Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တွေ့ ဆုံ ပွဲ လာမယ့် အမေ့ ကို ရွာသူားတွေ နဲ့ မိတ်ဆက် ပေးပါတယ်။

မိုခ်ိဳJanuary 17, 20131min77432

မန်းဂဇတ်မန်ဘာများ တွေ့ဆုံဆုပေးပွဲကို ကျမ ကိုယ်စား အမေလာမယ်ဆိုတော့ အမေ့ ကိုရွာနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျမသာ ရန်ကုန်မှာရှိနေရင် ဆုရရ မရရ တွေ့ဆုံပွဲကို ရောက်အောင်တတ်ဖြစ် မှာပါ။ အခု ကိုယ်တိုင် မလာ နိုင်ပေမယ့် အမှတ်တရ ဆုကိုတော့ မြတ်မြတ်နိုးနိုး တန်ဖိုးထားပြီး လိုချင်မိတဲ့ အတွက် အမေ့ ကို ကိုယ်စား လာယူစေရတာပါ။

အမေ က ကျမအတွက် အရမ်း ပျော်နေပါတယ်။ ဆု မရ ခင် တည်း က အမေရိကား အခြေစိုက် ဝဘ်ဆိုဒ် တစ်ခု မှာ ကျမ စာဝင်ရေးနေတာ ၊ ပြည်တွင်း ပြည်ပ က သက်ဆိုင်ရာ အသက်မွေး ဝမ်းကြောင်း နယ်ပယ် အသီးသီး မှာ အောင်မြင် နေကြတဲ့ ဝါသနာရှင် စာရေးသူ လူကြီးလူငယ် တွေ (ရွာသူားတွေ ) နဲ့ စာတွေ ကတဆင့် ကျမ ခင်မင် ရင်း နှီးနေ တာ ကို ဂုဏ်ယူနေတဲ့ အမေ ပါ။ ကျမ ကလည်း ရွာသူားတွေ ရဲ့ အကြောင်း ၊ လူမှုရေး လုပ်ငန်း တွေ အကြောင်း ၊ အလှူတွေ အကြောင်း ၊ တချို့ ဆိုရင် ဂျာနယ် တွေ သတင်းစာတွေ မှာ လက်ရှိ ရေးနေတဲ့ အကြောင်း တွေ ပြောပြ ထားပါတယ်။

ကျမ ဆု ရွေးခြယ် ခံရတယ်ဆိုတော့ ဆွေမျိုး မိတ်ဆွေတွေ၊ ကျမ သူငယ်ချင်းတွေ ကိုမမောတမ်း ကြွား တော့ တာပါပဲ။
မန္တလေးဂဇတ် ထဲ မှာ ကျမ ရေးတဲ့ စာတွေ ရှိတယ် ၊ ဖတ်ကြည့် ကြ ဟဲ့ လို့ သူများေတွေ ကို ပြော ပေမယ့် သူကိုယ်တိုင် ကတော့ မဖတ်ဖူး ပါဘူး။ အင်တာနက် မသုံး တတ်သလို ကွန်ပျူ တာလည်း မကိုင် တတ်ပါဘူး။ ကျမ အမေ့ ကို ကွန်ပျူတာသင်ပေးဖို့ ကြိုးစားဖူးပေမယ့် လက်မခံ ပါဘူး။ ကျမ က ကွန်ပျူတာ ဖွင့် ထား ရင်း အိပ် ပျော် သွား တတ် လို့ သူ ပိတ် ပေး ထား လို့ ရအောင် ကျမ ကို မေးပြီး …shut down တော့ လုပ်တတ် ပါတယ်။ ဖုန်း ဆိုလည်း touch screen ဖုန်း မသုံး တတ် ပါဘူး။ ကျမ ကို ပြောချင်ရင် ဆိုင်သွားပြီး pfingo နဲ့ ပဲ ခေါ်ပါတယ်။ အိမ်ကဖုန်းနဲ့ အင်တာနက် ဖွင့် viber နဲ့ ခေါ်ဖို့ ပြောပေမယ့် မရပါ ဘူး ။ ခလုတ်ကြီးကြီး ပါတဲ့ နိုကီရာ ဖုန်း ပဲကိုင်ပါတယ်။ ဒါပေမယ့် သား သမီးတွေ ကွန်ပျူ တာ တချောက် ချောက်၊ ဖုန်းလေး တ တို့တို့ ၊ တက်ပလပ်လေး တပွတ်ပွတ် လုပ်နေရင်တော့ သဘောတွေ ကျနေတတ်ပါတယ်။

အမေ နဲ့ ဖုန်း နဲ့ ပက်သက် တဲ့ ဟာသ တစ်ခု ပြောပြ ပါအုံး မယ်။ ဒီ တခေါက် ကျမ ပြန်တော့ ကျမ မောင် အကြီးကောင် ဖုန်း ကလိနေရင်း က ….ငါ့ ဖုန်း လည်း တော်တော် လေးနေပြီ ၊ မလိုတာတွေ ဖြုတ်ပစ် အုံး မှ ပဲ…. လို့ ပြော ပါတယ်။ အဲဒီတော့ အမေ က ဟဲ့…နင့် ဖုန်း ငါကိုင် ကြည့် တာ ဝယ်တုန်း ကအတိုင်း ပါပဲ…. ပို မလေး လာ ပါဘူး ၊ လျှောက် မဖြုတ် နေပါနဲ့ …တော်တော် ကြာ ပျက်သွား အုံး မယ် ……. လို့ ဆိုပါတယ်။ အမေ့ စိတ်ထဲ ဖုန်း လေးတယ်ဆိုတာ အလေးချိန် လေး လို့ မောင်လေး က လျှောက်ဖြုတ် ပစ်မယ်လို့ ထင်သွားပုံ ရပါတယ်။ သူ့ သားတွေ ငယ်ငယ် တုန်း က လို ပစ္စည်းပစ္စယ တွေ ကို တစစီ ဖြုတ်ပစ်၊ ပြန်မတပ် တတ်တော့ ပျက်စီး ၊ အဲလို ဖြစ်သွား မှာ စိုး လို့ တား တာပါ။ ကျမတို့ မောင် နှမ လည်း ပထမတော့ ရီ လိုက်ကြပြီး နောက်မှ ၊သား ရဲ့ ပိုက်ဆံ ကုန် မှာ စိုးတဲ့ အမေစေတနာ နဲ့ ခေတ်ပေါ် ပစ္စည်း တွေ နဲ့ အလှမ်း ကွာ နေတဲ့ အမေ့ အတွက် စိတ် မကောင်း ဖြစ်သွားရတယ်။
ကျမ ဒီ အပေါ် က အပိုဒ် တွေ ရေး နေတဲ့ အထိ အမေ ကျမ စာကို မဖတ် ဖူးသေး ပေမယ့် အခု ဖတ်ပြီးသွား ပါပြီ။ ကျမ ဒီစာရေး နေရင်း နဲ့ အမေ ဖုန်း ခေါ် ပါတယ်။ ဂဇတ် မန်ဘာတွေ့ဆုံ ဆုပေးပွဲ (သူ့ အတွက်တော့ သမီး အတွက် ဆုသွားယူပေးရမယ့် ပွဲ ပေါ့ လေ ….) တတ် ဖို့ တတ်ကြွ နေတဲ့ အမေ က ကျမ ရဲ့ ဆုရတဲ့ စာ ကိုလည်း ဖတ်ချင် ပါသတဲ့။ ကွန်ပျူတာ မကိုင်တတ်၊ အင်တာနက် မသုံးတတ်တဲ့ အမေ က ဆိုင် က မိန်း ကလေး အကူ အညီ နဲ့ ကျမ စာကို ဖတ် ဖြစ် သွား ပါပြီ။ ကျမ လည်း ဆိုင်က မိန်း ကလေး ကို ဘယ်လိုဖွင့် ဘယ်လို ဝင် နဲ့  ဖုန်း(pfingo) ကနေပြောရင်း ကျမ ရဲ့ဆုရ ပိုစ့် ပွင့် သွားတော့ အမေ ဝမ်းသာအားရ နဲ့ အော်ဖတ် နေလို့ ရီရသေးတယ်။ အမေ …သမီး ရေး ထားတာ ဒရမ်မာ နော် …အမေ အော် ဖတ်နေတာ တဆိုင်လုံး ကြားတော့ မှာပဲ  … ဆိုတော့ မှ ငါ အေးအေး ဆေးဆေး ဖတ် ဖို့ ဖုန်းချလိုက်တော့ မယ် တဲ့ ။
ကျမ အမေ ဟာ သူနာပြု ဆရာမ ပီပီ စိတ်ရှည် တယ်၊ ကြင်နာသနားတတ်တယ်၊ သည်းညည်း ခံတတ် တယ်၊ အားနာတတ်တယ်၊ သူတပါး ကို စိတ်ရောလက်ပါ ကူညီတတ်တယ်၊ စကားပြောရင် လည်း အေးအေးချမ်းချမ်းပြောတတ်တယ် ။ အဲဒီ အပေါ်မှာ တခြားသူ တွေ က အခွင့် အရေး ယူ တတ် တော့ ကျမက လူကြမ်း ဖြစ် ရ ရော။ ကျမ ကတော့အမေ နဲ့ပြောင်း ပြန် ပါ။ ပေါင်းသင်းဆက်ဆံ ရေး မှာလည်း  ကျမထက်သာ ပါတယ်။ ခေတ်ပေါ် ပစ္စည်း တွေ မသုံးတတ်ပေမယ့်စာအုပ်တွေ ၊ ဂျာနယ်တွေ ဖတ် တဲ့ သူဆိုတော့  ခေတ် ကိုတော့ သိပ် မျက်ခြေ မပျက် ပါဘူး။
ကျမ အမေ ကတော့ တတ်ကြွပျော်ရွှင်စွာနဲ့ ကျမ ကိုယ်စား ဆုလာယူ ဖို့ ပြင်ဆင် နေပါပြီ။ ရွာသူားတွေ ကလည်း ကျမ ကိုယ်စား အမေ့ ကို ရင်းနှီး ခင်မင်စွာ ကြိုဆိုပေး ပါ လို့ တောင်း ဆို ပါရစေ။

DSCF2291

ဆုပေးပွဲ လာမယ့် သား အမိ ပုံ ( မောင်လေး က ကပ်မှ ပြောလို့ သူ့ အတွက် နေရာ မရ လည်း ဖြစ်ပါတယ်။ သူ့ ဘာသူ အဆင်ပြေရာ မှာ နေပါလိမ့်မယ်)

မှတ်ချက်။ ။ ဒီ ပိုစ့် ကို သဂျီး သို့မဟုတ် တတ်နိုင်သူ တစ်ဦးဦး မှ မန်ဘာ သီးသန့် ဖတ် လို့ ရတဲ့ ပိုစ့် ဖြစ်အောင် လုပ်ပေး ပါ လို့ တောင်းဆိုချင် ပါတယ်။

32 comments

  • ဦးဦးပါလေရာ

    January 17, 2013 at 2:53 pm

    မိုချိုရဲ့အမေကိုရော မောင်လေးကိုပါ လှိုက်လှဲပျူငှာ ဝမ်းသာအားရ ကြိုဆိုပါတယ်..။
    အစကတည်းက မိုချိုရဲ့မိခင်ကြီး+အဖေါ်၁ လို့ (မပဒုမ္မာပြောတာထင်တယ်) ကြိုသိထားပြီးဖြစ်တာမို့
    နီးမှကပ်ပြောတယ်ရယ်လို့ မဟုတ်ပါဘူး။
    ရွာသူားတွေရဲ့တွေ့ဆုံပွဲကို အလေးအနက်ထားတဲ့အတွက်လဲ မိုချိုကို ကျေးဇူးတင်ကြောင်းပြောပါရစေနော..။

    • မိုချို

      January 18, 2013 at 8:12 am

      ဦးပါ နှင့် တကွ ရွာသူား တို့ ရေ

      ကျမ ငယ်ဘဝ တလျှောက် ကျောင်းတွင်း ဆုပေး ပွဲတွေ ကို အမေ နှစ်တိုင်း တတ်ခွင့် ရခဲ့တယ်။ ဘွဲ့ နှင်းသဘင် တတ်ပြီးနောက်ပိုင်း မှာတော့ လုပ်ငန်းခွင်ထဲ မဝင်ဖြစ်တဲ့ ၊ ဘယ်လို အရည်အချင်း ကို မှ ပြခွင့် မကြုံ တော့ တဲ့ ကျမ အတွက် အမေ ဘယ်ပွဲ မှ တတ်ခွင့် မရ ခဲ့ ကြာခဲ့ ပါပြီ။

      မမျှော် လင့် ပဲ ကြုံ လာတဲ့ ဒီပွဲလေး ဟာ ကျမ အမေ အတွက် တော့ တော်တော် ပျော်ရွှင် ဂုဏ်ယူ နေခဲ့တယ်။ ကျမ ကိုယ်တိုင်တိုင်တောင် အမေ အဲလောက် တတ်ကြွ နေလိမ့် မယ်လို့ ထင်မထား မိဘူး။
      အမေ့ ကို သမီးအတွက် ဝမ်းသာဂုဏ်ယူ ပျော်ရွှင်မှုတွေ အသက်ကြီး မှ တကျော့ ပြန်ရအောင် ဖန်တီးပေးခဲ့ ကြတဲ့ သူအားလုံး ( ဆိုဒ် ထောင်သူ သဂျီးက အစ၊ ဆု ရွေးခြယ်ဖို့ အကြံပြု စီစဉ် ခဲ့သူတွေ၊ ရွေးခြယ် အကဲဖြတ်သူတွေ၊ အခမ်းအနား လုပ်ဖို့ ငွေအား၊ လူအား စိုက်ထုတ် စီစဉ်ဆောင်ရွက် ကြသူတွေ၊ ဒီဆိုဒ်လေး စိုပြည် သက်ဝင် နေစေဖို့ အမြဲ ဖတ်ရှု အားပေးကြတဲ့ မန်ဘာတွေ၊ မန်ဘာ မဟုတ်ပေမယ့် စာဖတ်သူတွေ အားလုံး) ကို ကျေးဇူးတင်မိပါတယ်။

      • kai

        January 18, 2013 at 3:16 pm

        နှုတ်ခွန်းဆက်ပါကြောင်း.. စကားကြုံပါးပေးပါနော…
        ပွဲဖြစ်အောင်လုပ်ကြတဲ့.. ရွာသူားများကိုလည်း.. ကျေးဇူးနဲ့အတူ.. နှုတ်ဆက်ပါကြောင်း…
        ဘဝအမှတ်တရ တခု.. ဖြစ်ပါစေကြောင်း… :528:

  • surmi

    January 17, 2013 at 2:56 pm

    မမိုချိုရေ….
    ဂျလေဘီသည် မောင်ဆာမိ ကလည်း လာနှုတ်ဆက်ပါလိမ် ့မယ်လို ့
    ပြောထားလိုက်ပါဦးဗျ :hee:

  • ရွာသူ jujuma .

    January 17, 2013 at 3:06 pm

    ဒီလိုပုံလေးနဲ့ ကြိုပြီးသိထားတော့ … ကြို ဆို ဖို့ ရာ ပိုလွယ်တာပေါ့နော် …

  • ခိုင်ဇာ

    January 17, 2013 at 3:15 pm

    မမိုချိုရေ။
    ဒီအမေ နဲ့ ဒီ သမီး တစ်ယောက်နဲ့ တစ်ယောက် အလေးထားတတ်တာလေးက ပေါ်လွင်ပြီး ချစ်စရာကောင်းလိုက်တာ။
    အစ်မ.. ပို့(စ) တို့ ကော်မန့်တို့ကို စာရွက်ထုတ်ပြီး အဆင့်သင့်ထား ထားလေ။ လူကြုံရှိရင် စာအိတ်ထဲ ထည့်ထည့်ပေးလိုက်ပေါ့။ အမေ ဖတ်ချင်မှာ ဖတ်ရရင် ပျော်မှာပေါ့။
    ခုလို သမီးကိုယ်စား ဆုပေးပွဲ သွားရတာဘယ်လောက်ပျော်လိုက်မလည်း။ ခံစားကြည့်လို့ရပါ၏။ :hee:

    Congratulations again ပါ မမိုချို။ အစဉ်ပြေရင် တွေ့ချင်ပါသေးတယ်။ 🙂

  • မင်းနန္ဓာ

    January 17, 2013 at 3:16 pm

    ရွာသူားတွေကလည်း
    အမေ့ကို အလေးအနက်ထား ကြိုဆိုကြပါမယ်ခင်ဗျားးး
    ကျနော့် အမေရဲ့ ညီမ (ကျနော့်အတွက် ဒုတိယ အမေလိုပါပဲ) လည်း သူနာပြုဆရာမပါပဲ

  • mamanoyar

    January 17, 2013 at 3:26 pm

    နွေးထွေးလှတဲ့ သားအမိလို့မြင်မိပါတယ်
    မမိုချိုအစားဝမ်းသာပါတယ်ရှင်

  • အရီးခင်လတ်

    January 17, 2013 at 3:35 pm

    မိုချို့အမေရော၊ မောင်လေးရော ချောကြတာမို့ မိုချို က သူတို့ထက်တောင် ပိုချောမယ် မှန်းပါတယ်။
    သမီး ဘာလုပ်နေတယ် ဆိုတာ အသေးစိတ် စိတ်ဝင်စားတဲ့ အမေ နဲ့ ကိုယ်ဘာလုပ်နေတယ် ဆိုတာ အမေ့ကို ပြောလေ့ရှိတဲ့ သမီး ရဲ့ ချစ်ခြင်းမေတ္တာရင်းနှီးမှု ကို မြင်ရလို့ ဝမ်းသာပီတိ မုဒိတာ ဖြစ်ရပါတယ်။
    မိုချို့ အမေလဲ အဲဒီပွဲမှာ ပျော်မှာ အသေအချာပါဘဲ။
    တို့တွေ လဲ ဝင်နွဲချင်လိုက်တာ နော် မိုချို့ရေ။
    🙁

  • pooch

    January 17, 2013 at 3:40 pm

    ရိုးပြီး မေတ္တာတရားကြီးမားတဲ့ မိခင်ရယ် အမေ့ကို ချစ်တဲ့ လေးစားတဲ့ သမီးရယ်ဆိုတော့ ဒီမိသားစုလေးက အားကျစရာ ကောင်းတယ်
    Congratulations ပါ အမရေ 😀

  • nozomi

    January 17, 2013 at 3:46 pm

    မိုးချို့ အမေကို ရွာသားတစ်ယောက်ကလဲ နုတ်ဆက်ပါတယ်လို့ ပြောပေးပါနော
    အဲဒီရက် ရန်ကုန်မှာ မရှိတာမို့ ကျွန်တော်လဲ ပွဲကို မတက်နိုင်ဘူး
    ဖြစ်နိုင်ရင် ဒေါ်မိုးချို ရော ရွာသားအားလုံးကို တွေ့ချင်တာ
    အခုတက်မှာ ၅ဝ ကျော် ဆိုတော့ ပျော်စရာကြီး

    ဒီ အချိန် ပွဲ လုပ်နေပြီ ဟေ့ လို့ စဉ်းစားမိလိုက်ရင် တခြားအလုပ်တွေကိုမှ လုပ်နိုင်ပါ့မလား မသိ

  • ရွှေတိုက်စိုး

    January 17, 2013 at 4:44 pm

    မမိုချိုရေ ရွာသူားတွေအတွက် ဝိုင်းတွေ စီစဉ်ထားသလို အဖော်ပါလာရင် လဲ ဝိုင်းထဲတော့ ဝင်ထိုင်လို.မရပေမယ့် ဘေးမှာ ခုံအပိုတွေ စီစဉ်ထားပေးပါတယ်ဗျာ..
    အဖော်မပါလို.တစ်ယောက်ထဲလာမယ်ဆိုရင်လဲ အိမ်တိုင်ရာရောက်လိုက်ခေါ်ပေးဖို. ဝန်မလေးပါဘူးခင်ဗျ..
    အားလုံးက လှိုက်လှိုက်လှဲလှဲ နွေးထွေးစွာ ကြိုဆိုနေမှာပါ…

  • အဟမ်းးး ဟမ်းး
    ကြုံဒုံးလေး …
    တီခုလောက်ဒေါ့ မေးခွင့်ပုဘာ …
    မမိုချိုရဲ့ မားသားမှာ ….
    ကျုပ်လောက် အရွယ် သာမီးလေး မချိဘူးလားလို့ … :mrgreen:
    တစ်နည်းအားဖြင့် မမိုချိုမှာ ညီမငေးး ချိဘူးလားပေါ့ဂျာ …

    အကယ်၍ ချိဂဲ့တီ ဆိုဘာဂ …
    အိုက်နေ့ဂျရင် မြင်ဒါနဲ့
    တစ်ခါတည်း မာမီ တန်းခေါ်ပလိုက်မယ် .. ငွင်းး ငွင်းး :mrgreen:
    လာရောက် နောက်သွားခြင်းသာ ဖြစ်ပါကြောင်း …

  • မောင်ပေ

    January 17, 2013 at 8:23 pm

    နိတ်စ်တိုင်းပေ့ါ
    အခုတိုင်းတော့
    လွဲပါမယ်
    အဲဒါ အဲဒါ

  • မိုချို

    January 18, 2013 at 8:54 am

    ဦးဆာမိ
    ဂျလေဘီသည်ကြီး လာနှုတ်ဆက်မယ့် အကြောင်း ပြောပြထားလိုက်ပါမယ်။

    ဂျူးမမရေ
    ဒီ အဖွားကြီး ဘယ်သူ ပါလိမ့် လို့ သို့လောသို့ လော ဖြစ်နေကြမှာ စိုးလို့ ပါ။ ခုတော့ မမှား နိုင်တော့ ဘူးပေါ့။

    ခိုင်ဇာရေ
    သူတို့သား အမိ သွား ယူ ရတာ အဆင်မပြေမှာစိုးလို့ အိမ်တိုင်ရာရောက် သွားပေးမဲ့ သူမှ မဟုတ်ရင် အမက ရန်ကုန်ကို လူကြုံ ထည့်လေ့သိပ်မရှိဘူး။ တရက် ဆုံကြမယ်လေ။

    ကိုရွာစားရေ
    ပွဲ တတ်ဖို့ ဖွေးဖွေး တို့ ယုသန္တာတင် တို့ နဲ့ ရက်ချိတ် ပြီး ပြီလား။
    အမျိုးထဲ မှာ ဆရာဝန် မဟုတ်တောင် သူနာပြု ဆရာမ တစ်ယောက်လောက် ရှိ နေရင် တော်တော် အဆင်ပြေတယ်နော်။

    မမနိုရာ
    မိုချို တို့ သား အမိက နွေးထွေး လား မထွေး လားတော့ မသိဘူး။ ငယ်ငယ် ထဲက ဆိုးတိုင်ပင် ကောင်းတိုင်ပင် သူငယ်ချင်းပေါင်း ပေါင်း တယ် ။

    အရီးလတ်
    မိုချို ကတော့ ချောလွန်းလို့ ကိုင်လို့ တောင် မရဘူး။ ငါးရှဉ့်က အမ ခေါ်ရမယ်။
    အမေ့ ခမျာ သမီး က တစ်ယောက်တည်း ရှိတာ အဝေးရောက်နေတော့ တခါတလေ ကိုယ့် ကိုယ် ကို တာဝန် မကျေ သလို ခံစားရတယ်။

    မယ်ပုချ်ရေ
    အမ နဲ့ အမေ နဲ့ က ချစ်ကြ လေးစားကြပေမယ့် အားကျ စရာ မိသားစုတော့ မဖြစ် ပါဘူး။ အမေ့ မှာ ပုံ ထဲပါ သား အငယ် အတွက် သောကတွေ ရှိ နေတယ်။ အဲဒီမောင်လေး က လူဆိုး လေး။

    ကို နိုဇိုမိ
    အဲဒီနေ့ ကျရင် ဘယ်သူ အရင်ဆုံး တင် မလဲ လို့ အင်တာနက် ကနေစောင့် နေမယ်။ တနေ့ နေ့ တော့ အားလုံး ဆုံကြ ဦး မှာပါ။

    တိုက်တိုက်
    ပွဲ တစ်ပွဲ ဖြစ်ဖို့ ဆိုတာ လွယ်တာမှတ်လို့ …။ ညည်း တို့ တွေ ကို အရမ်း ကျေးဇူး တင်တယ်အေ။
    အငယ် ကောင်အတွက် သူအမေ နား ခုံ ချ ထားပေမယ် ဆိုပို အဆင်ပြေတာပေါ့ ။ ဒင်း ဘယ်မှ သွားလို့ မရ တော့ ဘူး။

    မောင်အံဇာ
    စိတ်မကောင်း ပါဘူးအေ။ ကျုပ်ကိုယ်တိုင်တောင် အငယ်ကောင် ကို ညီမ ဖြစ်စေချင်တာ။

    လေးပေါက်၊ ကပေ
    မန်းလေး သားတွေ လည်း အမှတ် တရ ဆု တွေ လာ မယူ နိုင်ဘူးပေါ့ ။ နောင်နှစ်တွေ မန်းလေး မှာလုပ် ဖြစ်လည်း မြန်မာ ပြည်မှာ ရောက်နေတဲ့ အချိန် ကြုံ ရင် အရောက် လာခဲ့ မယ်။

    မွန်မွန်
    ပြောထား လိုက် မယ်နော်။

  • ဦးကြောင်ကြီး

    January 18, 2013 at 9:56 am

    မိုချို့အမေ
    ပြုံးပန်းဝေ
    သမီးလိမ္မာ
    ငါ့အမွေ၊
    ဘုရားမှာ
    ဆုတောင်း
    ပြည့်စေကြောင်း
    လိုအင်ဆန္ဒအပေါင်း…။

  • etone

    January 18, 2013 at 1:18 pm

    အစ်မ မိုချိုရေ မင်္ဂလာပါ …

    ဟီး … ဟိုမောင်လေးဆိုတဲ့ ဟိုအစ်ကိုက … ဒေါသကြီးတတ်တဲ့ တစ်ယောက်မို့လား … ။ဂျာနယ်ဖတ်ရင်း တသီးတသန့်နေတတ်သူလေ .. အာရုံစူးစိုက်မိရင် ပတ်ဝန်းကျင်ကို သတိမထားသူပေါ့ … အဟိ … ။ ကိုယ့်အစ်မကို လာလိမ်သွားတဲ့လူမှန်းလည်းသိရော ဒေါသတကြီးနဲ့ … အုတ်နီခဲနဲ့ ထုဖို့စိတ်ကူးမိသူ… အမှန်တရားကို မြတ်နိုးသူ … ကိုယ့်ဆွေမျိုးကို ကာကွယ်စောင့်ရှောက်ရမှန်း သိသူ … ဟီးးးးး ….
    အစ်မနဲ့ အမေက ဆွဲထားပြီးမလိုက်သွားခိုင်းတော ့… လူကြီးစကား နားထောင်သူ ၊ သင်ပြဆုံးမရလွယ်သူ .. အဟိ … ထပ်မွှန်းလျှင် .. ထပ်ထွက်လာဦးမယ် … အဟီးးးးး …. ။

    နောက်တာပါ အစ်မ မိုချိုရေ … အခုဟိုးအောက်ဆုံးထိကျအောင်ပဲ … ပေါမိနေတတ်လွန်းလို့ပါ … ။ ဟီး :mrgreen:

  • kyeemite

    January 18, 2013 at 3:30 pm

    မမိုချိုအမေနဲ့မောင်လေးကိုကြိုဆိုပါတယ်ဗျာ… 😀

  • မိုချို

    January 18, 2013 at 3:46 pm

    သဂျီးရေ
    တစ်နှစ်နှစ်တော့ သဂျီးတို့ ဆီ မှာ လုပ် လေ။ လာမယ့် ရွာသူား တွေ ကို လည်း လေယဉ် လက်မှတ်လေး ချီးမြှင့် …အာဟိ….ကောင်းဘူးလား။

    ဦးကြောင်
    ကဗျာကို ဓါတ်ပုံ နဲ့ လိုက်အောင် ဖွဲ့ ထားတာ ….တော်ပ။

    အိတုံ ညီမ
    အဲဒီ ဂုဏ်ပုဒ် တွေ အပြင် အခြား ဂုဏ်ပုဒ် တွေ လည်း ရှိသေး ပ။ နောက်မှ ရေး ဖြစ်အုံး မယ် အလိမ္မာ တုံး ( အလိမ္မာ တွေတုံးနေတာ) မောင်အကြောင်း။

    ဦး ကြီး မိုက်
    ပြောထား လိုက် မယ်နော်။

  • ဝင့်ပြုံးမြင့်

    January 18, 2013 at 5:48 pm

    အန်တီ့ကို နှုတ်ဆက်ကြောင်း ပြောပေးပါ မမိုချိုရေ။
    ခင်မင်သော
    မပြုံး။

    • မိုချို

      January 19, 2013 at 8:13 am

      အမ ပြုံးရေ
      အမ တို့ လို တကယ့် စာရေး ဆရာမ အစစ် တွေ နဲ့ အပြင်မှာ ပါ ခင်မင်ခွင့် ရ ချင်ပါသေးတယ်။

  • padonmar

    January 19, 2013 at 8:21 am

    မိုချို့အမေနဲ့ မောင်လေးကို ကြိုဆိုပါတယ်လို့ပြောပေးပါနော်။

    • မိုချို

      January 19, 2013 at 10:29 am

      အန်တီရေ
      အမေတို့ သား အမိကို ဆိုင် ရှာ မတွေ့ တာတို့ ၊ အဝင်ဝ မှာ လူမတွေ့ လို့ ဘယ်လို ဝင်ရမှန်း မသိတာ တို့ ၊ ဘာ အခက်ခဲ ပဲ ရှိရှိ အန်တီ့ ဖုန်း ကို ဆက် မေး ဖို့ မှာထား ပါတယ်။

  • ဆူး

    January 19, 2013 at 10:49 am

    မနက်ဖြန် ဆူး ၉နာရီလောက်တော့ ရောက်ပါမယ်.. အမ ရဲ့ အမေ နဲ့ မောင်လေး ကို ပုံသေချာ ကြည့်ပြီး ရှာလိုက်ပါ့မယ်။ စိတ်ချပါ..

    • မိုချို

      January 19, 2013 at 7:18 pm

      ကျေးဇူးပါ ဆူးရေ။

  • ဦးဦးပါလေရာ

    January 19, 2013 at 6:17 pm

    မိုချို့အမေကို မှာဘို့ လမ်းညွှန်လိုက်မယ်..

    လူငယ်ထဲက အရပ်ပုပြီး မင်းသားချောချောတဲ့သူကိုတွေ့ရင် အဲဒါ ရွှေတိုက်စိုး..
    လူငယ်ထဲက အရပ်မြင့်ပြီး ကိုရီးယားအဆိုတော်နဲ့တူတဲ့သူကိုတွေ့ရင် အဲဒါအမတ်မင်း..
    လူလတ်ပိုင်းထဲက အရပ်မြင့်မြင့် အဖြောင့်ဆုံးကိုတွေ့ရင် အဲဒါ အဘဖေါ..
    လူကြီးပိုင်းထဲက အရပ်ပုပု မှုန်ကုပ်ကုပ်နဲ့ စာရေးကြီးနဲ့တူတဲ့လူကိုတွေ့ရင် အဲဒါ ဦးဦးပါလေရာ…

    ပြီးတော့ လူတွေကို ပါးစပ် ဟ ခိုင်း…

    သွားတချောင်းကျိုးနေတဲ့သူတွေ့ရင်…….. အဲဒါ….

    :harr:

    • မိုချို

      January 19, 2013 at 7:16 pm

      အဲဒါ ဘူလဲဟင်။ တကယ် မသိလို့ ပါ။

  • အလင်းဆက်

    January 19, 2013 at 6:46 pm

    ပြီးတော့….

    အရပ် မတိုမရှည်…
    အသား မဖြူ မမည်း..
    မပိန် မဝ
    မချောတချော

    မင်းမော်ကွန်းလိုလို…
    နိုင်းနိုင်းလိုလို…
    ဂျွန်စော..လိုလို…

    အသက် နှစ်ဆယ့်ငါးနှစ်အရွယ် လူပျိုချောလေးတစ်ယောက်တွေ ့ ရင်….
    အဲဒါ…. အလင်းဆက်…. ပါ..လို ့။

    မမမိုချို..
    မှာပေးနော် ။
    :kwi:

    • မိုချို

      January 19, 2013 at 7:19 pm

      ဟုတ်ပါပြီ လူပျိုချောရယ်။ ကြော်ညာလိုက်တာအေ။ ငါ့ မှာ ညီမ ရှိရင် နင့် ကို မတ် တော်ပါတယ်။

Leave a Reply