ကဗျာ..စုစည်းမှု….
(ကိုယ့် အကြောင်း….)
ကြယ်တွေ ကြွေကျ လို ့
ကာရန်မဲ့ လိပ်ပြာတွေလည်း…..
တဝုန်းဝုန်း လဲပြိုကျရင်း……သေ
အဲဒီနေ ့ဟာ
ဘီလူးလို လူရဲ ့သွေးကို ဖောက်ပစ်တဲ့နေ့ပါ။ ။
(ညင်သာ ရက်စက်စွာ…..ပေါ့)
ဘာရယ်လို့ မဟုတ်ပါဘဲ……
မနက်ဖြန်တွေ ဟာ…ခလုပ်တိုက် ကုန်ပြီ။
ဘာရယ်လို့ မဟုတ်ပါဘဲ………..
ပင်လယ် တစ်စင်း…မီး ထ လောင်တယ်။
ဘာရယ်လို ့……………………..
ထားပါတော့…………………….
ငါ့ နှလုံးသား ထဲက ထွက်လာတဲ့
ဘီလုူးရစ်သမ် ကို တိတ်ဆိတ်စေဖို့ ဆိုရင်
မင်းရဲ့ မျက်ရည် အစစ်…
တစ်စက်လောက် တော့………လိုပါတယ်။
အလင်းဆက်
__________________________________
(အလွမ်းတေး…..)
ကျပျောက်ခဲ့ဖူးတဲ့ စာရွက်ဖြူလေးပါ…… …..
ပြန်တွေ ့တော့………အစွန်းအထင်းများနဲ ့
နှင်းမှ ုန်တွေ ပျော်တဲ့ညတွေမှာ……………..
ကျွန်တော်တစ်ယောက်တည်း………….လွမ်းဆွတ်ခဲ့ရတာကျတော့
ဘယ်သူ ကိုယ်ချင်းစာပေးခဲ့သလဲ။
ရွှေလက် တွဲချင်ပါတယ်……….
ကျွန်တော့်ရူးသွပ်မှုတွေ အတွက်…..
သင့်ရဲ့ ကြိုးတွေ နည်းနည်းလျှော့ပေးပါ။
မျက်ရည်ညှစ်တဲ့ လက်တွေနဲ ့
သင့်ပခုံးကို မဖက်လို……..
သို့သော်………………………
ချောက်ထဲ တွန်းတိုက်ချတတ်တဲ့
မာယာဆန်တဲ့ ပခုံးမျိုးကိုလည်း…..
ကျွန်တော် ့လက်တွေက မုန်းတတ်တယ်။
အလင်းဆက်
30..12..2010..ည 9း30
____________________________________
ကျွန်တော် ့မှာ http://alinsett.multiply.com..ဆိုတဲ ့ဘလော့ဂ်လေးတစ်ခု ရှိပါတယ် ။
ကျွန်တော် …….အဲဒီ စာမျက်နှာ မှာ…ရေးခဲ ့တဲ ့ကဗျာတွေ.ကို ကျွန်တော်…ရွာထဲ..မှာ ပြန်တင်ပြဖူးပါတယ် ။
တစ်ပုဒ် နှစ်ပုဒ်လောက်ပါပဲ။
အခု ကဗျာလေးနှစ်ပုဒ်ကို ပြန်ရှာတွေ ့လို ့…ပြန်တင်ပြလိုက်ပါတယ် ။
ရွာထဲ..မျာ..တင်ပြပြီးသား လား…လို ့ ကျွန်တော် ပြန်ရှာတဲ ့အခါ….
နက်…လိုင်းတွေ မကောင်းတာကြောင့် ကိုယ် ရေးထားတာတွေတောင် ကိုယ် ပြန်ရှာလို ့မရပါဘူ း။
တင်ပြပြီးသား မဟုူတ်ဘူးလို ့.တော့ ထင်ပါတယ် ။
တကယ်လို ့ …ဒီရွာထဲ.မှာ ပြန်တင်ပြပြိးသားတစ်ပုဒ် ဖြစ်နေရင်….နားလည် ခွင့်လွတ်ပေးပါ..လို ့ ။
http://alinsett.multiply.com မှာ ကျွန်တော်…ဘာ စာ မှ မရေးဖြစ်တေ့လို ့…အဲဒီ က ကဗျာလေးတွေကို…င်္ဒီရွာထဲ.မျာ ပြန်တင်ပြတာပါ ။
(သူကြီးရေ…. ။ ဒီ ကဗျာတွေ ထဲမှာ ပို ့စ် တင်ပြိးသား တစ်ခုခု ပါရင် ပွှိုင့် ပြန်နှုတ်လိုက်ပါနော် ။ )
စာဖတ်သူများကို ခင်မင်လေးစာစွာ…ဖြင့်
အလင်းဆက်
7 comments
ကြောင်ကြီး
March 7, 2012 at 11:02 am
မရေးတတ်တဲ့ကဗျာ
သွေးထွက်မဲ့စွာ
တေးထပ်ဖွဲ့နာ
ဆွေးတသက်ကွဲ့ကြာ..
ဝေးဇာတ်ဟဲ့ငါ
ဂွေးညက်တဲ့ခါ
လေးဖက်နွဲ့ကာ
ဆေးစပ်ထည့်တာ..
တွေးရှက်တပည့်ရာ
မမေးအပ်ငဲ့ညှာ
နွေးဓာတ်တဲ့စွာ
ဂေးအမှတ်ဖဲ့ပါ..။
windtalker
March 7, 2012 at 11:50 am
ကောင်းလိုက်တဲ့ကဗျာ
ကြိုအောင် ရေးတာ
အပျို မောင်ငေးမှာ
အိုတောင် မဆွေးပါ
ဂျိုထောင် လေးပါ ။
moe minthar
March 7, 2012 at 6:31 pm
ရတတ်မဖျာခင်………….်
ဖတ်စရာများတောင်…………..
မှတ်ရအောင်လေ………………….နော်။
ချစ်ခြင်းမေတ္တာဖြင် ့
alinsett
March 7, 2012 at 7:06 pm
ဦးကြောင်..ရဲ ့ကဗျာ.ကတော့ ကြက်သီ.း ထ လောက်အောင်..ကောင်းပါ့ ။
ဘာတဲ့ ..ဘာ ညပ် တယ်..ဆိုလာ း။
ကိုပေ..ရေ..ကျေးဇူးပါပဲ။
ကိုမိုးမင်းသားကိုလည်း..ကျေးဖူးတင်ပါတယ် ။ ကျွန်တော့် ကဗျာလေးကို ဖတ်ရှု ကြသူအားလုံး.ကို ခင်မင် လေးစားစွာ..ကျေးဇူးတင်နေလျက်……..
အလင်းဆက်
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
March 7, 2012 at 7:08 pm
ကိုအလင်းစက်ရေ….. မရေးတတ်လို ့ပေါ့။
နို ့မဟုတ်ရင် လွယ်ဘူးဗျ။ဘီလူးလို သွေးစုပ်
မယ်ဆိုရင်တော့ Vanpire ဖြစ်တော့မယ်(kidding)
htet way
March 7, 2012 at 8:51 pm
ညီလေး ……
ကဗျာတွေကောင်းတယ် သရုပ်မှန်လေးတွေပါ
အဲဒီနေ ့ဟာ
ဘီလူးလို လူရဲ ့သွေးကို ဖောက်ပစ်တဲ့နေ့ပါ။ ။
(ညင်သာ ရက်စက်စွာ…..ပေါ့)
ရွှေလက် တွဲချင်ပါတယ်……….
ကျွန်တော့်ရူးသွပ်မှုတွေ အတွက်…..
သင့်ရဲ့ ကြိုးတွေ နည်းနည်းလျှော့ပေးပါ။
စေပိုင်ထွဋ် (ပုသိမ်)
March 9, 2012 at 12:41 pm
ကြိုက်မိတဲ့ကဗျာ
ရစ်သမ်ထဲ စီးစင်း
အသိဉာဏ်တစ်ပွင့်
မိုးလင်းသွားပြီ။
ဖတ်ခဲ့ပါတယ်