ဂဇက်စာပေဆု ဘယ်သူရသွားလဲဆိုတော့. . .ဆိုတော့. . .
ဂဇက် . . .
အကြိုက်ဆုံးစာပေဆု ဆန်ခါတင်စာရင်းကြေညာချက်ကို . . .
ကြေညာပေးမယ့်သူ
ရှာမရခင် ကတည်းက
ကျနော်တိုးတိုးတိတ်တိတ်
ပြောပြထားလို့. . .သိပြီးလောက်ရောပေါ့နော့်။
အဲဒီ သတင်းဖောက်ခွဲမှုကြောင့်
သတင်းပေါက်ပြဲ ထွက်ကျမှုကြီး ဖြစ်ပွါးပြီးနောက်မှာ . . .
ကျနော်လည်း မထူးဇာတ်ခင်းပြီး
နောက်ထပ်
”ဆုရသူ သတင်း ”ကို . . .
ထပ် စပ်စုလိုက်တာ. . .
အဲဒီ . . .
ဆန်ခါတင်စာရင်းထဲက. . . ဘယ်သူက . . .
ဘယ်စာမူနဲ့ . . . .
အကြိုက်ဆုံးဂဇက်ချစ်သူစာပေဆု ရသွားတယ် ဆိုတာ. . . သိလိုက်ရတယ်။
ဟီဟိ ။
အဲဒီ ဆုရသူဟာ ဘယ်သူဖြစ်ပါတယ်
ဆုရစာမူဟာ . . .ဘယ်ဝါဖြစ်ပါတယ် ဆိုပြီး . . .
ဖတ်ရွေးအဖွဲ ့ထဲက သတင်းထုတ်ပြန်ရေးသမား တစ်ယောက်ယောက်
မကြေညာခင်. . . .
ကျနော်ကပဲ အရင်ဦးအောင် တိုးတိုးလေးပြောပြလိုက်မယ်။
(ရှူးးးးတိုးတိုး . . .
ဖတ်ရွေးအဖွဲ ့ကြီး မသိစေနဲ့နော်။)
ဘယ်သူ ရေးတဲ့ စာမူက ဆုရသွားသလဲ ဆိုတော့. . . .
. . . .
ဆိုတော့. . . .
. . . .
:kwi:
——————-
ကျနော်လေ. . .
ဆန်ခါတင်စာမူတွေစာရင်းကို တွေ ့တုန်းက . . .အဲဒီစာမူတွေကို ဖတ်ပြီး စဉ်းစားမိတယ်ဗျ။
ဆန်ခါတင်စာရင်းဝင် စာမူတွေဟာ တကယ့်ကို ဒေါင်ဒေါင်မြည်လို့ ဆိုရမယ့် စာတွေပဲ လို့ . . .။
ဖတ်သူအတွက် အကျိုးကျေးဇူးများစေမယ့်
သုတ စာပေတွေရော. . .
ခံစားသူတွေအတွက်
မျိုးစုံသော ခံစားမှုတွေ တနင့်တပိုးနဲ့ ခံစားရစေတဲ့
ရသ စာပေတွေရော . . .
အားရစရာကြီးတွေဗျ ။
အဲဒီ အားရစရာကြီးတွေထဲကမှ အကြိုက်အများဆုံး ဖြစ်နေတဲ့ စာမူကို ( အမှတ်စာရင်းအရ ) တွေ ့လိုက်ရတာ. . .
အဲဒီ စာမူက အကြိုက်အများဆုံး ဖြစ်နေလေတော့ ထပ်ဖတ်လိုက်တယ်။
ထပ်ဖတ်လေ. . .
အကြိုက်အများဆုံး
ဖြစ်သွားတာကို ခေါင်းတညိတ်ညိတ်
လက်ခံမိလေပဲဗျို ့. . .
ဒီဆုမျိုးထက်တောင် သာလွန်တဲ့ဆုမျိုးနဲ့ ထိုက်တန်တဲ့ စာပေလက်ရာကောင်းတစ်ပုဒ်ပါ။
ရေးသူကတော့. . . .
ရွာသူ. . .
“ Snow Smile ´´ ဖြစ်ပါတယ်ခင်ဗျား. . . .
++++++++++++++++++++++++++++++++++++++++++++
ဒီဆန်ခါတင်စာရင်းထဲမှာ
Snow Smile ရဲ့ စာမူဟာ သုံးပုဒ်တောင် ပါနေတာမို ့. . .
ဘယ်စာမူနဲ ့ဆုရတာလဲလို့ မေးလာရင် ဖြေရပါဦးမယ်. . .
Snow Smile ရေးသားသီကုံးတဲ့
“ကျမ ဆိုက်ကားသမား´´ ဆိုတဲ့ စာမူလေး ဖြစ်ပါတယ်ခင်ဗျ။
(မိန်းကလေးတစ်ယောက်ရဲ့ ငယ်ဘဝအမှတ်တရကိုမှ ထူးခြားတဲ့အကြောင်းအရာတစ်ခုကို စီကာစဉ်ကာရေးပြသွားပုံက ကျစ်လျစ်သိပ်သည်းပြီး . . .
ရသတွေ လှလှပပ ခံစားရစေတဲ့ စာမူလေးပါ ။
သရုပ်ပေါ်လွန်းလို့ ကြိုက်ပါတယ်။
အလင်းဆက် ညွှန်းနေရင် အပိုပြောတယ် ဖြစ်နေဦးမယ်. . .
ဆိုတော့ . . . မဖတ်မိလိုက်သူများ သွားဖတ်ကြည့်ပြီး . . .
ဖတ်ပြီးသူများလည်း နောက်တစ်ကြိမ်ပြန် ဖတ်
ရသ ခံစားကြည့်ပါဦး လို့. . . )
အမှတ်တရ ငယ်ဘဝကို
လှလှပပ
ရေးသားသီကုံးပြလိုက်ပြီး . . .
ဂဇက်ချစ်သူများရဲ့ အကြိုက်ဆုံးစာပေဆုကို ဆွတ်ခူးလိုက်နိုင်တဲ့
(စာရေးကောင်းတဲ့)ရွာသူ . . .Snow smile ခင်ဗျ. . .
congratulation!!! ပါ နော်
လေးစားစွာဖြင့်
အလင်းဆက် (Gazette)
17 . 4 . 2014 /
50 comments
padonmar
April 17, 2014 at 8:38 pm
ဒီလဆုကတော့ ဆိုက်ဂျဲရိုးမောင်းတဲ့ ခင်ဘခက်ရသွားတာပါလား။
ကွန်ဂရက်ကျူလေးရှင်း၊ဝမ်းသာပါတယ်။ဂုဏ်ယူပါတယ်။
လူရှင်းတုံးဆိုတော့ ကိုယ်အရင်ဆုံးဖြစ်ဖူးပြီ။
snow smile
April 17, 2014 at 9:47 pm
ကျေး ဇူး ပါ မ မာ ရေ
Mr. MarGa
April 17, 2014 at 8:42 pm
ဘရာဗို ဘရာဗို ဘရာဗို
ကောင်းလေစွ ကောင်းလေစွ ကောင်းလေစွ
သာဓု သာဓု သာဓု
ကတောက်စ်…. နာ အရင်ပြောရမယ့်ဟာကို :mrgreenn:
padonmar
April 17, 2014 at 9:30 pm
သကြားက ဒီလိုပြောမှာမလား။
ရထိုက်သူရသွားကြလေကုန်တော့သတည်း……..
သာ……ဓု၊သာ…..ဓု၊သာဓု
snow smile
April 17, 2014 at 9:49 pm
ဘုန်း ကြီး သံ လူ သံ ရော နေ သ လို လို
ကေဇီ
April 17, 2014 at 8:43 pm
မွမွပြုံးရသွားပြီ။
ဟေးဟေးဟေးးး
သများတို့က အနီးဆုံးပဲ။ မုန့်တွေ အရင် သွားစားမယ်။
:chit:
snow smile
April 17, 2014 at 9:51 pm
ကေ ဇီ့ ကို အ ရင် ဆုံး ကျွေး မယ်
နက် ဖြန် လာ ခဲ့ ပါ
snow smile
April 17, 2014 at 9:05 pm
ဘာ ရေး ရ မှန်း ကို မ သိ တာ
ဝမ်း သာ လိုက် တာ
ကိုပေါက်(မန္တလေး)
April 17, 2014 at 9:14 pm
အင်း ဆို က် ကား စီး ပြီး ဖဲ ရိုက် လိုက် ရ ရင်ေ တာ့ မိုစ် ဘဲ
snow smile
April 17, 2014 at 9:53 pm
နှစ် ဆန်း တစ် ရက် နေ့ မို ့ စိတ် လျော့ စေ ချင် ပါ တယ်
alinsett (gazette)
April 17, 2014 at 9:18 pm
တကယ့်ကို စာရေးကောင်းသူတစ်ယောက်ရဲ့
စာကောင်းတစ်ပုဒ်ပါပဲ လို ့
🙂
snow smile
April 17, 2014 at 10:41 pm
ပ ထ မ ဆုံး ရေး ဘူး ခြင်း ပါ ဆက် ဆက် ရေ
လေး ပေါက် က တိုက် တွန်း ချိန်
ကိုယ် က လဲ ရေး ချင် တဲ့ စိတ် ဖြစ် ချိန်
ငယ် ငယ် က အ ကြောင်း လေး ကို
ရေး တတ် သ လို ရေး လိုက် တာ ပါ
ပ ထ မ ဆုံး ပိုစ့် တင် ပြီး ချိန် မှာ အား ပေး ကြ တဲ့
ကွန် မန် ့ တွေ ကြောင့် လည်း စာ ဆက် ရေး မိ တာ ပါ
naywoon ni
April 17, 2014 at 9:58 pm
ဆိုက်ကားအားလားဗျို့ ရန်ကုန်လာရင် ဂဇက်တက်အဖွဲ့တွေဆီ လျှောက်လည်ချင်လို့
snow smile
April 17, 2014 at 10:43 pm
ဆိုက် ကား အား ပါ ၏
လမ်း များ မ အား ပါ :))))))))))
nozomi
April 18, 2014 at 5:46 am
ဝမ်းသာဂုဏ်ယူပါ၏
snow smile
April 18, 2014 at 12:20 pm
ကျေး ဇူး တင် မိ ပါ တယ် nozomi ရေ
နောက် လဲ ဖတ် ပါ အုန်း နော်
Crystalline
April 18, 2014 at 9:49 am
Congratulations!
snow smile
April 18, 2014 at 12:22 pm
ကျေး ဇူး ပါ ညီ မ လေး Crys ရေ
Wow
April 18, 2014 at 4:03 pm
ဂုဏ်ယူဝမ်းမြောက်ပါတယ် မမပြုံး 🙂
snow smile
April 18, 2014 at 7:56 pm
ကျေး ဇူး တင် ပါ တယ် ညီ မ လေး Wow ရေ
Mလုလင်
April 18, 2014 at 6:47 pm
အခုတော့ ယုံပြီ မဟုတ်လား . . . အစထဲက . . . . ရနိုင်ပါတယ် လို့ ပြောတာကို မယုံချင်ဘူး . . . . . . . ဂုဏ်ယူ အားကျပါတယ် ဗျို ့ . . . . . . . ။
snow smile
April 18, 2014 at 7:58 pm
ဟုတ် ပါ ပြီ လေ
ခု တော့ သိ ပါ ပြီ
Foreign Resident
April 19, 2014 at 3:22 am
Congratulations ပါ ၊
မ Snow Smile ရေ ။
snow smile
April 19, 2014 at 7:56 am
အား ပေး မှု ့ အ တွက် ကျေး ဇူး ပါ အ ဘ ဖော ရေ
TNA
April 19, 2014 at 3:00 pm
ရွှီးဖြောင်းဖြောင်းဖြောင်း။ ဂုဏ်ယူပါတယ် မနှင်းပြုံးရေ။ အလှုနေ့ကပဲ အန်တီဒုံပြောနေသေးတယ်။ ဆိုက်ကားပိုစ့်ကောင်းတယ်တဲ့။ တကယ်လဲကောင်းတယ်အမရေ။ ပြန်လာရင်မုန့်ကျွေးဘာ
snow smile
April 19, 2014 at 5:24 pm
မုန့် လည်း ကျွေ း မယ်
မုန့် လုပ် နည်း လည်း သင် မယ် ည သဲ
Ma Ma
April 20, 2014 at 8:58 pm
ရေးတဲ့သူကလည်း အရေးကောင်း
ရွေးတဲ့သူတွေကလည်း အရွေးကောင်း။
ဘာလို့လဲဆိုတော့ ……
အဲဒီပိုစ့်ကို ကိုယ်တိုင်လည်း ကြိုက်လို့။
🙂
alinsett (gazette)
April 20, 2014 at 9:12 pm
ကျနော် လည်း..အဲဒီ အရေးကောင်းပိုစ့်လေးကို ကြိုက်ခဲ့တာ….
😆
snow smile
April 21, 2014 at 9:29 am
အား ပေး တာ ကျေး ဇူး ပါ ဆက် ဆက် ရေ
snow smile
April 21, 2014 at 9:28 am
ကျေး ဇူး ပါ မမ ရေ
ဦးကြောင်ကြီး
April 21, 2014 at 7:53 am
ဂေဇက်စမိုင်း
ရွှေထက်ရှိုင်း
ဖွေဆက်ကသိုဏ်း
နေရပ်တိုင်း..
snow smile
April 21, 2014 at 9:31 am
ရိုး ရိုး အား ပေး ပါ ဆို
က သိုဏ်း လုပ် နေ သေး တယ် :))))))
ကျေး ဇူး ပါ နော်
မဟာရာဇာ အံစာတုံး
April 21, 2014 at 7:58 am
ဘယ်လို ပြောရမလဲပေါ့နော် …
ဟိုလေ … အရမ်းလည်း ဝမ်းသာပါတယ်ပေါ့နော် ..
ပီးဒေါ့ … အရမ်းလည်း ပီတိ ဖြစ်ရပါတယ်ပေါ့နော် …
နောက်တော့လည်း .. အရမ်းလည်း ပျော်တယ်ပေါ့နော် …
တီတီနှင်းပြုံး အတွက် အရမ်းပဲ ဟိုဒင်းဟိုဟာဖြစ်တယ်ပေါ့နော် …
Ma Ma
April 21, 2014 at 1:44 pm
အံစာရေ-
အကယ်ဒမီပွဲအတွက် လေ့ကျင့်နေတာဆိုရင် စေတနာနဲ့ လိုတာလေး ပြောပေးလိုက်အုံးမယ်။
ချွန်ဒေ့ါရဲ့ မဟေသီအလောင်းအလျာလေးကိုလည်း ကျေးဂျူ းတွေ အညားဂျီးတင်ပါတယ်…. ဆိုတာကို ရှေးဦးစွာ ပြောရတယ်ကွဲ့။ 😀
snow smile
April 21, 2014 at 9:39 am
ဒီ လို ပြော မယ် ပေါ့ နော်
အံ ဇာ ့ ရေး ဒါ ကို ဖတ် ပြီး ဒေ့ါ ပေါ့ နော်
အ ရမ်း ဒွေ ဝမ်း သာ ပြီး ဒေါ့ ပေါ့ နော်
အ ရမ်း ဒွေ ပီ တိ ဒွေ ဖြစ် လာ ပြီး ဒေါ ့ ပေါ့ နော်
အ ရမ်း လဲ ပျော် လာ ဒယ် ပေါ့ နော်
အံ ဇာ ့ အ တွက် လည်း အ ရမ်း ဘဲ
ဟို ဟာ ဟို ဒင်း ဖြစ် ဒယ် ပေါ့ နော် :)))))
kyeemite
April 22, 2014 at 9:47 am
ဘရာဗို ဘရာဗို ဘရာဗို…ပါ မနှင်းပြုံးရေ…
လူဂျီးဖြစ်ပီး ဒီလောက်နောက်ကျနေတာ ခွေးလွှတ်ပါနော်…
ပိတ်ရက်တလျှောက်လုံး ရွာထဲကိုမရောက်ဖြစ်လို့ပါ…
လေးစားခင်မင်စွာဖြင့်…
snow smile
April 23, 2014 at 9:48 am
လူ သား အား လုံး ဂို လေး စား သော အူး ကျော် အား
ခွေး လွှတ် ပါ ၏
surmi
April 22, 2014 at 9:56 am
ဂုဏ်ယူစွာဖြင့် လက်ခုတ်တီးပါတယ်ဗျို့
များများရေးနိုင်ပါစေဗျာ
snow smile
April 23, 2014 at 9:51 am
လက် ခုတ် တီး လက် ခေါက် မှုတ်
အဲ့ ဒါ ဆာ ဆာ့ အ လုပ်
ဒီ အ ချိန် ဆို
ရေ သည် ဆာ မိ များ ဖြစ် နေ ပ လား လို ့
:))))))
weiwei
April 22, 2014 at 8:24 pm
တကယ်ကို ထိုက်ထိုက်တန်တန်ပါ …
နောက်လဲ များများ ဖတ်ချင်ပါသေးတယ် ..
snow smile
April 23, 2014 at 9:52 am
အား ပေး တိုက် တွန်း စ ကား အ တွက်
တ ကယ့် ကို ကျေး ဇူး တင် မိ ပါ တယ် မ ဝေ ရေ
Ma Ei
April 23, 2014 at 3:06 pm
ဂုဏ်ယူပါတယ်…မနှင်းပြုံးရေ…
ဒီလိုစာမျိုးလေးတွေ ဆက်ဖတ်ချင်ပါတယ်…
အားပေးနေမယ်နော်…
snow smile
April 23, 2014 at 5:34 pm
ကျေး ဇူး ပါ Ma Ei ရေ
ရေး ပါ့ မယ် နော်
alinsett (gazette)
April 23, 2014 at 6:06 pm
ဝင်လာသမျှ commentလေးတွေကို
ဂရုတစိုက်နဲ့ အသိအမှတ်ပြုပြီး
reply ပေးနေတဲ့ တီနှင်းပြုံး ရေ
ကျေးဇူးပါလို့
တာဝန်ကျေသော
စာရေးကောင်းသော
တသွေးတသားတည်း စီးဆင်းနိုင်သော
ရွာသူစစ်စစ် တစ်ယောက် ရလိုက်ပါပြီလို့
snow smile
April 26, 2014 at 1:44 pm
အ ခု ရွာ သူ က ရွာ ထဲ ဝင် ရ ခက် နေ တာ ဆက် ဆက် ရေ
ဝင် လို ့ ရ ရင် လဲ မန် ့ လို ့ မ ရ ဖြစ် နေ တာ
ဘယ် လို လုပ် ရ မှန်း ကို မ သိ
မိုး မင်းသား
April 24, 2014 at 1:08 pm
ဝမ်းသာမိပါတယ် မမနှင်းပြုံးရေ
ကြိုးစားမှုရဲ ့ရလာဒ်ကောင်းတွေပါလေ
snow smile
April 26, 2014 at 1:48 pm
အား ပေး တာ ဝမ်း သာ မိ ပါ တယ်
ကျေး ဇူး ပါ မိုး မင်း သား ရေ
moonpoem
April 26, 2014 at 2:26 pm
ဖတ်ကြည့်တော့ တကယ့်ကို ကောင်းပါတယ် မစနိုးရေ။ အစ်မတိ ု့ကိုကြည့်ပြီး လက်ရေတက်အောင် ကြိုးစားချင်စိတ်လေးတွေလည်း ဖြစ်ပါတယ်။အခုလို ဆုရတဲ့အတွက်လည်း Congratulationပါလို ့။
snow smile
April 26, 2014 at 4:54 pm
ကျေး ဇူး ပါ ညီ မ လေး moonpoem ရေ
ညီ မ လေး ရေး တဲ့ဘက် ဆဲလား စာရေး ဆရာမ
ပိုစ့် ဖတ် ပြီး ရီ နေ မိ တာ
ညီ မ လေး လဲ စာ ရေး ကောင်း သူ ပါ
alinsett (gazette)
May 1, 2014 at 11:57 am
ဂဇက်မှာ
အတွေးးကောင်း အရေးကောင်းသူတွေ အများကြီး ရှိတာ မငြင်းနိုင်တဲ့အမှန်တရားတစ်ခုပဲ လို့
ယုံတယ်ဗျို ့. . .
🙂