ပြောပြချင်လွန်းလို ့ပါ … ဦးဆာမိရယ်…
ပြောပြချင်လွန်းလို့ပါ… ဦးဆာရေ . . .။
အနုပညာနဲ ့ပက်သက်လာရင် ခံစားချက်ပြင်းထန်တတ်တဲ ့ဦးဆာကိုမှ တိုင်တည်ပြီး
အနုပညာအကြောင်းနည်းနည်း ပြောချင်လာလို့ပါ ။
အနုပညာအကြောင်း ခပ်ကြမ်းကြမ်းပြောနေကျ ကျွန်တော်
အခု အနုပညာနဲ ့ပက်သက်ရာ ပက်သက်ကြောင်းလေး ပြောပြချင်လွန်းလို့ပါ ။
ဦးဆာကို တိုင်တည်ပြီး ကျွန်တော်တွေးမိတာလေးတွေ ရင်ဖွင့်ပြတယ်ပေါ့ဗျာ ။
___________________
အနုပညာ ဖန်တီးမှုနဲ့ပက်သက်ပြီး ကျွန်တော် စိတ်ထဲ မတင်မကျဖြစ်နေတာတစ်ခု ရှိတယ်။
မတင်လည်း မတင် မကျလည်း မကျဘူးဆိုတော့ နင်နေတာ / တစ်နေတာကြီးပေါ့ဗျာ ။
အဲဒါကတော့. . . .
___________________
ကျွန်တော်တို ့ အနုပညာ ဖန်တီးရာမှာ
(ဒီနေရာမှာ စာပေအနုပညာ/ကဗျာ/ဝတ္ထုကိုပဲ ဦးတည်ပြောပါမယ်)
ဘာသာစကား / အက္ခရာ / ဗျည်းသရ တွန့်တွန့်ကောက်ကောက်တွေကို မသုံးမဖြစ် သုံးရပါတယ် ။
အနုပညာပစ္စည်းနဲ ့အနုပညာဖန်တီးသူ ကြားက အနုပညာ ခံစားမှုအတွက် ဖော်ဆောင်ပြထားတဲ့ ဘာသာစကား/အက္ခရာတွေက ကြားခံပစ္စည်းပါ ။
ကဗျာတစ်ပုဒ် ဆိုတာကို အကြမ်းထည်ကြည့်လိုက်ရင် စကားလုံးတွေ (ဘာသာစကား/အက္ခရာ) ကိုသာ မြင်ရပါတယ် ။
အဲဒီ ဘာသာစကားကို ဖတ်တဲ့သူက ဖတ်ပြီးမှ အဓိပ္ပါယ်ကို နားလည်ပြီး ခံစားပါတယ် ။
ရသမြောက်ခြင်းဆီကို သွားဖို ့ရာ …ဘာသာစကား အက္ခရာတွေက ပေါင်းကူးတံတားအဖြစ် မပါမဖြစ် ပါနေရပါတယ် ။
ကဗျာကို ကဗျာအဖြစ်ပြသဖို ့ အဲဒီ အက္ခရာတွေကို မသုံးမဖြစ် သုံးနေရပါတယ် ။
အနုပညာဖန်တီးသူက သူ ခံစားရတဲ့ အတွေး / ခံစားချက် /အယူအဆကို လှစ်ဟ ပြသပြီး အနုပညာပစ္စည်းအဖြစ် ဖန်တီးမှု လုပ်ငန်းစဉ်မှာ . . .
ဘာသာစကားက အဓိက ကျတဲ့နေရာက ရှိနေပါတယ် ။ ဒါကို ဦးဆာတို့ သိပြီးသားပါ ။
ကျွန်တော်တို ့ထပ်စဉ်းစားရမှာတွေ ရှိနေပါတယ် ။
အဲဒီလောက် အရေးပါ အဓိက ကျနေတဲ့ ဘာသာစကား ( ကျွန်တော်တို ့ဘာသာစကား ) ဟာ. . . ဘယ်လောက်တိကျ သေချာသလဲ။
ဘယ်လောက် ဖော်ထုတ်ပြသနိုင်သလဲ။
ဆိုလိုတာက . . .
ကျွန်တော်တို ့ခံစားချက်ကို စာသားတွေနဲ့ ဖော်ထုတ်ပြသရင် ခံစားချက်ကို ပီပီပြင်ပြင် ပြသနိုင်ဖို ့ရာ တိတိကျကျ အသုံးပြုလို ့ရသလား ပေါ့ ။
ကျွန်တော်တို့ဘာသာစကားမှာ က …..
မရှင်းမရှင်းတွေ အများကြီးမှ အများကြီးပါ။
အဲဒီ မရှင်းမရှင်းတွေ အကြောင်းထိုင်ပြောနေရင်ကုန်မှာ မဟုတ်ပါဘူး ။
တိုတိုပြတ်ပြတ်ပြောရရင်. . . ကျွန်တော်တို ့ရဲ ့ဘာသာစကားဟာ ကျွန်တော်တို ့ရင်ထဲက ခံစားချက်တိုင်းကို
တိတိကျကျ မပြသ မဖော်ထုတ်ပေးနိုင်ဘူး ဆိုတာပါပဲ ။
ဝေဝေဝါးဝါး ထင်ယောင်ထင်မှား တွေ ဖြစိနေတဲ့ စကားလုံးတွေ / မပြည့်စုံ မလုံခြုံတဲ့ စကားလုံးတွေ / ဆိုလိုချက် သွေဖည်တိမ်းစောင်းနေတဲ့စကားလုံးတွေ
၁ ။ ။ မင်္ဂလာဆောင် ပွဲတစ်ခုကို သွားမယ်လို့ပြောတာလားးး ( အနာဂတ်လား..)
၂။ ။ မင်္ဂလာ ဆောင်သွားမယ် ။ မင်္ဂလာပွဲကျင်းပသွားမယ် ( အတိတ်လား .. )
လို ့ပြောတာလား။
၃။ ။ မင်္ဂလာဆိုတာကြီးကို ဆောင်ယူသွားမယ် ယူဆောင်သွားမယ်. . .လို ့ပြောတာလားး ( ပစ္စုပ္ပန် လား..)
ဝေဝါးးးး
————-
နောက်. . . .
အား ဆိုတဲ့ စကားလုံးတစ်လုံးကို မြင်လိုက်တယ်ဆိုပါစို ့။
နာကျင်လို ့အော်လိုက်တဲ့အား လား
အားအင် ဆိုတဲ ့အား လား
အံ့ဩတကြီး လွှတ်ခနဲအော်လိုက်တဲ့ အား လား
ကျီးကန်းတစ်ကောင်ရဲ့အော်သံ အား လား
အားလပ်ခြင်း ဆိုတဲ ့အား လား
မေးစရာတွေ အများကြီး ထွက်လာပါတယ်။
အဓိပ္ပါယ်ဝေဝါးပြီး ဆိုလိုရာကို လွယ်လွယ် မပြနိုင်တဲ့ သဘောတွေ ရှိပါတယ် ။
————————
တစ်ခါတုန်းက ပုလိပ်မင်းကြီးဟာ
ဈေးသည်က ပြန်ဖြေတယ် ။
တိုလီမှုတ်စလေးတွေ ရောင်းပါတယ် တဲ့
တိုလီမှုတ်စ ဆိုတာ ဘာလဲမောင်မင်း
တိုလီမှုတ်စ ဆိုတာ စုံစီနဖာ ပါ
စုံစီနဖါ ဆိုတာ ဘာလဲ မောင်မင်း
စုံစီနဖါဆိုတာ တိုလီမိုလီ ပါ
တိုလီမိုလီဆိုတာ ဘာလဲမောင်မင်း
တိုလီမိုလီဆိုတာ ဗြုတ်စဖျင်းတောင်း ပါ
ဗြုတ်စဗျင်းတောင်းဆိုတာ ဘာလဲမောင်မင်း
အဲဒီလို အဲဒီလို . . . .
________________________
အနုပညာသမိုင်းအစဉ်အလာထဲမှာလည်း
ဆရာကြီး MERCAL DUCHAMP ( 1887 – 1968 ) ရဲ ့ FOUNTAIN အမည်ရှိ… / ကျင်ငယ်စွန် ့ တဲ ့ကြွေခွက် ဟာ..စိတ်ကူးအဓိက အနုပညာ ဝါဒ ပေါ်ပေါက်လာဖို ့…
လုံလောက်တဲ ့ အပြင်းထန်ဆုံး တွန်းအား တစ်ခုပါ ။
စိတ်ကုူး အဓိက အနုပညာ ဝါဒကြီး.ပေါ်ပေါက်လာပြီး.နောက်ပိုင်းမှာ….
အနုပညာ ရဲ ့ဖြစ်တည်မှု ဟာ..ကစဥ့်ကလျား…ဖြစ်သွားတယ်..လို ့…ထင်မိပါတယ် .။
DUCHAMP..ရဲ ့… အယူအဆ အရ ဆိုရင်…
ဘယ်အရာ / ဘယ် ပစ္စည်းကို မဆို… အနုပညာ ပစ္စည်းလို ့.. သတ်မှတ်လို ့ရနေပါတယ် ။
ကို်ယ်တိုင် မဖန်တီးလည်း …ရတယ် ။ ကိုယ်တိုင် မဖန်တီးသည် ဖြစ်စေ… ကိုယ်တိုင် ဖန်တီးသည် ဖြစ်စေ…. ( ရှိပြီးသား..အရာ / ပစ္စည်းတစ်ခုခုကို )
လည်း… အနုပညာ ပစ္စည်းအဖြစ်… ချ..ပြလို ့ရနေတယ် ။
ဒီတော့… ဘယ်သူမဆို အနုပညာ သမား… ဖြစ်သွားမှာပေါ ့ ။
အနုပညာဆိုတာကို ဘယ်လိုမှ မခံစားတတ်တဲ ့ / အနုပညာ အကြောင်း..ကို.. ဖဲချပ်တစ်ချပ်လောက်မှ စိတ်မဝင်စားတဲ ့သူ..ကလည်း.
တွေ ့ရာ ပစ္စည်း တစ်ခုခု ကို ကောက်ကိုင်ပြပြီး.. ” ဒါ..အနုပညာ ပဲ..’
လို ့ပြောလာရင်…အနုပညာတိုင် ပတ် သွားမှာပေါ့နော် ။.
DUCHAMP ကတော့….
ဘယ်သူတွေ ဘာပြောပြော…. ကျင်ငယ် စွန့်တဲ ့ကြွေ ခွက်ကြီးကို…
အနုပညာ ပစ္စည်းတစ်ခု အဖြစ်….. တင်ပြ သွားလေရဲ ့…။
______________________________________________စိတ်ကူ အဓိက အနုပညာ သမား ( CONCEPTUAL ARTIST ) တွေ ့ရဲ ့… ယုံကြည်ချက်နဲ ့..
အတွေးအခေါ်…..ယူဆ ချက်တွေက်ိုတော့.. လေးလေးစားစား…နာယူ မှတ်သားခဲ့ပါတယ် ။
အနုပညာ ဖန်တီးရာ မှာ….
စိတ်ကူးသာ အဓိက ပဲ…. ဆိုတဲ ့ အချက်က… စည်းတွေ… / ဘောင်တွေ../ ခွင်…တွေ..ရဲ ့ တားမြစ်ချက် တော်တော်များများကို…
ရိုက်ချိုး..ဖောက်ထွက် ရဲ..လှပါတယ် ။
( သတ္တိ လို ့ခေါ်ရမလား….မိုက်ရူးရဲတယ်လို ့..ဆိုရမလား.တော့မဝေဖန်တတ်တော့ပါဘူး )
If someone says it ‘ s Art .
It ” s Art .
ဆီုတဲ ့စကားတစ်ခွန်းကိုလည်း… Don Judd ဆိုသူတစ်ဥိးက.. ဝင်ပြောသွားခဲ့ပါသေးတယ် ။
CONCEPTUAL ART က စာပေ အနုပညာ ../ မြန်မာ့ စာပေအနုပညာလောကမှာ….. ထဲထဲဝင်ဝင်..
မထိုးဖောက်နိုင်သေးဘူး.လို့ မြင်မိပါတယ် ။
အမေရိကန် ပြည်ထောင်စုမှာတော့… 1960 နောက်ပိုင်း…မှာ… ထွန်းကား ခဲ့တယ်…လို ့..မှတ်ဖူး../ ဖတ်ဖူးခဲ့ပါရဲ ့ ။
_____________________________________
CONCEPTUAL ARTIST တွေ..ရဲ ့… အလိုအရ ဆိုရင်…
အနုပညာ တစ်ရပ် ဖန်တီး.ရာမှာ…အခြား…ဘာ မှ မလိုပါဘူး..တဲ ့။
စိတ်ကုူးလေး တစ်ခု သာ..အဓိက…တဲ ့ ။
ဝတ္ထု တစ်ပုဒ် ဖန်တီးတော့မယ်…ဆိုပါတော့..။
ဝတ္ထု ဆိုတဲ ့.. စာပေ အနုပညာကို ဖန်တီးရာမှာ….
ဝတ္ထုရေးခြင်း အတတ်ပညာ/ ဇာတ်လမ်း../ စကားလုံး../ ( ဘာသာစကား က အဓိက ပေါ့လေ.)
ဒါတွေ..ဒါတွေ..လိုပါတယ် ။
ပြီးတော့….အစီအစဉ်ကျန စွာ..ကြောင်းကျိုး.ညီညွတ်မှုတွေ..နဲ ့ အနုပညာသမား ရဲ ့ ပါရမီ..ဆိုတာတွေလည်း.လိုပါသေးတယ် ။
ဒီအချက်တွေနဲ ့ရေးတာ ဟာ…
သရုပ်မှန် ဝါဒ ( Realism ) အရ… သမားရိုးကျ ရေးတာပါ ။
__________________________________
စိတ်ကုူး အဓိက အနုပညာ သမားတစ်ယောက်….
ဝတ္ထူ တစ်ပုဒ် ဖန်တီးတော့မယ်..ဆိုရင်…(( ဝတ္ထုရေးခြင်း အတတ်ပညာ/ ဇာတ်လမ်း../ စကားလုံး../ ( ဘာသာစကား က အဓိက ပေါ့လေ.)
အစီအစဉ်ကျန စွာ..ကြောင်းကျိုး.ညီညွတ်မှုတွေ..နဲ ့ အနုပညာသမား ရဲ ့ ပါရမီ…..))
အဲဒါတွေ.. ဘာမှ မလိုတော့ပါဘူး..တဲ ့ ။
ဥပမာ…
ဓါတ်မီးတစ်လက်ကို… နာမည် တစ်ခု.. တပ်…/ လတ်မှတ်ထိုးပြီး… ” ဒါ ဝတ္ထု တစ်ပုဒ်ပဲ..” လို ့ပြောပါလိမ့်မယ် ။
ဒါမှမဟုတ်လည်း.သောက်ရေတစ်ခွက်ကို ယူပြပြီး…
” ဒါ ဝတ္ထုတစ်ပုဒ် ပါ…” လို ့..ဆိုပါလိမ် ့မယ် ။
( ဥပမာ..ပြောတာပါ )
ရသလား…. / အဲသလို ရသလား….
သူတို ့ အလို အရ ဆိုရင်တော့..ရပါတယ် ..တဲ ့။
______________________________________
ဒါတွေ က ဥပမာ စကားတွေ ပါနော် ။
မြန်မာ့ အနုပညာလောက ထဲမှာတော့….
ဒါမျိုး.ဖော်ပြချက်တွေ.. မတွေ ့ရသလောက်ပါပဲ..။
ဇော်ဇော်အောင်ရဲ ့….
ငယ်ချစ်နာမည် မနှင်းဆီ…ဆိုတဲ ့ဝတ္ထုတို ( ဝါနီပြာ မဂ္ဂဇင်း ထင်ပါတယ် ။ မဂ္ဂဇင်းအမှတ်နဲ့ ထုတ်ဝေတဲ ့နှစ်..ကို မမှတ်မိတော့ပါဘူး ။)
အဲဒီ ဝတ္ထုတို ကတော့….
ဘာ စာသားတစ်ခုမှ မပါပဲ…
အဝါရောင် ဖဲကြိုး….တစ်စ ကို.. စာရွက်မှာ. ကပ် ပေးထားရုံ….လေး..တင်ပြခဲ ့ပါတယ် ။
အဲဒီ ဝတ္ထု ကိုတော့… CONCEPTUALISM ..ရဲ ့အငွေ ့အသက်တွေ..လွှမ်း ခြုံ ထားတယ်..လို ့…. ပြောရင် ရမယ် ထင်တယ်..နော် ။
_____________________________________________
( မြန်မာ့ ပန်းချီအနုပညာ(.တချို ့) မှာတော့… CONCEPTUALISM စိမ့်ဝင် ပျံ ့နှံ ့ မှု တွေ.. တွေ ့လာရပါတယ် ။ )
ဘာသာစကား / စကားလုံး../ စာသား နဲ ့ ဖော်ပြရတဲ ့ စာပေ အနုပညာ မှာ… အဲဒီ စာသား / ဘာသာစကား ..ကိုမှ
စွန် ့ပစ်လိုက်မယ်..ဆိုရင်…
( အခြားနူ်ိုင်ငံမှာ ဆို…. ပွက်လော ရိုက်ရုံလောက် သာ…ဖြစ်မယ်.. )
ကျွန်တော်တို ့ အနုပညာ လောက မှာဆိုရင်…………………
( ကလောင်ဓါး… / ကလောင် တုတ်တွေ.. များ…. ဆွဲ.ကုန်ကြမလားပဲ..။ ဒါက ကျွန်တော့် ပျက်ချော်ချော်…အတွေးပါ ။ )
__________________________________________ဘာ စာသား…/ ဘာ စကားလုံးမှ မပါတဲ ့…
အနုပညာ ပစ္စည်းဆိုတဲ ့ အရာ ( ဥပမာ… ဓါတ်မီးတစ်လက် ) ကို…
အနုပညာ ပစ္စည်း အဖြစ် လက်ခံနိုင်ဖိုူ ့….
ကျွန်တော်တို ့..အတော်လေး…. အားမွေ း..ယူရဦးမယ်…ထင်ပါတယ် ။
____________________________________________အနုပညာ ဆိုတာ စိတ်ကူးပဲ…။
ဘာ ပစ္စည်း နဲ ့..လုပ် လုပ် ရတယ် ။
ဘယ်သူ လုပ် လုပ် ရတယ် ။
ကိုယ်တိုင် မလုပ် လည်း..ရတယ် ။
စိတ်ကူးသာ.. အဓိက ပဲ…ဆိုတဲ ့
CONCEPTUALISM ကိုင်စွဲသူတွေရဲ ့
စကားတွေဟာ…
ကျွန်တော့် အနုပညာ အိပ်မက် တွေ ကိ်ု…
စောင်ထူထူ ခြုံ ပေးလိုက်သလိုပါပဲ…။
မွန်းကြပ် ပိတ်လှောင်သွားလိုက်…..
နွေးထွေး လုံခြုံသွားလိုက်..နဲ ့ပေါ့ဗျာ…။
ဒါပေမယ့်…..
_______________________________________-
CONCEPTUALISM ကို.. ကျွန်တော်…မချစ်ဘူး..။
မုန်းလည်း..မမုန်းပါဘူး ။
အဲ………….
နည်းနည်းတော့.. ကြောက်လန် ့မိတယ် ။
အံ ့ဩကြီးစွာလည်း..ဖြစ်ရပါတယ် ။
ဒီ CONCEPTUALISM …ကိုတွေ ့ရတာဟာ….
ကိုယ် ကြည့်နေတဲ ့ TV ထဲက ဇာတ်ကောင်တစ်ယောက်….
TV မှန်သားပြင် ထဲကနေ….
အပြင်ကို ..ခြေထောက်တစ်ဖက်..ကျော်ထွက်လာတာကို… တွေ ့လိုက်ရသလိုကြီး.. ခံစားမိပါတယ် ။
https://myanmargazette.net/145905 မှ….
—————————————–
21 comments
surmi
November 15, 2013 at 4:05 pm
ရက်စက်ပါ့အလင်းဆက်ရယ်….
ဒီလိုပို့စ်ကိုမှ ကျုပ်ကိုတိုင်တည်ပြီးပြောရသလား…အောက်မလေးလို့သာအော်လိုက်ချင်တယ် …
မောင်ရင့်ပို့စ်ကို ကျုပ်စိတ်ကြိုက်မန့်ရရင် ပို့စ်တစ်ပုဒ်စာနီးနီးရှိမှာဆိုတော့….
အေးအေးဆေးဆေးမှပြန်လာပါ့မယ်နော..
ဘာသာစကားဆိုင်ရာကို တစ်ပိုင်း…
ဖန်တီးမုှတွေကို တစ်ပိုင်း…..
စိတ်ကူးနဲ့ ခံစားမုှတွေကိုတစ်ပိုင်း….
ဖတ်သူခံစားသူဖက်က တစ်ပိုင်း…
အောင်မလေးးး….
ပိုွုင့် ၂ဝ နဲ့ တော့ လက်ညောင်းခေါင်းကိုက်ပြီ.. 🙂
ဒုက္ခ ဒုက္ခ ဒုက္ခ ….
:harr:
alinsett
November 15, 2013 at 5:31 pm
သိဒယ်
ဦးဆာမှာ အနုပညာနဲ့ပက်သက်ရင်
ပြောပြချင်တာတွေ အများကြီး ရှိနေမှန်း သိတယ်။
ဟိုးးးအစောကြီးကတည်းက ဦးဆာ မှာ အနုပညာနဲ့ပက်သက်တဲ့
ခံစားချက်တွေ ရှိလျက်နဲ့ မပြောဖြစ်သေးတာ ဆိုတာ
သိတယ်
🙂
ဒါကြောင့် ဦးဆာ လည်း
ပြောစရာ ရှိတာတွေ ပြောပါဦးဗျာ ။ကြားချင်နေတယ် ။
TNA
November 15, 2013 at 4:44 pm
ထမင်းစား သွားမယ်၊ ထမင်းသွား စားမယ်၊ စာလုံးအကုန်အတူတူပဲ ဘာကွာလဲကဲပြော
အမှန်ပြောရရင်ထိပ်ကလေးပဲဖတ်ထားပီးဦးအောင်မန့်သွားတာအေ့။ အောက်ဆက်ဖတ်ဖို့အချိန်မရသေးလို့။ နောက်မှပြန်လာခဲ့မယ်အေ။
alinsett
November 15, 2013 at 5:34 pm
ဆက်ဖတ်ပြီးရင် ထပ်ပြောဦးနော်တီသဲ
တီသဲလည်း ခံစားမှု အားကောင်းသူတစ်ယောက်ဆိုတော့
တီသဲပြောလာမယ့် အနုပညာနဲ့ပက်သက်တဲ့ ခံစားချက်တွေကိုလည်း
နားထောင်ချင်သေးတယ်ဗျ
lele kyi
November 15, 2013 at 7:09 pm
ထမင်း သွားစားမယ် ဆိုတဲ့ စကား က လွတ်လပ်တယ်။ ထမင်းစား သွားမယ် ဆို တာနှောင်ဖွဲ့ မှုရှိတယ်။ တစ်စုံ တစ်ယောက် က ဖိတ်ထားတာ.ဒါမှမဟုတ် သတ်မှတ်ထားတဲ့ နေရာတစ်ခုမှာ သွား စားရမှာ။ စကားလုံးတွေနဲ့ ရန်မဖြစ်ချင်လို့ တော်တော်များများ ရည်ရွယ်ချက်ကိုပဲတွေးပြီး နားလည်လိုက်တယ်။ မြန်မာစာ ။ စကား လှတယ်လို့လည်း မပြောချင်ဘူး။ဖောင်းပွတယ်ဆိုပြီးတော့လည်းပြုပြင်ဖို့ မစဉ်းစားချင်ဘူး။ အစားထိုးဖို့ပဲစဉ်းစားတယ်။ ရုံးသုံးနဲ့ ဥပဒေပိုင်းဆိုင်ရာ စာချုပ်တွေကို အင်းဂလိပ်လို သုံးသင့်တယ်လို့ယူဆပါတယ်။ အဲ့ဒါဆိုလူတော်တော်များများလည်း အင်းဂလိပ်လို နားလည်သွားမယ်လို့ထင်ပါတယ်။
ဒါပေမဲ့ မြန်မာစာ စကား ကိုယ်ပိုင်ရှိတာ ဂုဏ်ယူပါတယ်။ လုပ်ဖေါ်ကိုင်ဖက် တွေ ကပြောတယ်။” နေ” စာလုံးတွေတဲ့ ။ နေမင်းကြီးကဆင်းသက်လာတဲ့နေမျိုး နေနွယ်တွေကွ။ ဂျီပွန်တွေက အာလျှောက်ရိုက်နေတာ သူရို့ကိုသူတို့ နေမျိုးနွယ်ဆိုပြီး။
alinsett
November 16, 2013 at 7:51 am
မြန်မာဘာသာစကား မြန်မာစာမှာ
123456789 0တွေ ကို ကိုယ်ပိုင် ဂဏန်းနဲ ့ရေးဖို ့ရှိတာ
၁၂၃၄၅၆၇၈၉ ဝကိုတော့
ဂုဏ်ယူမိဒယ်
🙂
sorrow weaver
November 15, 2013 at 5:33 pm
ဗမာစကားနော်..အားကြီးရှုပ်တယ်..ဗမာအနုပညာနော်..အားကြီးခေါင်းစားတယ်…ကချင်နော်..စကားမရှုပ်ဘူး…စောရအိုင်…ရွှတ်..ရှလူး……ပြီးသွားပြီ…. ခုခိခုခိ…
alinsett
November 15, 2013 at 5:38 pm
ဟေ့လူ
စောရအိုင် ဆိုတာ ဘုဂို ပေါတွားဒါလဲဂျ
ဆိတ်လေးတော့ ထိန်းလေဂျာ
:kwi:
ခီညားနော် မရှင်းမရှင်းသိပ်လုပ်တာပဲ
🙂
sorrow weaver
November 15, 2013 at 5:49 pm
အုပ်ထဲပစ်ထည့်တာ ..မကောင်းသူထိပ်..ကောင်းသူထိပ်ပဲ ….အဟေးဟေး
alinsett
November 15, 2013 at 5:51 pm
ဖျားးဖျားးး
နာ ့ဒေါ်ဖွားမေ ထိပ်
မကျပါဇေနဲ ့ဖျာားးး
:kwi:
TNA
November 15, 2013 at 5:44 pm
ဝေါ်အိုင်းနီ ရှလူး ရွှတ် အိုက်ဒါလဲပီးတာပါပဲအေ။ ဒချိဒချိဒချိ
alinsett
November 15, 2013 at 5:49 pm
တီအားမို ရွှတ် ရှလူး
ဒါလည်း အေးတာပဲ
:kwi:
lele kyi
November 15, 2013 at 6:51 pm
စောရအိုင်..စောရ ဆိုတာသူခိုး.စောရအိုင် ဆိုတာ ပွကြီးထိုင်ရာ အရပ် ။တစ်ချိန်လုံး အဲ့လိုမှတ်ထားတာအခုထိ။ ငယ်ငယ်တုန်းက စောရအိုင်ဆိုတဲ့ ရုပ်ပြကာတွန်း ဖတ်ရင်း အဲ့လို မှတ်ထားခဲ့တာ။ ကချင်စကားမှန်းမသိဘူး။ 🙂
sorrow weaver
November 16, 2013 at 8:36 am
ကချင်စကားမှန်းသိရင် …ကချင်ကောင်နုထွားကြီးကို ပြောခွဲလိုက်တော့လေ…ကျော် ရှက်သွေးဖြာပြမယ်လေ ….အဟိဟိ
alinsett
November 16, 2013 at 9:22 pm
ရှက်သွေးပဲ..ဖြာနော်…
ရှက်သေးတွေ..မဖြာနဲ ့…
:kwi:
TNA
November 15, 2013 at 5:59 pm
ရှင်းရှင်းပြောရရင်တော့ ဒညင်းဝက်ရေ ငါအပေါ်ပိုင်းပဲထောက်ခံတယ်အေ။ အောက်ပိုင်းက ဘာသာစကား မပါတဲ့အနုပညာဆိုတာတော့ ငါလဲခုထိခံစားလို့မရသေးဘူးအေ။ ငါကြည့်တယ်။ လိုက်တွေးတယ် သူမရှင်းပြပဲ ငါဘာမှနားမလည်ဘူးအေ။ အဲဒါဘာခေါ်လဲ အင်စတော်လေးရှင်းအတ်လား ဘာလားမေ့ တောင်နေပြီအေ့။ လူဝင်လာတာနဲ့ စာရွက်တွေလုံးခြေထားတာနဲ့ပေါက်တာတွေ၊ ကြိုးတွေနဲ့တုတ်ထားတာတွေ နောက်လှောင်အိမ်ထဲမှာ လူကနေပြီးပါးစပ်ကတခုခု ရွတ်နေ တာတွေ၊ နောက်ရှိသေးတယ်အေ့ အဲဒီလို စကားလုံးမပါတဲ့ အနုပညာတော့ ခုထိခံစားလို့မရသေးဘူး။ အဲဒီအနုပညာကိုရူးသွပ်တဲ့သူတွေကလဲများသားပဲ။ ငါလဲစိတ်တော့ဝင်စားတယ်။ နားလည်ကြည့်ချင်တယ်။ ဒါပေမဲ့ငါပဲညာဏ်မမှီတာလား မခံစားတတ်တာလားမသိဘူး။ ဒီနေ့ထိနားမလည်သေးဘူးအေ။ ဒါပေမဲ့ ညီးရဲ့ စကားလုံးမပါတဲ့ ကဗျာကိုတော့စိတ်ဝင်စားသားအေ့။ ငါသိတာတော့ အနုပညာမှော်ဆို တာအတော်ကြောက်စရာကောင်းတယ်ဆိုတာပဲ။ အဲဒီအနုပညာကိုရူးသွပ်ကြတဲ့ သူတွေကိုချီးကျူးတယ်။ ဒါပေမဲ့ အခုတလော အဲလိုပြပွဲ မျိုးတွေရန်ကုန်မှာမရှိတော့ဘူးနော်။ ပျောက် ကွယ်သွားတာတော့နှမျော စရာပါ။ ရှိသေးရင်တော့ကြည့် ချင်ပါသေးတယ်။
alinsett
November 15, 2013 at 6:28 pm
အင်းးး
အဲဒီလို အနုပညာပြကွက်တွေကို ဒီမှာ
သိပ်မခံစားတတ်ကြသေးတော့
ကြာရင် ပျောက်ပျက်သွားမှာ စိုးမိတယ်။
ဒီမှာ ပွင့်လို ့မရတဲ့ ပန်းတော့
မဖြစ်စေချင်
ကျွန်တော်လည်း
နားလည် ခံစားတတ်ဖို ့
ကြိုးစားနေပါဦးမယ်
🙂
surmi
November 17, 2013 at 11:29 am
စာရေးရမှာပျင်းလို့ မရေးတော့ဘူးကွာ….
ပြောချင်ရင် လက်ဘက်ရည်တိုက် 🙂
alinsett
November 17, 2013 at 4:58 pm
ဦးဆာကို လက်ဖက်ရည်တိုက်မယ် ကြံပြီး
တွေ ့လိုက်တိုင်း
ဦးဆာ ကပဲ တိုက် တိုက်သွားတယ်
အဟိ
ဒီတခါ ကျွန်တော့်အလှည့်
:kwi:
KZ
November 18, 2013 at 10:37 am
အို၊။
ဘာမှ မလိုအပ်ဘူးးးး
လူတိုင်း အကြား အမြင်ပေါက်အောင် ကျင့်ကြံကြ။
အာ့ဆို ဘာ ဘာသာစကားမှမလိုတော့ဘူးးး
သူ ဘာလိုလည်း ကိုယ်သိ၊ ကိုယ်ဘာလိုလည်း သူသိ။
အဟိဟိ.။
😀
alinsett
November 18, 2013 at 11:38 am
ဘိုးဒေါ်ဖြစ်အောင် ကြိုးစားကြစို ့
အဟိ