“ဂဇက်ရွာမှာ သာတဲ့ လ”
မနေ့က နေ့လည် (၂)နာရီကျော်လောက်မှာတော ့ ဂဇက်ရွာကြီး ပြန်လည် အသက်ဝင်လာခဲ ့ပါတယ် ။
ပျော်လိုက်သည့် ဖြစ်ခြင်း ….(၂၄)နာရီနီးပါး အိမ်ခြေယာမဲ ့ ခဲ့တဲ့ မောင်ဆာမိ ထခုန်မတတ် ဝမ်းသာမိ
တာပေါ့ ။ ရွာသူရွာသားတွေကိုများ ပြေးပြီးပြောလိုက်ချင်ပါရဲ ့ ……။ဒါပေမဲ့လည်း ချက်ချင်းတော့ ဝင်လို့
မရသေးပါဘူး ။ တိုင်းတပါးက ထမီအလံထူထားတာလေး ပျောက်ပြီး ရွာရဲ ့အလံလေး မြင်ရခါစပေါ ့ ။
ဒီလိုနဲ့ …..စောင့်ရင်း …..မကြာခဏဝင်ကြည် ့ရင်း ………
စတွေ ့ပါပြီ ….။ သဂျီး ဦးခိုင်က ရွာသူားတွေကို စိတ်အေးစေဖို့ “ ရွာသူားများခင်ဗျား” ဆိုပြီး …
အစအဆုံး ပြန်တင် နေရလို့ သည်းခံစောင့်ပါရန် ဆိုပြီး စာတိုလေးနဲ့ နှစ်သိမ့် တာပေါ့ ။
မောင်ဆာမိလည်း ကိုယ့်အိမ် ဝင်ခွင် ့ရပြီ ….ကိုယ့် ရွာပြန်ခွင့်ရပြီဆိုပြီး …..အပြေးအလွှားဝင် …
သဂျီးကိုနှုတ်ဆက် ….ဒီလိုနဲ့ ….ထူးခြားတဲ့ ကွန်မန့် လေးတွေနဲ့ အခြေအနေလေးတွေကို
ပြန်ပြောချင်လို့ ဖေါက်သည်ချရတာဗျို ့ …….။
အဲဒီ ပို့စ်ကလည်း သဂျီးက အကြမ်းစမ်းသပ်တင်ပြီး မိသားစုလို အလွတ်သဘောပြောတာဆိုတော့
ဖျက်ပစ်ပုံရပါတယ် ….။ ဒါပေမဲ့ ….တချို ့မဖတ်လိုက်ရသေးသူတွေအတွက် အနည်းငယ်ရှင်းပြဖို့
လိုမယ်ထင်လို့ ဆာမိ လျှာရှည် လိုက်ရတာပါ ……။ ကဲ ကဲ လိုရင်းကခုမှစရမှာ …..
ဒီလိုဗျ …..တဘက်က ဆော်သွားတဲ့ အဖွဲ့ ကိုရွာသူားတွေ သိပြီးသားဖြစ်လို့ နာမည် မပြောတော့ပါဘူး ။
ဖွသလို …ဆွသလိုဖြစ်မှာစိုးလို့ပါ ။ အဲဒီကောင်တွေက ဒေတာဘေ့စ် ကိုတွယ်သွားတဲ့ အတွက် အစအဆုံး
ပြန်တင်ခဲ ့ရပါတယ် ။ ဒါကြောင် ့ နှစ်ရက်စာလောက် ( ၈ ၊ ၉ ) တင်ထားသမျှတွေ အမျှဝေပြီး စွန့်လိုက်
ရပါတယ်ဆိုပြီး ပြောတာပါ ။ ဒါကြောင့် အဲဒီ ရက်တွေက ရေးခဲ့တဲ့ ပို ုစ်တွေနဲ့ ရထားတဲ့ ပွိုင့်တွေလည်း
ရေစက်ချ အမျှဝေကြပါလို့ တောင်းပန်ရင်းနဲ့ ….. ဆာမိတို့ သဂျီးမင်းခမျာ ….ဘာတဲ့ …
အနိစ္စ ……ဒုက္ခ …..အနတ္တ …..ဆိုပြီး အကျွတ်တရား ရသွားရှာပါရဲ ့ …….။
ဘယ်ကမလဲ …သိတယ်မဟုတ်လား ….သဂျီးက ငြီးနေကြလေ …..ကုန်ပါပြီ …မွဲတော့မှာပဲ ..ဆိုတော့ ….
ရွာသူားတွေလည်း ဘယ်ကြည် ့ရက်ပါ ့မလဲ ….ဒီတော ့ ညီလေးကြောင်ဝတုတ်ကစလို ့ “ သဂျီး လိုအပ်ရင် ရွာသူားတွေပိုက်ဆံစုပြီး ဆာဗာကာကွယ်ရေးအတွက် ကူူညီကြပါမယ် ” အဘဖေါကလည်း …
“ ခရီး ကပြန်ရောက်ရင် ထည် ့ဝင်ပါ ့မယ် ” ဒီလိုပြောကြတာပေါ ့ …..။
သဂျီးက ချက်ခြင်း ငြင်းပါတယ် ။ ကျနော်ဒါကိုပြန်ပြောနေတာ ရွာသူားတွေရဲ ့စိတ်ဓတ်နဲ့ ရွာအပေါ်မှာ ထားခဲ့ကြ
တဲ့ သံယောဇဉ် ….စည်းလုံးမှု …..စေတနာ …ဒါလေးတွေကိုမြင် မိလို့ပါ …..ရွာထဲမှာ ဘယ်လောက်ပဲ ငြင်းခုံ
ငြင်းခုံ ….ဘယ်လောက်ပဲ သဘောထားကွဲပါစေ …အရေး အကြောင်းရှိတော ့ တစ်စိတ်တစ်ဝမ်းထဲ ….။
သဂျီးဆိုတာကလည်း တကယ်တော့ ကျနော်တို့ ကိုသည်းခံရှာပါတယ် ….ကျနော်တို့က စနောက်ကျီစယ်လို့
သူ့ခမျာ …အဗ္ဗဒူလာ ဘာညာဟူစိန် ဖြစ်လိုက် …..ဒူဂိုဏ်းချုပ်ဖြစ်လိုက် …..ပုဂံခေတ်က အရီးကြီးဖြစ်လိုက်
ဒီလို ဒီလိုနဲ ့ ရှင်ကြီးဘွဲ ့ရလိုက် ….ဟာဂျီ ဘွဲ ့ရလိုက် ဖြစ်နေတာ …..။ ခုတော့ သဘောပေါက် ကြသင် ့ပါပြီ ။
ဆိုလိုတာက ….ကိုယ် ့ အချင်းချင်း ပြန်ချပြီး ကြားက နွားတွေက ထမိန်အလံလာထူသွားတာခံလိုက်ရလို့ပါ ။
ပြောပြန်ရင်လည်း ဆာမိတို့က နှီမ်တယ်ဖြစ်ဦးမယ် …အဲဒီ ကောင်တွေက တချိန်က မြန်မာပြည်မှာ မစားတဲ့
ဇီးထုတ်မှိုတက်ကို ဟင်းလုပ်ပြီး စားခဲ့ရတဲ့ကောင်တွေ ….ခုတော ့ …..လော့အိန်ဂျလိ အခြေစိုက် မြန်မာ
ဝက်ဘ်ဆိုက် ကိုမှ ကိုလိုနီလာလုပ်တယ် ….ဘယ်လောက် ခံပြင်းဖို့ကောင်းလဲ ….။
ဆိုတော့ဗျာ….. ကျနော်တို ့ နာလည်မှု ရှိသင် ့ကြပြီ ။ ဘယ်မှာရန်သူရှိလည်း ထင်ရှားခဲ ့ပြီ ။
အချင်းချင်းလည်း အထင်လွဲမှုတွေ ရပ်သင ့်ပါပြီ ။ မောင်ကွန် တို ့ အယ်လ်ဖာတို့ လည်း နားလည်လောက်ပြီ
လို ့ယူဆပါတယ် …. ဂဇက်ရွာ ဖွင ့်ခါစမှာ မောင်ကွန်က ဒီလိုလေးလည်း ကွန်မန့် ရေးသွားတယ် …
“ ဘယ်လို ဖြစ်သွားတာလဲ ဗျာ ” တဲ ့ … သဂျီးနဲ ့ လေပေးဖြောင့် ပုံပါဘဲ …သဂျီးက ဖြစ်ကြောင်းကုန်စင်
ရှင်းပြပါတယ် …..။ အမှန်တော ့ ဒီလို တိုက်ခိုက်မှု မခံရခင်ညကတည်းက နားလည်မှုရခဲ ့ပုံပါ ။
သူတို့ လည်း ရွာသားစိတ်ပါက်လာကြပြီ ထင်ပါရဲ ့ …….ရွာသူားချင်း ပျော်ပျော်ပါးပါး စနောက် ကြတော ့
မောင်ကွန်လည်း ဝင်ပါသပေါ ့ … “ ပါလာတာလေးလည်းကုန် ဆိုးပါ ့” တဲ ့ ။ ကျနော်တောင်မှ
ဒီလိုပြောလိုက်သေးတယ် “ မောင်ကွန်တို ့ ကပြောတုန်းရှိသေး ..ဟိုကောင်တွေက လက်ဦးသွားပြီ..
ကဲ ကဲ အမျိုးသားပြန်လည်သင် ့မြတ်ရေး စကြစို ့ နော မောင်ကွန် ” ဒီလိုပြောခဲ့တာပါ …..။
မြန်မာစကားပုံ ရှိပါတယ် “ ဝါးလုံးခေါင်းထဲလသာ ” တဲ ့ ။ ကျနော်တို ့ ဒိထက်ပိုပြီး ကွဲလွဲနေကြရင်
တောကြောင် လက်မောင်းခတ်လိမ့်မယ် ….ဖြစ်ပြီးတာတွေ သင်ပုန်းချေပြီး အခုပြန်စကြပါစို ့ ။
ရွာလေးမှာ …လ သာနေပါပြီ ။ လ ရောင်အောက်မှာ အရင်လိုဘဲ ဆွေးနွေးကြမယ် …ငြင်းခုံကြမယ်
တိုင်ပင်ကြမယ် …..ခံစားချက်တွေ ဖလှယ်ကြမယ် ….နားလည်မှုတွေတည်ဆောက်ကြမယ် ….
တခါတရံ စိတ်လည်းကောက်ကြမယ် …ပြီးရင် သူ့ထက်ဦးအောင် ပြန်ခေါ်ကြမယ် ……..။
မကောင်းဘူးလား……ဒါကြောင် ့ ….ဒီလိုပျော်ပျော်ပါးပါးလေးနဲ ့ ပဲ …ကျနော်တို ့ချစ်တဲ ့
ဂဇက်ရွာကြီးမှာ လမင်းအမြဲသာပါစေ………..လို ့ …..။
လရောင်တမ်းကိုလွမ်းတဲ့သူ
ဆာမိ
39 comments
pooch
September 11, 2012 at 1:08 am
ကိုဆာမိရေ ထုံးစံအတိုင်းနောက်ကျမှဝင်မိလို့ သူကြီးရေးတာကို မဖတ်လိုက်မိဘူး။ ပြန်ပြောပြတဲ့အတွက် ကျေးဇူးပါ။
ရွာမှာ လပြန်သာတာကို ရော အချင်းချင်းသင့်မြတ်သွားတဲ့အတွက်ရော ဝမ်းသာပါတယ်။
အရင်လို ပဲ ငြင်းခုံခြင်းအနုပညာကို ပျော်ပျော်ပါးပါးဆင်နွှဲလို့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် နေကြရအောင်ပါ။
မောင်ပေ
September 11, 2012 at 1:33 am
ဘဖော လှူခဲ့တယ်
ကထူးဆန်း လှူခဲ့တယ်
ကျုပ်ကတော့နဲပါတယ်
လေမှသည် ငွေရဆီသို့ မျှော်ပြီးမန့်သည်
ကိုဆာမိ စိတ်အနှောက်အယှက်ဖြစ်ရင်ခွင့်လွှတ်ပါ
ကျုပ် windtalker9 သည် မောင်ပေဖြစ်သည်။
သည်ကွန်မင့်ကို လေလှိုင်းကြားမှမန့်သည်ဟု ဆိုလျှင် စိတ်မဆိုးခံရလောက်ပါဘု
surmi
September 11, 2012 at 9:01 am
ဒေါ်ပုချ်ရေ
ကျနော်လည်း တချို ့ကိစ္စတွေ အထင်မှားပြီး သို ့လော သို ့လော
တွေးနေကြမှာစိုးလို ့လက်ဆော ့လိုက်တာပါ ။ ည ၁၂ နာရီထိ
ေစောင် ့ကြည် ့ ပါသေးတယ် ။ဘယ်သူမှတင်ထားတာမတွေ ့လို ့
ဒီပို့စ်လေးနဲ ့ မနေ ့ညနေကသိလိုက်သူတွေရဲ ့ ကွန်မန် ့တွေနဲ ့ဆိုရင်
နားလည်နိုင်ကြမယ်ထင်လို ့ပါ ။
ကိုပေရေ
ည ၁ နာရီကျော်မှာ ချီးမြှင် ့ပေးတဲ ့ ကွန်မန် ့အတွက် ကျေးဇူးပါ
လေလှိုင်းကြားက မေတ္တာ လှိုင်းတွေ သံယောဇဉ်လှိုင်းတွေကို
ခံစားမိပါရဲ ့ဗျာ ။
အရီးခင်လတ်
September 11, 2012 at 1:56 am
{{{ တောကြောင် လက်မောင်းခတ်လိမ့်မယ် … }}}
ထင်တယ်၊ ထင်တယ်၊
ဒါဟာ ဒင်းလက်ချက် ဘဲလို့။
ကြောင်ကြီး ကနေ တောကြောင် လို့ ပြောင်းပြန်ပြီ။
ကဆာမိ အသိမြန်ပေလို့သာပါလား။
သူကြီး ကို အာဏာသိမ်းဖို့ ကြံတာလဲ ဒင်းပေါ့။
အဲဒီတုန်းကလဲ ရွာသူ/သား တွေ အသိမြန်လို့။
အခုလဲ ရှာရာဗိုပါ ကို ဟိတ်ဟန် လုပ်ပြဖို့ တစ်မျိုးကြံ ပြန်တာ ဖြစ်မယ်။
တောက်စ် (မူ- ဂဂ)
ကထူးဆန်း
September 11, 2012 at 6:32 am
သတိရသွားပြီ .. တပ်ချုုပ် ကြောင်ကြီး ဆိုပြီး အစွယ်တွေ ထုတ်ပြသွားသေးတယ်လေ.. အဲ့ဒီ့ ကတည်းက ကြံနေတာကိုး ..
ဘရာကြော်ပါ ဦးဆာမိ ..
ကိုအယ်လယ်ဖာ လည်း ရွာကို သံယောဇဉ် ရှိသွားပြီး သူတတ်နိုင်သလောက် သွယ်ဝိုက်သတိပေးထားပုံရပါတယ် . စောင့်ကြည့်နေပါတယ်ဆိုတာ သတိပေးတာဘဲလေ .. သူကြီး လုံခြုံရေး တိုးမြှင့် နိုင်အောင် သတိပေးတာနဲ့ တူတူပါဘဲ ။
သူတို့လက်ချက်ကြောင့် မဟုတ်လို့ ဝမ်းသာရပါတယ် ။
ရွာကို ပြန်လည် ပြီး ရွာ့ လုံခြုံရေး လုပ်ပေးရင် ဘယ်လောက် ကောင်းလိမ့်မလဲလို့ ။
ကိုအယ်လဖာ ရဲ့ အပေါင်းအသင်းများကိုလည်း ဖိတ်ခေါ်ပါတယ် .. ရွာမှာ ပြဇတ်ကြည့်လှည့်ပါ ။
ရွာသူတွေ ချက်ကြွေးတာတွေလည်း စားလှည့်ပါ ။ နယ်စည်းမခြား အရက်သမားများ အဖွဲ့ နဲ့လည်းတခွက်တဖလား လောက် ဝင်မော့လှည့်ပါ ။ ပြီး လွတ်လပ်စွာ သဘောထားကွဲလွဲကြပြီး ငြင်းခုန်ခြင်း ရသခံစားကြည့်ပါ။ ခံစားချက်တွေ ရှိရင်လည်း ဖွင့်ချလှည့်ပါ .။ မကြေနပ်တာတွေ ရှိရင်လည်း ပေါက်ကွဲလှည့်ပါ လို့ ပြောရင်း ဖိတ်ခေါ်ပါတယ်ဗျာ…
Inz@ghi
September 11, 2012 at 7:43 am
ကျုပ်တောင် ၂၄နာရီ အွန်လိုင်းရှိနေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့…
ဘင်္ဂ ါဂီ ဆိုပီး ဆဲခံထိသေး …
ဆိုးပါ့
Moe Z
September 11, 2012 at 8:55 am
တရားခံက သပ်သပ်ရှိပါတယ်ဆိုမှ
သူ့အမျိုးတွေကို လက်ထောက်ချတာ
padonmar
September 11, 2012 at 2:07 am
ကိုဆာမိပြောပြမှ ဇာတ်စုံလင်းတော့တယ်။
Htoo thin
September 11, 2012 at 2:41 am
အရီး ခင်သားလုပ်တာ မဟုတ်ဘူးနော် ကျွန်တော်တို့က အမျိုးတွေလေနော်
အရီးခင်လတ်
September 11, 2012 at 2:58 am
ဟော …. ပေါ်ပြီ။
jk
Htoo thin
September 11, 2012 at 2:41 am
MaMa
September 11, 2012 at 7:05 am
ဘာပြောလို့ ပြောရမှန်းတောင် မသိတော့ဘူး။
ခေတ်ပျက်ကြီးမှာ ဘာမှ မသိလိုက်လို့ ခေတ်တစ်ခေတ် နောက်ကျသွားပြီ ထင်နေတာ…..
`သူတော်ကောင်းကြီး ပြောပြလို့ အတိအကျ သိရပါပေပြီ´ လို့
ရွှေမန်းတင်မောင်ရဲ့ ရွဲကုန်သည်ပြဇာတ်ထဲကလို ပြောရတော့မယ် ကိုဆာမိရေ။
စီဂျေဆာမိ ဂျလေဘီရောင်းပြီး သတင်းလိုက်ထားတာ ထင်တယ်။
ကိုဆာမိပေးတဲ့ မတ်စိတွေထဲမှာ….
(တခါတရံ စိတ်လည်းကောက်ကြမယ် …ပြီးရင် သူ့ထက်ဦးအောင် ပြန်ခေါ်ကြမယ် ……..။)
ဆိုတာလေးကို အကြိုက်ဆုံးပဲ။
လူဆိုတာ တစ်ယောက်နဲ့တစ်ယောက် စိတ်သဘောထားချင်း အမြဲမတူညီနိုင်ကြဘူးလေ။
အဲဒါကြောင့် ရန်ဖြစ်တဲ့အခါလည်း ဖြစ်မှာပဲ။
ဒါပေမယ့် ရေရှည်မှာတော့ ရန်ဖြစ်ပါ၊ ပြန်ချစ်ပါ လို့
Mon Kit
September 11, 2012 at 8:44 am
မွန်ကစ်လဲ မနေ့က တနေကုန် ရွာတံခါးကြီး ဖွင့်လာနိုး လာနိုးနဲ့ ချောင်းမြောင်းကြည့်နေဒါ.. အဲ နေ့လည်လောက်ကျ ရွာတံခါး ဟစိစိလေး ပွင့်လာတော့ အပြေးအလွှား တိုးဝင်ဒါပေါ့.. ဒါတောင် Log in ဝင်မရလို့ ရတဲ့နည်းနဲ့ အတင်းတိုးဝင်ပြီး မန့်ခဲ့သေးတယ်……..

Crystalline
September 11, 2012 at 8:59 am
အခုမှပဲဇာတ်ရည်လည်တော့တယ်. ကျမစိတ်ထင် ကျမတစ်ယောက်တည်းဝင်မရတာလားလို့.
Swal Taw Ywet
September 11, 2012 at 9:04 am
Bravo Ko Surmi,
I also agree with you.
Let’s try our best for our mother land, start from our village, M G.
Thanks you.
With respect,
Swal Taw Ywet.
surmi
September 11, 2012 at 9:35 am
အရီးလတ် ၊ ကိုထူးဆန်း ၊ အန်တီမမ ၊အစ်မပဒုမ္မာ ၊ ကိုထူးသင် ၊ ကိုဂီ ၊ မွန်ကစ်
Crystalline ၊ မိုး z ၊ နဲ ့ အစ်ကိုစွယ်တော်ရွက်ခင်ဗျာ
လာရောက်အားပေးတာ ကျေးဇူးလဲတင်ပါတယ် ကျနော်ကျန်ခဲ ့ အချက်အလက်
လေးများလည်း ဖတ်ရှုမိသူများ ညီအစ်ကိုမောင်နှမများအနေနဲ ့ ဖြည် ့စွပ် ဆွေးနွေး
ပေးကြပါလို ့လဲ မေတ္တာ ရပ်ခံပါတယ်ဗျ ာ ။
kyeemite
September 11, 2012 at 9:53 am
ကိုရင်ဆာမိ
ဘရာကျော်ပါဗျို့…:D jk
Novy
September 11, 2012 at 9:58 am
ဂဇက်ရွာမှာ သာတဲ့လကို
တစ်ရက်မမြင် တစ်သက်ထင်တော့
ရင်မှာစွဲလမ်း ဂေဇက်ပန်းကို
အဖျက်သမား လက်သရမ်းမှာ
ဆိုးမိတယ်
ရွာရဲ့ စည်းရိုး
မပေါက်ကျိုးအောင်
သူကြီးဦးခိုင် ကာကွယ်စောင့်ရှောက်
နှစ်ပေါင်း အန္တ တည်စေသောဝ်
ဦးဦးပါလေရာ
September 11, 2012 at 10:00 am
((((.ဒီတော ့ ညီလေးကြောင်ဝတုတ်ကစလို ့ “ သဂျီး လိုအပ်ရင် ရွာသူားတွေပိုက်ဆံစုပြီး ဆာဗာကာကွယ်ရေးအတွက် ကူူညီကြပါမယ် ” အဘဖေါကလည်း …“ ခရီး ကပြန်ရောက်ရင် ထည် ့ဝင်ပါ ့မယ် ” ဒီလိုပြောကြတာပေါ ့ …..။ သဂျီးက ချက်ခြင်း ငြင်းပါတယ် ။ )))))
ကိုဆာမိရေ-
သူကြီးငြင်းတဲ့ စကားလုံးလေးကို ဖြစ်နိုင်သမျှအတိအကျသိချင်ပါတယ်…
မှတ်မိရင်ဖြစ်ဖြစ် မှတ်ထားမိရင်ဖြစ်ဖြစ် ပြန်ပြောပြပါဦး….
surmi
September 11, 2012 at 10:42 am
အောင်မလေး ဖြေးဖြေးတော ့လုပ်ပါ ဦးပါရယ်
ကျနော ့မှာလဲနေ ့တွက်ကိုက်အောင်ဂျလေဘီ လည်းရောင်းရ ၊ ရွာထဲလည်း
ချောင်းရနဲ ့ အားလုံးဘယ်မှတ်မိပါ ့မလဲနော် ။ ကိုထူးဆန်းတို ့အရီးတို ့
လည်းရှိ တယ် သူတို ့မှတ်မိမလားပဲ ။မအိတုန်တောင်မှ ကြောင်ဝတုတ်ကို
နောက်နေသေးဆိုတော ့ သူလဲမှတ်မိနိုင်တယ် ။
သဂျီးငြင်းတာ အံ ့ဩလို ့လားဟင် င်င်င်င် ဟဲဟဲ
kaungsumyatsan
September 11, 2012 at 10:48 am
ဂေဇတ်ထဲဝင်လို့မရလို့စိတ်ညစ်မိပါတယ်။
Password မှားတယ်ဘဲပြောနေတော့ဘာလုပ်ရမှန်းမသိတော့ပါဘူး။
ကူညီကြပါအုံးနော်။
ရွှေ ကြည်
September 11, 2012 at 11:05 am
ကြားနှစ်ရက်မှာလုံးဝမအားလို့ရွာကိုလှည့်မကြည့်အားခဲ့ပါဘူး။ ကိုရင်ဆာမိခုလိုပြောပြမှအကြောင်းစုံသိရပါတယ်။ ကျေးဇူးပါ။
ရွှေကြည်ကတော့ရွာသူတယောက်အနေနဲ့လိုအပ်ရင်ကူညီနိုင်တာရှိရင်ကူညီချင်တာပ။
ဘာမှမတတ်နိုင်လို့ သာရွာတံခါးအပွင့်ကိုမျှော်လင့်ရင်း..။
သူကြီးကျန်းမာပါစေ အာင်မြင်ပါစေလို့သာဆုတောင်းရင်း..။
mayjuly
September 11, 2012 at 11:35 am
“ဂဇက်ရွာမှာ သာတဲ့ လ”
ဒီနေ့တော့ တကယ်ကို လသာညလိုပါပဲဗျာ …
မနေ့ကဆို တစ်နေ့လုံး လငပုတ် ဖမ်းနေတာလေ ( ကိုယ့်မျက်နှာကိုယ်ပြောပါတယ်)
Hack ဆိုတဲ့ စာလုံးကြီးပဲတွေ့နေရတော့ ပြောချင်ပါဘူးအေ …
ကြည်ဆောင်း
September 11, 2012 at 11:51 am
ဒီမနက်ရုံးရောက်ရောက်ချင်း ဂဇက်ဖွင့်လိုက်တာဖွင့်လို့ချက်ချင်းရတာနဲ့ ပျော်သွားတာဘဲ…
ဂဇက်ရွာမှာ ဒီနေ့ ပုံမှန်နေတစ်စင်း နဲ့ ပျော်ရွှင်ခြင်းလတစ်စင်း ထွန်းလင်းသွားတာပေါ့နော်
မနေ့ကသူကြီးက ရွာသူားအပေါင်းတို့ လို့မြင်ကထဲက နဲနဲပျော်နေရတာ..
အခုတော့ အပြည့်အဝပျော်လို့ရပြီပေါ့နော်..
ကြားထဲက မဖတ်လိုက်ရတဲ့ ပိုစ့်တွေကို ပိုစ့်ပိုင်ရှင်တွေနဲ့ ထပ်တူစိတ်မကောင်းဖြစ်မိသွားရင်း..
ဂဇက်ရွာမှာသာတဲ့လအတွက် ကျေးကျေး ဦးဆာမိရေ …………..
surmi
September 11, 2012 at 1:03 pm
ကိုကြီးမိုက် ၊ မနိုဗွီ ၊ မေဂျူလိုင် ကြည်ဆောင်း ရွှေကြည် ၊ မကောင်းစံ
လ သာသာ မှာစုဝေးခဲ ့ကြရတာ အထူးမင်္ဂလာပါ ။
နောက်လည်းဒီလို စုစုစည်းစည်းနဲ ့ဆိုအလွနဘဲကောင်းမှာပါ ။
ကိုပေါက်(မန္တလေး)
September 11, 2012 at 12:30 pm
ကိုဆာမိရေ
ကျနော်ကတော့ ကော်မင်းပေးတဲ့နေရာ စာဝင်ဖတ်တဲ့နေရာမှာ ဘိတ်ဆုံးပါဘဲ။
မန်းလေးဂေဇက်ပြန်ကောင်းလာတော့ ဝမ်းသာပါ၏ လိုပြောရမှာပေါ့
ဓါတ်ပုံတွေပြန်တင်လို့ရပြီပေါ့။
ဒါပေမယ့် ဟိုနေ့ညနေက ကိုဆာမိနဲ့တွေ့တုန်းက ပြောလိုက်တဲ့ အတိုင်းဘဲ ကျနော်ကင်မရာပေါက်စန အစုတ်ကလေးကတော့ လွတ်ကျတော့ မာလကီးယားသွားပါပြီ။
အဟောင်းသွားရင်အသစ်လာရတော့မှာပေါ့နော်
surmi
September 11, 2012 at 12:49 pm
အစ်ကိုရေ
အသစ်လဲဖို ့ဝိုင်းပြောနေတာလဲကြာပြီဆိုတော ့ လဲ သာ လဲဗျာ
အကောင်းဘက်ကကြည် ့ရင် ဒီထက်ကောင်းတဲ ့ပုံတွေ ညြ် ့ရတော ့မှာပေါ ့
အစ်ကိုလည်း စိတ်တိုင်းကျဖန်တီးလို ့ရပြီလေ
ဦး ဂျစ်
September 11, 2012 at 1:16 pm
အားလုံး မင်္ဂလာပါ …
ကျုပ်မလဲ ကြောက်ကြောက်နဲ့ ဘေးထိုင်မှိုင်ငေးနေမိတယ်…
ရောယောင်ပြီး အကောင့် များ ပါသွားလေမလားရယ်လို့….
ဟီး… ခုမှ ပဲ ဝင်ဖြစ်တော့တယ်ဗျ …
တခုတော့ ပြောချင်တယ် …
ရွာကို ကာကွယ်ကြရမှာ သဂျီးတစ်ဦးတစ်ယောက်ထဲရဲ့တာဝန် မဟုတ်ဘူးလို့ထင်ပါတယ်..
ရွာသူားတချို့ အပြောအဆို ထိမ်းထိမ်းသိမ်းသိမ်း လုပ်ဖို့လဲ လိုအပ်မယ် ထင်မိပါတယ် ….
ဆရာလုပ်တာ မဟုတ်နော် ….
အားလုံး ဝိုင်းဝန်း ကာကွယ်ကြရမယ်လို့ ထင်မြင်ချက်ပေးချင်လို့ပါ ….။
surmi
September 11, 2012 at 3:56 pm
ဦးလေးဂျစ်ကားနဲ ့ ဒေါ် ဝိုး ပြောသလိုဘဲ ရွာထဲဝင်မရလို ့ မှိုင်နေကြရတာလေ
ခုမှ ပျော်ပျော်ပါးပါး ဖြစ်ကြရတာ
Wow
September 11, 2012 at 2:18 pm
ဒီနေ့မှအတိုးချပြီးပြောရတွေ့ရတော့ ရွာသူားဒွေပျော်နေလိုက်တာ…
မဟာရာဇာ အံစာတုံး
September 11, 2012 at 2:28 pm
ဒီလူဂျီးလည်း ..
အဲ့နေ့ဂ သဂျီး လုပ်သမျှကို
ချောင်းကြည့် .. အဲ .. စောင့်ကြည့်နေဒါဘဲ ..
surmi
September 11, 2012 at 4:09 pm
ကြည် ့ထားရမယ်အံဇာတုံးရေ
ဒါမှ သဂျီး နဲနဲ သဘောပေါက်မှာ။ လှုပ်ရဲရင်လှုပ်ကြည် ့ လို ့
စိန်ဗိုက်ဗိုက်
September 11, 2012 at 2:44 pm
လက်ခမောင်းခတ်တဲ့ တရားခံက တောကြောင်ဆိုတော့ မြို ့ကြောင်မဟုတ်ဘူးပေါ့..မြို ့ကြောင်မဟုတ်တော့ တောကြောင်ပေါ့နော်..
နိုင်ငံဂျား ကြောင်ဆိုရင်တော့ ခုတလော ပျောက်နေတဲ့ ဦးကြောင်ဂျီးပေါ့နော်..
ခုလို ရှင်းလင်းမှာစားပြောကြားတဲ့ အူးဆာမိကျေးဇူးကို မူးတောင် မမေ့ဘူးဗျို ့
Wow
September 11, 2012 at 3:29 pm
အူးကြောင်ဟုတ်ပါ့မလား သူကဒဂျီးကို အရာတိုလာမိုဟာမက်အဗ္ဗဒူလာအာယာမာဒစ္စကိုဒန်းဆား လို့ပြောပြီး…. ဟီး ဟီး ဒဂျီးသမော်ဒီးကို မှန်းပြီး အားရပါးရရှင်သွားပြုနေဒယ်ဒဲ့….

surmi
September 11, 2012 at 4:13 pm
အောင်မလေးစိန်ဗိုက်ရယ်
မူးတောင်မမေ ့ဘူးဆိုတော့ လန် ့ထှာ
စကားလုံးလေးများလွဲသွားရင် ?
အလင်းဆက်
September 11, 2012 at 7:10 pm
ဂေဇက်ရွာကြီးထဲ.မှာ..
လမင်းလေးတွေ အမြဲသာအောင်..
ကျွန်တော်..အလင်းဆက် သည်လည်း..
တစ်တပ်တစ်အား…
အလင်း…..ဆက်..ပေးနေပါဥိးမည်..ခညာ…..
ဆာဆာ ရေ…

ထပ်တူထပ်မျှ..ခံစားး…ရတဲ ့ ပိုစ့်ပါပဲ..နော် ။
KyawThein
September 11, 2012 at 10:59 pm
ဝင်ထွက်မရဖြစ်နေတာဒီလိုကြောင့်ပါလား။
အခုတော့အားလုံးကောင်းသွားကြပြီဟုတ်လား ။
surmi
September 11, 2012 at 11:33 pm
ကိုဆက်ဆက် ခင်ဗျ
အလွန်မအားလှတဲ့ ကြားက အပြေးအလွှားလာခဲ့တာ ဝမ်းသာသဗျ ။ ကျနော်လည်း ည (၁၀) နာရီ
လောက်မှ အားတာဆိုတော့ ကိုယ်ချင်းလည်းစာပါတယ် ။ ရွာထဲတော့မဝင်ရ မနေနိုင်ပဲလေ ။
ကိုကျော်သိန်း ခင်ဗျ
ခု ဝင်ထွက် အဆင်ပြေနေပါပြီဗျ ။ ဘယ်တော့ ပြန်ဖြစ်မယ်သာ မသိတာပါ ။
ကြောင်ကြီး
September 15, 2012 at 9:51 am
ဂေဇက်မှာသာ
ရွှေထွက်တာငါ
ဂွေယှက်တာကြာ
မြေကွက်ရွာမှာ
ကျေနပ်ဇာတာ
ဆွေမက်စာနာ
နွေဖက်လာပါ
လေဟပ်သာယာ..။