Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သရဲ ထိပ်နီ(ဇာတ်သိမ်း)

may flowersJune 18, 20121min3558

အဲဒီကိစ္စကို အဘွားကဘယ်သူ့ကိုမှ (ကြောက်မှာစိုးတဲ့အတွက်) ပြန်မပြောပြခဲ့ပေမဲ့ လူ

တစ်ဦး၊ နှစ်ဦး စတင်မြင်ခဲ့ကြရာကစပြီး တစ်စစနဲ့တစ်ရွာလုံးလိုလို

သရဲထိပ်နီရဲ့အကြောင်းကို

သိလာခဲ့ပါတယ်။ အဲဒီသရဲထိပ်နီကလည်း ဘယ်သူတစ်စုံတစ်ယောက်ကိုမှ ခြောက်လှန့်

ခြင်း၊ ကိုယ်ထင်ပြခြင်းမရှိပဲ အေးအေးဆေးဆေးနဲ့ နေလာခဲ့တော့ သူရှိမှန်းသိကြပေမဲ့

ဘယ်သူ ကမှလည်းသူ့ကိုကြောက်ကြတယ်ရယ် လို့မရှိကြပါဘူးတဲ့။ ဒါပေမဲ့ လပြည့်နေ့

နဲ့ လကွယ်နေ့တွေမှာတော့ မနက် ၁ နာရီကနေ  ၃ နာရီအကြားလောက်မှာ အဲဒီသစ်

ပင်ဂွဆုံကနေ မီးရောင်လက်လက်ကို မြင်ကြရပါတယ်တဲ့။ မေကြီးအပြောကတော့ သရဲ

မီးထွန်းတယ်ပေါ့လေ။ ဒါပေမဲ့ကျွန်မစိတ်ထဲ ခုထိမရှင်းတဲ့အချက်လေးတစ်ခု ရှိပါသေး

တယ်။ အဲဒါက အနှီသရဲဦးထိပ်နီဟာ ဘာလို့ကျန်တဲ့ရက်မှာ မီးမထွန်းပဲ လပြည့်၊ လ

ကွယ်လိုနေ့မျိုးမှာမှ မီးထွန်းရတာလဲဆိုတာကိုပါ။ မစပ်စု ကျွန်မကကျွန်မရဲ့ အမေကြီး

ကို မေးကြည့်တော့ အမေကြီးကိုယ်တိုင်ကလည်း ရေရေရာရာသိမသိလှပဲ  သူထွန်းချင်

တဲ့ အချိန်ထွန်းမှာပေါ့လို့ပဲပြန်ဖြေပါတယ်။

ဒါနဲ့ အဲဒီသရဲထိပ်နီဟာ ထိုလက်ခုပ်ပင်ကြီးမှာနေလာလိုက်တာ ကျွန်မတိုအဘေးတွေ

လက်ထက်ကစလို့ကျွန်မအမေကြီး၊ကျွန်မအမေတို့အရွယ်ရောက်လာသည့်တိုင ်အောင်

အဲဒီအပင်ကြီးမှာ နေထိုင်ခဲ့ပါသေးတယ်။ အမေ့ပြောပြချက်အရ သူတို့မမွေးခင်က

တည်းက ဒီအပင်မှာနေထိုင်လာတဲ့ အဲဒီသရဲထိပ်နီကို သူတို့လုံးဝမကြောက်ကြပါဘူး

တဲ့။ လပြည့်၊ လကွယ်မှာ သစ်ပင်ဂွဆုံက မီးရောင်ကိုမြင်ရတာကလွဲလို့ ဘာအရိပ်အ

ရောင်ပြခြောက်လှန့်တာမှမရှိတော့ သရဲထိပ်နီဆိုတာ ကြောက်စရာလို့တောင်မသတ်

မှတ်ကြတော့ပါဘူးတဲ့။ တစ်ခါ တစ်ခါ ကလေးသဘာဝ အဆိုပါအပင်အောက်မှာတူတူ

ပုန်းတန်းကစားခြင်း နဲ့ အခြားကစားနည်းပေါင်းစုံအောင်ကစားခြင်းကိုပြုလုပ်ရုံတင်မက

ပါဘူး အဲဒီသစ်ပင်အောက်မှာတောင် အပေါ့အပါးသွားကြပါသေးတယ်တဲ့။ ဒါပေမဲ့ သ

ဘောကောင်းလွန်းတဲ့ သရဲထိပ်နီကြီးဟာ ခြောက်လှန့်တာတို့  အနံ့ပေးတာတို့စတဲ့ သရဲ

တို့ရဲ့ အတတ်ပညာကိုတစ်ခါမှ ထုတ်မသုံးခဲ့ရှာပါဘူး။

 

အဲဒီသရဲထိပ်နီကြီးဟာ အဆိုပါလက်ခုပ်ပင်ကြီးမှာ အနှစ်လေးဆယ်ကျော်ကျော်

လောက်နေပြီးချိန်မှာတော ့ လက်ခုပ်ပင်ကြီးကအရမ်းကြီးလာတာကတစ်ကြောင်း ၊

အဘွားတွေလက် ထက်ကတည်းက အိမ်မို့ ဟောင်းနွမ်းလာတဲ့ အိမ်ကြီး ကိုပြန်

ဆောက်ချင်တာကြောင့်တစ်ကြောင်း၊  အမေတို့မောင်နှမတွေကလဲများတာကြောင့်

အိမ်ကိုကြီးကြီးချဲ့ပြီး ဆောက်

ချင်တာကြောင့်တစ်ကြောင်း အဆိုပါအကြောင်းကြောင်းတွေကြောင့် လက်ခုပ်ပင်ကြီး

ကို ခုတ်လှဲပစ်ရမဲ့အခြေအနေကိုရောက်လာပါတယ်။ အဲဒါနဲ့အမေကြီးတို့လင်မယားနှစ်

ယောက်လဲ ဒီအပင်ကိုဘယ်လိုလုပ်သင့်တယ် ၊ ခုတ်သင့်မခုတ်သင့်တိုင်ပင်ကြပါတယ်။

နောက်ဆုံးတော့ အဲဒီအပင်ကြီးကိုခုတ်ပစ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုရရှိကြပါတယ်။

ဒါပေမဲ့ သရဲထိပ်နီကြီးကလည်း အဲဒီအပင်မှာနေ နေတာအားလုံးသိနေကြတော့ အပင်

ကြီးကိုလည်း လက်လွတ်စလွယ်မခုတ်ရဲ၊ မခုတ်ရက်ကြပါဘူး။ နောက်ရွာထဲက ဆရာ

တစ်ယောက်ကို ပင့်ပြီးတိုင်ပင်ကြပါတယ်တဲ့။ အဲဒီဆရာရဲ့ လမ်းညွန်မှုနဲ့ပဲ အဆိုပါသရဲ

ထိပ်နီကို လက်ခုပ်ပင်ကြီးဆီမှ အမေကြီးတို့ခြံနောက်ဘက် အင်းစောင်းနားမှ မလွှပင်

ဆီကိုပြောင်းရွှေ့ဖို့ တောင်းပန်ပြီး လက်ခုပ်ပင်ကြီးကိုခုတ်လှဲခဲ့ကြပါတယ်။ အဆိုပါ မလွှ

ပင်ဆီကို သနားစရာသရဲထိပ်နီကြီး ပြောင်းသွားလား မပြောင်းသွားဘူးလားမသေချာ

ပေမဲ့ မလွှပင်မှာတော့ လပြည့်လကွယ်နေ့တိုင်းသရဲထိပ်နီကြီးရဲ့ မြင်နေကျမီးရောင် ကို

မတွေ့ရတော့ပါဘူးတဲ့။ အဲဒီ သရဲထိပ်နီအကြောင်းနဲ့လက်ခုပ်ပင်ကြီးအကြောင်းကို

ကျွန်မမေကော

အဖွားပါ အိပ်ရာဝင်ပုံပြင်လိုပြောပြခဲ့ဘူးလို့ ကျွန်မ မမှီလိုက် မသိလိုက်ပေမဲ့ ရင်းနှီးနေ ခဲ့

တာကြောင့် အသိုက်အမြုံပျက်ပြီး ဘယ်ဆီကိုရောက်သွားရှာမှန်းမသိတဲ့

သရဲထိပ်နီကြီးကို ကျွန်မသနားမိပါတယ်။

တကယ်လို့များဆုတောင်းလို့သာရမယ်ဆိုရင် သရဲထိပ်နီကြီးကောင်းရာဘုံဘဝ

ကိုမြန်မြန်ရောက်သွားနိုင်ပါစေလို့  ဆုတောင်းရင်း……………….။

 

ရွှင်လန်းချမ်းမြေ့ကြပါစေရှင်။

8 comments

  • amatmin

    June 18, 2012 at 5:05 pm

    မမေပန်းရေ..၂ ပိုင်းလုံးဖတ်ကောင်းပါတယ်ဗျ..
    သရဲထိပ်နီကြီး ဂလောက်တောင်သဘောကေါင်းနေတာ ..
    သရဲဖြစ်ဖို့တောင် မထိုက်တန်လို့
    ရှေ့ကသရဲ ဆိုတာလေးဖြုတ်ခေါ်ဖို့တောင်ကောင်းသေး 🙂
    ခြောက်နိုးနိုးမျှော်ပီး ဖတ်လိုက်ရတာဗျာ..
    သရဲအကြောင်းဖတ်ပီး စိတ်ချမ်းသာတာ
    ဒီတခါပဲ ရှိမယ်ထင်ပ.. 😛

  • ကြောင်ဝတုတ်

    June 18, 2012 at 5:06 pm

    သရဲဆိုတာ တကယ်တော့မယုံခဲ့ပါဘူး…
    တကယ်ရှိတယ်ဆိုတာယုံခဲ့တာ (၁၀)နှစ်လောက်ပဲရှိပါသေးတယ်…
    ကျွန်တော်ရေးဖူးတဲ့စာတွေကို ပြန်ဖတ်ကြည့်ပါ…
    သရဲဆိုတာ တကယ်ရှိတယ်… သဂျီးရေ…

    သရဲနဲ့နှဖူးတွေ့ဒူးတွေ့တွေ့ခဲ့ဖူးသူ-
    ကြောင်ဝတုတ်

  • ဆူး

    June 18, 2012 at 5:26 pm

    အမျှလေး ဘာလေး ဝေပြီး ကျွတ်အောင်လုပ်ပေးလိုက်တာ မဟုတ်ဘူး။
    မူရင်း အပင် မဟုတ်တော့ အရင်လို မီးထွန်း မရဘူး ထင်ပါရဲ့.. ဟိဟိ..

  • may flowers

    June 18, 2012 at 9:16 pm

    ဟုတ်ပါတယ် အမတ်မင်းရယ် သရဲထိပ်နီရဲ့ဘဝကသနားစရာပါ။

    ကိုကြောင်ဝတုတ်ရေ ဖေဖလားဝါးလဲ သရဲခြောက်ခံထိဘူးတယ် အဲဒီအကြောင်းကိုပိုစ့်အဖြစ်ပြန်ရေးပြ

    ပါဦးမယ်။

    အလှုလုပ်ရင်တော့ နံမည်တပ်ပြီးအမျှဝေပေးတယ်လို့တော့ ပြောပါတယ်။ ဟုတ်ပါတယ်ဆူးရယ် နောက်

    အပင်ကိုပဲ တကယ်ပြောင်းသွားတာလား ၊

    ဒါမှမဟုတ်ဒီဘဝကပဲကျွတ်သွားတာလားတာလား မေဖလားဝါးလဲသိချင်ပါတယ်။

  • မောင်ပေ

    June 18, 2012 at 9:22 pm

    မေလေးရဲ ့ဆုတောင်းမေတ္တာပို ့ခဲ့တာတွေ ပြည့်ခဲ့မှာပါကွယ် ။
    ကိုပေ လဲ မေလေး ကျန်းမာလန်းဆန်းအလှတွေဝေဆာပါစေ လို ့…

    • လူ ဟား

      June 19, 2012 at 2:16 pm

      မေလေး..မေလေး..နဲ့.. ငပေနော် နင်သနားတာ ငါသိတယ်..။ ဟွန်း..

    • Mon Kit

      June 19, 2012 at 2:30 pm

      ကိုပေ့အချစ်က လူတိုင်း (မိန်းကလေး) အတွက်လားဟင်င်င်….
      ဟိ.. နောက်ထှာနော်… စိတ်မဇိုးဂျေး….

  • may flowers

    June 18, 2012 at 10:52 pm

    ကျေးဇူးပါ ကိုပေရေ။ ဖတ်ရှုအားပေးတဲ့အတွက်ကော ဆုတောင်းပေးတဲ့အတွက်ကော။

Leave a Reply