သူကြီး…..ဆေးဖိုးပေးပါ…။ ကြိုတောင်းထားတာ…..

Kaung Kin PyarApril 5, 20121min31041

တခြား ရွာသူားတွေတော့ မသိပါဘူး….။ ကောင်းကင်ပြာတော့ ရွာသူဖြစ်မှ ကားပေါ်ထိုင်တောင် အိပ်မငိုက်ရဲဘူး…။ ကိုပေါက်လိုရိုက်ချက်ပြင်းပြင်းတင်ချင်လို့ ဘယ်ဗျူးကောင်းမလဲ ကြည့်ရ။ (အမှန်တော့ ကိုပေါက်လက်ရာမမှီဘူးမှန်းတော့ ကိုယ့်အရည်အချင်း ကိုယ်သိပါတယ်။ ပြီးတော့ လမ်းဘေးဝဲယာ ထူးခြားဆန်းပြားက ကိုယ့်ကားနဲ့ ကိုယ်သွားမှ ဆင်းရိုက်လို့ကောင်းမဟုတ်လား။) ဘယ်နားဘာသတင်းလေး ထွက်လာမလဲ အနားဝန်းကျင်ကို စပ်စုရ….၊ ဘယ်လိုအလွဲလေးတွေများ ရှိနေမလဲ ပြူးပြဲရှာရနဲ့…..။ မျက်စိဖွင့် နားစွင့်ဆိုတာ ဒါမျိုးထင်ပါ့….။ သတင်းသမားတွေရဲ့ ဒုက္ခကို ခုမှ သဘောပေါက်ပါတယ်။ သတင်းလေးများ ရလာလို့ Post ရေးပြီး ရွာပေါ်ရောက်သွားရင်လဲ ဝမ်းတွေသာလို့….။ Post လေး များရေးရရင် ဟိုနားစိတ်တိုင်းမကျဖျက်၊ ပြန်ဖတ်၊ ပြန်ရေးနဲ့။ အဲ့ Post လေးကို ဘာတွေ ကွန်မန့်ကြမလဲ ရင်ခုန်ရ။ ကိုယ်တင်ထားတဲ့ Post လေး ဘယ်နှကွန်မန့်ရပြီလဲလို့ ပြန်ပြန်ကြည့်ရတာအမော…။ မန့်ထားတာ အသစ်လေးများတိုးလာရင် ရင်တွေ တဒိတ်ဒိတ်ခုန်ပြီး ဖဲသမားဖဲပွတ်သလို မောက်စ်လေးဖြေးဖြေးချပြီး ရင်ခုန်ခံစားရတာ အမော….။ အကောင်းလေးများ တင်ထားရင် သဘောတွေကျလို့..၊ မကောင်းတာလေးများပါလာရင် ငါများမှားသွားသလားဟဲ့လို့ တွေးနေရတာလဲ အမော…..။ ကွန်ပြူတာသုံးဖြစ်ရင် ကိုယ့်မေးလ်တွေထက် ရွာပေါ်အရင်တက်ရတယ်….။ ဘာသတင်းတွေများ ထူးနေလဲပေါ့…။ ကိုယ်မန့်ထားတာလေးတွေရှိလဲ အဲ့ပိုစ့်ကို ပြန်ပြန်ဖွင့်ရတာ……နီများနေလား၊ စိမ်းများနေလားလို့….။ ဒါကြောင့် နှလုံးရောဂါရနိုင်သည်….။ သူကြီး…ဆေးဖိုးပေးပါ….။ ကြိုတောင်းထားတာ….။

41 comments

  • Onyx

    April 5, 2012 at 1:13 pm

    ဟုတ်ပါ့ အသစ်ဆိုတော့ မှားမှာလဲ ကြောက်ရသေးတယ် ။ မမန့်ကြမှာလဲ စိုးရိမ်ရသေးတယ်နော်
    အဲလိုဆိုတော့လဲ ဤအဆိုကို ထောက်ခံ အပ်ပါသည်။

    • Shwe Tike Soe

      April 5, 2012 at 3:36 pm

      မန်.မှာပါ စိတ်မပူနဲ. အသစ်ကလေး တွေလဲ အားပေးပါတယ်ဗျာ.. အားမငယ်နဲ. ဆက်ရေး …

      • water-melon

        April 5, 2012 at 5:30 pm

        တောင်မ နာဘူးမ
        ညည်းနော် ရွှေတိုက်ရန်ကုန်လာမှတွေ့မယ်
        ညီမငေးဆက်ရေး
        အတိုကြီးအားပေးနေမယ်နော် 😀

  • Mon Kit

    April 5, 2012 at 1:23 pm

    ဟိ ဟိ.. ဒီပို့စ်ကို မွန်ကစ်လဲ ထောက်ခံပေးဒယ်…
    ပို့စ်မတင်ဖြစ်ပေမဲ့ ခံစာချက်ချင်းထပ်တူကျ နေလို့ပါ……..
    😀

  • Moe Z

    April 5, 2012 at 1:25 pm

    မန့်ပြီ မန့်ပြီ ၆ခုမြောက်ပို့စ်ဆိုတော့ အသစ်မဟုတ်တော့ပါဘူး
    နှလုံးရောဂါမရချင်ရင် ကိုယ့်ကိုကိုယ်စိတ်တည်ငြိမ်အောင်ထိန်းလေ
    ရောဂလေးပါလေးကျင့် ဒါမှမဟုတ် တရားမှတ် ကုသိုလ်တောင်ရသေးတယ်
    ဆေးဖိုးတော့မပေးနိုင်ဘူးတဲ့ အဲဒါသဂျီးပြောခိုင်းတာနော် :mrgreen:

  • Khaing Khaing

    April 5, 2012 at 1:35 pm

    နှလုံးရောဂါတင်မကဘူး ကောင်းကင်ပြာရေ … အလုပ်မှာလည်း စိတ်သိပ်မဝင်စားတော့ဘူး မကြာခင်အလုပ်ပြုတ်လိမ့်မယ် ……… မျက်စိတွေလည်းပျက်တော့မယ် အိပ်မက်လည်းမမက်တော့ဘူး … ဂေဇက်ကောင်းမှုအကြောင်းပြုပြီးတော့လေ ……….

    • Shwe Tike Soe

      April 5, 2012 at 3:38 pm

      ကိုယ်ဟာကို အလုပ်မလုပ်ချင်မလုပ်ချင်ဘူးမပြောဘူး ရွာထဲဝင်လို.ပဲ အလုပ်ပြုတ်ရမယ်ရှိသေးတယ်….
      ကျွန်တော်တို.ဖြင့် ရွာထဲဝင်လိုက ် အလုပ်လုပ်လိုက်နဲ…
      အခု ရာထူးတောင်တက်သွားပေါ့…….

  • Onyx

    April 5, 2012 at 1:42 pm

    ဘဝတူတွေများသား စိတ်မလျော့နဲ့ ဆက်လက် ချီတက်မယ် တက်ဂလောက် တက်ဂလောက်
    သွားနှင့်ကျ အရင် ဟီးးဟီးး

  • ဗိုက်ကလေး

    April 5, 2012 at 1:43 pm

    အူးကြောင်ရီးဆီမှာ နှလုံးငြိမ်းအေး သွေးဆေးရှိတယ်ပြောတယ်
    ငါးကြော်ကြွေးရင် ပေးမတဲ့

  • ဆူး

    April 5, 2012 at 1:44 pm

    ဆေးဖိုး တောင်းနေပါလား..
    နောက်ပိုင်း ကြာလာတော့ အကြောတင်းပြီး မြင်ရင် မြင်တယ်သာ မှတ်မိလာတယ်။

  • amatmin

    April 5, 2012 at 1:45 pm

    ကျနော့တော့ကံကောင်းလို့ ကျီးပေါင်းနဲ့လွဲသွားတယ်..
    ဒါပေမဲ့ တခြားအလုပ်တွေမှာ အာရုံလျော့တာတော့ ပြင်မရ.
    ဆေးဖိုးအတွက် အတွက်တော့ ဒီလိုပဲဖတ်ရင်း မန့်ရင်း ကိုယ်တိုင်ရှာရမှာဗျ..
    ကြည့်ပါလား. ပြောနေရင်းပဲ တစ်ဆယ်တိုးလာပီ.. 🙂 🙂

  • Ma Ei

    April 5, 2012 at 1:53 pm

    အဲ့ဒါ မန်းဂေဇက်ရောဂါလေ…
    ကုရာနတ္ထိ ဆေးမရှိဘူးတဲ့ ကင်ဆာထက်ဆိုးတယ်…
    ကင်မရာအိတ်ထဲဆောင်ပြီး မရိုက်ရဲတာလဲရှိကိုယ့်ကိုတစ်ကယ်ရိုက်သွားမစိုးလို့…
    ဆေးဖိုး ဆက်တောင်းသိလား…ရရင်လဲပြောဦးနော်…ဖွမလို့

  • etone

    April 5, 2012 at 2:08 pm

    အဟိ .. သဂျီးရေ .. ဆေးဖိုးမပေးခင် .. အခုsign out လုပ်တာနဲ့ ချက်ချင်း ရှင်းပေးရတော့မှာဖြစ်တဲ့ အင်တာနက်ဖိုးလေး အရင်ပေးပါ … ဟိဟိ … 😛

  • kaung kin pyar

    April 5, 2012 at 2:12 pm

    ဟီး….ဟီး…။ ရောဂါတူသူတွေ ကိုယ့်ထက်ဆိုးသူတွေချည်းပဲ….။ ဒါဆိုလဲ Onyx ပြောသလို ဆက်လက် ချီတက်လိုက်ရအောင်……။ ဟဲ ဟဲ နောက်မှ ဂေဇက်ရွာသူားတွေ စုပြီး သူကြီးဆီ မုန့်ဖိုး၊ ဆေးဖိုး ဝိုင်းတောင်းကြတာပေါ့…။ နှစ်သစ်တောင် ကူးတော့မယ်…။ ဆေးဖိုးမရလဲ မုန့်ဖိုးပေါ့…။ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။ (သူကြီး အကြောတင်းလျှင်တော့ မသိပါ…)

  • Mon Kit

    April 5, 2012 at 2:47 pm

    အိုခေးးးးးးးး……. ရွာသူ .. ရွာသားတို့ ညီစေ…………. 😀 😀 😀

  • kai

    April 5, 2012 at 3:53 pm

    ရွာသူတွေ.. ဒီသင်္ကြန်အမှီလှုပ်ရှားနိုင်ရင်.. ဆေးဖိုးတော့မရဘူး.. ခဲဖိုးတော့ ကျုပ်က လူကြိးနေရာကနေ.. အစားပေးပေးမယ်..
    ဒါမှမဟုတ်..
    အခုမဲဖောက်မဲ့.. ဆဲလ်ဖုန်းကို.. လက်ဖွဲ့မယ်…

    ဘယ်လိုလဲ… 😆

    • ဗိုက်ကလေး

      April 5, 2012 at 4:03 pm

      ရွာစားတွေကော ပါဘူးလားဟင်
      များတို ့က လယ်ဒီပဲနော်..လယ်ဒီပဲ..
      😀

    • Mon Kit

      April 5, 2012 at 4:12 pm

      ဟေးးးးးးးးး……. စိန်ခေါ်ရင် တိမ်ပေါ်ထိ လိုက်မယ်….. 😀
      မှီရာကားနဲ့ လိုက်တော့မယ်ကွ……. 😀

  • kaung kin pyar

    April 5, 2012 at 4:44 pm

    U Kai! ဒီလိုတော့ လုပ်ရဝူးလေ….။ ရွာသူတွေ လွတ်လွတ်လပ်လပ်နေတာ မကြည့်ရက်ဖူးထင်ပါ့….။ ကိုပေါက်နဲ့ မွန်ကစ်တော့ တိမ်ပေါ်ထိလိုက်ဖို့ လယ်ဒီပဲတဲ့….။ ကောင်းကင်တော့ ရွာလည်လို့ နှစ်ချီဝ တော့မှ သဂျီးဆီက ခဲဖိုးလာတောင်းတော့မယ်…..။

    • laypai

      April 6, 2012 at 11:44 am

      တိမ်ပေါ် လိုက်မယ် ဆို တော့ ကောင်းကင် နဲ့ နီးနေပြီ နော်။

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    April 5, 2012 at 4:53 pm

    တူများကလည်းရွာသားအတစ်လေးပါဂျ…..
    တားကိုလည်းတိမ်ပေါ်ထိတက်ရင်ခေါ်ပေးကြပါ…တိမ်ပေါ်ကနေလုံးနဲ့မြူခိုးတွေကိုဒါ့ပုံရိုက်ချင်လို့ပါ….
    မကောင်းကင်ပြာရေ…….သူကြီးဆီကခဲဖိုးယူမယ်စဉ်းစားရင်ကျွန်တော့်ကိုအရင်ပြေးမြင်လိုက်နော်…
    သတိရွာသားများ..မနှောက်ယှက်ရ…ဦးရာလူစနစ်ဖြင့်ဖောင်ဖြည့်ထားသည်……..သင်္ကြန်အမှီမဟုတ်ဘူး
    ခုလည်းရတယ်…….

  • kaung kin pyar

    April 5, 2012 at 5:31 pm

    ရက်ရောလိုက်တာတော်……။ ကိုယ့်ကိုယ်ကို ဒီလောက်တောင်ပဲ အနစ်နာခံဖို့ စဉ်းစားထားသလား…။

  • a me

    April 5, 2012 at 5:38 pm

    မပေးနိုင်ဘူးကွာ ဒီလောက်ရှားပါးတဲ့ ခေတ်ကြီးမှာ
    ဟဟ စတာနော် ပေးမှာ……………

  • Gipsy

    April 5, 2012 at 5:54 pm

    ဘာတွေ ပေးကြမှာလဲ ဟင်…
    သများက အခုမှ ဝင်လာလို့….
    ကောင်းကင်ပြာ ကိုချည်း မျက်နှာလိုက်ပြီးပေးနေမှာလား…. :mrgreen:

  • san di

    April 5, 2012 at 9:05 pm

    ဟုတ်တယ် ဟုတ်တယ် ညညဆို အိပ်လို့တောင်မပျော်ဘူး ဘာတွေများ မန့်ထားလဲလို့လေ

  • surmi

    April 6, 2012 at 12:47 am

    ဪ ဒုက္ခ ဒုက္ခ …..မိန်းမအိပ်မှ ညဘက်ရွာထဲ ဝင်ဝင် ချောင်းလွန်းလို. ရန်ဖြစ်ရပေါင်းလည်းများပြီ ။
    တော်ပါပြီ …..။ ည ၂နာရီဆိုတော. အိမ်ပြန်တာဘဲကောင်းပါတယ် ။ နောက်ညမှဘဲပေါ. ……။

    (မမိုးပြာကအရေးအသားကောင်းပါတယ် ၊ ဗေဒင်ဆရာ ပို.စ်မှာကတည်းကသတိထားမိတယ် )

  • cherry phyu

    April 6, 2012 at 2:00 am

    ဒီမှာလဲ တနေ့ ၁ဝ ခေါက်လောက်ဝင်ဖတ်တော့ မျက်မှန် ပါဝါတွေလဲ တက်ကုန်ပြီ တဂျီးရေ။ mandalaygazette ကိုစွဲတဲ့ရောဂါက ဘိန်းထက်ပိုဆိုးတယ်။

  • kaung kin pyar

    April 6, 2012 at 9:19 am

    သဂျီး ဦးခိုင်နှစ်သစ်တွက် ဂေဇက်ရွာသားတစ်ဦးချင်းစီအား ဆေးဖိုးပေးမည့်စာရင်း….

    ကျီးပေါင်းရောဂါကြိုတင်ကာကွယ်ရန်………..ငါးသောင်း
    မျက်စိစမ်းသပ်ခနှင့် မျက်မှန်ဖိုး……………….ရှစ်သောင်း
    နှလုံးရောဂါအတွက် ကြိုတင်ကာကွယ်ရန်……တစ်သိန်းခွဲ (ဒါက သူဌေးရောဂါလေ…)
    အင်တာနက်ခ…………………………………ခုနှစ်သောင်း
    မီတာခ…………………………………………နှစ်သောင်း

    ပေါင်း……………………………………………သုံးသိန်းခုနှစ်သောင်း ရမှာဖြစ်ပါတယ်…..။ ဟီ ဟီ
    သဂျီး ညအိပ်မပျော်ဘဲ ဖစ်တွားဘီ

    • jujuma

      April 6, 2012 at 11:23 am

      ဟုတ်ပဗျာ …ဆေးဖိုးရမရတော့ မသိဘူး အလုပ်ကတော့ ပြုတ်လုဆဲဆဲပဲ ဟီးး..
      နဲနဲ အားတာနဲ့ ရွာထဲရောက်နေတော့တာဆိုတော့ …
      ဆေးဖိုးမပေးဘူးဆိုရင်လဲ အလုပ်လေး ရှာပေးဖို့တော့ စဉ်းစားသင့်ပါတယ်ဗျ …

    • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

      April 6, 2012 at 6:29 pm

      ဒဂျီးကဂယ်ပေးမယ်ပြောသလား…………
      မပေးရင်တိုင်ရီအလုပ်သမားတွေလိုလုပ်ကြရအောင်…
      ဟိဟိ…အီလက်ကားကျောတာနော်…တချီးမင်းတလား….ချိတ်ချိုးနဲ့….
      ခဏနေတူမလေးမပေးပဲအဒေါ်ပြန်ယူပြီးဦးလေးတော်နေဦးမယ်….. 😛 😛 😛 😛

  • Onyx

    April 6, 2012 at 9:28 am

    ဒါဆိုတို့ တော့ ရှေ့ဆုံးက တန်းစီ ရအောင် ဘယ်တော့ စမှာလဲ ပြော။

  • ငမျောက်

    April 6, 2012 at 11:55 am

    သဂျီး ..
    ဆေးဖိုး မပေးချင်ရင် ..
    ကွန်မန့်တစ်ခုကို ၁၀ဝ ပေးပါ …

    ကွိ .. ကွိ .. ကွိ …

  • shwe kyi

    April 6, 2012 at 12:12 pm

    ဟုတ်ပါတယ်သူကြီးရယ် မန့်ရင် 100 ပေးပါနော်။
    ရွှေကြည်က post မရေးတတ်လို့ပါ။ အမှားပါမှာ ကြောက်လည်းကြောက်တာပါ ပါတယ်။
    ရွှေကြည်က မန့် ပဲရေးတာမို့ပါ။

  • kaung kin pyar

    April 6, 2012 at 12:28 pm

    သဂျီးရေ….တောင်းဆိုသူတွေတော့ များနေပြီ….။ ရွာဘယ်နားများ ရောက်နေပါ့….။ ကောင်းကင်ပြာတော့ ရှို့လိုက်ပြီ….။ အဖြေလေးများ ပြန်ကြားပါဦးတော့လား….။ ဆေးဖိုး၊ မန့်ဖိုး၊ မုန့်ဖိုးမရရင် နောက်နှစ် ဂေဇက်မဏ္ဍပ်ထောင်မယ်…။ ဒါဗြဲ…….။ မီးဒုတ် မီးဒုတ် ရှို့ ရှို့….။

    • ငမျောက်

      April 6, 2012 at 12:32 pm

      နေကြပါဦး …
      လုပ်ကြပါနဲ့ဦးဂျာ …
      ဟိုမှာ .. သဂျီးက အိပ်ကောင်းတုန်း ရှိဒေးဒယ် ..
      တခွီးခွီး .. တခေါခေါနဲ့ … 😀

      ကွိ .. ကွိ ..

  • windtalker

    April 6, 2012 at 1:38 pm

    သူကြီး က ယူအက်စ်မှာ ဆိုတော့ ဝေးလွန်းပါတယ်ကွယ်
    ကိုပေ ဘဲ ပေးမယ်နော် ။ ကောင်းကင်လေး လုံးဝ စိတ်အားမငယ်ရစေပါဘူးကွယ် ။

    • ဗိုက်ကလေး

      April 6, 2012 at 1:56 pm


      ခင်ဗျား ဗျာ
      မယားကြီးသုံးယောက် မယားလတ်သုံးယောက် မယားငယ်သုံးယောက် စုစုပေါင်း ကိုးယောက်
      ခလေးက မယားကြီးသုံးယောက်နဲ ့ ကိုးယောက် မယားလတ်သုံးယောက်နဲ ့ ကိုးယောက် မယားငယ်သုံးယောက်နဲ ့ကိုးယောက်
      စုစုဘောင်း ၂ရ ယောက်
      မယားတွေနဲ ့ ခလေးတွေစုစုဘောင်း ၃၆ ယောက်လှည့်ပတ်ပေးနေတာတောင် ခင်ဗျားဗျာ
      အံ့ပါရဲ့

  • snow white

    April 6, 2012 at 5:48 pm

    တကယ်ကိုတောင်းသင့်နေပါပြီ ညီမ မန်းဂေဇက်ထဲရောက်တာ 2လမပြည့်သေးပါဘူး တကယ်ကိုစိတ်ထိခို်က်ပါတယ် ဘာလို့လည်းဆိုတော့ကိုယ့်မန့်ပေးထားတာကို အနီပေးလိုက်တော့ စိတ်ကမပါ တော့ဘူးညစ်တာပေါ ့ကိုယ့်ကတော့တကယ်ကိုစိတ်ပါလက်ပါနဲ့ မန့်ပေးတာကို အနီလာပေးတော့ စိတ်လေတယ် အော်နောက်တခါကြည့်တော့အစိမ်းရောင်လေးပေးထားပြန် တော့ ပျော်ပြန်တာပေါ့ စိတ်ကိုလေစေလိုက်ပျော်စေလို်က်နဲ့တကယ်မန်းဂေဇက်ရွာလေးထဲလာနေရတာတကယ်ကိုပျော်ရွှင်ရပါတယ် သူကြီး နှလုံးရောဂါကတော့ တကယ်ကိုသိပ်မကြာခင်ရတော့မယ်လို့တော့ယုံကြည်နေတယ် သူကြီးဆေးဖိုးများများပေးဖို့ပိုက်ဆံစုထားပေတော့

  • shwe kyi

    April 7, 2012 at 7:50 pm

    ဟုတ်တယ်နော်။ ရွှေကြည်ကလည်းအသစ်ပါ။ ကိုယ်မန့်ထားတာလေးပြန်ကြည့်လို့ နီနေရင် တကယ်စိတ်လေတယ်။ ကိုယ်ကစည်းကမ်းတွေသိပ်နားမလည်သေးလို့ဖြစ်မှာပါဆိုပြီး ဖြေရတယ်။
    နောက်တော့လည်း သူများတွေလည်းနီတာပဲလေဆိုပြီး နီပါစေ ကိုယ်ပြောချင်တာလေးရေးရရင်တော်ပါပြီလို့ခံယူထားလိုက်တယ်။
    တစ်ချို့ ပို့စ် တွေဆိုရဲရဲတောက်နေတာပဲ။ ပျော်စရာကြီး 😛
    သူများတွေကိုမထိခိုက်မိအောင်သတိထားမန့်ပါ့မယ်လို့ သူကြီးကိုကတိပေးပါတယ်။

  • shwe kyi

    April 8, 2012 at 1:28 pm

    ဤ ပို့စ် တွင် နှင်းဆီနီ တစ်ခင်းစိုက်ထားသည်။ လုံးဝမခူးရ။ 🙂

    • ဗိုက်ကလေး

      April 8, 2012 at 1:40 pm

      အိမ်း..
      ဒီအနီ အမှုကိုတော့ ဩဇီအူးဖောကို လိုက်ခိုင်းမှဖြစ်ပေတော့မည်
      😀

Leave a Reply