Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သူကြီးထက်ပိုမာတဲ့ကျောက်တုံး

ကိုခေါင်ရဲ့ ”ခရစ်တော်နဲ့ကျွန်တော်”  ပို့စ်ထဲမှာ ကွန်မင့်ဝင်ရေးလိုက်ရင် ပို့စ်တစ်ခုလုံးရဲ့ ကောင်းမွန် တဲ့ရည်ရွယ်ရင်း ပျက်သွားမှာစိုးလို့ သီးသန့်ပို့စ်တစ်ပုဒ်တင်တာပါ။ ခေါင်းစဉ်ကတော့ အဲဒီ ကိုခေါင် ရဲ့ပို့စ်ထဲမှာပဲ ကိုစံလှကြီးက သူကြီးကိုရည်ညွှန်းပြီး ” ကျောက်တုံးအရည်ညှစ် ” လို့မရတဲ့အကြောင်း ကွန်မင့်ဝင်ပေးထားတဲ့အတွက် ဒီဂဇက်မြို့ထဲမှာ သူကြီးထက်ပိုမာတဲ့ ကျောက်တုံးတစ်တုံး ရှိနေသေး ကြောင်း မြို့သူမြို့သားတွေကို အသိပေးတာပါ။ ဘယ်ဘုန်းကြီးမဆို ဘုန်းကြီးတစ်ပါးပါးရဲ့ အသိဉာဏ် အရည်အသွေးကို မျှစ်ကြော် မယုံကြည်ပါဘူး။ ဒါက ကျောက်တုံးမာဆင့်ကို ကနဦး ကြေငြာတာပါ။
ဘာသာရေးအကြောင်းဆို အချေအတင်ဖြစ်ကြရစမြဲမို့ ဂဇက်မြို့ထဲမှာ သိပ်ပြီး ဟဟ မပြော ကြတော့ဘူး။ အတိုက်အခိုက်တွေလည်းများတော့ ပုဂိုလ်ရေးမုန်းတီးကြရတာမျိုး ဖြစ်မှာမို့ လက် ရှောင်ကြတယ်။ တကယ်တော့ ကိုယ်ယုံကြည်ရာကို လွတ်လပ်စွာ ပြောဆိုခွင့်ဟာ အခြေခံကျတဲ့ လူ့အခွင့်အရေးဖြစ်ပြီး ဒီနည်းဟာ တိုးတက်မှုရဲ့ အစပထမ။ ဒါကြောင့် မျှစ်ကြော်ယုံကြည်ရာကို ရိုးရှင်းစွာပြောပါမယ်။

 

စောစောကစကား – ဘယ်ဘုန်းကြီးမဆို ဘုန်းကြီးတစ်ပါးပါးရဲ့ အသိဉာဏ် အရည်အသွေး ကို မျှစ်ကြော် မယုံကြည်ပါဘူး – ဆိုတဲ့စကားဟာ ရုတ်တရက်ဆိုရင် ဆရာတော်ကြီးတွေ အပါ အဝင် ဘုန်းတော်ကြီးအားလုံးကို သိမ်းကြုံးစော်ကားလိုက်တဲ့ စကားလို့ ထင်စရာရှိပါတယ်။ အဲဒီ လို မဟုတ်တဲ့အကြောင်း ဆက်ရေးပါမယ်။
အရှင်ဇနကာဘိဝံသရဲ့ တစ်ဘဝသာသနာ ကို ဖတ်ရှုပြီးတဲ့အခါ ဆရာတော်ဘုရားကို အင်မ တန်ပဲကြည်ညိုခဲ့တယ်။ လူတိုင်း မျှစ်ကြော်လို နေမှာပါပဲ။ ဒါပေမယ့် အဲဒါက အဲဒါပါပဲ။ ပြီးတော့ တစ်ခါ သာမညတောင်ဆရာတော်ကိုဖူးဖို့ ဘားအံသွားခဲ့ပါသေးတယ်။ ဆရာတော်ဘုရားကြီးကို အင်မတန်လည်း ကြည်ညိုပါတယ်။ သာမညဆရာတော်ဘုရားရဲ့ ဥုံ မပျင်းနဲ့ ဆိုတဲ့ ဆုံးမစကား ကိုလည်း သူများတွေလို ရယ်မပစ်ခဲ့ဘူး။ တောင်ပေါ်တက်တော့ လူစဉ်မမီ ပိန်လှီသေးကွေးလွန်း တဲ့ကလေးတွေ အယောက် ၁ဝဝ လောက် ဝိုင်းအုံလာပြီး လက်ထဲက အထုပ်အပိုးတွေ ဝိုင်းသယ်ပေး ကြတယ်။ ကြည့်လေရာရာ ပိန်လှီသေးကွေးတဲ့ ကလေးတွေကိုချည်း စိတ်မချမ်းသာစရာ တွေ့ခဲ့ရ တယ်။ အဲဒီနယ်တစ်ကြောဟာ သတ်သတ်လွတ်နယ်မြေ။ သာမညတောင်ဆရာတော်ကို ဖူးရတော့ (အရှင်းဆုံး အတိကျဆုံးပြောပါမယ်နော်) မျှစ်ကြော်အမြင်မှာ ဆရာတော်ဘုရားဟာ အကျဉ်းစံပါပဲ။ လူတစ်စုရဲ့လက်ထဲက အကျဉ်းစံ။ ဒီဆရာတော်ကြီး ပေါက်မြောက်ချင်ပေါက်မြောက်မယ်။ ရဟနာ ဖြစ်ချင်ဖြစ်မယ်။ သေချာတာကတော့  လူတစ်စုတော်တော်ချမ်းသာသွား ဖို့အတွက် သူဟာ အသုံးချခံ။
ခုခေတ်ဆရာတော်တွေထဲက အဘိဉာဉ် ရတယ်လို့နာမည်ကြီးတဲ့ ဆရာတော် (ဘားအံမှာ သီတင်းသုံးတာပါပဲ) ကတော့ ၂လုံး ၃လုံး ဂဏန်းပေးရင် ပေါက်တာချည်းမို့ အနယ်နယ်အရပ်ရပ်က ဒကာတွေ ကိုးကွယ်တဲ့ဆရာတော်ပါ။ ဒီဆရာတော်ကလည်း ဘာတွေစိတ်ကူးနေတယ်မသိ။ ကျောင်း ကြီးကဟီးထလို့။ သူ့နယ်သားတွေ လက်ဝှေ့ထိုးရင် ရန်ကုန်အထိလိုက်ပြီး အားပေးတဲ့ဆရာတော် ပါ။     မျှစ်ကြော် ပြောချင်တဲ့လိုရင်းက ဗုဒဘာသာဘုန်းတော်ကြီးတွေ သူတို့ဖာသာသူတို့ နိဗာန် ရောက်ချင်လည်းရောက်မယ်။ ဒါပေမယ့် တိုင်းသူပြည်သားတွေကို ဘာမှ လုပ်ပေးနိုင်စွမ်းမရှိလှ ပါဘူး။ အပြစ်တင်တာ မဟုတ်၊ သိထားတဲ့အတိုင်း မှန်မှန်ကန်ကန်ပြောတာပါ။ အဘိဉာဉ်ရှိ ရင်တောင် အဘိဉာဉ်တန်ခိုးနဲ့ တိုင်းပြည်အုပ်ချုပ်လို့ မရပါဘူး။
ယခု ပွက်လောရိုက်နေတဲ့ကိစ္စ၊ မျိုးစောင့်ဥပဒေ ဘာညာပေါ့လေ၊ မြန်မာလူမျိုး အမျိုဝါး မခံရအောင် ကိုယ့်ခြံစည်းရိုးကိုယ်လုံအောင်လုပ်ကြဆိုပြီး လုပ်နေတဲ့ အစီအစဉ်တွေ- ဟုတ်ပါပြီ။ ဒါလည်း သူ့ဟာနဲ့သူတော့ မှန်နေတာပဲ။ ဒါပေမယ့် ကိုယ့်ခြံစည်းရိုးလုံပြီဆိုတာနဲ့ အဲဒီဗုဒ္ဓဘာသာ ကပဲ ပြန်ဆွဲချနိုင်တယ်လို့ မထင်ဘူးလား။ တိုင်းပြည်တစ်ပြည်မှာ ဘာသာရေးသိပ်အားကောင်း လာပြီဆိုရင် (ဘယ်ဘာသာမဆို မွတ်ဖြစ်ဖြစ်၊ ကက်သလစ်ဖြစ်ဖြစ်) အဲဒီတိုင်းပြည် ကြေခါနီးနေ ပြီ။
ဘာသာရေးအကြောင်း ပြောမယ်ဆိုရင် နှစ်ပိုင်းခွဲခြားထားပြီး ပြောမှဖြစ်မယ်။ ဘာသာတရား နဲ့ သာသနာ့ဝန်ထမ်းဖွဲ့စည်းမှု

ဘာသာတရားမှာ နိဗ္ဗာန်ဝင်တဲ့ အစစ်အမှန်လမ်းကြောင်းဟာ ဗုဒ္ဓဘာသာမှာပဲရှိတယ်လို့ မျှစ်ကြော် ယုံတယ်။ သူကြီးပြောသလို စိန့်ကို ရဟနာ္တလို့ မယုံပါ။

ခြိမ်းခြောက်နေတဲ့ပြဿ      နာကတော့ သာသနာ့ဝန်ထမ်းဖွဲ့စည်းမှုလို့ မြင်ပါတယ်။  နိဗ္ဗာန်ဝင်တဲ့ စစ်မှန်တဲ့လမ်းကြောင်း ဒီဘာသာတရားမှာ ရှိနေပြီဆိုမှတော့ တခြားကိစ္စကို သိပ်ကြောက်စရာမလိုတော့ပါ။ သံဃာထု သီလရှင်ထု တည်ဆောက်ထားတဲ့ အခြေခံမူကို ခေတ်နဲ့ အညီပြုပြင်ပြောင်းလဲနိုင်သင့်တယ်။ အဲဒီလိုတွေ လုပ်ကြလို့ ဆဌသံဃာယနာတင်ရတာပေါ့လို့ ပြောမယ့်လူ အများစုဆိုတာ မျှစ်ကြော် သိပြီး သားပါ။
အူမတောင့်မှ သီလစောင့်နိုင်မယ် ဆိုတဲ့စကားတစ်ခွန်းရှိတယ်။ အူမတောင့်ဖို့ဆိုတာ တိုင်း ပြည်   တော်တည့်မှန်ကန်ပြီး စီးပွားရေးကောင်းနေဖို့ပါ။ အဲဒီလိုဖြစ်ဖို့ကို ဗုဒ္ဓဘာသာဘုန်းတော်ကြီး တွေ ဘာမှလုပ်ပေးနိုင်စွမ်း မရှိပါဘူး။ အပြစ်တင်တာ မဟုတ်ပါ။ ဗုဒဘာသာရဲ့ အခြေခံသဘောကိုက လောကီစည်းစိမ်ကို ငြီးငွေ့လို့၊ မြတ်စွာဘုရားရဲ့ တရားဒေသနာတွေကို ထိန်းသိမ်းချင်လို့ ရဟန်းဘောင် သီလရှင်ဘောင် ဝင်ကြတာပဲ။ အူမတောင့်မှ သီလစောင့်နိုင်မယ်ဆိုတဲ့ စကားကလည်း မှန်ကန်နေတော့ သံဃာတွေ ကိုယ့်ထမင်းကိုယ်ရှာစားနိုင်ဖို့ ဝိနည်းလေးများ မပြောင်းလဲသင့်ဘူးလား။
ကဲပါလေ … လူနှစ်ယောက်ရှိတယ်။ တစ်ယောက်ကပြောတယ်။ ”လူတိုင်းဟာ ကိုယ်လုပ် တာကိုယ်ရမယ်။ ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းရမယ်။ သံဃာဆိုတာ ကုသိုလ်ကောင်းမှုတွေ စိုက် ပျိုးဖို့ အကောင်းဆုံး ယာမြေကောင်းဖြစ်တယ်။ ဒါကြောင့် ငါ ဘုန်းကြီးဝတ်မယ်။ မင်း ငါ့ကို ဆွမ်းကပ်ပေတော့ ”
ဗုဒဘာသာဘုန်းတော်ကြီးတွေကို ထိပါးလိုရင်းမဟုတ်ဘဲ အခြေခံကျကျတွေးမိတာလေး တစ်ခုသာဖြစ်ပါတယ်။
ကိုခေါင်ရဲ့ပို့စ်ထဲမှာ ကိုခေါင်ပြောထားတာက ဗုဒဘာသာသီလရှင်နဲ့ ကက်သလစ်သီလရှင် တွေ ကွာခြားရတာဟာ နောက်ခံပံ့ပိုးမှုခြင်းကွာတယ်လို့ ပြောထားပါတယ်။ အဲဒါ တော်တော်ရှင်းယူရမယ်။ တချိန်က ခရစ်ယာန်ဘုန်းတော်ကြီးတွေ အင်မတန်ချမ်းသာကြွယ်ဝကြတယ်။ ဥပမာ ရုရှားက ဇာဘုရင်တွေဆိုရင် ဘုန်းတော်ကြီးတွေကို ပိုးစိုးပက်စက်လှူထားတာမို့ ဂရိပြည် အေသို တောင်ပေါ်က ဘုန်းတော်ကြီးတွေဟာ ရွှေအစစ်ပန်းကန်တွေနဲ့ စားခဲ့သောက်ခဲ့ကြတယ်လို့ မှတ် သားဖူးတယ်။ ခရစ်ယာန်ဘုန်းကြီးတွေကို သွားတွေ့ရင် ဒူးထောက်ပြီး လက်ဖမိုးကို နမ်းရှုတ်နှုတ် ဆက်ကြတယ်။ သို့သော် … သို့သော် ခရစ်ယာန်ဘုန်းကြီးတွေဟာ သူ့ကျောင်းကိုအလည်လာတဲ့ လူပုဂိုလ်တွေကို ခြေဆုပ်လက်နယ်ပြုစုနိုင်ကြတယ်။ ခြေအိတ်လျှော်ပေးနိုင်ကြတယ်။ မြန်မာမှာက သံဃာရဲ့အရိပ်ကို တက်နင်းမိရင်တောင် ငရဲကြီးတော့မလို ခံစားကြရတယ်။ ကိုယ်ပြုသမျှကံ ကိုယ့်ထံပြန်လာမယ်ဆိုရင် သင်္ကန်းစည်းရုံနဲ့ မြင့်မြတ်သွားပြီလား။ ကုသိုလ်ကောင်းမှု ဘာတစ်ခု မှ မလုပ်ရသေးဘဲနဲ့ အလိုလို တန်းမြင့်သွားရောလား။
သီလရှင်ပိုင်းမှာဆိုရင် ခရစ်ယာန်သီလရှင်တွေဟာ စစ်မြေပြင်အထိလိုက်ပြီး ဒဏ်ရာရစစ် သားတွေကို ပင်ပန်းဆင်းရဲစွာပြုစုခဲ့ကြတယ်။ ပြောစမှတ်တွင်တာ ကက်သလစ်သီလရှင်တွေ။ သူတို့ဟာ သူတို့ကိုယ်သူတို့ မယ်တော်ရဲ့အဆုံးအမအတိုင်း မိမိကိုယ်ကိုနှိမ့်ချတဲ့အတွက် လူမမာ ရှိတဲ့အိမ်မှာ သေးချေးဝေယျာဝိစ္စ အကုန်သိမ်းကျုံးလုပ်နိုင်ကြတယ်။ လုပ်နိုင်ခဲ့တယ်။ တကယ့် ပရဟိတစစ်စစ်။ ဗုဒဘာသာသီလရှင်မှာတော့ ကျောင်းတစ်ကျောင်းထဲမှာတောင် အဆင့်ခွဲထား တယ်။ ဥပမာတစ်ခုပဲပြောမယ်။ သီလရှင်ဆိုတာ မိန်းမသားဆိုတော့ အချိန်မှန်ကိစ္စတွေရှိတယ်။ အဲဒီမှာ ခုခေတ်ပေါ်သုံးပစ္စည်းတွေ ဝယ်မသုံးကြဘူး။ သီလရှင်ဝတ်စုံကိုပဲ ပိတ်စဖြတ်ပြီးသုံးစွဲကြ တယ်။ ဆရာကြီးတွေသုံးပြီး ပက်ခနဲပစ်ပေးလိုက်ရင် ဝါငယ်တဲ့သီလရှင်က ငြင်းခွင့်မရှိ၊ လျှော် ရပါတယ်။ မျှစ်ကြော် ဆိုလိုတာက အတွင်းပိုင်း စိတ်ခံစားချက်နော်။
”ငါ ဘုရားသားတော်။ ဒါကြောင့် သာမန်လူတွေထက် ငါပိုမြင့်မြတ်တယ်” ဆိုတာက မှန်သလား။ ”ငါ ဘုရားသားတော်၊ ဒါကြောင့် သာမန်လူတွေထက် ငါသီးခံနိုင်တယ်၊ ပိုနှိမ့်ချနိုင် တယ်” ဆိုတာက အမှန်လား။ ကိုခေါင်ပြောသလို နောက်ခံပံ့ပိုးမှုနဲ့ မဆိုင်ဘူးနော်။ အနတ္တကိုအခြေခံထားတဲ့ ဗုဒ္ဓဘာသာမှာမှ ဒီလိုအယုတ်အလတ်အမြတ် ခွဲခြားရေးတရားကို အပိုင်စွဲကိုင် ထားကြတယ်။
ဗုဒ္ဓဘာသာသီလရှင်တွေ ဆင်းရဲနွမ်းပါးကြတာကိုလည်း မပြောနဲ့လေ။ သူတို့မှ ဘာမှ မလုပ်တာ။ မိသားစုထဲမှာတောင် တစ်ယောက်ကိုတစ်ယောက်က မှီခိုရပြီဆိုရင် ရေရှည်မှာ မလွယ်ဘူး။ သံဃာ၊ သီလရှင် စတဲ့ တကယ့်အဖွဲ့အစည်းကြီး ကောင်းမွန်မှန်ကန်စွာ လည်ပတ် နိုင်ဖို့ဆိုတာ သူ့ဖာသာသူအားဖြည့်လည်ပတ်သွားနိုင်တဲ့ အစီအမံရှိဖို့ အရေးကြီးပါတယ်။ အခုတော့ တင်းကြပ်တဲ့ဝိနည်းကြောင့် အလှူရှင်ကိုပဲ အားကိုးနေရတဲ့အနေအထားဖြစ်နေတယ်။
ခရစ်ယာန်ကျောင်းတော်တွေမှာ ဘုန်းကြီးတွေဟာ စပျစ်ပင်တွေစိုက်၊ အရက်ချက်၊ ရွာထဲက လူတွေငတ်ရင် တစ်ရွာလုံးကို ကျားကန်ပေးထားခဲ့တယ်။ အလှူရှင်ကို လုံးဝအားကိုးနေရတဲ့ အဖွဲ့ အစည်းမဖြစ်အောင်၊ ကိုယ့်ဖာသာကိုယ် အားဖြည့်လည်ပတ်သွားနိုင်အောင် တရားဟောခြင်း အစရှိတာတွေနဲ့ ငွေကြေးပိုင်းစီမံထားကြတယ်။ မြန်မာဗုဒ္ဓဘာသာရဟန်းတွေကျတော့ သစ်ပင် ပန်းမာန်လေးတောင် ဖြတ်ညှပ်ခွင့်မရှိတဲ့ ဝိနည်းဆိုတော့ အလှူရှင်ကို အင်မတန်မှီခိုထားရတယ်။
တကယ်လို့သာ ကိုယ့်ထမင်းကိုယ်ရှာစားရမယ်၊ ဒါမှမဟုတ် ကျောင်းအလိုက် သတ်မှတ်ထားတဲ့ အလုပ်နည်းနည်းပါးပါး လုပ်ရမယ်ဆိုရင် အချောင်ခိုချင်လို့ သင်္ကန်းစည်းတဲ့လူတွေ လျော့ကျသွား ပြီး သံဃာထုလည်း ပိုသန့်သွားနိုင်တယ်။

 

တကယ်တော့ မြန်မာပြည်ကဗုဒ္ဓဘာသာဘုန်းကြီး တွေဟာ သူတို့ဖာသာတောင် သူတို့အဖွဲ့အစည်း သံဃာထု တည်ငြိမ်အားကောင်းအောင် မိမိဖာသာအားဖြည့်လည်ပတ်သွားနိုင်တဲ့ အစီအမံကို မလုပ်နိုင်ကြသေးပါဘူး။ ဒီတော့ တိုင်းသူပြည်သားတွေကို ရှေ့ဆောင်လမ်းပြလုပ်ဖို့ဆိုတာ ဝေးပေါ့။ တချို့ဆရာတော်တွေ တရားဟောပြီး ငွေရှာတာ၊ စာရေးပြီး ငွေရှာတာ မိမိဖာသာအားဖြည့်လည်ပတ်သွားတဲ့ အစီအစဉ် မဟုတ်ပါ။
ဒီလို ဘာမှမလုပ်နိုင်တဲ့လူတွေ လူမှုရေး၊ နိုင်ငံရေးထဲမှာ ဝင်ခြယ်လှယ်တော့မယ်ဆိုရင်—-
အခု လူများစုတွေးနေတဲ့ပုံစံက မြန်မာတွေ ဘာသာရေးအသိ အားမကောင်းခဲ့လို့ ယခုလို မွတ်စ လင် စတဲ့ ဘာသာခြားတွေရဲ့ ခြိမ်းခြောက်မှု၊ လူမျိုးရေးမျိုဝါးမှုကို ခံရတယ်လို့ တွေးကြပါတယ်။ မျှစ်ကြော် အမြင်မှာတော့ မြန်မာတွေ ဘာသာရေးအသိ သိပ်ကိုအားကောင်းခိုင်မာခဲ့လို့ အာဏာ ရှင်စနစ် သက်ဆိုးရှည်ခဲ့ပြီး ဒီကနေ့ဖြစ်ရပ်တွေကို ရင်ဆိုင်ရတယ်လို့မြင်ပါတယ်။ ဟ-သူတို့က သေနတ်ကြီးတကားကားနဲ့လေ လို့ဆိုကြဦးမယ်။ ဒါဆိုရင် ပါးစပ်သရမ်းတဲ့ ကားစပါယ်ရာလေး ကိုတောင် ဘယ်သကောင့်သားက ထထိုးရဲလို့လဲ။ ”ခနီ ္တစ   ခနီ ္တစ  သူ့ငရဲနဲ့သူရှိပါစေ”  ပြောကြမယ့်လူချည်းပဲ။ မဟုတ်မခံစိတ်ကို ဘာသာရေးက မွေးမြူမပေးဘူး။

 

ဒါဆို ဒီကနေ့မြန်မာပြည် ဒီလိုဖြစ်နေတာ ဘုန်းကြီးတွေကြောင့်လားလို့ မေးဖွယ်ရှိတယ်။ မျှစ်ကြော် ဒီသဘောမပြောပါ။ မြန်မာပြည် ဒီလိုဖြစ်နေတာ တခြားအကြောင်းပေါင်းများစွာရှိသလို ဘာသာရေးလွှမ်းမိုးအားကောင်းမှုရဲ့ ပယောဂလည်း မကင်းဘူးလို့ ပြောပြချင်တာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ လွှမ်းမိုးအားကောင်းတာ ကြောက်စရာကောင်းသလို မွတ်စလင်ဘာသာ လွှမ်းမိုးအားကောင်းလာ ရင်လည်း ဒီ့ထက် ဆယ်ဆပိုဆိုးဦးမယ်။ အာဖဂန်နစ္စတန်ဟာ တချိန်က ဗုဒ္ဓဘာသာနိုင်ငံဆိုတာ မမေ့စေချင်ပါ။
ငြိမ်းချမ်းရေးခေါင်းစဉ်အောက်က ဘာသာရေးအဖွဲ့အစည်းဟာ ငြိမ်းချမ်းရေး ကို ဖော်ဆောင်
ပေးနိုင်မယ်လို့ မျှစ်ကြော် မယုံကြည်ပါဘူး။ ခုဆို မြန်မာတစ်ပြည်လုံး တရားပွဲတွေ တခြိမ့်ခြိမ့် ကျင်းပကြတယ်။ ဓမ္မစကူးလ်တွေ မှိုလိုပေါက်အာင်ဖွင့်ကြတယ်။ ဒို့မြန်မာတွေ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုး ကိုယ့်ဘာသာတရား၊ ကိုယ့်အမျိုးသားနိုင်ငံရေးနဲ့ ခိုင်မာကျစ်လျစ်စွာ နေလို့ရမယ်ထင်သလား။ ကမာ္ဘလုံးဆိုင်ရာ အတွေးအခေါ်ဆိုတဲ့  screen မြင်ကွင်းကျယ်ရယ်၊ အသိပညာရှင် အတတ်ပညာရှင်ဆိုတဲ့ ခေတ်မီလက်နက်ရယ်ကို စွဲကိုင်မထားရင် ပြင်ပကမ္ဘာဟာ မြန်မာပြည်ဆိုတဲ့တိုင်းပြည်လေးကို လွယ်လင့်တကူပဲ ကြောင်ကကြွက်ကိုကစားသလို ကစားသွား၊ စားသွားမှာမုချဖြစ်ပါတယ်။ မြန်မာတွေ ထင်မှတ်မထားလောက်အောင် အရှုံးကြီးလာနိုင်တယ်။ ဒီအခါမှာ ဘယ်ဘုန်းကြီးကမှ လာဆယ်မပေးနိုင်ပါ။ ဘာသာရေးလွှမ်းမိုးမှုကင်းစင်တဲ့ လူ့မှုပတ် ဝန်းကျင် (secularized  society) ကိုသာ အချိန်မီတည်ဆောက်ခွင့်ရချင်တာ မျှစ်ကြော်ရဲ့ ပြင်းပျတဲ့ဆနတစ်ခုဖြစ်ကြောင်း အသိပေးပါတယ် ဂဇက်ရွာသူရွာသားတို့ရေ။

 

 

 

34 comments

  • (တကယ်တော့ မြန်မာပြည်ကဗုဒ္ဓဘာသာဘုန်းကြီး တွေဟာ သူတို့ဖာသာတောင် သူတို့အဖွဲ့အစည်း သံဃာထု တည်ငြိမ်အားကောင်းအောင် မိမိဖာသာအားဖြည့်လည်ပတ်သွားနိုင်တဲ့ အစီအမံကို မလုပ်နိုင်ကြသေးပါဘူး။)

    ဒါကတော့အမှန်ပါပဲအစ်မရေ…တခြားမကြည့်နဲ့ လက်တလော ခေတ်စားနေတဲ့ ဓမ္မစကူးလ်လေးတွေမှာပဲကြည့်ရရင် အစပိုင်းမှာ အားတက်သရောလုပ်ကြရနိုင်ပေမယ့် တဖြည်းဖြည်းနဲ့အားလျော့ချင်လာပုံတွေ့နေကြရတယ်။တောဘက်တွေမှာတော့ ကလေးကြီးတွေကို ကလေးငယ်တွေပါထည့်ပေးထိန်းစေတဲ့အနေနဲ့ ဓမ္မစကူးလ်ကိုပို့ကြတော့ ကစားကွင်းသဖွယ် ကြွက်ကြွက်ညံနေကြတယ်။ပြီးတော့ ဆင်းရဲတဲ့ကလေးတွေမို့ နေ့လည်အဆာပြေပါကျွေးပြီးခေါ်နေရတော့ စရိတ်မတတ်နိုင်ကြတော့ဘူး။
    🙁
    ဆက်မန့်ချင်တာတွေရှိပေမယ့် အချိန်အရတော့တာမို့။…

    • ဝင့်ပြုံးမြင့်

      December 30, 2013 at 12:05 am

      သံဃာထု တည်ငြိမ်အားကောင်းစေချင်သလို ဘာသာရေးလွှမ်းမိုးမှု လျော့ပါးစေချင်တာ အစ်မ ဆန္ဒ အစစ်အမှန်ပါ ညီမရေ

  • kai

    December 29, 2013 at 3:31 pm

    သာဓုဗျာ..
    သက်ပျောက်တရားတခါဟော.. ဒေါ်လာ၁၀၀
    အနေကဇာတင်.. ၁၀၀..
    သရဏဂုံတခါတင်.. ၂၀၀
    သတ်သတ်မှတ်မှတ်လေး.. လုပ်ဖို့.. လုပ်ပေးဖို့.. ကြံစည်မိခဲ့ဖူးတယ်..

    သာသနာသက်တမ်းရှည်အောင်ရယ်ပါ…။

  • surmi

    December 29, 2013 at 4:03 pm

    ​ဘေးမှ စဉ်​ဆက်​မပြတ်​ ​စောင်​့ဖတ်​​နေပါ​ကြောင်​း.. 🙂

    • ဝင့်ပြုံးမြင့်

      December 30, 2013 at 11:38 am

      အခု ဝေါဟာရ အသစ်အဆန်းတစ်ခုပေါ်နေတယ်။ အမျိုးသားနိုင်ငံရေး တဲ့။ အဲဒီ ဝေါဟာရက လွန်ခဲ့တဲ့ နှစ် ၅ဝလောက်ကတင် ကမာ္ဘပေါ်မှာ ဒိတ်အောက်သွားပြီ။ သဘောထားလေး ပွင့်လင်းစွာ ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ် ဦးဆာရေ။ မျှစ်ကြော် မှားတာရှိရင်လည်း ဒဲ့သာပြောပါ။

  • ဦးဦးပါလေရာ

    December 29, 2013 at 5:22 pm

    အားပါး ………………….
    တကယ့် မိုက်ခဲ တွေပါကလား ………………

    ဒီပိုစ့်ကို ထောက်လဲမထောက်ခံပါဘူး …. ကန့်လဲ မကန့်ကွက်ပါဘူး ….
    အမြင်တူတဲ့ အပိုင်းတွေလဲရှိတယ် အမြင်မတူတဲ့အပိုင်းတွေလဲရှိတာမို့ နောက်မှ တဖြေးဖြေးပြောသေးတာပေါ့…

    သို့သော် …
    ကျုပ် သိပ်ယုံကြည်တဲ့ ဖြေရှင်းချက်တစ်ခုရှိတယ်…
    တိုင်းပြည်တစ်ခု လမ်းမှန်ကမ်းမှန် တိုးတက်ချင်ရင် –
    ဘာသာရေးကို ရှေ့တန်းတင်ထားတာကနေ ဖယ်ရမယ်
    ဒုတိယတန်းကို ပို့ရမယ်….

    စကားချပ်။ ။ တိုင်းပြည်တိုးတက်ခြင်းနှင့် လူတွေ နိဗာန်ရောက်ခြင်းသည် ဘာမျှ မဆိုင်…။

    • ဝင့်ပြုံးမြင့်

      December 30, 2013 at 12:16 am

      ဟိုဘက်က ကိုခေါင်ပို့စ်မှာ ဦးပါ မန့်ထားသလို ((လူသားက ဘာသာတရားအကျိုးအတွက်မဟုတ်
      ဘာသာတရားကသာ လူသားအကျိုးအတွက် ဖြစ်စေသင့်တယ်…။))
      အဲဒါ မှန်ပါတယ် ဦးပါ။ ဒါပေမယ့် သာသနာ့ဝန်ထမ်းဖွဲ့စည်းမှု က ဘာသာရေးသိက္ခာ ဖြစ်နေတယ်။ ဒီပို့စ် တစ်ပုဒ်လုံးရဲ့ ဆိုလိုရင်းက အခု ဦးပါ ပြောသွားသလို
      ((ကျုပ် သိပ်ယုံကြည်တဲ့ ဖြေရှင်းချက်တစ်ခုရှိတယ်…
      တိုင်းပြည်တစ်ခု လမ်းမှန်ကမ်းမှန် တိုးတက်ချင်ရင် –
      ဘာသာရေးကို ရှေ့တန်းတင်ထားတာကနေ ဖယ်ရမယ်
      ဒုတိယတန်းကို ပို့ရမယ်…. ))
      အဲဒါက ပို့စ်တစ်ပုဒ်လုံးရဲ့ ဆိုလိုရင်းဖြစ်ပါတယ်။ ဘာသာရေးကို နောက်တန်းပို့ပစ်ရမယ်။
      သူတို့ ဆင်တဲ့အကွက်ထဲ လူတွေ မိန်းမိန်းမောမော ပါနေတာ ပေါ့သေးသေး အန္တရာယ် မဟုတ်ပါ။ ကျမ အချိန်သိပ်မရလို့ အပီ မရေးနိုင်သေးတာပါ။ အဲဒီတော့ မပြည့်မစုံနဲ့ သိပ်မကောင်းဘူး။

  • alinsett

    December 29, 2013 at 5:38 pm

    ဖတ် ပြီးပြီ
    မန့်တာတွေကို စောင့် ဖတ်ရမယ့်ပိုစ့်ပဲ။

    :kwi:

    သီလရှင် ဆိုလို့
    မလှူနိုင်သေးဘူးဆိုတဲ့သဘောနဲ့
    လက်အုပ်ကလေးချီပြလိုက်ရင်
    ဆိုနေတဲ့ ဆုပေးစကားသံကို တိခနဲ ရပ်ပစ်ပြီး မကျေနပ်တဲ့မျက်စောင်းကြီး ဒိုင်းခနဲ ထိုးချသွားတတ်တဲ့ သီလရှင်တွေ
    မကြာခဏတွေ ့ရတယ်

    အဟိ

  • San Hla Gyi

    December 29, 2013 at 8:30 pm

    အမယ်လေး ကျနော့်နာမည်ကို ဘာလို့ ဒီလိုပို့စ်ထဲမှာ ထည့်ရေးထား ရတာလဲဗျာ။ ကျနော်ပါ အမှုတွဲထဲ ပါသလို ဖြစ်နေပါ့မယ်။ မာတယ် ကျေညာချင်လည်း ကိုယ့်ဘာသာကို ကျေညာကြပါ။ ကျနော်ပါ နာမည် ပျက်နေပါ့မယ်။ နောက်ဒီလို မလုပ်ပါနဲ့ဗျာ။ ဒီလိုပို့စ်မျိုး ရေးရင် ဘယ်လိုပဲဖြစ်ဖြစ် ကျနော့်နာမည်ကို မကိုးကားစေချင်ဘူး။
    ဒီပို့စ်က စတစ်ကီပို့စ်မျိုးပါပဲ။
    ဟုတ်ပါပြီ။ ဗုဒ္ဓဘာသာဘုန်းကြီးတွေက လူတွေကို ဘာမှ လုပ်မပေးနိုင်ဘူး ဆိုပါတော့။ သူတို့ကလည်း လူတွေကို လုပ်ပေးနိုင်တယ်လို့ ပြောလို့လားဗျာ။ သူတို့ လောလောလတ်လတ် လုပ်ပေးသွားတာကတော့ ရွှေဝါရောင် သံဃာ့အရေးအခင်းလေ။ အဲဒါ သူတို့ လူတွေအတွက် လုပ်ပေးသွားတာ။ အဲဒါ အရှိန်ကြောင့်လည်း အခုလို ဟိုတဝက် ဒီတဝက်လောက်တော့ လွတ်လပ်ခွင့် ရလာတယ် ဆိုတဲ့ အနေမျိုး ရောက်လာတာပဲ။ ဒါပေမယ့် အမှန်တော့ ကျနော် ရဟန်းသံဃာ လမ်းပေါ်ထွက် ဆန္ဒပြတာကို သိပ်မကြိုက်လှပါဘူး။ ဒါပေမယ့် သူတို့ လုပ်ပေးတာလေးတွေ ပြောပြတာပါ။
    နောက်ပြီး အူမတောင့်မှ သီလစောင့်နိုင်မယ် ဆိုတာလည်း ဘယ်ဘုရားက ဟောလို့လည်း။ ခက်တော့နေပြီ။ တခါတရံကျရင် လူတွေက ဘုရားစကားမှ အမှန်ယူမယ်ဆိုပြီး ပြောလိုက် တခါတလေ ကိုယ့်အကြိုက်နဲ့ ညီတာလေး တွေ့လိုက်တာနဲ့ အရပ်ထဲမှာ လူတွေ ဒီလိုပဲ ပြောနေကြတာလေးတွေကို အမှန်တရား လုပ်ပြီး ကိုးကားလိုက်နဲ့ ဖြစ်နေတယ်ဗျ။ ဒီပို့စ်ဟာ အလွတ်သဘော ရေးတယ် ဆိုပေမယ့် ကျနော့် အမြင်အရတော့ အတော်ဆိုးတဲ့ပို့စ်ပေပဲဗျာ။
    ပြောင်းပြန် သီလတကယ် စောင့်ရင် အူမတောင့်လာမယ်လို့ရော မစဉ်းစားမိဘူးလား။
    နောက်ပြီး ကျနော်ပြောမယ်။ ကျနော် သတိထားမိတာ ကြာပြီ။ တချို့က ဗုဒ္ဓဘာသာကို အပြစ်တင်ချင်တာနဲ့ တိုင်းပြည်ဆင်းရဲတာ ရဟန်းတွေကြောင့်လိုလို ပြောကြတယ်။ တော်တော် မကောင်းတဲ့ ရည်ရွယ်ချက်ပါပဲ။ အဲဒါ ဘာလို့လည်းဆိုတော့ တခြားအကြောင်း ပြောလို့ မရတော့ ဒီတိုင်းပြည် ဆင်းရဲတာကိုပဲ အပြစ်ပုံချတော့တာပါပဲ။ သူတို့အတွက်လည်း ပစ်မလွဲ ပစ်မှတ်လို ဖြစ်နေတော့တာကိုး။ တိုင်းပြည် ချမ်းသာအောင် ဆိုတာလည်း အချိန်တို အတွင်းမှာ လွယ်လွယ်နဲ့ လုပ်လို့မှ မရပဲကို။ တကယ်တော့ တိုင်းပြည် ဆင်းရဲရတာ အာဏာရှင်စနစ်ပါပဲ။ အဲဒီ အာဏာရှင်စနစ် ဖြစ်တာလည်း ဘာသာရေးက သည်းခံဆိုလို့ သည်းခံနေတာ မဟုတ်ပါဘူး။ ကြောက်လို့ပါ။ ခုန စပယ်ယာလေးကို ပြန်မပြောရဲတာလည်း ကြောက်တာပါပဲ။
    နောက် မမျှစ်ကြော်ကို ပြောချင်တာက နောင်ဒီလိုပို့စ်မျိုးရေးရင် ကျနော့်နာမည်ကို မကိုးကားပါနဲ့ဗျာ။ ကျနော် တော်တော် စိတ်ပျက်မိတယ်လို့ပဲ ပြောချင်ပါတယ်။

    • ဝင့်ပြုံးမြင့်

      December 30, 2013 at 10:04 am

      တော်တော် ဆိုးဝါးတဲ့ပို့စ်မှာမှ ကိုစံလှကြီး နာမည်ထည့်သုံးမိတာ တောင်းပန်ပါတယ် ကိုစံလှကြီးရေ။
      ဒါပေမယ့် ဗုဒ္ဓဘာသာကို အပြစ်တင်ချင်တဲ့သဘော မရှိပါဘူး။ တိုင်းပြည်ဆင်းရဲရတာ အာဏာရှင်စနစ်ကြောင့် ဆိုတာ မှန်ပါတယ်။ ခုလည်း ဘာသာရေးဟာ သူတို့ရဲ့ အသုံးချခံပါပဲ။

  • Paing Lay

    December 29, 2013 at 8:52 pm

    တကယ့် တကယ်ကို ဒဲ့ဒိုးထိတဲ့ပို့စ်ဗျာ……….ဆက်လက်အားပေးလျက်ပါ အန်တီ ဝင့်ပြုံးမြင့် 🙂

    • ဝင့်ပြုံးမြင့်

      December 30, 2013 at 10:37 am

      အခုလို လူငယ်တစ်ယောက် ဖတ်မိတာ ဝမ်းသာပါတယ် ပိုင်လေးရေ။

  • ကပ္ပိယ သာဒင်​

    December 29, 2013 at 11:24 pm

    ဆရာမဟာ နိုင်​ငံ​ကျော်​ဖြစ်​ပါတယ်​
    ဘာသာခြားဖြစ်​​စေ ၊ဘာသာမဲ့ဖြစ်​​စေ ယခုလို​ရေးသားခြင်​းသည်​
    ဘာသား​ရေး တိုက်​ခိုက်​မှု ဖြစ်​​နေပါတယ်​ ။
    နာမည်​ရစာ​ရေးဆရာမဖြစ်​​နေ​သော​ကြောင်​့
    ဆင်​ခြင်​သင်​့ပါတယ်​

    • ဝင့်ပြုံးမြင့်

      December 30, 2013 at 10:28 am

      စေတနာနဲ့ သတိပေးတာ ကျေးဇူးတင်ပါတယ် ကိုသာဒင်။ တကယ်တော့ ဒီလို ဗြောင်ကျတဲ့ ရေးသားချက် ဆိုတာ မိမိကိုယ်ကို စတေးရတယ်။ ဒါကြောင့် ပထမ မင်ဘာအုန်းသီး လုပ်ဦးမလို့ပါပဲ။
      ကျမတို့ က ဒီတိုင်းပြည်မှာပဲ နေ၊ ဒီတိုင်းပြည်မှာပဲ သေရမယ့်လူတွေ။ တိုင်းပြည်ရေတိမ်နစ်မယ်ဆိုရင် ပထမဦးဆုံးခံရမှာလည်း ကျမတို့လို နင်းပြားကျောမွဲတွေပါပဲ။ ဘယ်မှလည်း မပြေးနိုင်ဘူး။ ကိုယ်ရယ် ကိုယ့်မျိုးဆက်ရယ်၊ ဘာမှ မသိနားမလည်သေးတဲ့ ကလေးတွေရယ်။ ခံစရာရှိ ကိုယ်က ပိုခံရမယ့်လူတွေ။

      ဘာသာရေးတိုက်ခိုက်မှု လုပ်တာ မဟုတ်ပါဘူး ကိုသာဒင်ရေ။ ကျမ ဗုဒ္ဓဘာသာစစ်စစ်ပါ။ ဘာသာရေးလွှမ်းမိုးမှု အန္တရာယ် ကိုသာ ဆိုလိုချင်တာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုလို သတိပေးတာ ကျေးဇူးတင်ကြောင်း ထပ်မံပြောချင်ပါတယ်။

  • အဘရဟူဒီ

    December 30, 2013 at 7:09 am

    ဘာသာ မတူတာ ဘာအကြောင်းလဲ.
    ဒို့တော့ ဒါတွေ နားမလည်.

    ဒချိ ဒချိ

  • Foreign Resident

    December 30, 2013 at 8:34 am

    အကြမ်းဖျင်း အနေနှင့် ၊ ကျနော့်ရဲ့ အမြင်ကို ပြောရရင် ။

    ၁ ။
    တိုင်းပြည် တစ်ခု ရေရှည် တိုးတက်ဖို့ဆိုရင် ၊
    လူ့ အခွင့်အရေး နှင့် ဒီမိုကရေစီ ကို အာမခံနိုင်တဲ့ ၊
    တရားမျှတတဲ့ နိုင်ငံရေး စံနစ် ရှိရပါမယ် ။

    ၂ ။
    အဲဒီ နိုင်ငံရေး စံနစ် ရှိဖို့အတွက် ၊
    Secular State ဖြစ်မှသာ အဆင်ပြေပါတယ် ။
    ဘာသာ တစ်ခုခု ကိုဘဲ ဦးစားပေးတဲ့ နိုင်ငံတွေမှာ အဆင်မပြေနိုင်ပါဘူး ။

    ၃ ။
    အရင်က ၊ ကျနော် ဟာ ကိုယ့်ရဲ့ ဗုဒ္ဓဘာသာ ကို အထူး အထင်ကြီးခဲ့ဘူးပါတယ် ။
    သည်းခံ ခွင့်လွှတ် တတ်တဲ့ ၊ မေတ္တာ တရားနှင့် မွန်းထုံနေတဲ့ ၊
    တရားမျှတ တဲ့ ၊ ဓမ္မဓိဋ္ဌာန် ကျတဲ့ ၊ ငြိမ်းချမ်းတဲ့ ၊ ဘာသာ တစ်ခု အနေနှင့်ပေါ့ ။

    ၄ ။
    အဲဒါကြောင့် ၊ ဗုဒ္ဓဘာသာ ကို အထူး ဦးစားပေးတဲ့ နိုင်ငံတခုဟာ ၊
    မေတ္တာ တရားနှင့်ဘဲ မွန်းထုံနေမှာ ဖြစ်တဲ့အတွက် ( Secular မဖြစ်ပေမယ့်လဲ ) ၊
    ဗုဒ္ဓဘာသာ နိုင်ငံတခု အနေနှင့်လည်း ၊ တိုးတက်မှု ရနိုင်တယ်လို့ ထင်ခဲ့ပါတယ် ။

    ၅ ။
    ဒါပေမယ့် ၊ အခုနောက်ပိုင်း ၊ ဘာသာရေး အရေးအခင်း တွေကိုရော ၊
    ၉၆၉ နှင့် ဦးဝီရသူ ရဲ့ စကားတွေကိုပါ ကြားလာခဲ့ရတဲ့အခါ ၊
    ဪ ငါတို့ ရဲ့ ဗုဒ္ဓဘာသာ နှင့် ဗုဒ္ဓဘာသာဝင် တွေ ဟာလည်း ၊
    ငါ အထင်အမြင် သေးတဲ့ ၊ တချို့ ဘာသာတွေ နှင့် ( လုပ်ပုံ ကိုင်ပုံမှာ ) ၊
    ဘာမှ သိပ် မကွာလှပါလား ဆိုတာ ၊ သတိပြုမိသွားပါတယ် ။

    ၆ ။
    အဲဒီ အခါမှာ ဟိုအရင်က ရှိခဲ့ဘူးတဲ့ ၊
    ကိုယ့်ရဲ့ ဗုဒ္ဓဘာသာ ကိုမှ အထူး အထင်ကြီးမှု က ပျောက်သွားပါပြီ ။

    ရ ။
    အဲဒီတော့ ၊ အခုအချိန်မှာတော့ ၊
    နိုင်ငံရေး ကို ဘာသာရေး ရဲ့ လွမ်းမိုးမှု မရှိတဲ့ စံနစ် ကိုဘဲ ကြိုက်ပါတော့တယ် ။

    ၈ ။
    ပြောရမယ် ဆိုရင်တော့ ၊ အခု အချိန်ထိ အမာခံ ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်နေဆဲပါ ။
    ရှင်တော် ဗုဒ္ဓ ဟောညွှန်ပြတဲ့ ၊ မေတ္တာ လမ်းစဉ် ကို ယုံကြည် နေဆဲပါ ။

    ရှင်တော် ဗုဒ္ဓ ရဲ့ လမ်းစဉ် ဟာ ၊ လူ့ အခွင့်အရေး ၊ ဒီမိုကရေစီ နှင့် တရားမျှတမှု ရှိပြီး ၊
    မှန်ကန်တယ်လို့ ယုံကြည် ခံစားမိနေလို့ ၊ ဗုဒ္ဓဘာသာဝင် ခံယူတာပါ ။

    ကိုယ့် အမြင်ကတော့ ၊ ကုလား ကို ချဖို့ ဟောနေတဲ့ ဘုန်းကြီး ဟာ ၊
    ရှင်တော် ဗုဒ္ဓ ရဲ့ လမ်းစဉ် ကို မ လိုက်နာသူ လို့ ယူဆပါတယ် ။

    PS :
    ” ကုလားတွေ စားစရာ မရှိအောင် တပည့်တော် လုပ်မယ် ၊
    ကုလားတွေ နေစရာ မရှိအောင် တပည့်တော် လုပ်မယ် ”
    လို့ တရားဝင် ဟောခဲ့တဲ့ ဘုန်းကြီး ကို ဆိုလိုတာပါ ။

  • Foreign Resident

    December 30, 2013 at 8:54 am

    ( ကျနော် ကိုယ်တိုင်ကလည်း အခု အချိန်မှာ မိန်းမ လုပ်စာကို ထိုင်စားနေတဲ့သူ ဆိုတော့ )
    ကျန်တဲ့ ဘုန်ကြီးတွေ ကိုယ့် ဝမ်းစာ ကိုယ် ရှာစားသင့်တယ် ဆိုတဲ့ ကိစ္စ ကိုတော့ ၊
    ဘာမှ ဝေဖန်ချက် သိပ် မပေးလိုပါ ။

    ဒါပေမယ့် ၊ မ ဝင့်ပြုံးမြင့် ပြောသွားတဲ့ ။

    ” ကမာ္ဘလုံးဆိုင်ရာ အတွေးအခေါ်ဆိုတဲ့ screen မြင်ကွင်းကျယ်ရယ် ၊
    အသိပညာရှင် အတတ်ပညာရှင်ဆိုတဲ့ ခေတ်မီလက်နက်ရယ်ကို စွဲကိုင်မထားရင် ၊
    ပြင်ပကမ္ဘာဟာ မြန်မာပြည်ဆိုတဲ့တိုင်းပြည်လေးကို လွယ်လင့်တကူပဲ ၊
    ကြောင်ကကြွက်ကိုကစားသလို ကစားသွား ၊ စားသွားမှာ မုချဖြစ်ပါတယ် ”

    ဆိုတဲ့အချက်ကိုတော့ ၊ အထူး ထောက်ခံပါတယ် ။

  • Foreign Resident

    December 30, 2013 at 9:00 am

    ” ဘာသာရေးအကြောင်းဆို အချေအတင်ဖြစ်ကြရစမြဲမို့ ဂဇက်မြို့ထဲမှာ သိပ်ပြီး ဟဟ မပြော ကြတော့ဘူး။
    အတိုက်အခိုက်တွေလည်းများတော့ ပုဂိုလ်ရေးမုန်းတီးကြရတာမျိုး ဖြစ်မှာမို့ လက် ရှောင်ကြတယ် ”

    မာတဲ့ ကျောက်တုံးတွေ အများကြီး ရှိပါတယ်ဗျ ။
    သူကြီး ကို သနားလို့ပါ ။
    ဘာသာရေး အကြောင်းလေး ဆွေးနွေးလိုက် ၊
    ဟက်ကာတွေက တိုက်ခိုက်လိုက် ၊
    သူကြီး ခမျာ ရွာပတ်လိုက် ဖြစ်နေသမို့ ၊
    သူကြီး ကို သနားလို့ လက်ရှောင်ပေးထားတာပါ ။

  • မင်း ခန့် ကျော်

    December 30, 2013 at 10:42 am

    အဟိ
    အမြင်အသိ တွေ မှားတဲ့အပိုင်းလေးတွေ များနေသလိုပဲ။
    မှန်တဲ့အပိုင်းတော့ပါပါတယ်။
    ကျတော့်အမြင် အသိ လက်ခံထားတာနဲ့ ယှဉ်ပြီးတော့ပြောတာပါ။
    အမှန်က ဒီလို နေရာမျိုးမှာ ဆွေးနွေးခြင်းထက် ပြင်ပြတွင် လူချင်းတွေ့ဆွေးနွေးခြင်းက
    ပိုသင့်တော်မယ်။ ရလဒ်ကို ကြမှ ပိုစ်တင်လိုက်ရင် ပိုကောင်းမယ်ထင်ပါတယ်။
    ဒီလောက်ပါပဲခဗျ။

  • မဟာရာဇာ အံစာတုံး

    December 30, 2013 at 11:21 am

    ခေါင်းစဉ်ကျိပီး
    သဂျီးထက် ပိုမာတဲ့ ကျောက်တုံး ဆိုဒေါ့
    အလင်းဆက် လို ကျောက်တုံးကျောက်ခဲတွေ များလားလို့ ..
    ဟီးး ဟုတ်မှ ဟုတ်ဘဲနဲ့ …
    ဖတ်တော့ ဖတ်တွားဒယ် ..
    ဘာမှ မပျောဒတ်လို့ ပေါဒေါ့ဘူးနော် ချာမ …

  • pazflor

    December 30, 2013 at 5:02 pm

    ဆရာကျော်ဝင်းက ဒါနဲ့ ပက်သက်ပြီး ဟောပြောပွဲတွေမှာ ပြောဖူးပါတယ်။ ပြန်ညွန်းတာကတော့ ဒေါက်တာ မောင်မောင်ကြီးရေးခဲ့တဲ့ မြန်မာ့ နိုင်ငံရေး အတွေးအခေါ် ဆိုတဲ့ ကျမ်းတစ်ခုပါဘဲ။
    အဆိုပါ ကျမ်းထဲမှာလည်း ဘာသာရေးကြောင့် မြန်မာနိုင်ငံမှာ အာဏာရှင်စနစ် ခိုင်ခံခဲ့ရပုံ မြန်မာလူမျိုးတွေ အတွေးအခေါ် နိမ့်ကျခဲ့ ရပုံများကို တစ်ဘက် က တင်ပြထားပါတယ်။
    လူမုန်းများမဲ့ အရာတစ်ခုကို ထောက်ပြ ရေးသားခဲ့ ရတဲ့ အတွက် ခက်ခဲမယ်ဆိုတာ ပြောစရာမလိုလောက်အောင်ပါဘဲ။

    • kai

      December 30, 2013 at 6:16 pm

      ဒီလိုလူတွေကြောင့်.. အဓိကအားဖြင့်.. ဒီလိုစာရေးဆရာတွေကြောင့်ပဲ.. မြန်မာ့နိုင်ငံရေးအနာဂတ်မှာ.. အရောင်ပြပြရောင်နီအစရှိတယ်လို့.. ထင်မိတာပါ..။

      ဒီလိုကွန်ဆာဗေးတစ်ဘုန်းကြီးတွေနဲ့ ၂ပါးအပြည့်သွားလို့ကတော့.. လက်၁ဝချောင်း..၁ဝကြိမ်ပြပြောရဲတယ်..
      နှစ်၁၀ဝ ဟေ့..နှစ်၁၀၀.. :buu:

      ဘယ်နှယ်ဗျာ.. ကြုံတုံး.. အစာမကြေတာပြောရရင်..
      နိုင်ငံတော်အကြံပေးဝေဒပုဂ္ဂိုလ်က.. သံတော်ဆင့်မှာအင်တာဗျုူးတုံးပြောပြပုံက..စစ်ထောက်လှမ်းရေးပြုတ်ကြီးတွေကပဲ.. သေတော့ခန္တာပျော့ပျာ့လေးမို့… ရဟန္တာလိုလို… ဘာလိုလို…
      သေဟဲ့..ဖနောက်နဲ့.. နှပါးသွား… :mrgreen:

  • johnnydeer

    December 30, 2013 at 8:27 pm

    စိတ်ရော ကိုယ်ပါ သဘောတွေ့တဲ့ ပို့စ်ပါပဲ…ဆရာမရေ…

  • TNA

    December 30, 2013 at 8:39 pm

    ခေါင်းစဉ်ကြည့်ပြီး တမျိုးတွေးတာမို့ အမမျှစ်ကြော်ရေးတာဆိုတော့ အံ့ဩနေတာ။ ပိုစ့်ဖတ်ပြီးမှပဲ တကယ့် ဒိတ်ဒိတ်ကြဲမှန်းသိလိုက်ရတယ်။ သူများမန့်တာတွေပဲစောင့်ဖတ်ပါမယ် အမရေ

  • padonmar

    December 30, 2013 at 9:12 pm

    ဦးပါ ပြောသလိုပဲ သဘောတူတာလည်းရှိ၊မတူတာလည်းရှိလို့ ပြောချင်ပါတယ်ပြုံးရေ၊
    ဘာသာရေးနဲ့ နိုင်ငံရေး ရောထွေးပစ်ကြတာကို လုံးဝ မကြိုက်ပါ၊အဲသလိုရောခံရလို့ ထေရဝါဒဗုဒ္ဓဘာသာကို သေချာ မကျင့်ကြံကြည့်တဲ့သူတွေက အထင်သေးတာခံနေရပါတယ်။
    ရွှေဝါရောင်တော်လှန်ရေးကို လူတွေတွက်ရဟန်းတွေလုပ်ပေးတယ်လို့ မခံစားမိပါဘူး။(ဆဲချင်လည်းဆဲကြပေါ့)
    သေနတ်နဲ့ပစ်တဲ့ အစိုးရမှားသလို သွေးကြွအောင်ဆွခံရလို့ လမ်းပေါ်တက်ဆန္ဒပြတဲ့ ရဟန်းတွေလည်းမှားပါတယ်။တကယ့်ရဟန်းအလုပ်ဖြစ်တဲ့ ပရိယတ္တိနဲ့ ပဋိပတ္တိစစ်စစ်လုပ်နေတဲ့ သံဃာတွေဟာ အစိုးရကို မကြိုက်သော်လည်း လမ်းပေါ်တက် ဆန္ဒမပြပါဘူး။
    ဟိန္ဒူအယူ၊၃ရမင်းနဲ့ တာအိုဝါဒတွေကို ဗုဒ္ဓဘာသာအမည်ခံပြီး ယုံကြည်ကိုးကွယ်နေတဲ့သူတွေကြောင့် ဗုဒ္ဓအဆုံးအမတွေနဲ့ လွဲချော်နေတာကြီးကို ဗုဒ္ဓဘာသာယူတယ်လို့ ကိုယ့်ကိုကိုယ်ထင်နေကြတာပါ။
    ဘုန်းကြီးတပါးပါးကို လာဘ်ရရေးမျှော်ပြီး ကိုးကွယ်နေကြတဲ့သူတွေလည်း အကုန်လမ်းလွဲနေတာပါပဲ။အဲသလိုလူတွေကိုကြည့်ပြီး ဗုဒ္ဓဘာသာ မကောင်းဘူးလို့ အပြောခံနေရတာ တော်တော်နစ်နာပါတယ်။
    မကောင်းတဲ့သူတွေဆိုတာ နေရာတိုင်းမှာရှိကြတာပါပဲ၊
    မကောင်းတဲ့ ဘုန်းကြီး သီလရှင်ကို ကြည့်ပြီး အားလုံးဒီလိုပဲလို့တော့ မမြင်ကြစေလိုပါ။
    လက်ဖက်ရည်ဆိုင်တွေထဲ အဓမ္မလိုက် အလှူခံတဲ့ ဘုန်းကြီး သီလရှင်၊တဆယ်တန်လှူလို့ မဲ့ရွဲ့ထွက်တဲ့ သီလရှင်ရှိသလို သကြားလုံးလေး၁လုံးလှူတာလည်း ဒီဆုတောင်း၊ငွေ ၁၀၀ဝ လှူတာလည်း ဒီဆုတောင်းပဲတောင်းပေးတဲ့ အေးချမ်းပြီးလောဘနည်းတဲ့ ဘုန်းကြီး၊သီလရှင်တွေလည်း အများကြီးပါ။
    အဲသလို လမ်းလွဲနေတာတွေကို ရှင်းလင်းအောင် အာဏာစက်က မလုပ်တဲ့အခါ(တမင်မလုပ်တာလို့ထင်)
    ဓမ္မစက်နဲ့ လုပ်ရပါတယ်။ဓမ္မစက်ဆိုတာ အာဏာရှိတဲ့ဘုန်းကြီးလို့ ပြောချင်တာမဟုတ်ပါ၊
    အားကောင်းတဲ့ ဓမ္မစစ်တွေအခြေခိုင်အောင် ပျိုးထောင်တာလို့ ေြုပာချင်ပါတယ်။
    ဓမ္မစကူးလ်တွေ တည်ထောင်ရတဲ့ စိတ်ကူးက ကလေးရွယ်ငယ်စဉ်ကစ နှလုံးသားထဲ ဘုရားတည်စေဖို့ပါပဲ။ဒီလို သင်ပေးတဲ့နေရာမှာလည်း ထုံးစံအတိုင်း စစ်စစ်မှန်မှန် စေတနာနဲ့ သင်ကြားပေးတဲ့ အဖွဲ့အစည်း ဆရာမတွေရှိသလို ပေါ်ပင်ဝင်လုပ်တာတွေလည်း ရှိမှာပါပဲ။ဒါလူ့သဘာဝပါ။ပေါ်ပင်တွေကတော့ ကြာရင် လျော့ရဲလာမှာမလွဲပါဘူး။ဘာပဲဖြစ်ဖြစ် ဆရာစစ်နဲ့ သင်ခံရလို့ ကလေး ၁ယောက် နှလုံးသားမှာ ဘုရားတည်သွားလည်း အမြတ်ပဲလို့ တွက်ပြီး အားပေးရပါမယ်။

    • ဝင့်ပြုံးမြင့်

      December 31, 2013 at 9:15 am

      အန်တီမာ- ဘကကျောင်းကိစ္စတွေ၊ ဓမ္မစကူးလ်ကိစ္စတွေ မဟုတ်ဘူး ။ အခုတော်တော်ရောင်းကောင်းနေတဲ့ မြန်မာသံတော်ဆင့်ဂျာနယ် ဖတ်ကြည့်လိုက်ရင် မျှစ်ကြော် ဆိုလိုတာကို သိပါလိမ့်မယ်။ နိုင်ငံရေးနယ်ပယ်ထဲကို သူတို့ ဝင်ခြယ်လှယ်နေကြပါပြီ။ အခု လုပ်ပုံက ဟိုအရင် ဦးဥတ္တမတို့လို ပုံစံမျိုး မဟုတ်ဘူး။ အခု လုပ်ပုံက ဖိန့်စားမိန့်စား (လူဖိန့်အောင် မိန့်မိန့်ကြီးလုပ်ပြီးစားတာ)။

  • ကျော်စွာခေါင်

    December 31, 2013 at 2:06 am

    မပြုံး
    နည်းနည်းတော့ လာတာနောက်ကျသွားတယ်…။
    ကျောက်တုန်းထက်မာတယ်လို ့တော့ ပြောချင်ပါတယ်..မာကျော ယုံတင်မက ဇောင်းပါထက်ပါတယ်..။
    နောက်…ကျနော်သိသလောက်ကတော့ ကျောက်တုန်းဆိုတာ အရည်ညှစ်ရတဲ ့ အမျိုးမဟုတ်ပါ…
    ဘယ်လိုဘဲဖြစ်ဖြစ် ကိုယ်ယုံကြည်ရာကို မြဲမြဲမြံမြံ ဆုပ်ကိုင်ထားသူ, အမှန်တရားအတွက် ခေါင်းမာတတ်သူကို
    ပြောရခက်လွန်းလို ့ ကျောက်တုန်းလို ့ တင်စားချင် တင်စားပါမယ်..
    ဒါပေမယ့် ဆုပ်ကိုင်ထားတဲ့အရာက အမှန်ဖြစ်ဘို ့လိုပါတယ်..။
    ကိုယ်ဆုပ်ကိုင်ထားတဲ့အရာက လုံးဝဧကန် အမှန်ဆိုရင်တော့ ကျောက်တုန်းခေါ်ခံရကျိုးနပ်ပါတယ်..
    ဒါပေမယ့် လူသားဟာ ၁၀၀% အပြည့်တော့ အမှန်ဖြစ်ဘို ့ခက်ပါတယ်..။ လူကိုးးးးးး …..။
    …. ဘာသာရေးတစ်ဖက်စောင်းနင်း အားကောင်းလာရင် တိုင်းပြည်မတိုးတက်ဘူး…ဆိုတာကျ ခွဲပြောမှရမယ် မပြုံး..။
    ဘာသာရေး အားကောင်းရင် လူတွေကို သွန်သင်ဆုံးမမှု ကောင်းမယ်..( ဥပမာ အနည်းဆုံး ၅ပါးသီလ)
    အားကောင်းတဲ့ နေရာမှာ ဘယ်လိုအားကောင်းတာလဲ ဆိုတာကို ကိုင်လှုပ်ကြည့်မယ် မပြုံး..
    မကောင်းမှုအကုန်လုပ်နေတဲ့ စစ်အစိုးရနဲ ့ပင်းပြီး ရွှေကျောင်းတော်ကြီး ဟီးထလို ့ဘွဲ ့လက်မှတ်ထားစရာမရှိတဲ ့
    သာသနာ အားကောင်းခြင်းကတော့ တိုင်းပြည်ပျက်ဘို ့ နာဘို ့ဘဲ ရှိတယ်။။
    ဘာသာရေးနဲ ့ တိုင်းပြည်နိုင်ငံရေးက ပြဒါးတစ်လမ်း သံတစ်လမ်းပါ..။
    ဘာသာရေးက လောကုတ္တရာ လမ်း…
    နိုင်ငံတိုင်းပြည်ရေးက လောကီလမ်း…
    ကျွဲလမ်းကျွဲ လျှောက်….နွားလမ်းနွားလျှောက်…တဲ့..။ သူ ့လမ်းသူ လျှောက်ရင် ကောင်းတာပေါ..။
    ကျွဲလမ်းနွားလျှောက်တဲ ့အခါ နွားရွှံ ့ပေတာဘဲ အဖတ်တင်တယ်..။ သူ ့လမ်းမှ သူ မလျှောက်တာ..။
    “ ပေါက်ပင် ဘာကြောင့် ကိုင်းရတယ်” ဆိုတဲ့ စကားလေး မပြုံး သိမှာပါ…။
    စစ်အစိုးရရဲ ့ မကောင်းမှု လုပ်ပုံတွေကတော့ …ဘုရားစိန်ဖူးတော်နဲ ့ ဌာပနာက အစ..သိပေါဘုရင် နှောင်းခေတ်ထဲက မိရိုးဖလာ ဘိုးစဉ်ဘောင်ဆက်ပိုင်လာတဲ့ လယ်ကွက်လေးတွေ အဆုံး ဘာမှ မကျန်ခိုးတယ်..ယုတ်မာတယ်..။
    မကောင်းမှုကို ကျူးလွန်တယ်..။
    ဒါပေမယ့် သူတို ့က ဗုဒ္ဓဘာသာဝင်ဖြစ်နေတယ်…
    တစ်လှည့်ပြန်ခံရမယ့်ဝဋ်တွေကို ကြောက်တယ်.. ဒီတော့ …အလှုတွေ လုပ်မယ်..အပြစ်လျှော့အောင်လုပ်ချင်တယ်..
    ဒီမှာ ရဟန်းတော်တွေ သံဃာတော်တွေဆီ ရောက်တယ်..
    ကျောင်း၊ဆေး၊ဆွမ်း၊သင်္ကန်း၊ကား၊ဘွဲ ့၊ တီဗီ၊ ရေသန် ့စက်၊ ကွန်ပျူတာ၊ ဒရင်းဘက်၊ သွပ် ၊ဘိလပ်မြေ………………………………………………. အစုံပါဘဲ လှုလိုက်ကြတာ…။
    ဝိနည်းအညီနေတဲ ့ရဟန်းတော်တစ်ချို ့က မငြင်းပယ်ကောင်းလို ့ လက်ခံတယ်…။
    တစ်ချို ့ အကျင့်ပျက်ရဟန်းကတော့ လာထားလာထား …သပိတ်တောင် လှန်ပေးပါ့မယ်ဆိုတာမျိုး…။
    မဟနက သံဃာတစ်ချို ့ဆိုရင် ကစားဝိုင်းက အလံရှုးလို ဘဝ။
    ဘုရားရှင် ကိုယ်တော်က ကြားသား၊ မြင်သား၊ သံသယသား လို ့ဘဲ ဟောခဲ့တာ…
    ကြားဝတ္တု ၊ မြင်ဝတ္တု၊ သံသယ ဝတ္တု လို ့ မဟောခဲ့တော့ မသန် ့ရှင်းတဲ့ ဝတ္တုမှာ မွေ ့ပျော်နေလိုက်ကြတဲ့ ရဟန်းဆိုးတွေ
    ဂိဇ္ဇျကုတ်တောင်က တီထွေးကြီးကို DJ ဖွင့်ပေးထားတဲ့အတိုင်းဘဲ..။
    အရင် ခေတ်က ရဟန်းနဲ ့ နှောင်းပိုင်း ရဟန်း ကွာဟ လာလိုက်တာ….။
    ဘာသာပြောင်းလာတဲ့ ကိုယ့်အဘို ့ သရဏဂုံ မပျက်အောင် ဘုရားရှင်ကိုသာ အတော် အာရုံညွှတ်ထားရတယ်..။
    ဆီဦးထောပတ် အဲယားကွန်းနဲ ့ ကတ္တီပါ သင်္ကန်း ချွေးမဆိုတဲ့ သံဃာ ရှိသလို…
    ပဋိယတ်ကို လိုက်စားရင်း ဆွမ်းငတ်နေတဲ ့ရဟန်း၊ ဆွမ်းဟင်းမရှိလို ့ ကင်းလိပ်ချောကို ဆွမ်းအဖြစ်ဘုန်းနေရတဲ ့ရန်ကုန်ရောက် ရခိုင်လူမျိုး ရဟန်း၊ ပဋိပတ်ကို ကျင့်ကြံရင်း မိုးမိလာရင်တော် သင်္ကန်းလဲစရာ မရှိတဲ့ ရဟန်းတေါ တွေ ့မြင်ရတော့
    သနားမိတယ်..ကိုယ်ချင်းစာမိတယ်…။
    အဲဒီမှာ သတိထားမိတာက ပစ္စည်း ၄ပါး ချို ့တဲ့ချင်သလောက် ချို ့တဲ့ပါစေ…
    တရားသတိနဲ ့နေတဲ့ ရဟန်းနဲ ့….
    ဘွဲ ့ထူးဂုဏ်ထူး ကျောင်း သင်္ကန်းနဲ ့ အရာရာကို တက်မက်အားကျတဲ့ ရဟန်း…။
    တက်မက်အားကျတဲ့ ရဟန်းက စစ်အစိုးရနဲ ့နီးနိုင်သမျှနီးစပ်အောင် ကြိုးစားတယ်…။
    တရားကို ဖက်တွယ်တဲ့ ရဟန်းက စစ်အစိုးရနဲ ့ ဝေးအောင်နေတယ်…။
    ကဲ….ကြားထဲမှာ ပေါ်လာတဲ့ရဟန်းက တရားလဲ မဖက်တွယ်..ကိုယ်ကျင့်လည်းမကောင်း…
    စစ်အသိုင်းအဝိုင်းနဲ ့လဲ မနီးစပ်…ပြည့်စုံနေတဲ ့ ဇိမ်ခံ ရဟန်းတွေကိုလဲ လိုက်မမှီတော့…လောဘ ဒေါသ မောဟ စိတ်တွေနဲ ့
    ထစ်ကနဲရှိ ပေါက်ကွဲ လိုက်မယ်..ဆန္ဒပြလိုက်မယ်..ဆိုတဲ့ရဟန်း…။
    ၂၀ဝရ အရေးအခင်းမှာ ပြည်သူပြည်သား ဆွမ်းဒကာတွေ ရဲ ့ဒုက္ခကို အမြင်မတော်လွန် းလို ့ဝင်ပါတဲ့ ရဟန်းတွေကြားမှာ
    စောစောက ပြောတဲ့ ကြားရဟန်းတွေပါခဲ့တယ်…။
    ဒါတွေကို ဖိနှိပ်ချင်တော့ စစ်အစိုးရက ဖြည်းဆည်းပေးထားတဲ့ အလံရှုး ရဟန်းတွေနဲ ့ ဖြိုခွဲ ဖိနှိပ်ခိုင်းတယ်..။
    ခြုံကြည့်လိုက်တော့ ရဟန်းသံဃာတွေဟာ ဆူးကြားက ဗူးခါး ဘဝ၊
    မလုပ်လို ့လဲ မရ…လက်ခံထားတဲ့ ဘွဲ ့တွေက ကျက်သရေခန်းတောင် မဆန် ့တော့ဘူးလေ…။
    ဆိုတော့ မပြုံးရေ…
    ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်..ဆိုတာလေး နည်းနည်းတော့ တွေးမိလောက်ပါပြီနော်..။
    မြန်မာပြည်က နိုင်ငံရေးမှာ စစ်အစိုးရနဲ ့ဇိမ်ခံ ရဟန်း လက်ချင်းချိတ် သင်္ကန်းစ ဆွဲထားတာက ဆိုးဝါးမှုပါဘဲ..။
    သူတစ်ပါး အိမ်မြေစည်းစိမ်ကို ဖျက်ဆီးဘို ့ဟောတဲ့ရဟန်းတွေ သံဃာကို သံဃာချင်း မျိုတဲ ့ရဟန်းတွေ အကြောင်းကြားတိုင်း

    “ ပါးစပ်က ပြောလိုက်ရင်တော့ ဘုရားသားတော်..ဘုရားသားတော်နဲ့ လုပ်နေတာက တလွဲကြီးဘဲ…
    ငါသာ ဘုရားရှင် ဆွေမျိုးဆိုရင် ဂေါတမဘုရားနာမည် အလွဲသုံးစားလုပ်မှုနဲ ့ အကုန်တရားစွဲပစ်မှာ..” လို ့ ကျနော် ကပြောတတ်တယ်…။
    ဒါပေမယ့် အကျင့်ပျက်ရဟန်း၊ ဒုသီလ ရဟန်း၊ ဝိနည်းလွတ်ရဟန်း၊ ဘွဲ ့လိုက်ရဟန်း၊ ဘောလောင်းရဟန်း၊ ချဲရဟန်း၊
    ဖွန်ရဟန်း၊ ဖေ့ဘွတ်ခ်ရဟန်း ချတ်တင်ရဟန်း၊ ဖဲ ရဟန်း၊ အယ်လ်ကိုဟော…ရဟန်း၊ ပါမစ်ရဟန်း၊ ကျောင်းလု ရဟန်းနဲ ့
    အမျိုးမျိုးသော ရဟန်းတွေ တွေ ့တိုင်း….
    “ ငါ ချစ်တဲ့ ဘုရားရှင်က လောက အလုံစုံကို သိမြင်နိုင်တယ်… ဒါကြောင့်လဲ ငါ့သာသနာ ငါ့သားသမီးကဘဲ ဖျက်လိမ့်မယ်” လို ့
    ဟောခဲ့တာဘဲ…ငါ့ မိဘ ဘုရားရှင်စကားကို ငါနားလည်ရမယ်..နားထောင်ရမယ်..သံဃာစစ်တွေ ရှိပါသေးတယ်ဆိုပြီး
    စိတ်ကို ဖြေရတယ်..။
    မပြုံးရေ..
    ကျနော်တို ့တွေ ကိုးကွယ်မှု ပြတ်သားဘို ့ လိုသလို …ပေါက်ပင်ကိုင်းရတဲ ့ အဖြစ်လေးကို လဲ မြင်ပေးနိုင်ရမယ်ထင်တယ် မပြုံး။
    တိုင်းပြည်ပျက်၊ ခေတ်ပျက်၊ သာသနာပျက်မှာ…တစ်ဘဝတော့ သီးခံပြီး သာသနာ ပြုပါ မပြုံးရေ..။
    သူလမ်းကြောင်းသူလျှောက်ပြီး ရွှံ ့မပေဘို ့ကတော့ …သူတို ့လမ်းကို သူတို ့ရွေးမှ ဖြစ်မှာပါ…။
    လူတွေကလဲ လူတွေ လောက်ပါဘဲ…
    အခုမှသာ…အသံထွက်ရဲတာ…တစ်ချိန်ကဆို ဗိုလ်အောင်ဆန်းပုံတောင် ရင်ထိုးအဖြစ် တပ်ရဲတာမဟုတ်ဘူး…။
    အဲဒါက ဘာသာရေးကြောင့် သီးခံတာ မဟုတ်ပါ…။ မရဲလို ့..။
    တော်လောက်ပြီ မပြုံးရေ…
    ကျနော်က တခုခုပြောရင် ပိုသတိထားရတယ်…ဘာသာပြောင်းလာတဲ့ သူလေ…။

    ခင်မင်လေးစားလျှက်
    ကျော်စွာခေါင်

  • ဝင့်ပြုံးမြင့်

    December 31, 2013 at 9:29 am

    လူတွေကိုက ဘာသာရေးရှေ့တန်းတင်နေကြတာကို ပြောတာပါ။ ဥပမာ မျှစ်ကြော်ရဲ့အမေဆိုရင် ဆရာဝန်က မျက်လုံးခွဲရမယ်ဆိုတာတောင် သူက ဘုန်းကြီးသွားမေးပြီး ဘုန်းကြီးက မခွဲနဲ့ဆိုရင် မခွဲဘူး။ အခု ဗိုလ်ချုပ်ခင်ညွန့် ကိုယ်တိုင်တောင် အလိုတော်ပြည့်ဆရာတော်က နိုင်ငံရေးမလုပ်နဲ့ဆိုလို့ မလုပ်ဘူး။ ဒါမျိုးကို ပြောတာပါ ဟဲဟဲ။ (စကားစပ်လို့ ပြောရရင် သူတို့အုပ်စုထဲမှာ ဦးခင်ညွန့် သိပ်မဆိုးဘူး။ နိုင်ငံရေးဇာတ်ခုံပေါ်ကနေ မရှုမလှ ပြုတ်ကျတာဟာ သူက ဘာသာရေးနွယ်ခဲ့တာကြောင့်လို့ ကျမထင်တယ်။ ကျန်တဲ့လူတွေက ဘာသာရေးမနွယ်ဘူး။ ဘာသာရေးကို အသုံးချတယ်)
    တိုင်းပြည်ရဲ့ ၇ဝ ရာခိုင်နှုန်းဟာ တောနေလူထု။ ဒီလူတွေအပေါ်ကို ဘုန်းဘုန်းတွေ ဩဇာညောင်းတယ်။ အခု ဘယ်သူ့မဲထည့်မလဲလို့ မေးလိုက်ရင် ဘယ်သူမှ ကိုယ်ပိုင်သဘောထားမရှိဘူး။ ဘုန်းဘုန်း ပြောတဲ့လူ ထည့်မယ့်လူချည်းပဲ။ ဘုန်းဘုန်းတွေကလည်း တန်းခိုးထွားလာတယ်။ ဒါကြောင့် ဘုန်းဘုန်းတွေ ဘာဆိုဘာမှ မလုပ်ပေးနိုင်ဘူးလို့ ဆရာတော်ကြီးတွေ နာမည်ပါတပ်ပြီး ရေးတာပါ။ ဒီလိုမျိုး ဘယ်သူမှ မရေးရဲဘူး။ ငရဲကြီးမှာ ကြောက်ကြရတယ်။
    လူတွေကိုယ်တိုင်က ဘာသာရေးရှေ့တန်းသိပ်မတင်ရင် ဘုန်းဘုန်းတွေလည်း တန်ခိုးမထွားနိုင်ဘူးပေါ့။
    ကိုခေါင် ကွန်မင့်သေချာရေးပေးလိုက်တော့ ပို့စ်က ပိုတောင်ပြည့်စုံသွားပြီ။ ကျေးဇူးပါပဲ ကိုခေါင်ရေ။

  • ဦးကြောင်ကြီး

    January 11, 2014 at 12:58 pm

    အမ်တီပြုံးက တကယ်မဟုတ်တဲ့ဟာတွေကို တကယ်အတည်ယူ ဆုပ်ကိုင်ပြောနေတာကိုး.. လွဲတာဘာဆန်းသလဲ..။

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 11, 2014 at 3:16 pm

    သီလဆိုတဲ့အပိုင်းကိုပြောတော့မယ်ဆိုရင်
    ဆရာမလည်း ဆရာမစပိနဲ့ဆရာမသွားသင့်သလို
    .ကျော်လည်း ကျော့်စပိနဲ့ကျော်သွာသင့်ဘါဒယ်
    ဆိုလိုတာက အားလုံး ကိုယ့်စပိနဲ့ကိုယ် သွားဘို့လိုဘါဒယ်

    • kai

      January 11, 2014 at 3:39 pm

      သီလက.. ဘာသာတရားတွေမရှိခင်ကတည်းက ရှိတာဗျ..။
      စကားအတင်းစပ်..
      သေရွာအရသာဘယ်လိုလည်း လင်းပါဦး..။

      • ဦးကြောင်ကြီး

        January 12, 2014 at 3:08 am

        ဟိုးရခင် သိတဲ့သီလက စောင့်ထိန်းတဲ့ ငါသီလဗျ ။ ဗုဒ္ဓဘုရားပေါ်လာမှ သိတဲ့သီလက စင်ကြယ်တဲ့သီလ ဆုပ်ကိုင်မှုကင်းတဲ့သီလ တငါငါနဲ့စောင့်ထိန်းစရာမလိုတဲ့ သီလဗျ ။
        သဂျီးဇုတ် ကိုယ်နဲ့တန်ရာ တန်ရာမပြောဘူး။ သွား.. အရက်သောက်ချေ..။ 😡

  • မင်း ခန့် ကျော်

    January 11, 2014 at 3:59 pm

    ကို မိုက်—–ပု

    နတ်ပြည် မရောက် သေးဘူးပေါ့ :mrgreen:

    (မဆိုင်တာဝင်ပြောလို့ သည်းခံတော်မူကြပါ)

  • ကြောင်ဝတုတ်

    January 13, 2014 at 9:16 am

    အို… ဘယ်လိုအယူမှားတွေလဲမသိ…
    ဒိဌိလို့ အပြောခံရဦးမယ်…
    ကိုယ့်ဟာကိုယ်အရက်သွားသောက်တာပဲကောင်းပါတယ်….

    ခင်မင်လျက်-
    ဖက်ဖက်ကက်

Leave a Reply