တရားရိပ်သာတွေမှာ ကြုံကြရတဲ့ဝိဉာဏ်လောကသားတွေ
ကိုယ်တွေ့တော့မဟုတ်ပါဘူး …ကိုယ်တိုင်ကတော့ အောင်ဆန်းတောရတပ်ဦးကျောင်းတိုက်မှာပဲ တရားစခန်းဝင်ဖူးပါတယ်……. အခုက အခြားနာမည်ကြီးတရားစခန်းတစ်ခုပါ…အဲဒီမှာ နှစ်စဉ်ဝင်ဖြစ်တဲ့ ကောင်မလေးတစ်ယောက်ပြောပြလို့သိရတာပါ…
အဖြစ်ကဒီလို….
ယောဂီတွေတည်းတဲ့ ဇရပ်တွေမှာ မကျွတ်မလွတ်သေးတဲ့ ပရလောကသားတွေအကြောင်းပါ.. ဇရပ်တစ်ခုမှာ သားအမိ(2)ဦး နဲ့ သမီးရဲ့သူငယ်ချင်း(2)ဦး ပေါင်းလေးဦး စုနေကြတယ် ..စဝင်ပြီး နောက်တနေ့ညမှာ ညဘက်အဆောင်တခါးရဲ့အတွင်းဂျက်ကို အပြင်ကလက်ချောင်းအရှည်ကြီးတွေနဲ့ဖွင့်နေတာ …ဂလောက်၊ ဂလောက်.. နဲ့အကုန်လုံးကြားရတယ်တဲ့ ။ ဒါပေမယ့် ကလေးမလေး 3 ဦးကမမြင်ရပေမယ့် အဒေါ်ကြီးတစ်ယောက်ထဲမြင်နေရတယ်တဲ့ … အဲလိုဖွင့်နေရင်းနဲ့ တံခါးပွင့်သွားပြီး မိန်းမကြီးတစ်ယောက် လမ်းလဲမလျှောက်နိုင်ပဲဖင်တရွတ်တိုက်ဆွဲပြီး ဝင်လာတယ် ။ ခေါင်းမှာလဲ ဆံထုံးကြီးကအကြီးကြီးပဲတဲ့ .. သူကအဒေါ်ကြီးဆီတန်းသွားပြီး လက်အရှည်ကြီးတွေနဲ့ လည်ပင်းညှစ်မလို့ ဒေါကြီးမောကြီးနဲ့လာတာတဲ့ ……. အဒေါ်ကြီးလဲ ကြောက်အားလန့်အားနဲ့ ငါ့ကိုလည်ပင်းညှစ်နေပြီ လုပ်ပါဦးနဲ့ အော်တော့ .. ဘေးကကလေးမတွေကလည်း ဘာမှလည်းမမြင်ရတော့ အဒေါ်ကြီး ကို ဝိုင်းဖက်ထားကြပေမယ့် အဒေါ်ကြီးကတော့ အရမ်းကိုကြောက်ပြီး အော်ဟစ်နေတယ်တဲ့…. ဇရပ်ကိုအုပ်ချုပ်တဲ့ ဆရာလေးလဲရောက်လာပြီး …ဟဲ့ မနှောက်ယှက်နဲ့ .. သွား .. ဒါ တရားလာအားထုတ်တဲ့ ဧည့်သည်ဆိုပြီး ပုတီးနဲ့ လိုက်ရမ်းတယ်တဲ့ … ဒါပေမယ့် ထွက်မသွားပဲ ပိုသောင်းကျန်းနေတာ မိုးလင်းအာရုံတက်တော့မှပဲ ထွက်သွားတယ်တဲ့ … အဲဒီအခန်းက ယောဂီတွေလဲ မိုးလင်းတာနဲ့ ပြန်ဖို့ပြင်ဆင်ပြီး ပြန်ခါနီးမှာ ဇရပ်အလှူရှင်ရဲ့ ဓါတ်ပုံကိုကြည့်မိတော့မှ အဒေါ်ကြီးက … ညကခြောက်တာ သူပေါ့ … ဆိုပြီးလက်ညှိုးထိုးပြတော့မှ ဟိုတုန်းကအမျိုးသမီးတွေရဲ့ အပြင်အဆင် ဆံထုံးကြီးကအကြီးကြီးနဲ့ တဲ ့………ဝေဖန်ကြတာတော့ သူမကြိုက်တာတစ်ခုခုကို သွားလုပ်မိလို့လို့ပြောကြတယ်။ ခောတ်တွေကြာသွားတာတောင် မကျွတ်နိုင်ပဲ ပြိတာဘဝမှာ ရှိနေတာပေါ့နော် …….. ဪ ကြောက်စရာကြီးပါလားလို့
နောက်တခုက အဲဒီမှာပဲ အခြားအဆောင်တစ်ခုမှာ ……. တခန်းကို ကုတင် 2 လုံးနဲ့ 2 ဦးပဲနေလို့ရတယ် … ည 12 နာရီတိတိဆိုရင် ယောဂီဝတ်နဲ့အမျိုးသမီးတစ်ဦး ဝင်လာပြီး ကုတင်မှာ ကျောခင်းကပ်ဝင်ထိုင်နေတာ မိုးလင်းထိပဲတဲ့ ….. ကောင်မလေး 2 ယောက်လဲကြောက်ပြီးမအိပ်ရဲဘူးတဲ့ … နောက်နေ့ကြတော့ အဆောင်ဆရာလေးက အခန်းပြောင်းပေးတယ်တဲ့ … ပေးတော့မပြန်ဘူး .. ဘယ်သူ့ကိုမှလဲ မပြောပါနဲ့တဲ့
နောက်တစ်ခု စင်္ကြလျှောက်ရင်းနဲ့တွေ့တာ ရှေ့တည့်တည့်မှာ ဆံပင်ဖားလျားကြီးနဲ့ ဆံပင်တွေကရှေ့ကမျက်နှာကိုပါအုပ်နေလို့ မမြင်ရဘူးတဲ့ သူကလဲ သူ့ဖာသာစင်္ကြန်လျှောက်နေတာတဲ့ ဒါနဲ့ကောင်မလေးက တိုက်မိမှာစိုးလို့ နေရာပဲရပ်နေလိုက်တယ်တဲ့ .. သူလဲလိုက်မကြည့်ရဲလို့ မျက်စိမှိတ်ထားလိုက်တယ်တဲ့ … ဒါကတော့ သူကိုယ်တိုင်ကြုံတာ.. အပေါ်က 2ခုကတော့ သူတရားစခန်းဝင်တဲ့အချိန် တခြားသူတွေကြုံရတာတဲ့
အင်း ….. နားထောင်ရင်းနဲ့ ကြောက်တော့ကြောက်မိသလိုပဲ … ကိုယ်တွေတရားစခန်းဝင်တုန်းကတော့ အဲလိုတွေမကြုံရလို့လားမသိဘူး ….။ ဒါပေမယ့် တရားစခန်းစဝင်တော့ ဘုန်းကြီးက ဘုရားရှိခိုးတိုင်ပေးတဲ့အချိန် ပရိသတ်ထဲက ယောဂီအမျိုးသမီးတစ်ဦး အကျယ်ကြီး အော်ငိုတာတော့ ကြုံလိုက်ရတယ်။ဘုန်းကြီးတောင် ခဏရပ်လိုက်ရတယ်။ သူ့ကိုရေမန်းတွေ၊ဘာတွေတိုက်ပေါ့။ သူ့ကိုလဲ ဘာဝင်ကပ်ပြီး ငိုတာလဲမသိပါဘူး ….။
34 comments
ငပေါက်ဖော်
January 11, 2012 at 3:25 pm
တော်သေး..
ညဘက် မဖတ်မိလို ့..
ဟုတ်သော်ရှိ..မဟုတ်သော်ရှိ..မသိ..သများလဲ သရဲကြောက်၏…ဂွိ..ဇိ..
မကြောက်တဲ့လူတွေတော့ သွားကြ..သများတော့သွားဘူး..
ကြောက်တာကြောက်တာ..တစ်ခါမှလဲ မကြုံဖူးပါဘူး
ရွာထဲက ရွာစားတွေကော
ဘသူ အခြောက်ခံဖူးလဲဝေ့..
အတွေ ့အကြုံလေးတွေလင်းပါအုံး
😆
kaung kin pyar
January 11, 2012 at 3:40 pm
ဟုတ်တယ် မဖောင်းဖောင်းရေ…..တော်တော်များများ ဒီလိုမျိုး ရှိဖူးတယ်ပြောတာပဲ။ ကောင်းကင်ပြာလဲ အစက မထင်ထားဘူး။ အကြတ် နှစ်ရက်ထပ်တဲ့နှစ်က MICT နားက လှိုင်မဟာစည်မှာ တရားစခန်းဝင်လိုက်သေးတယ်။ ပထမအကြတ်နေ့မှာပဲ အဆောင်နှစ်ဆောင်ကို ဝင်ပူးတယ်ပြောတယ်။ လက်သည်းနဲ့ ကြမ်းပြင်ကို ခြစ်တာတွေရော၊ မျက်ဖြူကြီးလန်သွားတာရော အဲ့ဒီတစ်ယောက်ဆီက ထွက်ပြီးပြီးချင်းပဲ ဒုတိယအဆောင်ကို ထပ်ဝင်တယ်။ အဲ့ဒီပုံစံအတိုင်းဖြစ်တာပဲ။ ကောင်းကင်ပြာတို့ အဆောင်ကိုတော့ ဝင်မပူးဘူး။ (သူတော်ကောင်းတွေ များလို့ဖြစ်မယ်…ဟီး ဟီး) ဝင်လဲ သိလိုက်မှာတောင် မဟုတ်ပါဘူး။ အိပ်ပုပ်ကြီးနေကြတာကိုး။ ညဆို ၁၁ နာရီလောက်မှ အိပ်ရတယ်၊ မနက်ဆို ၃ နာရီ ထ ရတာလေ။ တစ်နေ့လုံး ၉ နာရီကနေ ၁ဝနာရီ၊ ၂နာရီကနေ ၃ နာရီထိပဲ နားခွင့်ရှိတယ်။ အဲ့ဒီအချိန် ရေချိုး၊ အဝတ်လျှော် ခဏနားပေါ့။
ကြုံတုန်း မေးချင်တာပါ။ အစပိုင်းဝင်တဲ့သူတွေအတွက် ဘယ်တရားစခန်းက သင့်တော်လဲ သိချင်တာ။ အဖေကတော့ တံ့တည်ပွားမှာ ဝင်တယ်။ ငါးဆူတောင်မှာလေ။ ကောင်းကင်ပြာအတွက် နေရာမရှိတော့လို့ လှိုင်မဟာစည်ရောက်သွားတာ။ အင်း….ဝန်ခံရရင်လေ…..၁ဝတန်းစာမေးပွဲပြီးလို့ အခန်းထဲက ထွက်ခဲ့ရတုန်းကတောင် မဟာစည်က နှစ်ဆန်းတစ်ရက်နေ့ ထွက်ရတာလောက် မပျော်ဘူး။
ဒါပေမယ့် လာမယ့်နှစ်တော့ တခြားမှာ ထပ်ဝင်ဦးမယ်။ ဘယ်မှာကောင်းလဲ အကြံပေးကြပါဦးနော်။
Phaung Phaung
January 11, 2012 at 3:59 pm
အင်းစိန်က အောင်ဆန်းတောရတပ်ဦးကျောင်းတိုက် ( အောင်ဆန်းဆရာတော် ) အဲဒီမှာကောင်းတယ်.. အဆောင်တွေလဲ သန့်တယ်
နွယ်ပင်
January 11, 2012 at 3:59 pm
တရားစခန်းတွေမှာက ဒီလိုမျိုးတွေရှိတက်ပါတယ်
နွယ်ပင်လည်းကြုံဖူးတယ် ဒီမှာတောင် ပိုစ့်တင်ဖူးသေးတယ်
သူတို့တွေက အမျှလိုချင်လို့ များလား…..
တစ်ခါကတော့ တရားစခန်းဝင်တာ မနက်အစောကြီး နိုးနေတာနဲ့
အခန်းက အစ်မကြီးနဲ့ တရားထိုင်တဲ့ နေရာကို နှစ်ယောက်တည်းလာမိတယ်
အများအားဖြင့် တရားထိုင်တဲ့ နေရာကို အုပ်စုလိုက်လာကြပင်မယ့် အဲနေ့က တော်တော်လေး
စောစောနိုးနေတာနဲ့ တရားထိုင်တဲ့ နေရာလေးကိုလည်း တံမြက်စည်းလေး ဘာလေးလှည်းမယ်ဆိုပြီး
စောစောထွက်လာခဲ့မိတယ် ။ တရားထိုင်တဲ့ နေရာလေးနား ရောက်ဖို့ နည်းနည်းလှမ်းတဲ့ အချိန်မှာ
အဒေါ်ကြီးတစ်ယောက်က တရားထိုင်ရမယ့် အဆောင်ကို လှမ်းဝင်သွားတာကို နှစ်ယောက်လုံးတွေ့လိုက်တယ် ဒါနဲ့ ကိုယ်တွေလည်း ခပ်သွက်သွက်လေး လှမ်းပြီး
အဆောင်ထဲကိုလည်း ဝင်လိုက်ရော မီးလည်းမထွန်းဘာမထွန်းဆိုတော့ ခုနက အေဒေါ်ကြီးများ
မီးခလုပ်ရှာမတွေ့လို့ မဖွင့်တာဆိုပြီး အသံပေးရင်း မီးခလုပ်ကိုဖွင့်လိုက်တော့ ခုနကလှမ်းမြင်ရတဲ့
အဒေါ်ကြီးကိုလည်း မတွေ့တော့ဘူး သူပြန်ထွက်သွားရအောင်ကလည်း အပေါက်တွေအားလုံးက ပိတ်လျှက်ပဲ နောက် ကိုယ်တွေဝင်သွားတဲ့ ပေါက်တစ်ပေါက်တည်းပွင့်တာ ပြီးတော့ ခုနလေးတေင်
မျက်စိရှေ့မှာ သူဝင်သွားတာကို သေချာကြီးတွေ့လိုက်ရတာဆိုတော့ တော်တော်လေးတော့ လန့်သွားတယ်
အဖော်ပါလာတဲ့ အစ်မကြီးကတော့ သိပ်မကြောက်တက်တော့ အမျှတွေဘာတွေပေးနေတာပေါ့
နွယ်ပင်ကတော့ ကြောက်လွန်းလို့ ဘုရားစာတောင် ဘယ်က စဆိုရမှန်းမသိတော့ဘူး …………….
etone
January 11, 2012 at 4:42 pm
ပရလောကသားတွေရှိတတ်ပေမယ့် တော်ရုံတော့မမြင်ရဘူးနော် … ။
တချို့တွေကလေ … အိမ်တွေ ၊ ရုံးတွေမှာ စွဲကပ်နေတဲ့ဝိဉာဏ်တွေကို မကောင်းကျောင်းပို့လုပ်သလို .. တရားရိပ်သာတွေ ၊ စေတီတွေ ၊ ဘုရားတွေမှာ သွားထားကြတယ် …. ။ အဲ့ဒါကြောင့်လည်း ဝိဉာဏ်တွေများလာတာဖြစ်မယ် … ။
သရဲတော့မမြင်ဖူးပေမယ့် … တွေ့များ တွေ့လျှင် တက်ပြီးသေမှာ 😆
yaungchikha
January 11, 2012 at 7:39 pm
ကျနော် ကြုံတာကတော့ တရားစခန်းမှာတော့မဟုတ်ဘူး၊ ရပ်ကွက်ထဲမှာပဲ၊ ကျနော်တို့ ရပ်ကွက်လမ်းကြားလေးက ဖြတ်ရင် လမ်းမဘက်ရောက်တယ်၊ အဲ့ဒီလမ်းကြားကို ညဘက်မိုးချုပ်ရင် ငယ်ရွယ်သူတွေ ဘယ်သူမှ မသွားရဲကြဘူး၊ သရဲခြောက်တယ်လို့ပြောတယ်၊ တရက် ကျနော့်အမေ နေမကောင်းလို့ လမ်းဘက်တန်းက ဆေးဆိုင်မှာ ဆေးသွားဝယ်မယ်ဆိုပြီး ညဆယ်နာရီလောက် ကျနော် လမ်းကြားကိုဖြတ်တယ်၊ အဲ့ဒီအချိန်မှာ ကျနော်နဲ့ တည့်တည့်မှာ မိန်းမတစ်ယောက်လာနေတာတွေ့တယ်၊ ခပ်လှမ်းလှမ်းပေါ့၊ ဒါပေမယ့် အပေါ်ပိုင်းမမြင်ရပဲ ဝတ်ထားတဲ့ ထမီစလေးပဲ လေထဲလွင့်ပြီး လမ်းလျှောက်လာတာတွေ့ရတယ်၊ ပြီးတော့ အဲ့ဒီနေရာကမရွေ့ဘူး၊ ကျနော်ကသာ ရှေ့တိုးသွားတာ၊ အဲ့ဒီမှာတင် ကျနော်လည်း ခေါင်းထဲမှာ သရဲခြောက်ပြီးဆိုပြီး လန့်သွားပြီး နောက်ပြန်ပြေးတာပေါ့၊ အဲ့ဒီမှာတင် ကျနော့်အဒေါ်နှစ်ယောက်က အိမ်ရှေ့မှာ စကားရပ်ပြောနေကြတာ၊ ကျနော့်ကိုတွေ့တော့ တူမလေးဘာဖြစ်လို့လည်းတဲ့၊ အဲ့ဒါနဲ့ ကျနော်လည်း သူရဲခြောက်တာလားမသိဘူး၊ ကျနော်အပေါ်ပိုင်းတော့မမြင်ရဘူး၊ အောက်ပိုင်းထမီနဲ့ လမ်းလျှောက်လာတာတော့တွေ့ရတယ်၊ အဲ့ဒါမြင်ပြီးကြောက်လို့ ပြန်လှည့်ပြေးလာတာဆိုတော့ သူတို့လိုက်ပို့ပေးမယ်လို့ပြောတယ်၊ အဲ့ဒီမှာ ကျနော်စဉ်းစားလိုက်တယ်၊ ကျနော်သရဲလည်း မမြင်ဘူးဘူး၊ အဲ့ဒီတော့ ကျနော်မကြောက်တော့ဘူး၊ ဒီတစ်ခါ သူကျနော့်ကိုပြရင် ကျနော်မြင်ဘူးအောင်ကြည့်မယ်ဆိုပြီး အဒေါ်နှစ်ယောက်ကို ကျနော်သွားရဲသွားပြီ ခုနကတော့ ချက်ချင်းဆိုတော့ လန့်သွားတာ အခုတော့ မလန့်တော့ဘူး၊ သရဲကပြရင်လည်း ကျနော်ကြည့်လိုက်တော့မယ်၊ မြင်ဘူးအောင်ဆိုပြီး အဒေါ်နှစ်ယောက်ကို မလိုက်ခိုင်းပဲနဲ့ ကျနော်တစ်ယောက်တည်းပဲသွားတယ်၊ ပါးစပ်ကလည်း ဒီတစ်ခါပြရင် သရဲဘယ်လိုဆိုတာ ကြည့်မယ်၊ ပြချင်ပြလေ၊ မြင်ဘူးသွားတာပေါ့၊ ခုနကတော့ချက်ချင်းဆိုတော့ ပြန်လှည့်ပြေးမိတာလို့ ပြောပြီး လမ်းကြားကိုဖြတ်ပြီးဆေးဆိုင်ကိုသွားတာပေါ့၊ သရဲကမပြတော့ဘူး၊ မကြောက်လို့လားမသိဘူး၊ ပြလေကြည့်ချင်တယ်ဆိုတာကို သူကမပြတော့ဘူး……….. 🙂
mandalarthu
January 11, 2012 at 10:23 pm
Phaung Phaung ေ၇
တရားစခန်းတွေ မှာမှ မဟုတ်ပါဘူး။ အချို ့နေရာတွေမှာ ပရလောကသားတွေ ရှိတတ်ပါတယ်။
တို ့ဝင်ဖူးတဲ ့တရားစခန်းတွေမှာတော ့နံနက်တိုင်းအားလုံး စုပေါင်း မေတ္တာပိ ု ့ ကြရ့ပြီး ညတရားချိန်ပြီးတိုင်း အာလုံး စုပေါင်း အမျှဝေကြတော ့ဘာအရိပ်အရောင်လေးမှ မမြင်တွေ ့ခဲ ့ရပါဘူး။တရားပြဆရာတော်ကြီးတွေရဲ ့ မေတ္တာရိပ်ကြောင် ့လည်းပါတာပေါ ့။
တရားမထိုင်ခင်နဲ ့ ညမအိပ်ခင် အချိန်တွေမှာ မြင်အပ်မမြင်အပ် သတ္တဝါတွေကို မှန်းပြီး မေတ္တာပို ့အမျှဝေပေးရင် သူတို ့က ဘယ်သူ ့ကိုမှ မနှောက်ယှက်ကြပါဘူး။ အဲဒါလေးက တိုု ့ကိုယ်တွေ ့ပါ။ စမ်းသပ်ကြည် ့ပေါ ့နော်။
Phaung Phaung ေ၇
ဒီအတွေ ့အကြုံလေးကို မျှဝေပေးတာကောင်းပေမယ် ့တရားစခန်းလုံးဝ မဝင်ဘူးသေးတဲ ့
ဝင်ဖို ့စိတ်ကူးနေတဲ ့ သူတွေများ ဖတ်မိခဲ ့ရင်……….. သူတို ့တွေ တရားစခန်းတွေကို ဝင်ရမှာ ကြောက်လန် ့ပြီး တွန် ့ဆုတ်သွားမှာ စိုးရိမ်မိပါတယ်။
တို ့အမြင်လေးကို ဝေမျှတာပါနော်။
padonmar
January 12, 2012 at 12:35 am
တစ္ဆေသရဲဆိုတာ ပြိတ္တာ တစ်မျိုးပါ၊ လူသားထက် အဆင့်နိမ့်ပါတယ်။
လူတွေရဲ့ ပတ်ဝန်းကျင်မှာ မမြင်အပ်တဲ့ ပြိတ္တာတွေ နေရာတိုင်းမှာ ရှိပါတယ်၊
ရိပ်သာမှ မဟုတ်ပါ၊
သူတို့တွေဟာ အမျှှလိုချင်လို့ ကိုယ်ထင်ပြတတ်ကြပါတယ်။
ဒေါက်တာအောင်ကျော်(သွားဆရာဝန်၊တောင်ကြီး)ရေးတဲ့ ထူးတွေ့ကြုံဆန်းတစ္ဆေဇာတ်လမ်းများ ဆိုတာ ဖတ်ကြည့်စေချင်ပါတယ်။
တရားအားထုတ်ခြင်းဆိုတာ လူတိုင်းလေ့လာကြည့်သင့်တာဖြစ်လို့ ရိပ်သာဆိုရင် သရဲခြောက်တတ်တယ်ဆိုပြီး မကြောက်ကြစေချင်ပါဘူး၊
—————————————————————————–
ကောင်းကင်ပြာနှင့် လူငယ်များအတွက်၊
ကျွန်မရဲ့ အတွေ့အကြုံအရပြောရရင်တော့
အစဦးဆုံးအားထုတ်ချင်တဲ့ Beginner တွေအတွက် ၊
တကယ်တမ်းတရားအားထုတ်ခြင်းဆိုတာ ဘာကြောင့် ဘယ်လိုနေဘယ်လိုထိုင်ဘယ်လိုစားဘယ်လိုကျင့်ရမယ်ဆိုတာ သိချင်သူတွေအတွက်
မဟာစည်နည်းနဲ့ ပြပေးတဲ့ ချမ်းမြေ့ရိပ်သာ ကိုအကြိုက်ဆုံးပါ။
တူတူမလေးတွေ ကို ဆယ်တန်းဖြေပြီး အချိန်ရှည်ရတိုင်း ချမ်းမြေ့မှာ တရားအားထုတ်ခိုင်းပါတယ်။
သူတို့လေးတွေ နှစ်သက်ကြပါတယ်။
ချမ်းမြေ့မှာ ယောဂီတွေကို ဝင်ဝင်ချင်း ၄ရက်တိတိ ဆရာတော်ကြီးရဲ့ အလုပ်ပေးတရား audio လည်း နာရတယ်၊Video လည်း ကြည့်ရပါတယ်။
စင်္ကြန်လျှောက်ပုံ၊ဆွမ်းစားပုံကအစ စံနစ်တကျ ဖြစ်အောင်သင်ပါတယ်။
ဘုရားရှိခိုး ရွတ်ဆိုပုံ အသံထွက်မှန်စေရန်ကအစ မြန်မာ ပြန်အနက်နှင့်တကွ ကလေးများသင်သလို စိတ်ရှည်ရှည် သင်ပေးတာဖြစ်လို့
ထေရဝါဒကို ရေရေရာရာ သိချင်သူတွေ အတွက် အသင့်ဆုံးလို့မြင်ပါတယ်။
တရားတစ်ခါထိုင်ချိန် ကို သတ်မှတ်ခြင်းမရှိ ကိုယ်နှစ်သက်သလို တိုတိုဖြစ်စေ ကြာကြာဖြစ်စေ ထိုင်နိုင်တာဖြစ်လို့ အစသမားအတွက် မပင်ပန်းပါ။
ဒါပေမယ့် အချိန်ပြည့်အမှတ်သတိထားရပါတယ်။စည်းကမ်းကြီးပါတယ်။
တရားအရသာ တကယ်လိုချင်သူတွေအတွက် လမ်းညွှန်ပါ။
တရားရှာရန် သင့်သော ကျောင်းအရည်အချင်းမှာ
(၁)မနီးမဝေး၊သွားရေးမခက်
(၂)ဆိတ်ငြိမ်သက်လျက်
(၃)မှက်ခြင်ပါးနည်း
(၄)ပစ္စည်းမပန်း
(၅)ကျမ်းတတ်လည်းရှိ
မြတ်သည့်နေရာ ကျောင်းတိုက်တာသည်
လျင်စွာ မဂ်ဖိုလ် ရကြောင်းတည်း၊ တဲ့
ကိုယ်တိုင်ချင့်ချိန်နိုင်ပါစေ။
etone
January 12, 2012 at 1:27 pm
အန်တီရေ .. အဲ့ဒီစာအုပ် ကျွန်မမှာရှိပါတယ် …အဲ .. စာအုပ်ဆိုတာထက် အီးဘွခ်ဆိုပိုမှန်လိမ့်မယ်… ။ သူ့စာအုပ်ကို ဖတ်ရင်း … ကျောချမ်းလာကာ တမျိုးတွေးမိတယ် … ။သရဲမှန်သမျှ သူချည်းပဲ ကြုံနေပါလားလို့ပေါ့ …. ။
kaung kin pyar
January 12, 2012 at 11:33 am
ခုလို ညွှန်ပေးတာ ကျေးဇူးတင်ပါတယ် အစ်မရေ…..။ ဆရာဦးမျိုးမြင့်ထွန်း ဟောတာတွေတော့ နာဖူးပါတယ်။ ဆရာက ဖောင်းပိန်တို့၊ ဝင်လေထွက်လေတို့ထက် လူသားတစ်ဦး မွေးဖွားရာကစပြီး ကိုယ်တွင်းအဂါင်္တွေ အလုပ်လုပ်ပုံကို ဆရာဝန်တစ်ယောက်လို အသေးစိတ်ဟောသွားတာပါ။ အဓိက ကတော့ ဒိဠိခွာတဲ့ သဘောပါ။ လူပိန်းနားလည်နိုင်အောင်ပါ ရှင်းပြသွားပါတယ်။ တရားအားထုတ်မယ့်လူတွေအတွက် တကယ့်ဆရာကောင်းလိုမယ်လို့ ကောင်းကင်ပြာထင်ပါတယ်။ အစ်မပြောတဲ့ ချမ်းမြေ့ရိပ်သာကိုလဲ သွားလိုက်ပါဦးမယ်။ တရားအားထုတ်တာကတော့ ဗုဒ္ဒဘာသာဝင်တိုင်း လုပ်သင့်တယ်လို့ ကောင်းကင်ပြာထင်ပါတယ်။ လူ့ဘဝဆိုတာ နတ်ပြည်နဲ့ ငရဲပြည်ကြားကလမ်းပါ။ ယူတတ်မှ ရမှာမို့လို့ ကောင်းကင်ပြာလဲ ယူတတ်အောင် ကြိုးစားနေပါတယ်။
ကြောင်ကြီး
January 12, 2012 at 12:04 pm
ရိပ်သာဝင်တိုင်းလည်း တရားမရသလို ဒါနပြုတိုင်းလည်း သုဂတိဘုံ မရောက်နိုင်ဘူးဗျာ။ ဒီအချက်က ဗုဒ္ဓဘာသာနဲ့ အခြားဘာသာများရဲ့ ကွာခြားချက်ပဲ။ ဗုဒ္ဓဘာသာမှာက ခြောက်မပြောဘူး၊ မြောက်မပြောဘူး၊ လောကသစ္စာ၊ လောကဓမ္မတာ အရှိအတိုင်းပြောတယ်။ မသိရင် အနေမတတ်လို့ ဗုဒ္ဓဘာသာကိုးကွယ်ရင်ပဲ သရဲတစ္ဆေဖြစ်တော့မလိုလို ညဏ်တိမ်သူများ ဖြစ်တတ်တယ်။ ဒါနမှုနဲ့ပတ်သက်လို့ အမည်ကင်ပွန်းတပ်လှူရင် အစွဲကြီးပြီး မကျွတ်ဖြစ်တတ်လွန်းလို့ ဆရာတော်ကြီးများ မကြာခဏဆုံးမတယ်။ လှူပြီးစိတ်ပြတ်နိုင်တာ အကောင်းဆုံးပါပဲ။
Rose Minn
January 12, 2012 at 1:18 pm
Rose တို့ ဝင်ဖူးတဲ့ တရားရိပ်သာမှာလဲ ရှိတယ်။ တရားရိပ်သာတွေက လဲများသောအားဖြင့် အရင်က လယ်ကွင်းတွေပေါ် မှာ ဝယ် ရိပ်သာတည် ကြတာဆိုတော့ ပရလောကသားတွေရှိချင်လဲရှိမှာပေါ့လေ။ ရိပ်သာ လာရင်း နေမကောင်းလို့ ဘဝပြောင်းတာလဲရှိချင်ရှိမှာပေါ့။ အဲဒီနှစ်က ထူးထူးခြားခြား သင်္ကြန်မှာ မိုးကြီးတဲ့နှစ် မုန်တိုင်းမိုးရွာတဲ့နှစ်ပေါ့။ 11 ရက်တရားစခန်းဝင်ကြတယ်။ rose ရယ် အမေရယ် နှစ်ယောက် ဝင်ကြတယ်။ဒုတိယနေ့ မှာဖြစ်တာ။ တစ်နေ့တာကို ဇယားအတိုင်း မနက် 4 နာရီကနေ ည 8နာရီထိဝင်ရတာပေါ့။ ဆွမ်းစားချိန်ပဲ လွတ်ပါတယ်။ အဆောင်ခန်းက သိပ်မကျယ်တော့ လူနှစ်ယောက်ထဲနေတာ။ အဆောင် ကပ်လျှက် အဆောင်တွေလဲ လူသိပ်မနေဘူး။ တခြား မနီးမဝေး အဆောင်တွေ မှာပဲလူရှိတယ်။ အဲဒါ ည 8နာရီ မှာ တရားထိုင်ပြီးပြန်အလာ ဆောင်နားရောက်ခါနီး အနောက်ကနေ မိန်းမ တစ်အုပ် အနောက်က နေ အပြေးလိုက်လာတာကို နောက်ကနေကြားရတယ်။ အဆောင်ထဲဝင်တော့လဲ လှမ်းကြည့်လိုက်တော့ ရောဂီဝတ်တွေနဲ့မိန်းမ တစ်အုပ် ကို အပြေးလာနေတာတွေ့ရတယ်။ ကိုယ်ကတော့ ဘေးက အဆောင်မှာတောင် လူတွေရောက်နေပြီလို့အထင်။ ကိုယ့်အဆောင်ပြန်ရောက်ပြီဆိုတော့ တရားဆက်အားထုတ်စရာရှိတာဆက်လုပ်တယ် ပဌာန်းရွတ်စရာရှိတာ ဆက်ရွတ်တာပေါ့။ rose တို့သားအမိ ပဌာန်းရွတ်နေရင်းကြားရတာက အဆောင်ကို ပတ်ပြီး အပြင်က နေလမ်း တရှပ်ရှပ်နဲ့ ခြေသံပြင်းပြင်းလျှောက်နေတာကြားရတယ်။ အဲဒီ အချိန်ခါကြမှ အဆောင်ပြင်ကို ပြတင်းကနေ ကြည့်လိုက်တော့လဲ ဟိုဘက်ဆောင်က လူမရှိဘူး။ အဲခါမှ ကိုယ့်ကို သရဲခြောက်နေတယ် ဆိုတာ ရိပ်မိတာ။ ကြောက်တော့လဲကြောက်သား။ သူတို့ အမျှလိုချင်လို့ထင်တယ် ဆိုပြီး။ ဘုရားရှိခိုး ပဌာန်းရွတ်အပြီး အော်ပြီး အမျှဝေလိုက်ကြကာမှ အပြင်က လမ်းလျှောက် သံလဲငြိမ်သွားတော့တယ်။ နောက်ရက်တွေလဲ ဘာသံမှ မကြားရတော့ပါဘူး။ သူတို့လိုချင်တာ ရသွားလေ သလားမသိ …………
True Answer
January 12, 2012 at 1:22 pm
သဂျီး နဲ့ ပစ်စုပ်ပန်သမားတွေကို အဲဒီရိပ်သာကို လွှတ်ဦးမှပါပဲ ။ း)
Harumoto
January 12, 2012 at 1:24 pm
တရားအလုပ် တရားအားထုတ်သူတွေ
တရားရှာ က တရားသာတွေ့ရမည်။
တရားမတွေ့ အမှားတွေ့က
အမှတ်မှားလို့ တရားမတွေ့
ဆရာ့ရှေ့မှာ အဖြေရှာ…။
Phaung Phaung
January 12, 2012 at 1:33 pm
ဟုတ်ကဲ့ mandalarthu ရေ ..အခုလိုအမြင်လေးပြောပြတာကျေးဇူးတင်ပါတယ်။ ကြောက်စေလိုတဲ့ရည်ရွယ်ချက်တော့မရှိပါဘူး … ဒီလိုပဲ Post ကလေးတခုအနေနဲ့ ရေးဖြစ်လိုက်တာပါ။
MaMa
January 12, 2012 at 2:30 pm
တရားရိပ်သာတွေမှာ ဖြစ်တယ်လို့ ပြောတယ်ပြီး ကိုယ်တွေ့လည်းမဟုတ်ပဲ တဆင့်စကားကို ပြန်ပြောတာမို့ ယုံရခက်ကြီးပါပဲ။
သရဲလို့ ပြောနေကြတာကို ကျမကတော့ ပြိတ္တာဘုံကလို့ မှတ်သားထားဖူးတယ်။
တရားရိပ်သာဆိုတာ ကောင်းမှုကုသိုလ်ပြုနေသူတွေချည်းပဲ။
သံဃာတော်တွေဆိုတာလည်း အဆင့်ဆင့် ကျင့်ကြံအားထုတ်ထားတာတွေချည်းပါပဲ။
အမှန်တကယ် ဇရပ်အလှူ့ရှင်က စွဲလမ်းလို့ မကျွတ်မလွတ်ပဲ ပြိတ္တာဘဝရောက်နေပြီး အခုလို မကြာခဏ ခြောက်လှန့်နေတယ်ဆိုရင်တောင် အဲဒီကျောင်းက ဆရာတော်၊ သံဃာတော်တွေက မေတ္တာပို့ အမျှဝေတာတွေလုပ်ပေးပြီး အလှူ့ရှင်ကို ကျွတ်လွတ်အောင် ဆောင်ရွက်ပေးကြမှာပါ။
နောက်ပြီး တရားရိပ်သာသွားပြီး အကျင့်သီလတွေ ကျင့်ကြံကြိုးကုတ်အားထုတ်နေကြတဲ့ ယောဂီပုဂ္ဂိုလ်တွေကို လည်ပင်းညှစ်တဲ့အထိတောင်ဆိုတော့ (လုံးဝလုံးဝ) မဖြစ်နိုင်ဘူးလို့ မြင်ပါတယ်။
တရားအားမထုတ်ဖူးပဲ၊ တရားရိပ်သာတွေကိုလည်း မသွားဖူးပဲ အခုစာကို ဖတ်မိတဲ့လူတွေအနေနဲ့ သို့လောသို့လော အတွေးများစေနိုင်တာမို့ (ကိုယ်တွေ့လည်း မဟုတ်လို့) ရေးသင့်၊ တင်သင့်တယ်။
ဒါမှမဟုတ်လည်း ကိုယ်တွေ့သိရအောင် သေသေချာချာ လေ့လာသင့်တယ်။
ကျမလည်း တရားရိပ်သာ (မဟာစည်ကြီး၊ မှော်ဘီချမ်းမြေ့၊ ပဏ္ဍိတာရာမတောစခန်းရိပ်သာ) တွေကို အကြိမ်ပေါင်းများစွာ ရောက်ဖူးပါတယ်။
အခုလို အဖြစ်အပျက်မျိုး ကိုယ်တိုင်လည်း မကြုံဖူးဘူး။
သူများဖြစ်တာမျိုးလည်း မမြင်ဖူးဘူး။
ဖြစ်နိုင်ရင် အဲဒီတရားစခန်းကို သိချင်ပါတယ်။
နောက်ဆုံးပြောချင်တာက- ဝိဉာဏ်လောကသားတွေဟာ တရားရိပ်သာမှ မဟုတ်ဘူး။ ဘယ်နေရာမှာမဆို ရှိနိုင်တာပဲလေ။ သရဲခြောက်မှာ ကြောက်လို့ တရားရိပ်သာ မသွားဘူးဆိုရင်တော့ မဟုတ်သေးဘူး။
MaMa
January 12, 2012 at 2:38 pm
{(ကိုယ်တွေ့လည်း မဟုတ်လို့) ရေးသင့်၊ တင်သင့်တယ်။} ရေးတာ မှားသွားလို့-
အမှန်ပြောချင်တာက-
ကိုယ်တွေ့ဖြစ်မှာသာ ရေးသင့်၊ တင်သင့်တယ် လို့ ပြောချင်တာပါ။
တရားရိပ်သာသွားဖို့၊ တရားအားထုတ်ဖို့ ကြောက်လန့်သွားမှာကို မလိုလားပါ။
Moe Z
January 12, 2012 at 3:50 pm
မမပြောတာကို အပြည့်အဝထောက်ခံပါတယ်
အပေါ်မှာလည်း အန်တီပဒုမ္မာပြောထားပါသေးတယ်
ဆေးရုံတွေမှာဆို ပိုများမယ်လို့ထင်ပါတယ်
ရိပ်သာကိုတော့ ၁ဝရက်စခန်း အနေနဲ့ ၂ ခါပဲဝင်ဖူးပါသေးတယ်
တရားထိုင်နေရင်းနဲ့ ရီတာတို့ငိုတာတို့က စိတ်ခံစားချက်နဲ့ဆိုင်ပြီး
သတိလွတ်သွားတာဖြစ်နိုင်ပါတယ် ….
ဆူး
January 12, 2012 at 2:31 pm
မမြင်ရတဲ့ လောကသားတွေက နေရာတိုင်းမှာ ရှိတတ်ကြပါတယ်။ လူတွေ နေတဲ့ အိမ်တွေမှာတော့ လွယ်လွယ်ကူကူ မဝင်ထွက်နိုင်တာ အိမ်ပိုင်ရှင်တွေရဲ့ ဘုန်းကံကြောင့်သာ သူတို့ လွယ်လွယ် မဝင်နိုင် မထွက်နိုင် ဖြစ်ကြရတာပါ။ ဘုန်းကြီးကျောင်းမှာ များတယ် ဆိုတာကလည်း ဘုန်းကြီးက ခွင့်ပြုထားပြီး နှင်ထုတ်တာ မရှိလို့ နေလို့ ရနေတာပါ။ ဘုန်းကြီးကမ္မဝါ ဖတ်ပြီး နှင်လိုက်ရင် သူတို့ နေလို့ မရပါဘူး။
ရိပ်သာတွေမှာ အမြဲ လူမရှိနေဘူးဆိုရင် လူလွတ်ရင် သူတို့လည်း နေစရာ မရှိတော့ တက်နေပြီး လူတွေ လာတော့ သူတို့ ဖယ်ပေးရတော့ မဖယ်ပေးချင်လို့ ပြသနာ ရှာတာတမျိုးလို့ ယူဆပါတယ်။
တခါတရံ ကိုယ်နဲ့ အတိတ်က ဘဝ နီးစပ်ခဲ့တာမျိုး ရေစက်ရှိခဲ့တာမျိုး ရှိခဲ့တဲ့ အတွက် ကိုယ့်ဆီက အမျှအတန်း ရလိုရငြား ရအောင် သူတို့ အသံပေး အရိပ်ပြ စသဖြင့် သူတို့ တတ်စွမ်းသလောက် လုပ်ပြပြီး အမျှဝေသံကို ကြားရအောင် လုပ်နေကြတာပါ။ မေတ္တာပို့ပေးရင် သူတို့ အနှောက်အယှက်မပြုသလို တခြားသော အနှောက်အယှက်များလည်း မကပ်နိုင်အောင် ကိုယ့်ရဲ့ မေတ္တာကို ခံယူထားတဲ့ နတ်တွေကလည်း စောင့်ရှောက်ပေးတတ်ကြပြန်ပါတယ်။
တရားအားထုတ်မယ် ဆိုရင်တော့ မေတ္တာပို့တဲ့ အလုပ်ကို အချိန်ပေး လုပ်ပြီး အားထုတ်တာ ပိုကောင်းပါလိမ့်မယ်။
kyeemite
January 12, 2012 at 3:39 pm
တရားရှာကိုယ်မှာတွေ့ လို့ ဆိုကြတယ်မဟုတ်လား…
တရားစခန်းအမည်နာမကအရေးမကြီးပါဘူး..
ကိုယ့်ကိုကိုယ် စစ်..ပီး..ရှု့တတ်မှ တရားတွေ့မှာ..
အိမ်မှာလုပ်လဲရပါတယ်..
သိသလောက်လေးဝင်ပြောကြည့်တာပါ..
nature
January 12, 2012 at 10:06 pm
ကျွန်တော်လည်းတနှစ်တခါ တရားစခန်း ဝင်ဖြစ်ပါတယ်။အေးအေးချမ်းချမ်းနဲ့ တကယ်ပဲစိတ်ချမ်းသာဖို့ကောင်းပါတယ်။ ပြန်ခါနီးလူဝတ်လဲရင်စိတ်ထဲမှာရှိတဲ့အေးချမ်းမှုကလေးက ပြောမပြတတ်အောင်ပါပဲ။ တကယ့်ကို အေးချမ်းပါတယ်။ ဒါကြောင့် ကျွန်တော်စဉ်းစားမိတယ်။ ကျွန်တော်တို့အနေနဲ့ဒီလို အသင့်အားထုတ်နိုင်တဲ့ တရားစခန်းတွေရှိတာ ကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ဘုန်းကံပါရမီက တော်တော်ကြီးတယ်လို့ပဲ ကောက်ချက်ချမိတယ်။
ဦးဦးပါလေရာ
January 13, 2012 at 9:44 am
သရဲအများဆုံးရှိနိုင်တဲ့နေရာကတော့ တရုတ်တန်း သို့မဟုတ် တရုတ်တွေ စုနေတဲ့ရပ်ကွက်တွေ ဖြစ်ဘို့များတယ်ထင်တယ်။ ( တရုတ်တွေတော့ ဆဲတော့မှာပဲ)
သူတို့က တခြားလူမျိုးတွေလို သေပြီးရင် သွားလိုရာသွားဆိုပြီး မောင်းမထုတ်ဘူးလေ။ စားပွဲပေါ် ထမင်းတခွက် ဘဲဥတလုံးနဲ့ တချို့ဆို နှစ်ပေါက်ထားသေးတာ။ ပြီးတော့မှ အိမ်ရှေ့ နေရာကောင်းကောင်းလေးမှာ (နတ်ကွန်းလို) အိမ်သေးသေးလေးချိတ်ပြီး ဘိုးစဉ်ဘောက်ဆက်ထားတာ။
ရိပ်သာတွေမှာတော့ အမျှယူဘို့ထက် စားစရာများလို့ နေလို့အဆင်ပြေလို့ သရဲတွေရှိနိုင်ပါတယ်။ အဲဒီတော့ ယောဂီက တရားစိပ်စိပ်မှတ်ပေါ့နော 🙂
ကျုပ်ရိပ်သာဝင်တဲ့အခါတွေတော့ သရဲရှိတယ်လို့ လူပြောများတဲ့နေရာတွေကို သတိရရင်ရသလို သတိထားကြည့်မိပါတယ်။ တစ်ခါမှ မတွေ့ဘူးပါဘူး။ ချောတဲ့သူကိုသရဲမခြောက်ဘူးလို့ကြားဘူးတယ်..:D 😀
ကြောင်ကြီး
January 13, 2012 at 10:06 am
ဟုတ်ပါဒယ်…ချောတဲ့သူဆို သရဲကပ်လို့မရဘူး…လျှောခနဲ့ ကျသွားလို့…။ ဦးပါလေရာက အတော်ချောပုံရဒယ်….
ချောသခင်.. ဖောလျင်.. မနောရွှင်.. ရောချင်..
ခေါပြင်.. တောတွင်..သဘောထင်.. မောရင်…။
kai
January 13, 2012 at 10:19 am
ထွက်လေဝင်လေကို မှတ်တော့.. အသက်ရှုတာကိုထိန်းချုပ်သလိုဖြစ်တာမို့.. အဆုပ်ထဲ..လူခန္တာထဲ.. အောက်စီဂျင်ရောက်တာမမှန်ဖြစ်တတ်ပါတယ်..။
ဆိုတော့..
ဦးနှောက်ထဲလည်း အောက်စီဂျင်အဝင်မမှန်ဖြစ်တာပေါ့…။
အဲဒီမှာတင်…
အဲဒီမှာ… သရဲက..ခေါင်းထဲဝင်ပါလေရော..
အဲ.. တစ္ဆေရော..ပြိဿာရော.. ဘာညာကွိကွတွေရောပေါ့..
ဒါကြောင့်….
ဆရာမပါပဲ.. ယောဂမကျင့်ရဘူးလို့.. ရှေးပဝေသနီ ဘုရားမပွင့်ခင်ကတည်းက ပြောခဲ့ကြတာ..
windtalker
January 13, 2012 at 12:34 pm
သဂျီးပြောတဲ့
“ ဆရာမပါပဲ.. ယောဂမကျင့်ရဘူးလို့.. ရှေးပဝေသနီ ဘုရားမပွင့်ခင်ကတည်းက ပြောခဲ့ကြတာ.. ” ဆိုတာ အမှန်ဘဲလားဗျ
water-melon
January 13, 2012 at 12:49 pm
အရင်တုန်းက တန်ကြည့်တောင် တရားခွေကြည့်ဖူးတယ်ဗျ
မျိုးစုံဘဲဗျာ မြွေသံလိုအော်တဲ့လူကအော်
ကိုယ့်ကိုရိုက်တဲ့လူကရိုက် မျိုးစုံဘဲဗျအခု အဲဒီခွေတွေကကြည့်ခွင့်မရှိဘူးပြောတာဘဲ
ကျွန်တော်တောင် ခိုးကြည့်တာ
မိုးချမ်းမြေ့
January 14, 2012 at 4:11 pm
ရိပ်သာမှာ…ပြိတ္တာတွေကပ်နေသလား…
သရဲတွေရောက်နေသလားမသိဘူး…
ရိပ်သာဆရာတော်တွေ…ရိတ်နေကြတာတော့…တပင်မှမကျန်တော့သလောက်ပဲ…ပြောင်လွန်းလှပါသည်။
(ရိတ်သူတွေကိုသာရည်ညွန်းပါသည်…။)
မိုးချမ်းမြေ့
January 14, 2012 at 4:25 pm
တကယ်တော့..ရိပ်သာဆိုတာ…လေ့ကျင့်ရေးစခန်းတစ်ခုလို့ထင်ပါတယ်…။
စစ်ထဲဝင်ကာစ…စစ်တိုက်တတ်အောင်…ရန်သူရှာတတ်အောင်…လက်ဖြောင့်အောင်…အပင်ပန်းခံနိုင်
အောင်..စသည်ဖြင့်ပေါ့ဗျာ…။ အဲ့ဒါကို…တကယ်စစ်တိုက်သလိုအထင်နဲ့လေ့ကျင့်ရတာမှန်ပေမယ့်
တရားရိပ်သာတွေမှာက…တကယ့်ကိလေသာရန်သူဆိုတာကို…သိအောင်တောင်မနည်းကျိုးစားပြီး..သင်
ကြားနေရတာမျိုးလို့ထင်တယ်..။ ခုဟာက…ရိပ်သာက..ပြန်လာရင်ပဲ…အောင်နိုင်သူစစ်သူကြီးလို
နထင်သွေးရောက်ပြီး…ပန်သူကပန်…ဂန်သူကဂန်နဲ့…ဖြစ်နေလိုက်ကြတာ…။
ဒီကြားထဲ…စစ်မတိုက်ရသေးဘူး…စည်းကမ်းနဲ့အညီနေထိုင်လို့….စစ်ရေးပြလုပ်တာကောင်းလို့…
လေးစားတတ်သူဖြစ်လို့ဆိုပြီး…ဘွဲ့တံဆိပ်တွေတပ်ပေးလိုက်သလို….
ရိပ်သာမှာ..ငြိမ်ငြိမ်လေးထိုင်ပြီး..မလှုပ်မရှက်ကြာကြာထိုင်နိုင်တာတို့…ဟိုဟာမြင်..ဒီဟာမြင်တာတို့..
ဖြေးဖြေးလေးလျှောက်နိုင်တာတို့…ကြမ်းပြင်ကနေဘယ်လောက်ကွာအောင်..ကြွ..ပြနိုင်တာတို့….ကို
…ပန်တယ်ထင်ပြီး…ပန်ဘွဲ့ပေးတဲ့ဆရာကပေး..ဂန်ဘွဲ့အပ်တဲ့ဆရာကအပ်နဲ့…ဘယ်ရန်သူကိုဘယ်လို
များသတ်လိုက်တယ်မသိဘူး…။ ကိုယ့်ကိုယ်တော့…ပတ်ဝန်းကျင်နဲ့..မိသားစုကြားမှာ…ဘယ်သူနဲ့မှ
မတူ…တရားထူးတနဲ့နေတဲ့ငါဆိုပြီး…နေထိုင်ကြတော့…ဟူး……….ဒုက္ခ…ဒုက္ခ…။
MaMa
January 14, 2012 at 10:17 pm
မပြည့်တဲ့အိုး ဘောင်ဘင်ခတ်တယ်လို့ ဆိုတာ ကြားဖူးမယ် ထင်တယ်။
တကယ်တရားပြည့်နေတဲ့ ဆရာတော်၊ သံဃာတော်ကြီးတွေ၊ ယောဂီပုဂ္ဂိုလ်တွေ မမြင်ဖူးမတွေ့ဖူးလို့လား ဟင်။
ဦးဦးပါလေရာ
January 15, 2012 at 12:38 am
ဒီဟာလေးတခုလောက်တော့ ဝင်ပြောဦးမှပါပဲ။
ရိပ်သာဆရာတော်တွေ ရိတ် တယ် လို့ပြောဘို့ မသင့်ပါဘူး။
ရိပ်သာဆရာတော်ဖြစ်လောက်အောင် အရည်အချင်းရှိတဲ့ဘုန်းကြီးဟာ ပိုက်ဆံရှာချင်ရင် တခြားနည်းများနဲ့ အလွယ်တကူ ပိုရအောင်ရှာနိုင်ပါတယ်။
ရိပ်သာတခု တည်ထောင်ရတာ လည်ပတ်ရတာ အလွန်တာဝန်ကြီးပါတယ်။ ပင်ပန်းပါတယ်။ အခက်အခဲတွေအများကြီးရှိပါတယ်။
ရိပ်သာဝင်တာ(..ပြီးတရားအားထုတ်တာ)ဟာလဲ လေ့ကျင့်ရုံမဟုတ်ပါဘူး။ သင့်လျှော်တဲ့ အခြေအနေတခုဖန်တီးပြီး ကိလေသာရန်သူကို မျက်နှာချင်းဆိုင် တိုက်ခိုက်နှိမ်နင်းတာပဲ ဖြစ်ပါတယ်။ အောင်မြင်တဲ့သူတွေလဲရှိမယ်။ ကျရှုံးတဲ့သူတွေလဲ ရှိပါမယ်။ ရိပ်သာကပြန်လာပြီး ယောဂီလူထွက်အဖြစ် နားထင်သွေးရောက်နေသူတွေရှိခဲ့ရင် အဲဒါ ကျရှုံးသူတွေပေါ့။ ကျရူံးသူတွေက မြင်သာပါတယ်။ အောင်နိုင်သူတွေကိုတော့ မသိမမြင်လွယ်ပါဘူး။
ဒါကတော့ အများနဲ့ခြုံပြောတာသာဖြစ်ပါတယ်။
လုပ်ကိုင်ပုံမှားတဲ့၊ ကျင့်စဉ်မှားတဲ့၊ သင်ကြားပြသပုံမှားတဲ့ ရိပ်သာတွေလဲ ရှိသလောက်ရှိတာဝန်ခံပါတယ်။
ဒါပေမယ့် မှန်တဲ့ ရိပ်သာတွေလဲ အရမ်းအရမ်းကို အများကြီးရှိပါတယ်။
nature
January 15, 2012 at 5:29 am
ကိုယ့်ကိုယ်ကိုအောင်နိုင်သူစစ်သူကြီးလိုသွေးနထင်ရောက်တာသိပ်ဆိုးတာပဲ။ ကိုယ့်ကိုယ်ကို အရိယာဆိုပြီးသွေးနထင်ရောက်သူတွေက အဆိုးဆုံးပေါ့။ ကျင့်တဲ့အကျင့်ကိုကြည့်တော့စောက်တလွဲ။ သွားမဲ့လမ်းကို ကြည့်တော့ အဝီစိ။ ကောင်းတာပြောတော့ကျွဲပါးစောင်းတီးသလိုနားမလည်။ ဒါကြောင့်နားလည်အောင်စေတနာနဲ့သူကြီးက တီးရအောင်စောင်းနှစ်လက်တောင်ပေးထားတာ။ http://myanmargazette.net/69826/uncategorized-other/copypaste
kai
January 15, 2012 at 7:56 am
အိနိ္ဒယကတော့.. ရိပ်သာကနေ.. အလုပ်အကိုင်အခွင့်အလန်းတွေ အများကြီးရှာတတ်သွားပြီ..။
ပြည်တွင်းတင်မက.. ပြည်ပနိုင်ငံခြားတွေမှာရောပေါ့…
ယောဂဆရာတွေများ.. ယူအက်စ်မှာ.. အထူးဗီဇာနဲ့လာနေပြီး.. တပည့်တွေအများကြီးရတာပါ..။
တနာရီသင်ရင်.. ၁ထောင်ဒေါ်လာမက ပေးရတာတွေလည်း အများကြီးပဲ..။ ဟောလိဝုဒ်က ဆယ်ရီဘရိတ်တီတွေများ.. ပိန်တယ်ဆိုပြီး.. ကြေးကြီးပေး နေ့စဉ် ထရိန်းနင်လုပ်နေကြတာပါ..။
http://www.foxbusiness.com/personal-finance/2010/12/28/business-yoga/
http://www.npr.org/templates/story/story.php?storyId=1384335
http://www.inc.com/ss/best-industries-for-starting-a-business#6
ဒါကို အခြေခံပြီး.. ဦးဂိုအင်ဂါကလည်း.. မီလီယန်ဘစ်ဇနက်လုပ်သွားတတ်တယ်ပေါ့..။
သူ့ဘစ်ဇနက်ကို ကူညီသူတွေက.. ကိုယ့်စရိပ်နဲ့ကိုယ်… ကိုယ့်ထမင်းထုတ်နဲ့ကိုယ်.. ကူညီပါရစေ.. ကူညီပါရစေခင်ဗျဆိုပြီး… သွားလုပ်ပေးကြတာလေ…
သူ့(ဦးဂိုအင်ဂါ)ကို.. ဒေါက်တာ.. ၂ထပ်ကွမ်းပေးဖို့ကောင်းတယ်.။
မြန်မာတွေလည်း.. လုပ်တတ်ဖို့လိုနေတယ်ထင်မိတယ်..။
မြန်မာရိပ်သာတွေဆီ.. နိုင်ငံခြားသားတွေ.. ထောင်သောင်းချီဝင်လာကြရင်.. အင်မတန်ကြီးတဲ့ ဘစ်ဇနက်ဖြစ်မှာပါပဲ..။
ဘုန်းကြီးတွေ စီမံကြီးကြပ်နေတာထက်..ငွေကြေးစီမံခန့်ခွဲတာမှာ ပရိုဖြစ်တဲ့.. အမ်ဘီအေသမားတွေ.. .. ပါ့ဗလစ်ရလေးရှင်းဘွဲ့ရတွေ.. ဝင်လုပ်ပေးဖို့လိုနေတယ် ထင်မိပါတယ်..။ 😆
ရိုးရိုးလေး.. တွေးတာပါ..။
လုပ်တတ်ရင်..ရိပ်သာနဲ့.. နိဗ္ဗာန်ရောက်တယ်..။
လောကနိဗ္ဗာန်ပေါ့..။
====
Yoga Products and Services
Amid a recession, are we getting more in tune with our inner spirit? Perhaps. Americans spent $5.7 billion on yoga products, equipment, and clothing in 2008–87 percent more than they did in 2004, according to a study from Yoga Journal. Nearly 14 million Americans say a doctor or therapist has recommended yoga to them. And as the industry continues to expand, there is ample room for new products. One promising opportunity: creating appealing men’s yoga apparel
ကြောင်ကြီး
January 15, 2012 at 2:24 pm
ဝိုင်းဆဲဂျကွာ..
စိန်ပေါက်ပေါက်
January 15, 2012 at 2:39 pm
ဒီနှစ်ထဲ ဆဲတာတွေကို အထူးကြပ်မတ်သွားမှာဖြစ်တဲ့အတွက် ဘသူ ့ဘသူကိုမှ
ဆဲခွင့်မပြုတော့ပါဘူးနော့
သဂျီးပြောခိုင်းလိုက်တာ