နင်မသိသေးဒဲ့ ဒေါ်လှအကြောင်း $100
အမေရိကန်နိုင်ငံ ပြည်ထောင်စု ဗဟိုဘဏ်မှ အင်္ဂါနေ့တွင် ပုံစံအသစ်နှင့် ပိုတိကျကောင်းမွန်သည့် လုံခြုံရေး အစီအမံများပါသော ဒေါ်လာ၁၀ဝ ငွေစက္ကူ အသစ်ကို စတင်ထုတ်ဝေသည်။ နဂိုမူလ စီစဉ်ထားချိန်ထက် ၂နှစ်ကျော်ကြာ နောက်ကျ ထုတ်ဝေခဲ့ခြင်းလည်း ဖြစ်သည်။
၁၀ဝတန် ဒီဇိုင်းအသစ်ကို ၂၀၁၂ခုနှစ်တွင် ထုတ်ပြန်ထားခဲ့သော်လည်း ထုတ်လုပ်ရေး နှောင့်နှေးမှုများကြောင့် အမှန်တကယ် ထုတ်ဝေမည့်နေ့ နောက်ဆုတ်လိုက်ရသည်။ ၂၀၁ဝ ဒီဇင်ဘာလတွင်း ပုံနှိပ်နေဆဲ ငွေစက္ကူသစ် တွန့်ကြေ သွားသဖြင့် မူလစီစဉ်ထားသည့်အတိုင်း ၂၀၁၁ခုနှစ်တွင် ရာတန်သစ် ထွက်မလာနိုင် ဖြစ်ခဲ့ရသည်။ နောက်ဆုံး ပြင်ဆင်ထားသော ၁၀ဝတန် ဒီဇိုင်းအား ၁၉၉၆ခုနှစ် မတ်လတွင် စတင်ထုတ်ဝေခဲ့သည်။
ခေတ်မှီ အဆင့်မြင့် ရာတန်စွင့်
လူတိုင်းမှတ်မိတဲ့ ဘန်ဂျမင် ဖရန်ကလင် မျက်နှာပဲ ဒီဇိုင်းအသစ်တွင်း ဆက်သုံးထားပေမဲ့ ဘဲဥအဝန်းမျဉ်းလိုင်း မပါရှိတော့ပါ။ ဒီဇိုင်းအသစ်ကို မိတ္တူဆွဲ အတုလုပ်ဖို့ ပိုခက်အောင် စီမံထားမှာဖြစ်ပြီး သုံးစွဲသူများနဲ့ စတိုးဆိုင် ငွေကိုင်များ စစ်ဆေးရ လွယ်ကူစေမည်။
ရာတန်အသစ်၏ လုံခြုံရေးစနစ် သော့ချက်နှစ်ခုအဖြစ် ခေါင်းလောင်းများနှင့် ၁၀ဝ ဂဏန်း သုံးဖက်မြင် သရီးဒီ ရေစာကြိုး၊ ပိုက်ဆံ မျက်နှာပြင်ပေါ်တွင် ကြေးနီသတ္တု မြှုပ်ထား၍ အရောင်ပြေးနေမည့် ခေါင်းလောင်းတို့အား ထည့်သွင်းထားသည်။ ရာတန်အား ရှေ့နောက် တွန့်လိမ်ကြည့်လျင် ခေါင်းလောင်းများသည် ၁၀ဝဂဏန်းအဖြစ် ပြောင်းလဲသွားသည်။ ငွေစက္ကူအသစ်တွင် ဖောင်းကြွပုံနှိပ်စနစ်လဲ ပါရှိသဖြင့် ပိုက်ဆံဘယ်ဖက်ရှိ ဖရန်ကလင့် ပုခုံးကို လက်ချောင်းဖြင့် ပွတ်သပ်ကြည့်လျင် အဆင့်မြင့် အင်တက်ဂျီလီယို ပုံနှိပ်နည်းစနစ်မှပေးသော ကြမ်းရှရှ အထိအတွေ့ ခံစားရပေမည်။
တရာတန် အဟောင်းများအား တဖြည်ဖြည်းခြင်း ပြည်ထောင်စု ဗဟိုဘဏ်သို့ ပြန်သိမ်းယူပြီး ဖျက်ဆီးပစ်မည် ဖြစ်သည်။ interactive NewMoney.gov တွင် ငွေစက္ကူဒီဇိုင်း အပြောင်းအလဲအား လေ့လာနိုင်သည်။
သိမှတ်ဖွယ်ရာ ရာတန်မှာ
ကျေးဇူးရှင်တို့ သိမည်မထင်သေးတဲ့ ဒေါ်လာအကြောင်းအချို့ ပြောပါဆိုရင်… ဒန်တန့်တန်….
၁) တရာတန်မှာ သုံးစွဲလျက်ရှိသော ဒေါ်လာစက္ကူများတွင် အရည်အတွက်အားဖြင့် ဒုတိယလိုက်ပြီး သူ့ရှေ့မှာ တဒေါ်လာတန်သာ ရှိသည်။ နှိုင်းယှဉ်ကြည့်ပါက ၂၀၁၂ အကုန်ထိ လည်ပတ်နေသော တရာတန်မှာ ၈၆၃.၁ ဘီလျံဒေါ်လာ (သို့) သန်းပေါင်း၈၆၃၁ရွက်မျှ ရှိပြီး တဒေါ်လာတန်မှာမူ တန်ဖိုးအားဖြင့် ၁၀.၃ ဘီလျံ (သို့) သန်းတသောင်းသုံးရာ အရည်အတွက် ဖြစ်သည်။
၂) ပုံမှန် ဒေါ်လာပိုက်ဆံ သက်တမ်းမှာ ငွေကြေးဂဏန်း သတ်မှတ်ချက် အပေါ်လိုက်၍ အပြောင်းအလဲ ရှိသည်။ ပြည်ထောင်စုဘဏ်၏ အဆိုအရ ၅.၉နှစ်သက်တမ်းရှိသော တဒေါ်လာတန်၊ ၇.ရနှစ် သက်တမ်းရှိသော ၂ဝတန် တို့နှင့်နှိုင်းစာလျင် ပျမ်းမျှ ရာတန် အသက်မှာ ၁၅နှစ်ဖြစ်သည်။ ၁၀ဝတန်ကို ငွေစုလက်မှတ်သဖွယ် မှတ်ယူလေ့ ရှိသဖြင့် ၎င်းအောက် တန်ဖိုးနိမ့်ပါးသော ငါးဒေါ်လာတန်ကဲ့သို့ ငွေစက္ကူများထက် ကိုင်တွယ်သုံးစွဲမှု နဲပါးသည်။ (မယုံရင် တရာတန်ကိုင်ပြီး ဈေးဝယ်ကြည့်၊ အရောင်ဈေးသည်က ပိုက်ဆံကို ဟိုခြစ်ဒီခြစ်၊ နေရောင်အောက် ထောင်ကြည့်၊ ပြူးပြဲကြည့်၊ အိုင်ဒီတောင်းကြည့် လုပ်လိမ့်မယ်၊ စကားချပ်။)
၃) ထောက်လှမ်းရေးအဖွဲ့ အဆိုအရ ဒေါ်လာ၁%၏ တရာပုံတပုံ (တနည်းအားဖြင့် တသောင်းပုံလျင် တပုံ) မပြည့်သော ဒေါ်လာအတုများ နှစ်စဉ် ဖမ်းဆီးရရှိသည်။ နိုင်ငံတကာတွင် တရာတန် ဒေါ်လာမှာ ငွေစက္ကူအတု အလုပ်အများဆုံး ဖြစ်သည်။ ဒေါ်လာအတု ပြုလုပ်ရန် ငွေကြေး၊ အချိန်၊ နည်းပညာ များစွာလိုအပ်မှုတို့ကြောင့် တဒေါ်လာတန် အတုလုပ်လျင် အမြတ်အစွန်း ရလိမ့်မည် မဟုတ်ပေ။
၄) ဆယ်စုနှစ်များစွာအတွင်း ဒေါ်လာတရာတန် အရည်အတွက်မှာ အခြား ဒေါ်လာတန်များထက် တနေ့တခြား မြင့်တက်လာနေသည်။ ၂၀၁၃ခုနှစ် ဇွန်လ စာရင်းအရ ဒေါ်လာတန်ဖိုး ၇၇%မှာ တရာတန်အနေဖြင့် ရှိနေသည်။ စိတ်ဝင်စားဖွယ် မေးခွန်းတခုမှာ တရာတန်များ ဘယ်ရောက်ကုန်သနည်း၊ ပြည်တွင်းတွင် ဒေါ်လာငွေ မည်မျှရှိ၍ မည်မျှ ပြည်ပထွက်ကုန်သနည်း ဖြစ်သည်။ ၂၀၁၁ အတွက် ခန့်မှန်းကြသည်ကတော့ ရာတန်များ၏ တဝက်မှ သုံးပုံနှစ်ပုံအထိ တိုင်းပြည်ပြင်ပတွင် ရှိသည်ဟု ဖြစ်သည်။ ဝက်စ်ကွန်ဆင်-မက်ဒီဆင ်တက္ကသိုလ် ပါမောက္ခ အက်ဂါဖီဂျ်ကတော့ အဆိုပါ ခန့်မှန်းချက်မှာ ပိုလွန်းပြီး အမေရိကန်နိုင်ငံ ပြင်ပရှိသော ဒေါ်လာတရာတန်မှာ ၂၅%လောက်သာ ဖြစ်မည်ဟု ကိုယ်ပိုင်တွက်ချက်ပြသည်။
ပြည်ပရောက် ဒေါ်လာတရာတန် ရာခိုင်နှုန်း အချိုးစားနှင့် ပတ်သက်၍ မည်သို့ဆိုစေကာမူ လွန်ခဲ့သော နှစ် အနည်းငယ်အတွင်း ဒေါ်လာတရာတန် လိုအပ်ချက် မြင့်တက်လာမှုမှာ ငြင်းမရသည့် အချက်ဖြစ်သည်။ ၂၀၁၁ နှောင်းပိုင်းနှင့် ၂၀၁၂ အဦးပိုင်း ကာလများတွင် နိုင်ငံတကာ၏ ဒေါ်လာတရာတန် လိုအပ်ချက်မှာ ပြည်ထောင်စု ဗဟိုဘဏ် ခန့်မှန်းတွက်ချက်မှုထက် ၄၀% နီးပါး ကျော်လွန်ခဲ့သည်။ ၂၀၀၈ခုနှစ် ကမာ္ဘ့ဘဏ္ဍာရေးဈေးကွက် ပြိုလဲမှုကြောင့် ဘဏ်များရပ်တည်နိုင်စွမ်းကို လူအများ မယုံသင်္ကာဖြစ်ခါ ပိုက်ဆံငွေသားအဖြစ် ကြိုကြိုတင်တင် ပြောင်းလဲထား၍ဖြစ်သည်ဟု အချို့က ကောက်ချက်ချသည်။ ပိုက်ဆံတန်ဖိုးအကြီးသည် အသေးထက် သိမ်းရ ပိုလွယ်ကူသည်ကတော့ ရှင်းပါသည်။
၅) ၁၉၆၉ခုနှစ် မှစ၍ လည်ပတ်နေသော ဒေါ်လာငွေထဲတွင် တရာတန်သည် တန်ဖိုးအမြင့်ဆုံး ဖြစ်လာသည်။ ၁၉၁၃ခုနှစ်တွင် ပြဌာန်းသော ပြည်ထောင်စု ဗဟိုဘဏ် အက်ဥပဒေ နောက်ပိုင်း တဒေါ်လာမှ တသောင်းတန် အထိ ငွေစက္ကူတန်ဖိုး မျိုးစုံကို ၁၉၁၄တွင် စတင်ထုတ်ဝေသည်။ ၁၉၆၉ခုနှစ်တွင်မူ တရာထက်ပိုသော ဒေါ်လာ ငွေစက္ကူများကို ဈေးကွက်တောင်းဆိုမှု နည်းပါးသောကြောင့် ရပ်ဆိုင်းပစ်ခဲ့သည်။
၆) လုံခြုံရေးအစီအမံ အသစ်များကြောင့် တရာတန်ထုတ်ရန် ၁၂ပြားခွဲ ကုန်ပြီး ရာတန်အဟောင်းမှာမူ ၈.ရပြား စရိတ်စက ရှိသည်။ ၅ဒေါ်လာ၊ ဒေါ်လာ၂၀၊ ဒေါ်လာ၅ဝတန် ကုန်ကျစားရိတ်မှာ ၉.၈ပြား ဖြစ်သည်။ နှစ်စဉ် ဗဟိုဘဏ် ဘုတ်အဖွဲ့မှ ခန့်မှန်းတွက်ချက်ထားသော ဒေါ်လာငွေစက္ကူ အရည်အတွက် လိုအပ်ချက်ကို ဘဏ္ဍာရေး ဌာနလက်အောက်ရှိ ပုံနှိပ်နှင့်ဒင်္ဂါးသွန်းဗျုရိုသို့ ပေးပို့ပြီး ကျသင့်ငွေ တောင်းခံစေသည်။ ၂၀၁၃ခုနှစ် လျာထားချက် ဘတ်ဂျက်မှာ ဒေါ်လာ ၇၉၇.၆သန်း ဖြစ်ပြီး ၂၀၁၂ ဘတ်ဂျက်ထက် ၆.၈% ပိုများသည်။ ထိုသို့ မြင့်တက်လာရခြင်း အဓိက လက်သည်မှာ တရာတန်အသစ် အရွက်ရေ သန်းပေါင်း ၂၅၀ဝ ပုံနှိပ်ရ၍ ဖြစ်သည်။
၇) တရာတန်ကဲ့သို့ ၅၊ ၁၀၊ ၂၀၊ ၅ဝ တန်ဒေါ်လာများကို အစိုးရမှ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း လုံခြုံရေး အစီအမံ အသစ်များဖြင့် မွမ်းမံပြင်ဆင်ခဲ့သည်။ ၁ဒေါ်လာတန်ကိုသာ မပြင်မဆင်ဘဲ ထားသည်။ အကြောင်းမှာ အဖိုးနည်း ၁ဒေါ်လာတန် အသစ်ထုတ်ဝေရန် လွန်စွာ ခက်ခဲ၍ ဖြစ်သည်။ ဒေါ်လာငွေစက္ကူများအားလုံး ပုံစံ ဒီဇိုင်း ကျယ်ကျယ်ပြန့်ပြန် ပြောင်းလဲရေး ကြိုပမ်းချက်တစိတ်တပိုင်းအဖြစ် အင်္ဂလန် ဒီဇိုင်းကုမ္မဏီ တခုမှ တဒေါ်လာတန်ပေါ်တွင် သမတ အိုဘားမားဓာတ်ပုံ ထားရှိရန် အဆိုပြုခဲ့ဖူးသည်။
၈) ပြည်ထောင်စု ဗဟိုဘဏ်မှ ဒေါ်လာတရာတန်များကို ကုတင်ငယ်အရွယ် သေတ္တာဖြင့် ပြည်ပသို့ ပေးပို့ပြီး သေတ္တာတလုံးတွင် သာမန်အားဖြင့် ရာတန်အရွက် ခြောက်သိန်းလေးသောင်း သို့မဟုတ် ဒေါ်လာ ၆.၄သန်း တန်ဖိုးရှိသည်။
၉) မက်ဆာချုးဆက်ပြည်နယ် ဒေတွန်မြို့ရှိ ပုံနှိပ်ကိရိယာ ကုမ္မဏီ Crane & Co., မှ ဒေါ်လာငွေစက္ကူကို ပုံနှိပ် ထုတ်ဝေသည်။ အဆိုပါ ကုမ္မဏီသည် ၁၈၇၉ခုနှစ်မှစ၍ အမေရိကန် ဘဏ္ဍာရေးဌာနအတွက် ပုံနှိပ်ငွေစက္ကူ တဦးတည်းမူပိုင် ထောက်ပံ့သူ ဖြစ်လာသည်။
http://finance.yahoo.com/blogs/the-exchange/might-not-know-100-bill-235314234.html
What You Might Not Know About the $100 Bill
By Lisa Scherzer | The Exchange
Correction: A previous version of this article said it costs 7.8 cents to produce each $100 note. The correct amount is 12.5 cents.
The Federal Reserve on Tuesday will begin circulating a new $100 bill with a fresh design and smarter security features. And it’ll be more than two years after it was originally scheduled for release.
The new design for the $100 note was unveiled in 2010, but its actual release was pushed back because of production delays. In December 2010, a printing problem that caused the bills to crease and therefore become unusable meant the new bills couldn’t be released in 2011 as originally scheduled. The last redesign of the $100 note began circulating in March 1996.
A new, high-tech hundred
The well-known image of Benjamin Franklin will still be on the new design, but he won’t be surrounded by an oval. The new design is also supposed to make it harder for counterfeiters to copy and easier for the public – and store cashiers – to authenticate.
Two key security features of the new bill include a 3-D security ribbon with images of bells and 100s and a color-shifting bell inside a copper inkwell on the front of the note. If you tilt the bill back and forth, you’ll see the bells change to 100s as they move, shifting in color from copper to green in an effect that makes the bell seem to appear and disappear in the inkwell. The new note also features raised printing – if you move your finger along Franklin’s shoulder on the left side of the note, it feels rough, a “result of the enhanced intaglio printing process used to create the image,” NewMoney.gov’s site says.
The older $100 notes will eventually get returned to the Federal Reserve, where they will be destroyed. Check out the neat interactive NewMoney.gov has about the makeover.
Getting to know the $100
Here are some facts you might not have known about our beloved C-note.
1. The $100 bill is the second-most common bill in circulation, behind the $1 bill. There was $863.1 billion in $100 bills (or 8.631 billion notes) in circulation as of the end of 2012, compared with $10.3 billion in $1 bills (10.3 billion notes).
2: The typical life span of U.S. currency notes varies by denomination. The average life span of a $100 bill is 15 years, compared with 5.9 years for a $1 bill and 7.7 years for a $20 bill, according to the Federal Reserve. $100 notes are often used as a store of value, which means that they pass between users less frequently than lower denominations that are more often used for transactions, like $5 notes.
3. Less than 1/100th of 1% of U.S. currency per year are reported as counterfeit, according to the Secret Service. Internationally, the $100 note is the most counterfeited. In most cases, because the amount of cost, time and effort it takes to counterfeit currency, replicating a $1 bill isn’t a profitable endeavor.
4: The share of $100 bills as a portion of all denominations has been consistently rising for decades. As of June 2013, 77% of the value of all U.S. currency is in the form of $100 bills. The big question is where are those $100 bills held – how much of U.S. currency is here in the U.S. and how much is abroad? An oft-cited figure used in several reports is that about 50% to two-thirds of all $100 bills were held outside the U.S. as of 2011. But Edgar Feige, professor emeritus of economics at the University of Wisconsin-Madison, has said that that figure is an overestimate, and that the Fed’s own figures suggest that around 25% of $100 bills are located outside the U.S.
Regardless of the exact percentages of $100 bills abroad, the demand for those denominations has certainly jumped in the past few years. In late 2011 and early 2012, international demand for $100 notes exceeded the Federal Reserve’s estimates, increasing approximately 40% between October 2011 and February 2012. Some have posited that following the 2008 financial crisis, fears about the safety of the banking system spread, and many more people put their trust in cash as a protective measure – and obviously the large denomination is easier to store than smaller bills.
5: The $100 note has been the largest denomination of currency in circulation since 1969. Following the passage of the Federal Reserve Act in 1913, Federal Reserve banks began issuing Federal Reserve notes in 1914 in denominations ranging from $1 to $10,000. In 1969, notes greater than $100 were retired due to declining demand.
6: It costs 12.5 cents to produce one $100 bill because of the new security features (the older version cost 8.7 cents to make). It costs 9.8 cents to make $5, $20 and $50 notes. Each year, the Federal Reserve Board projects the likely demand for new currency and places an order with the Department of the Treasury’s Bureau of Engraving and Printing, which produces U.S. currency and charges the Board for the cost of production. The budget for new currency for 2013 is $797.6 million – about 6.8% higher than the 2012 budget. The increase comes largely from the increased cost to print 2.5 billion new $100 notes.
7: Along with the $100 bill now, the government has revamped the $5, $10, $20 and $50 bills over the last decade to add security features. The $1 is the only bill to go without a touch-up. largely because it’s more difficult to introduce a new bill. There was a brief proposal by a UK design firm to put President Obama on the $1 note as part of a broader redesign of all U.S. currencies.
8: The Federal Reserve ships $100 bills abroad by pallet (a small bed); each typically contains 640,000 bills, or $64 million.
9. Stationery firm Crane & Co., based in Dalton, Mass., makes the paper the C-note is printed on. Crane has been the only supplier of currency paper to the U.S. treasury since 1879.
13 comments
ဦးကျောက်ခဲ
October 10, 2013 at 8:32 am
မျှပေးတာ ကျေးဇူးပါ ကိုရင်ကြောင်…
ဒီမှာကတော့ ကဒ်ပြားသုံးပေမည့် ၊ ရွာမှာတော့ CASH IS KING…
ရွာပြန်မယ်ဆိုရင် ရာတန်အသစ်တောင်းလို့ ဘဏ်က ဘုရှိုးရှိုးတယ်…
အစွန်းအထင်းပါရင် ခေါက်ရိုးကျိုးရင် ၅ကျပ်လောက်လျော့တာမို့ပါ…
😀
sorrow weaver
October 10, 2013 at 10:15 am
လွန်ခဲ့တဲ့ တစ်ပတ်ကတော့ ဗဟိုဘဏ်က ညွှန်ကြားစာထွက်သဗျာ…ခေါက်ရိုးကျိုး.. ရုပ်ပျက် စွန်းထင်းနေလဲ အစစ်မှန်းသိသာရင် လက်ခံပါမယ်တဲ့ …အဟိဟိ …ကျော်တော့မထင်…ငါးကျပ်တော့ကွာနေတုန်း…အဟီး
TNA
October 10, 2013 at 2:50 pm
ငါးကျပ်ကွာတာတော်သေးတာ။ အခုလိုအပြင်ဆိုင်တွေမပေါခင်က တရာတန်ကိုလက်မခံလို့ အဲပိုက်ဆံငါဘယ်သွားသုံးရမှာတုန်းဆိုတော့ အမတို့ဟိုပြန်ရောက်မှသုံးတဲ့။ 😥
Wow
October 10, 2013 at 8:54 am
အမေလိကန်အစိုးရ ဒို့ဗမာအစိုးရနည်းလမ်းရပီး ငွေစက္ကူအသစ်ထုတ်တာဖစ်မယ်…
kai
October 10, 2013 at 10:01 am
ဖျက်မသိမ်းတာတော့.. ကံကောင်းတာပေါ့နော…
တော်ကြာအကျန်ရပြီး.. ၂ဝတန်တွေဖျက်သိမ်းတယ်ထကြေငြာနေမှ…
KZ
October 10, 2013 at 10:44 am
ကျန်းးးးးးးး
သူကလေးကို အဖော်ပြုပြီး ဒီကို ရောက်လာတဲ့နေ့တွေကို သတိရမိ။
သူကလေး ကိုယ့်ဆီက ထွက်ခွါသွားတဲ့ ရက်တွေကိုလည်း သတိရမိ။
😀
nozomi
October 10, 2013 at 5:50 pm
ရုတ်တရက် ဖတ်လိုက်မိတာက
သူ့ကလေးကိုအဖော်ပြုပြီး….. ဆိုတော့
အန်တီဆွိ ချစ်ရတဲ့သူရဲ့ ကလေးလားပေါ့ ၊ အဲဒီ ကလေး ရော ဘယ်အရွယ်ရောက်ပြီလဲ
ဦးကြောင် သူကြီးကို ပြော ဗျာ
ပွိုင့် တသိန်း ပြည့်ဘို့ နီးတဲ့သူတွေ ( ဥပမာ နှစ်သောင်းကျော်အထက်ပေါ့ )ကို
အဲဒီ ဒေါ်လှ တစ်ရာတန် အသစ်တရွက်ဆီ ကြိုပေးထားပါလို့
သူကြီးက တခြားလူ စကားသိပ်နားထောင်တာ မဟုတ်ဘူး ၊ ဦးကြောင်ဆို ဘာမှ တောင် မပြောရသေးဘူး သူကခေါင်းငြိမ့်မှာ
Ma Ma
October 11, 2013 at 2:45 pm
ထောက်ခံပါတယ်။
ထောက်ခံပါတယ်။
ဒီဆိုဒ်ထဲမှာ ရေးသမျှကွန်မန့်တွေထဲ ကိုမှိုကွန်မန့် အကြိုက်ဆုုံးပဲ 🙂
kyeemite
October 10, 2013 at 10:55 am
ဒေါ်လှ အကြောင်း ပြည့်ပြည့်စုံစုံဘာသာပြန်တင်ပြပေးတာ ကျေးကျေး..ရှဲရှဲပါဗျာ
ဗမာပျီမှာဒေါ့ ဒေါ်လှအရောင်းအဝယ်လုပ်ရတာ တော်တော်မလွယ်ဘူးဗျို့
အရမ်းချေးများတာပဲ
😀
alinsett
October 10, 2013 at 6:06 pm
အခုတော့
အားးးလုံးးးသိသွားးးဘီ
:kwi:
Foreign Resident
October 10, 2013 at 7:18 pm
စဉ်းစားလို့မရတာက ၊
အမေရိက က ဘာကြောင့် ပလပ်စတစ် ပိုက်ဆံ မထုတ်တာလဲ ။
ပလပ်စတစ် ပိုက်ဆံ က အသုံးခံတယ် ၊ ပြဿနာ နည်းတယ် ။
စက္ကူ ပိုက်ဆံ က ဘယ်လောက် သစ်သစ် ၊
ဗမာပြည် မိုးတွင်းမှာ မှိုတက်လေ့ ရှိတယ် ။
padonmar
October 10, 2013 at 9:35 pm
အဘဖေါ
အော်ဇီရဲ့ ပလပ်စတစ်ပိုက်ဆံ အကြောင်း စဉ်းစားခိုင်းပါအုံး။
lele kyi
October 11, 2013 at 9:13 pm
ဂျာမနီမှာဟန်ဘာဂါသွားစားပြီး အီတလီမှာ အီစီကလီ သွားလုပ်။ ပဲရစ်မှာ ချဲပစ် မလို့သိမ်းထားတဲ့ မီးရဲ့ ခေါင်းကြီးတွေတော့ သွားပါပြီ။ သုံးလို့မရတော့ရင်ဒုက်ခ။