လူဝင်စားတစ်ဦး၏ ဘဝဇာတ်ကြောင်း (ဇာတ်သိမ်း)
ကိုဖိုးအေးအိမ်ထောင်ကျပြီး ဆယ်နှစ်လောက်အကြာ သားနှစ်ယောက်မွေးပြီးချိန်အထိ
ကိုဖိုးအေးရဲ့ဘဝမှာ အဆင်ပြေချောမွေ့ပြီး ပန်းခင်းသောလမ်းဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့
သားကြီးလေးငါးတန်းစတက်မဲ့နှစ်မှာတော့ ကိုဖိုးအေးရဲ့မိန်းမဟာစပြီးခြေလှမ်းပျက်လာ
ခဲ့ပါတယ်။ ကိုဖိုးအေးမိန်းမ မမီမီဟာ ကျောင်းဆရာမလေးအလုပ်အပြင် အပြင်ဝင်ငွေ
ရရန်ဆိုသောအကြောင်းပြချက်နဲ့ နီးစပ်ရာကျေးရွာလေးတွေမှာ အဝတ်အထည်လေး
တွေကို လပေးစနစ်နဲ့ လိုက်လံရောင်းချပါတယ်။ မြို့ကအဝတ်အထည်လေးတွေ၊ ထီးဖိ
နပ်လေးတွေကို အနီးအနားကတောရွာလေးတွေမှာ ကျောင်းအားရက်စနေနေ့နဲ့ တနင်္ဂ
နွေနေ့တွေမှာ စက်ဘီးလေးတစ်စီးနဲ့လိုက်လံရောင်းချပြီး လကုန်ပြီးလို့လဆန်းရက်တွေ
မှာတော့ ကျောင်းအဆင်းအိမ်ကိုတန်းမပြန်ပဲ ရစရာရှိတဲ့အထည်ကြွေးတွေကို ရွာစဉ်
လှည့်ပြီးလိုက်လံကောက်ခံရပါတယ်။ များသောအားဖြင့် လဆန်းတစ်ရက်နေ့ကစလို့
ဆယ်ရက်နေ့လောက်အထိ မမီမီအိမ်ပြန်မိုးချုပ်တတ်ပါတယ်။ အဲဒီရက်တွေဆို ကိုဖိုး
အေးကရုံးကစောစောပြန်လာရပြီးသားနှစ်ယောက်နဲအိမ်အလုပ်တွေကိုကိုယ်တိုင်လုပ်
ပြီးချက်ပြုတ် လျှော်ဖွတ် ထားရပါတယ်။
သူ့မိန်းမ မမီမီစပြီးခြေလှမ်းပျက်နေပေမဲ့ လူအများကတိုးတိုးတစ်ဖုန် ကျယ်ကျယ်တစ်
ဖုန်နဲ့
ပြောဆိုနေသံတွေကိုကြားနေရပေမဲ့ လူရိုးကြီးကိုဖိုးအေး အစကမယုံကြည်ခဲ့ပါဘူး။
နောက် လူပြောသူပြောအရမ်းများလာရုံမျှမက သူ့မိန်းမနဲ့ဖြစ်နေတဲ့လူကလည်း ကို
ဖိုးအေးတို့ရွာနဲ့ရွာခြင်းနီးကပ်နေတော့ကာ ကိုဖိုးအေးအမတွေ ညီမတွေကပါ ဝိုင်းပြော
လာတော့ ကိုဖိုးအေးနဲနဲသံသယဝင်လာပါတယ်။ ဒါကြောင့်တစ်နေ့ကိုဖိုးအေး အကြွေး
တောင်းမယ်ဆိုပြီးထွက်သွားတဲ့မိန်းမနောက်ကို ကြိုရန်လိုက်သွားပါတယ်။ ဒီလို
လိုက်သွားချိန်မှာတော့ လမ်းတစ်ဝက်မှာသူ့မိန်းမကစက်ဘီးလေးကိုတွန်းပြီးအနားက
လူတစ်ယောက်က သူ့မိန်းမပခုံးလေးကိုဖက်ကာ ယှဉ်တွဲပြန်လာကြတဲ့သူနှစ်ယောက်
ကို ကိုဖိုးအေးပက်ပင်းတွေ့ပါတော့တယ်။ အရမ်းဒေါသထွက်သွားတဲ့ လူရိုးကြီးကိုဖိုး
အေးဒေါသပေါက်ကွဲပါတော့တယ်။ ထိုသူနဲ့အကြီးအကျယ်ထိုးကြိတ်ကြတဲ့အထိဖြစ်
သွားခဲ့ပါတယ်။ ပြီးလင်မယားနှစ်ယောက်အိမ်ပြန်ရောက်ချိန်မှာ ဒေါသမပြေသေးပဲဆက်
ပြီး ရန်ပွဲဆင်နွဲကြပါတော့တယ်။ နောက်ဆုံးရလဒ်ကတော့ ကိုဖိုးအေးမိန်းမက ကိုဖိုး
အေးနဲ့မပေါင်းပဲ ကွာရှင်းပေးရန်တောင်းဆိုပါတယ်။ ကိုဖိုးအေးကလည်းလုံးဝမကွာနိုင်
ကြောင်းနဲ့ကလေးတွေကိုငဲ့ရန်တောင်းပန်ပြောဆိုရှာပါတယ် ။ အရင်ကအပြစ်တွေကို
ခွင့်လွှတ်ပါမည့်အကြောင်းနဲ့ ကလေးနှစ်ယောက်ရဲ့မျက်နှာကြောင့်ကွာဖို့မဖြစ်နိုင်
ကြောင်း ပြောခဲ့ပေမဲ့ မမီမီကတော့လုံးဝစိတ်ပြန်မလည်လာတော့ပဲ လင်မယားနှစ်
အခန်းခွဲအိပ်ပြီး ကွာရှင်းပေးရန်ပဲအတွင်တွင်တောင်းဆိုကာ ဖောက်ပြန်မြဲဖောက်ပြန်
နေပါတော့တယ်။ ကိုဖိုးအေးရဲ့ဝဋ်ကစပြီးလည်လာပြီလို့ဆိုရပါတော့မယ်။ မယားကို
လည်းမပြတ်နိုင်ပဲ ဖေါက်ပြန်နေတာသိနေပေမဲ့ သူ့မိန်းမအိမ်ပေါ်ကချက်ခြင်းဆင်းသွား
မလား ဆိုတဲ့အတွေးတွေနဲ့ ဘာမှမပြောနိုင်ရှာပဲတစ်ယောက်ထဲကျိတ်ကာ ဒေါသဖြစ်
ခံပြင်းတဲ့စိတ်တွေကို မသောက်ဖူးတဲ့အရက်တွေကိုသောက်ပြီး မေ့ပျောက်အောင်ကြိုး
စားနေခဲ့ရပါတယ်။
ဒါပေမဲ့ဝဋ်ကြွေးက ဒီလောက်နဲ့ရပ်မနေပါဘူး။ တစ်နေ့ကိုဖိုးအေးတစ်ယောက် အရက်မူး
အရမ်းမူးပြီး အရက်ဆိုင်မှပြန်လာပါတယ်။ လမ်းတစ်ဝက်မှာ ရင်တွေပူပြီးရေအရမ်းငတ်
လာတာကြောင့်
သူ့ရုံးကစာရေးမတစ်ယောက်ရဲ့အိမ်ကို ရေဝင်တောင်းသောက်ပြီးအမူးလွန်ကာ အိမ်အ
ပြင်ဘက်အခန်းမှာ အိပ်ပျော်သွားပါတယ်တဲ့။ မိုးကလည်းတော်တော်စုန်းစုန်းချုပ်နေ
တာမို့ အဆိုပါစာရေးမလေးဟာ ကိုဖိုးအေးကိုအတန်တန်နိုးပါသော်လည်းမထနိုင်တာ
ကြောင့် ဒီအတိုင်းပဲအပြင်မှာ အိပ်လိုကအိပ်ပါစေလေဆိုပြီးစောင်လေးခြုံပေးပြီးအပြင်
မှာ သိပ်ထားလိုက်ပါတယ်။ ဖြစ်ချင်တော့ အဲဒီစာရေးမလေးယောက်ျားကလည်းရုံး
တစ်ရုံးမှာ ညဂျူတီကျတာကြောင့်အိမ်မှာ အဆိုပါစာရေးမလေးရယ် ၊စာရေးမလေးရဲ့
နှစ်နှစ်အရွယ်သမီးလေးရယ်သာရှိကြတာပါ။ အဲဒီမနက်စောစော ၁နာရီလောက်မှာပဲ
ကံဆိုးစွာ ဝရမ်းပြေးတစ်ယောက်ဒီမြို့မှာ ပုန်းခိုနေတယ်ဆိုတဲ့သတင်းကြောင့် ရုတ်တ
ရက် ရှောင်တခင်အနေနဲ့ရက်ကွက်လူကြီးတွေနဲ့ ရဲတွေပူးပေါင်းပြီး
ဧည့်စာရင်းစစ်တွေဝင်ရောက်စစ်ပါတော့တယ်။ ကိုဖိုးအေးလည်းတံခါးခေါက်
သံ ဆူဆူညံညံကြောင့်လန့်နိုးသွားပြီး မိမိအိမ်မဟုတ်မှန်းသိတော့ ခဏလောက်ကြောင်
ပြီးထိုင်နေပါတယ်။ အဲဒီအချိန်မှာ စာရေးမလေးထွက်လာပြီး သူများတစ်မျိုးမြင်မှာစိုးတာ
ကြောင့်လား၊ဧည့်စာရင်းမတိုင်ထားပဲဧည့်သည်ရောက်နေတာကိုစိုးတာကြောင့်လားမသိ
ပဲ ကြောက်ကြောက်လန့်လန့်နဲ့……….
“ဆရာ အထဲကိုခဏဝင်နေ…ခဏဝင်နေ”
လို့အလန့်တကြားအပြောကြောင့် ဘာမှမစဉ်းစားနိုင်ပဲ အခန်းတွင်းကိုပြေးဝင်ပုန်းနေ
လိုက်ပါတယ်။ ဧည့်စာရင်းစစ်တွေလည်း အိမ်ထဲမှာဘယ်သူရောက်နေလဲ ဘာလဲမေး
တော့ စာရေးမလေးကဘယ်သူမှမရှိတဲ့အကြောင်းနဲ့ မိမိတို့သားအမိနှစ်ယောက်သာရှိ
ကြောင်းပြောနေစဉ် အဖွဲ့ထဲမှာပါလာတဲ့ရဲတစ်ယောက်က အိမ်အပြင်ခန်းမှာခေါင်းအုံး
တွေစောင်တွေတွေ့ကြောင်းပြောပြီး အခန်းတွင်းကိုဝင်ရောက်ရှာဖွေရာမှာတော့ ပုန်းနေ
တဲ့ကိုဖိုးအေးကိုတွေ့ကြပါတော့တယ်။ ကိုဖိုးအေးတို့ဘယ်လိုပဲ ရှင်းပြပေမဲ့အားလုံးရဲ့အ
မြင်ကတော့ ကိုဖိုးအေးသူတစ်ပါးမိန်းမနဲ့ဖောက်ပြန်တယ်ဆိုတဲ့ အမဲစက်ကြီးစွန်းထင်း
သွားခဲ့ပါတယ်။ ကိုဖိုးအေးမိန်းမကလည်း အခွင့်အရေးကြီးတစ်ခုအနေနဲ့သ ူကိုဖိုးအေး
နဲ့ဆက်မပေါင်းနိုင်တော့ကြောင်းတရားဝင်ကြေညာပြီး လမ်းခွဲလိုက်ပါတယ်။ အိမ်ကျော်
မှုအနေနဲ့ မယားခိုးမှုအနေနဲ့တရားစွဲဆိုမခံရလေအောင် ကိုဖိုးအေးစုဆောင်းထားတဲ့ငွေ
တွေပုံအောသုံးလိုက်ရတာကြောင့် လက်လွတ်ခွက်ချွတ်ဖြစ်ပြီး လက်ဗလာနဲ့ကိုဖိုးအေး
ဟာ ကံကတော့ဆိုးပြီးရင်းဆက်တိုက်ဆိုးနေခဲ့ရှာပါတော့တယ်။ ဒါကတော့ သူ့ရဲ့အ
ဖြစ်အပျက်ကို မမီမီကအရင်ဦးအောင်ကိုဖိုးအေးရဲ့ရုံးမှာ သွားရောက်တိုင်ကြားလိုက်တာ
ပါပဲ။ အရင်ကတည်းက နေရာကောင်းကောင်းရထားပြီး ရိုးသားအေးဆေးတဲ့ကိုဖိုးအေး
ဟာ အထက်လူကြီးတွေရဲ့ ယုံကြည်ကိုးစားမှုကိုခံရတာကြောင့်ရာထူးတူသူအချင်းချင်း
ကမနာလိုကြတာ တွေရှိပါတယ်တဲ့။ ဒီလိုအကြောင်းတွေကြားတော့ အဲဒီလူတွေက
အဆင်းမှာဘီးတပ်ပြီး တော်တော်ဖွကြလို့ရုံးမှာလည်း ကြာကူလီ ဆိုပြီးမျက်နှာမပြရဲ
ချိန်မှာ အထက်လူကြီးကလည်းခေါ်ပြီး မေးမြန်ချိန်မှာ ဘယ်လိုပဲရှင်းပြရှင်းပြ အထောက်
အထားနဲ့မြင်တာကိုပဲယုံနိုင်မှာဖြစ်ကြောင်း ပြောပြီး စာရိတ္ထကိုထိန်းရန်၊ နောင်ဒီကိစ္စဖြစ်
ရင် အလုပ်ထုတ် ပစ်မည့်အကြောင်း ခေါ်ယူကြိမ်းမောင်းပြစ်တင်တာကြောင့် ရုံးကနေ
ထွက် ဖို့ဆုံးဖြတ်လိုက်ပြီး ထွက်လာခဲ့ပါတယ်။
ဒီလိုနဲ့ အိမ်ထောင်ရေးလည်းပြိုကွဲပြီး၊ အလုပ်အကိုင်လည်းမဲ့သွားတဲ့ ကိုဖိုးအေးဟာ
အဲဒီမြို့မှာလည်းမနေ
ချင်တော့တာကြောင့် အခြားမြို့တစ်မြို့ကိုပြောင်းကာ ဘဝကိုဆင်းရဲပင်ပန်းစွာ ကြမ်း
တမ်းတဲ့အလုပ်တွေမျိုးစုံလုပ်ကာ ကိုဖိုးအေးဘဝမှ ယခုဦးဖိုးအေးဘဝနဲ့ အသက်၅၀
ကျော်ထိတိုင်အောင် ပင်ပင်ပန်းပန်းနဲ့စက်ရုံတစ်ရုံမှာအလုပ်လုပ်ပြီးရန်ကုန်မြို့ရဲ့မြို့စွန်
ရပ်ကွက်တစ်ခုမှာ တစ်ကိုယ်တည်းဘဝနဲ့ နေနေပါသေးတယ်။
ဦးဖိုးအေးပြောပြောနေတာကတော့ “ငါဘယ်တုန်းကမှ သူများမယားကိုဒီဘဝမှာ
စိတ်ကူးနဲ့တောင် မပစ်မှားခဲ့ဖူးပါဘူး ”တဲ့။
ဒီအကြောင်းလေးကတော့ ကျွန်မအမေပြောပြောပြတဲ့ ဘသာဘဝကဝင်စားလာတဲ့
ဦးဖိုးအေးအကြောင်းပါ။ အမေအဓိက ကျွန်မတို့ကိုပြောပြချင်တဲ့အကြောင်းကတော့
အတိတ်ဘဝကမကောင်းမှုဟာ ဒီဘဝမှာကံကောင်းလို့ လူဖြစ်လာစေဦးတော့
ပျောက်ပျက်သွားတာမဟုတ်ပဲ
အမြဲလိုက်နေတာပါတဲ့…ဒါကြောင့်သမီးတို့တစ်တွေကိုလည်း မကောင်းတာမလုပ်ပဲ
အတတ်နိုင်ဆုံး ဝဋ်ကြွေးကင်းအောင်နေစေချင်တာပါလို့ပြောပြတတ်ပါတယ်။
အမေကတော့ ယုံကြည်ပြီးဆုတောင်းနေပါတယ်… အရင်ဘဝကဝဋ်ကြွေးတွေကို
ဦးဖိုးအေးကြီးဒီဘဝနဲ့ အကျေဆပ်နိုင်ပါစေတဲ့။
ကဲ……..အားလုံးပဲဝဋ်ကြွေးတွေကိုနောက်ဘဝကို သယ်မသွားပဲ ဝဋ်ကြွေးတွေကင်းကြပါ
စေလို့ …………ဆုတောင်းပေးလိုက်ပါတယ်နော်။
မေဖလားဝါး
20 comments
ကိုရင်မောင်
June 28, 2012 at 1:20 am
သံဝေဂ ရစရာ ဘဝအကြောင်းလေးပါ..
အားပေးသွားပါတယ်..
မေဖလားဝါရေ…
မောင်ပေ
June 28, 2012 at 1:32 am
မေလေးရာ
ဖတ်ပြီး ကဖိုးအေးကို သနားမိလို့
ရင်မှာမချိဖြစ်ရအောင် ရေးကောင်းတယ်။
may flowers
June 28, 2012 at 8:05 am
အားပေးသွားတဲ့အတွက်ကျေးဇူးပါ ကိုရင်မောင်ရေ။
အရေးကောင်းတယ်ပြောလို့ ဝမ်းသာပြီး ကျေးဇူးတင်မိပါတယ် ကိုပေရှင့်။
the best
June 28, 2012 at 8:58 am
တစ်ပိုင်းစီဖတ်ခဲ့ပါတယ်။
ရုပ်ရှင် ရိုက်ရင် ပေါက်မယ်။
ster
June 28, 2012 at 9:36 am
အရေးအသားကြောင်. ထင်တယ်၊ ဖတ်လို.ကောင်းပါတယ် ma may flowers ရေ။ နောက်ထပ် နောက်ထပ်တွေ မျှော်နေပါ.မယ်။
Zune Phyu
June 28, 2012 at 9:46 am
စိတ်ဝင်စားစရာကောင်းပါတယ်..နောက်စာတွေလဲမျှော်နေပါ့မယ်
may flowers
June 28, 2012 at 11:03 am
the best ရေ ကျွန်မလည်းစဉ်းစားနေပါတယ် ရုပ်ရှင်ရိုက်ဖို့လေ ..ခုလောလောဆယ်တော့ ပိုစ့်တွေရေး
ပြီး ..သဂျီးဆီကမန်းနီးတွေနဲ့…….အရင်းအနှီးရအောင်ကြိုးစားလိုက်ဦးမယ်။
ster ရေ ဖတ်လို့ကောင်းတယ်ပြောလို့ကျေးဇူးနော။
Zune Phyu နောက်ပိုစ့်တွေလည်း အများကြီးရေးဦးမှာမို့ အားပေးပါဦးနော်။
thar ag
June 28, 2012 at 12:39 pm
ဇာတ်လမ်းလေးကတော်တော် ကောင်းပါတယ် အစအဆုံးဖတ်ရှု အားပေးသွာပါတယ် နောက်ထပ်လဲဆက်ပြီးဖတ်ချင်ပါတယ် စါရေးသူအားအစဉ်အားပေးလျှက်ပါ
ရွာစားကျော်
June 28, 2012 at 12:57 pm
သူများမယားကိုဒီဘဝမှာ စိတ်ကူးနဲ့တောင် မပစ်မှားခဲ့ဖူးပါဘူးတဲ့ ဦးဖိုးအေးကြီး အရင်ဘဝကဝဋ်ကြွေးတွေကို ဒီဘဝနဲ့ အကျေဆပ်နိုင်ပါစေဗျာ…
may flowers
June 28, 2012 at 1:36 pm
thar ag ရေအစဉ်အားပေးနေကြောင်းပြောပြလို့ ကျေးဇူးတင်ဝမ်းသာမိပါတယ်နော်။
ကို ရွာစားကျော်ရေ မေဖလားဝါးလဲ အဲလိုဆုတောင်းနေပါတယ် ။ ပြည့်မယ်လို့လည်း ယုံကြည်ပါတယ်။
Shwe Ei
June 28, 2012 at 2:10 pm
ဝဋ်မှာအမြဲ ငရဲမှာ အပ တဲ့ မှန်လိုက်တာ။ အတိတ်ဘဝက မကောင်းတာလုပ်ခဲ့သမျှ သိခွင့်ရပီး ခံနိုင်ရည်ရှိအောင် ကြိုလေ့ကျင့်ထားလို့ရရင်ကောင်းမယ်။ 🙁
ခပ်မိုက်မိုက် ကောင်မလေး
June 28, 2012 at 4:02 pm
အော်….
ကိုဖိုးအေးဘဝ အရမ်းသနားစရာကောင်းတာပဲနော်….
စိတ်မကောင်းလိုက်တာ…..
ဝဋ်ကြွေးတဲ့………..
တော်တော်လည်း ကြောက်ဖို့ကောင်းပါတယ်…
ကိုဖိုးအေး ဘဝ ရိုးဖြောင့်ပါရက်နဲ့……
အထင်အမြင်တွေလွဲ နေကြတာ…
ကိုဖိုးအေး ကိုယ်တိုင်နဲ့…..
စာဖတ်သူတွေပဲ သိနိုင်တာပေါ့နော်…..
ကိုဖိုးအေး..ဒီဘဝ ဒီမျှနဲ့ပဲ…..
ဒီဝဋ်ကြွေးတွေ ကျေအေးပါစေလို့………
မိုက်လေး..လည်းဆုတောင်းပေးပါတယ်နော်…..။
lazy boy
June 28, 2012 at 6:54 pm
အရင်ဘဝကဝဋ်ကြွေး ကုန်ရင်သူ ့ဘဝလေးသာယာမှာပါ
သာယာပါစေလို ့ ဆုတောင်ပေးပါတယ်
may flowers
June 28, 2012 at 7:51 pm
ဟုတ်ပါရဲ့ Shwe Ei ရယ် အမလည်းအတိတ်ဘဝကို သိခွင့်ရချင်သား…….။
မိုက်လေး ဆုတောင်းပြည့်ပါစေလို့ အမကလည်းဆုတောင်းပါတယ်ကွယ်။
lazy boy ရဲ့ ဆုတောင်းလေးပြည့်မှာပါကွယ်။
အားပေးဖတ်ရှုတဲ့အတွက် ကျေးဇူးပါနော်။
San Hla Gyi
June 28, 2012 at 9:04 pm
အင်း မ may flowers ရေ
ဝင်ဖတ်သွားပါကြောင်း။ အတိတ်ဘဝကို သိခွင့်မရတာ ပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့ မကောင်းတာတွေဆိုရင် စိတ်မချမ်းသာ ဖြစ်နိုင်ပါတယ်။ မကောင်းမှုပဲဖြစ်ဖြစ် ကောင်းမှုပဲဖြစ်ဖြစ် တဘဝတည်းနဲ့ ကြေဖို့ခက်ပါတယ်။ နောက်တော့လည်း ချဲ့ပြောကြတာပေါ့။ တော်ကြာ ကျနော်ပြောလိုက်လို့ ဆောင်းပါးတပုဒ် ဖြစ်လာအုံးမယ်။
သရဲအကြောင်း ရေးတာတွေ့လို့ ကြုံတုန်းပြောရအုံးမယ်။ ပရိတ်တော်တွေထဲမှာ အာဋာနာဋိယသုတ်ဟာ သရဲတစ္ဆေတွေကို နှင်ထုတ်နိုင်တယ်။ နောက်ပြီး သံပုံးတွေ ဘာတွေတီးပြီးတော့လည်း မကောင်းဆိုးဝါးတွေကို နှင်ထုတ်နိုင်တယ်။ သိပ်မကြမ်းတမ်းတဲ့ ကောင်တွေဆိုရင် ကန့်ရယ် အင်တွဲရယ် ဆနွင်းရယ်ကို ဆတူရောပြီး မကြာခဏ မီးခိုးမှိုင်းတိုက်ပေးရင်လည်း တော်တော်တန်တန်ဆိုရင် ပြေးတာပဲတဲ့။
San Hla Gyi
June 28, 2012 at 9:06 pm
အော်မေ့လို့ နောက်ဆုံးနည်းကတော့ လောကီပညာကျွမ်းတဲ့ ပုဂ္ဂိုလ်ကြီးတဦး ပြောဖူးတာဖြစ်ကြောင်း။
snow white
June 28, 2012 at 8:05 pm
မေဖလားဝါးရေစနိုးကတော့ဇာတ်သိမ်းလေးဘဲဖတ်လိုက်ပါတယ် ဒါပေမယ့် ဖတ်လိုလည်းကောင်းပါတယ် မကောင်းမှုဟူသည်မျက်ကွယ်မပြုပါဘူး မကောင်းမှုလုပ်သောသူ ကိုယ်ဘာသာသာပြန်ခံကျရမည်သာဖြစ်သည်။
mocho
June 29, 2012 at 10:11 am
မိုချိုက အပိုင်းလိုက် ဇါတ်လမ်းရှည်တွေ ဆို အားလုံးပြီးမှ အေးအေးဆေးဆေး အစ အဆုံး ဖတ်တတ်တာမို့ ပေါင်းပြီး မန့် လိုက် မယ် နော်။ စာဖတ်သူကို မပျင်းအောင် ဆွဲ ခေါ်သွားနိုင်တဲ့ စာရေးလက် ရှိတဲ့ စာရး ဆရာမ လေး ပဲ လို့ မှတ်ချက်ပြုပါရစေ။
ဝဋ် ဆိုတာ မျိုးက သာမန် ပုထုဇဉ် မပြောနဲ့ တို့ ဘုရားရှင်တောင် ရှောင်လွှဲ လို့ မရပါဘူး။ နောက်တမျိုးပြောရရင် ဒီဘဝ မှာကောင်းတာတွေပဲ လုပ်နေပါရဲ့ မကောင်းတာတွေ ဖြစ်လာခဲ့ ရင် လွှဲချ စရာ၊ ဖြေသိမ့် စကားလုံး တလုံး ရတာပေါ့။
may flowers
June 29, 2012 at 2:13 pm
mocho ရေ အားပေးဖတ်ရှုပေးတဲ့ အတွက်ကျေးဇူးပါနော်။
လူတစ်ဦးနဲ့ တစ်ဦးအမြင်ချင်းတော့ ဘယ်တူနိုင်မလဲ ကိုSan Hla Gyi ရယ်။ ဘာပဲ ပြောပြောဝေဖန်
ထောက်ပြ ပြီးညွှန်ပြပေးတဲ့အတွက်ကော ကျွန်မအတွက်ဗဟုသုတအဖြစ်မသိသေးတဲ့အရာတွေကို
ပြန်ပြောပြပေးတဲ့ အတွက်ကော အားပေးဖတ်ရှုတဲ့အတွက်ကော ကျေးဇူးတင်ပါတယ်။
snow white ကိုရော ကျေးဇူးနော်။
mamanoyar
June 29, 2012 at 2:29 pm
ဖတ်လို့တကယ်ကောင်းပါတယ်ရှင်
အားပေးသွားပါတယ်