ဘားအံမြို့သို့ အလည်တစ်ခေါက် (ကော့ကသောင်ဂူ)
ကျောက်ကလပ်ဘုရားက အပြန်မှာတော့ ဇွဲကပင်တောင်ဘက်ခဏ0င်ပြီး ကော့ကသောင်ဂူကို ဆက်လက်ထွက်ခွာခဲ့ပါတယ် …
ကော့ကသောင်ဂူကို ရောက်တဲ့ အချိန်မှာ နည်းနည်းမှောင်ရီတောင်သန်းနေပင်မယ့် ကားပေါ်ပါ ယောကကျာင်္းလေး အုပ်စုကတော့
စိတ္တသုခရေကန်မှာ ရေဆင်းချိုးဦးမယ်ဆိုပြီး တက်ကြွနေကြလေရဲ့ ဒီကန်မှာတော့ ယောကျာင်္းလေး မိန်းကလေးမခွဲထားဘဲ အတူတူ
ဆင်းချိုးရတာ ဖြစ်လို့ ဘယ်မိန်းကလေးမှ ရေချိုးဆင်းတာ မတွေ့ရပါဘူး နောက် ညနေစောင်းလဲ ဖြစ်ပြန် ရေကလည်း တောင်ကြားက
ကြလာတဲ့ရေဖြစ်လို့ စိမ့်ပြီးအေးနေတာကြောင့်လဲ ပိုပြီးမချိုးဖြစ်ကြတော့ပါဘူး … ကော့ကသောင်မှာ ဘုရားဖူးပြီး အပြန်မှာတော့
တည်းခိုရမယ့် နေရာကိုပြန်ပြီး ညနေစာစားလို့ ဘားအံမှာ (1) ညအိပ်ပြီး နောက်နေ့ မနက်စောစောမှာတော့ မော်လမြိုင်ကို ဆက်လက်ထွက်ခွာခဲ့ပါတယ် …
ေ0းကနေလှမ်းရိုက်ထားသော ဇွဲကပင်တောင်
ကော့ကသောင်ဂူ အပြင်ဘက်တွင်တွေ့ရသော မြတ်စွာဘုရားနှင့် ရဟန်းတော်များ ရုပ်တု
ကော့ကသောင်ဂူတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များ
ကော့ကသောင်ဂူတွင်းရှိ နှစ်ကျိပ်ရှစ်ဆူဘုရား
စိတ္တသုခရေကန်သို့ အသွားတွင်တွေ့ရသော နတ်ရေကန်
စိတ္တသုခရေကန်မရောက်ခင်တွေ့ရသော နတ်နန်း
ကော့ကသောင်ဂူ ပတ်0န်းကျင်မြင်ကွင်းအလှ .
7 comments
ဆူး
January 31, 2013 at 1:43 pm
ရှုခင်းလေးတွေ လှ လိုက်တာ..
နေရာလေးတွေ မှတ်ထားတယ်.. သွားလည်ချင်ပါသေးတယ်။
ဂန္ဓာရီ ဆြာအုပ်
January 31, 2013 at 6:54 pm
အဲဒီကိုတော့ မရောက်ဘူးဗျ
ရေချိုးတာက အောက်ဆုံးဒုတိယ ပုံက ကန်ထဲမှာလား တော်တော် အေးမဲ့ပုံပဲ
နွယ်ပင်
February 1, 2013 at 9:31 am
မဆူးရေ …ရှုခင်းတွေကတော့ တော်တော့်ကိုလှတာ တစ်ခေါက်လောက်သွားလည်ကြည့်ပါနော် ..
ဆြာအုပ်ရေ …. ရေချိုးရတာက အဲ့ကန်မှာပါ ရေကတော့ အေးသလားမမေးနဲ့
ဒါနဲ့ ကော့ကွန်းဂူကို ရောက်ဖြစ်သေးလားဟင် အဲ့နေရာကို မသွားလိုက်ရလို့လေ …
မောင်ပေ
February 1, 2013 at 1:15 pm
စပါးပင်တွေ စိမ်းစိမ်းစိုစိုတွေမြင်ရတော့ စိတ်ထဲအေးသွားပါတယ်
Char Too Lan
February 1, 2013 at 3:12 pm
ပုံထဲကနေရာလေးတွေသဘောကျတယ်
နတ်နန်းက လူရိုင်းကားတွေထဲမှာပါတဲ့ နေရာရဲ ့ဒီဇိုင်းနဲ့တူတယ် ဟိဟိ 🙂
kyeemite
February 1, 2013 at 3:17 pm
နွယ်ပင်ရေ..
မရောက်ဖူးသေးဘူးဗျ…မော်လမြိုင်ထိပဲရောက်ဖူးတယ်..
ဓါတ်ပုံလေးတွေ အားပေးကြည့်ရှု့သွားပါဂျောင်းးးး
nova zin
February 2, 2013 at 12:58 pm
ဆိုင်ကယ်ဝယ်တုန်းကတော ့ရောက်ဖူးတယ်မှတ်မိပြီခုမှ