Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ ကိုင်ထားတာတွေများနေတော့ လွတ်မကျခင် လွှတ်ချပေးရင်ကောင်းမယ်”

“ ကိုင်ထားတာတွေများနေတော့ လွတ်မကျခင် လွှတ်ချပေးရင်ကောင်းမယ်”

 

မနက်အလုပ်လာတဲ့အချိန်မီးပွိုင့်အရောက် မင်္ဂလာဆောင်လှည့်လာတာနဲ့ကြုံတော့ ရပ်စောင့်နေရပါတယ်။

မင်္ဂလာဆောင်လှည့်ရင် အလှူလှည့်ရင် အသုဘချလာရင် သူတို့ကိုဦးစားပေးပြီး ဆန့်ကျင်ဘက်ယာဉ်ကြောတွေ

ကို လမ်းခဏပိတ်ပေးထားတတ်ပါတယ်။

ယာဉ်ထိန်းက ပိတ်မပေးရင်လည်း ရှေ့ပြေးဆိုင်ကယ်သုံးလေးစီးက ခပ်တည်တည်နဲ့လမ်းကို ကန့်လတ်ဖြတ်ပြီး

ရပ်ထားလိုက်တာပါဘဲ။

“မည်သူမျှမဝင်ရ”ဆိုတဲ့ဒီဇိုင်းနဲ့ပေါ့။

အုပ်စုလိုက်တန်းစီလှည့်လာရင် သာမန်လမ်းသွားလမ်းလာတွေရပ်ပေးရတယ်ဆိုတာ ထုံးစံလိုဖြစ်နေပါတယ်။

အဲတော့ကျန်တဲ့လူက အလုပ်ဘယ်လောက်ရှိရှိ ဘယ်လောက်အရေးကြီးကြီး လှည့်လာတဲ့

ယာဉ်တန်းမဆုံး မခြင်းရပ်စောင့်နေရတာ ကတော့ အမြဲတမ်းလိုလိုဖြစ်နေပါတယ်။

မနက်(၈)နာရီပါတ်ဝန်းကျင်ဆိုတာ ကျောင်းသွားဈေးသွားအလုပ်သွားတတ်တဲ့အချိန်

တနည်းအားဖြင့်အချိန်ကိုက်လုပ်ဆောင်ကြရတဲ့အချိန်ဖြစ်ပါတယ်။

ဒီလို အချိန်မျိုးကြီးမှာ  အလှူဖြစ်ဖြစ် မင်္ဂလာဆောင်ဖြစ်ဖြစ ်လှည့်လာတာများ နှစ်ခုသုံးခုနဲ့ဆက်တိုက် ကြုံရင်လိုရာခရီးကို

အချိန်မီမရောက်နိုင်တာအသေအချာ။

ရုံးသမား ဈေးသမားလဲအချိန်မှီမရောက် ကလေးများလဲကျောင်းနောက်ကျပေါ့။

အခုလိုသီတင်းကျွတ်ပြီးစရက်များမှာတော့ မင်္ဂလာဆောင်တွေက

ပူလွန်းလို့ တွင်းထဲက ထွက်လာတဲ့ ပုရစ်များလို အလုအယက် တန်းစီလို့ဆောင်လိုက်ကြတာ

အိမ်ရောက်လာတဲ့ ဖိတ်စာတွေကို က မနည်းပါဘူး။

 

မင်္ဂလာဆောင်ကားတန်းကို စောင့်နေတုန်းမှာဘဲ လှည့်လာတဲ့  ရှေ့ပြေး ဆိုင်ကယ်တစ်စီးက ရှေ့ဘီးထောင်ပြီးစီးပြပါတော့တယ်။

သူ့နောက်ကလိုက်တဲ့ကောင်လေးကတော့ ဖိနပ်ကို ကတ္တရာလမ်းနဲ့လျောတိုက်ပြီးလိုက်ပေါ့။

အတော်ဝေးဝေးရောက်မှ ဘီးထောင်စီးတာကိုပြန်ချပါတယ်။

အဲလိုဆိုင်ကယ်ရှေ့ဘီးထောင်စီးတာမြင်ရတော့ ပြုတ်များကျပြီး လဲများလဲခဲ့ရင်ဆိုပြီးစိတ်ပူနေပေမယ့်

သူကတော့ တကယ့်ဆရာကြီးဒီဇိုင်းနဲ့ပါဘဲ။

အဲဒီဆိုင်ကယ်နဲ့ဘေးချင်းယှဉ်ပါလာတဲ့ ယာဉ်တွေကတော့ ရင်တမမနဲ့ပေါ့။

 

မန်းလေးမှာ အလှူ မင်္ဂလာဆောင် ဘာသာရေးအခမ်းအနားနဲ့နာရေး အတွက်ဆိုရင် ရှေ့ပြေးဆိုင်ကယ်

အုပ်စု က မပါမဖြစ်ပါဘဲ။

အနည်းဆုံး ၁ဝစီးလောက်ကနေ အစီး၂၀-၃ဝ ထိပါတတ်ပါတယ်။

ဆိုင်ကယ်ကလဲ တရုပ်ဆိုင်ကယ် ယိုးဒယားဆိုင်ကယ်

ဂျပန်ဆိုင်ကယ် ရုပ်ဆိုး ငါးရိုး ဒို ကလစ် ထရက်ကာ   ဆိုင်ကယ်မျုးိစုံ။

စီးလာတဲ့လူငယ်လူကြီးလူလတ် မတူညီတဲ့ အရွယ်ပေါင်းစုံ။

တူညီတာ တစ်ခုကတော့ ဘယ်သူမှ ဆိုင်ကယ်ဦးထုပ်ဆောင်းမထားတာပါဘဲ။

အုုပ်စုလိုက်ကြီးမောင်းချင်သလိုမောင်း တဲ့အပြင်သူတို့သွားတဲ့လမ်းမှာတွေ့သမျှယာဉ်ကိုလဲ

လမ်းဖယ်ခိုင်းလို့ဖယ်ခိုင်း ရပ်လို့ရပ်ခိုင်းနဲ့ သူတို့စိတ်တိုင်းကျစီမံပါတော့တယ်။

ဆိုင်ကယ်မှန်ထောင်မှာအလံလေးချည်ထားပြီးရင် ဘာလုပ်လုပ် လုပ်ချင်သလိုလုပ်ခွင့်ရတယ်လို့

သဘောထားကြပါတယ်။

တကယ်တော့ဒါကလဲ ခေါက်ရိုးကျိုးသွားတဲ့  စိတ်ဓါတ် ဆိုး တစ်ခုလို့ပြောနို်င်ပါတယ်။

ခပ်ရှင်းရှင်းပြောရင်တော့ အခွင့်အရေးယူတတ်တဲ့စိတ်ကိုဖော်ပြနေတာပါဘဲ။

အဖွဲ့အစည်းတစ်ခုခုတွက်လုပ်ပေးရရင် ယူနီဖောင်းလေးများဝတ်လိုက်ရင် သူများကိုဗိုလ်ကျချင်တဲ့စိတ်ကလေး

ကလွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက စွဲကပ်လာတဲ့အကျင့်ဆိုးလို့ပြောနို်င်ပါတယ်။

 

ကျနော်တို့ မြန်မာလူမျိုးများဟာ အုပ်စုလေးတစ်ခုရယ်လို့ဖြစ်လာရင် အခွင့်အရေးယူတတ်တဲ့စိတ်ရှိတာကို

အမြဲလိုလိုမြင်တွေ့နေရပါတယ်။

တစ်ခုခုဖြစ်လိုက်ပြန်ရင်လဲ မှားတာမှန်တာအသာထားကိုယ်ပါဝင်တဲ့ အစုအဖွဲ့ဘက်ကနေပြီး ကျီးကန်းများလိုဝိုင်းအာလိုက်ရမှ နေသာထိုင်သာရှိကြတာလဲအမှန်ပါဘဲ။

အဲဒါကို “ငါတို့က စည်းလုံးတယ်”ဆိုပြီး ကြံဖန်ဂုဏ်ယူတတ်ပါသေးတယ်။

အုပ်စုအားကိုးနဲ့အထက်စီးကနေပြီး အနိုင်ကျင့်တာကို မှန်ကန်တဲ့လုပ်ရပ်လို့

ကျင့်သုံးတာက တစ်စထက်တစ်စ ပိုပိုပြီးခိုင်မာလို့လာပါတယ်။

 

အထူးသဖြင့် လူမူ့ရေးလုပ်ငန်းတွေလုပ်ကြရင်ပိုသိသာပါတယ်။

“ငါတို့က အများအတွက်လုပ်တာ”ဆိုတဲ့ အပြောလေးနဲ့

အဲဒီမှာပါဝင်ပါတ်သက်နေသူမှန်သမျှအလိုလိုနေရင်းအခွင့်ထူးခံလူတန်းစားတွေဖြစ်ကုန်ကြပါတယ်။

ဒီအမူအကျင့်တွေက ဟိုးလွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ပါလာတယ်လို့ဆိုနိုင်ပါတယ်။

ဒီလ အခွင့်အရေးယူတဲ့ စိတ်ဓါတ်က လူမူ့ရေးနယ်ပယ်မှာ အနိုင်ယူရာကနေ

တစ်ချိန်မှာတော့ စီးပွားရေးနယ်ပယ်ကို ပါ ကူးစက်လို့လာပါတယ်။

 

ရွေးကောက်ပွဲနဲ့ တင်မြောက်ခဲ့တဲ့အစိုးရခေတ်ပြီးဆုံးသွားချိန် မြန်မာနိုင်ငံကို

ဆိုှရှယ်လစ်စံနစ်နဲ့ပြောင်းလဲချီတက်တဲ့အခါမှာ တံခါးပိတ်ဝါဒကိုပါကျင့်သုံးခဲ့ပါတယ်။

အဲလိုတံခါးပိတ်ဝါဒ ကျင့်သုံးရာတဲ့ရလာဒ်ကတော့ အစစအရာရာ ရှားပါးတာပါဘဲ။

ငွေရှိတိုင်းလိုချင်တာ မရခဲ့တဲ့ခေတ်လို့ဆိုနိုင်ပါတယ်၊

နေရာတကာမှာ “ထုတ်ယူခွင့်ပါမစ်” နဲ့ “တင်သွင်းခွင့်လိုင်စင်” ဆိုတဲ့အရာနှစ်ခုကမရှိမဖြစ်။

ဒီအရာနှစ်ခုကို ပိုင်ဆိုင်နိုင်သူများက တိုင်းပြည်စီးပွားရေးကိုချယ်လှယ်နိုင်သူဖြစ်လာခဲ့ပါတယ်။

အဲဒီရဲ့ အကျုးိဆက်တွေကတော့  “မှောင်ခို”လို့အမည်ပေးထားတဲ့ စီးပွားရေးလုပ်ကွက်ကြီးတစ်ခု

ပေါ်ထွန်းလာခဲ့တာပါဘဲ။

ဟိုအရင်ခေတ်များကတော့ “ဆန်မရှိအစားကြီး”လို့ပြောရင်တောင်ရပါတယ်။

ပြည်တွင်းထုတ်လုပ်မူ့ကလဲ လုံလောက်အောင်မထုတ်လုပ်နိုင်။

ပြည်ပက တင်သွင်းခွင့်ကိုလည်း ကန့်သတ်တဲ့အတွက် အစစအရာရာရှားပါး။

အဲတော့ ပြည်တွင်းအတွက်လိုအပ်တဲ့လူ့အသုံးအဆောင်ပစ္စည်းတွေကို တစ်ဖက်နိုင်ငံဘက်ကနေ

တရားမဝင်ခိုးပြီးသွင်းရပါတော့တယ်။

တရားမဝင်ဘူးဆိုမှတော့ မရိုးသားတဲ့ဝန်ထမ်းများအတွက် “စားပေါက်ခွင်”တွေဖြစ်ကုန်တာပါဘဲ။

 

၁၉၈၈ခုနှစ်ကာလအလွန်ခေတ်မှာတော့မြန်မာနိုင်ငံရဲ့ကြီးမားသောအပြောင်းအလဲနဲ့အတူ

စီးပွားရေပုံစံများလဲပြောင်းလဲလို့လာခဲ့ပြန်ပါတယ်။

ပြည်ပနိုင်ငံနဲ့ဆက်သွယ်ပြီးအရောင်းအဝယ်လုပ်ခွင့်တွေရလာခဲ့ပြန်ပါတယ်။

ဒါပေမယ်လည်း ကိုယ်ဘက်ကသာဖွင့်ပေးတယ်။

ဝင်မလာကြတဲ့ အပြင် ဝင်မယ့်သူကိုတောင် ပိတ်ထားတာနဲ့ကြုံရပြန်တယ်။

အဲတော့ လဲ ပြည်တွင်းက လုပ်ငန်းရှင်များမှာ အိ်မ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနဲ့သာ

အများဆုံးဆက်သွယ်လုပ်ကိုင်ရပါတော့တယ်။

အရင်က ယိုးဒယားပစ္စည်းတွေနဲ့သာ သုံးစွဲနေရာကနေ တရုပ်ပစ္စည်းကို

တပြည်လုံးပြောင်းလဲသုံးစွဲကြပါတော့တယ်။

ဒီတရုပ်ပစ္စည်းကို သာမန်ပြည်သူပြည်သား က သာ ဈေးပေါပေါနဲ့ဝယ်ယူသုံးစွဲကြပေမယ့်

အထူးလူတန်းစားများကတော့ အနောက်နိုင်ငံဖြစ်တွေကိုဘဲသုံးစွဲကြတာများပါတယ်။

 

တပ်မတော် ကအာဏာသိမ်းယူပြီး ဖွဲ့စည်းလာခဲ့တဲ့ စစ်အစိုးရခေတ်မှာ တိုင်းပြည်အုပ်ချုပ်ရေးနေရာမှာ

ရော စီးပွားရေးဆောင်ရွက်မူ့တွေမှာပါ တပ်မတော် နဲ့ဆက်စပ်ပါတ်သက်နေသူ တွေသာ နေရာရခဲ့ပြန်ပါတယ်။

ရုံးဌာန လုပ်ငန်းအသီးသီးမှာ စစ်ဘက်ကနေအရပ်ဘက်ကိုပြောင်းလဲ ပြီး နေရာယူဝင်ရောက်လာပါတယ်။

နောက်ပိုင်းမှာတော့ တပ်မတော်အငြိမ်းစားယူသူများ ပါဝင်တဲ့ စီးပွားရေး ဦးပိုင်လုပ်ငန်းကို ထူထောင်လိုက်ကြပါတယ်။

ဒီအဖွဲ့အစည်းရဲ့ မူလရည်ရွယ်ချက်ကတော့ အငြိမ်းစားယူခဲ့ကြတဲ့တပ်မတော်ဝန်ထမ်းများ ကို အစုရှယ်ယာထည့်ဝင်စေပြီး

နောင်ရေးအတွက် စိတ်အေးရအောင် ဖန်တီးပေးခဲ့တာပါဘဲ။

ဒါပေမယ့် အစုရှယ်ယာများများ ထည့်ဝင်နိုင်သူသာ အမြတ်အစွန်းများများ ရတာပါဘဲ.။

အဲဒီကာလမျိုးမှာအခွင့်အာဏာရှိပြီး ပြင်ပစီးပွားရေးအကြောင်းနားမလည်သူနဲ့ ငွေရဘို့ အတွက်ဆိုရင်

ဘာမဆိုလုပ်ရဲသူတို့နှစ်ယောက်ဆုံမိတဲ့အခါ အခုအချိန် လူအများပါးစပ်ထဲမှာပြောရတာ အာတွေ့နေတဲ့

(၂၀၁၂ခုနှစ်မှာ ရေပန်းအစားဆုံးစကားလုးံဖြစ်တဲ့ )“ခရိုနီ”ဆိုတဲ့လူတန်းစားတစ်ရပ်ပေါ်ထွန်းလာတာပါဘဲ။

ဟိုအရင်ရှားပါးတဲ့ခေတ်များတုံးကလဲ လက်သင့်ရာစားတော်ခေါ်ဆိုသလို နီးစပ်ပါတ်သက်သူများသာ

အခွင့်အရေးတွေရခဲ့ပါတယ်။

အဲဒီအချိန်တုံးက ရတာလေးကိုသာ အလိုက်သင့်ယူခဲ့ကြပေမယ့် နောက်ပိုင်းကာလများကတော့

ရပေါက်လမ်းတွေကို” ဂွင် “ဖော်ပြီးစားလာတာကို တွေ့ရပါတယ်။

အသိသာဆုံးကတော့ ကြာသာပတေးနံ မြေရယ် ဖုန်းရယ်မှာပါဘဲ။

ဆယ်လူလာ က စလိုက်တာ ဂျီအက်စ်မမ် တွေ စီဒီအမ်အေတွေအထိ အိနေအောင်စားခဲ့ကြရတာပါ။

ရှေးစကားပုံလေးကတော့ အရင်းမစိုက်လှေထိုးလိုက်ပါ.။

အဲဒီခေတ်က တော့ အရင်းမစိုက် ဂျီနောက်လိုက်ပါဘဲ။

ဂျီအက်စအမ် ဟန်းဖုန်းလေးတစ်လုံးကို သိန်းလေးငါးခြောက်ဆယ်ပေါက်တဲ့အချိန်

“ဖုန်းတောင်းယာစကာ”မဟုတ်ပေမယ့် “ဖုန်းတောင်းရောင်းစား”ပြီးထောခဲ့ကြသူတွေအများကြီးဘဲ။

ထုတ်ဈေး ကျပ်တစ်ဆယ့်ငါးသိန်းဆိုတဲ့ လက်တစ်ဆုပ်စာမရှိတဲ့ ဒီပစ္စည်းလေးကနေ တစ်ဆ နှစ်ဆ

အမြတ်အစွန်းရတယ်ဆိုတော့ မရှက်မကြောက်တောင်းကြ ရောင်းစားကြဆိုတော့ ဖုန်းပါမစ်ရလိုက်သူ

ကထီပေါက်တာနဲ့အတူတူပါဘဲ။

ပါမစ်ပေးနိုင်သူရဲ့ အမျိုးအဆွေတွေအစွယ်အပွားတွေ အဆင်တွေပြေနေခဲ့ကြတဲ့ကာလပေါ့။

တကယ်အသုံးမလိုတဲ့သူက ဖုန်းငှားခွင့်လက်မှတ်ရတော့ အမှန်တကယ်အသုံးလိုသူ ငွေလဲတတ်နိုင်သူက

အမြတ်ပေးဝယ်ပြီးသုံးရတော့တာပါဘဲ။

ဒါတွေကလဲ ဆက်စပ်ပါတ်သက်သူတွေရဲ့ အခွင့်အရေးယူခြင်းတစ်မျိုးပါဘဲ။

 

အရင်က ကိုယ့်နေထို်င်တဲ့နေရာလေးက စီမံကိန်းဝင်တယ်ဆိုရင် ဘဝပျက်တာနဲ့အတူတူပါဘဲ။

ကိုယ်နေတဲ့နေရာလေးက ဘိုးဘွားပိုင်ပိုင် မပိုင်ပိုင် အသိမ်းခံရမယ်။

လျော်ကြေးပေးမယ် ။

(ကာလပေါက်ဈေးအတိုင်းပေးတယ်ဆိုပေမယ့် ရုံးမှာတရားဝင်အရောင်းအဝယ်ချုပ်တဲ့ တန်ဘိုးအတိုင်းပေးချေတာပါ။

ရုံးမှာတရားဝင်ချုပ်တယ်ဆိုတဲ့ စာချုပ်က အပြင်မှာ အမှန်တကယ်အရောင်းအဝယ်ဖြစ်တဲ့ဈေးမဟုတ်ဘဲ၊

အမြတ်ခွန်ရှောင်ဘို့အတွက်လိမ်ပြီးချုပ်ထားတဲ့ စာချုပ်အထဲကအတိုင်းပေးတာပါ။)

နေရာအစားပေးမယ်။

(နေရာအစားပေးတယ်ဆိုတာလဲ အသွားအလာခက်တဲ့ နေရာမှာဘဲဖြစ်ဖြစ်

သိမ်းလိုက်တဲ့နေရာမှာပြန်ဆောက်တဲ့ တိုက်ခန်းထဲက တစ်ခန်းပေါ့။)

အဲတစ်ခုတော့ရှိပါတယ်။

ကိုယ့်မြေ ကိုယ့်အိမ်က သိမ်းတဲ့အထဲမှာမပါဘူးဆိုရင်တော့ ထောပြီပေါ့။

ဈေးကောင်းကောင်းနဲ့ရောင်းစားရုံပါဘဲ။

စီမံကိန်းဝင်တယ်ဆိုပြီးလယ်ကွက်တွေသိမ်း။

နေတဲ့ သူတွေကို ပေးချင်သလောက်ပေးတဲ့အခါပေး၊

ခြောက်တဲ့အခါခြောက်နဲ့ ဖယ်ခိုင်း။

(ပြောသာပြောရတာပါ  တစ်ချို့လယ်တွေကလဲ ပိုင်ရှင်မဲ့လိုဖြစ်နေတာကို ဝင်ပြီးစိုက်နေကြတာတွေလဲရှိပါတယ်)

သိမ်းပြီးရင်အကွက်ရိုက်။

ဘာစီမံကိန်း ညာစီမံကိန်းဆို အသံလွှင့်။

ငွေပေါတဲ့သူက အပြေးအလွှားလာဝယ်။

“ဥ “ထားပြီး မြတ်ရင်ပြန်ရောင်းစား။

အိုကေနေတာပါဘဲ။

အဲဒီဆင်ကွက်ထဲကို မသိတဲ့သူက နောက်ဆုံးမှဝင်လာပြီး ပိုက်ဘောတွေမိ။

အဲလိုမြေကွက်တွေကို စီမံကိန်းအကြောင်းပြပြီးအမြတ်ထုတ်သွားကြတာ မနည်းပါဘူး။

နောက်ဆုံးတော့ ဒီဂွင်ကိုစတင်ဖန်တီးသူ နဲ့ လုပ်ခွင့်ပေးသူသာ အမြတ်အစွန်းကျန်ခဲ့ပြီး

အသိမ်းခံလိုက်ရတဲ့ သူနဲ့နောက်ဆုံးဝယ်သူသာ နားကားပြီး ဗိုက်တွေနာနေခဲ့ရတာ အများကြီးပါဘဲ။

တစ်ခုတော့ ရှိပါတယ် “အ” တဲ့ကောင်ခံပေါ့ဗျာ။

 

နောက်တစ်ချက်က အမြတ်အစွန်းကြီး တဲ့ စီးပွားရေးလုပ်ငန်း ဂွင်တည့်တဲ့လုပ်ငန်းတွေ

လေလံလုပ်ငန်းတွေက သာမန်ပြည်သူပြည်သားလက်ထဲရောက်လာတယ်ဆိုမရှိသလောက်။

ချိတ်ပိတ်လေလံဆိုပေမယ့် မဖွင့်ခင်က ပွင့်ပြီးသား။

အများနဲ့မသက်ဆိုင်တဲ့လုပ်ငန်းတွေ။

နောက်လုပ်ငန်းတွေရလာပြန်တော့လည်းအခွန်အခ ဘာညာကွိကွက သက်သာအောင်ဖန်တီးပြီးသား

ဘောင်ဝင်အောင်ဆောင်ရွက်ပြီးသားဆိုတော့

မနာလိုစရာကောင်းလောက်အောင်ကို ချမ်းသာလာကြတာလဲအမှန်ပါဘဲ။

 

၂၀၁၂ အခါသမယမှာတော့ မြန်မာပြည်က ထူးခြားသောအပြောင်းအလဲများနဲ့ပြောင်းလဲလို့လာခဲ့ပါပြီ။

အများဝေဖန်သလို တိုင်းပြည်က သယံဇာတကြွယ်ဝ။

ဒါပေမယ့် အကြမ်းဘဲရမယ် အချောမဖြစ်။

အဲတော့ တန်ရာတန်ကြေးမရ။

မြန်မာပြည်မှာ ကမ္ဘာတန်းမှီလမ်းမှီ သူဌေးဦးရေ များလာပေမယ့်

အများစုကတော့ စားဝတ်နေရေးအတွက်ပင်ပန်းကြီးစွာရုန်းကန်နေရဆဲပါဘဲ၊

ပြည်သူပြည်သားအားလုံး ကြီးပွားချမ်းသာမူ့ဆိုတာထက် စားဝတ်နေရေးအဆင်ပြေဘို့

အရင်ဆုံး ဦးစားပေးပြီးလုပ်ဆောင်ဘို့တော့လိုအပ်ပါတယ်။

အခုအချိန်မှာ ဘာအလိုအပ်ဆုံးလဲလို့မေးရင် ကိုင်ထားတာတွေများနေတဲ့သူတွေက

လွတ်မကျခင် အချိန်ရှိတုံး လွှတ်ချပေးဘို့လိုအပ်ပါတယ်။

လွှတ်ချမယ်ဆိုတာသိရင် ………………စောင့်ဖမ်းလို့ရတော့ အသုံးဝင်မယ်.။

လွတ်ကျသွားတယ်ဆိုရင်တော့………………………………….

အင်း…………….ကိုင်ထားတာတွေများနေတာကတော့ အမှန်တကယ်ပါဘဲ။

 

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

(16-12-2012)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

54 comments

  • ခင်ခ

    December 17, 2012 at 10:31 am

    ဒို့မြန်မာနိုင်ငံက ခေတ်အဆက်ဆက် ဖိတ်မယ့်ဖိတ် ကိုယ့်အိတ်ထဲဖိတ် ဆိုတဲ့ စကားရပ်နဲ့အညီ
    လုပ်ဆောင်လာခဲ့ကြတာတွေက အရှိန်မသေသေးဘဲ ကိုယ့်အိတ်ထဲဆက်ဖိတ်ချင်နေကြတာဆိုတော့ လည်း လွှတ်ချခိုင်းဖို့ အခက်ကယ်တွေ့နေရပေါ့ ဆရာပေါက်ရေ။

    ငယ်ငယ်တုန်းက ကျောင်းတွေမှာ လက်လေးပိုက်ပြီး ဆိုခဲ့ကြတယ်
    မိမိကိုယ်ကို ကောင်းအောင်းကြိုးစားမည်၊
    မိမိအတန်းကို ကောင်းအောင်ကြိုးစားမည်၊
    မိမိကျောင်းကို ကောင်းအောင်ကြိုးစားမည်၊
    မိမိတိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားမည်—-တဲ့။
    အဲဒီဆိုခဲ့တာနဲ့ အညီ လုပ်တော့လုပ်ကြပါတယ် ခက်တာက မိမိကောင်းအောင်နေဖို့ မိမိကောင်းအောင်စားဖို့ မိမိကောင်းအောင်သွားဖို့ စတဲ့ မိမိ ကိုယ်ကိုကောင်းအောင်လုပ်နေကြတဲ့ အဆင့်ကနေ မကျော်နိုင်ကြလို့ဘဲလားမသိ နောက်အဆင့်တွေအလှည့်မရောက်နိုင်ဘဲ မိမိတိုင်းပြည်အတွက် ကောင်းအောင်အဆင့်ကတော့ ဝေးသည်ထက်ဝေးများ ဖြစ်နေလားလို့ မဆီမဆိုင် တွေးလိုက်မိပါရဲ့ဗျာ။

    • ကိုခရေ
      ကျနော်တို့လူမျိုးတွေက
      ကတညုတ ကတဝေဒီ(အမျုးိအနွယ်ကိုစောင့်ရှောက်ခြင်း)ဆိုတာကို အဓိက ထားခဲ့ကြတော့
      အင်းးးးးးးးးးးးးးးးးးးးးးးးးးးးး
      အမျိုးကလဲ ကြီးနေတော့ သူများအလှည့်မရောက်တာလဲ ဖြစ်နိုင်ပါတယ်။
      အားလုံးက စားအိုးကြီးတယ်လေဗျာ။
      အဲတော့ လွှတ်ချဘို့ခက်တယ်။

  • Mobile

    December 17, 2012 at 10:32 am

    မင်္ဂလာပါ ကိုပေါက်ရေ
    ဖတ်ရှု့အားပေးသွားပါတယ်ဗျာ။
    အရေးအသားကောင်းသည့် အပြင် ဗဟုသုတ လဲဖြစ်စေပါတယ်လို့ ပြောချင်ပါတယ်။
    ခေါက်ရိုးကျိုးနေတဲ့ စိတ်ဓာတ်ဆိုး တွေကတော့ ကျနော် ရောက်ဖူးတဲ့ မြန်မာနိုင်ငံ ရဲ့ဒေသတိုင်းမှာ
    တွေ့ခဲ့ဖူးတာချည်းပါပဲ။(တစ်နိုင်ငံလုံး ညီညွတ်၏) ဆိုရှယ်လစ်စနစ်ရဲ့ ဗဟုသုတလေးတွေ
    အခြားဗဟုသုတလေးတွေအတွက် ကျေးဇူးတင်ပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

    • ကိုမိုဘိုင်းရေ
      ကျနော်ထုံးစံအတိုင်း အတွေးပါးပါးလို့ဆိုထားလေတော့
      ကိုယ်ဖြတ်သန်းမြင်တွေ့တာလေးတွေကနေပေါက်ဖွားလာတဲ့ အတွေးလေးတွေကို
      ပြန်ချရေးတာများပါတယ်။

    • ဥ တော့ခြင်းတော့ တူတယ်။
      ဒါပေမယ့် သများတော့ မဟုတ်ဘူး။
      သများက ဥထားရင် ပုပ်သွားမှာအေ့

    • Shwe Tike Soe

      December 17, 2012 at 3:13 pm

      နီက ဈေးကောင်းလို.ပေါ့အေ……
      တရုတ်ပြည်မှာဆို.. သုံးသိန်းလောက်ရမယ်………ခိခိခိ

      • ဖေပေါက်ဂျီးးး

        အဲ့ဒီ ဥ ဆိုရင် ..
        ဈေးကောင်း ပေးဝယ်ဘာမယ် ….
        လက်ထဲရောက်မှ ပယ်ပယ်နယ်နယ် တွယ်ပစ်ရအုံးမယ် ..
        ငွင်းးး ငွင်းးး

        • သနားအောင်ပြောတတ်ရင် အဲသအုက အလကားတောင်ရနိုင်တယ်
          စမ်းကြည့်ပါလားအေ့

  • မိုချို

    December 17, 2012 at 12:36 pm

    အလှူ ၊ မင်္ဂလာဆောင် ဘာညာ လှည့် ကြတာမှာ အဲလို ဆိုင်ကယ် အုပ်လိုက် နဲ့ ဟန်ရေး ပြပြီး မရောင်ရာ ဆီ လူး ကြတာတွေ ၊ကိုယ့် ကြောင့် သူတပါး အနှောက် အယှက် ဖြစ် ရ တာတွေ၊ အခွင့်အရေး လိုတာထက် ပို ရယူချင် တာတွေ၊ကိုယ့် လူမျိုး အချင်းချင်း ဘယ်သူ သေသေ ငတေ မာရင် ပြီးရော ဆိုတာတွေ၊ စဉ်းစားကြည့် ရင် တော်တော် ရှက်စရာကောင်း ပါတယ်။
    မြန်မာ လူမျိုးတွေ က ရှက်သင့် တာ ကို ရှက်ရ ကောင်း မှန်း မသိကြ ဘူး။ လွှတ် ချ ဖို့ အချိန်လည်း တော်တော် လွန်နေပါပြီ။
    အဲဒီလိုတွေ များများ ရေးပေး ပါ ၊ လေးပေါက် ရေ ။ တစ်ယောက်ကအစ တစ်ရာ ဆို သလို ဖတ်မိကြမယ်၊ ရှက်တတ်တဲ့ စိတ်တွေ ဝင် လာ မယ်၊ ပြုပြင် ကြမယ် ဆိုရင် အမြတ်ပေါ့ နော်။

    • ဟုတ်တယ်ဗျ
      ကိုယ့် အရေးဘဲ ကိုယ်ကြည့် သူများဘက်စောင်းငဲ့မကြည့်သူတွေများများလာပါတယ်။
      အဖွဲ့အစည်းအတွက်လုပ်တယ်ဆိုရင် မာန်တွေ တက်လာကြတာ
      ရှေး ယခင် ယခု မပြောင်းမလဲ ဒီအတိုင်းပါဘဲဗျာ

  • မင်းနန္ဓာ

    December 17, 2012 at 12:49 pm

    ဥ ထားတာလေးတွေနဲ့
    အုပ်စုပြီး ဝိုင်းအာ
    လွှတ်ချလိုက်လေမလား နဲ့ မျှော်တဲ့သူတွေလဲ မော
    ဟော.. ခုတော့ လွတ်ကျတဲ့ဟာတွေ ကျလာကုန်ပြီ

    • လွတ်ကျရင် ကွဲမယ်ဗျ အကျိုးမရှိဘူး။
      လွှတ်ချလိုက်တယ်ဆိုရင် အချိန်မီလောက်ပါသေး၏။
      သို့သော် မောင်းကွဲကြိးထုရသလိုပါဘဲ မထင်

  • Mobile

    December 17, 2012 at 1:05 pm

    ကိုပေါက်ရေ ပြန်ဖတ်ရင်နဲ့ အတွေးတစ်ခုဝင်လာလို့ဗျ
    လူ့သဘော လူ့သဘာဝအရ မတော်တဆ လွတ်ကျ သွားခဲ့ရင်တောင်မှ
    အင်မတန်မှ နှမျှောမိလေခြင်းဆိုတော့ အသေချာ လောဘသတ်လို့ စိတ်ပိုင်းဖြတ်
    လွတ်ချဖို့ဆိုတာ အင်မတန်မှ ခက်ခဲပါလိမ့်မယ်။ သဒ္ဓါတရား ရှိတဲ့လူအဖို့ လွယ်ကူနိုင်ပေမယ့်
    လောဘတရား လက်ကိုင်ထားတဲ့လူ အတွက် အင်မတန်ခက်ခဲလိမ့်မည်ဖြစ်ပါကြောင်း။
    ++++++++++++++++++++++++++++
    ကျနော် တွေ့ဖူးတာလေးတစ်ခု ဝင်ပွားလိုက်ပါ့ဦးမယ်
    အရာတော် နယ်ဖက်မှာဗျ အသက် ၆၅ နှစ်လောက် အဘိုးကြီးရှိတယ်။ လူပျိုကြီးဗျ တူတွေ တူမတွေနဲ့
    နေတယ်။သူ့မှာ ရွေ ၂၅ ကျပ်သားလောက် ရှိတယ်လို့သိရပါတယ်။ ရှေးလူကြီးတွေ ရဲ့အယူအဆ
    လုပ်ရိုးလုပ်စဉ်အတိုင်းပေါ့ဗျာ။ သူမှာရှိတဲ့ရွှေ လေးတွေကို မြေကြီးထဲမှာ မြုပ်ထားသတဲ့ဗျ။ အသက်အရွယ်
    ကလည် ကြီးနေပြီ အကယ်၍ မတော်တဆ တစ်ခုခုဖြစ်ခဲ့ပါက အလဟသ ပြောက်ပျက်သွားမည်စိုး၍
    သူနှင့် ငယ်ပေါင်းဖြစ်သူ သူငယ်ချင်းတစ်ယောက်က သူကိုပြောတယ်ခင့်ဗျ။ သင့်တော်လောက်မယ့်
    မိမိ ဆွေမျိုးတစ်ယောက်ကိုတော့ ဘယ်နေရာမှာ မြုပ်ထားတယ်ဆိုတာလေး ပြောထားဖို့လိုမယ်လို့
    အကြံပြုတယ်ခင့်ဗျ။ သူကဘယ်လိုပြန်ပြောလဲဆိုတော့ တစ်ယောက်ယောက်ကို ပြောလိုက်ရင်
    ဒီပစ္စည်းကို အဲ့ဒီတစ်ယောက်က ရသွားမယ်တဲ့။ မပြောဘဲထားပါက နောက်ဘဝ လူပြန်ဖြစ်လို့ မှတ်မိရင် မိမိဘာသာ ပြန်လည်တူးယူလို့ ရနိုင်တယ်တဲ့။ အဲ့ဒါကြောင့် မည်သူကိုမှ မပြောနိုင်ပါတဲ့။
    ဘယ်လောက်အထိ ကိုင်ထားတဲ့လူလဲဗျာ ဂင်းနစ်စံချိန်တင်လောက်ပါရဲ့။
    မှတ်ချက်။ ။ယခုလက်ရှိ အချိန်ထိ ထိုလူ ရှိနေပါကြောင်း။
    လွတ်ချခြင်း ဆုပ်ကိုင်ထားခြင်း နဲ့ပတ်သတ်လို့ မိမိရဲ့ အတွေ့အကြုံလေးကို ဝင်ပွားလိုက်ရခြင်း
    ဖြစ်ပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • လွှတ်ချလိုက်ဘို့ကတော့ အတော်ဘဲခက်ခဲတဲ့ကိစ္စပါ။
    ဒါပေမယ့်လက်ရှိ မြန်မာပြည်အနေအထားက လွှတ်ချဘို့ လိုအပ်နေတာအမှန်ပါဘဲ။
    ဒါမှ အများစု အဆင်ပြေလာနိုင်မှာပါ

    • Mobile

      December 17, 2012 at 5:58 pm

      မှန်ပါတယ် ကိုပေါက်ရေ လက်ရှိမြန်မာနိုင်ငံရဲ့
      တိုင်သူ ပြည်သား လူအများရဲ့ အဓိကလိုအပ်ချက်တွေအတွက် လွှတ်ချပေးနိုင်မည်ဆိုပါက
      တိုင်သူ ပြည်သား လူအများသည် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြမည်ဖြစ်ပြီး
      လွတ်ကျလို့ လွတ်ချခြင်းမျိုး ဆိုရင်တော့ နှစ်ဦးနှစ်ဖက် အကျိုးမရှိလှတာမို့
      လွှတ်ချ သင့်သည်များကို လွှတ်ချ နိုင်ကြပါစေဟု (ကိုပေါက်အကြံပြုသည့်နည်းတူ)
      ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။

  • ကို ကိုလေး

    December 17, 2012 at 2:17 pm

    လွှတ်ချသင့်တာတွေကတော့ ကိုပေါက်ရေးသလိုဆို လိုက်စဉ်စားကြည့်တာ
    အများသားပါလားဗျ။ တစ်ယောက်ကအစ တစ်ရာအဆုံးဆိုသလို တက်ညီလက်ညီ အသိစိတ်လေးတွေနဲ့ လွှတ်ချပြီးပြုပြင်ကြရင် ကောင်းမယ်ဗျာ။

    • တိုင်းပြည်စီးပွားရေးကို ကိုယ်ပိုင်စီးပွားရေးလိုသဘောထားပြီး မိမွေဘမွေလို ဆက်ခံထားသူများကလည်း
      အများပြည်သူ လွတ်လပ်စွာလွတ်နိုင်အောင် လွှတ်ချပေးသင့်သလို
      ကျနော်တို့ပြည်သူပြည်သားများဘက်ကလဲ ဘယ်နေရာမဆို စည်းနဲ့ကမ်းနဲ့
      နေတတ်အောင် အရင်က နေချင်သလို နေခဲ့ကြတဲ့ အကျင့်ဆိုးတွေကိုလွှတ်ချ
      ထို့အတူ ပြည်သူ့ဝန်ထမ်းများကလည်း
      ပေးရင်( မြန်-ကြည်)
      မပေးရန်( ကြာ-ရစ်) ဆိုတာတွေကို လွှတ်ချ
      ဒါဆိုရင်…………………………………..
      (ဒါတွေက အိပ်မက်မဟုတ်ဘူးဗျ သူသူ ကိုယ်ကိုယ် ပြင်လိုက်ရင် ရပါတယ်)

  • Shwe Tike Soe

    December 17, 2012 at 3:17 pm

    အော်လေးပေါက်ရေ..
    ကိုင်ထားတာ လက်အံသေနေပြီဗျ…လွတ်ချဖို.ခက်တယ်…
    ကိုယ်ကိုတိုင်ကလည်း မီးသတ်ဝတ်စုံလေးပေးဝတ်ပြီး နံပါတ်တုတ်လေးသာ ပေးလုံခြုံရေးလုပ်ခိုင်လိုက်… ရိုက်ချင်နေဒါါါါါါါါါါါါါါါါါါါါါါါါါါါါါါါါါ…….. ခိခိခိ
    မပြောချင်ဘူး ….မပြောချင်ဘူး………ပြောာာာာာာာာာာကို မပြောချင်ဘူး

    • မိတိုက်ရေ
      လူဆိုတာဒီအတိုင်းပါဘဲကွဲ့၊
      ကိုယ့်အလှည့်ခံခဲ့ရသမျှကို သူများအလှည့်မှာ လက်စားမချေမိဘို့အရေးကြီးပါတယ်။
      ဟုတ်တယ်ဟုတ်

  • MaMa

    December 17, 2012 at 5:03 pm

    ထောင့်စေ့အောင် ရေးနိုင်ပါပေတယ်။
    :hee:

    • မမရေ
      ကျနော်ရေးတာတွေက လိုအပ်ချက်တွေရှိပါသေးတယ်။
      ကျနော်ကဖျပ်ကနဲတွေးမိတာလေးတွေဘဲ ရေးတဲ့အဆင့်ပါ။
      ကိန်းဂဏန်း ခုနှစ်သက္ကရာဇ်များနဲ့ သာ တိတိကျကျရေးနိုင်ရင်ပိုကောင်းပေါ့။
      ဒါပေမယ့် ကျနော်က အတွေးပါးပါးသမားဆိုပြန်တော့ စိတ်တိုင်းမကျပေမယ့် ဒီလောက်နဲ့ဘဲ လက်လွှတ်ပေးလိုက်ပါတယ်။

  • blackchaw

    December 17, 2012 at 5:11 pm

    ပြေးရင်းလွှားရင်း အပြေးအလွှား ဝင်ဖတ်ပြီး
    ကွန်းမန့်ဝင်ရေးခဲ့ပါတယ် ကိုပေါက်ရေ…။
    အချိန်မရလို့ လေးနက်တဲ့ ကွန်းမန့်မျိုး မရေးနိုင်တာကိုတော့
    ခွင့်လွှတ်ပေးပါခင်ဗျာ…။
    လေးစားခင်မင်တဲ့…
    ဘလက်ချော…။

    • ကိုချောရေ စိတ်ဝင်စားလို့ဝင်ဖတ်တယ်ဆိုရင်ကို ဖတ်ပြီးတာလေးတွေပြန်ပြောပြတဲ့သူတစ်ယောက်တိုးသွားပါပြီ။
      တစ်ယောက်က စ တစ်ရာ ဆိုတာ ဒါမျိုးက စရတာပါဘဲဗျိုး

  • pooch

    December 17, 2012 at 5:30 pm

    ဘုန်းကြီးတရားပွဲကို ကြိုတဲ့ ရှေ့ပြေးဆိုင်ကယ်တွေ ပိုတောင် ဆိုးသေးတယ် ညကြီးမိုးချုပ် တတီတီနဲ့ အလန့်တကြား။ ဘုန်းကြီးကြိုတာ ကြိုလို့ရပါတယ်။ နားအေး ပါးအေးပေါ့ ။ ဘာဆိုင်လို့ လမ်းက လူတွေကို တတီတီနဲ့ ပြသာနာလုပ်သွားလဲ မသိဘူး။ ဦးထုပ်ကလည်း မပါဘူး။

    တခါလောက် မှတ်လောက်သားလောက်အောင် ဒါမျိုးတွေကို ဒဏ်တပ်ပြီး ဖမ်းပြရမှာ ။

    ဒါမှမဟုတ် သံဃာ အဖွဲ့ အစည်းက တာဝန်ရှိသူတွေကို တိုင်ပြီး ဒါမျိုးလူတွေကို တားခိုင်းရမှာ ။

  • မယ်ပုရေ
    ငါအများအတွက်လုပ်တာဘဲ ကွ ဆိုပြီး
    ဘေးဘီကို ငဲ့မကွက်တတ်တဲ့ စိတ်ကလည်း လွှတ်ချရမယ့်စာရင်းထဲမှာ ထိပ်ဆုံးကပါဘဲ။
    အဖွဲ့အစည်းဆိုသူတွေရဲ့ ဒဏ်ကို ခံခဲ့ရတာ ခေတ်အဆက်ဆက်ဆိုတော့
    တူညီဝတ်စုံဆိုရင်ကို အလိုလိုလန့်နေကြရတာပါ။

  • မောင်ပေ

    December 17, 2012 at 6:54 pm

    ဒီပို ့စ်ကို ဝင်ဖတ်ပြီးတော့ အကြိုက်တွေ ့မိတဲ့ စာပိုဒ်ကတော့ “ မြန်မာတွေ အုပ်စုဖွဲ ့ပြီးရင် … ” ဆိုတဲ့ အပိုဒ်ပါပဲဗျာ

    • မှန်တယ်ကိုပေ
      ကျနော်တို့မြန်မာတွေက တကိုယ်တော်လူစွမ်းကောင်းတွေနည်းနည်းလာပြီး
      အုပ်စုနဲ့မှ စွာရဲတဲ့လူတွေများများလာနေတယ်လေ။

  • လွှတ်ချတဲ့၊ကိုင်ထားတဲ့ကိစ္စဆိုလို့ ဆိုင်တယ်ထင်တာလေး ပြောရဦးမယ်
    သူများဌာနမကောင်းကြောင်းအတင်းချတာတော့မဟုတ်ပါဘူး။
    ဒီလိုပဲ ကောင်းလာတာလေး(သို့)လွှတ်ချစပြုနေတာလေးအကြောင်းပါ။

    ကျွန်မတို့ဌာနကနေ အာဏာပိုင်အုပ်ချုပ်ရေးရုံးမှာ ထောက်ခံချက်လေးတွေ လက်မှတ်ထိုးခိုင်းရတာတွေရှိတယ်လေ။
    အုပ်ချုပ်ရေးရုံးက စာရေးကြီးက လက်မှတ်လည်းထိုးပေးပြီးရော ကျွန်မတို့ဆီက ရုံးအကူမလေးကိုပြောတယ်တဲ့
    “နင်တို့ဆရာကြီးကိုပြောလိုက် ငါတို့ရုံးကို ဖုန်းပိုက်ဆံဖြည့်ကတ်လေးတစ်ကတ်လှူပါလားလို့”
    တဲ့။ရုံးအကူမလေးကလည်း ဘာဖြစ်လို့လဲ အရင်ကကောအလှူခံဖူးလို့လား ဘာညာနဲ့အပြန်အလှန်စကားတစ်ချို့ပြောပြီး လှည့်ထွက်လာတော့မှ
    “နောက်တာနော် တကယ်သွားမပြောနဲ့ နောက်တာ”
    ဆိုပြီး အတင်းပိတ်လိုက်တယ်တဲ့။
    ကိုင်ထားနေကျလေးတွေကို မရဲတရဲလေးတွေလွှတ်ချနေပုံပဲနော်..
    ကောင်းလာတာလေးတွေလို့မထင်ကြဘူးလား…

    • အကျင့်ပါနေကြတာပါ။
      အမှန်က လုပ်ငန်းတစ်ခုကို အောင်မြင်ချောမောအောင် တတ်နိုင်သမျှလုပ်ပေးလိုက်လို့
      တစ်ဖက်လူစိတ်ချမ်းသာလို့ပေးသွားတဲ့ လက်ဆောင်ပဏ္ဏာငွေကြေးက လာဘ်မဟုတ်ပါဘူး။

      အပိုမပေးမချင်း ရစ်တတ်တော့ အရစ်ခံရမှာကြောက်လို့ ပေးတာကသာ တံစိုးလက်ဆောင်လို့ ခံယူပါတယ်။

  • Mr. MarGa

    December 17, 2012 at 7:40 pm

    အကျင့်ပါနေတာဆိုတော့
    အဲဒီအကျင့်ကို တော်တော်ပြင်ရမဗျ
    စိတ်ဓာတ်ကို ပြင်ပေးမယ့် ပညာပေးလေးများ လုပ်သင့်တယ် ထင်ပါကြောင်း

    • စိတ်ဓါတ်ရေးရာပြင်ဘို့က တော့အမှန်တကယ်လိုနေပါပြီ။.
      လူကြီးတွေက စအရင်ပြင်ရမှာပါ။
      နောက်မှ တစ်ဆင့်စီ တစ်ဆင့်စီတိုးပြီးပြင်ရမှာပါ။
      အဓိက လူရှိရှိ မရှိရှိ စည်းကမ်းမဖောက်ဖျက်တဲ့စိတ်ဓါတ်ကလေးအရင်မွေးယူကြရမှာပါ၊

  • အလင်းဆက်

    December 17, 2012 at 8:09 pm

    လွတ်..မကျ ခင်….

    အင်း…..

    လွှတ်ချ..ချင်စိတ်….

    အင်း…..

    🙂

  • may flowers

    December 17, 2012 at 9:26 pm

    အတွေးပါးပါးဆိုပေမဲ့ တကယ့်ကိုထောင့်စေအောင်ရေးနိုင်ပါပေရဲ့လို့..အမှန်တော့ ကိုပေါက်လိုမရေးတတ်လို့

    သာ………အားပေးဖတ်ရှုသွားပါတယ်နော်….

  • အမှန်ကတော့ လူတိုင်းရင်မှာ ဒီအတွေး ဒီခံစားချက်တွေရှိကြပါတယ်။
    ကျနော်ထက်တောင်ပိုပြီးအတွင်းကျကျသိသူတွေသေချာပေါ်က်ရှိပါတယ်။
    အဲ ဘယ်က စပြောရမယ်ဆိုတာ မစဉ်းစားမိကြလို့ပါ။
    ကျနော်ကတော့ တတ်သလောက်မှတ်သလောက်ပြောချလိုက်ပါပြီ။

  • Fall Guy

    December 17, 2012 at 11:55 pm

    ကိုပေါက်ရေ
    လွှတ်ချလိုက်သင့်တာတွေ လွှတ်ချသင့်သလို ဖမ်းယူဆုပ်ကိုင်သင့်တာတွေလဲအများကြီးဘဲ…..။
    ဒီလိုဖလှယ်ရင်းနဲ့ဘဲ ကောင်းမွန်တဲ့ လူ့ဘောင်လောကတစ်ခု ဆီ ကိုရောက်နိုင်ဘို့မျှော်လင့်မိပါတယ်….။
    ဘယ်အချိန်ရောက်မလဲဆိုတာတော့အားလုံးရဲ့အသိစိတ်အပေါ်မှာတည်မှီနေလေရဲ့………………။

  • uncle gyi

    December 18, 2012 at 8:58 am

    ကိုင်ထားတာတွေများတော့မတော်လွတ်ကျရင်လိုက်ဖမ်းရင်းနဲ့အကုန်လွတ်ကျတတ်တာကိုးဗျ
    တချို့ကိုအရင်ချထားလိုက်ရင်လက်ထဲရှိတာကိုသေချာကိုင်နိုင်တာပေါ့
    ဆိုင်ကယ်ကတော့ကလေးလိုပါပဲကလေးစကားပြောတတ်ကာစအဆဲသင်သလိုချစ်စရာကောင်းပေမဲ့
    နောက်ကြီးလာတော့မုန်းစရာကောင်းသလိုပါပဲ
    မန်းလေးကိုဆိုင်ကယ်တွေရောက်စကအဲလိုပွဲမျိုး၂စီး၃စီးအလွန်ဆုုံး၅စီးပါပဲအထူးအဆန်းလည်းဖြစ်
    ကားကလည်းမများဆိုတော့ကားတွေကရပ်ပေးရတာချစ်စရာဓလေ့လိုဖြစ်နေတာပါ
    အခုတော့ကားကလည်းများဆိုင်ကယ်ကလည်းများဆိုတော့အဆဲတတ်တဲ့ကလေးကြီးလိုဖြစ်နေတော့
    မုန်းစရာဖြစ်သွားတာပါ
    ရွာသားတွေရေခရိုနီတွေနေရာကိုယ်ရောက်သွားရင်ဘာဖြစ်မလဲလို့စိတ်ကူးယဉ်ကြည့်ဖူးပါသလား
    မြေဈေးကစားတာတွေကအစိုးရကသူနဲ့မဆိုင်သလိုနေတော့လုပ်တဲ့သူတွေကပိုပြီးလက်ရဲလာလို့
    ကံကြီးကုန်းလိုတရားဝင်ချပေးပြီးနေရာတွေတောင်သူတို့အပိုင်လိုိုလိုနဲ့လုပ်စားသွားကြတာ
    ရှင်းမရလင်းမရနဲ့နောက်ဆုံးအစိုးရပဲတိုင်ပတ်တာပဲမဟုတ်လားကိုပေါက်ရဲ့
    ကိုယ့်စေတနာကိုယ်အကျိုးပေးတာပေါ့ဗျာ

    • ဟုတ်တယ် အီးကယ်ဂျန်
      လောကကြီးမှာ ဖြစ်နေတတ်တာက
      ဆဲတဲ့ကလေးကို မဆဲအောင်မတားဆီးဘဲ
      ခွင့်လွှတ်လိုက်ပါကွာဆိုပြီး နေကြတော့ ဆဲတဲ့ကလေးက
      ဆဲတာ မကောင်းဘူးဆိုတာကိုနားမလည်တော့ဘူးလေ။

  • kyeemite

    December 18, 2012 at 9:13 am

    ကိုပေါက်က အတင်းလွှတ်ချခိုင်းနေတော့…
    ဟုတ်သားပဲ..လွှတ်ချသင့်တာပေါ့လို့ တွေးမိပီး
    ကိုယ့်လက်နှစ်ဖက်ကိုဖြန့်ကြည့်တော့…လွှတ်ချဖို့နေနေသာသာ
    လက်ဆုပ်လက်ကိုင်ပြစရာတောင် မရှိတာသတိထားမိသွားတယ်ဗျို့… :hee:

  • ကိုမိုက်ရေ ကျနော်တို့ခင်ဗျားတို့မှာသာ လွှတ်ချစရာမရှိပေမယ့်
    လွတ်ကျမှာ ပူနေရတဲ့လူတွေက အများကြီးရယ်

  • kyeemite

    December 18, 2012 at 3:26 pm

    ဟုတ်ပ..ဟုတ်ပ ကိုပေါက်ရေ…
    ကျနော့ သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးတစ်ယောက်တောင်
    ခရိုနီ ပေါက်စဖြစ်ပီး ကြီးပွါးနေလိုက်တာဗျာ….
    လုပ်ငန်းတွေဆိုတာ အကုန်တောင်လိုက်မကြည့်နိုင်ဘူး…
    ကျုပ်ကိုတောင် သူ့လိုလုပ်ကိုင်မစားလို့ အပြစ်တင်နေသေး…
    ဒါတောင်ပေါက်စလေးနော်…
    အဲဒီပေါက်စလေးက…လွှတ်ချဖို့နေနေသာသာ
    ဟို..အကြီးကြီးတွေလောက်ဖြစ်အောင် မရမနေကြိုးစားနေတာဗျို့….
    ပြောရတော့ခက်သား…တချို့ လွှတ်ချဖို့များကျနော်သွားပြောရင်…
    အင်း..မင်းတို့က ဒါကြောင့် မကြီးပွားတာကွ..လို့ပြောမှာမြင်ယောင်သေး… :hee:

    • ကိုမိုက်ရေ
      မှန်ပါရဲ့
      ဒန်ပေါက် မကြိုက်ဘူးလို့ ပြောမိတော့
      စားဘူးမှအရသာ သိတာတဲ့
      ကဲ မှတ်ပြီလားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • Green Rose

    December 18, 2012 at 4:27 pm

    ကိုပေါက်ရေ
    အတွေးပါးပါးလေး ဆိုပေမယ့် အတွေးများများလေးပေးသွားပါတယ်။
    အဲဒီ့… အဲဒီ့ ဘာကိုမှ လွှတ်မချပဲ ကိုင်ထားကြသူတွေကိစ္စ အဖြေရှာကြည့်ရင် အဓိကက လူတွေ မရှက်တတ်ကြတော့တာပါ။ ဘာကိုရှက်ရမလဲ၊ ဘာကိုမရှက်ရမလဲလို့ မခွဲခြားတတ်တော့တာ။ Green Rose တို့ သိခဲ့တာက ရိုးသားတာဟာ ဂုဏ်တစ်မျိုးလို့ သိခဲ့ကြတာ။ အခုက ရိုးသားတဲ့လူဆိုတာ ငအ လို့နားလည်ထားကြတာဆိုတော့ ……… ခုနေ Green Rose မှာ အခွင့်အရေးရခဲ့ရင် ခရိုနီဖြစ်မသွားဘူးလို့ မပြောနိုုင်ပါဘူး။
    အခုလက်ရှိ ခေါက်ရိုးကျိုးနေတဲ့လူကြီးတွေကို ဖြည်ဖို့ကအရေးကြီးပါတယ်။ ဒါပေမယ့် နောင်အနာဂါတ်မှာ လူကြီးဖြစ်လာမယ့် လူငယ်တွေကို လမ်းကြောင်းပေးဖို့ကပိုပြီး အရေးကြီးပါတယ်။ ရိုးသားမှုနဲ့ ကိုယ့်လိပ်ပြာ ကိုယ်လုံစွာ နေထိုင်ရခြင်းဟာ ကောင်းမွန်သော ရှင်သန်မှုတစ်ခုုဖြစ်ကြောင်း အသိပေးဖို့လိုပါတယ်။ (အင်း.. ဂျာနယ်ကျော်မမလေးရဲ့ `သူလိုလူ´ ကဲ့သို့သော စာအုပ်တွေ များများလိုုပြီထင်ပါတယ်)
    အုပ်စုဖွဲ့မှု… မြန်မာတွေမှမဟုတ်ဘူး လူတွေအားလုံး . သတ္တဝါတွေအားလုံး အုပ်စုဖွဲ့ခြင်းဆိုတာ သင်ပေးစရာမလိုတဲ့ သဘာဝ တစ်ခုပါ။ လူ၊ မြင်း၊ ခွေး၊ နွား၊ ကျား.. အားလုံး တူရာတူရာ၊ အုပ်စုဖွဲ့တတ်ကြ ပါတယ်။ မရွေ့လျားနိုင်တဲ့ သစ်ပင်တွေလည်း အုပ်စုဖွဲ့တာပါပဲ။ သဘာဝ တွင်းထွက်ပစ္စည်းတွေလည်း အုပ်စုဖွဲ့တာပါပဲ။ အဲဒါကိုတော့ အပြစ်လို့ပြောလို့မရပါဘူး။ သတိထားရမှာလေးက ကိုယ့်ကြောင့် သူများကို မထိခိုက်အောင်ပါပဲ။

    လေးစားလျှက်

    (Green Rose)

  • Green Rose
    မှန်ပါခင်ဗျာ လူဆိုတူရာစုကြပါတယ်။
    လူစုမိလို့ အင်အားကြီးသွားရင် လူနည်းစုကိုအနိုင်ကျင့်သလိုမဖြစ်ဘို့ လိုတယ်ဆိုတာလေးကို
    ပြောပြချင်မိတာပါ။
    မြန်မာလို့ပြောမိတာကလဲ သူများလက်ညိုးမထိုးခင် ကိုယ့်ကို ကိုယ်ကိုကိုယ်အရင်ပြန်ထိုးကြည့်လိုက်တာပါဘဲ။
    ကျနော်လဲမြန်မာကိုးဗျ။
    ဟုတ်တယ် ဗျ ။
    မကောင်းတာ မတရားတာကို လုပ်ရမှာကို ရှက်တတ်တဲ့စိတ်ကလေးတွေက တစထက် တစ ပျောက်ကွယ်သွားတာတော့ အမှန်ပါဘဲ။
    ကျနော်က အစ အားလုံးပြုပြင်ကြရမယ်လို့ ခံယူပါ၏။

  • ရွှေ ကြည်

    December 18, 2012 at 6:08 pm

    လေးပေါက်ရေ ကောင်းလိုက်တာ မှန်လိုက်တာ တွေးတတ်လိုက်တာ ရေးတတ်လိုက်တာ နော်။
    ပြောရရင်တော့ ကိုယ့်မြန်မာတွေကအစမကောင်းတာ။ စိတ်ဓါတ်လေးတွေ လိုအပ်နေတယ်။

    ဆရာတော်အရှင်ဆန္ဒာဓိက တရားပွဲမှာ ပရဟိတ စိတ်ဓါတ်ဆိုတာကိုသေချာဟောသွားတယ်။
    ပရ ဆိုတာ ကိုယ်ကလွဲပြီးတခြားသူ တဦးတယောက်ပဲဖြစ်ဖြစ် အများဖြစ်ဖြစ်
    ဟိတ ဆိုရာ အကျိုးကိုလိုလားတာ တဲ့
    အဖွဲ့အစည်းနဲ့ လှူနိုင်မှ ကူနိုင်မှ မဟုတ်ဘူးတဲ့ ကိုယ့်ကြောင့်သူတပါးအကျိုးယုတ်မှာ အနှောက်အယှက်ဖြစ်မှာကိုရှောင်နိုင်ရင်ကိုပဲ ပရဟိတ လုပ်နေတာပါတဲ့။

    အရမ်းကိုကြိုက်မိတယ် လေးပေါက်ပို့စ်ကိုဖတ်ရင်းနဲ့သတိရသွားလို့ရေးလိုက်ပါတယ်။

  • ဟုတ်ပါတယ် ရွှေကြည်ရေ
    လူတွေက စလုပ်စမှာတော့ အများအကျုးိအတွက်စလုပ်ကြတာပါဘဲ။
    နောက်တော့ ထဲထဲဝင်ဝင်လုပ်ရင်းက လစ်ဟာကွက်တွေကို မြင်သွားတော့ ကိုယ်ကျိုးကြည့်ကြတော့တာပါ။
    နောက် ပြီး ရှေ့ဆောင်နွားလားတွေက ဖြောင့်ဖြောင့်မသွားတော့
    နောက်က လိုက်သူတွေ အလိုလိုကောက်ကုန်တာပေါ့ဗျာ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 19, 2012 at 12:57 am

    အင်မတန်ရိုးရှင်း မြင်သာတဲ့ ပိုစ့်တစ်ပုဒ်ဖြစ်ပါတယ်ဗျာ
    လေးဘောက်အနေနှင့် ဒီလိုပိုစ့်မျိုးရေးလိမ့်မယ်လို့
    တစ်ကယ် လုံးဝ မထင်မှတ်ထားမိခဲ့ပါဘူး
    ဘာဘဲဖြစ်ဖြစ် အကျိုးအကြောင်းညီညွှတ်ရင်တော့
    စခန်းကိုခေါ်ပြီး နည်းနည်းပါးပါးစစ်ဆေးရပါလိမ့်မယ် :mrgreen:
    ပုံ
    ထောက်လှန်းရေး

    • ဟုတ်ကဲ့ပါ
      ကိုအောင်ဘု သူများမြောက်ပေးလို့ရေးမိတာပါ။
      အခုကြောက်လို့ အပြင်ထွက်ရင် လူတပ်တဲ့ပါးချုပ်လေးတပ်ပြီးမှ အပြင်ထွက်ပါတယ်။

  • kyu

    December 19, 2012 at 4:41 pm

    ပွင်.လင်းမြင်သာတဲ.ခေတ်ကို ရောက်ခဲ.ရင်တောင်မှ ကျမ တို.နိုင်ငံမှာ ကျွမ်းကျင်လုပ် သား လုံလောက်ပါ.မလားဆိုတာလဲ စိတ်ပူစရာပါ။ မြန်မာလူမျိုးဟာ အလုပ်လုပ်ဘို.အတွက် အသားကျဘို.။အချိန်ကိုလေးစားဘို.အတွက် အသားကျဘို.။အများကြီးလိုသေးသလား လို.ထင်နေသေးပါတယ်။

    • မှန်ပါတယ် ကျနော်တို့ ပြည်သူပြည်သားတွေဘက်ကလဲ
      စည်းမဲ့ကမ်းမဲ့ နေခဲ့တာတွေကိုလွှတ်ချကြရမှာပါ။

  • koaung

    December 19, 2012 at 4:57 pm

    မြန်မာပြည်ကိုု ၈၈နောက်ပိုုင်း တိုုင်းပြည်ကိုုတဖြ ုုန်ဖြ ုုန်ကေး အောင်လုုပ်သွားတာက ပါမစ် ဥပိုုင် လက်နက်ပွဲစား ရုိုက်စားတွေဘဲဖြစ်ပါကြောင်း

  • မှန်ပါတယ် ကိုအောင်ရေ
    ဒါတွေကို ပြည်သူတွေ ခံစားခွင့်ရအောင် ပြန်လည်ကြိုးစားကြရမှာပါ။

Leave a Reply