ကေဇီနဲ့ ဓာတ်ပုံရိုက် အလွဲများ
ကေဇီ အသက်ငယ်တုန်းက ဓာတ်ပုံရိုက်မယ် ဆို အော်ငိုတာ။
သိပ်ကြောက်တာတဲ့။
ရိုက်ဆိုတဲ့စကားပါလို့ဆိုလားပဲ။
နောက်တော့ ရောက်သမျှနေတာ တွေ့သမျှနဲ့ ဓာတ်ပုံရိုက်လွန်းလို့ တခြားလူတွေ စိတ်ကို ညစ်ယူရရော။
ရပါတယ်။
ကိုယ်လုပ်ချင်တာမှန်သမျှ အဖော်ရအောင် တခြားသူတွေကိုပါ စည်းရုံးနိုင်သမျှစည်းရုံးလိုက်တာ အပေါင်းအသင်းတစ်စုလုံး ဘယ်နားသွားသွားဓာတ်ပုံရိုက်မယ် ဆိုတာချည်းပဲ။
ဖဘသူငယ်ချင်းများ သိတော်မူတဲ့ အတိုင်းပါပဲ။ :mrgreenn:
အဲ ကံကောင်းသလားမသိတဲ့ အချက်က အဖွဲ့ထဲက သူငယ်ချင်း အထီးတွေက ပြောင်းကြီး ကင်မလာ (ကိုယ်ကတော့ အဲ့လိုပဲခေါ်တယ်။) ကိုင်တာ ၅ ယောက်ထက်မနည်းရှိပါတယ်။
အဲ ကံဆိုးတဲ့ အချက်က လူပုံမရိုက်ချင်သော၊ ရိုက်ချင်သူက မော်ဒယ်(လ) လေးတွေမှ ရိုက်ချင်သော၊ ရိုက်ပေးသော်လည်း အပြောဆိုးသော သူငယ်ချင်းများမို့ ဒီ အလွဲက စ ပါတယ်။
၂၀၁၁၊ ကေဇီနဲ့ ဝါလေး ဓာတ်ပုံရိုက်ဖို့ ကြံရာကစ…….
အဲဒီ သူငယ်ချင်းက စလုံးမှာ နာမည် စ ရ လာသော ဓာတ်ပုံဆရာ။ အဲလာ ပြောဟဲ့ ဆိုဟဲ့နဲ့ ရိုက်ပေးမယ်ပေါ့။ ကိုယ်တွေကို ပိုက်ဆံမယူ အလကားဆိုတာနဲ့ ပျော်ရွှင်ပြီး ချီတက်ကြလေသတည်းပေါ့။
သူ က ဝတ်တဲ့ စားတဲ့ အရောင်က အစ နှုတ်ခမ်းနီ အရောင်က အစ မှာပါတယ်။
ဒါပေမဲ့ အင်ဂျီ အနက်ကြိုက်သမာ:၊ နှုတ်ခမ်းအနီရောင်ကြိုက်သမား ကေဇီ က မပါမဖြစ် တစ်စုံ အနက်ကို ယူခဲ့ပါတယ်။ အနီရောင်ဆိုးပါတယ်။
ပိန်ချင်၊ပေါ်လွင်ချင်လိုက်တာလည်း ၂ ယောက်မရှိ။
ဖတိုဂရပ်ဖာ စိတ်ဆိုးပါတယ်၊ဒါမဲ့ မဆူရက်ပါဘူးးး ဓာတ်ပုံရိုက်ပါတယ်။
ဓာတ်ပုံထွက်လာတဲ့အချိန်မှာမှ ပညာပြပါတယ်။
အဲဒီ အနက်ဝတ်စုံနဲ့ဓာတ်ပုံ မပေးပါဘူးးးး
အဲဒါ မေးကြည့်တော့ ဘယ်ဓာတ်ပုံတုန်း တဲ့။
ဪ ဟို နတ်ကတော် ဓာတ်ပုံလားတဲ့။ အနက်ရောင်ကြီးနဲ့ ဆိုတော့ မြင်သာအောင် အဲလိုကိုပြောပလိုက်တာတဲ့။
အဟင့်။
နတ်ကတော်တွေက အနက်ဝတ်တယ်လို့ သူပြောမှ ကြားဖူးတယ်။ ဒါမဲ့ အဲ့ ဓာတ်ပုံရတောင် မတင်ရဲတော့တာ ခုထိ။
😥
~~~~~~~~~~~~~~~~~~~
၂၀၁၂ ကျတော့ နောက် သူငယ်ချင်း တစ်ယောက်ပေါ့။ ရုပ်ကလေးက ကြည့်ကောင်းပေမဲ့ အပြောဆိုးလွန်းလို့ ဘယ်သွားသွား ဘာမှ မပြောပဲ နေပါလို့ တောင်းပန်ရတဲ့ သူငယ်ချင်းးး
သူက ဘာမှချေးမများဘူးးး
ကြိုက်ရာဝတ် ကြုံသလို ရိုက်ပဲ။
ဓာတ်ပုံတွေ ရလာတော့ လာပေးတယ်။
ပြောသေးတယ်။
ဟဲ့ ။ နင့် တောက်တဲ့ ပုံက မလှဘူးမှတ်နေတာ။ မဆိုးဘူး တဲ့။
အွန် ! ကိုယ်ရိုက်တဲ့ထဲ ဘယ်နားက တောက်တဲ့ပါတုန်းပေါ့။
သူပြတဲ့ပုံ ကြည့်လိုက်တော့ ကျားသစ် အဆင် လေးပါ အရပ်ကတို့။
ဆက်စီဖြစ်တယ် ဆိုပြီး ဝယ်ထားရတဲ့ အဆင်လေးပါ။ အဲလာလေး ဝတ်ပြီး ရိုက်ထားတာကိုသူ့ အမြင်ကျမှ ဘယ်လို ဖြစ်ပြီး တောက်တဲ့ဖြစ်သွားတုန်းမသိ။ ဓာတ်ပုံဆရာ ဆိုတော့ အဲလို အလှအပကို မြင်တတ်တာပေါ့ ပလိတ်သတ်ကြီးးးးး
~~~~~~~~~~~~~~~~~~~~
နောက်တစ်ယောက်က သူများကို အင်မတန် နိပ်ကွတ်တတ်သော အပြောရှိသော သူငယ်ချင်းးးး
သူရိုက်ပေးတာက Botnical garden က သစ်ပင်အောက်မှာ။ အဲ့ပင်က Botnical garden လာတဲ့သူတိုင်း ရိုက်ပါတယ်။ အနေအထားလှတာရော အတော်ကို ကြီးမားတဲ့ သစ်ပင်မို့ပါ။
ဓာတ်ပုံထွက်လာတော့ ပြောတယ်။
ငါ့ သူငယ်ချင်းက လှတာအေ တဲ့။ ရုပ်ကဆိုး (အဲလေ) ရုက္ခစိုး အတိုင်းပဲ တဲ့။
အဟင့်။
အဲလာသာကြည့်ပါတော့ ပလိတ်သတ်ကြီးရယ်။
ခုတော့ ဘယ်သူ့မှ မပူစာရဲတော့လို့ ကိုယ့်ဖုန်းလေးနဲ့ကိုယ်ပဲ တင်းတိမ်ရတော့တယ်။
:hint:
20 comments
padonmar
December 6, 2013 at 12:58 am
ကေဇီလေး ဒါ့ကြောင့် စိတ်နာနာနဲ့ ပရိုဖိုင်းပုံတွေ ခဏခဏပြောင်းနေတာဖြစ်မယ်။
MAUNG
December 6, 2013 at 8:29 am
အောင်မလေးဗျာ ..ပြော ရက်လိုက်တာ နတ်ကတော် တဲ့ ရက်ရက် စက်စက်
ဦးကျောက်ခဲ
December 6, 2013 at 8:51 am
အဟွတ်… ကျောက်စ်ကတော့ အဲသည့်ဒုက္ခအေးတယ်…
ကိုယ်တိုင်လည်းမရိုက်တတ်သလို ဝါသနာလည်းမပါဘူး…
ငယ်ငယ်လေးတည်းကနေ အခုအထိ ဓာတ်ပုံလည်းများများမရှိ…
ဟိဟိ… ဖုန်းကင်မရာနဲ့ ဟင်းပွဲဓာတ်ပုံရိုက်တာတောင် မဖြောင့်ဘူး…
တော်ချက်က ၉လောက်ရှိသကွဲ့… ဟီး ဟီး
😀
Wow
December 6, 2013 at 9:17 am
ကြုံရာနေရာမှာ ဒါ့ပုံပြေးရိုက်တတ်တာတော့ တူနေဘီ… :kwi:
ဗုံဗုံ
December 6, 2013 at 12:11 pm
စဉ့်အိုးကို တောက်တဲ့ ဖြစ်အောင် ပြောတဲ့လူက ရှိသေးဒယ်..အံ့ပါ့
TNA
December 6, 2013 at 12:32 pm
ပုံတွေမပါလို့ ရေးပြတာကိုမျက်စိထဲမြင်မြင်ကျိပြီး ရီရီသွားပါအိ
Crystalline
December 6, 2013 at 2:06 pm
ကေကေဇီတို့ကတော့မရီနိုင်ဘူး.. :mrgreenn:
စကားမစပ်.. ချွိမမတို့ ချန်ဂီအဲပို့မှာ ခရီးသည်တွေကို စင်ကာပူရ ၄ဝ ကဒ်လက်ဆောင်ပေးနေတယ်ဆိုပဲ.. တပုလင်းစာပေါ့.. အစ်မမိသားစု ၃ယောက်ရခဲ့တယ်.. ၃ယောက်ဆိုတော့ သုံးပုလင်းပေါ့ 😉
Mr. MarGa
December 6, 2013 at 2:32 pm
ကြည့်ရတာ အလွဲတွေ မကုန်သေးဘူးထင်တယ်
နောက်ထပ် ဘာတွေ လွဲဦးမလဲဗျ…
ဒါပေမယ့် ဒို့ ဂျီးဒေါ်က ကိုယ်တိုင်ရိုက်ရင်တော့ လက်ရည် မဆိုးလှဘူး
ဓာတ်ပုံဆရာမပဲ လုပ်ပါဗျာ… ကင်မရာနောက်မှာပဲနေ. ရှေ့ဘက် ထွက်ကို မလာနဲ့ :mrgreenn: :mrgreenn: :mrgreenn:
nozomi
December 6, 2013 at 2:49 pm
အန်တီဆွိ
မြန်မာပြည် ပြန်လာရင် ရိုက်ပေးပါရစေ
.
.
ဘာ နဲ့ ရိုက်မယ် ဆိုတာတော့ ကိုယ်တိုင် ရွေးပါ့မယ်
•*¨နန်းတော်ရာသူ •*¨
December 6, 2013 at 6:57 pm
ညီမတို့တော့ ကိုယ့်အရိုးလူမြင်မှာဆိုးလို့ တစ်ခါမှ ဆိုင်မှာဓာတ်သေမရိုက်ရဲဘူး။
(ဘွဲ့ဓာတ်ပုံနှင့်လယင်မယ်လျှောက်လွှာအတွက်အလှပုံမှလွဲ၍)
ဂုနောက်ပိုင်း ကိုယ့်ဘာကိုယ်ဖုန်းနဲ့ရိုက်တော့လည်း တစ်ကိုယ်လုံးမှာအဝဆုံးဖြစ်လောက်တဲ့ မျက်နှာတစ်ခုပဲရိုက်တယ်
kyeemite
December 7, 2013 at 10:03 am
ကျုပ်ငယ်ငယ်ကပုံကတော့ ဟိုတခါ ဖေ့ဘုတ်တော်ကြီးမှာတင်ပြတဲ့ မိသားစုပုံရယ်
၉လသားထိုင်ရက်ပုံရယ်..၂ ပုံပဲချိတယ်.. သားနဲ့သမီးပုံတွေတော့ မွစာကိုကျဲလို့ 😀
alinsett
December 7, 2013 at 11:29 am
နည်းနည်းလေးတော့ လွဲနေမယ်
လွဲလွဲလေးလည်း ကောင်းပါတယ်
:kwi:
လုံမလေးမွန်မွန်
December 7, 2013 at 1:18 pm
လွဲတာတွေ အတော်များတယ်..
အလွဲတွေနဲ့ ကေဇီ.. ဟဲဟဲ.. မိုက်တယ်နော်..
ဒါ့ပုံကတော့ ခေဇီမို့လို့… အလွဲတွေကိုဖတ်ပြီး မချိသွားဖြဲပါသီ..
surmi
December 7, 2013 at 1:46 pm
ဓတ်ပုံရိုက်လေ့မရှိ..
ကိုယ့်ပုံကိုယ်ပြန်ကြည့်မိရင်သရဲကြောက်တတ်မှာစိုးလို့
ပြီးတော့ … ဓာတ်ပုံဆိုတာပြန်ကြည့်တိုင်း
ကိုယ်အသက်ကြီးသွားပြီဖြစ်ကြောင်းထောက်ခံနေသလိုလို 🙂
Mahar Myanmar
December 7, 2013 at 1:47 pm
ဓါတ်ပုံ တွေ ဒီ လောက် လွဲ နေတာ ဒါကြောင့် ကိုး..
ဂလိုကိုး ..ဟ။။
ဪ … တောက်တဲ့ တဲ့…
သင်ဇာဝင့်ကျော် .. ဂျးီ ဒေါ်ကြောင့် ..
အခု … ငို နေပြီ..
ကျားသစ် ပါ ဆို.. တောက်တဲ့ ..တဲ့
အဟင့်…
Ko chogyi
December 8, 2013 at 9:12 pm
ကိုယ်လည်းငယ်ငယ်ကတည်း ဓာတ်ပုံရိုက်ဝါသနာပါတယ်။
kz အားကျလို့ ဓာတ်ပုံရိုက်အလွဲလေးအကြောင်းရေးရဦးမယ်
မဟာရာဇာ အံစာတုံး
December 9, 2013 at 9:21 am
တားဂဒေါ့ သူညားကိုပဲ ရိုက်ပေးဒတ်ဒယ် ..
ဒါတောင် ..
စတိုင်မလိုင်နဲ့နေမှ ရိုက်ပေးဒါ …
နို့မဟုတ်ယင် ရိုက်ပေးဘူးးး
ဒီဒေါ့ဂါ …
တားနဲ့တွေ့ယင် ပူနဲ့
မမခိုင်ဇာလို စတိုင်မလိုင် ထုတ်တတ်တဲ့လူနဲ့ဒေါ့ အံဂိုက်ဘဲ …
တွေ့ယင် ဖဒီး ရိုက်ပေးဘာ့မယ် … နှစ် တစ် လက် မ နဲ့ ….
KZ
December 9, 2013 at 11:51 am
အာတီဒုံ – အဲလိုပဲ အကြောင်းပြပြီး ချိန်းရတာပဲ၊ ဟိ
မောင် – သများကိုလေ သူတို့ အဲလို ရက်စက်ကြတယ်။
ကျောက်(စ) – ကျောက်(စ) နဲ့ စုံတွဲပုံတွေ အနော်ဆီမှာ ရှိတယ်။ဟေးဟေးဟေးးး
ဝါးးး – ဒါမဲ့ နာ က အိမ်သာထဲမှာ ရိုက်ဖူးဘူးးး ခွိခွိ
ဗုံ – စဉ့်အိုးဟုတ်ပါဘူးးး၊ စည်ပိုင်းပါ
သဲ – ကိုယ့်ပုံ ကိုယ်တော့ မပြရဲတော့ဘူးးး
ခရစ် – လေဆိပ်ဘက်မရောက်တာကြာပေါ့။ မသိလိုက်ဘူးး။
တဂျား – အဲလာဆို မော်လဒယ် ချောချောလေးရှာပေးပါ
ကိုနို – အဲဒီ ကြိုက်ရာ ဆိုတာ ကြောက်လို့ လာတော့ဘူးးး
သော် – အဲလောက် ပိန်မှ ဓာတ်ပုံထဲ အတော်ပဲဟ။
မိုက် – အရင်က ဖလင်ခေတ်က ဓာတ်ပုံတစ်ပုံရဖို့ဆိုတာ ခက်တယ်လေ
အလက်ဆင်း/အမွန် – မမဂျီး ဆက်လွဲလိုက်ဦးမယ်။
ဆာ – ဒီ ထက်အသက်မကြီးခင်ရိုက်ရတာ၊ ဓာတ်ပုံကပဲ ကျန်တာကိုး
မဟာ – ဟိ။ သင်ဇာ့လိုဖစ်မလားလို့ တောက်တဲ့ဖစ်သွားတယ်။ ဟီးဟီး
ကိုချို – ရေးပါဗျို့။ ဖတ်ချင်ပါတယ်။
အံစာ – ၂/၁ က နည်းနည်း သေးနေတယ်။
🙂
Paing Lay
December 9, 2013 at 3:13 pm
နည်းနည်းလေးတော့ လွဲနေမယ်……….လွဲလွဲလေးပဲကောင်းပါတယ် 😀
ဦးကြောင်ကြီး
December 10, 2013 at 9:58 am
ဦးကြောင် နေးကစ်ပုံ ရိုက်ခြင်လို့ အဲသာ ကေဇီလေး အားရင် အွန်လိုင်းကင်မရာ ဖွင့်ထားနော်.. ဟို ပက်ကညော သဗုံမ ခြစ်စပယ်လှိုင်းကို သွားအပြနဲ့.. ဒင်းက ငါ့ကို အော့အော့ဂျီးဒဲ့.. ဟွန့် မြင်လဲအမြင်ဗူးပဲနဲ့..။