ဗရမ်းသပွတ် ဂေဇက်( ၄ – ၁၂ )
“ ကောင်းမွန်သင့်မြတ်ပါပေတယ် မင်းကြီး ”
“ အိမ်း ….. အသို့ဆိုလျှင် ဤဝဠာ ဤကမာ္ဘတွင် ဤမည်သော အရာကို ဤသို့ပြုကြပေကုန် ”
တကယ်တော့ ဂလိုမျိုးတန်းပြီး ဇာတ်ကို တောက်လျှောက်ဆွဲပြီး ခင်းတဲ့အဆင်ဖြစ်ရမှာပေါ့။ ရှေ့ဗရမ်းသပွတ် မှာ “ပြည်တည်” ပြီးသွားပြီဆိုတော့။
သို့သော်လည်းပဲ ကိုရီးယားကား အကြည့်များသည့် ဇာတ်ဆရာမှာကား လျှာရှည်ပြီး မွှေချင်တာ မွှေပါလေဦးမည်။ ဒါနဲ့ ပြည်တည် တာဆိုတာလေး ရှင်းပြလိုက်ဦးမယ်။
သိပြီးသားသူများ ကျော်ဖတ်ကြပေတော့။ ပြည်တည် တယ် ကြားတာနဲ့ လက်ယားပြီး ခွဲချင်စိတ်ချင် ဆွချင်မွှချင်တဲ့ ဆရာဝန်၊ သူနာပြု၊ ဆေးခန်းအကူ များလည်း ရှိနေနိုင်တာမို့။
ပြည်တည် တယ်ဆိုတာကတော့ ဇာတ်တော်ကြီးများ ကတော့မယ်ဆိုရင် ဘယ်တိုင်း ဘယ်ပြည် ဘယ်အရပ်မှာ ဘယ်မင်းက ဘယ်လိုအုပ်ချုပ်လို့ အဲဒီမင်းမှာ မိဖုယားက ဘယ်လောက်၊ တိတ်တိတ်ပုန်းက ဘယ်လို၊ သောက်ကျင့်(သေသောက်တတ်သော အလေ့) က ဘယ်ပုံ၊ သားတော်က ဘယ်လိုဆိုးပြီး သမီးတော်က ဘယ်လိုအမွှေ ဆိုတာတွေကို ဝန်ကြီး နှစ်ယောက် ( ဝန်ကြီးကို တစ်ပါး နှစ်ပါး ခေါ်ကြတာလည်း လျှာရှက် နားရှက်စရာ ကြီး မဟုတ်ပါလား ခိုးသား အပေါင်းတို့ ) က ကားလိပ်ရှေ့ထွက်လာပြီး အတိုင် အဖောက်နဲ့ ပြောကြပြီး ဘယ်ဇတ်ကို ဘယ်လိုခင်းမယ်ဆိုတဲ့ အထာလေး ပေးသွားတာပါပဲ။ ဇာတ်သဘင်အဖွဲ့ကြီးတွေမှာ ကတဲ့ ဇာတ်တော်များကတော့ နောက်ပိုင်း မိုးလင်းခါနီးမှ ကကြလို့ နောက်ပိုင်းဇာတ် လို့ နာမည် တွင်နေကြပါပြီ။ ညဦးပိုင်းမှာ ယိမ်းနဲ့ ဖွင့်ပြီး စတိတ်ရှိုးလိုက်လို့ အော်ပရာဆိုတဲ့ ဇာတ်လမ်းတိုလေးက ပြီးရင် တစ်ဖန် ပြဇာတ်ကြီးက( ဒိုင်းကနဲ ပစ်ကြ အားကနဲ အော်ကြ၊ သားးး အဖေ…. ဒီမှာ ကျုပ်ပြောမယ် ခင်ဗျားတို့တွေ မသေချင်ရင်….. ဒါမျိုးတွေ ပါတဲ့ ပြဇာတ်တွေပေါ့၊ ဒီလို ပြဇာတ်တွေနဲ့ နာမည်ကြီးတာတော့ မြို့တော်မောင်ယဉ်အောင် ပေါ့။ နောက် ဘီအီးဒီ အောက်သိုက် ဆိုတာရှိသေးတယ်။ ဟိုတုန်းကတော့ ကြည့်လို့ လွှတ်ကောင်းပေါ့ဗျာ၊ ကလေးရှိသေးတာကိုး။ ) ပြဇာတ်ကြီးကနေတုန်း စောစောက ယိမ်းကထားတဲ့ ယိမ်းသမ(ဇာတ်သမ) လေးတွေ က အလှပြင်ဆင်ထားပြီးတော့ ပြဇာတ်လည်းပြီးရော ကန့်လာကာနောက်မှာ နေရာယူပေါ့ဗျာ။ ကားလိပ်ဖွင့်ဖို့လုပ်တုန်း ဇာတ်ပေါင်းခန်းမှာ ညားကြလေသတည်းလုပ်ထားတဲ့ စောစောက ပြဇာတ်ထဲက မင်းသားနဲ့ မင်းသမီးမှာ ဖဲစက်ယာပေါ်မှာ ပေါင်းဖက်မပျော်နိုင်ရှာသေးပဲ အဝတ်အစား အမြန်လဲနေရတာပေါ့။ မင်းသားနဲ့ မင်းသမီးမလာခင် ယိမ်းသမတွေက အဆိုလေးတွေ ဆိုပြီး လက်ခုပ်တီးပြီး တွန့်ပြထားနှင့်ကြတုန်း လူပျက်များ အဝတ်ကို အမြန်လဲပြီး တက်လာကြတယ်။ တွေ့တဲ့ပျက်လုံး ကောက်ကက်ပြီး ပျက်နေတုန်းမှာ လက်အုပ်လေးချီပြီး ထွက်လာတာကတော့ ပြည်သူချစ်တဲ့ မင်းသားလေးပေါ့ဗျာ။ သူ့နောက်က မင်းသမီးလိုက်လာပြီး ပြောပြောဆိုဆို နဲ့ နှစ်ပါးခွင်မှာ တစ်အားထွင်တော့တာပါပဲ။ အဲဒီ နှစ်ပါးခွင်ပြီးရင် အချိန်ကလည်း ည ၁၂နာရီကျော်ပြီ။ အားလပ်ချိန်ပေးတယ်ဆိုပြီး ဇာတ်ခဏနားတယ်။ လူတွေလည်း အပြင်ထွက် အပေါ့သွား အလေးသွား တန်းစီပေါ့။ ဆက်လက်ပြီး ကမှာကတော့ နောက်ပိုင်းဇာတ်ပါပဲ။ ဇာတ်ခုံကြီးက ကန့်လန့်ကာကြီးချထားပေမယ့် မီးထိုးထားပြီး အသက်ကြီးကြီး ဇာတ်သမား(လူရွှင်တော်လည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့) နှစ်ယောက်လောက်က ကန့်လန့်ကာရှေ့မှာ မတ်တပ်ရပ်ပြီး ပြည်တည် တော့တာပါပဲဗျား။ ငယ်ငယ်တုန်းက ဇာတ်ပွဲတွေသွားကြည့်တဲ့အချိန်မှာ အဲဒီလိုများ ပြည်တည်နေရင် အိပ်ချင်မူးတူးနဲ့ ဘာတွေ ပြောနေမှန်းကို မသိခဲ့ပါဘူး။ ပြည်တည်မှန်းလည်း မသိဘူး။ ဘာတွေ အရစ်ရှည်ပြီး ကာရံနဘေတွေနဲ့ ပေါက်ကရတွေပွားနေတာကို စိတ်မရှည်ခဲ့တာပဲသိတယ်။ အိပ်ချင်လာပြီကိုး။ စိတ်ကလည်း မဝင်စားတော့ဘူး။ စောစောက ပျက်လုံးတွေ ရယ်ရတာ မြူးလို့ အခုတော့ ဘာမှန်းမသိလို့ ထင်ခဲ့ဖူးပါတယ်။ အခုခေတ် ဇာတ်ပွဲတွေများတော့ ဘယ်လိုကနေသလည်း မသိတော့ပါဘူး။ သွားတော့ကြည့်ချင်သား ဖိုးချစ်တို့ တင်ဇာမိုးဝင်းတို့ ခေတ်မှာ ဘယ်လိုကောင်မလေးတွေ လာကြည့်သလဲဆိုတာပါ။ အဲသလို ပြည်တည် တယ်ပြောချင်တာပါ။ လက်ကတော်တော် ရှည်ပြီး အများကြီး ရိုက်ပြ ရှင်းပြနေမိတယ်။ စိတ်မရှည်သော ပြည်သူများအား အကုသိုလ်ထပ်မံ မပွားစေလိုသဖြင့် ဖြတ်ပါတော့မယ်။ ပြည်တည် ကြတယ်ဆိုတာ ရှေ့ဆက်ခင်းချင်တာ ခင်းဖို့ နိဒါန်းပျိုးတာပေါ့ဗျာ။(စောစော ကတည်းက ဒီလို တိုတိုရှင်းလည်း ရနေတာကိုများ။) အချို့သော စာရေးဆရာများ ပြည်တည် ပုံများလည်း ရှိသေးတယ်။ “တစ်နေ့သ၌ ကျောက်မြောင်းရပ်ကွက် ကျောက်ရေတွင်း အတိုင်း ကျွန်ုပ် တစ်ဦးတည်း လမ်းလျှောက်လာခိုက် နောက်ဖက်ဆီမှ ဆရာ ဟူသော ခေါ်သံကြားသဖြင့် လှည့်ကြည့်မိရာ ရှေ့မှ ခွေးချီးပုံကို တက်နင်းမိလေသည်။” (အမှန်တော့ ဘေးကလူကိုခေါ်တာ ဆရာခေါ်သံကြားရင် ကိုယ့်ခေါ်တယ် ထင်ကြတာကိုး) စသည်လို မျိုး နိဒါန်းပျိုးတာကို လည်းဆရာကြီးတစ်ပါးက ထွင်ခဲ့ဖူးပါတယ်။ အဲဒီဆရာကြီးကို ဒီမန်းဂေရွာထဲက ကိုရင်တစ်ဘား( ကိုရင်က လန်ဘားမို့ ကိုရင်တစ်ဘား လုပ်တာနော်၊ ကိုရင်တစ်ပါး ဖစ်ရမယ် ဆိုပြီး သတ်ပုံလာပြင်ရင်တော့ လွှတ်တော်ထဲမှာ အချီအချ ဆွေးနွေးငြင်းခုံရကိန်း ဆိုက်သွားမယ်။ ဘာမှတ်နေလဲ။) က သိပ်ကြည်ညိုတာမို့ လွန်တာရှိရင် သူ့ဆရာကို ဒီကဇာတ်ဆရာ က မလေးမခန့်ရေးမိတာရှိရင် ဒီက ဇာတ်ဆရာကို စိတ်မဆိုးပါနဲ့လို့… နော်။
အဲသလိုနဲ့ပေါ့ ကျုပ်တို့ ရွှေပြည်မြန်မာလည်း ဒီတစ်ခွင်တော့ ကပြအသုံးတော်ခံဖို့ ပြည်တည်ပြီးသွားပါပြီဗျား။ လာမယ့် ဧပြီ မှာ ဘယ်လို ဧပရယ်ဖူးလ်နဲ့ ကမှာလား၊ ပျော်ရွှင်စရာတို့မြန်မာ ဆိုတဲ့ ခါသင်္ကြန် အဆိုအကတွေနဲ့ လောင်းလိုက်ကြပေါ့ ဒီအတာရေ ဆိုပြီး တီးကြ မှုတ်ကြနဲ့ ဘယ်လိုလာလို့ ဘယ်လိုကကြမလဲဆိုတာ သာ ရှုစားတော်မူကြပါ။ ( တော်တော့ ဇာတ်ဆရာ ရှင်ဆက်မပြောရင် ကောင်းမယ်။) အေးပါ။ တော်ပါပြီ။
16 comments
weiwei
January 25, 2012 at 11:51 am
တကယ့် ဗရမ်းသပွတ်ပါပဲ … ခေါင်းစဉ်နဲ့ စာသား ကိုက်ပါပေတယ် …
blackchaw
January 25, 2012 at 11:52 am
ဒီမှာ ဇာတ်ဆရာ။
ဘဝဆိုတာ အဆုံးအစမရှိတဲ့ အခန်းဆက်အိပ်မက်ကြီးဗျ။
တော်ပြီဆိုရုံနဲ့တော့ ဖြတ်ချလိုက်လို့ မရဘူးလေ။
ဗျန်းဗျန်းဗျန်း။
ကြိုဆိုပါတယ် ဇာတ်ဆရာ။
စောင့်ဖတ်ပါမယ် ဇာတ်ဆရာ။
လက်ခုတ်တီးပေးပါတယ် ဇာတ်ဆရာ။
windtalker
January 25, 2012 at 11:52 am
ပြည်သူတွေ မြှောက်စားပေမယ့်
မမြောက်ကြွားတဲ့ မင်းသားလေး စိန်လင်းမြွေ ပါခင်ဗျာ
ဟဲ့ဟဲ့… မင်းသား ကြဲတဲ့ မြေစာမြက်ထဲက မျှော ့တွေ ပါလာတယ်ဟဲ့
လုပ်ကြဘာဦး…တော့
thit min
January 25, 2012 at 12:01 pm
ကိုလင်းဝေရေ
ရေးချက်ကလဲ သွက်လှချည်လားဗျာ။
လက်မချရီသွားရအောင် အချက်ပြ စီ သွားတာတွေကလဲ လှဗျာ။
~~~~~~(^^)~~~~~
ခင်ဗျားကိုကျနော့ စိတ်ထဲ ပေါ်ထရေ့ လုပ်ထားတာ အဲဒါမျိုးတွေမပါဘူးဗျ။ ဟဲ ဟဲ။
တကဲ့ စူပါစီအီးအို တယောက်ရဲ့ ဟိတ်၊ဟန်၊ မာန်၊ထန်၊ လန်ပြန် အမှန်အကန်
အတည်ပေါက်ကြီးလို့ကို ထင်ထားတာဗျ။
ခု ဒီဇိုင်းဆိုရင်တော့ ပေါင်းလို့ လုံးဝ ရသွားပြီပေါ့ဗျာ။
ကျနော်ကလဲ ဖရီး စတိုင်ဘဲဗျ။
ပဲ သမားမဟုတ်ဘူး ဆိုတော့ဗျာ အားလူးဖုတ်ပြီး လာရော ညာစား တွေနဲ့
တော့ကင်းတယ်ဗျာ။
ပိုပြီး လေးစားသွားပါပြီ ဆရာကိုလင်းဝေရေ။
လင်းဝေ
January 25, 2012 at 12:28 pm
အဟဲ… ပဲလည်း မများ ဝဲလည်းမစား
အတည်လည်း မပေါက် ထိုင်လည်း မပေါက်ပဲ မတ်တပ်သာ ပန်းပါသည်
ဇာတ်မင်းသား ညိုချောကြီး ကို လူရွှင်တော်ကိုပေ့နဲ့ မင်းသမီးချော ဝေဝေတို့ ပါဝင်သည့် ပြဇာတ်ဒါရိုက်တာ ကိုသစ် ၏ ကျေးဇူးပါ ဇာတ်ပေါ့။
thit min
January 25, 2012 at 12:33 pm
ပုံမှန်တော့မဟုတ်ဘူးနော် မိတ်ဆွေကြီးကိုလင်းဝေရေ။
ဒီကနေ့ ခင်ဗျားကော်မန့်လေးတွေက အကြည်တော်ရုပ်ရှင်ထဲကဇာတ်ဆောင်တွေလိုဘဲ
မြူး ထူးလွန်းလှတယ်ဗျာ။
ဘာတွေများ ရ ထားလို့လဲ? “ကြည်” လို့လဲ? ထူးခြားရင်ပြောအုန်းလေဗျာ။ဟဲ ဟဲ။
Moe Z
January 25, 2012 at 12:36 pm
😀 😀
နှစ်ခေါက်ဖတ်သွားပါတယ် ဦးလင်းဝေရေ
နားမလည်လို့မဟုတ်ပါဘူး connection ကျသွားလို့ပါ ….
awra-cho
January 25, 2012 at 12:40 pm
ကျုပ်တို့က ကာရံတွေ နဘေတွေ(မောင်းမရတဲ့ နွားမ ဟုတ်ဘူး) ဆိုလွှတ် သဘောကျတာ။ များများရေးဗျိူ့။
ကြောင်ကြီး
January 25, 2012 at 12:50 pm
ဗရမ်းသပွတ်
ဂဏန်းအတွတ်
သမန်းတပြွတ်
လှမ်းအစွတ်
တန်းကျွတ်…။
kyeemite
January 25, 2012 at 2:35 pm
ကိုလင်းဝေနဲ့ ကိုသစ်မင်း တို့ရေ..စိတ်တော့မဆိုးကြနဲ့ဗျာ..
ခင်ဗျားတို့ကာရံ နဘေ တကယ်တတ်ချင်ရင်တော့..
ရွာသား ကြီးကြောင် ဆီမှာ တပည့်ခံပီးဆည်းပူးသင့်ပါကြောင်း..ဟောင်း..ဟောင်း..ဟောင်း..
kai
January 25, 2012 at 4:42 pm
မြန်မာနိုင်ငံသားတဦးချင်းစီက… ဥပဒေပြုရေး(လွှတ်တော်)၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး(အစိုးရ) စတဲ့မဏ္ဍိုင်တွေနဲ့.. သူတို့အလုပ် သဘောတရား သေသေချာချာသိနေဖို့လိုနေသေးတယ် ထင်မိတယ်..။
အောက်မှာ အရမ်းကောင်းတဲ့ သတင်းဆောင်းပါးလေးတွေ့လို့ ကူးတင်ပေးထားပါတယ်..။
The United States government has three primary tasks: make laws, enforce laws, and spend tax dollars; and three branches with which to accomplish these tasks: the legislative, the judicial, and the executive. Thanks to the system of checks and balances all three branches participate in all three tasks; but roughly speaking the legislative branch makes the laws and spends the taxes, the executive branch enforces the laws and blesses the tax-spending ideas, and the judicial branch decides what to do when someone breaks one (or more) of the laws. This whole apparatus, as elegantly outlined in The United States Constitution, works pretty well.
Read more: http://www.businessinsider.com/america-is-broken-heres-how-you-can-use-your-vote-to-fix-it-2012-1#ixzz1kSjFTH3P
Khin Latt
January 26, 2012 at 6:00 am
ကျွန်မ မျက်စိ ထဲမှာတော့ ပြည်တည် တာ ကို ရုပ်သေး တွေ က နေတာဘဲ မြင်နေတော့တယ်။
အဲဒီတုန်းက ရုပ်သေး ကြိုးဆွဲ ပညာရှင် တွေ ဆိုတာ ရှိသေးတာကိုး။
အခုတော့ လူ အစစ် တွေ နဲ့ က ရင်ဖြင့် ကြိုးဆွဲ ပညာရှင် ဆိုတာ မလိုလောက်တော့ဘူး ထင်ပါရဲ့။
မဆိုင်ရင် ခွင့်လွှတ် 😉
padonmar
January 26, 2012 at 7:20 am
ဇာတ်ဆရာ စိန်လင်းမြွေ ကမယ့်ဇာတ်သိပြီ၊
သတ်ပုံမမှားတဲ့တိုင်းပြည် (သို့)အလံစိမ်းအောက်က ဇာတ်ဆရာ
(Ref:တော်တော့ ဇာတ်ဆရာ ရှင်ဆက်မပြောရင် ကောင်းမယ်။) အေးပါ။ တော်ပါပြီ။) jk 😀
မိုက်ကယ်ဂျော်နီအောင်ပု
January 26, 2012 at 10:16 am
ဇာတ်ပွဲဆိုလို့ပြောရဦးမယ် 😀
ကျုပ်ငယ်ဇင်တောင်ကျေးကလေးဘွတုန်းကဆိုရင်ပေါ့ဗျာ
ရွာမှာဘုရားပွဲဖြစ်ရင်သိပ်ပျော်တာပေါ့
ဇာတ်မင်းသမီးတွေအိန်းဂျီလဲဒါချောင်းရတာအရသာတမျိုးဘဲဗျ
ရှိသေးတယ် ဇာတ်စင်ကို ခြောက်လေး သစ်ပြားကြီးတွေနဲ့ခင်းထားတာဂလား
သဘောအဖြစ်သာခင်းထားတော့ ကျိုးတိုးကျဲတဲပေါ့
အိုက်ဒီမှာအိုက်ဒီမှာ
ဇာတ်စင်ပေါ်မှာဇာတ်မင်းသမီးတွေမတ်တတ်ကြီးယိမ်းကနေတုန်း
ကျုပ်တို့က ဇာတ်စင်အောက်ဝင်ပြီးကြမ်းပေါက်ထဲကနေအပေါ်ကိုအပီချောင်းတာပေါ့
အပေါ်မှာမီးထိုးထားတဲ့အချိန်အောက်ကနေချောင်းရင် ဝိုးတိုးဝါးတာမြင်ရတာလေး
မျက်စေ့ထဲမြင်အောင်ကြည့်ကြဗျာ
ဇာတ်မင်းသမီးတွေခြေလှမ်းတွေကျဲလိုက်တဲ့အချိန်မှာ ဆလိုက်ထိုးတာနဲ့တန်းသွားရင်တော့
နည်းနည်းပါးပါးအာသာပြေတွေ့ရတာပေါ့ဗျာ
ဒီဂျားထဲ နှစ်ပါးသွားကတဲ့အချိန်မှာ ဇာတ်မင်းသမီးတွေဝိုင်းပြီးထိုင်နေတဲ့အခါ
အောက်ကနေ ဇာတ်မင်းသမီးဖင်ကို ကြက်ခတ်ဆူးနဲ့သွားထိုးလို့ပြဿနာတက်တာတွေလဲရှိသေပါ့
တစ်ခါကြုံဘူုးပါရဲ့ ပွဲတွေ့
ဇာတ်မင်းသမီးတစ်ယောက်ဇာတ်စင်နောက်ကထရံလေးမှာ လူလစ်ပြီအထင်နဲ့
သေးထိုင်ပေါက်တာ
ဖြစ်ခြင်တော့ ကျုပ်က ဘေးနားလေးမှာနေရာယူထားတာသူမှမသိတာ
ကြည့်ရတာခမျာလည်း ကမန်းကတန်းအလောတကြီးသေးပေါက်ရာကနေ
ရှဲရှဲအသံတင်မကဘူး ဗွီ ကနဲ့အသံကြီးပါ အပိုကြားခဲ့ဘူးသေးတာပေါ့ဗျာ
မနက်စောစောထပြီး ပွဲခင်းထဲ ပိုက်ဆံလိုက်ရှာတဲ့ဘစ်ဇနစ်တွေလည်းလုပ်ခဲ့ဘူးသေးတယ်
ကျန်တာတွေလည်းရှိသေးတာပေါ့ဗျ
ပြောရမှာရှက်စရာကြီး
စိန်ပေါက်ပေါက်
January 26, 2012 at 10:52 am
ရှက်ပေလို ့ပဲ
comegyi
January 26, 2012 at 11:27 pm
ကျွန်တော်လည်း တစ်ခါများက သန်လျှင်က ဘော်ဒါ တစ်ယောက်ဆီ
သွားသောင်းကျန်းတုန်းက သူရို့နားမှာ
မိုးမင်းဇတ်ရှိတယ်ဆိုလို့ ကွဲကြောင် ကွဲကြောင်နဲ့သွားကြည့်တာ
အော်ပရာလည်း ပါဘူး ပြဇာတ်လည်းပါဘူး
သချင်းဆိုဒယ် လူရွှင်တော်ပျက်တယ် …..
လူရွှင်တော်က ပျက်တာတောင် ရိုးရိုးမဟုတ်ဘူး လူရွှင်တော်နှစ်ယောက်
ဇာတ်စင်ရှေ့ခုန်ချလာပီးတော့ ပိတ်သတ်ကြီးကြားထဲမှာ ဟိုဖက်တစ်ယောက်
ဒီဖက်တစ်ယောက် မိုက်တစ်ယောက်တစ်လုံးနဲ့ ပျက်ကြကရော
ကမ်းကြီးပဲ မူးမှတ်တယ် ဒင်းတို့လည်း မူးနေလောက်တယ် ပိတ်သတ်ကြီးလက်ခုတ်သံကြားဒေါ့
သွေးတွေ ကြွပီး အိုဗာအိုက်တင်ဒွေ ဖြစ်ကုန်ရော့ထင်
………………..
ကိုအောင်ဘုဂျီး နားသေးလာပေါက်တဲ့
မင်းသမီးက နှစ်မျိုးလုံးထွက်ကုန်တာလားဗျ…..
မနက်မိုးလင်းလို့ ပွဲခင်းထဲပိုက်ဆံလိုက်ရှာတဲ့ ဘစ်ဇနစ်လုပ်ငန်းမှာ
အတော်ကြီးပွားခဲ့လားဗျ ဟဟဟဟ……..
……