောင်းသွားသလို စိတ်လျော့ထားနိုင်ပေမယ့် တကယ့်အရေးအကြောင်းဆိုရင် အမှန်တရားဘက်က ရပ်တည်ဖို့ ဝန်မလေးပါဘူး …

  • True Answer

    January 9, 2012 at 3:18 pm

    အမှန်တရားကို အမြတ်နိုးဆုံးအဖြစ် အဓိကထားထားတာ အင်မတန်မှ မွန်မြတ်ပါတယ်ခင်ဗျား။

    ဒီနေရာမှာ အမှန်တရားဆိုတာ ဘာလဲဆိုတာ မေးခွန်းထွက်လာပါသည်။
    သူကြီးမင်းလို မိမိ ဉာဏ်မီရာကို တကယ့် အမှန်တရားထင်နေရင်တော့
    (ဥပမာ မိမိနားလည်တဲ့..လုပ်ထုံးဥပဒေတွေ..ကို တကယ့်အမှန်တရားထင်နေရင်တော့ )
    မိမိ နားလည်တဲ့အမှန်တရားကပဲ တကယ့်အမှန်တရားကို မမြင်အောင် ဖုံးပါသည်။

    သည်းခံခြင်းဟူသည် သူကြီး၏ မတူညီသောအမြင်ဖြင့် ပြောသော မဟုတ်လျှင်မခံ ပြန်လည်တုန့်ပြန်နေရခြင်းမျိုးလည်းမဟုတ်ပါ။ ငြိမ်ခံနေရခြင်းမျိုးလည်းမဟုတ်ပေ။ လုပ်ရပ်နှင့် အဓိက မပတ်သက်ပဲ စိတ်နှင့်သာ အဓိကပတ်သက်ပါသည်။

    မှန်ကန်သော သီးခံမှုသည်လည်း လောဘ-ဒေါသစိတ်ကို စွန့်လျှက် bias မပါ….လုပ်တတ်ခြင်းဖြစ်လေသည်။ တနည်းအားဖြင့် လောဘ-ဒေါသစိတ်ကို စွန့်ကာ bias မပါ..နေနိုင်သဖြင့် အေးချမ်းတည်ငြိမ်သောစိတ်ဖြစ်ပေါ်ပြီး ပြန်လည်ဖြေရှင်းသင့်သည် (သို့) မဖြေရှင်းသင့် ဆိုသည်ကို မှန်ကန်စွာနားလည်လျှက် ပြုလုပ်လျှင်လည်း အေးချမ်းစွာ ပြုလုပ်ရုံသက်သက် ပြုလုပ်တတ်ခြင်း (သို့) ပြန်လည်မတုံ့ပြန်ဘဲ နေသင့်ပါကလည်း မတုံ့ပြန်ရုံသက်သက် မတုံ့ပြန်ပဲလည်း အေးချမ်းစွာ နေနိုင်ခြင်းဖြစ်ပါသည်။

    လောဘ-ဒေါသ-သောကဖြင့် ကြိတ်မှတ်ခံနေခြင်းမျိုးမဟုတ်ပေ။ လောဘ-ဒေါသ-သောကဖြင့် မဟုတ်မခံ တုံပြန်ရခြင်းမျိုးလည်းမဟုတ်ပေ။

    လောဘ-ဒေါသကိလေသာနည်းပါးလာမှုနှင့် အမှန်တရားသိမြင်လာမှုတို့ တိုက်ရိုက်ဆက်စပ်နေပါသည်။

    တကယ့်အမှန်တရားကို သိနားလည်မှုသည် ……
    ဖြစ်ပေါ်လာသော လောဘ-ဒေါသစိတ်ကို မည်မျှ စွန့်လွှတ်နိုင်သလဲ နှင့် တိုက်ရိုက်ဆက်စပ်ပါသည်။

    လောဘ-ဒေါသစိတ်ကို မည်မျှ စွန့်လွှတ်နိုင်သလဲ ဆိုခြင်းသည် မှန်ကန်သော သီးခံမှုနှင့်လည်း တိုက်ရိုက်ဆက်စပ်ပါသည်။

    (မှတ်ချက်။ သဂျီးမင်း၏ မတူညီသောအမြင်များကို သိပ်မယုံရန်ဖြစ်ပါသည်) း)

  • aye.kk

    January 10, 2012 at 9:22 am

    nature,ပြောသလိုပါပဲ၊ဝဋ်ကြွေးအတုံ ့အလှည့်ကသံသရာမှာလုပ်ထားတာရှိရင်ပြေးမလွတ်ပါဘူး။
    အမပြောပြချင်တာက၊လူမှန်ရင်အရိယာမဖြစ်သေးသမျှကာလပါတ်လုံး၊
    ဒေါသမောဟလောဘဆိုတဲ့ကိသဒေါသအနာကျရောက်ပေါက်တတ်စမြဲပါ၊
    ကိုယ့်အားမတရားသဖြင့်ပြုမူမှုမှန်သမျှတန်ပြန်လက်တုံံ့ ့ပြန်တတ်ကျတာသဘာဝပါ၊လောကီလူသားမှန်သမျှကိုယ့်ရဲ အလောဘအဒေါသအမောဟမကင်းနိုင်သရွေ ့ကာလပါတ်လုံး၊
    မိမိအကျိုးအတွက်၊မိမိစီးပွားအတွက် သူတစ်ပါးထိခိုက်နစ်နာမှာ၊
    မမှုမရှိမကြောက်မရွံ ့
    ပြုလုပ်ကြကာဆင်ခြင်တုံတရားမထားနိုင်ပဲကိုယ်ချင်းမစာနာပြုမူဆောင်ရွက်တတ်ကြပါပေတယ်..
    သီးခံမှုဆိုတဲ့အတိုင်းတာမထားနိုင်ရင်တော့နှစ်ဦးနှစ်ဘက်စလုံးကြီးမားစွာဆုံးရှုံးကြေမွပျက်စီး
    ရမှာဧကန်မလွဲပါပဲ၊ဒါဟာဖြင့်မမှန်ကန်ဘူး၊ဒါဟာဖြင့်ကိုယ့်အတွက်မတရားဘူး၊ဒါဟာဖြင့်အားလုံးအတွက်ထိခိုက်နစ်နာမယ်၊အားလုံးပေါ်မတရားရာကျရောက်မယ်ဆိုရင်အစရှိသဖြင့်ပေါ့နော်၊အမှန်တရားကို
    မြတ်နိုးသူတွေအတွက်လက်ခံနိုင်စရာအကြောင်းတရားတစ်ခုမျှမရှိလျှင်၊သီးခံနိုင်စရာအကြောင်းတရာ ့လည်းတခုမျှမထားရှိနိုင်တာအမှန်ပဲပေါ့နော်၊ဒါကိုသိမြင်နေတဲ့အမေကကျမစီကနေသီးခံပါ့မယ်ဆိုတဲ့
    ဂတိတစ်ခုကိုအမေကတောင်းပါတယ်၊အမေတောင်းတဲ့ဂတိကို
    ကျမချက်ခြင်းမပေးနိုင်ခဲ့ဘူး၊အမေကသေမယ်ဆိုတာသိနေပြီဖြစ်တဲ့အတွကမသေခင်ကြိုတောင်းခဲ့တာပါ၊ဘုရားကသာသီးခံခြင်းတရားပြုလုပ်နိုင်တာပါ သမီးမပေးနိုင်တဲ့ဂတိကိုအမေတောင်းရသလဲဆိုပြီးပြောကာရှိုက်ကြီးတငင်ငိုကြွေးမိရပါတယ်၊
    သမီးအတွက်အမေအမွေထားပေးနိုင်တဲ့တခုတည်းသောအရာက“သီးခံ”မှုဆိုတဲ့
    အရာသာလျှင်ဖြစ်ပါတယ်တဲ့၊အဖေကမဟာယာန၊အမေကထေရဝါဒဗုဒ္ဓဘာသာ
    မတူအယူအဆမတူ၊ဖူးစာအရပေါင်းဖက်ရဘို့အကြောင်းရေစက်ပါလာခဲ့ကြတယ်၊“သီးခံ”မှုတရားမထားရှိနိုင်လျှင် သမီးဒီလိုအခြေအနေမျိုးကိုပိုင်ဆိုင်ကာမနေထိုင်ရနိုင်ဘူးလို့
    ဥပမာပြကာပြောဆို့ရှင်းပြပါတယ်၊သီးခံမှုဆိုတာ(အစစအရာရာ၊အားလုံးပေါ့နော်)ထားရှိနိုင်ရင်တစ်ချိန်မှာသမီးဘဝမှာအကျိုးရှိမှာဧကန်မုချမြေကြီးလက်ခတ်မလွဲပါလို့
    ဆိုပြီးပြောပြခဲ့ပါတယ်။

  • aye.kk

    January 10, 2012 at 9:46 am

    ကိုကြောင်ကြီး,ရေဝင်ရောက်ဖတ်ရှုအားပေးသာဓုခေါ်ဆိုတာဝမ်းမြောက်မိပါတယ်။
    ဝေဝေရေ,တရားမျှတမှုဆိုတာကလည်းအမှန်တရားဘက်ကရပ်တည်မှုတခုပါ။
    true,ရေကိုယ့်စိတ်ကမခံစားနိုင်တဲ့အရာမှန်သမျှကို
    သီးခံမှုတရားထားရှိဘို့ဆိုတာစောင့်ထိန်းနိုင်ဘို့၊စောင့်စည်းဘို့ဆိုတာတကယ်မလွယ်ပါဘူး..
    အမေ့ကိုပေးထားတဲ့ဂတိ၊သီးခံမှုဆိုတဲ့ကြိုးတစ်ချောင်းနဲ့
    ကျမကိုယ်မှာတုတ်ခိုင်စွာချည်နှောင်ရစ်ပါတ်ထားပြီးစောင့်စည်းခဲ့လို့အကျိုးရှိတာသိမြင်ခဲ့ရပါတယ်။

Leave a Reply