ငယ်ချစ်ဦး နိဂုံး
တတိယနှစ်ကျောင်းပိတ်လို့သူပြန်ရောက်တဲ့ အချိန်တွေမှာတော့
အေးစက်မာကြောတဲ့ သူ့ရဲ ့ပြောဆိုဆက်ဆံမှုတွေက ကျွန်တော့နှလုံသားကိုဆွံ့အစေခဲ့သလို နှစ်ပေါင်းများစွာခိုင်ခိုင် ခံ့ခံ့နှောင်ဖွဲ့ခဲ့တဲ့
သံယောဇဉ်အရံအတားတွေကိုလည်း ပြိုလုမတတ်ယိမ်းယိုင်သွားစေခဲ့ပါတယ်….။
ငယ်စဉ်တောင်ကျေး ခလေးဘဝထဲကသန့်ရှင်းစင်ကြယ်မှုများနဲ့ချစ်ခဲ့ရသူ ငယ်ချစ်ဦးကို
လွယ်ကူစွာ မေ့ပြစ်နိူင်ဖို့ ကျွန်တော့ရဲ ့ဦးနှောက်က ကျွန်တော့်ရဲ ့ စိတ်ကို အမိန့်ပေးစေခိုင်းနိူင်ခြင်းမရှိခဲ့ပါဘူး …။
နောက်ဆုံးနှစ် ရဲ ့နှစ်ဦးပိုင်းမှာသူ့ဆီကို သူ့ရဲ ့ဆန္ဒနဲ့ ဆန့်ကျင်စွာပဲကျွန်တော်ရန်ကုန်ကိုအရဲစွန့်စွာ လိုက်သွားခဲ့ပါတယ် ။
.ကြီးကျယ်ခန်းနားတဲ့ တက္ကသိုလ်ကျောင်းဝန်းကြီးတစ်ခုလုံးရဲ ့အရိပ်အမိုးအောက်မှာ
ငယ်ချစ်ဆိုသောအရောင်ဖျော့ဖျော့ဂုဏ်ပုဒ်တစ်ခုကိုပဲ အဖေါ်ပြုပြီး
အတန်းဆင်းမဲ့ သူ့စာသင်ခန်းရှေ ့မှာ အမိန့်ချခံရသူတရားခံတစ်ဦးလို သက်ပြင်းပေါင်းများစွာချရင်းစောင့်စားနားထောင်ခဲ့ရပါတယ်….။
“နင့်ကြောင့်ငါ့ကိုအိမ်ကကျောင်းထုတ်ပြစ်လိမ့်မယ်”….ငါရှိတဲ့နေရာဘယ်တော့မှမလာပါနဲ့ … ငါ့ကိုလည်း အနှောက်အရှက်မပေးပါတော့နဲ့ ဆိုတဲ့ စကားတွေနဲ့အတူ
ကျွန်တော့်ဓါတ်ပုံနဲ့ စာတွေကို ပြစ်ချပေးရင်း ကျောခိုင်းထွက်ခွာသွားပါတော့တယ်…။
တုန်ရီနေတဲ့လက်တွေနဲ့သူထားရစ်ခဲ့တဲ့ ပစ္စည်းတွေကိုကောက်ယူရင်း ဒီဝန်းကျင်နဲ့ဝေးရာအရပ်ကိုပဲ ကျွန်တော်ရောက်ချင်နေမိတယ် ။
မယုံကြည်နိူင်လောက်အောင် ပြောင်းလဲသွားတဲ့ သူ့ စိတ်ကိုကျွန်တော်ဘယ်လိုနားလည်ရမလဲ ။
ဘာကြောင့်ဒီလိုအဖြစ်အပျက်တွေဖြစ်ခဲ့ရတာလဲ ။
ဒီလိုနဲ့ပဲ့ ဒို့ဇတ်လမ်းတွေအဆုံးသတ်သွား ရတော့မှာလား….ဆိုတဲ့မေးခွန်းတွေကို ကိုယ့်ဖာသာဖြေကြည့်နေမိတယ်..။
သူတို့နဲ့တန်းတူပညာအရည်အချင်းပြည့်မှီသူမဟုတ်လို့လား၊
သူတို့လိုငွေကြေးဥစ္စာကြွယ်ဝချမ်းသာသူမဟုတ်လိုလား၊
ဟုတ်တယ်““`သူ့အတွက်လုံခြုံစိတ်ချရတဲ့ဘဝမျိုးငါ့ဆီမှာရနိူင်ဖို့ ဆိုတာကျိမ်းသေတာမဟုတ်…
သူ့ဆုံးဖြတ်ချက်တွေက.သူ့ကိုစိတ်ချမ်းသာစွာရှိနေဖို့ကအဓိကပါပဲလေ…
မနက်ဖန်ပြန်တော့မှာမို့မာလာဆောင်ကို သူနဲ့နောက်ဆုံးတွေ့ဖို့ထွက်လာခဲ့တယ်…..
ကျွန်တော့လက်ထဲမှာ တော့ ပန်းဆိုးတန်းကုန်တိုက်ကနိူ့ပေါင်မုန့်(၂)လုံး၊ရှားမီးချိုချဉ်(၂)ထုတ်၊စိုးသူရဲ ့ရည်ူးစားလေးရဲ ့ချစ်မှတ်တမ်းပိုစတာ(၁)ခု
အဆောင်မှုးကသူမရှိတဲ့အကြောင်းပြောလို့ အဆောင်အပြင်အုတ်ခုံမှာထိုင်စောင့်နေခဲ့တယ်……
ညနေစောင်းထဲကစောင့်နေတဲ့ကျွန်တော်မိုးချုပ်ခါနီးထိစောင့်ပေမဲ့သူတမင်တကာဆင်းမတွေ့ဘူး ဆိုတာကျွန်တော်နားလည်လိုက်ပါတယ်
ဒါနဲ့ပဲ အဆောင်မှုးဆီမှာပဲပစ္စည်းတွေအပ်ပြီးသူကိုပေးဖို့မှာထားခဲ့တယ်၊
ဆို့နင့်ကြေကွဲတဲ့စိတ်က မျက်ဝန်းမှာမျက်ရည်ပန်းတွေအဆုတ်လိုက်ပွင့်စေခဲ့တယ်လေ
သူ့ကိုချည်နှောင်မဲ့သံယောဇဉ်ကြိုးတွေမှန်သမျှကိုလည်း ဒီမာလာဆောင်ချေရင်းမှာပဲထားရစ်ခဲ့တယ်ဆိုတာ
သူဘယ်တော့မှသိနိူင်မှာမဟုတ်ပါဘူး ။ တိုက်ဆိုင်စွာပဲမာလာဆောင်ကလှည့်အထွက်…..
ဓါတ်ပုံဆရာတစ်ဦးနဲ့တွေ့လို့ မီးလုံးလေးတွေထွန်းထားတဲ့မာလာဆောင်ကိုနောက်ခံထားပြီးဓါတ်ပုံတစ်ပုံရိုက်ခဲ့ပါသေးတယ် ၊
တက္ကသိုလ်ကျောင်းသူငယ်ချစ်ဦးရဲ ့ နှလုံးသား့ပလ္လင်ထက်မှာပူဇော်ခံခဲ့ရသူတစ်ဦးအဖြစ်မှတ်တမ်းတင်ရစ်ခဲ့တဲ့ပုံပေါ့..။(ဓါတ်ပုံဆရာအမည်ကကိုရင်မောင်ပါ)
ငယ်ချစ်ဦးရယ်…ကျုရှင်ကအပြန် မြစ်ရေကြီးတာကိုသွားကြည့်ရင်း အဝတ်ဗလာနဲ့ ငါရေဆင်းချိုးတုန်း က
တာပေါ်မှာနင်ထိုင်စောင့်နေတဲ့ပုံတွေ
နင့်အမေ မသိအောင်နွေခေါင်ခေါင်ညဖက်ကြီး…..ထီးဆောင်းပြီးဈေးဝယ်ရင်းနင့်ကိုခိုးကြည့်ခဲ့ရတာတွေ..ကျောင်းမှာ.စာမရလို့ထမင်းပြန်မစားရတဲ့ ငါ့ကို
တဝက်ခွဲပြီးလာကျွေးတဲ့ နင့်ပုံရိပ်တွေ
စတဲ့စတဲ့ငါ နဲ့ နင်နဲ့အကြောင်းတွေက တစ်ထောင့်တစ်ညပုံပြင်တွေ ထက် ရက်ပေါင်းများစွာပြောတာတောင်ဆုံးနိူင်မယ်မထင်ဘူး…။
ငါ့နှလုံးသားကျောက်သင်ပုံးမှာ ရေထားတဲ့ငယ်ချစ်ဦးဆိုတဲ့အက္ခရာကလည်း လွယ်လွယ်ကူကူဖျက်ပြစ်လို့ရနိူင်တာမှမဟုတ်ပဲလေ….။
အဆုံးမသတ်နိူင်တဲ့ငါကတော့…………….
ပွဲဈေးတန်း ဆေးမှင်ရည်ထိုးသူတစ်ဦးဆီမှာ …
နင့် နာမည်နဲ့ ဒီစာကြောင်းလေးကိုညာဖက်လက်မောင်းမှာ…. ကဗျည်းထိုးရင်းသံသရာကိုငါယူဆောင်သွားခဲ့ပါပြီ ။
ဇတ်ရုံထဲမှာသဲ့သဲ့ ကြားရတဲ့ သီချင်းသံကိုတိုးတိုးလေးညည်းဆိုရင်းနဲ့………ပေါ့ ။
နုနု ငယ်ငယ်စိတ်ကူးယဉ်တတ်တဲ့အရွယ်ကထဲက…….။
To. Thinn Thinn wishing to see you as a beautiful flower.
from.ko ko 14.JAN.1986
19 comments
ကြာ ညောင်
August 9, 2013 at 10:08 pm
ပုံပန်းကျနခြင်း ပြေပြစ်ချောမွေ့ခြင်း မရှိတဲ့ ကျွန်တော့ရဲ ့ ဤစာကြောင်းများကို ဖတ်ရှုမိကြသူအပေါင်း
ငယ်ချစ်ဟောင်းနှင့် ပေါင်းဖက်ကြရ““၍ အသဲကွဲခြင်းဟူသော ဘေးဥပါဒ် အန္တရာယ်ဆိုးတို့မှကင်းဝေး
ရှောင်ရှားနိူင်ကြပါစေ…….။
ဦးကျောက်ခဲ
August 10, 2013 at 8:50 am
ဆြာကြာညောင် ရဲ့ ငယ်ချစ်ဦးနိဂုံးကိုဖတ်ပြီး…
မင်းအောင်ရဲ့ နာမည်ကျော် သီချင်းကို သွားသတိရတယ်…
“တက္ကသိုလ်ကျောင်းသူ မိမာယာရယ်… အသဲခွဲတတ်သူမို့…”
🙁
ကြာ ညောင်
August 10, 2013 at 9:35 am
ဦးကျောက်ခဲလည်း
လိုရာဆန္ဒပြည့်ပြီး ချစ်ဦးသူနဲ့ အမြန်ဆုံးပေါင်းဖက်နိူင်ပါစေ
ခုလိုဝင်မန့်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်……..။
ဦးကျောက်ခဲ
August 10, 2013 at 10:11 am
ဆြာသမားရယ် မီလုပ်ပါနဲ့
ချစ်ဦးသူနဲ့ ဘဝခြားခဲ့ပါပြီ၊ အခု အချစ်ဆုံးသူနဲ့ လက်တွဲတော့မှာပါ…
😀
koyinmaung
August 10, 2013 at 7:13 pm
ကိုကို….ငယ်ကအချစ်အနှစ်တရာမမေ့သာ…..
ဆိုတာဟုတ်လားဟင်………ဟားးးးးးးးးးးးးးးးးးးးးး
ဦးကျောက်ခဲ
August 10, 2013 at 7:22 pm
ဟီး ဟီး အကိုရင်မောင်တော့…
မောင်ကျောက်ကို ရာဇဝတ်အိုးတုတ်နဲ့ထိုး…
အချွန်နဲ့ မ ပြီ၊ ကျေလည်အောင် ရှင်းပြပြီးသားပါ ခင်ဗျ…
😀
kyeemite
August 10, 2013 at 10:05 am
(ဓါတ်ပုံဆရာအမည်ကကိုရင်မောင်ပါ)
အဲဒီဓါတ်ပုံဆြာနဲ့ ကျုပ်လည်းအမှတ်တရ တစ်ပုံရိုက်ဖူးတယ်ဗျ..
ကွန်ဗိုကေးရှင်းရှေ့မှာပေါ့…ချစ်သူလေးကိုပေးဖို့ပါ
နောက်တော့ခီဗျားလိုပဲ ပြန်ပေးခံရပြီး ခုထိကျုပ်သိမ်းထားရတုန်းပါ.. 😥
ကျော်စွာခေါင်
August 10, 2013 at 3:28 pm
ကိုကြာညောင်
ခလုတ်တိုက်တာမဟုတ်ဘူးနော်.. လာအားပေးတာ..
ဇာတ်လမ်းလေးက နာကျင်စရာပါ…
ကျနော်လည်း ကြုံဘူးတယ်..
အဲ့.. ကောင်မလေးကို ကျနော်က ဓါတ်ပုံပြန်တောင်းတာ…
ပေးနိုင်ဘူး…တဲ့
နင်မှ ငါ့ကို မချစ်တော့တာ.. ငါ့ဓါတ်ပုံက အသုံးမဝင်တော့ပါဘူး.. ပြန်ပေးပါ.. ဆိုတော့
“ ပေးနိုင်ဘူးးး အဲဒီပုံတွေက ငါ့ပိုက်ဆံနဲ ့ရွေးထားတာ ” တဲ့။
garfield
August 10, 2013 at 3:31 pm
ဘ ဝ အကြီးမားဆုံး ဆုံးရှုံးမှု တွေထဲမှာ အချစ်ဦး လည်းပါတယ်။
😥
Myo Thant
August 10, 2013 at 3:40 pm
ငယ်ချစ်ဦး တဲ့ ၊
ကြားထဲကဟာတွေသာ မေ့ချင်မေ့မယ် ၊
ငယ်ချစ်ဦးရယ် သီရိဆောင်ရယ် ရေတမာတန်းနဲ့ဂျပ်ဆင်ရယ်
ဪ လွမ်းရပြန်ပါရောလားကွယ်
ပင်လယ်နှင့် တူသော ယောကျာ်းတစ်ယောက်
August 10, 2013 at 4:05 pm
ဦးညောင် ရဲ့
သရုပ်ဖော် ရေးသားပုံက ရိုးရှင်းပြီး
သရုပ်ပေါ်လွင် အောင် ရေးနိုင်လို ့
အားကျ မိပါကြောင်းးး
နောက် ဆက်ရေးလာမယ့်
သရုပ်ဖော် စာ မူများကိုလည်း
မျှော်လင့်နေပါကြောင်းးး
လေးစားခင်မင်စွာ
ကြာ ညောင်
August 10, 2013 at 7:58 pm
ငယ်ချစ်ဦး နဲ့ အကြောင်းဆက်ပြီး ပေါင်းဖက်လိုက်ရတဲ့ သူ မတွေ့ရသလောက်ပါပဲနော်
ကျွန်တော်က ကိုယ်တစ်ယောက်ထဲပဲထင်နေတာ…..ခုလိုဆိုမနဲပါလား…..
ရွာထဲမှာလည်းကျန်အုံးမယ် ထင်ရဲ ့…..။
အရီးခင်
August 10, 2013 at 9:50 pm
အဲဒီအချိန်က အဲဒီ မိန်းကလေး နောက် ကို လိုက်နေမဲ့ အချိန်တွေ ကို
အဲဒီမိန်းကလေး နဲ့ တန်းတူယှဉ်နိုင်မဲ့၊ သူ့ထက်သာမဲ့ အရည်အချင်း တစ်ခု ရဖို့ အတွက် မသုံးသင့်ခဲ့ ပေဘူးလား ကိုညောင် ရယ်။
အဲဒါဆို ဇာတ်သိမ်းပြောင်းသွားနိုင်မယ် ထင်တာပါဘဲ။
ပြသနာက “အချစ်” ဆိုတဲ့ စကားလေး တစ်ခွန်း နဲ့က တကဲ့လက်တွေ့ မှာ ဘဝ ကို ရင်ဆိုင်လို့ မရတာဘဲ။
😉
ပုံ
ဆြာမကြီး မြစာကလေး
အသဲကွဲစေရန် အကျိုးတော်ဆောင်
😛
ကြာ ညောင်
August 10, 2013 at 10:44 pm
နင့်ထိုက်နဲ့နင်သာခံပေတော့လို့……ပြောပါ အရီးရေ
သူ့ကိုပြိုင်ပြီး အနိူင်လိုချင်တဲ့စိတ်ရှိမှမရှိတာ….ကိုယ်ချစ်တဲ့သူပြုံးနေ ပျော်နေတာကိုမြင်ရရင်ပဲ
ကိုယ့်စိတ်ထဲမှာအော်တိုနှစ်ဆ ရသလိုပါပဲ..အကြောင်းတိုက်ဆိုင်စွာဆုံတွေ့ရတိုင်းလည်း သူ့မျက်နှာကို
ရဲဝန့်စွာကြည့်နိူင် စကားတွေပြောနိူင်ခဲ့ပါတယ်…ရိုသားတဲ့အချစ်တစ်ခုကြောင့်
သူနဲ့ကျွန်တော်ကြားမှာ မျက်နှာပျက်စရာဘာမှမရှိခဲ့ဘူးလေ။
မဟာရာဇာ အံစာတုံး
August 11, 2013 at 12:28 am
တက်ဒဂို ရောက်တာ ကျာဘီဆိုဒေါ့ အသဲကွဲဒတ်ပီပေါ့
မင်း စာတတ်တာ နာ သိဒယ် ….
….
တက်ဒဂို ကျောင်းဒူဂျီးကို ဂျစ်ခဲ့မိလို့ … ဒို့ရဲ့အသီးဒွေ ကွဲကျေခဲ့ရဘီ …
ဘာညာသာရကာ နေကြာကွာစိ …
ဆိုဒဲ့ သီချင်းကို သတိရလိုက်မိဒယ် ကိုကိုကြာရယ် …..။
ကြာ ညောင်
August 11, 2013 at 9:48 am
အိပ်နေတာကို မနှိုးပါနဲ့ တော့ကိုအံစာရယ်……
မြစ်ဝကျွန်းပေါ်ကကိုမင်းအောင်ရဲ ့ဒီသီချင်းဟာကျွန်တော်တို့ အသဲစွဲပေါ့…..
Mr. MarGa
August 11, 2013 at 12:11 pm
အင်း….
အချစ်ဦး
အချစ်ဆုံး
ဘယ်သူ့ကို ရွေးရပ
ဖတ်ဖူးတာကတော့
ယောက်ျားတွေဟာ သူတို့ ချစ်သူတွေရဲ့ အချစ်ဦး ဖြစ်ချင်တတ်ပြီး
မိန်းကလေးတွေကတော့ သူတို့ ချစ်သူတွေရဲ့ အချစ်ဆုံး ဖြစ်လိုကြသတဲ့
အချစ်ဦးနဲ့ အချစ်ဆုံး နှစ်ခုစလုံး ပြည့်စုံသွားတဲ့သူတွေ အခုထိတော့ မတွေ့သေး
ကျုပ်လဲ တွေးနေတယ်
အချစ်ဦးကလဲများ
အချစ်ဆုံးကလဲများနေတော့
ဘယ်လိုလုပ်ရမယ် ဆိုတာကိုလေ
😉
Ma Ma
August 11, 2013 at 4:23 pm
နိဂုံးမှာ……ရုပ်ရှင်တွေထဲမှာလို သားတွေ သမီးတွေကြီးမှ ပြန်တွေ့ကြပြီး ဇာတ်ပေါင်းရင်ပေါင်း၊
ဒါမှမဟုတ် တဖက်စီက သားနဲ့သမီးက ချစ်သူတွေဖြစ်ကြတာကို မိဘတွေက ကျောင်းတော်က ရန်စနဲ့ သဘောမတူဘူးဆိုပြီးတား………..
အဲလိုလေးတွေများ ဆက်လာမလားလို့။ 😀
ကြာ ညောင်
August 11, 2013 at 4:48 pm
ဆိုင်သူကိုယ်စီရှိပြီးသားမို့ဒီဘဝမှာမဖြစ်နိူင်တော့ပါဘူးခလေးမရေ…နိဂုံး လို့ရေးထားတာကို
ဆက်ရန်ရှိသေးလားမေးနေတယ်နော်…….အသည်းတစ်ခြမ်းကိုတော့လွမ်းဖို့သိမ်းထားပါရစေအုံး……။