ရွာထဲက သံယောဇဉ် နှလုံးသားတွေ မန္တလေးမှာ ဆုံကြတဲ့ပွဲ
ကျွန်တော် ရွာထဲရောက်ကတည်းက ရွာသူရွာသားတွေနဲ့ တစ်ဦးနဲ့တစ်ဦး ဗဟုသုတတွေ ဖလှယ်၊ ရင်းနှီးမှုတွေ ဖြစ်နေကြပေမယ့် အပြင်မှာတော့ မတွေ့ဖြစ်ခဲ့သေးပါ။ လူခြင်းသာ မတွေ့ဖူးကြပေမယ့် ရွာထဲမှာတော့ ညီအကို မောင်နှမတွေ ဖြစ်ကာ စာသံယောဇဉ်တွေ၊ ဖုန်းနဲ့တော့ ရင်းနှီးနေကြပါတယ်။
တစ်နေ့က ကိုပေါက် (မန္တလေး) က ရွှေတို်က်စိုး ရန်ကုန်က ရောက်နေတုန်း အားလုံး ဒီနေ့ တွေ့ဖြစ်အောင် ဖုန်းတစ်လုံးနဲ့ စီစဉ်တော့ ကျွန်တော်က မဖြစ်ဖြစ်အောင်လာမယ်လို့ ပြောလိုက်ပါတယ်။ ရွာထဲက ညီအကို မောင်နှမတွေ တွေ့ရမှာ ဆိုတော့ မဖြစ်ဖြစ်အောင်သွားမယ်ပေါ့။ ဒါနဲ့ ကိုပေါက်ကို ဘယ်မှာ ဆုံမလဲ မေးလိုက်တော့ မန္တလေး၊ ကန်တော်ကြီးနားက ရှမ်းကလေးကျွန်းရွာထိပ်နားတဲ့။ အမယ်…ကိုပေါက် ရွှေးမှတော့ နေရာလေးက ဓါတ်ပုံသမား အကြိုက်နေရာလေးဗျ။

ဆုံဖို့ ချိန်းထားတဲ့ အချိန်မတိုင်မှီ အရောက်သွားပြီး ရွာကလေးဆီ ဝင်တဲ့လမ်းကလေးမှာ လှမ်းငေးနေလိုက်သေးတယ်။

ရွာကလေးထဲဝင်တဲ့ တံတားလေးပေါ်ကနေ ရွာထဲမှာ ပြဖို့ ကိုယ်ပုံကိုကိုယ် ပြန်ရိုက်ခဲ့ရသေးတယ်။

ကိုပေါက်က လာနေပြီဆိုလို့ ရွာရှုခင်းလေး ကျောခိုင်းလိုက်တယ်။
နောက်တော့ ရွှေတိုက်စိုးရယ်၊ ကိုပေါက်ရယ်၊ ညီလေးဖရဲရယ်၊ ကျွန်တော်ရယ် လေးယောက်ဆုံပြီး အမရပူရ မြို့နယ်ထဲက ရွှေကျက်ယက် မြန်မာဘူဖေး ဒေါ်အေးကြင် ထမင်းဆိုင်ဆီ ထွက်ခဲ့ကြတယ်။ အဲဒီမှာ နော်တို့ ဆြာပေနဲ့ တွေ့မယ်လေ။

အဲဒီနောက်တော့ စကားတွေက ပြောမဆုံးပေါင်၊ တောသုံးထောင်။ စားပွဲပေါ်က စားစရာတွေတောင် တော်တော်နဲ့ မထိနိုင်ကြသေးပေါ့။
စားပြီးတာတောင် ပြောမဝသေးလိ ု့ ကန်တော်ကြီးစောင်းက ကဖေးချိုချိုဆီ ယွန်းခဲ့ကြသေးတယ်။ အဲဒီမှာ ရွာအကြောင်းစာအကြောင်းတွေ ပြောကြ၊ အလှုအတွက် လှုကြနဲ့ အတော်ကြာမှ ပြန်ခဲ့ကြတယ်။ ဪ ……….. ချစ်စရာကောင်းတဲ့ ရွာထဲက သံယောဇဉ် နှလုံးသားတွေ မန္တလေးမှာ ဆုံကြတဲ့ပွဲလေးပေါ့။
43 comments
Diamond Key
January 15, 2012 at 4:39 pm
ဗီဇမပျောက်တဲ့ ကော်နက်ရှင်နဲ့ အတော် နပန်းလုံးပြီး တင်လိုက်ရတယ်ဗျာ။ 😀
fatty
January 15, 2012 at 4:46 pm
ကျနော်တို့မန်းလေးလာပြီးဘီယာသောက်ဖို့အစီအစဉ်ရှိတယ်နော …
သောကြနေ့လာသောက်မယ် စနေတရက်ဝအောင်သောက်ပြီး တနင်္ဂနွေပြန်မယ်လေ ..။
Diamond Key
January 15, 2012 at 6:05 pm
လာမယ်ဆိုရင် ဆုံကြပါမယ် 😀
manawphyulay
January 16, 2012 at 10:42 am
လေးဖက်တို့ကတော့ သောက်ရမယ်ဆို ဘယ်နှယ် နေချင်းပြန်တောင် သွားဦးမလားမသိဘူးနော်။ သွားရင် ခေါ်ဦးနော် ကပ်မြှောင်လိုက်မလို့…. 🙂
weiwei
January 15, 2012 at 4:53 pm
မန်းလေးကို သွားလည်ချင်ပါသေးတယ် …
ရန်ကုန်က ရွာသူားတွေ စုပြီး သွားနိုင်ရင် ကောင်းမယ်နော် …
Diamond Key
January 15, 2012 at 6:12 pm
မဝေရေ၊ ရောက်အောင်လာခဲ့ ကြပါလား။ ခရီးတိုလေးတစ်ခု အတူသွားကြတာပေါ့။ အားလုံး တူပျော်ပျော် ရွာကလူတွေ အတုူနော် 😀
စိန်ပေါက်ပေါက်
January 15, 2012 at 4:59 pm
ဟမငေး..
ညည်းတို ့စားရပေမဲ့ သများတို ့ ငတ်သလိုပဲ ခံစားရပါတယ်ချင့်
စကားမစပ်
ဝက်သားတစ်တုံး နှိုက်စားတွားမယ်နော်..
ပလွတ်..ရှလွတ်..ဂလု..
Swal Taw Ywet
January 15, 2012 at 8:14 pm
Please left some pork curry for me.
Here, Qatar, No pork available.
I will arrive back in May, 2012. Please let me meet my senior villagers at Mandalay, my native town.
With respect,
Swal Taw Ywet.
စိန်ပေါက်ပေါက်
January 15, 2012 at 8:47 pm
With respect,
Swal Taw Ywet. ခင်ညား..
ကျနော်တို ့မန်းလေးကိုသာ ရောက်အောင်လာခဲ့ပါ
ရေမီးစုံနဲ ့ မြေကြီးပါတုန်စေရမယ်..
လိုလေသေးမရှိ နန်းစတော့ ပလန်နဲ ့ ဧည့်ခံမည်ဖြစ်ပါကြောင်း
😆
Diamond Key
January 16, 2012 at 9:01 am
စွယ်ေတော်ရွက်မန္တလေးရောက်ရင် ဆုံကြမယ်လေ။ 😛
Swal Taw Ywet
January 16, 2012 at 1:45 pm
Thanks, brothers.
It is sure, I will arrive back in middle of May, 2012.
My parents are there.
With respect,
Swal Taw Ywet.
koyinmaung
January 15, 2012 at 5:03 pm
အားကျလိုက်တာ ကိုစိန်သော့ရေ
တနေ့နေ့တော့ဆုံနိုင်အောင်ကြိုးစားရမှာပေါ့…
kai
January 15, 2012 at 5:08 pm
ဟင်င်င်င်င်င်င်းးးးးး
စားနေ/နိုင်ချက်ကတော့… မုန်းစရာ..။ 👿
ညကြီးမိုးချုပ်.. ဗိုက်ဆာလာတယ်..။
ရိုက်ချက်ကလည်း..လှပါ့..။
အပေါ်ကနေ..
…စားခါနီးလူ..ထိုင်တီးခါနီးလိုလို…
water-melon
January 15, 2012 at 5:13 pm
နွေးထွေးစွာ ကြိုဆိုတဲ့ ကိုစိန်သော့၊ကိုရွှေတိုက်စိုး၊လေးပေါက်ရယ်၊ကိုပေတို့ကို ကျေးဇူးတင်ပါတယ်။
ရေစက်ရှိရင်ပြန်ဆုံချင်ပါသေးတယ်။
ကျေနပ်မှုကြည်နူးမှုတွေနဲ့ ပြည့်ဝခဲ့တဲ့ အိမ်ပြန်လမ်းလေးတစ်နေ့ပါ။
Yin Nyine Nway
January 15, 2012 at 5:20 pm
ဟုတ်တယ် …ရွာထဲကလူတွေ စုပြီး မန္တလေးကိုသွားရရင်ကောင်းမယ်နော်
မန္တလေးတော့ လာဖို့ရှိတယ်…
လာတဲ့အခါ တွေ့ကြတာပေါ့
Diamond Key
January 15, 2012 at 6:07 pm
မန္တလေးတဝိုက် အနှံ့ရောက်အောင် လိုက်ပို့ပါမယ် ခင်ဗျာ။ လာဖြစ်အောင် လာကြပါ။
Diamond Key
January 15, 2012 at 6:15 pm
ညီလေးရေ၊ တို့တွေကတော့ အမြဲဆုံလို့ရပါတယ်။ တွေ့ကြအုံးမယ်လေ။ 😛
ကိုပေါက်(မန္တလေး)
January 15, 2012 at 5:24 pm
သူခေါ်တယ် လာပါ လာပါ……………………….
ဒီကစောင့်နေသူ……………………………………
thit min
January 15, 2012 at 5:38 pm
မန်းဒလေးကို မန်းဒလေးကို မန်းဒလေးကို မန်းဒလေးကိုလာမယ်။
မန်းဒလေးကို မန်းဒလေးကို မန်းဒလေးကို မန်းဒလေးကိုလာမယ်။
မန်းဒလေးကို မန်းဒလေးကို မန်းဒလေးကို မန်းဒလေးကိုလာမယ်။
———————–
နေပူပုံဘဲ။ တတ်နိုင်ဘူးဟယ်။
သွားချင်နေတာဘဲဟာ။
လာမယ်ဟေ့။
(^^)သစ်
————————
hmee
January 15, 2012 at 5:57 pm
ထမင်းပွဲကြီးက ရင်ခုန်လိုက်တာ။ အဲ့လိုမျိုး ထမင်းပွဲ မမြင်ရ ကြာလေပြီ၊ မစားရကြာပါပေါ့။ 🙂 အဲ့ဒါမျိုး စားရလို့ကတော့ ထမင်း သုံးပွဲ ကုန်မယ်ထင်တယ်။ ပဲပုတ်ဆို ချက်လေးပါ မြင်သလားလို့။ 🙂
Khin Latt
January 16, 2012 at 6:13 am
မှန်လိုက်လေမှီရေ။ စားချင်လိုက်တာ။ ရှလွှတ်။ 😉
kyawmonkhant
January 15, 2012 at 6:09 pm
ကြက်သားဟင်းက ကာလသားချက်လေးထင်တယ်။ မန်းလေးရောက်ရင် သွားစားဖို့ မှတ်ထားလိုက်ပြီ။
ကိုပေါက်(မန္တလေး)
January 15, 2012 at 6:32 pm
စားလို့ကောင်းသလားလို့မမေးနဲ့ အဲဒီအထဲမှာ ပဲရွက်သုတ်ကပိုတောင်ကောင်းသေးတယ်
မမှီရဲ့။
ကျနော်ဆို အဲဒီအသုတ်ဘဲအများကြီးစားခဲ့တာ ။
ပြောရင်းတောင်သွားရေကျလာပြီ။
ရှလွတ်…………………………………
windtalker
January 15, 2012 at 6:39 pm
ကျွန်တော် က ရောက်တာနောက်ကျ လို ့၊ ကိုစိန်သော့ ဘယ်အချိန် ဓါတ်ပုံရိုက်ပြီးမှန်း မသိလိုက်ရဘူး ။
ပုံလေးတွေ က သာယာမှု ကို ညွှန်းဆိုနေတယ်နော……
Diamond Key
January 16, 2012 at 9:12 am
ကိုပေါက်က ဆုံကြဖို့ ရွေးလိုက်တဲ့ နေရာလေးကို သဘောကျလို့ ရိုက်ထားလိုက်တာပါ ကိုပေရေ။
😛
zaw min
January 15, 2012 at 6:40 pm
ကဲ…ကိုစိန်သော့ရေ..လက်ဆေးပြီး တစ်ခါထဲဝင်ထိုင်လိုက်တော့မယ်…
ပြန်လာရင် ရန်ကုန်ကလူတွေနဲ့အရင်ဆုံမယ်..ပြီးရင်မန္တလေးကိုချီတက်မယ်…
မတ်လထဲလောက်ပြန်ဖြစ်မယ်ထင်တယ်…
ဝမ်းသာပါတယ်ဗျာ…အခုလို ရွာထဲကညီအကိုမောင်နှတွေ အပြင်မှာတစ်ကယ်ဆုံတွေကြရတာ ပျော်စရာပါ။
ရွှေ မင်း သား
January 15, 2012 at 8:11 pm
ဒီတစ်ပွဲတော့ လွတ်သွားပြီ ကိုပေါက်ရေ…..
နောက်တစ်ပွဲတော့ ရောက်အောင်လာခဲ့ မယ်။
MaMa
January 15, 2012 at 8:25 pm
ကဲ-
စိန်ဒိုင်းမွန်းရေ “ကိုယ့်ပုံ ကိုယ်ရိုက်ပြတော့ အရိပ်” လို့ စကားပုံ တစ်ခု တိုးရမယ်။ 😀
မန္တလေးသား စကား လို့ ကြားဖူးတာ ခုတော့ မန္တလေးသား အစား ဖြစ်နေပါလား။ မနာလို လိုက်တာနော်။
Diamond Key
January 16, 2012 at 9:18 am
လွမ်းစရာ ရွာထိပ်မှာ၊
တံတားပေါ် မောင်တစ်ယောက်ထဲ၊
ကိုပေါက်ကြီးကို မျှော်နေဆဲချိန်၊
လုပ်စရာ ရှားနေတာမို့၊
ကိုယ့်ပုံ ကိုယ်ရိုက်ပြ၊
တွေ့ကြရ အရိပ်ပုံ။…………..ပေါ့မမရေ။
htet way
January 15, 2012 at 8:54 pm
မန္တတလေးက အလှမ်းဝေးနေရဲ့လေ။
nature
January 15, 2012 at 11:36 pm
ထူးထူးဆန်းဆန်း မြန်မာဘူဖေးတဲ့။ စိတ်ဝင်စားဖို့တော့ အကောင်းသား။
ဦးဦးပါလေရာ
January 15, 2012 at 11:47 pm
မြန်မာဘူဖေးက ရှိသေးတာလား…။
ပုဂံက မြန်မာဘူဖေးတွေကတော့ မကိုက်လို့ ရိုးရိုးဆိုင်တွေဖြစ်ကုန်ပြီလို့ အသိတယောက်ကပြောပါတယ်။ထပ်မရောက်သေးလို့ကိုယ်တိုင်မတွေ့ပေမယ့် ဖြစ်နိုင်ပါတယ်။
ရန်ကုန်က ဆရာစံလမ်းထဲက မြန်မာဘူဖေးကတော့ လပိုင်းပဲခံတယ်။
မန္တလေးသားတွေ သိပ်မဖိတ်ခေါ်နဲ့နော် ။ တကယ်လာမှာ..။
စိန်-Lulin
January 16, 2012 at 1:53 am
ဟုတ်ပါ့ ဦးဦးပါလေရာ ရေ .. အနော် တော့ . ရှေ ့ အပတ် ထဲ ဒိုး ဖြစ်တယ်။ ..ပုန်းနေရင်တော့ ရွာဆူ အောင် လုပ်မယ် ဒါဗြဲ ..
Diamond Key
January 16, 2012 at 9:24 am
ဦးပါလေရာရေ၊ ပုဂံမှာကော၊ မန္တလေးမှာပါ မြန်မာဘူဖေးဆိုင်တွေ ရှိနေပါသေးတယ်ဗျ။ 😀
—————
ကိုပေါက်(မန္တလေး) says:
သူခေါ်တယ် လာပါ လာပါ……………………….
ဒီကစောင့်နေသူ……………………………………
etone
January 16, 2012 at 10:33 am
ဦးစိန်သော့ကြီးကတော့ သားရေကျအောင်လုပ်နေပြန်ပါပြီ … ဟင်းတွေကလည်း အများကြီး ဟီးဟီး . .. မန်းလေးသားတွေ ပြုစုကောင်းတယ် .. ဟီး …။ 😀
စားတဲ့ လူက လေးယောက်တည်းကို ဟင်းတွေက အများကြီးဆိုတော့.. ကုန်မှ ကုန်ပါ့မလားဟင် …ဟီး ..
Khin Kha
January 16, 2012 at 12:19 pm
အဲဒီဆိုင်က ဟင်းပေါချက်ကတော့ဗျာ စားတဲ့သူတောင်လက်မြောက်ရတယ်။
ကောင်းလဲကောင်းပ။
မန္တလေးကအလှမ်းမဝေးပါဘူး htet way ရာ။
ရွှေဘိုသား
January 16, 2012 at 1:20 pm
ထမင်းစားချိန်လေး အချိန်ခိုးပြီး အင်တာနက်ဆိုင်လာပါတယ် ထမင်းပြန်ဆာအောင်လုပ်နေတယ်
စားသွားပီနော် ဖေကြီးကို ဦးမချတော့ဘူး ကန်တော့ ဆာနေလို့
aungnng87
January 16, 2012 at 1:29 pm
မန္တလေးသားတွေစာရင်းမှတ်ထားဦးမှ။ ဒါမှမန္တလေးသွားရင်….
amatmin
January 16, 2012 at 1:43 pm
ကိုစိန်သော့ရေ
ဘူဖေး ဆိုင်လေးကဦးပိန်တံတားနဲ့ နီးလားဗျ..
လာဖြစ်ခဲ့လို့များ..အဆင်ပြေရင်တော့ ဦးပိန်တံတားပေါ်လမ်းလျှောက် ပြီးရင်ဘူဖေးထမင်းဆိုင်ဝင်ပြီး အပီဆွဲ.. 🙂
Diamond Key
January 16, 2012 at 1:58 pm
ဒီဆိုင်လေးက စစ်ကိုင်းမန္တလေး မြို့ပြင်လမ်း၊ (ကမ်းနားလမ်း) ပေါ်မှာပါ။
ဦးပိန်တံတားနဲ့ကတော့ နီးတယ်လည်းပြောလို့ရတယ်၊ နဲနဲလှမ်းတယ်လည်း ပြောလို့ရတယ်။
ဒါပေမယ့် ဦးပိန်တံတားပေါ်လမ်းလျှောက် ပြီးမန္တလေးဖက်ပြန်ရင်တော့ ဒီဆိုင်လေးဖက်ဝင်ပြီး အပီဆွဲလို့ ရပါတယ်။ 😀
စုံ စုံ
January 16, 2012 at 1:57 pm
ပုံတွေအားလုံးထဲမှာ အောက်ဆုံးပုံအကြိုက်ဆုံး
သားရေကျချင်စရာကြီး
ရှလွတ် ရှလွတ်
ကိုပေါက်(မန္တလေး)
January 16, 2012 at 4:33 pm
ကိုစိန်သော့ရေ ဒီနေရာဒီဆိုင်လေးကို ရွေးတဲ့သူက ညီလေးရွှေတိုက်စိုးပါ။
အစီအစဉ်အားလုံးသူဆွဲပေးပြီးကျနော်က ရွာဆော်လုပ်တာပါ။
ကိုစိန်သော့ ရှမ်းလေးကျွန်းရိုက်ပြတော့ ကျနော်ပိုးထပြီး ဒီနေ့မနက်လမ်းလျှောက်ထွက်တော့
အဲဒီရှမ်းလေးကျွန်းအထိသွားပြီး လက်ဆော့လာခဲ့တယ်လေ။
ကိုစိန်သော့ရိုက်ခဲ့တဲ့တံတားဘေးက ချောင်းလေးထဲမှာ ပင်စင်ပေးထားတဲ့ လှေကလေးတောင်တွေ့လို့
လက်ဆော့ခဲ့သေးတယ်.
တံတားအဆုံးက တဲထဲမှာထိုင်နေတာ ဖရဲသီးဘဲ ကိုစိန်သော့ရေ။
Diamond Key
January 17, 2012 at 9:16 am
ဟုတ်တယ် ကိုပေါက်ရေ။ နေရာလေက လှတယ်ဗျ။ ကျွန်တော်က အဲဒီနေက Camera မပါလို့ ph နဲ့ပဲ ရိုက်လာတာလေး တင်လိုက်တာ။ ရွာအတွင်းထဲပါ သွားရိုက်ရင် လှမယ်နော်။
ရွှေတိုက်စိုးရေ၊ ဆိုင်လေးနဲ့ နေရာလေးကို ကြိုက်တယ်။ အားလုံး တစ်ချိန် ထပ်ဆုံကြအုံးစို့။ 😀