Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မန်းဂဇက် ချစ်သူများစာပေဆု ၂၀၁၂ ဩဂုတ်လ နှင့် ကူညီကြပါဦး

ကထူးဆန္းSeptember 13, 20122min139659

ကထူးဆန်းတစ်ယောက် တစ်ယောက်တည်း ဗျစ်တောက်ဗျစ်တောက် ပေါက်ပေါက်ဖောက်နေပေသည် ။

လုပ်စရာတွေ ကအများကြီး ရှိနေသလောက် တိုင် က နာရီက တစ်တောက် တစ်တောက် နှင့် မှန်မှန် ချီတက် နေကာ ကထူးဆန်းကို မစောင့်။

မန်းဂဇက် ဆုပေးပွဲက မကြာမီ ရောက်ရှိတော့မည် ။ အလုပ်တွေက မပြီးသေး။

မန်းဂဇက် ဆုပေးပွဲ အတွက် ရွေးချယ်ထားသော နေရာတွင် လုပ်ဆောင်ခွင့်ရရန် မြို့တော်ဝန် ဦးကြောင်ကြီး ထံ မှ ပွဲမိန့် တောင်းခံထားတာလည်း မကျသေး ။ မြို့တော်ဝန် ဦးကြောင်ကြီးကား သံမဒဂျီး သံမဒဂျီး သံမတဂျီးကိုခြစ်တယ် Love ဆိုကာ ပြည်သူ့မဲ မဟုတ် ရွေးချယ်မဲ ဖြင့် တက်လာသောကြောင့် ဘာလုပ်လုပ် သဘောထားမှတ်ချက် တောင်းခံထားပါသည် ဆိုသည်တစ်မျိုး၊ ထောက်ခံစာ ပါမှနှင့် ဆိုကာတဖုံ နှင့်၊ ဘာမှ အလုပ်မဖြစ် ။ အခုလဲ ရွှေတိဂုံ ဘုရားနှင့် နီးသောကြောင့် ယဉ်ကျေးမှု့ နယ်မြေနှင့် လွတ်မလွတ် လုပ်ခွင့် ပြုသင့် မပြုသင့် အကြံပေးချက်ကို သမိုင်း ပါရဂူကြီးထံမှ မရသေး ဆိုကာ မပေး ။ သမိုင်းပါရဂူကြီးထံ လိုက်တော့ တာဝန်ခံ ဦးမောင်မိုးညိုထံမှ မေးထားသော မေးခွန်း၊ သုံးခါ မေးတာတောင် ပြန်မဖြေသေးသောကြောင့် ဟုဆိုကာ အကြောင်းမပြန် ။ ဦးမောင်မိုးညိုထံ အမြန်ပြန်ပေးပါကြောင်း မေတ္တာရပ်ခံသောအခါ မင်းတို့ မြန်မာအစိုးရ၊ အတိုက်အခံ၊ လူထု နှင့် ရှေးရိုးစွဲဝါဒ
သမားတွေ မလိုအပ်တာတွေနဲ့အချိန်ကုန်ခံ မေးမနေကွာ ဆိုပြန်၏ ။ ခွင့်ပြုမိန့်ကား ဘယ်ဆီနေမှန်း မသိ၊ ဝေးကွာတုန်း။

ကထူးဆန်းတို့ကျင်းပခြင်သည့် နေရာကား ရွှေတိဂုံ ခြေရင်း ပြည်သှု့ရင်ပြင် ။ တကမာ္ဘလုံးမှ စောင့်ကြည့်နေမည့် ယခု လိုပွဲကို ကြီးကျယ် ခမ်းနားစွာ တင်ဆက်ရမည် က တာဝန် ။ အချိန်မှာ ညပွဲမို့ မိုးလေကင်းစင် ကြယ် စင် စုံလင်တတ်သော ဇန်နဝါရီလ လို အချိန် အခါ သမယ တွင် ရွှေရောင်ဝင်းပြောင်နေသော ရွှေတိဂုံ ဘုရားကြီးအား နောက်ခံထား၍ လုပ်ကြမည် ဟု စဥ်းစားကြကာ ကျင်းပခွင့် ပွဲမိန့်တောင်းခံထားခြင်းဖြစ်သည် ။
ပြည်သူ့ရင်ပြင် ရွေးလိုက်တော့ ကိုအောင်မိုးသူ ၏ စိမ်းရဲ့ အစိမ်းရောင် ကလည်းဘေးနှစ်ဘက်မှာ အပြည့် ။

မန်းဂဇက် ဆုပေးပွဲ ကျင်းပမည့် နေရာ

ပွဲမိန့် ကျတာ မကျတာ အသာထားကာ ဥက္ကဌကြီး ဥိးဦးပါလေရာကတော့ ( Inz@ghi) ၏ ပိုစ့်မော်ဒန် ပုဂံသူရဲကောင်း ပုံပြင် ကို နားမထောင်အား ။ ပွဲလုပ်မည့် ဆိုဒ်နေရာကို စစ်ဆေးနေပေပြီ။

ဦးဦးပါ တစ်ယောက် ဘယ်လို ဆောက်ရပါ့ စစ်ဆေးနေစဉ်

ဦးဦးပါလေရာနောက် ကမန်းကတန်းလိုက်လာသည်ကတော့ ပွဲ ကန်ထရိုက်ရထားသော ကိုရင်နင့်အောင် ။ သူက ကျွန်တော်နှင့် အရှုံးများ ဆိုကာ ရှုံးချင်ယောင်ဆောင် ထားသော စာရင်းများ ပေး၍ ကန်ထရိုက်တန်ဖိုးလေးများမြှင့် ပေးပါရန် ဆိုကာ စီးတော်ယာဉ် နှင့် အမြန်ချီတက်လာလေသည်။ထိုသတင်းကြားသွားသော ကိုရွာစားကျော် ကတော့ နေပူတော်မှ နေ၍ အရှုံးပေါ်လေတဲ့ မမရဲ့ဘတ်ဂျက်စာရင်းနဲ့ ကလေးအတွေး လိုပါကွာ ဟု ဆိုကာ လှမ်းချွန်လာသည် ။

စီးတော်ယာဉ် နဲ့ ရှုံးချင်ယောင် ဆောင် နောက်ကလိုက်တဲ့ ကိုရင်နင့်အောင်
စင်ဆောက်ဖို့ ပစ္စည်းတွေလည်း စုပြီးသား .. 😀

ပွဲမိန့်ပြီးတော့ ပွဲ စည်စည်ပင်ပင် ဖြစ်ဖို့ လည်း စဉ်းစားရပြန်သည် ။ aye.kk ၏ ရာသီနံနက်ခင်းများ ရဲ့ အလွမ်း ဆိုကာ ကိုအောင်မိုးသူ လို ပျံကျဈေး ထဲက မုန့်ဟင်းခါးဆိုင် ထည့်ရမလား စဉ်းစား တော့လည်း နံနက်ခင်းပွဲ မဟုတ်။ ညပွဲ ဖြစ်နေတော့ မဖြစ်ပြန်ခြေ။

အတွေးများက ဘေးချော်သွားသေးသည် ။ မရေးတတ်ရေးတတ်နှင့် ရေးချင်ရာရေးနေသော ကထူးဆန်း ကို စာမှုရွေးချယ်ရေး အဖွဲ့ထဲ လုပ်ပါ့မယ် ကတိပေးမိတော့ ကိုဆာမိ က ရွှေပင်နားတော.ရွှေကျေး ဖြစ်မယ်ထင်သလား ။ ရဲစည်၏ သင်းကွဲငှက်ရဲ့ ရင့်ကြူးဟန် လို ဂဇက်မှာ လူလာဖြစ်ရုံ အဖွဲ့ထဲ ပါရုံနဲ့တော့ စာရေးတတ် မှာ မဟုတ် ။ အန်တီပဒုမ္မာရဲ့ မန်းဂေဇက်ချစ်သူများစာပေဆု (ဇူလိုင်လ)လို ရေးတတ်ချင်ရင် ကိုဘလှိုင် ရဲ့
ပို့စ် ကောင်းတစ်ပုဒ် ရေးသားခြင်း ဖတ်လိုက်ဦးဟု ဆုံးမသည်ကို စိတ်က ရောက်သွားသည် ။

ပြီးမှ ကထူးဆန်ုးသတိရသွားသည် ။ ပွဲတက်ရောက်သူ တွေကို လက်ဆောင်ပေးရဦးမည် ။ ဘာလက်ဆောင်ပေးရပါ့မလဲ ။ ကိုအလင်းဆက်၏ ဆ=ဆရာမဝင်းပြုံးမြင့်အတွက် Surrealism လက်ဆောင်လေး ကို သတိရလိုက်သည် ။ ကဗျာနှင့် ဝေးသော ကထူးဆန်း တစ်ယောက် Surrealism ဆိုတာ ကြားတောင် မကြားဘူးသော်လည်း ကို အလင်းဆက် ကျေးဇူးနှင့် ဝိုးတဝါးတော့ နားလည်ခဲ့ရပေပြီ ။အဲ့ဒီလို ရွာထဲက ကဗျာ ဆရာတွေ စုပြီး စာအုပ်လေးရိုက် လက်ဆောင်ပေးကြရင်ကော။ အဖြေကားမရသေး ။

အန်တီပဒုမ္မာ ၊ အန်တီမမ ၊ အရီးလတ် တို့ လည်း လက်ဆောင်ပေးဖို့ ခုံ ဘယ်နား ဘယ်လိုချမလဲ စစ်နေတယ် ထင်ပါ့

ပေါက်ပေါက်ဖောက်ရင်းမှထပ် သတိရသွားသည် ။ ဆုရသူတွေကို ပေးဖို့ အမှတ်တရ ဆုတံဆိပ် အတွက် marblecommet ကို ကျွန်ုပ်၏ ဆရာသခင်ထံသို့ ရီပို့တင်ခြင်း
လုပ်ပေးပါ ဆိုကာ စိတ်ကူးထဲ ရောက်သမျှ လေး ပုံဖော်၍ ပေးထားသည် ။ ဒီလိုပုံဆိုတာက တကယ်တော့ ရွာထဲက ဂရပ်ဖစ် ဆရာ ဆရာမများ အားပြိုင်ပွဲ လုပ်ခိုင်းသင့်သည်ဟု ထင်သည် ။ အခုတော့ အစတစ်ခု အနေနှင့် စလိုက်ပေပြီ။ ဒါလိုစလိုက်မှ မကြိုက်ဆိုကာ ပယ်ချ၍ ဘာလုပ်ကြမလဲ ထွက်လာမည် ဖြစ်သည်။ ကျောက်ပန်းချီလုပ်မှာလား ။ Acrylic ဖြင့် အခုလို ပုံဖော် တံဆိပ်ရိုက်ပေးကြမှာလား ဖြတ်ဖို့လိုပြီ။

စိတ်ကူးယဉ် အိမ်မက်ထဲမှာ ပွေ့ကာပိုက်ကာ ပျော်ရွှင်စွာ

ဟူး ။ မောလျစွာ သက်ပြင်းချလိုက်မိသည် ။ ဒါတွေက်ို ဘယ်လိုပြီးအောင်လုပ်ရပါ့ ။ လုပ်အားက လိုနေသည် ။ Liquid_Sn@ke ၏ အူးခိုင်နှင့် အိုင်ရှလွတ် ၊ မှ လောကဓါတ်ပညာရှင် အူးခိုင်အား အကူအညီတောင်း ရင် ကောင်း မလား၊ iသံလုံး နှင့် ဖုတ်သွင်း ခေတ် မှ iသံလုံးအား အကူအညီတောင်းရင် ကောင်းမလား၊ ဝေခွဲမရ ။

မည်သို့ ပင် ဆိုစေကာမှု ကထူးဆန်းတို့ ကတော့ ကိုနိုဇိုမိ ၏ အခု စရင် မှီသေးတယ် ထုံးနှလုံးမှုကား ကြိုးစားဆဲ ။

နောက်ဆုံးမတော့ iထူးဆန်း အဲအဲ ကထူးဆန်း တို့ ရွာ အရေးဆို ဘယ်တော့ မှ သွေးမပျက်သော ရခိုင်သွေးချင်းတို့ အလှုမှာ လည်ပင်းထညစ်ထားကြသည့် ကြောင်ဝတုတ် နှင့် ရွှေတိုက်စိုး တို့ နှစ်ယောက်အား ကူူညီပါရစေ မဟုတ် ကူညီကြပါခင်ဗျာ လို့ မေတ္တာရပ်ခံ ရပါတော့မည် ။

သူတို့ နှစ်ဦးထဲ ဆိုလျှင်လည်း မဖြစ်သေး ။ အမျိုးသမီးများ နေရာ မပေးဟု ဝေဖန်ခံရပေဦးမည် ။ ထို့ကြောင့် ထို့ကြောင့် အမျိုးသမီး ထု ကြီးမှလည်း ကူညီနိုင်မည့်သူများ ကူညီကြပါဦးဟု ။ ပုချ် တို့ လုံမလေး မွန်မွန် တို့ အချိန်ရရင် ဝင်ရွေးပေးကြပါလို့ ။

ဘယ်နေရာမဆို လာတ်မြင် စီးပွားရှာကောင်းသည့် ဒေါက်ချာဆာမိ M B B S (Ba Ka University )( Myanmar Buddhism Burmese Special ) ဘုန်းကြီးကျောင်းပညာရေးတက္ကသိုလ် ။ပေါရိသာဒ သင်းချိုင်းအနီး နေသူအားလည်း ရွေးချယ်ရေးအဖွဲ့ထဲ စာရင်းသွင်းပေးကြပါ အော်ဟစ်ရင်း iထူးဆန်း အဲအဲ ကထူးဆန်း အိပ်ယာမှ နိုးထလာတော့ ..

အဲ … ဒီလ ဆု ဘယ်သူရလဲ မကြေညာမိဘူး ။

:mrgreen:

ps. တင်သမျှပိုစ်ကို အပင်ပန်းခံ စုထားပေးသော မဟာရာဇာအံဇာတုံး ကို ကျေးဇူးအထူးတင်ရှိပါသည်။ အလွယ်တကူ ပြန်ရှာ ပြန်ဖတ် နိုင်သွားပါသည်။

59 comments

  • ကထူးဆန်း

    September 13, 2012 at 10:03 pm

    ပျံကျဈေးထဲက မုန့်ဟင်းခါးဆိုင် (aung moethu )
    http://myanmargazette.net/145639

    ရရှိ်အမှတ် .. ၁၄ မှတ် နှင့် ၂၀၁၂ ဩဂုတ်လ အကြိုက်ဆုံးပိုစ်

    ပျံကျဈေးထဲက ဘဝတွေ ပါတ်ဝန်းကျင်တွေကိုကွက်ကွက်ကွင်းကွင်း ပေါ်လာအောင်သရုပ်ဖေါ် ဆွဲဆောင် နိုင်ပါတယ် ။

    မုန့်ဟင်းခါးဆိုင်ကို အခြေပြုထားပေမဲ့ မြန်မာ့ဓလေ့လေးတွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ဖော်ပြထားတာကိုတွေ့လိုက်ရလို့ ကြိုက်မိပါတယ်။

    ဆင်ခြေဖုံးရပ်ကွက်နေ အောက်ခြေလူတန်းစားများ၏ ဘဝရှု့ခင်း တကွက်ကို ဆွဲဆောင်မှု့ကောင်းသောအရေးအသားဖြင့် သရုပ်ဖေါ်ထားသည်။ စုတ်သပ်ခြင်း ငြီးတွားခြင်း ငိုချင်းချခြင်း အလျှင်းမရှိသော သရုပ်မှန်သရုပ်ဖေါ်ပုံလေးကို နှစ်သက်မိပါသည်။

    ဘဝသရုပ်ဖော်စာပေတစ်ပုဒ်အနေနဲ့ မုန့်ဟင်းခါးဆိုင်လေးကို အခြေတည်ပြီး ပီပီပြင်ပြင် သရုပ်ဖော်ရေးသားချက်လေးကို ကြိုက်နှစ်သက်မိပါတယ်။
    မြန်မာပြည် ထဲက အောက်ခြေလူတန်းစား အလွှာ တစ်ရပ် ရဲ့ မရှိမဖြစ် နေရာလေး တစ်ခု ရဲ့ ပုံရိပ်ကလေးပါ။
    မိမိထံလာနေကျ ဖောက်သည်များ ရဲ့ အကျင့်စရိုက်ကို နားလည်နေတဲ့ ဈေးသည် တစ်ယောက် အကြောင်းကို အသေအချာ ဖော်ကျူးထားပါတယ်။ဒီ မုန့်ဟင်းခါးဆိုင်လေးမှာ အားပေးသူ များရဲ့ အကျင့်စရိုက် နဲ့ ဈေးကြီးကြီးဆိုင်မှာ စားနေတဲ့ လူတွေ ဘာကွာနိုင်သလဲ တွေးမိပါသေးရဲ့။ယေဘူယျအားဖြင့်တော့ စားသုံးသူ တွေဆိုတာ ဒီလိုပါဘဲ လို့တောင် ကောက်ချက်ချမိလောက်အောင် လူ့စရိုက် ကို ညွန်းဖွဲ့ ပြနိုင်ပါတယ်။လူ့လောက ရဲ့ အလှတရား အပေးအယူ၊ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ သဘော နဲ့ နောက်ဆုံးပိတ် ပေးလိုက်တာကို ဖတ်ရတာ သဘောအတွေ့ဆုံးပါဘဲ။

    ရာ သီ နံ နက် ခင်း များ ရဲ ့အ လွမ်း( aye.kk )
    http://myanmargazette.net/142138

    ကျနော်တို့ ငယ်စဉ်က ၊ရိုးသား ရိုးရှင်းတဲ့ ၊ဘဝ နေထိုင်မှု ပုံစံလေးကို ၊လွမ်းဆွတ် သတိရစေတဲ့အထိ ၊ဆွဲဆောင် နိုင်ပါတယ် ။

    လ္ဘက်ရည်ဆိုင် ယဉ်ကျေးမှု့တွေ ထွန်းကားလာပေမဲ့ Fast food တွေ ဒီလောက် ခေတ်မစားသေးတဲ့ မြန်မာပြည်မှာတောင် ယနေ့ အချိန်အခါမှာ တွေ့ရခဲလာပြီဖြစ်တဲ့ အမေပြင်ဆင်ပေးတဲ့ မျက်နှာစုံညီ နံနက်စာ ပြင်ဆင်ပုံလေးတွေကို ခေတ်လူငယ်တွေ မြင်သာအောင် ရေးဖွဲ့ထားတာ ၊ ကျန်မာရေး အတွက် နွေ မိုး ဆောင်း ဘာလေးတွေစားသင့်တယ်ဆိုတာ ကို သာယာတဲ့ အိမ်ထောင်ရေးတစ်ခု မှ မိဘတွေရဲ့ သားသမီးပေါ်ထားတဲ့ မေတ္တာ နဲ့ အတူ ခံစား မိပါသည်။

    ဒီ Post လေးကို ဖတ်ရင်း ကိုယ့်ပြည်ကိုယ့်မြေ က ဘယ်အချိန်တွေးတွေး အင်မတန် လွမ်းစရာ ကောင်း တဲ့ ရိုးရာအစားအစာ လေးတွေ ကို တမ်းတ မိပါတယ်။
    ဒီအတိုင်း အစားအစာတွေအကြောင်း ကို ချရေးပြမသွားဘဲ ဘယ်ရာသီမှာ ဘယ်အစား ဆို တဲ့ အညွန်း လေး က ဗဟုသုတ ကိုလဲ တိုးစေပါတယ်။
    စာရေးသူ ရဲ့ ချပြတဲ့ စကားလုံးတွေ နောက်မှာ လှုပ်ရှားနေတဲ့ ပုံသဏ္ဍာန်တွေကိုပါ မြင်တွေ့ နိုင်အောင် ရေးဖွဲ့ ထားပါတယ်။ ဒီတော့ အဲဒီ အစားတွေကို တကယ်စားနေရသလို ခံစား နိုင်ပါတယ်။
    စာရေးသူ ရဲ့ စာဖတ်သူတွေ ပေးတဲ့ မှတ်ချက်များ အပေါ် အချိန်ယူပြီး တလေးတစား ပြန်လှန် ဆွေးနွေးခဲ့ခြင်းက လဲ ဒီ Post ရဲ့ အင်အားကြီးတဲ့ အလှတရား တစ်ခုပါဘဲ။

    မိသားစု၏ချစ်ခင်ဘွယ်ကောင်းသောဘဝ တစ်ခုကိုချယ်မူန်းထားသောကြောင့်
    နှစ်သက်ခြင်းဖြစ်ပါသည်။ယနေ့ခေတ်ကာလတွင် စားဝတ်နေရေးအတွက် အိမ်ရှိလူကုန် ငွေအရှာထွက်ကြရပါသည်။
    ၄င်း၏အကျိုးဆက်မှာ ချစ်ခင်မူ့အပြည့် စေတနာအပြည့် နွေးထွေးမူ့အပြည့်ပျော်ဝင်နေသော
    အိမ်တွင်ချက်ပြုတ်သည့်စားကောင်းသောက်ဖွယ်များနှင့်ဝေးကွာသွားကြခြင်းဖြစ်ပါသည်.။
    မနက်စာကို နီးစပ်ရာ လက်ဖက်ရည်ဆိုင်တွင်သာ ကသုတ်ကရက်စားနေရချိန်တွင်ယခုဆောင်းပါးကို ဖတ်မိသည်မှာ ငယ်ဘဝကို ပြန်လည်တမ်းတမိပါသည်။

    အူးခိုင်နှင့် အိုင်ရှလွတ်(Liquid_Sn@ke)
    http://myanmargazette.net/144626/creative-writing

    ဆန်းသစ်သောအိုင်ဒီယာနှင့် ခေတ်မှီသည့်သရော်စာတစ်ပုဒ်ကို ရေးနိုင်ခြင်းကို အလွန်ချီးကျူးမိပါသည်။ ဗဟုသုတလဲရပြီး စာဖတ်သူကို စွဲဆောင်နိုင်သည့် ပျော်ရွှင်စရာရသကို ရရှိသဖြင့် ဖတ်လို့ကောင်းပါသည်။

    -ဆန်းသစ်တဲ့အတွေးအခေါ်(ခေတ်ရှေ့ပြေးခေတ်ကြိုမြင်)-စာဟောင်းဗဟုသုတပါရောမွှေထား
    -နောင်ကို တကယ့်သိပ္ပံပညာရှင်များတီထွင်ကြည့်ဖို့စိတ်ကူးသစ်-တပြုံးပြုံးနဲ့ နောက်ဆုံးထိဆွဲဆောင်သွားစေတဲ့ အရေးအသား

    ထူးခြားထိုးဖောက်တဲ့ အတွေးအခေါ်ကို သဘောကျသလို၊ အတွေးကို အရေးက လိုက်မှီအောင် ရေးထားတဲ့အတွက် ကြိုက်နှစ်သက်ပါတယ်။

    ကျွန်တော်နှင့် အရှုံးများ (ရင်နင့်အောင်)
    http://myanmargazette.net/145816/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories

    အရှုံးလို့ဆိုထားပေမဲ့ ရှုံး တာ နိုင်တာ ပဓာန မဟုတ် ။ ရရှိလာတဲ့ အဖြေတစ်ခု အပေါ်မှာ ဘယ်လိုမြင်အောင်ကြည့်မလဲဆိုတာကို သတိပေးထားတာလေးဖြစ်တဲ့ အတွက် ကြိုက်မိပါသည်။

    -အရှုံးအနိုင်ဆိုတဲ့ ဘယ်တော့မှ ပျောက်ကွယ်မသွားမယ့် လောကထဲကတရားတစ်ခုကို အရွယ်တစ်ဆင့်ပြီးတစ်ဆင့်လှလှပပလေးတင်ပြထား
    -ရှုံးတယ်ဆိုတဲ့ စိတ်ခံစားမှုတွက် ဖြေသာမယ့် ထွက်ပေါက်ပေးခြင်း
    -ရသဆရာတွေလည်းကြိုက်တာတွေ့ရ
    -အခန်း(၁)(၂)စသည် သပ်သပ်ရပ်ရပ် သတ်ပုံ မှန်မှန်ကန်ကန်ရေးထား

    ကျွန်ုပ်၏ ဆရာသခင်ထံသို့ ရီပို့တင်ခြင်း(marblecommet)
    http://myanmargazette.net/141452/

    သရော်စာရေးရတာ အခက်ဆုံးလို့ထင်ပါတယ်
    အဲဒီအခက်ဆုံးကိုမှ ခေတ်ဟောင်းခေတ်သစ်ရောမွှေလို့ရေးထားတဲ့အရေးအသား
    -အထက်အရာရှိဆိုတိုင်းအောက်လူကိုစိတ်ကြိုက်မစီမံသင့်ဘူးဆိုတဲ့ အတွေးအခေါ်ပေးနိုင်
    -ပဲပုပ်၊ဆူးပုပ်၊ဒညင်းသီးနဲ့ဆရာတပည့်ပြဿနာအဆုံးသတ်လေးလည်းလှ
    -ကမန်းကတမ်းရေးရလို့ပါဆိုတဲ့ သတ်ပုံအမှားလေးတွေပြင်ပေးလိုက်ရင်တော့ ရှယ်ပါပဲ။
    သရော်စာကို ပိုင်ပိုင်နိုင်နိုင် ရေးပြနိုင်လို့ သဘောကျပါတယ်။
    အကြောင်းအရာကို အရေးအသားနဲ့ ဆွဲခေါ်သွားလို့ စာကို ပြီးဆုံးသည်ထိ ပေ့ါပေ့ါပါးပါးနဲ့ ဖတ်ဖြစ်သွားတယ်။

    အရှုံးပေါ်လေတဲ့ မမရဲ့ဘတ်ဂျက်စာရင်းနဲ့ ကလေးအတွေး (ရွာစားကျော်)
    http://myanmargazette.net/142216/creative-writing/short-story

    ပျော်စရာကောင်းတဲ့ ဝန်ထမ်းမိသားစုဘဝတစ်ခုကို ခံစားမိပါသည်။ အရေးအသားကောင်းပြီး စာဖတ်သူကို စွဲဆောင်နိုင်သောပို့စ်တစ်ခုဖြစ်ပါသည်။ နေပြည်တော်မှာ နေထိုင်နေရသော အခြေအနေကို မြင်သာအောင် ရေးဖွဲ့နိုင်ပါသည်။ ဘတ်ဂျက် အဓိပါယ်ကို နားလည်အောင်ရှင်းပြပေးနိုင်သော လူကြီးတစ်ဦးနှင့် ကလေးတစ်ယောက်၏အတွေးဖြင့် လက်ရှိ ဘဏ္ဍာရေးအခြေအနေကို သရော်တော်တော် ဟာသနှောပြီး ရေးဖွဲ့နိုင်သည့် ရသစုံပို့စ်တစ်ခုဖြစ်ပါသည်။

    မြန်မာစာပေလောက တွင်ခေတ်စမ်းစာပေတစ်ခေတ်ထူထောင်ခဲ့သူ သိပ္ပံမောင်ဝ၏
    စာရေးသားဟန်ကို အတုယူ၍ရေးသားထားသော စာတစ်ပုဒ်ဖြစ်ပါသည်။
    လက်ရှိဖြစ်ပျက်နေသော အလွဲကလေးက ကလေးတစ်ယောက်အတွေးကိုယူ၍
    အတွေးလှလှလေးဖြင့် ထောက်ပြထားသောကြောင့်နှစ်သက်မိပါသည်။

    မန်းဂေဇက်ချစ်သူများစာပေဆု (ဇူလိုင်လ)( ပဒုမ္မာ)
    http://myanmargazette.net/143981/creative-writing

    ပြောစရာမကျန်အောင် လှပသောအတွေးဖြင့်ရေးသားထားသောစာမူ ဖြစ်၍နှစ်သက်ပါသည်။
    စာပေဆုပေးပွဲမှ ရွေးချယ်ထာသော လူစာရင်းကို ထုတ်ပြန်ကြေညာပုံမှာ ပညာသားပါလှသည့်အပြင်
    မန်းလေးဂေဇက်ရွာသူားများ၏ ဘဝကို ပုံဖော်ထားပုံမှာ ဟာသရသအပြည့်ဖြင့် ပုံဖော်ထားသော
    ကြောင့် အကြိုက်ဆုံးအဖြစ် သတ်မှတ်လိုက်ပါသည်။

    ရွှေပင်နားတော့ ရွှေကျေး (surmi)
    http://myanmargazette.net/120676/creative-writing

    အရေးအသားအလွန်ကောင်းပြီးဆွဲဆောင်မှု့အပြည့်ရှိပါသည်။စာဖတ်သူကိုဈေးဝယ်ခြင်းတွင်သတိထားသင့်သည့် အချက်ကလေးကိုလဲ လှလှပပတင်ပြသွားနိုင်ပါသည်။ကွန်မန့် ၆ဝ ရထားပါသည်။

    မြန်မာအစိုးရ၊ အတိုက်အခံ၊ လူထု နှင့် ရှေးရိုးစွဲဝါဒ ( maungmoenyo)
    http://myanmargazette.net/144743

    ပါဝင်တဲ့အကြောင်းအရာပိုင်း အလွန် တန်ဖိုးမြင့်သလိုဆြာ မောင်မိုးညို ကောမန့်တွေကို ပြန်ဖြေထား ရှင်းလင်းသုံးသပ်ထားတာတွေက. တန်ဖိုးမဖြတ်နိုင်စရာပါ။သည်လိုကလောင်မျိုး ရွာထဲရှိတာ အလွန် ဂုဏ်ယူပါ၏။

    ပိုစ့်ကောင်း တစ်ပုဒ် ရေးသားခြင်း (မောင်ဘလှိုင်)
    http://myanmargazette.net/146655

    လိုရင်းပြောရရင်တော့State of mind လောက်ထိ ပြောကြကြေးဆိုရင်ဖြင့်အနှီ နည်းစနစ်ပိုင်းတွေ အောက်သက်မကျေခဲ့လို့ မရစကောင်းဘူး ဆိုတာခံစားမိစေတဲ့ ပိုစ့်ပါဗျာ.
    နောက်တနည်းပြောရရင်တော့. အနုပညာ ဘယ်လောက်မြင့်ပါစေ၊ဝမ်းစာ ဘယ်လောက်ပြည့်ပါစေ နည်းစနစ်ပိုင်း ကိုတော့ဖြင့်Framework ကိုတော့ဖြင့် ဘယ်လို ခံယူကျင့်သုံးရမယ်ဆိုတာပြထားတဲ့ပိုစ့်မို့ နှစ်သက်မိပါကြောင်း။

    အခုစရင်မှီသေးတယ် ( nozomi)
    http://myanmargazette.net/146901/creative-writing/my-dear-diary

    အကြောင်းအရာက လူတိုင်းနီးပါးတွေ့ကြုံဖူးသောအကြောင်းပင်ဖြစ်လင့်ကစား အရေးအသား၏ဆွဲဆောင်မှု့ ကြောင့်အလွန်ဖတ်ကောင်းသောစာတစ်ပုဒ်ဖြစ်ပါသည်။အတွေးများနဲ့ဆင်ခြင်စရာတွေ တစ်ပုံကြီးရလိုက်ပါတယ်။ကွန်မန်၄ရခု။

    iသံလုံး နှင့် ဖုတ်သွင်း ခေတ် (Liquid_Sn@ke)
    http://myanmargazette.net/144266

    ပိုင်နိုင်သော သရော်စာရေးဟန်တပုဒ်ဖြစ်ပြီး အဖိအဖေါ့တို့ကို ကျွမ်းကျင်စွာကစားလျှက် ရေးသားသရုပ်ဖေါ်ပုံကို နှစ်သက်မိပါသည်။

    ဆ=ဆရာမဝင်းပြုံးမြင့်အတွက် Surrealism လက်ဆောင်လေး (အလင်းဆက်)
    http://myanmargazette.net/146558/arts-humanities

    အက္ခရာစဉ်အလိုက် တစ်စိုက်မတ်မတ်ရေးသားခဲ့တဲ့ အလင်းဆက်ရဲ့ အက်ဆေးနဲ့တူတဲ့ ဆောင်းပါးလေးများက ဖတ်လို့ကောင်းပါတယ်။ စိတ်ကူးကောင်းပြီး ဇွဲကောင်းတဲ့အတွက် ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုမိပါတယ်။

    ပိုစ့်မော်ဒန် ပုဂံသူရဲကောင်း ပုံပြင်( Inz@ghi)
    http://myanmargazette.net/143173

    သရော်စာ ကောင်း တစ်ပုဒ်ပါ ။” တီဗီက လာနေသည့် လန်ဒန်အိုလံပစ် အောင်ပွဲခံ စိန့်တိုင်းမှ လူဗလံလေးတွေက “ဆိုပြီး Current အခြေအနေလေးကိုပါထည့်သွင်းထားတာက ၊ရင်ကို စွဲညိစေပါသည်။

    “စိမ်း”…ရဲ့…အစိမ်းရောင် (aung moethu)
    http://myanmargazette.net/146706/creative-writing/short-story

    လူသစ်မို့ ကွန်မန့်နဲသော်လည်းရေးဖွဲ့ပုံကောင်း။သာမန်အချစ်ဇတ်လမ်းပေမဲ့တင်ပြပုံ ွဲ့နွဲ့ပုံအလွန်လှပါသည်။
    Enviroment နဲ့ပတ်သက်ပြီး အလေးထားကြရန် သစ်ပင်များကိုချစ်တတ်စေရန် ပညာသားပါပါ
    အချစ်ဇတ်လမ်းတွင်ထည့်ထားပုံမှာအလွန်ကောင်းပါသည်။

    သင်းကွဲငှက်ရဲ့ ရင့်ကြူးဟန် (ရဲစည်)
    http://myanmargazette.net/145902/creative-writing

    သင်းကွဲ ငှက်ရဲ့ အော်သံဟာ တကယ်ဘဲ တစ်ခြား ငှက်တွေနဲ့ ကွဲ/မကွဲ သိလိုစိတ် နဲ့ ဖတ်ခဲ့တဲ့ စာစုလေးပါ။
    စာစု လေးမှာ hidden meanings တွေနဲ့လား ဆိုပြီး အတွေးများစွာ နဲ့ အတော်လေး သဘောကျမိပါတယ်။
    ငှက်ကလေး ငှက်သက်ကြွေလို့ ဂေဇက်မှာ လူလာဖြစ်မှာ ဆိုရင် ကြက်ဖကြီး ကို ဘာလို့ အဲဒီမေးခွန်းကို မေးတာလဲ လို့မေးပေးပြီး အဖြေယူခဲ့စမ်းပါလို့။
    ရှုဒေါင့်မျိုးစုံ ကနေ ထင်ချင်ရာထင်နိုင်ဖို့ ဖတ်လိုက်ကြပါဦး။

    သံမဒဂျီး သံမဒဂျီး သံမတဂျီးကိုခြစ်တယ် Love (ကြောင်ကြီး)
    http://myanmargazette.net/145698

    သွက်လက်တဲ့ သရော်စာရေးဟန်လေးပါ။ စားကောင်းတဲ့ဟင်းတခွက်ကို ဘာကြောင့်ကောင်းသလဲ လို့မေးရင် စားကြည့်ဗျာ လို့ ဖြေလိုက်တာက အမှန်ဆုံးဖြစ်သလို- ယခုလဲ ဖတ်ကြည့်ဗျာ.. လို့ ညွှန်းထိုက်တဲ့ စာမူဖြစ်ပါကြောင်း။

    • Khaing Khaing

      September 19, 2012 at 3:33 pm

      အောင်မိုးသူ …. စာပေဆုရရှိသွားတာ တကယ့်ကိုထိုက်တန်ပါတယ် … ဂုဏ်ယူပါတယ် စာကောင်းပေမွန် တွေကို ဆက်လက်တင်ပြနိုင်ပါစေလို့ …….

  • ဦးဦးပါလေရာ

    September 13, 2012 at 10:48 pm

    ဖြောင်း…. ဖြောင်း…. ဖြောင်း…. ဖြောင်း….

    ဆုရရှိသူနဲ့ ပဏာမအရွေးခံရသူများကို ဂုဏ်ပြုပါကြောင်း…။

    ဒါထက် အခုလိုဂိုလေးက တော်တော်မိုက်တာပါလား…
    ဆုတံဆိပ်ကို စ ပြီးစဉ်းစားကြပါဗျို့….

    • MaMa

      September 14, 2012 at 9:40 am

      ဖြောင်း…. ဖြောင်း…. ဖြောင်း…. ဖြောင်း….
      ဆိုတဲ့အသံကြားလို့…
      နားရင်းအုပ်သံလို့ ထင်လိုက်တာ။
      ခုရက်ထဲ သွေးကြောင်နေလို့ ထင်ပါရဲ့။ :mrgreen:
      အကြော်စုံပါ စီဂျေကြီးရေ။
      ဂုဏ်ပြုတဲ့အနေနဲ့ အဆင့်မြင့်မြင့်အကြော်စုံကျွေးဖို့ ဖားပြုတ်ကားတစ်စီးနဲ့ အကြော်ရောင်းတဲ့ ဦးကြီးမိုက်အကြော်ကို ရှာလိုက်ပါအုံးမယ်။ 😀

  • nozomi

    September 13, 2012 at 11:03 pm

    ကိုအောင်မိုးသူကြီး ဂုဏ်ပြုပါတယ်

    ကထူးဆန်းက လူသားတိုင်းအတွက် မန်းဂဇက်ဆိုတော့
    ကြောင်တွေ အတွက်ရော

    • ကထူးဆန်း

      September 14, 2012 at 9:04 pm

      ကြောင်တွေ အတွက်တော့ ကြောင်ချုပ်ကြီး ဦးကြောင်ကြီးကို တာဝန်လွှဲလိုက်မယ် .. 😀

  • မောင်ပေ

    September 14, 2012 at 1:54 am

    အချိန်ပေးပြီး စနစ်တကျ လုပ်ဆောင်ခဲ့ကြသော ကထူးဆန်း အံကြီးနဲ့ ရွေးခြယ်ရေးကော်မတီဝင်အားလုံး ဂုဏ်ပြုပါတယ်

  • အရီးခင်လတ်

    September 14, 2012 at 2:20 am

    အောင်မယ်လေးလေးလေး။
    ဒါကြောင့်လဲ စီဂျေကြီး၊ စီဂျေကြီး နဲ့ နာမည်ကြီးနေတာကိုး။
    ဒီလို တာထွက် တွေ ကောင်းနေကြတော့ နောက်က လူတွေ ဘယ်လိုလိုက်လို့ မှီပါတော့မလဲ လို့ တွေးရင်း
    ဝမ်းသာရမှာလား၊ ဝမ်းနည်းရမှာလား ကထူးဆန်း ရယ်လို့သာ မှိုင်တွေချရင်း ပြောလိုက်တော့မည်။

    နောင်ခါလာ၊နောင်ခါဈေး။
    အခုတော့
    ဆုရသူ အောင်မိုးသူ
    အခြားရွေးချယ်ခံရသူ များ နဲ့ ဩဂုတ်လ အတွင်း ဝင်ရောက်ရေးသားခဲ့ကြသော ကလောင်ရှင် များအားလုံး (ကျွန်မလဲ ပါတယ်) အတွက်များစွာ ဂုဏ်ယူ မိပါတယ်။
    မိမိရဲ့ စာစွမ်း များ နဲ့ ဂဇက် ကို အားဖြည့်ပေးကြလို့ လဲ အားလုံးကို ကျေးဇူးတင်ပါတယ်။
    ဝင်ရောက်ဖတ်ရှုသူ ကျေးဇူးရှင် ပိတ်သတ် ကြီး ကိုလဲ မေတ္တာဖြင့် ဆက်လက်အားပေးကြပါလို့ လေးစားစွာ ပန်ကြားလိုက်ရပါသည် ရှင့်။ 🙂

  • ကြောင်ကြီး

    September 14, 2012 at 9:14 am

    အောင်မိုးသူ
    ကြောင်ပိုးဖြူ
    မှောင်တိုးလူ
    ယောင်အိုးပူ
    နောင်ဖြိုးဆူ
    လောင်မိုးထူ
    ပေါင်အိုးခြူ
    ဗျောင်ဂိုးလှူ…

  • မဟာရာဇာ အံစာတုံး

    September 14, 2012 at 9:27 am

    ဘာရယ်ညာရယ် မသိဘူး ..
    စာပေဆုအတွက် လုပ်ထားတဲ့ ဒီဇိုင်းကို အရမ်းကြိုက်တယ်ဗျာ ..
    ချယ်ပဲဗျို့ …
    ဆုရသွားတဲ့ ကိုအောင်မိုးသူကိုလည်း ကွန်ဂရက်ကျူလေးချင်းပါလို့ ..
    ပီးဒေါ့ ဥထူးဆန်းဂျီးကိုလည်း ရှဲရှဲပါလို့ ..

    • ကထူးဆန်း

      September 14, 2012 at 9:05 pm

      ဟယ် .. ခါးဝတ်ပုဆိုးမြဲ နေရက်နဲ့ ဘယ်နဲ့ ဥထူးဆန်းဖြစ်သွားပါလိမ့်..

  • သူရဿဝါ

    September 14, 2012 at 9:34 am

    ငယ်ငယ်ရွယ်ရွယ်နဲ့ ရေးလက်ရှိတဲ့လူတစ်ယောက်အဖြစ် အောင်မိုးသူ (ကလောင်အမည် – စူးရှ) ကို အရင်ကတည်းက သတိ ထားမိပါတယ်။ အခြား ဝက်ဘ်ဆိုက် တွေမှာ ပြုလုပ်တဲ့ ပြိုင်ပွဲတွေ မှာလည်း ဆုတွေ ခဏခဏ ရနေကျ သူတစ်ယောက်ပါ။ ဒါပေမယ့် နည်းနည်း “ရှမ်း” ပါတယ်။ အလားအလာကောင်း ရှိသူ တစ်ဦး ဖြစ်တာမို့ သူ့လို လူမျိုးက မှားတာတွေ တွေ့ရင် သူများတွေ မှားတာထက် ပိုပြီး ဒေါသ (စေတနာအရင်းခံသော ဒေါသ) ဖြစ်ရပါတယ်။ ဒီထက်ပိုပြီး စာလုံးပေါင်း သတ်ပုံတွေ၊ သဒ္ဒါ အထားအသိုတွေ ဂရုစိုက် စေချင်ပါတယ်။ ဂဏန်းတွေကို မြန်မာလို မရေးဘဲ အင်္ဂလိပ်လို (1, 2) စသည်ဖြင့် စာထဲ ထည့်ထည့် ရေးတဲ့ အကျင့်ကို ဖျောက်စေချင်ပါတယ်။ အခု သူ့ပိုစ့်ကို ဖတ်ကြည့်တော့ ခါတိုင်း ပြိုင်ပွဲတွေမှာ အဲဒီ အင်္ဂလိပ်လို ဂဏန်းတွေ ထည့်ရေးတာကို ကျွန်တော် ပြောနေကျ မို့လားတော့ မသိဘူး … မရေးတော့ဘဲ မြန်မာလို ဂဏန်းတွေပဲ သုံးလာတာကို တွေ့ရပါတယ်။ အပေါ်မှာ ပြောခဲ့သလို မပြောပလောက်တဲ့ အမှားတွေကို ဂရုစိုက်ရင် အရမ်းကို အဆင်ပြေသွားမှာပါ။

    • ကထူးဆန်း

      September 14, 2012 at 9:29 pm

      ကိုသူရစာတွေလည်း မလွတ်တမ်း ဖတ်ပြီး အားပေးနေပါတယ် ခင်ဗျ..

  • kyeemite

    September 14, 2012 at 9:37 am

    ဖြောင်း…. ဖြောင်း…. ဖြောင်း…. ဖြောင်း….
    အော်…ဒါ့ကြောင့်လဲ…ကထူးဆန်းလို့နာမည် ကြီးပေတာပဲ..
    အင်မတန်ထူးဆန်းလှတဲ့ အရေးအသားလေးနဲ့တင်ပြသွားတာ လက်ဖျားခါပါဂျောင်း…..
    ဒီလထဲရေးကြသူတွေအတော်များများ ကောင်းနေကြလို့ ရွေးရတော်တော်ခက်ခဲ့ရပါဂျောင်း..
    ဘာပဲဖြစ်ဖြစ် ရွေးချယ်မှု့အောင်မြင်သွားပြီဖြစ်လို့….
    ၁၄ မှတ် နှင့် ၂၀၁၂ ဩဂုတ်လ အကြိုက်ဆုံးပိုစ့်
    ဆုရရှိသူ “ကိုအောင်မိုးသူ” နဲ့ ပဏာမအရွေးခံရသူများအားလုံးကို ဂုဏ်ပြုပါကြောင်း…။

  • aung moethu

    September 14, 2012 at 10:13 am

    ပျော်ပါတယ် ဝမ်းသာပါတယ်။ ကိုယ်ရေးတဲ့စာလေးကို အသိအမှတ်ပြုတဲ့အတွက် ခုနောက်ပိုင်းလည်း တော်တော်လေး ဆင်ခြင်ရေးလာပါတယ်။ နောက်ပိုင်း ရေးမယ့်စာတွေလည်း အားပေးပါဦးလို့ အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။ း)

    • ကထူးဆန်း

      September 14, 2012 at 9:10 pm

      congratulation ပါ ကိုအောင်မိုးသူရေ ..

    • candle .

      September 16, 2012 at 8:20 pm

      ကွန်ကရက်ကျူရေးရှင်း..ပါရှင့်
      အမြဲအားပေးနေပါတယ်..

  • surmi

    September 14, 2012 at 10:26 am

    အောင်မိုးသူရေ …… ဂုဏ်ပြုတယ်ဟေ ့ ့ ့ ့ ့ ့ ့ ့
    ကဲ ကထူးဆန်း ကျနော်မှန်းတာ မှန်တယ်မဟုတ်လား ဟဲ ဟဲ
    ဘာဆုချမလဲပြော (မရ ရတာလေး ဝင်ဖဲ ့ဦးမှ)
    ည ကတည်းကတွေ ့ပါ ့ဗျာ ။ ထင်တော ့ထင်သား အောင်မိုးသူက ဒီရွာမှာ အသစ်
    ဆိုပေမဲ ့ တခြားမှာ ရေးလက်ရှိပြီးသားဘဲ ။ကိုဝါဝါ ရှင်းပြတော ့မှ ထင်ထားတာလေး
    မှန်နေတာ ။ သူ ့စာတွေက မမန် ့ဖြစ်ပေမဲ ့ တော်တော်များများဖတ်ဖြစ်တယ်
    အဲ နောက်တစ်ခုက
    အခုလိုမထင်မှတ်တဲ ့ပုံစံနဲ ့ ကြေငြာသွားတာလေး အထူးသဘောကျကြောင်း
    နောက်လတွေမှာ ဘယ်သူက ဘယ်လို ကြေငြာမှာလဲလို ့လဲ စိတ်ဝင်စားပါကြောင်း

    • surmi

      September 14, 2012 at 11:56 am

      နေဦး နေဦး ပြောဖို ့မေ ့သွားလို ့
      ရှစ်ကြီးခိုးပါရဲ ့ ကျုပ်ကိုချွန်ထားတာလေး ပြန်ရုပ်သိမ်း ပေးပါနော်
      သီတင်းကျွတ်အမှီ လာကန်တော ့ပါ ့မယ် ဟဲ ဟဲ
      အဲဒီ ဒေါက်ချာဆာမိ ဆိုတဲ ့ကောင်ကလေ
      အခုပြေးနေရသတဲ ့ ။ မန်ဘာအကောင် ့တရားမဝင်ရောင်းဝယ်မှုဆိုလား
      ရွာရဲ ့စီးပွားရေးကို မတည်မငြိမ်ပြုလုပ်မှုဆိုလား ။ဆိုင်းဘုတ်ရေးခအကြွေး
      ေလေးတောင်ဆပ်မသွားဘူးတဲ ့ ။ အဲဒါ အဲဒါ ဟဲဟဲ
      လမ်းတွေ ့ရင်လက်ဘက်ရည်တိုက်မယ်နော် ။ကြောက် ကြောက်

      • ကထူးဆန်း

        September 14, 2012 at 9:14 pm

        ရဘူး … ပထမတစ်ခါ ဖြေပြီးကတည်းက ဘာမှ မပြောသွားလို့ ဆိတ်ဆိတ်နေလျှင် ဝန်ခံခြင်းမည်သည်ကို လက်ကိုင်ပြုပြီး အဖွဲ့ဝင် အဖြစ်သတ်မှတ်မလို့ ..
        စိတ်ကူးမလွဲနဲ့ နော် .. ကော်မတီဝင်ဆိုတော့ မန်ဘာအကောင့် ပိုရမယ် ထင်တယ် နော့် .. 😀

    • နေဝန်းနီ

      September 15, 2012 at 4:42 pm

      ဆာမိလေးရေ….. နာက နင့်ကိုရစေ့ချင်နေတာ ဆာမိငပိထောင်းနေကတည်းက နင့်ကိုသနားနေတာ သိလား ကဲ ခုတော့ မနေနိုင်လို့ဝင်ပြောပစ်လိုက်ပြီ………. မှတ်ကရော………

  • amatmin

    September 14, 2012 at 10:56 am

    ဩဂုတ်လဆုရှင် ကိုအောင်မိုးသူအတွက် ဝမ်းသာပါသဗျ..
    ဆုဒီဇိုင်းလေးကိုလည်း ကြိုက်သဗျို့…
    နောင်လများမှာလည်း ဆုရမဲ့လူတွေကိုအားပေးရင်း..
    ဆုပေးပွဲတက်ပီး..ဘူဖေးစားဖို့ မျှော်နေပါကြောင်း..
    လိုအပ်တာလေးတွေလည်း ကူညီရင်းပေါ့ 😛

  • ရွှေ ကြည်

    September 14, 2012 at 11:36 am

    ကိုအောင်မိုးသူရေ ဂုဏ်ယူပါတယ်နော်။
    နောက်နောင်လည်းစာကောင်းပေမွန်တွေအများကြီးရေးဖွဲ့နိုင်ပါစေလို့..။
    ကိုထူးဆန်းကြီးရေးတတ်ချက်ကတော့…မပြောတော့ဘူး 😀

    _________________________
    I added cool smileys to this message… if you don’t see them go to: http://s.exps.me

    • ကထူးဆန်း

      September 14, 2012 at 9:15 pm

      မပြောတော့ဘူး .. စိတ်ကုန်လွန်းလို့ ပြောမလို့ မှလား .. သိနေတယ် .. သိနေတယ်.. 😥

      • ရွှေ ကြည်

        September 15, 2012 at 3:26 pm

        အယ် ကိုစီဂျေကြီးက တော်လိုက်တာ ချက်ဆိုနားကွက်ကမီးတောက်တယ် 😀
        အဲလိုပြောပါ့မလားကိုထူးဆန်းရယ် ကိုထူးဆန်းရေးထားတာကောင်းလွန်းလို့ဘယ်လိုပြောရမယ်မှန်းမသိဖြစ်သွားတာပါနော်..။

        _________________________
        I added cool smileys to this message… if you don’t see them go to: http://s.exps.me

  • စိန်ဗိုက်ဗိုက်

    September 14, 2012 at 12:04 pm

    ဒို ့မရပေမဲ့ ဒို ့ရသလိုပဲ ပျော့် မိပါတယ်ကွယ်..
    ကိုအောင်ဂျီး.ကိုအောင်ဂျီး..
    ကိုအောင်ဂျီးကို ဂျစ်တယ်..
    🙂

  • လုံမလေး မွန်မွန်

    September 14, 2012 at 12:49 pm

    ဝိုး..ဗယာကြော်…အဲအဲ..Bravo!!!
    လုံမလေးလည်း အဲဒီပို့စ်ကို အရမ်းကြိုက်တာ… တကယ်တမ်း ဆကာတင်တွေ ချပြတော့ နည်းနည်းတွေဝေသွားသေးတယ်…အကုန်က ကောင်းနေတာကိုး…

    ကိုအောင်မိုးသူအတွက် ဂုဏ်ယူမိပါတယ်ရှင်…

    အဲပွဲကြီး ကျင်းပတဲ့အခါကျရင် ခေါ်နော်…ဒဂယ်ကူညီပေးမှာ… ပြီးရင် ဒဂယ်အမှန်အကန်ကို စားမှာ. (အဲ ပေါ်ကုန်ပြီ) ..အားပေးမှာ… :mrgreen:

    • Shwe Tike Soe

      September 14, 2012 at 4:54 pm

      ဟဲ့ဟဲ့ အော် ပြောပါဒယ် လျှပ်ပေါ်လော်လီတဲ့ အဝတ်အစားတွေ မဝတ်ပါနဲ.ဆိုတာ အခုတော့ ပေါ်ကုန်ပြီ
      မပြောတော့ဘူး မပြောတော့ဘူး ပြောာာာာာာာကိုးးးးးးးးးးးးးမပြောချင်ဘူး……….:P

  • aung moethu

    September 14, 2012 at 1:24 pm

    ပွဲကျရင် ကျော်ချရာ ကြီးပေါ့နော်… ဟိဟိ… ဘူဖေးကို ကျတော်က သိပ်ကြိုက် း)

  • ကိုခင်ခ

    September 14, 2012 at 2:31 pm

    ကိုအောင်မိုးသူရေ Bravo ဗျာ။
    ဂဇက်စာပေတွေ ပိုစ့်ရေးတင်ကြသူ၊ ကွန်မန့်ပေးရေးကြ ငြင်းကြ ဆွေးနွေကြသူ၊ ဖတ်ရှု့ကြသူ ရွာသူားများ အားလုံးကိုလည်း လက်ခုပ်ဩဘာတီး အားပေးလိုက်တယ်ဗျာ။

  • pooch

    September 14, 2012 at 2:45 pm

    ဒီလ ဆုပိုင်ရှင်အတွက် ဂုဏ်ယူပါကြောင်း ။
    အောက်နားလေးက စာတွေ ကျော်ဖတ်သွားတယ် မမြင်ချင်ယောင်ဆောင်ပြီး။
    အသနားခံစာ တင်ပြီးပြီလေ သနားကြပါရှင် :mrgreen:

    • ကထူးဆန်း

      September 14, 2012 at 9:18 pm

      အခုထဲ ကခေါ်မှာ.. ရွေးချယ်ရေး အဖွဲ့ထဲ ပါပေး ပါလားလို့ .. အန်တီမမ ရဲ့ သတ်ပုံ အဖွဲ့ဝင်ဆိုတော့ ဒီမှာ ပါ တလက်စထဲ … 😀

  • Mon Kit

    September 14, 2012 at 3:31 pm

    ကွန်ကရက်ကျူလေးရှင်းပါ ကိုအောင်မိုးသူ…

  • Shwe Tike Soe

    September 14, 2012 at 3:43 pm

    အားကျလိုက်ထာအေ………. ရေးမယ် ရေးအုံးမယ်..
    ရွှေတိုက်စိုး မင်း စာပေဆု ရအောင် ကြိုးစားစမ်း ကြိုးစားလိုက်စမ်း ငါ့ကောင်….. သူများတွေ ရနေတာမြင်လား မင်းကြိုးစားလိုက်စမ်း…………. ဝါးးးးးးးးးးးး ပြန်အိပ်လိုက်အုံးမယ်..တရေးနိုးမှ ရေးတော့မယ်……..အဟီးးးးးးးးးးးးးးးး

    စာပေဆုရတဲ့ ကိုကို ကို ဂုဏ်ပြုပါတယ် နော်……..
    ရွာသူ၊ရွာသား ဦးဆောင်သူများကို လဲ ပတ်ရမ်းကာ ကျေးဇူး တင်ပါကြောင်းးးးးးးးးးးး 😀

    • ကထူးဆန်း

      September 14, 2012 at 9:22 pm

      ပတ်ရမ်းကာ ကျေးဇူးတင်ရုံ နဲ့ မရ ။
      ကိုကို ကြောင်ဝတုတ် နဲ့ တူတူ ရွေးချယ်ရေး အဖွဲ့ဝင် အဖြစ် ငှက်ကထကြီး ဦးဦးပါ မှ အမိန့်ထုတ်ပြန် ခန့်အပ်ပေးပါရန် တောင်းဆိုပါကြောင်း ။

      • Shwe Tike Soe

        September 15, 2012 at 10:58 am

        စင်ပေါ်အရောက်ပို.မှတော့ က ရတော့ပေမပေါ့ ……. ရွှေမန်းတင်မောင် မျိုးဆက်ပဲလေ.. ဟေဟေဟေ့

      • Shwe Tike Soe

        September 15, 2012 at 10:58 am

        စင်ပေါ်အရောက်ပို.မှတော့ က ရတော့ပေမပေါ့ ……. ရွှေမန်းတင်မောင် မျိုးဆက်ပဲလေ.. ဟေဟေဟေ့

        • ရွှေ ကြည်

          September 17, 2012 at 12:09 pm

          ကိုရွှေတိုက်အကကောင်းတာသိပါတယ် အဟဲ..။

  • ကြောင်ဝတုတ်

    September 14, 2012 at 4:30 pm

    နောက်ဆုံးမတော့ iထူးဆန်း အဲအဲ ကထူးဆန်း တို့ ရွာ အရေးဆို ဘယ်တော့ မှ သွေးမပျက်သော ရခိုင်သွေးချင်းတို့ အလှုမှာ လည်ပင်းထညစ်ထားကြသည့် ကြောင်ဝတုတ် နှင့် ရွှေတိုက်စိုး တို့ နှစ်ယောက်အား ကူူညီပါရစေ မဟုတ် ကူညီကြပါခင်ဗျာ လို့ မေတ္တာရပ်ခံ ရပါတော့မည်။

    အဘအိုင်ထူးဆန်းက ကူညီပါဆိုတော့… တတ်နိုင်ရင် လက်မနှေးတတ်သူမို့… ကူညီပါ့မယ်လို့ပြောမိတယ်…
    သေချာပြန်စဉ်းစားတော့… ကိုယ့်ဟာကိုယ်ပြန်စဉ်းစားမိတယ်…

    “ဟဲ့… ကြောင်ဝတုတ်… နင်က ဘာသောက်ဆင့်ရှိလို့သူများရေးတဲ့စာကိုရွေးရမှာတုန်း…”

    ကိုယ့်ဟာကိုယ်ပြန်မေးတော့…

    ကြောင်ဝတုတ်ဆိုတဲ့ကောင်က စိတ်ရမ်းလက်ရမ်းနဲ့ ရေးချင်တာရေးတာကို လူကြီးတွေကသနားလို့ခွင့်ပေးထားတာ..
    အဲဒီတော့ ကျုပ်စိတ်ရမ်းလက်ရမ်းနဲ့ရွေးချယ်ရာမှာ အမှားအယွင်းရှိရင်… ကျွန်တော့်မဝေခွဲတတ်သော၊ အသိဉာဏ်မမီသော အမှားအယွင်းသာဖြစ်ကြောင်း ကြိုတင်တောင်းပန်ပါရစေ…
    အတတ်နိုင်ဆုံး ကြိုးစားကူညီပေးပါ့မယ်လို့…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • ကထူးဆန်း

      September 14, 2012 at 9:27 pm

      အိုင်တို့လို အဖိုးကြီးတွေ မျက်စိမှုန်မှုန် နဲ့ ကြိုက်တာ စွတ်တင်တာလောက်တော့ မဆိုးနိုုင်ပါဘူးကွယ် .. 😀

  • Nyein Nyein

    September 15, 2012 at 11:22 am

    ဆုရရှိတဲ့ ကိုအောင်မိုးသူကော၊ ပဏာမအရွေးခံရတဲ့သူတွေအားလုံးကို ဂုဏ်ပြုပါတယ်နော်။ နောင်လည်း ဒီ့ထက်မက အောင်မြင်နိုင်ကြပါစေ…………. ကောင်းမွန်သော စာကောင်းပေကောင်းများလည်း ဒီ့ထက်မက ရေးနိုင်ကြပါစေ…………….

  • manawphyulay

    September 15, 2012 at 11:30 am

    ဘယ်သူပဲရရ… စာပေကိုချစ်မြတ်နိုးသူတိုင်း စာပေဖြင့် အများအကျိုးအတွက် ရှေ့ဆက်လုပ်ဆောင်နိုင်ပါစေလို့ ပြောရင်းနဲ့
    ဂုဏ်ပြုလက်ခုပ်တီး အားပေးသွားပါတယ်။ ဆက်လက်ပြီးလည်း ဖြန့်ဝေနိုင်ပါစေနော်။

  • kotun winlatt

    September 15, 2012 at 3:01 pm

    ပို့စ်တင်တဲ့ ကိုထူးဆန်းရော…
    ဆုရတဲ့ ကိုအောင်မိုးသူရော…
    ဂုဏ်ယူပါတယ်…..
    လေးစားလျှက်ပါဆိုတဲ့ အကြောင်းးးးပြောကြားလိုပါတယ်…..

  • padonmar

    September 15, 2012 at 8:47 pm

    ဘကြီးအောင်ရေ
    ဂုဏ်ပြုပါတယ်။
    အမှန်တော့ ဒီလ စာကောင်းတွေ တော်တော်ကိုများလာတာ ဝမ်းသာစရာပါ။
    ချန်ခဲ့ရမှာတောင ်အားနာစရာဖြစ်ရတဲ့ အထိပါပဲ။
    ဖတ်မိသမျှထဲမှာ ကြိုက်ပေမယ့် ထားခဲ့ရတာလေးတွေလည်း လက်တို့ချင်ပါတယ်။

    စကားပြောသော မျက်လုံးများ
    – ဦး ကျောက်ခဲ
    Aug 4, 2012
    …………………………………………..

    http://myanmargazette.net/141925
    ဃိန် ….ဂိန်…..ကိန်
    – ရဲစည် Aug 3, 2012 in Creative Writing, My Dear Diary, Think Different |
    ……………………………..
    http://myanmargazette.net/142905/creative-writing
    နွေး ..ဆက်ဆက်ပြန်ခဲ့မယ်
    – surmi Aug 7, 2012 in Creative Writing |
    …………………
    http://myanmargazette.net/144317/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories
    ကျွန်တော့် ကြောင်ကလေး သေရှာပြီ
    – ရင် နင့် အောင် Aug 14, 2012
    ……………….
    http://myanmargazette.net/144421/society-lifestyle/aha-jokes
    ပြောချင်တာပြော ခွေးလွှတ်တယ် forgiveness
    – ကြောင်ကြီး Aug 15
    ………………..
    http://myanmargazette.net/144487/education
    ဓာတ်ပုံရိုက်ရန်အတွက်ယူထားသောဘွဲ့လက်မှတ်
    – ကြောင်ဝတုတ် Aug 15, 2012
    …………………
    အက္ခရာဆန်သော သူများ
    – ရင် နင့် အောင် Aug 15, 2012
    http://myanmargazette.net/144429/creative-writing/short-story
    ……………..
    အံဇာတုံး ရဲ့ ရတနာသိုက်ရှာပုံတော်

    တို့လည်း လက်ရွေးစင်တွေပါပဲ။

  • padonmar

    September 15, 2012 at 8:49 pm

    အော်မေ့လို့
    ကထူးဆန်း pass the exam with flying colours ပါလို့။
    တီချာကြီး ကိုယ်စားပြောလိုက်ပါတယ်။

  • အလင်းဆက်

    September 16, 2012 at 8:15 pm

    အောင်မိုးသူ…..
    ဆောင်..တိုး…ယူ သွား…တယ် .ဆိုလို ့….

    ဂုဏ်ယူဝမ်းမြောက်မိပါတယ်ဗျာ.။
    ________

    ကဲ..က်ုအောင်မိုးသူ…
    ဘီဘီ.တိုက်မှာလား။
    😀
    ______________

    အပင်ပန်းခံ… ကြိုးစား၍…
    ဆုကို..ရွေးချယ်…စီစဉ်ပေးနေသော…
    အကဲဖြတ်အဖွဲ ့ကို…
    လေးစားစွာ….
    ကျေးဇူးတင်မိပါတယ် ။
    ဒီ အစီအစဉ်က… စာပေ.လောက အတွက်…အထောက်အကူ အများကြီး ရှိတဲ ့အစီအစဉ်ပါပဲ.။

    ဒီ အစီအစဉ်က နေ..အသိ် အမှတ်ပြု..ဆုတွေ.လက်ခံရရှိလိုက်တဲ ့စာရေးသူ..ဟာ..
    စာရေးသားခြင်းအတတ်ပညာရှင်တစ်ယောက်လည်း..ဖြစ်လာနိုင်ပါတယ် ။
    စာပေ.ရေးသားခြင်းမှာ…ထူးချွန်..သူ…မို ့…
    လေးစားထိုက်သူလည်း.ဖြစ်ပါတယ် ။

    င်္ဒီ အစီအစဉ်ကြီး… အဓွန် ့ရှည်ပါစေလို ့.ဆုတောင်းလျက်….

    ခင်မင်လေးစားစွာ…

    • aung moethu

      September 17, 2012 at 3:46 pm

      ဘီ..ဘီ တစ်ဝိုင်းဆို နှစ်သောင်းနီးပါးနော့်.. လစာထုတ်ရင် တိုက်မယ်ဗျာ… း)

  • အလင်းဆက်

    September 17, 2012 at 9:35 pm

    ဟင်…
    ကအောင်မိုးသူ
    ဂယ်ကြောရာ..ရား…ဟင်..

    ( အဲ.. းဝမ်းသာ ပြီး.ဂျကား ( စကား ) တွေတောင် မပီတော့ဝူး..။ )

    တကယ်ပြောတာလား။
    ဟူး….
    မောလိုက်တာ…က အောင်မိုးသူ..များ..ဘာပြန်ပြောမလဲ.လို ့ အပြေးအလွှား..လာကြည့်ရတာ…
    😀

  • MaMa

    September 18, 2012 at 7:50 am

    အလင်းဆက်နဲ့ အောင်မိုးသူတို့ အပြန်အလှန်ပြောကြတာတွေကိုဖတ်ပြီး ….
    မန်းဂေဇက်ချစ်သူများ စာပေဆုရတာ….
    ရှုံး..လူ ငယ်ငယ်က ဆုသွားယူတာကို ရေးထားသလို မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်နေအုံးမယ်။ 😛

    • aung moethu

      September 18, 2012 at 9:24 am

      အော်…တိုက်မယ်ဆိုတာ မယုတ်မလွန်လေးပေါ့… ဟက်ဘိုင်ဟက်လေ… အဲဒါချို ပိုကောင်းဒယ်နော်… အလင်းဆက်.. း)

  • အလင်းဆက်

    September 18, 2012 at 9:28 am

    ဒါချိုလည်း… နောက်တစ်ယောက်လောက်… ရှာဦး မယ်လေ ။
    စိန်ဗိုက်ဗိုက် ဘယ်ရောက်နေလဲ.။

    အော်။ အန်တီမမ

    မ = ..မှာ.. အန်တီမမ အကြောင်းစာဖွဲ ့စေချင်သလား..။
    အဟိ ။
    ကိုမ်ိုးမင်းသားကတော့…. ဘီဘီတိုက်မယ်..ဆိုပဲ. ။
    မ =မိုးမင်းသား…ဘာညာ သာရကာ..လေး.လုပ်ပါလား..တဲ ့။
    အဟိ ။

    😀

    • ဒဿ ဖွတ်ကျား

      September 18, 2012 at 9:35 am

      အူးလေး ..ဒါရှို … ဒ= ဒဿဖွတ်ကျား …လည်း မျှော်လင့်လို့ရဒယ်ပေါ့နော်…

      ဟီဟိ

      😆

  • အလင်းဆက်

    September 18, 2012 at 1:29 pm

    ဟိုက်……
    လာပြန် ပ ဟ
    😀

    မိုးမင်းသားက ဘီဘီတိုက်မှာတဲ ့လေ…။
    ဟေ ဟေ…:D

  • shwe pont

    September 18, 2012 at 5:10 pm

    ကိုအောင်မိုးသူအတွက် ဂုဏ်ယူပါတယ်။
    အဲဒီပို့စ်လေးဖတ်တုန်းက အသုပ် 200 ဖိုးလာဝယ်တဲ့ကလေးကို ညီညီညာညာလေး လေးပုံ ပုံတယ်လိုက်တဲ့ ဆိုတဲ့အရေးအသားလေးကို ပိုသဘောကျပြီး မျက်လုံးထဲမှာ ရုပ်ရှင်ပြသလို မြင်ယောင်မိတယ်။ မုန် ့ဟင်းခါး ဆိုင်ထဲ ကိုယ်ပါရောက်သွားသလိုပါပဲ။
    ကိုယ်တိုင်တော့ မရေးဖြစ်ဘဲ၊ သူများရေးတဲ့စာတွေဘဲ ဖတ်ပြီး အားကျနေမိတယ်။

    • aung moethu

      September 19, 2012 at 4:08 pm

      အားလုံးကို ကျးဇူးတင်ပါတယ် း)

  • Mobile

    October 4, 2012 at 8:10 pm

    စာပေးအရေးအသား ကောင်းမွန်သူတွေကိုလေးစားပါတယ်
    ကျနော် လည်းစားရေးတာကိုအလွန်ဝါသနာပါတယ်။
    တစ်ပုဒ်မှတော့ မရေးရသေးပါဘူး။
    “ဖက်လို့ကောင်းအောင်မရေးတတ်ပေမယ့်
    အလွန်ဝါသနာထုံတဲ့မောင်”

Leave a Reply