Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဆရာအောင်သင်း၏စာတစ်ပိုဒ်နှင့်ကျွန်တော့်ဘဝတစ်ခု

Moe Ma HarOctober 26, 20141min2651

သက်မဲ့စာတစ်ကြောင်းသည်သက်ရှိလူသားတစ်ဦး၏အပြုအမူအပြောအဆိုအနေအထိုင်ဘဝတစ်ခုကိုပြောင်းလဲနိုင်သည်ဟုသင့်အားပြောပါကသင်လက်ခံနိုင်ပါမည်လား။လက်မခံဟုသင်ပြောမည်ဆိုလျှင်ကျွန်တော်ကသင့်အားလက်ခံလိုက်ပါဟုတိုက်တွန်းရပေလိမ့်မည်။ဘာကြောင့်လဲ။စာတစ်ကြောင်းကလူူတစ်ယောက်ဘဝကိုပြောင်းလဲနိုင်ပါသည်။ဘယ်သူ့ဘဝလဲ။ကျွန်တော့်ဘဝပါ။ကျွန်တော်ငယ်ငယ်ကစာဖတ်ခြင်းဝါသနာမပါခဲ့ပါ။ဘဝ၏အဓိပ္ပယ်နားမလည်။ရှင်သန်ခြင်းအဓိပ္ပာယ်ဘာမှန်းမသိ။စိတ်ဓာတ်ခွန်အားဆိုတာဝေလာဝေး။ကျွန်တော်သိသည်ကသူငယ်ချင်းများနှင့်လက်ဖက်ရည်ဆိုင်ထိုင်ခြင်းနှင့်လျှောက်လည်ခြင်းပင်။အဲဒီအချိန်ကကျွန်တော့်ဘဝကတကယ့်ဝါးလုံးခေါင်းလေးပါ။ဝါးလုံးခေါင်းထဲလသာခဲ့တဲ့လူတစ်ယောက်ပေါ့။တစ်နေ့ကျွန်တော်လက်ဖက်ရည်ဆိုင်ထိုင်ဖို့သူငယ်ချင်းကိုသွားခေါ်ခဲ့တယ်။သူငယ်ချင်းအိမ်ရောက်တော့သူငယ်ချင်းအဝတ်လဲတာစောင့်နေရင်းပျင်းပျင်းရှိတာနဲ့ရှေ့နားမှာတွေ့တဲ့စာအုပ်တစ်အုပ်ကောက်လှန်လိုက်မိတယ်။သူငယ်ချင်းအဖေရဲ့စာအုပ်ပါ။စာအုပ်ရဲ့ရှေ့ဆုံးစာမျက်နှာမှာတွေ့လိုက်မိတာကသူငယ်ချင်းအဖေလက်ရေးနဲ့စာရေးဆရာတစ်ယောက်ရဲ့စာပိုဒ်တစ်ပိုဒ်ကူးထားတာလေးပါ။

စာဖတ်လို့ဘာတွေဖြစ်လာမှာလဲလို့တချို့ကထင်ကြတယ်။ဟုတ်ပါတယ်။ဘာမှဖြစ်မလာပါဘူးဒါပေမဲ့လူ”အ”ဘဝကလွတ်သွားတာပေါ့။

ဆရာအောင်သင်း

အဲဒီစာပိုဒ်ဖတ်လိုက်ရုံနဲ့ကျွန်တော့်ခေါင်းထဲအတွေးတစ်ခုဝင်မိခဲ့တယ်။ငါစာမဖတ်ခဲ့ဘူး။ဒါဆိုငါလူ”အ”ပေါ့။ဟုတ်တယ်ဒါဆိုငါလူ”အ”ပဲ။ငါသိတာဘာမှမရှိတာလူ”အ”ပေါ့။ဒါဆိုငါဘာလုပ်သင့်လဲ။စာဖတ်သင့်တယ်။ဒီအတွေးတစ်ခုကကျွန်တော့်ဘဝကိုပြောင်းလဲပေးခဲ့တယ်။အဲ့နေ့ကစပီးစာကိုတတ်နိုင်သလောက်ဖတ်ခဲ့တယ်။သူငယ်ချင်းနဲ့လက်ဖက်ရည်ဆိုင်ထိုင်ချိန်တွေလျော့ခဲ့တယ်။လက်ဖက်ရည်ဖိုးကတော့စာအုပ်ဖိုးပြောင်းသွားတာပေါ့။ဒီလိုနဲ့ကျွန်တော့်ကိုယ်ပိုင်အချိန်တွေတန်ဖိုးရှိလာတယ်။စိတ်ဓာတ်ခွန်အားလဲတိုးလာခဲ့တယ်။လူ့တန်ဖိုးဆိုတာလည်းစာအုပ်တွေထဲကသင်ယူနားလည်ခဲ့တယ်။ကျွန်တော်လှည့်မကြည့်ခဲ့တဲ့အမေ့ဈေးဆိုင်ပေါ်ကဈေးရောင်းသူဟာကျွန်တော်ဖြစ်သွားခဲ့တယ်။အကြီးမားဆုံးပြောင်းလဲမှုကတော့၁ဝတန်း၂နှစ်မဖြေခဲ့တဲ့ကျွန်တော်၁ဝတန်းပြန်ဖြေပြီးနည်းပညာတက္ကသိုလ်ဝင်ခွင့်ရခဲ့တာပါပဲ။အဲ့ဒါကြောင့်ကျွန်တော်ပတ်ဝန်းကျင်ကညီငယ်ညီမငယ်များကိုစာများများဖတ်ဖို့အမြဲတိုက်တွန်းခဲ့တယ်။

ဥပမာတစ်ခုနဲ့ပေါ့

ဆရာအောင်သင်းရဲ့စာတစ်ပိုဒ်နဲ့ကျွန်တော့်ဘဝတစ်ခုဥပမာနဲ့ပေါ့။

ဤဆောင်းပါးဖြင့်၂၅.၁၀.၂၀၁၄ရက်မနက်၁၁နာရီခန့်ကကွယ်လွန်ခဲ့သောဆရာအောင်သင်းအားရှိခိုးပူဇော်လိုက်ပါသည်။ဆရာကောင်းရာသုဂတိလားပါစေ။

မိုးမဟာ~~~~~~~~

One comment

  • အလင်းဆက်

    October 26, 2014 at 11:18 am

    😥

    😥

    လူငယ်များ၏ လမ်းညွှန်ကြယ် ကြွေလွင့်
    By
    ထွန်းခိုင်
    ဇေနွေထွန်း
    On
    Sun, 2014-10-26 06:05
    Issue No.
    No.543 Sunday, October 26, 2014
    http://www.7daydaily.com/story/23595#.VEx8eVeI9Dg

    စာရေးဆရာကြီး ဦးအောင်သင်းသည် အောက်တိုဘာ ၂၅ ရက် နံနက် ၁၁ နာရီ ခန့်က ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ဓမ္မိကဝတီလမ်းရှိ နေအိမ်၌ လူကြီးရောဂါ ဖြင့် ကွယ်လွန်သွားသည်။

    ကွယ်လွန်ချိန်တွင် အသက် (၈၈) နှစ်အရွယ်ရှိပြီဖြစ်သည့် ဆရာကြီး ဦးအောင်သင်း၏ ဈာပနအခမ်းအနားကို အောက်တိုဘာ ၂ရ ရက် ညနေ ၃ နာရီတွင် ရန်ကုန်မြို့ ရေဝေးသုသာန်၌ ကျင်းပမည်ဖြစ်ပြီး ကျန်ရစ်သည့် ရုပ်အလောင်းကို ဂူသွင်းသင်္ဂြိုဟ်မည်ဟု ၎င်း၏ မိသားစုဝင်များက ပြောသည်။

    ဆရာကြီး ဦးအောင်သင်းသည် ဘဝတစ်လျှောက် ရေးသားခဲ့သည့် စာအုပ်များ၊ ရသစာပေဝေဖန်အကဲဖြတ်ချက်များ၊ စာပေဟောပြောပွဲများကြောင့် မြန်မာနိုင်ငံတွင် တန်ဖိုးမဖြတ်နိုင်သော စာရေး ဆရာကြီးတစ်ဦး ဖြစ်သည်။

    မြန်မာစာပေသမိုင်းတွင် လူ သိများသည့် သမိုင်းဝင်စာဆို အ များအပြားထွက်ပေါ်ရာ မကွေး တိုင်းဒေသကြီး တောင်တွင်းကြီး မြို့နယ်တွင် ဆရာကြီးကို ၁၉၂ရ ခုနှစ်က မွေးဖွားခဲ့ခြင်းဖြစ်သည်။

    လွတ်လပ်ရေး ကြိုးပမ်းမှု ကာလများတွင် တော်လှန်ရေးသ မား၊ နိုင်ငံရေးသမား၊ အရပ်ဘက် နှင့် စစ်ဘက်တက္ကသိုလ်ကထိက၊ ကျောင်းဆရာ၊ စာပေဝေဖန်ရေး သမား၊ စာရေးဆရာစသည့် ဘဝ မျိုးစုံ၌ ကျင်လည်ခဲ့သူဖြစ်သည်။

    မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုကာလဖြစ်သည့် ၁၉၄ရ တွင် ဆရာကြီးသည် ပြည်သူ့ရဲဘော်အဖွဲ့သို့ ဝင်ရောက်ခဲ့သည်။ ထိုမှတစ်ဆင့် ဆိုရှယ်လစ်ပါတီသို့ ဝင်ရောက်ခဲ့ပြီး ခရိုင်စည်းရုံးရေးမှူးအထိ တာဝန်ယူခဲ့သည်။

    လွတ်လပ်ရေးရပြီး ပြည် တွင်းစစ်ဖြစ်နေချိန် ၁၉၄၉ တွင် ရဲဘော်ဖြူများ၏ ဖမ်းဆီးခြင်းခံရပြီး မကွေးထောင်၊ တောင်တွင်းကြီးထောင်၊ ပြည်ထောင်၊ သရက်ထောင်များ၌ အကျဉ်းကျခံခဲ့ရပြီး ၁၉၄၉ နိုဝင်ဘာတွင် သရက်ထောင်ကို ဖောက်၍ ထွက်ပြေးလွတ်မြောက်ခဲ့သည်။

    အဆိုပါ အတွေ့အကြုံများ ကို နောင် ၁ဝ နှစ်ခန့် အကြာ ၁၉၅၉ တွင် ‘သရက်ထောင် ဖောက်ခဲ့စဉ်က’ အမည်ဖြင့် မြဝတီမဂ္ဂဇင်း၌ ဆောင်းပါးရေးသားခဲ့သည်။ ယင်းဆောင်းပါးသည် သူ၏ စာရေးဆရာဘဝတွင် ပထမဆုံး ပုံနှိပ်ဖော်ပြခံခဲ့ရသော လက် ရာတစ်ခုအဖြစ်လည်း သတ်မှတ်ခံခဲ့ရသည်။

    ဆရာကြီးသည် လူငယ်များ ပညာကြိုးစားရှာဖွေရန်နှင့် ဘဝ ကို အရှုံးမပေးရန် ဟောပြော ရေးသားချက်များကြောင့် အထူး ထင်ရှားခဲ့သူဖြစ်သည်။

    ဆရာကြီး ဦးအောင်သင်းသည် လူငယ်များကို လုံ့လစိုက်ထုတ်ကြရန် သတိပေးရုံသာမကဘဲ သူကိုယ်တိုင်လည်း လိုက်နာခဲ့သူဖြစ်ကြောင်း၊ သူ့ဘဝ၏ နောက်ဆုံးအချိန်များအထိ စာပေရေးသားမှုများကို ဝီရိယကြီးစွာ လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း စာရေးဆရာ ချစ်ဦးညိုက ပြောကြားသည်။

    ‘‘အသက်က (၈၈) နှစ်ရှိပြီ။ အသက်နဲ့မမျှအောင် နှောင်းပိုင်း အချိန်တွေမှာ လူငယ်တွေကို အ ချိန်ပေးခဲ့တယ်။ ဆရာဟောပြော၊ ရေးသားခြင်းတွေက စေတနာ ကောင်းထားပြီး လုပ်တာ။ လူငယ် တွေကို အသက်ကြီးတဲ့ နှောင်းပိုင်း စာမရေးနိုင်တာ နှုတ်ကပြော လိုက်ရေးစေတယ်’’ ဟု စာရေးဆ ရာ ချစ်ဦးညိုက အမှတ်တရစကားဆိုသည်။

    ဆရာကြီး ဦးအောင်သင်းသည် အမွေ၊ ကိုယ်ကျင့်နှင့် ပညာ၊ ကံ့ကူ လက်လှည့်နှင့် အခြားဆောင်းပါးများ၊ ဖတ်ကြည့်စမ်းပါ၊ စွန့်စွန့်စားစား၊ မျိုးဆက်သစ် တိုးတက်ရစ်ဖို့စသည့် လူငယ်နှင့် ကိုယ်ကျင့် စံနှုန်းများဆိုင်ရာ စာအုပ်များ၊ အကြိုက်ဆုံး ဝတ္ထုတိုများနှင့် သုံးသပ်ချက်များ၊ စာပေလူကြမ်းမင်းသား အောင်သင်း၊ သူတို့နှင့် ကျွန်တော်စသည့် စာပေသုံးသပ်ချက်နှင့် တွေ့ဆုံမေးမြန်းခန်း ဆောင်းပါးများ ရေးသားခဲ့သူလည်း ဖြစ်သည်။

    ‘‘သူ့စာအုပ်က ရောင်းတန်း ဝင်တာတစ်ခုတည်းတင် မဟုတ် ဘူး။ လူတွေအတွက်လည်း အသိ သစ်အမြင်သစ်ရတယ်။ လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်ကတည်းက ရေးခဲ့တဲ့ စာအုပ်တောင် အခုချိန် ထိ ခေတ်မီနေတုန်း၊ ရောင်းနေ ရတုန်း’’ ဟု စာအုပ်ထုတ်ဝေရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

    သူ၏ ဘဝတစ်လျှောက်တွင် အခြေခံ ပညာကျောင်းများ၊ အရပ်ဘက်နှင့် စစ်ဘက်တက္ကသိုလ်များတွင် ကျောင်းဆရာ တစ်ဦးအဖြစ် တာဝန်ထမ်းခဲ့သူ ဖြစ်သည်။

    အသက် (၂၆) နှစ်အရွယ် တွင် တောင်တွင်းကြီး၌ အလယ် တန်းကျောင်းဆရာအဖြစ် ဝင် ရောက်လုပ်ကိုင်ခဲ့ပြီးနောက် ပြင်ဦးလွင် စစ်တက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်နှင့် မော်လမြိုင် ဒီဂရီကောလိပ်အပါအဝင် အရပ်ဘက် နှင့် စစ်ဘက်တက္ကသိုလ်များတွင် နည်းပြဆရာ၊ ကထိကတာဝန် များလည်း ထမ်းဆောင်ခဲ့သည်။

    ‘‘ဆရာက စစ်တက္ကသိုလ်မှာ လည်း စာသင်ဖူးတော့ တပ်ထဲမှာ အရာရှိဖြစ်နေတဲ့ သူ့တပည့်တွေ က အများကြီးပဲ။ နာရေးဖြစ်တယ်ကြားတော့ ဘာကူညီရမလဲ ဆိုပြီး လှမ်းဆက်ကြတယ်။ တပ်ဘက် ရော၊ အရပ်ဘက်ကရောပဲ’’ ဟု ဦးအောင်သင်း၏ နာရေးတွင် လာ ရောက်ကူညီနေသည့် ဆရာကြီး ၏ တပည့်တစ်ဦးကပြောသည်။

    ဦးအောင်သင်း သက်ရှိထင် ရှားရှိနေစဉ်တွင် နောက်ဆုံးထုတ် ဝေသည့် စာအုပ်အဖြစ် ‘သူတို့ လေးတွေ အမေး ကျွန်တော့်အ ဖြေ’ အမည်ဖြင့် စာအုပ်ကို ပြီးခဲ့ သည့်ရက်ပိုင်းအတွင်း ခဝါ လှေမွန်စာအုပ်တိုက်က ထုတ်ဝေ ခဲ့သည်။

    ယင်းစာအုပ်သည် ၂၀၀ဝ ပြည့်နှစ်များအတွင်း ရွှင်ပြုံးဂျာနယ်တွင် အပတ်စဉ် ဖော်ပြခဲ့သည့် အမေးအဖြေများကို စုစည်းထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်း ခဝါလှေမွန်စာအုပ်တိုက်မှ ဒေါ်အိဇာမွန်က ပြောသည်။
    ဆရာကြီး ဦးအောင်သင်း၏ ရုပ်အလောင်းကို အောက်တိုဘာ ၂ရ တွင် ဂူသွင်းသင်္ဂြိုဟ်မည်
    ဦးအောင်သင်း (၁၉၂၇-၂၀၁၄)

    ၁၉၂ရ ဧပြီ ၁ရ တွင် တောင်တွင်းကြီးမြို့မှ အဖ သခင်ညီမောင်၊ အမိ ဒေါ်ရွှေကြင်တို့မှ မွေးဖွားခဲ့သည်။
    ၁၉၄ရ တွင် ပြည်သူ့ရဲဘော်တပ်ဖွဲ့သို့ ဝင်ရောက်ခဲ့၊ ထိုမှတစ်ဆင့်ဆိုရှယ်လစ်ပါတီသို့ ရောက်ရှိ။
    ၁၉၄၉ တွင် ရဲဘော်ဖြူများ၏ ဖမ်းဆီးမှုခံခဲ့ရပြီး ယင်းနှစ် နိုဝင်ဘာလတွင် သရက်ထောင်ဖောက်ထွက်ပြေးခဲ့။
    ၁၉၅၃ တွင် ဆယ်တန်း၊ ၁၉၆ဝ တွင် ဝိဇ္ဇာတန်း၊ ၁၉၆၁ တွင် မဟာဝိဇ္ဇာအရည်အချင်းစစ်စာမေးပွဲများ ဖြေဆိုအောင်မြင်ခဲ့။
    ၁၉၅၉ တွင် သရက်ထောင် ဖောက်ခဲ့စဉ်က အတွေ့အကြုံများကို မြဝတီမဂ္ဂဇင်းတွင် ရေးသားပြီး စာပေလောကထဲသို့ စတင်ဝင်ရောက်ခဲ့။
    ၁၉၆၂ တွင် ရန်ကုန်တက္ကသိုလ်၊ ၁၉၆၃ တွင် မော်လမြိုင် ဒီဂရီကောလိပ်နှင့် ၁၉၆၅ တွင် ပြင်ဦးလွင်စစ်တက္ကသိုလ်တို့တွင် နည်းပြဆရာ၊ လက်ထောက်ကထိက တာဝန်များ ယူခဲ့။
    ၂၀၁၄ တွင် ကွယ်လွန်။

Leave a Reply