“ကျနော်ဘာမှ လုပ် မပေးနိုင်ခဲ့ဘူး”
အိမ်ဘေးနားက ကလေးမ
ဘွဲ့လေးတစ်ခုရတော့
“ဦးသမီးကို အလုပ်တစ်ခုရှာပေးပါ “တဲ့။
အဲဒီအခါမှာ
ကျနော်………………………………….။
ကိုဘအေးရဲ့ သားလေး
မောင်ဖိုးခွေး
“ဒီနှစ်ကတော့ အခြေအနေမကောင်း
သူ့လဲကျောင်းထုတ်မှာ
အလုပ်တစ်ခုခုရှာပေးပါဆရာ” တဲ့
အဲဒီအခါမှာ
ကျနော်………………………………..။
ဟိုတစ်နေ့က
မိစိန်မြတို့မောင်နှမ
သူတို့ ခြံ ကို ရောင်းရ တော့ မတဲ့
အမေကလဲ မကျန်းမာ
ကင်ဆာဆိုလားဘာဆိုလား
အဖေကလဲ အထဲ ရောက်
ကျန်တဲ့ကလေး သုံးယောက်က လူမ မယ်
သူ ဆို တဲ့ ဈေးနဲ့ ဝယ်သူရှိသတဲ့
အဲဒီအခါ မှာ
ကျနော်………………………………။
ဟိုတစ်နေ့က
……………………..
မနေ့က
……………………..
မနက်က
……………………..
စောစော က
………………………..
သူသူငါငါ
သူသူငါငါ
သူတို့အခက်အခဲ တွေ
မွန်းကျပ် မူ့ တွေ
ကျနော့် ကိုလာလာ ပြော
ကျနော့် ကိုလာလာ ပြော
အဲဒီအခါမှာ
………………………………
……………………………..
ဝေဖန်လေကန်တာ က လွဲ ပြီး
ကျနော်
…………………………………
…………………………………
…………………………………
ကိုပေါက်လက်ဆောင်အတွေးစဉ်
22-6-2014
Post Views: 383
19 comments
kyeemite
June 23, 2014 at 8:56 am
ဒီလိုပါပဲကိုပေါက်ရေ…လူတိုင်းအဆင်ပြေအောင်ကူညီနိုင်ဖို့ဆိုတာလည်း လွယ်တာမှမဟုတ်..
ကိုပေါက်(မန္တလေး)
June 23, 2014 at 2:30 pm
မှန်တယ် ကိုမိုက်
တောင်မင်း မြောက်မင်း မကယ် နိုင်
ဦးဦးပါလေရာ
June 23, 2014 at 9:11 am
ကိုယ့်ရှေ့မှာတင် တစ်စစီ ပြိုကျကုန်တာတွေ မြင်နေရတာမျိုးပေါ့ ကိုပေါက်ရေ…
ကျနော်လဲ-
သူများအတွက်လဲ မတတ်နိုင်သလို
ကိုယ်ကိုယ်တိုင်အတွက်လဲ မရေရာလှပါဘူးဗျို့…..
ကိုပေါက်(မန္တလေး)
June 23, 2014 at 2:51 pm
ကိုပါရေ
အားလုံးက တစ်ကိုယ်စာဘဲရုန်းကန်နေကြ ရ တာအမှန် ပါဘဲ
black chaw
June 23, 2014 at 9:26 am
ကျွန်တော်လည်း အတူတူပါပဲ ကိုပေါက်ရေ…။
ကိုယ့်ဘဝတောင် တွန်းတွန်းတိုက်တိုက် ရင်ဆိုင်နေရဆိုတော့
သူများဘဝတွေကို ထိထိရောက်ရောက် ကူညိနိုင်စွမ်း
နည်းပါးလှပါတယ်…။
ဆိုတော့…
အများနဲ့ စုပေါင်း ကူညီတဲ့ ပရဟိတ လုပ်ငန်းလေးတွေမှာပဲ
အဆင်သင့်ရင် ငွေကြေးအနည်းငယ် ထည့်လှူတာလောက်ပဲ
တတ်နိုင်ပါတယ်ဗျာ…။
ကိုပေါက်(မန္တလေး)
June 23, 2014 at 2:55 pm
ကိုချော ရေ
နွံထဲနစ်နေတဲ့ လှည်းကို
နွံထဲက လွတ်ရုံလောက်ဘဲ ကျ နော် တို့ ကူ နိုင် ပါ မယ်
ကျနော်တို့ အတတ်နိုင်ဆုံးလုပ်ပေးနိုင်သလောက် လုပ်ပေးကြ တာ ပေါ့။
Judas Empress
June 23, 2014 at 1:14 pm
လူတိုင်းလူတိုင်း ဒုက္ခနဲ့ မကင်းကြပါလားနော်….
ကိုပေါက်(မန္တလေး)
June 23, 2014 at 2:58 pm
Judas Empress
သံသရာ ဘုံ မလွတ်ကင်းနို်င်ကြ ကုန်…………………………..တဲ့ သီချင်းလေးအတိုင်းပါဘဲ
လူတိုင်းလူတိုင်း ဒုက္ခနဲ့ မလွတ်ပါ
ဇီဇီ
June 23, 2014 at 2:01 pm
လေးပေါက်ရဲ့။
ကျနော်တို့ ဆီမယ် ဒီလို ကူညီတာတို့ ပြောပေးတာတို့ အလုပ်ရှာပေးတာတို့ ဆိုတာ အစဉ်အလာလို ကိုဖြစ်နေတာ။
ဘာလိုလို ဗျို့လေးဟစ်ပြီး အကူအညီလေးတောင်းလိုက်ရမှ နေသာသလို အစဉ်အလာကိုဖြစ်နေတာ။
အဲဒီ အကျင့်ကြီးနဲ့ ဒီမရောက်ခင် ဒီမှာ ကိုယ့် အတွက် အလုပ်ကို ဟိုလူ အလုပ်ရှာပေးနိုး ဒီလူ အလုပ်ရှာပေးနိုး အကျင့်ကိုပါလို့။
အမှန်တော့ တောင်မင်း မြောက်မင်းမကယ်နိုင် ဘွတွေ။
လေဆိပ်ရောက်ပါပြီ ဆိုကတည်းက ကိုယ့်အိတ်ကို ဘယ်သူမှ လာကူဆွဲတာမဟုတ်။ ဘယ်သူ့မှ မျက်စပစ်ခိုင်းလို့လည်း မရ။
အလုပ်ရှာဖို့လည်း ကိုယ့်ဟာကို စောစောထ သတင်းစာဖတ် အလုပ်လျှောက်။ ဘယ်စောင်မ ကြည့်ရှုပြောပေးမဲ့ လူကြီးသူမှ မှမရှိ။
ကိုယ် အလုပ်မရလို့လည်း ဘယ်သူ့မှ အပြစ်တင်ဖို့မရှိ။
ကိုယ်က မပြောပေးနိုင်လည်း ဘယ်သူကမှ အပြစ်မပြော။
ကိုယ့် ဘဝ ကိုယ်ကျောင်းးး၊ ကိုယ့်ဘဝကို ဖန်တီးရတာ။
အဲဒီ နှစ်တွေ ကျော်ခဲ့ပြီး ဘာဖြစ်လာလဲ ဆိုတော့ အလုပ်လာရှာတဲ့ သူငယ်ချင်းဆိုရင် ကျန်တာကူညီနိုင်တယ်။ အလုပ်တော့ ရှာမပေးနိုင်ဘူးး၊ ဒီလိုပဲပြောထားရတယ်။
ဘယ်သူ့ ဘယ်သူမှ အာမ ခံနိုင်တဲ့ နေရာတွေ မဟုတ်ကြဘူးလေ။
အဲ!! တွေ့ပါပြီ တောက်တလွဲလေးတွေက။
“အလုပ်ရှာထားစမ်းပါ့။ တွေ့ရင်ပြော၊ အဲဒီကျမှ လာခဲ့မယ်” …. ဆိုတဲ့ ကျနော်တို့ နိုင်ငံက ထိုင်ရာက မထလေးတွေ။
အဲဒီ အချိန် ကျနော့ အပြောနဲ့ တွေ့ပါပြီ။ မောင်နှမ ချင်းတွေတောင် ပြတ်ထွက် သွားအောင် ပြောပစ်တာ။
ဟူးးး
အရှည်ကြီး ရှင်းပြနေလို့ ဘာတုန်းမမှတ်နဲ့။
သူတို့ ဘဝ ရဲ့ အလုပ်ရရေးးး မရရေးးး လုပ်ပေးနိုင်မှု လုပ်မပေးနိုင်မှုမှာ လေးပေါက်မှာ ဘာတာဝန်မှ မရှိဘူးးးး။ ဝမ်းမနည်းနဲ့။
ကျုပ် ဦးလေးးး စိတ်ထိခိုက်မှာဆိုးလို့ ပြောပြတာ။
:mrgreenn:
pooch
June 23, 2014 at 2:15 pm
အခုဆေးရုံကြီးနားမှာ ပလက်ဖောင်းစာသင်ဝိုင်းတခု ရှိတယ်လေ ။ ပန်းရောင်းတဲ့ကလေးတွေအစားပန်းရောင်းပေးတဲ့သူက ရောင်းပေးပြီး စာသင်တဲ့သူက စာသင်ပေးတယ်။
လက်ဖက်ရည်ဆိုင်က စာသင်ချင်တဲ့ စားပွဲထိုးကလေးတွေအတွက်လည်း သင်ပေးမယ်ပြောတယ်။ ၁ ရက်တော့ သွားမလားလို့ ကို်ယ်တိုင်မသင်နိုင်တောင် လှူလို့ရတာရှိမလားလို့ပါ။ အလှုရှင်လည်း လက်ခံတယ်ကြားတယ်။
ကိုယ်နိုင်တာလေးကနေ စလုပ်ကြတာပေါ့။ ရပ်ကြည့်နေရတာနဲ့စာရင်။
လေးပေါက်ပြောတဲ့ ရှေးသီချင်း လင့်မရှာတတ်ဖူး။ ပို့မဲ့ပို့ ကတို့ရောက်အောင်ပို့ပါ။
လင့်ပေးပါ။ သီချင်းစာသားရှိရင်လည်း ရေးပေးပါ။ 😛
ကိုပေါက်(မန္တလေး)
June 23, 2014 at 3:17 pm
မယ်ပု
ဒီနာမယ် မခေါ် ရ တာ အတော်ကြာခဲ့ ပြီ။
ဆေးရုံကြီး မဟုတ်ဘူးအေ ့ ဘူ တာ ကြီး နားမှာ။
မမာ က တောင် လေး သောင်း အလှူ ငွေ ပေး ထား တာ ရှိ တယ်
သွား မထည့် ရသေးဘူး မယ် ပု ရေ
က ဲ ပိုစ်အကြောင်းပြော တော့ မယ်
တ ချို့ မိသား စုတွေမှာ
ကလေး ကို စာ သင်ပေး မယ် ့ အလှူ ရှင် ရှိ တာ တောင် မှ
ဆက် မထား နိုင်ကြ ဘူးလေ။
ဒီကလေး ရဲ့ လုပ်အားက ရ တဲ့ ငွေ နဲ့ မိသားစု
ထမင်း ပွဲ ကို ဖြည့် ပေးရမှာကိုး။
ရေရှည် မကြည့် ဘူးလား လို့ တော့ အပြစ်တင်လို့လဲမ ရ နိုင်ပြန်ဘူး။
နောက်လာမယ့် နှစ် ဆို တာ ဝေး သေး တယ်။
နက်ဖြန် ထမင်းစားရ ဘို့ က ပိုအရေးကြီး တယ် လေ။
ဘဝ ကြီးက ဒီလိုပါဘဲ လေ။
(လိုချင်တဲ့သီချင်းနာမယ်လေး ပြန ်ပြော ပါ အုံး ဘယ်သီချင်းကိုပြောထားတယ်ဆိုတာမမှတ်မိတော့လို့
သီချင်းကို မေးလ် ထဲ ဖြစ်ဖြစ် ဖွဘုတ်ထဲက ဖြစ်ဖြစ် ပို့ပေးလိုက် မယ်။)
ကိုပေါက်(မန္တလေး)
June 23, 2014 at 2:25 pm
ဇာကြီးရေ
နိုင်ငံအပြင်ရောက်သွားတဲ့လူ နဲ့ ဒီ နိုင်ငံ ထဲမှာ ဘဲ ကျင် လည် နေရ သူ
အတွေးခြင်း က ကွာသွားတာအမှန်ပါဘဲ။
အဲ့မှာတော့ ကိုယ့်ဝန် ကို်ယ်ထမ်း ကိုယ့်ဝမ်းကိုယ်ကျောင်း ဆို တော့
ဘယ်သူ့ကို မှ ငဲ့ညှာစ ရာ ထောက်ထား စ ရာ မရှိ။
သူများအတွက်လဲ ကိုယ်ပူစရာမလို။
ကိုယ့် အတွက်လဲ ပူ ပေး မယ့် သူမ ရှိ။
မှန်၏ ကွက်တိ။
ဒီမှာကတော့ တစ်ယောက်နဲ့ တစ်ယောက်
ရို်င်း ပင်း ကြ ဝိုင်း ဝန်း ကြ ဆိုတဲ့ စရိုက် သဘာ ဝ တွေ နဲ့
နေ လာ ခဲ့ကြ တာ ဆို တော့ အိမ်ရှေ့ ပူ အိမ် နောက် မချမ်း သာ ဆို တာ မျုိုး
ဟို ဘက် အိမ်က လူ သေ ရင် တောင် ဒီဘက်အိမ်က ငို ပြ နေတာ မျုးိလေ။
အဲ တော့ ဘယ် အတွေးအ ခေါ်က သာ တယ်
မှန်တယ်လု့ိ ပြောရ ခက် ပြန် ရော။
ကိုယ်ကတော့ အဆင် ပြေ နေပြီး သူများအဆင်မပြေဘူးဆို
မနေတတ် မထိုင်တတ်ဖြစ်နေတတ်တာကို က ခေါက်ရိုး ကျုးိနေတာကိုး။
ထားတော့။
ဆိုလိုချင် တာ က ဒီအ ဆင် မပြေ မူ ့ တွေကို
ဘယ်လိုပြေ လည်အောင်ဖြေရှင်းကြ မလဲ
တကယ်ဖြစ်နေတဲ့ အရင်းအမြစ်က ဘာကြောင့် လဲ
ငါတို့ ဘာ ဝိုင်းလုပ်ပေးရင် ကောင်း မလဲ လို့ မတွေးဘဲ
ဟိုလူမျိုးလက်ဝါးကြီး အုပ်လို့
ဒီလူမျုိုး ဝင် လာ လို့ ဆို တဲ့
စကားလုံးတွေနဲ့ ဖောက်ခွဲ နေ ကြ တာ ကို ဖတ် ရ တော့
ဒီကဗျာလေး ရေး ဖြစ ်သွားတာပါ။
Mr. MarGa
June 23, 2014 at 3:27 pm
သက်ပြင်းမောတစ်ချက်ကလွဲပြီး
ဘာမှ မပြောနိုင်ဘူးဗျာ
ကိုပေါက်(မန္တလေး)
June 23, 2014 at 4:59 pm
တိုင်းပြည်တစ်ခုလုံးအချိုးညီညီ တိုး တက်လာ ခဲ့ မယ် ဆိုရင်
ဒီလိုမောစရာတွေ မရှိ နိုင်တော့ ပါ ဃဃ ရေ
Mr. MarGa
June 23, 2014 at 5:24 pm
ဆယ်နှစ် ဆယ်နှစ် ဆိုတဲ့စကား ကြားမိနေသလို… လို…
Ma Ma
June 23, 2014 at 5:12 pm
လောကကြီးမှာ ကိုယ်မတတ်နိုင်တာတွေ အပုံကြီးမို့….
ဥပက္ခာလေးလည်း ပြုနိုင်မှ 🙁
ကိုပေါက်(မန္တလေး)
June 24, 2014 at 9:41 am
မမ ရေ နိုင် သ လောက ်လေး လုပ် တာ မှန် ပေ မယ့်
ကိုယ့် ရှေ့ မှာ မြင် ကြား နေ ရ တော့လဲ စိတ်မချမ်းသာတာအမှန်ပါဘဲ။
အိမ်ရှေ့ ပူူ အိမ် နောက်စိတ်မချမ်း သာ ဆို သလိုပေါ့
kai
June 24, 2014 at 4:28 pm
အလုပ်အကိုင်အခွင့်အလန်းတွေ.. ဖွင့်ပေးရမယ့်တာဝန်က.. နိုင်ငံရေးသမားတွေဆီမှာပါ..
တိုင်းပြည်တခုမှာ.. အရေးအကြီးတကာ့အကြီးဆုံးတခုပေါ့…။
အလုပ်အကိုင်အခွင့်အလန်းတွေများများဖွင့်ပေးဖို့.. ရွေးကောက်ပွဲမှာကတိတွေပေးရတယ်..
ရွေးခံရရင်.. အကောင်အထည်ဖော်ရတယ်..။
အကောင်အထည်မဖော်နိုင်ရင်.. လူထုက(မဲနဲ့) ပြန်ဖြုတ်ချရတယ်..။
ဒါက. ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေရဲ့.. လုပ်ထုံးဓလေ့…။
ကိုပေါက်(မန္တလေး)
June 24, 2014 at 5:31 pm
ကိုခိုင်ပြောတာ မှန်တယ်
ဒါ ပေမယ့် ကျနော်အ ခု အသက် 57 ပြည့် တော့ မယ်
ကျနော်တစ်သက် ကိုခို်င်ပြောတဲ့ နိုင်ငံရေး သမား ကိုယ်စား လှယ် ကို တစ်ခါ မှ မတွေ့ ရ သေ း ဘူး
လာ မယ် 2015 မှာ တော့ ကို ခို်င်ေ ပြာ သလို ရွှေးခွင့် ကြုံ မယ် ထင် တယ်
စောင့် ကြည့် ရ တော့ မယ်