Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒီမှာ လာပြီး Vote ပေးလှည့်ပါ။ (မန်းဂဇက် လစဉ်စာပေဆု)

==================================

တစ်နေ့သ၌ ကျွန်ုပ်သည် ရာသီဥတု လွန်စွာ အိုက်စပ်ရကား အိမ်ရှေ့ မန်ကျည်းပင်အောက်တွင် ရှိသော ထိုင်ခိုင်တန်းလျားပေါ်၌ ထိုင်နေရင်းဖြင့် အိုက်စပ်ခြင်း ပြေပျောက်စေရန် အလို့ငှာ ယပ်တောင် တဖျက်ဖျက် ခတ်လျက် ရှိနေစဉ် ကျွန်ုပ်၏ အိမ်ရှေ့တံခါးဝ ဆီသို့ ဆံပင်အား သျှောင်တစ်စောင် ထုံးဖွဲ့ထားပြီး နီညိုရောင် ခပ်နွမ်းနွမ်း အဝတ်အစားများအား ဝတ်ဆင်ထားသည့် အသက် ၆ဝ အရွယ် လူကြီးတစ်ဦးသည် လာရောက် ရပ်တန့်သည်ကို တွေ့ရလေ၏။

ကျွန်ုပ်မှလည်း အလှူခံပေလော ဟူသော အကြည့်ဖြင့် ထိုလူကြီးအား ကြည့်ရှုအကဲခတ်နေစဉ်တွင် ထိုလူကြီးသည် ၎င်း၏ လွယ်အိတ်ကြီးအတွင်းမှ ကြေးစည်လေးအား ထုတ်လျက် နောင် .. ဝေ .. ဝေ .. ဟူ၍ တစ်ချက် တီးခတ်လိုက်လေ၏။ အချိန်အခါမဟုတ် နေ့ခင်းကြောင်တောင် ကြားလိုက်ရသော အဆိုပါ ကြေးစည်သံမှာ ကျွန်ုပ် ကြားဖူးသမျှ ကြေးစည်သံများအနက် နာပျော်ဖွယ် အရှိဆုံးသော ကြေးစည်သံပင် ဖြစ်မည်ဟု ကျွန်ုပ် ထင်မှတ်မိလေသည်။

ကြေးစည်သံ အသံဆုံးသောအခါ ထိုလူကြီးသည် ၎င်း၏ ကြေးစည်လေးအား အိတ်ကြီးအတွင်းသို့ ပြန်လည် သိမ်းဆည်းလိုက်ပြီးနောက် ကျွန်ုပ်ရှိရာ ဘက်သို့ မျက်နှာမူလျက် ကျွန်ုပ်ထံသို့ တန်းတန်းမတ်မတ် လျောက်လှမ်းလာသည်ကို တွေ့ရလေသည်။ ကျွန်ုပ်မှာမူ တဖြည်းဖြည်းနှင့် နီးကပ်လာသော ထိုလူကြီးအား ကြည့်ရင်းဖြင့် စိတ်ထဲတွင် ရင်းနီးနေသယောင် ထင်မှတ်မိသေး၏။

ထိုလူကြီး ကျွန်ုပ်အနီးသို့ ရောက်သောအခါ ကျွန်ုပ်အား ဤသို့ ဆိုလေ၏။

“မောင်ရင် … ကျုပ်ကို ရေအေးအေးလေး တစ်ခွက်လောက် တိုက်ပါ”

ထိုအခါ ကျွန်ုပ်လည်း မန်ကျည်းပင်တွင် ကပ်လျက် တည်ထားသည့် ရေအိုးအတွင်းမှ ရေတစ်ခွက် ခပ်လျက် ထိုလူကြီးအား ကမ်းရလေ၏။ ထိုလူကြီးသည် ကျွန်ုပ် ကမ်းပေးသော ရေခွက်အား ၎င်း၏ နှုတ်ခမ်းဖြင့် တေ့ကာ တတွတ်တွတ်ဖြင့် ရွတ်ဆိုလိုက်ပြီးနောက် သောက်လေ၏။ ထိုအခါ ကျွန်ုပ်မှ မေးရလေ၏။

“အဘ … ဘာတွေ ရွတ်လိုက်တာတုန်း။ ကျုပ် ခပ်ပေးတဲ့ ရေမှာ အဆိပ် ဖြစ်စရာ မပါပါဘူး။ ဒီအတိုင်း သောက်လည်း ရပါတယ်။”

လူကြီးသည် ကျွန်ုပ်အား ရေခွက် ပြန်ကမ်းပေးလိုက်ပြီးနောက် ဤသို့ ဆိုလေသည်။

“ကျုပ် ရွတ်တာက မောင်ရင်တို့ အလွယ်သိတဲ့ မန္တာန်ပဲ ဆိုပါတော့ကွယ်။ မောင်ရင့် ရေမှာ အဆိပ် မပါမှန်း သိတယ်။ ဒီမန္တာန်က ရေသောက်တိုင်း ရွတ်တဲ့ မန္တာန်မို့ ရွတ်တာပါကွယ်။”

ထိုအခါ ကျွန်ုပ်မှလည်း မန္တာန် အကြောင်းအား စိတ်ဝင်စားသွားသည့် အားလျော်စွာ …..

“အဘ မန္တာန်က ဘာမန္တာန်တုန်း။ မန္တာန်ဆို ကျုပ်က စိတ်ဝင်စားလို့။”

ဟူ၍ ပြောလိုက်လေ၏။ လူကြီးမှ ကျွန်ုပ်အား ခပ်ပြုံးပြုံးဖြင့် ကြည့်ရင်း …

“ဒါတွေ သိလို့ ကျုပ် မောင်ရင့်ဆီ လာခဲ့တာပေါ့ကွယ်။ ဒီမန္တာန်က ဘာတွေ စွမ်းသလဲ ဆိုတာတော့ မပြောတော့ဘူး။ မောင်ရင် ရွတ်ကြည့်ရင် သိလာလိမ့်မယ်။ ဒီမန္တာန်ကို မောင်ရင့်အတွက် ပေးဖို့ ကျုပ် လာခဲ့တာပဲ”

ပြောလိုက်လေသည်။ ထိုအခါ ကျွန်ုပ်မှာ လွန်စွာ ပီတိ ဖြစ်သွားရကား “တကယ်လား အဘ” ဟူ၍ ပြောလိုက်လေ၏။

“တကယ်ပေါ့ မောင်ရင်။ သို့ပေမယ့် ကျုပ်အနေနဲ့ ဒီမန္တာန်ကို နှုတ်တိုက်ချပေးနေဖို့ မဖြစ်တဲ့အတွက် မောင်ရင် ကိုယ်တိုင် ရွတ်ဖတ်ဖို့အတွက် ကျုပ်ပေးခဲ့မယ်”

ဟူ၍ လူကြီးမှ ပြောပြောဆိုဆို ၎င်း၏ လွယ်အိတ်ကြီးအတွင်းမှ စက္ကူလိပ် တစ်ခုအား ကျွန်ုပ်အား ပေးပြီးနောက် ….

“ကိုင်း .. ကျုပ် ခရီးဆက်လိုက်ဦးမယ် မောင်ရင်။”

ဟူ၍ ပြောဆို နှုတ်ဆက်ကာ ထွက်ခွာသွားလေတော့၏။

ကျွန်ုပ်မှာလည်း ဝမ်းသာအားရ ထိုလူကြီးအား ကြည့်နေရင်းဖြင့် ထိုလူကြီးကား ဝိဇ္ဇာဓိုရ် ပေလော ဟူ၍ တွေးလိုက်မိတော့၏။ ပြီးနောက် ကျွန်ုပ်လည်း ထိုလူကြီး ပေးခဲ့သော စက္ကူလိပ်အား ကြည့်ရလေ၏။ အဆိုပါ စက္ကူလိပ်မှာ အတန်ငယ် ဟောင်းနွမ်းနေသယောင် ရှိနေ၏။ အရှည်အားဖြင့်မူ နှစ်ထွာ ခန့်မှ ရှိလေသည်။

ထိုလူကြီး မြင်ကွင်းမှ ပျောက်သွားသောအခါ ကျွန်ုပ်လည်း မန္တာန်ပါသော စက္ကူလိပ်အား စည်းနှောင်ထားသည့် ကြိုးကလေးအား ဖြည်လိုက်ပြီးနောက် တယုတယ ဖြန့်၍ ကြည့်လိုက်မိလေသည်။ ထိုအခါ ဝိုင်းစက်နေသော လက်ရေးများဖြင့် ရေးသားထားသော စာများကို တွေ့ရလေတော့သည်။ အဆိုပါ စာများမှာကား ………………
………………..
………………………….
……………………………………….
………………………………………………
အောက်ဖော်ပြပါ ပို့စ်များမှာ ဩဂုတ်လ၊ ၂၀၁၃ ခုနှစ် မန်းဂဇက်ချစ်သူများ စာပေဆု အတွက် Selection ရွေးချယ်ပေးလိုက်သော ပို့စ်များ ဖြစ်ပါသည်။ အဆိုပါ ပို့စ်များထဲမှ မန်းဂဇက်ချစ်သူများ အနှစ်သက်ဆုံးသော ပို့စ်တစ်ပုဒ်အား ဗုတ်စနစ်ဖြင့် ရွေးချယ်ပေးသွားမည် ဖြစ်ပါသည်။ ယင်းအတွက်ကြောင်း မိမိ နှစ်သက်ရာ ပို့စ် (၃) ပုဒ်အား တစ်ပြိုင်နက် ရွေးချယ်၍ ရွေးပေးခဲ့ကြနိုင်ပါသည်။

ဗုတ်ပေးခဲ့ကြပါဦးလို့လည်း မေတ္တာ ရပ်ခံအပ်ပါသည် ခင်ဗျာ …..။

ဗုတ်ပေးတဲ့သူတွေကို ဟိုစက္ကူလိပ်ထဲမှာ ဘာစာတွေ ပါသလဲဆိုတာ တစ်နည်းအားဖြင့် ဘာမန္တာန်လည်း ဘယ်လို စွမ်းသလဲ ဆိုတာ တိုးတိုးလေး ပြောပေးပါ့မယ် ….။

စုစုပေါင်း Selection ပို့စ်ပေါင်း (၂၀) ရှိပါတယ်။ အကယ်၍ ဒီပို့စ်တွေကမှ မကြိုက်ဘူးဆိုခဲ့ရင် မိမိ နှစ်သက်ရာ ပို့စ်များအား အများဆုံး (၅) ပို့စ်အား ပို့စ်အမည်၊ ရေးသူ၊ လင့်ခ် တို့နှင့်အတူ စာတိုက်သေတ္တာအမှတ် anzartone@gmail.com သို့ လိပ်မူပြီး ပေးပို့နိုင်ပါတယ် ခင်ဗျာ။
================================

၁)

အစိမ်းသေ – hmee
https://myanmargazette.net/184251
================================

၂)

ပညာရေးစနစ် ပြောင်းလဲတယ်တဲ့လား – လုံမလေးမွန်မွန်
https://myanmargazette.net/184389
================================

၃)

ဘယ်လား ညာလား ဟယ်မစ်စဖီးယား – Zaw Thant
https://myanmargazette.net/182423
================================

၄)

အကြောက်တရားဆီက လွတ်မြောက်ခြင်း – Mr. MarGa
https://myanmargazette.net/183641
================================

၅)

ရွေးချယ်စရာမရှိတဲ့ ဘဝတွေ – TNA
https://myanmargazette.net/183245
================================

၆)

အသည်းဆောင် ရဲ့ လူနာစောင့် – ကိုသု
https://myanmargazette.net/183507
================================

၇)

ချော်လဲရောထိုင်…ပြီးတော့ပြန်မထတာလား – GARFIELD
https://myanmargazette.net/183620
================================

၈)

Siren အရေးပေါ်အချက်ပေးသံကြားရင် ဦးစားပေးစေချင် – padonmar
https://myanmargazette.net/182435
================================

၉)

လိုက်လည်းလိုက်တဲ့…….သားအမိတွေ – hmee
https://myanmargazette.net/183033
================================

၁၀)

Product Placement – အဘ ဖားသက်ပြင်း
https://myanmargazette.net/184221
================================

၁၁)

ချေးပါတိုင်း ဖင်လှန်နေရတာ နေရာမကျလှပါဘူးကွယ်…။ – black chaw
https://myanmargazette.net/175027
================================

၁၂)

ဩဇီ ခရီးသွား အကြံပေး ။ – Foreign Resident
https://myanmargazette.net/184526
================================

၁၃)

ဆရာမင်းလူ ဈာပန မှတ်တမ်း – စွယ်တော်ရွက်
https://myanmargazette.net/184009
================================

၁၄)

သဒ္ဓါကို ပညာက စိန်ခေါ်ခြင်း – Zaw Thant
https://myanmargazette.net/184074
================================

၁၅)

ကြောင်သားဟင်းလျာ (Cat Meat ) – Don Juan Ronald
https://myanmargazette.net/182527
================================

၁၆)

အရေးဟယ် အကြောင်းဟယ် သေတ္တာငယ် – KZ
https://myanmargazette.net/182805
================================

၁၇)

သတင်းသမားကျင့်ဝတ် Ethic နဲ့ညီရဲ့လား(၂) – padonmar
https://myanmargazette.net/182717
================================

၁၈)

ဝါသနာ ဘာဂီ – ဦးကျောက်ခဲ
https://myanmargazette.net/182444
================================

၁၉)

သားမီးလေးတို့အကြောင်း – ဦးဦးပါလေရာ
https://myanmargazette.net/182244
================================

၂၀)

ခင်ဗျားတို့တကယ်သနားတတ်တယ်ဆိုရင် ကျုပ်တို့ကိုလည်း ကယ်တင်ပါ…တဲ့ – နွေဦး
https://myanmargazette.net/184199
================================

 

================================

အောက်မှာ Vote ပေးပါဗျို့။

ဗုတ် ပိတ်မယ့် ရက်စွဲကတော့ဖြင့် ၁၅-၀၉-၂၀၁၃ ည သန်းခေါင်မှာ ပိတ်မှာ ဖြစ်ပါကြောင်း …..။

တစ်ခါ Vote ရင် သုံးပို့စ် တစ်ပြိုင်နက် Vote လို့ ရပါသဗျ။

================================

[polldaddy poll=”7378837″]

================================

သန်းခရု ဗဲရီးမက်ချ် ….။

သာဒု …. သာဒု … သာဒု ……….။

================================

29 comments

  • surmi

    September 8, 2013 at 10:00 am

    လက်​စသတ်​​တော့ …..
    ဟိုဘိုး​တော်​​ပေးခဲ့တာ စာ​ပေဆု​ရွေးချယ်​​ရေး ဆန်​ကာတင်​စာရင်​း ကိုးးးးး
    လာမယ်​ လာမ​ယ်​​​ ခဏ

    • မဟာရာဇာ အံစာတုံး

      September 9, 2013 at 12:18 am

      ဘိုးဒေါ် ပေးခဲ့ဒါ ဆန်ကာတင်စာရင်း ဟုတ်ဘာဘူးးး
      မန်ဒန် ဗျ .. မန်ဒန် ….
      ဒီမှာ Vote တဲ့လူဒွေဂို အထူး ပလိုမိုးချင်းအနေနဲ့
      အိုက်ဒီ ဘိုးဒေါ်ပေးခဲ့တဲ့ မန်ဒန်ကို တိတ်တိတ်လေး ပေးမှာ ..
      ဗုတ်ပီးဗလား .. ဗုတ်ပီးရင် ကပ်ဒိုးလေး ပေးမယ် …
      :mrgreen:

  • amatmin

    September 8, 2013 at 10:36 am

    ဟတ်လူ..။
    ဗုဒ်ခဲ့ဘီ..။
    ထိပ်ဆုံးပေးထားတဲ့ ဗုဒ်က ကျုပ်ဟာပဲ.။
    ဒါနဲ့. ရေသောက်တိုင်း ရွတ်တဲ့ မန္တာန်တော့သိချင်ဘူး..
    အရက်သောက်တိုင်း.အသည်းမထိတဲ့ မန္တာန်ရရင်တော့ လိုချင်သားး..။
    😛

    • မဟာရာဇာ အံစာတုံး

      September 9, 2013 at 12:21 am

      ဂလို .. ဂလို …
      ရေသောက်တိုင်း ရွတ်တဲ့ မန္တာန်က
      ဝမ်းတွင်း ကျန်းမာရေး ကောင်းစေဒယ် …
      ဒီဒေါ့ အရက်သောက်လည်း စွမ်းမှာဘဲ …
      အရက် သောက်တိုင်း မန္တာန်ရွတ်တော့ ပိုပီး လူရှိန်ဒါပေါ့ ….
      ဟုတ်ဘူးလား .. ဟီဟိ

  • Ma Ma

    September 8, 2013 at 11:07 am

    ဒုတိယမြောက် ဗုတ်သူ အဖြစ် စာရင်းပေးသွင်းသွားပါတယ်။
    မန္တာန်ပေးရင် အရင်ဆုံးအသုတ်ထဲပါအောင်လို့…….. 🙂

  • Ma Ma

    September 8, 2013 at 11:08 am

    စာပေဆုရွေးချယ်ရေးပိုစ့်ကို စိတ်ဝင်စားအောင် ရေးထားလို့………
    သာဒု…………သာဒု……………..သာဒု……………….
    သုံးကြိမ်ပြည့်အောင် ခေါ်သွားတယ်။ 🙂

  • ခင် ခ

    September 8, 2013 at 12:30 pm

    ဪ ဒီတစ်လစာပေဆုတွက် ဇကာတင်ပိုစ့်တွေကို အဘ ပေးသွားတာကိုး။
    ဗုတ်သွားပါကြောင်း ကိုအံစာတုံးခင်ဗျ။

  • ဦးဦးပါလေရာ

    September 8, 2013 at 10:29 pm

    ဗုတ်လိုက်ပါတယ်..
    ကိုရင်အံစာကိုလဲ ကျေးဇူးတင်ပါကြောင်း

  • အရီးခင်

    September 9, 2013 at 2:05 am

    ထမီ စွန်တောင်စွဲ ပြီး အပြေးအလွှားဝင်ကာ ဝုတ်ပြီးပါကြောင်း မောင်ရင်ဇာလေး ကို သတင်းပို့ပါသည်။
    ကိုယ်ကျန်းမာ စိတ်ချမ်းသာ လိုရာပြည့်ပြီး နှလုံးသားကောင်း”မွန်” ပါစေလော့။ 😉

    {ထိုလူကြီးကား ဝိဇ္ဇာဓိုရ် ပေလော ဟူ၍ တွေးလိုက်မိတော့၏။ }
    အဲလာ ကကြီးမိုက်ကြီး ဟဲ့။
    😛

  • ဦးကြောင်ကြီး

    September 9, 2013 at 8:33 am

    တရုတ်သဗုံ ကြေးမုံဂျီး (ခ) ရဲဘလော် အီတွန့်ဗွမ် အပါဗူးလား… နှစ်နိုင်ငံ ခြစ်ကြည်ရေး မျက်နှာ ထောက်ရှုပီး သူ့ဂို ဇဂါတိန်စာရင်းမှာ နောက်တိုးသွင်းပေးပါ…။ ဘယ်သူသိဒါမှတ်လို့….
    မဟုတ်တရုတ် ခေတ်မှီနိုင်ငံဒေါ်ဂျီး အောင်းရမြီ အောင့်ရမြီ… :mrgreen:

  • kyeemite

    September 9, 2013 at 8:48 am

    ဘာလိုလိုနဲ့ နောက်ဆုံးတော့လည်း ဩဂုတ်လအတွက်
    ဗုတ်ပို့စ်အောင်မြင်စွာတက်လာခဲ့ပေပြီ…..သာဒု ..သာဒု …သာဒု
    ရွေးပေး ဗုတ်ပေးကြသူအပေါင်းကိုလည်းဤနေရာမှ ကျေးဇူးတင်ပါ၏
    ကိုရင်အံစာ ပြောသကဲ့သို့ စာဖတ်သူများမှ ဤဇကာတင်စာရင်းတွင်မပါသော်လည်း
    မိမိနှစ်သက်သည့် ပို့ရှိပါက မန်ကျည်းပင်အောက်တွင်ထိုင်လျှက်
    ယတ်တောင်တဖျတ်ဖျတ် ခပ်နေသူ ရေသောက်မန္တန်ပိုင်ရှင်
    မဟာရာဇာအံစာတုံး သို့လိပ်မူ၍ ပေးပို့ကြစေလိုကြောင်း…. 🙂

  • KZ

    September 9, 2013 at 9:00 am

    အဟမ်း၊
    မနေ့ကတည်းက ပုတ်ခဲ့ပြီ (အဲလေ) ဗုတ် ခဲ့ဘီ။

    😀

  • TNA

    September 9, 2013 at 2:41 pm

    ဗုတ်ပီးပါကြောင်းသတင်းပို့ပါသည် ခြောက်ညက်နှာချင့်

  • မဟာရာဇာ အံစာတုံး

    September 10, 2013 at 1:41 am

    တစ် နှစ် သုံး လေး ငါး ခြောက်
    ခုနစ် ရှစ် ကိုး တစ်ဆယ်
    ဆယ့်တစ် ဆယ့်နှစ် ဆယ့်သုံး …

    အိုစကေ …
    မန့်တဲ့ လူတွေကို မှတ်ထားလိုက်ဒယ် …
    ကြုံတဲ့အခါ မန်ဒန် ပေးမယ် ….

  • ဗုံဗုံ

    September 11, 2013 at 10:20 am

    ဗုတ်ပြီးသွားပါပြီ..ရွာထဲမဝင်တာကြာတော့ ..ဘယ်ကဘယ်လိုစပြီးပြောရမှန်း အတိဒေါ့ဘူး…… :mrgreen:

  • uncle gyi

    September 11, 2013 at 11:56 pm

    ကိုအံရေ
    အခုလိုစုစည်းပေးလိုက်တော့မဲပေးရတာပိုအဆင်ပြေသွားတာပေါ့
    ပို့စ်တွေကိုpdf ဖိုင်အနေနဲ့ပြောင်းပေးရင်ဖတ်ရတာပိုအဆင်ပြေမလားလို့
    အကြံပေးလိုက်ပါတယ်ကွယ်

  • အလင်းဆက်

    September 13, 2013 at 9:32 am

    ဗုတ် လိုက်ပြီဟေ့

    ပိုစ့်ကောင်းတွေ အများကြီးဆိုတော့
    အကုန် ဗုတ်ချင်ပေမယ့်
    သုံးပုဒ်ကို ခက်ခက်ခဲခဲ ရွေးလိုက်ရတယ်

  • မောင် ပေ

    September 13, 2013 at 6:59 pm

    ကိုနွေဦး ကို သနားသောအားဖြင့် ဗုတ်ပေးသွားပါကြောင်း
    အဲဒါ … အဲဓါ

  • အရီးခင်

    September 16, 2013 at 2:16 am

    ဆြာဇော်သန့် Many Congratulations ပါဟေ့။
    စိမ်ခေါ်ကောင်းလိုက်တာ နိုင်သွားပြီ။
    😛

  • surmi

    September 16, 2013 at 8:32 am

    ဂုဏ်​ယူပါတယ်​ ကို​ဇော်​သန်​့​ရေ …
    ဆု​ပေးပွဲမှာဆုံမယ်​ဗျို ့ ့ ….

  • Zaw Thant

    September 16, 2013 at 9:52 am

    .. စနေ၊ တနင်္ဂနွေ အွန်လိုင်းမတက်ဖြစ်တာကြောင့် အခု KZ လှမ်းပြောမှသိရတယ်.. အားပေးသူအပေါင်းကို ကျေးဇူးတင်ပါတယ်လို့ .. 🙂

  • kyeemite

    September 16, 2013 at 11:16 am

    ဂုဏ်​ယူပါတယ်​ ကို​ဇော်​သန်​့​ရေ … 🙂

  • Ma Ma

    September 18, 2013 at 9:05 am

    ခုမှဝင်လို့ရလို့ ခုမှရေးရတယ်။
    ထိုုက်ထိုက်တန်တန် ဆုရသွားတာ ဂုဏ်ယူပါတယ် ဇော်သန့်ရေ။ 🙂

  • ဦးကြောင်ကြီး

    September 18, 2013 at 9:18 am

    ဖဖသန့် ရသွားဒယ်ကွ… ဟေး…… 😀

    • KZ

      September 18, 2013 at 9:27 am

      ကြောင်ညီမလေး ကို ဖဖသန့် ဆီ ပေးတော့မယ်တဲ့ကွ။။!!!
      ဟေး……

      😀

Leave a Reply