အနီး အဝေး

လူသည် ဘဝတခုကို စွဲလန်းခြင်းစိတ်ဖြင့် အရင်းခံကာ ဖြစ်တည်ကြသည်..

မွေးဖွားခြင်းမတိုင်မှီက စတင် သန္ဓေတည်သော စွဲလန်းစိတ်သည် 
(
ဘုရား ၊ရဟန ္တာမှ အပ) သေသည်အထိတိုင် ဖယ်ခွာဘို ့မလွယ်လှပေ။
ဘဝဘဝများစွာက စွဲလန်းခြင်းကြောင့် ဘဝများစွာကိုပင် ထပ်ဖြစ်စေသည်။ လောကုတ္တရာလမ်းအမြင်အရ ရုပ်နာမ်တွဲပြီးဖြစ်ပေါ်လာသော သတ္တဝါတိုင်း စွဲလန်းစိတ် မကင်းပေ..
ထို ့ထက် ပိုသည်က လူ ့နယ်ပယ် သို ့ဝင်ရောက်လာပြီးသည့်နောက် ကျင်လည်ကြီးပြင်းရသော အသိုင်းအဝန်းတွင် ရှေးရိုးစွဲလန်းမှုတို ့ ့ကိုထပ်မံသင်ယူရခြင်းပင်ဖြစ်သည်..။ နေမှု၊ထိုင်မှု၊ ပြောမှု၊ဆိုမှု
အပါအဝင် ယုံကြည်မှုများကိုပါ ခေါက်ရိုးကျ လိုက်နာရတော့သည်…။
ထိုလိုက်နာသင်ယူရသော သဘောတရားတို ့သည်ပင်လျှင် အနီးအဝေး သဘောကို ဖြစ်ပေါ်စေသည်။
မျိုးကွဲ ငါးတစ်ကောင်ကို အခြားမျိုးမတူသော ငါးအုပ်ထဲသို ့ရောထည့်လိုက်သော်လည်း ထိုငါးသည် ဘဝ ပြောင်းမသွားနိုင်ပေ။ ဥပမာ…ငါးခူတစ်ကောင်ကို ငါးသလောက်မွေးထားသော ကန်ထဲသို ့ထည့်လိုက်သော်လည်း ထိုငါးခူသည် ငါးသလောက်ဖြစ်မသွားပါ..။ သူ ့တွင် ကိုယ်ပိုင်အမူအရာ၊ ကိုယ်ပိုင်အရောင်အဆင်း ရှိနေခြင်းကြောင့်ပင်ဖြစ်သည်..။ သို ့သော် သဘာဝသတ်မှတ်ချက်နှင့် မူသေ
ရုပ်ဖြစ်တည်မှုအရ..သူသည် လုံးဝငြင်းမရသော ငါးစစ်စစ်တစ်ကောင်သာ ဖြစ်သည်။

……………………………………………………………….

………………………………………………….
ကျနော်သည် ငယ်ကတည်းက မိဘများနှင့်အတူနေရသော်လည်း ဝေးနေခဲ ့သည်..
ကျနော် အကြိမ်တော်တော်များများ စဉ်းစားခဲ ့သည်..စဉ်းစားပြီးတိုင်းလည်း ကျနော်ပြုံးတတ်သည်။
ကျနော့်သား နောင်နောင်ကို မွေးကင်းစ ကတည်းက… တစ်ယောက်ယောက်ကိုများ ၊ဇာတိလမ်းပြတ်၊ ဇာတိပျောက်ကျနော် ပေးခဲ ့လျှင်၊ နောင်နောင် ကြီးလာသောအခါ ကျနော့်ကို အဖေဟု သတ်မှတ်မည်မဟုတ် သလို၊ နာယူကြီးပြင်းမှုသဘောတရား၊ စဉ်းစားဆင်ခြင်ဆုံးဖြတ်ပုံ၊ နေထိုင်မှု စရိုက်၊ အတွေးအခေါ်အယူအဆ
တို ့သည် ကျနော်နှင့် လားလားမျှ တူမည်မဟုတ်ပေ..
ဆိုလိုခြင်သည်က လူတစ်ယောက် ကြီးပြင်းရသော ပါတ်ဝန်းကျင်နှင့် ဆိုးပေးလိုက်သော အရောင် သဘောကို ပြောလိုခြင်းပင်။
ကျနော်က ပုံစံခွက်ဆန်သော ဘဝကို မကြိုက်တတ်ပါ၊ သို ့ပေမယ့် စဉ်းစားခြင်းကိုတော့ ကြိုက်သည်။
ငါးတစ်ကောင် ဘဝပြောင်းမသွားသော်လည်း လူသည် စဉ်းစားဆင်ခြင်တတ်သော သဘောနှင့် မသိမသာလေးညင်သာစွာကပ်ပါလာတတ်သော စွဲလန်းခြင်းကြောင့် ဘဝတွေခြားနိုင်သည်..
လမ်းတွေ ပြောင်းနိုင်သည်..။ ရပ်တည်မှုတွေ ပြောဆိုမှုတွေ ပြောင်းလဲနိုင်သည်။ အထူးခြားဆုံးကား
နီးလျှက်နဲ ့ဝေးသွားနိုင်သည်..
ဘာသာရေးသဘောတရားတွေကို ကျနော်မပြောချင် ၊မရေးချင်သော်လည်း မိဘရင်ခွင်နှင့် 
ဝေးခဲ ့ရသော ၊ဝေးနေဆဲဖြစ်သော ကျနော်ကတော့ ကျနော်ကြုံတွေ ့ရသော အကြောင်းအရာ၏ အခြေခံ

ဖြစ်တည်မှု……စီးဆင်းခြင်း မြစ်တစ်စင်း၏ သန္ဓေတည်ရာ ဘဝ အကျိုးတရားကို တွေးနေတတ်သည်။
မှတ်မှတ်ရရ ကျနော် ၃တန်းအရွယ်လောက်ကဖြစ်သည်၊ အိမ်တောင်ဘက် မြက်ခင်းပြင်ကြီးထဲတွင် နွားတွေ မြက်စားနေသည်ကို ကြည့်ရင်း ကမ္ဘာကြီးသည် အပြားကြီး၊ အပေါ်က မိုးတိမ် အခုံးကြီးနှင့် အုပ်ထားခြင်း မဟုတ်ကြောင်းကို ဘယ်ကနေဘယ်လို စဉ်းစားလိုက်မိမှန်းကို မသိပါ..
ဒါပေမယ့် ကျနော်သိလိုက်သော အကြောင်းအရာကို အိမ်သို ့ပြန်ပြေးလာပြီး အကိုအကြီးဆုံးကို 
ကမ္ဘာကြီးသည် အပြားကြီး မဖြစ်နိုင်ကြောင်း နေဝင် နေထွက်ခြင်းသည် အရှေ ့မှ ထွက်ပြီး အနောက်အရပ်သို ့ဝင်ခြင်းကြောင့် ကမ ္ဘာသည် လုံးကို လုံးရမည်။ အကယ်ရွေ ့အပြားကြီးကို အမိုးအုပ်ထားပါက ဒီနေ ့..မနက် နေလုးံသည် အရှေ ့မှ ထွက်ပြီး အနောက်ကို ဝင်လျှင် နောက်နေ ့မနက်လင်းလျှင် နေ သည် အနောက်အရပ်မှပြန်ထွက်ကိုထွက်ရမည်..ယခု အနောက်က နေမထွက်ဘဲ အရှေ ့အရပ်ကပင် နေပြန်ထွက်ခြင်းကြောင့် ၊ ကမ ္ဘာကြီးသည် လုံးနေသည်ဟုပြောပြသောအခါ နဖူးကို လက်သီးနှင့် ခတ်ဆတ်ဆတ် ထို းပြီးသည့်နောက် အဖေတို ့ကို သံတော်ဦးတင်ပြီးသကာလ တမျိုးလုံးတစ်ဆွေလုံး တစ်မိသားစုလုံး ပြားနေသော ကမ ္ဘာကြီးကို ကျနော်တစ်ယောက်ထဲ ထူးထူးခြားခြား လုံးသောကြောင့် ညနေစာထမင်းလုံးဝမကျွေးဘဲ ထားလေသည်။
ကလေးတွေး ကလေးအသိနှင့် ကျနော်စဉ်းစားပြောဆိုလိုက်သော အလုံးအပြားဇာတ်လမ်းသည်
အနီးအဝေး၏ အစဟု ကျနော် ထိုစဉ်က မထင်ခဲ ့ပါ..
ကျနော် ၄တန်း ကျောင်းသားအရွယ်တွင် အမေ ့၏ဖခင် ကျနော့် အဘို း ဗလီကျောင်းတွင် ဝတ်ပြုအပြီး 
စားသောက်မှုများအားလုံးပြီးသော အချိန်တွင် ကျောင်းသမံတလင်းပေါ်တွင် ပစ်ချထားခဲ ့သော ဌက်ပျောခွံကို နင်းပြီး ချော်လဲကျပြီး ဦးဏှောက်သွေးကြောပြတ်ကာ ဆုံးပါးခဲ ့သည်။ထိုစဉ်က ကျနော်မငိုပါ။
ငိုရမည်ဟု မသိပါ.

မမ( အမ ဝမ်းကွဲ )လက်စွမ်းပြ လိမ်းပေးထားသော သနပ်ခါး ပါးကွက်ကြားလေးနှင့်အိမ်ရှေ ့မှာ

ထိုင်နေတုန်း မမအမျိုးသား ကိုချစ်ဆွေက “ညီညီ မင်းအဘို းဆုံးတာ မင်းက မငိုဘဲနဲ ့သနပ်ခါးတွေလိမ်းပြီး လာထိုင်နေတယ်…ဖျက်လိုက်ဖျက်လိုက်” သူပြောမှ သနပ်ခါးဖျက်ရမည်ဆိုတာသိပြီး တံတွေးနှင့် ပွတ်သတ် ဖျက်လိုက်ရသည်..
ငိုရမတဲ ့လား………
ငိုရမတဲ ့လား……..
ဒါဆို……ဘာသာရေးနေ ့ကြီးများတွင် လှုဒါန်းသောသဘောဖြင့် နွားများကို သတ်ကာ အရပ်ဝေကြသည်။
မသတ်ဖြတ်မှီ နွားကို ပန်းတွေ ဆင်ပေးထားပြီး တိုင်မှာ ချည်ထားချိန်တွင် နွားများ မျက်ရည်ကျနေသည်ကို ကျနော်အများကြီိးတွေ ့ဘူးပါသည်။ ဆိတ်ကလေးတွေဆို လျှင် မျက်ရည်ကျရုံတင်မက အဆက်မပြတ် အော်နေတတ်သည်..
သေဆုံးခြင်း …သတ်ဖြတ်ခြင်း
ငိုကြွေးခြင်း…………………….
သေ”သောအခါ ငိုကြပြီး…“ သတ်” သောအခါ အဘယ်ကြောင့် မငိုသနည်း…
အသတ်ခံရသူတို ့၏ မျက်ရည်ကို အဘယ်အကြောင်းအရာက မမြင်မတွေ ့နိုင်အောင် ကာဆီးထားသနည်း။
အဘိုးဆုံးသောနေ ့……၄တန်းကျောင်းသားအရွယ်တွင်
တိရိစ္ဆာန်သတ္တဝါ၊တို ့သည် လူသားများစားရန် ……………………..မှ ဖန်ဆင်း ပေးထားသည် ဟူသော
စကားသည်..တဖက်သားကို မညှာတာရာရောက်သည်..မညီမျှဟု တွေးမိလိုက်သည်နှင့် မမယောကျင်္ားကို ကျနော် အမေကြီး( အဖေ့မိခင်) တို ့အိမ်သွားတော့မယ်ဟုပြောပြီး တခါတည်း ထထွက်ခဲ ့သည်.
နောက်နေ ့မာမီ( ကျနော့်အမေ)နှင့် တွေ ့သောအခါ “မင်းမနေ ့က မင်း“သာသာ”(အဘိုး)မရပ်ဒ်( အသုဘ အခမ်းအနား)မှာတုန်းက ကပါရ်ဆန်(သချိင်္ုင်း) မှာ မတွေ ့ဘူး ..ဘယ်သွားနေလဲ ”ဟု မေးသောအခါ
အမေကြီးတို ့အိမ်မှာ ပန်းချီဆွဲနေတယ်” ဟု ပြောပြီးသောအခါ မာမီ ထပ်ငို လေသည်..
မာမီငိုနေသည်ကို ကြည့်ပြီး ကျနော်စိတ်မကောင်းပါ..
တဖြည်းဖြည်းနဲ ့ကျနော်ပိုပြီး ဝေးခဲ ့လေပြီ..
စာဖတ်အားကောင်းလာသည်နှင့်အမျှ ကျနော်သည် အိမ်မှာ သီးခြားအရောင် တစ်ရောင်ဖြစ်လာခဲ ့သည်..
ဘယ်လိုမှ ရောစပ်မခံသော …ဆန် ့ကျင်ဖက် အသွင်ဆောင်သည့် အရောင်ဖြစ်လာသောအခါ…..

ကျနော် ရှာဖွေခြင်သော အမှန်တရား တစ်ခုအတွက် ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချရင်း ၉တန်း

စာမေးပွဲ နောက်ဆုံးနေ ့မှာပင် အိမ်နဲ ့ဝေးရာသို ့ ထွက်ခွာရင်း ကိုယ့်ဘဝကို ကိုယ်တိုင်ရပ်တည်ခဲ့ရသည်။
ကျနော် မိဘရင်ခွင်နှင့် အဝေးကြီးဝေးခဲ ့ပေပြီ။
…………………..
…………………..
…………………..
သမီးကြီး ၆နှစ်အရွယ်လောက်တုန်းက ကျနော် ပန်းချီဆွဲခြင်း ခဏနားသည့်အချိန်တွင် သမီးနှင့် အတူဆော့သည်။ လက်ဝှေ ့ထိုးတမ်း နပန်းလုံးတန်း ကစားသည်၊ ပထမ သမီးကို အနိုင်ပေးပြီး ကိုယ်က အောက်ကဘဲနေပေးသည်..သူမောနေမှ ခြေတွေ လက်တွေကို ကိုယ်က ချူပ်ထားပြီး သူမရုန်းနိုင်ချိန်ဆို ကျနော်က သမီး မေးစေ ့လေးကို ကိုင်ပြီး…
ကိုင်း…ဘာတတ်နိုင်သေးလဲ …ကိုယ့်လူ..”ဟု ပြုံးပြီးမေးလျှင်…
ဘာမှ မတတ်နိုင်တော့ပါဘူး ဖေ့ဖေ ရယ်” ဟု သမီးက ပြောတတ်သည်။
………………………….——…………………………
ကျနော် ပြည်တွင်းမှာ နေထိုင်စဉ်ကလည်း မိဘကို ငွေကြေးထောက်ပံ့ဘူးပါသည်။
ထိုင်းနိုင်ငံမှာ နေထိုင်တုန်းကလည်း တတ်နိုင်သလောက် ထောက်ပံ့ပါသည်။ သို ့သော် ကျနော် မထောက်ပံ့လျှင်လည်း ဘာမှကို မှုစရာမလိုအောင် အဖေတို ့က စီးပွားရေးကောင်းပါသည်..
ဥရောပ ရောက်ပြီိးသည့်နောက်တော့ ထူးထူးဆန်းဆန်း ပစ္စည်းတွေပို ့ပေးပါသည်..။ ငွေကြေးလဲ
တော်တော်များများ ထောက်ပံ့ပေးခဲ့ပါသည်။ နာရီ၊ ကင်မရာ အမျိုးမျိုး ဝယ်ပေးခဲ ့ရာက 
အဖေက …ငါးမျှားတန် ကောင်းကောင်း ဝယ်ပေးပါ..တဲ့..
ငါးမျှားတန်က ဈေးမကြီးပါ….သို ့သော် ကျနော် ဘယ်လိုစိတ်နဲ ့ဝယ်ရမှန်း မသိ။
ကွင်းဆက်တွေကို စဉ်းစားနေရင်း လက်တွန် ့နေခဲ့သည်။ ငွေကိုသာ ခဏခဏ ပို ့ပြီး၊ ငါးမျှားတန်ကို မေ့ချင်ယောင်သော်လည်း အဖေကတော့ ခဏခဏ ထပ်မှာခဲ ့သည်..
ကိုယ်တိုင် သူ ့အသက်သတ်ခြင်းသည် အကုသိုလ်အလုပ်ဟု စွဲလန်းနေစိတ်နှင့် ကြံရာပါဖြစ်မှာကြောက်ပြီး

မဝယ်ပေးခြင်းသာ ဖြစ်သည်။
မြစ်၏ တစ်ဖက်ကမ်းမှ ဟိုမှာဘက်ကမ်းသို ့ဖောင်ကို အသုံးပြုပြီး ကူးခတ်သွားသူသည် တစ်ဖက်ကမ်းသို ့ရောက်သောအခါ မိမိစီးနင်းလာသော ဖောင်ကို သယ်ယူပြီး ထမ်းသယ်သွားစရာမလို ပေ”။
ပစ္စုပ္ပန်တည့်တည့်ကိုသာ ကြည့်ရှုစေသော တရားသဘောကို နှလုံးသွင်းပြိီး…………………………
သူငယ်ချင်း (ငါးမျှား ဆရာကြီး) အကူအညီဖြင့် ငါးမျှားတန် အကောင်းစား တလက် ဝယ်ပို ့ပေးခဲ့လေသည်..

ပို ့ပြေး့ပီးနောက် အဖေ့ဘက်ကလဲ ဘာမှ မပြော ၊ကိုယ့်ဘက်ကလဲ ဝယ်ပေးခဲ့သည့်အဖြစ်ကို မေ ့နိုင်အောင်

နေထိုင်ခဲ ့လေသည်..
ငွေကိုတော့ ၂လတခါ အလုံးအရင်းနဲ ့ပို ့ပေးပြီး ကျေးဇူးဆပ်ခဲ ့ပါသည်..
ငါးမျှားတန်လေးကိုလဲ မေ့သလောက်ဖြစ်နေခဲ ့ပေပြီိ..
…………………………………
…………………
ဲ ပြီးခဲ့တဲ့ တပါတ်နှစ်ပါတ်လောက်က မမက သူ ့တူမတွေနဲ ့သူ ့ယောင်းမအတွက် အမရပူရ ကြိုးကြီးချိတ်ထမီနဲ ့
မေရှင် ရင်ဖုံးအကျီ င်္လေးတွေ ပို ့ပေးလာရင်း ပါလာသည့် စာတွေကို အားရပါးရဖတ်ရသည်…
အဖေ ရေးလိုက်သော စာလဲ ဖတ်ရပါသည်……………
ညီညီရေ…မင်းပို ့ထားတဲ ့ငွေတွေကို စုစည်းထားပြီး အလုပ်တခု လုပ်ထားတယ်..အရင်က မပြောသေးတာက လုပ်ငန်းလဲ အကောင်အထည် မပြနိုင်သေးသလို…နောက် မင်းကိုလဲ ဝမ်းသာစေချင်
လို ့ပါ..မင်းပို ့ထားတဲ ့ငွေတွေနဲ ့ အပါတို ့ ရ ဧကကျယ်တဲ ့မြေနေရာဝယ်ပြီး ငါးမွေးမြူရေးကန် ၃ကန် တူးပြီး ငါးတွေ မွေးခဲ ့တာ။
အခု ငါးတွေ ဖော်တော့ ပိသာချိန် ၃၀၀ဝ ကျော်လောက်ရတယ်..
လောလောဆယ် လက်ငင်းရငွေကတင် သိန်း ၄ဝ ကျော်နေပြီိ…နောက်ထပ်ရတဲ ့ငွေတွေနဲ ့ ငါးကန်ကိုလဲ

ထပ်ချဲ ့ဦးမယ်ကွာ…
ဒါမင်းဝမ်းသာစေချင်လို ့အခုမှ ထုတ်ပြောတာကွ..။ မင်းလဲ ကျမ္မာရေးဂရုစိုက်ဦး………………………………
………………………………………………..xxxxxxxxxxxxxxxxx—+++====….”
။။။။။။။

………
သမီးနဲ ့ဆော့ကစားရင်း ကျနော် မေးစဉ်က သမီးက ဖြေခဲ ့သည်…
ယခု ကျနော့်အဖေက ဘာမှ မမေးပါ..
ကျနော့်ဘာသာ တစ်ယောက်တည်း ပြုံးပြီး ဖြေနေပါသည်
ဘာမှ….မတတ်နိုင်တော့ပါဘူး…ဖေဖေ”
……………..
……………..
ကမ္ဘာ အပြားကြီးပေါ်တွင် ကျနော့်အဖေက ငါးကန်ကြီးများတူးပြီး မွေးမြူရောင်းချရင်း ပျော်နေလေသည်..
ကမ္ဘာလုံးကြီး၏ အစွန်းတစ်ဖက်ဖျားက ကျနော်ကတော့ အနီးအဝေး သဘောကို တွေးရင်း ပြုံးပြုံးကြီးလုပ်နေသည်………………။ ။

 

ချစ်ခြင်းများဖြင့်

ကျော်စွာခေါင်

 

19 comments

  • ဖြူစိုင်း လူ

    November 16, 2013 at 7:02 am

    ကျွန်တော်လည်း တစ်ခုခု ကြုံလာတိုင်း
    အထူးသဖြင့်.. မမျှော်လင့်ထားပဲ ကြုံလာတာတွေရှိတိုင်း
    မဖြစ်စေချင်ပဲ၊ အဲလိုဖြစ်လာမှာတွေကို ကြောက်လို့
    ကြိုတင်ကာကွယ်ထားပြီးမှ

    ကိုယ်သိပ်ကြောက်တာတွေပဲ ဖြစ်ဖြစ်လာတာ ခုလက်ရှိထိတိုင်အောင်ပဲဆိုတော့

    “ကျွန်တော်တတ်နိုင်တာလည်း ဒါအကုန်ပါပဲ” လို့ ဆိုရတော့ပါပေမယ်ဗျာ။

    • ကျော်စွာခေါင်

      November 17, 2013 at 6:32 pm

      ကိုစိုင်းရေ..
      စိုးရိမ်မှန်း ကြောက်မှန်းသိလေ… ကံကြမ္မာက ပိုပြီး အကြည်စားသန်လေဘဲ..ကိုစိုင်း..။
      “ကျွန်တော်တတ်နိုင်တာလည်း ဒါအကုန်ပါပဲ” …လို ့ တွေးလိုက်တာထက် ပင်ပန်းခံပြီး နောက်တစ်ဆင့်ကို
      လှမ်းလိုက်တာနဲ ့….
      “ ငါ့ ဒီ့ထက်ကို တတ်နိုင်သေးတာဘဲ ” ဆိုတဲ့ အတွေးလေး ဖြစ်လာပြန်ရော ကိုစိုင်းရေ..။

  • alinsett

    November 16, 2013 at 7:42 am

    အေးအေးဆေးဆေး ဖတ်ဖို ့ သိမ်းထားမယ်

    အခု အချိန်သိပ်မရလို ့

    :kwi:

  • Tristan

    November 16, 2013 at 8:15 am

    Globalization ဆြာတွေပြောတော့ မနေ့တနေ့ကပဲ ကမာ္ဘ စပြားသွားပြီဆို.

    နောက်တာပါဦးလေးရယ်.

    အတည်ပြန်လာခဲ့ပါဦးမယ်.

  • kyeemite

    November 16, 2013 at 9:50 am

    …ဘာပြောလို့ ပြောရမှန်းတောင်မသိဘူးဗျာ…အမှန်တရားကို ကိုယ်တိုင်စူးစမ်းရှာဖွေတွေ့ရှိနိုင်ခဲ့တာ
    ….စာဖတ်ခြင်းအကျိုးလို့ထင်ပါတယ်…အံ့ဩစရာကောင်းလောက်အောင်ဖေါက်ထွက်နိုင်ခဲ့ပေတာပဲ
    ပြုနိုင်ခဲသောအလုပ်ကို လုပ်နိုင်ခဲ့တဲ့ ဇွဲနဲ့သတ္တိ ကိုချီကျူးလေးစားပါတယ် ကိုကျော်စွာရေ….

    • ကျော်စွာခေါင်

      November 17, 2013 at 6:33 pm

      ကိုမိုက်ရေ..
      နားလည်မှုနဲ ့အားပေးတာ ကျေးဇူးပါဗျ..။

  • Ma Ma

    November 16, 2013 at 2:53 pm

    အရှေ့ကနေထွက်ပြီး အနောက်က နေဝင်တာကို ကြည့်ပြီး ကမာ္ဘကြီး လုံးတယ်လို့ စဉ်းစားမိတယ်ဆိုတဲ့ ဆြာခေါင်ရဲ့ ပင်ကိုယ်အသိ အတွေးအခေါ်ကို (ကိုယ်နဲ့နှိုင်းပြီး) အံ့ဩချီးကျ ူ းမိတယ်။
    🙂

    • ကျော်စွာခေါင်

      November 17, 2013 at 6:45 pm

      မမရေ..
      အဲဒီအချိန်က ကျနော်က ကစားနေရင်း နွား မြက်စားတာကို ကြည့်နေတာဗျ…
      ကြည့်နေတုန်းမှာဘဲ နွားက မစင်စွန့်တယ်…အဲဒီအချိန်လေးမှာ တွေးလိုက်မိတာက အင်မတန်ကို မြန်တာ..
      နွားချေးက မြေဩဇာ ဖြစ် ..ပြီးတော့ မြက်ပြန်ပေါက်..ပြီးတော့ နွားကပြန်စား..ပြီးတော့ မစင်စွန့်….
      အဲဒီမှာ လည်ပါတ်နေတဲ့ သဘောလေးကို လှပ်ကနည်းလေးတွေ ့လိုက်ရတာပါ…။
      နွားတစ်ကောင်က ကလေးတစ်ယောက်ကို ကျမ်းစာအုပ်တွေ တော်လှန်ဘို ့အသိတရားတစ်ခု ကျေးဇူးပြုခဲ့တာပါ…
      ကျနော် ရတန်းလောက်ကတည်းက အမဲသားမစားတော့တာပါ.. ခြေလေးချောင်း အားလုံးကိုပေါ့..
      ကျနော့် ကျေးဇူးရှင် ဖြစ်ခဲ့လို ့ပါ..။
      ၆ တန်းမှာ အံ့ဩစရာ ကောင်းလွန်းတဲ့ အိမ်မက်တခုကို မက်တယ်..အဲဒီကတည်းက ကျနော် ဘာသာရေးနဲ ့ပါတ်သက်ပြီး
      စွန် ့စားရတော့မယ်..အိမ်က ထွက်ပြေးမှ ကိုယ်လိုချင်တာ ရမယ်ဆိုတာ စဉ်းစားတာ..ဒါကြောင့် ၈တန်းမှာ တခါပြေးတယ်..ပြန်မိတယ်…စားပွဲထိုးလေးလေ…မနု မှတ်မိမှာပါ..။
      အပေါ်ယံ ကြည့်ရင် အနုပညာအတွက်ပေါ့..အတွင်း လျှို ့ဝှက်ရည်မှန်းချက်ကတော့…
      ကျနော် နေရာမှားပြီး ဝင်စားရင်း ဝဋ္ဋ်ကြွေးဆပ်နေရလို ့ ရုန်းနေခဲ့တာပါ..။

      • Ma Ma

        November 17, 2013 at 7:23 pm

        လေးလေးနက်နက် သိတဲ့ အသိတရားလို့ နားလည်မိပါတယ်။
        တော်ရုံပါရမီတော့ မဟုတ်ဘူး။ 🙂

  • surmi

    November 17, 2013 at 10:12 am

    ဆရာ​ခေါင်​​ရေ…
    ​စေတနာသာ အဓိက ဖြစ်​မယ်​ထင်​ပါတယ်​..
    ဒီကိစ္စမှာသာဓုမ​ခေါ်မိတဲ့အတွက်​ စိတ်​ရှင်​းရှင်​းနဲ့​နေနိုင်​​ကြောင်​းပါ။
    အစ်​ကို​ပေးလိုက်​ကတည်​းက သူတို့လိုရာသုံးဆိုပြီးစိတ်​ပြတ်​ခဲ့တာပဲ။
    ပြုသူအသစ်​ ဖြစ်​သူအ​ဟောင်​းမို့ ..
    ​နောင်​ထပ်​​ပေးလည်​း လိုရာသုံးဆိုပြီး စိတ်​ပြတ်​ပြတ်​နဲ့​ပေးနိုင်​တာပဲ​လေ…
    မိဘကို​ပေးကမ်​း​ထောက်​ပံ့လှူတန်​းခြင်​းဆိုတဲ့ကုသိုလ်​ ရပြီးသားပါ​လေ…

    • ကျော်စွာခေါင်

      November 17, 2013 at 6:51 pm

      ကိုဆာ
      ခုလို သင်ပြပေးတဲ့အတွက် ကျေးဇူးပါ..
      မိဘကိုတော့ ခုထိ ကျေးဇူးဆပ်နေတုန်းပါ..ကျနော်က ဘာသာခြားမိခင်ဝမ်းမျာ ဝင်စားခဲ့လို ့ အယူအဆအတွက် စုန်ကန်ခဲ့ပေမယ့်
      …အမြဲတမ်း တွေးပါတယ်..
      = ငါသာ ဒီမိခင်ရဲ ့ ဝမ်းာကာတိုက်မှာ ဝင်ခွင့်မရဘဲ… တရိစ္ဆာန်မိခင်ဝမ်းမှာ ဝင်စားခဲ့ရင်…
      စာပေကိုလဲ ငါဖတ်နိုင်မှာ မဟုတ်ဘူး… တရားတော်ကိုလဲ နာယူနိုင်စွမ်းရှိမှာ မဟုတ်ဘူး..
      သရဏဂုံကိုလည်း ရွတ်ဆိုနိုင်တဲ့ ဘဝ ရောက်မှာ မဟုတ်ဘူးလို ့ တွေးမိတိုင်း ကျနော့် မာမီကို အထပ်ထပ် ကန်တော့ပါတယ်..။

  • TNA

    November 17, 2013 at 5:01 pm

    ဆြာခေါင်ရဲ့ပိုစ့်တွေထဲမှာမှ ဒီပိုစ့်ကိုတော့ အံဩခြင်းများစွာနဲ့ဖတ်သွားရတဲ့ပိုစ့်ပါပဲ။ ဆြာခေါင်ရဲ့ထူးခြားတဲ့ အတွေးအခေါ် ပြည့်စုံကြွယ်ဝတဲ့ဗဟုသုတတွေကို အရမ်းကိုအံ့ဩမိပါတယ်။

    • ကျော်စွာခေါင်

      November 17, 2013 at 6:52 pm

      မနုနု
      လာအားပေးတာ ကျေးဇူးပါ…။

  • kai

    November 17, 2013 at 5:26 pm

    အင်း…
    ကျုပ်ကတော့… ကမ္ဘာပြားပြားမှာပဲနေခဲ့တော့မယ်..
    ငါးစားရလို့..။ ငါးစားနိုင်လို့..။ ငါးးးစားခွင့်ရှိလို့…။ :mrgreen:

    • ကျော်စွာခေါင်

      November 17, 2013 at 6:27 pm

      သူဂျီးးး လူဇိုးးးးး
      အဲဒါတွေကြောင့် လူပြောများဒါ..
      ကမ ္ဘာ ပြားပြားလုံးလုံး ငါးကတော့ စားရပါတယ်..
      ကျနော် လာလည်တဲ့အခါ ငါးပြေမ ချက်ကျွေး …ဒါဗြဲ..။

  • padonmar

    November 18, 2013 at 2:57 am

    ခေါင်ရေ
    အပေါ်ကမန့်ကြသလိုပဲ ဖောက်ထွက်နိုင်တာ ချီးကျူးပါတယ်။
    ကျမငယ်သူငယ်ချင်းမလေး တယောက်လည်း ဘွဲ့ရအပြီးမှာ ဒီလောက ဒီဘာသာကနေ ဖောက်ထွက်ပြီး အဆက်အသွယ်အားလုံးကို ဖြတ်သွားတယ်။

    မုဆိုးဇနီး သောတာပန် အကြောင်းသိတယ်မလား။
    လေးမြားကို မယားဝတ္တရားအရ ယူငင်ပေးရပေမယ့် သေစေလိုစိတ်မပါလို့ ပါဏာတိပါတာ မဖြစ်ဆိုတာလေ။
    ….
    တရားသဘောဆိုတာလည်း ဆန်းကြယ်ပါတယ်။
    မာရ်ငါးပါးထဲမှာ ကိလေသမာရ်နဲ့ ဒေဝပုတ္တမာရ် ဟာ ကိလေသာနှောင်အိမ်က ရုန်းထွက်မယ့်သူတွေကို ဆွဲထားဖို့ အမျိုးမျိုးကြိုးစားကြပါတယ်။
    လွတ်ချင်လေလေ အဆိုးအကောင်း လောကဓံတွေ ပိုတိုက်ခိုက်လေလေ ပါပဲ။
    လောကဓံ စာမေးပွဲတွေပေါ့။
    တခါတခါလည်း ကျရှုံးမိတာပဲ။
    အောင်နိုင်လိုက်မိတဲ့အခါတော့ ပီတိကို ဘာနဲ့မှ မလဲနိုင်တော့ဘူး။
    ကြိုးစားကြပါစို့လို့ ကိုယ့်ကိုကိုယ်လည်း အားပေးရင်း ခေါင့်ကိုလည်း အားပေးပါတယ်။

  • KZ

    November 18, 2013 at 9:21 am

    လူ တစ်ယောက်ချင်းစီက
    သတ်မှတ်တဲ့ အမှန်တရားတွေဟာမတူညီဘူးလေ။
    ကိုယ့် အသိုင်းအဝိုင်းဟာ ကိုယ် နဲ့ ယုံကြည်ရာမတူ တဲ့အခါ
    အဲဒီ ဒိုင်းမေးရှင်း ထဲက ဖောက်ထွက်ဖို့ စဉ်းစားရတာကိုက အတော်စွန့်စားရတာပါ။

    အဲနီးဝေးးးး
    အဲလို ကောင်းသောလမ်းကို ချိုးနိုင်တယ်လို့ ယုံကြည်လို့ ခေါင့် အတွက် ဝမ်းမြောက် ဝမ်းသာ ဒီ စာကို ဖတ်သွားကြောင်းးးးး
    😀

  • ဦးကြောင်ကြီး

    November 18, 2013 at 9:45 am

    ကျော်စွာခေါင် ဒေါ်လာရောင်နဲ့ မော်တာထောင်မတ်တာ ဘော်ဒါဆောင်မှာ စော်လာကြောင်ဖို့ဂိုးဗျ.. ပလို့ဂျိ…
    ရွာစားရေ နောက်တချီ..
    ဖော်ကာမောင် ပျော်စရာနောင်မို့ ယသော်ဓရာမောင်ရေ ကော်သာဆောင်ပေဒေါ့… ပူနောင်ချပ်ခြိမ်း ပူချပ်ခြိမ်း…။
    ဒါနဲ့ သာမီးလေး ဘယ်အရွယ် ရှိဗဒုံး.. ကကျော်စွာ့ မိန်းမက တီလုပ်မလား.. ဓဆိုရင် ပန်းသေးမလေး ဖြူဖြူဖွေးနေမှာဗဲ… ကန်တော့တယ်ဗျာ.. ယောက္ခထီးရော ယောက္ခမရော နှစ်ယောက်စလုံးဂို တန်ဆောင်မုန်းည ဂါဝရအဖြစ်…။
    သဂျီးမာမွတ်ခိုမ်.. ဝင်မပါနဲ့ ငြိမ်ငြိမ်နေ… ဗျားဂို သီတင်းကျွတ်တုံးက ဘီအမ်ဒဗလျူ ၂၀၁၄ မော်ဒယ်အသစ်နဲ့ လာကန်တော့ပီးဗီ..
    ဒီကခါ ကကျော်ဇွာ့အလှည့်…

  • nozomi

    November 18, 2013 at 9:45 am

    ဟို နေ့ က ဒီ ပို့စ် လေး ဖတ်ရတုန်းက ပြောချင်တာက အပြည့်
    မန့် ဘို့ ခက်လို့ မမန့် လိုက်ရဘူး

    အခု ပြန်ဝင်တော့ ဟိုနေ့ က ဖီလင် မရတော့ပြန်ဘူး

    ဘဝ မှာ ထူးခြားတဲ့ အသိ အမြင် အတွေးတွေ ရတာက
    အသက်အရွယ် နဲ့ မဆိုင်ဘူး ဆိုတာ မသိသေးတဲ့ လူတွေ ရှိသေးတယ် ဗျ

Leave a Reply