Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စိတ်ကိုပြင်ချင် ရိပ်သာဝင် အပိုင်း(၅)ဇတ်သိမ်း

aye.kkNovember 30, 20141min75114

ရုပ်နာမ်တွေရဲ ့မမြဲမှုတွေ ထင်ရှားဖြစ်ပေါ်နေတဲ့ ၊  မသိတတ်တဲ့ရုပ်တရားနဲ ့

သိတတ်တဲ့ နာမ်တရားတွေကိုမှီပြီး ၊ စိတ်ဆင်းရဲခြင်း ၊ ကိုယ်ဆင်းရဲခြင်းတွေ ဖြစ်ရတာဟာ

ကိုယ်တွေ ့ကျင့်ကြံမှသာ ၊ သိရမြင်ရတဲ့ တရားဆိုတာကို ကျမကိုယ်တိုင်ကိုယ်ကျ လက်ခံနားလည်လာလို ့ပါပဲ ။

ကျမ အနေနဲ ့က ၊ မဟာသတိပဌာန် ဝိပဿ       နာ ဘာဝနာတရား အားမထုတ်ခင် အချိန်က ၊

အနိစ္စ ဒုက္ခ အနတ္တဆိုတဲ့ သဘောတွေကို ၊ သုတအသိ အနေနဲ ့သာသိလာခဲ့တာပါ ။

မဟာသတိပဌာန်ကို နည်းမှန်လမ်းမှန်နဲ ့ကိုယ်တိုင်ကျင့်ကြံပွားများ အားထုတ်ကြည့်မှသာ ၊ အမှန်သိမြင်လာနိုင်ခဲ့ပါတယ် ။

သုတအသိနဲ ့အမှန်သိက တစ်ခြားစီဆိုတာကို ၊ ကျမကိုယ်တွေ ့သိမြင်ခံစားလိုက်ရပါတယ် ။

ဒါက ကျမရိပ်သာဝင်ခဲ့တာဟာ ၊ အမြတ်ဆုံးအလုပ် အမြတ်ဆုံးကုသိုလ် ပြုလုပ်နိုင်ခဲ့တဲ့ ရရှိတဲ့ အကျိုးတရားပါပဲ ။

သုတအသိမဟုတ်တော့ပဲ ၊ ကိုယ်တိုင်ကျင့်မှသိတဲ့ အမှန်သိကို ကျမမြင်သိခဲ့တာပါ ။ ကျမအနေနဲ ့ ၊  မျှဝေလို ့လည်း မရတဲ့အတွက်

စာဖတ်သူတွေ အားလုံးကိုလည်း ၊ မဟာသတိပဌာန်ကို နည်းမှန်လမ်းမှန်နဲ ့ ကျင့်ကြံ ကြိုးစား ပွားများ အားထုတ်နိုင်ကြပြီး

အမှန်သိဉာဏ်ဖြစ် သိမြင်နိုင်ကြပါစေ လို ့ ဆုတောင်းမိပါတယ် ။

ဒုက္ခသစ္စာတရားဆိုတာ ၊ သတိပဌာန်အကျင့်မြတ်အမှန်ကို နည်းမှန်လမ်းမှန်နဲ ့ကိုယ်တိုင်ကျင့်ကြံ ပွားများ အားထုတ်မှသာ ၊ အမှန်သိပြီး ၊

အမှန်သိမှသာ ဆင်းရဲဒုက္ခဆိုတာကို ပယ်ချင်တာမို ့ပါ  ။

ကိုယ်တိုင်မကျင့်ကြံ ၊ မအားထုတ်ပဲနဲ ့ မသိနိုင်တဲ့အတွက် ၊ ပယ်နိုင်မှာမဟုတ်တာ အမှန်ပါ ။

စိတ်ကိုပြင်ချင်ရင် ရိပ်သာဝင်စေချင်ပါတယ် ။။

စေတနာများစွာဖြင့်သာ (အေးကေကေ)

14 comments

  • weiwei

    December 1, 2014 at 10:30 am

    သာဓု သာဓု သာဓုပါ အန်တီအေး …

  • ခင်ဇော်

    December 1, 2014 at 11:19 am

    လက်တွေ့မလုပ်ဖူးပဲ ပြောနေတာကို
    မကြိုက်တာမို့
    တရားစကား ဆို
    ရှောင်နေမိတဲ့ ကိုယ့်ကိုယ်ကို ကြပ်မတ်မှရတော့မယ်။

    သာဓု သာဓု သာဓုပါ အန်တီအေး …

  • kyeemite

    December 1, 2014 at 2:06 pm

    သာဓု သာဓု သာဓုပါ အန်တီအေး …ခင်ဗျာ

  • aye.kk

    December 1, 2014 at 3:59 pm

    ဝေဝေ၊ခင်ဇော်၊ကြီးမိုက်
    တို ့အားလုံး သာဓုခေါ်တာ ဝမ်းသာပီတိ ဖြစ်မိရပါတယ်။

  • aye.kk

    December 1, 2014 at 9:33 pm

    ပြက်ပြက်ထင်ထင် ဆိုတာ ပညတ်တွေပါကွယ် ။
    ပညတ်တွေမြင်သမျှ ဒုက္ခသစ္စာ မသိနိုင်ပါတယ် ။
    အန်တီအေးလည်း ပညတ်တွေမစင်သေးလို ့ထပ်ပြီးရိပ်သာဝင်ရဦးမှာပါ…..။။

  • ဦးကြောင်ကြီး

    December 2, 2014 at 11:22 am

    ရိပ်သာဝင်
    လိပ်ပြာရွှင်
    စိတ်နာလျင်
    အိပ်ပါရှင်..။
    အမ်တီအေး အနော့်ကို မျက်စေ့သူငယ် နားသူငယ် တျောက်ထဲ လူရိုင်းရွာဂျီးမှာ ထားမသွားပါနဲ့။ အလှူ ရှိလျင် ခေါ်ပါ…

  • aye.kk

    December 2, 2014 at 1:46 pm

    ကောင်းတဲ့နေရာဆိုခေါ်မှာ
    လိုက်ချင်တဲ့ဆန္ဒရှိဘို ့ပဲလိုတာ…အလှူ ရှိရင်ဖိတ်မယ် လာဘို ့ပြင်ထားနော် ။။

  • surmi

    December 2, 2014 at 2:54 pm

    စိတ်တူကိုယ်မျှ သာဓုခေါ်ပါတယ် အန်တီအေးရေ

  • aye.kk

    December 2, 2014 at 3:32 pm

    ကိုဆာမိ
    ဝမ်းသာပီတိဖြစ်မိပါတယ် ။

  • thit min

    December 5, 2014 at 10:35 pm

    လုပ်ရမယ့်အလုပ် မဖြစ်မနေလုပ်ရမယ့်အလုပ်ဆိုတာ ကျွန်တော်လည်း
    ခံယူထားပေမယ့် ..အချိန်တော်တော်ယူချင်လို့ အရှိန်ယူနေရတာနဲ့
    တကယ်မလုပ်ဖြစ်သေးပါဘူး။
    အစ်မစာလေးဖတ်ပြီး…အမြန်ဆုံးအကောင်အထည်ဖော်ချင်မိပါတယ် ခင်ဗျ။

  • padonmar

    December 6, 2014 at 1:15 am

    သာဓုခေါ်ပါတယ် အေးကေကေ။

  • မြစပဲရိုး

    December 6, 2014 at 5:45 am

    အစ်မအေး

    ကျွန်မလဲ ကျောင်းတက်တုန်း က ကျောင်းပိတ်ချိန် ရိပ်သာဝင်လေ့ရှိပါတယ်။
    သူငယ်ချင်း တွေ နဲ့ အပျော်လာဝင်တဲ့ ကျွန်မတို့ လို ဆပ်ဆလူး တွေ၊ အိမ် နဲ့ စိတ်ဆိုးပြီး ရိပ်သာ လာဝင်ပြီး အတင်းပြောတတ်တဲ့ အဖွားကြီး တွေ ကြားမှာ
    တကယ် တရား အားထုတ် လို တဲ့ လူ တွေ ကို အခု အားနာမိ နေရောဘဲ။
    တစ်ခုတော့ ရှိ တယ် အဲဒီလို လူ တွေကြားမှာ နေပြီး စိတ်ထား တတ် သွားရင် ကို အတော် တရား ရှိ တယ် ပြောနိုင်မလားဘဲ။
    အစ်မ ရဲ့ တရားရိပ်သာ မှာရော အဲလို လူ တွေ မတွေ့ဘူးလား။

    အသေအချာ စေတနာ နဲ့ တိုက်တွန်းထားတဲ့ Post လေး အတွက် ကျေးဇူးပါနော်။

  • aye.kk

    December 6, 2014 at 11:47 pm

    ကိုသစ်မင်း ၊ ဒေါက်တာပဒုမ္မာ
    ဝမ်းသာပီတိပွားမိပါတယ် ။
    မြစပဲရိုး….
    ကျေးဇူးပါ ။ မေးတာကိုလည်း ကျေးဇူးတင်တယ် ။ အမတွက် ချပြစရာလေးဖြစ်ရတဲ့အတွက်ပါ ။
    အမအခုအားထုတ်ခဲ့တဲ့ တာချီလိတ်ငွေတောင်ဦး ကမ္မဌာန်းကျောင်းတိုက်မှာက..
    တရားအားထုတ်တဲ့နေရာအားလုံးမှာ ဆရာတော်က စီစီတီဗွီ ရုပ်မြင်ကင်မရာတွေ တပ်ဆင်ထားပါတယ်။ထမင်းစားဓမ္မာရုံအပါဝင် ကျောင်းမှာ နေရာအားလုံးလို ့ပဲပြောရမှာပါ ။
    သူ ့ကျောင်းမှာအားထုတ်တဲ့သူတွေအားလုံး အကျိုးရှိစေဘို ့အတွက် ပြုလုပ်တပ်ဆင်ထားပါတယ်။
    ကမ္မဌာန်းဆရာတော်ကိုယ်တိုင်က ယောဂီ တစ်ယောက်ချင်းစီကို အချိန်ပြည့် အားထုတ်မှုရှိမရှိနဲ ့
    ဆရာတော် ကိုယ်တိုင်ကနေ ကျောင်းမှာ
    ထုတ်ပြန်ထားတဲ့ စည်းမျဉ်းဥပဒေတွေကို လိုက်နာမှု ရှိမရှိဆိုတာကို စီစီတီဗွီကနေ အချိန်မရွေး
    ပြန်စစ်ဆေးပါတယ် ။ ယောဂီတွေ တရားစစ်ဆေးတဲ့အခါတိုင်း လိုက်နာမှုမရှိတာတွေ ့ရင် လိုက်နာမှုမရှိတဲ့ယောဂီကို ချက်ခြင်းလိုက်နာဘို ့မိန် ့ကြားပါတယ် ။ အချို ့ယောဂီက ငြင်းကွယ်ဘို ့ကြိုးစားရင် စီစီတီဗွီကနေ ယောဂီအားလုံးရဲ ့ရှေ့မှာတင် အားလုံးကို တွေ ့မြင်စေအောင် ပြသပါတယ် ။ ချက်ခြင်းဖွင့်ပြပါတယ် ။ မိန် ့ပြီး မလိုက်နာရင် ကျောင်းကနေ
    ချက်ခြင်းနှင်ထုတ်ပါတယ် ။ ဒါကအမကိုယ်တွေ ့မျက်မြင်ပါ။ ဆရာတော်ကျောင်းမှာ စကားပြောခွင့် ကို အပြစ်အကြီးဆုံးသတ်မှတ်ထားပါတယ် ။ စကားပြောတာကို လုံးဝခွင့်မပြုပါဘူး။
    သီလလုံအောင်နေရတဲ့အတွက် ၊ သီလလုံအောင်စောင့်စည်းရလို ့၊ သီလအပျက်ခံပြီး ဘယ်ယောဂီကမှ စကားမပြောကြပါဘူး။ ပြောတဲ့ယောဂီကတော့ ဆရာတော်ကျောင်းမှာ အားထုတ်ဘို ့အခွင့်အလမ်း ဆုံးရှုံးသွားတာက အမှန်ပါဘဲ။ အချို ့ယောဂီတွေ လာအားထုတ်ပါတယ် သုံးရက်ပြည့်အောင် မနေနိုင်ပဲ ပြန်ပြေးတာလည်းတွေ ့ရပါတယ် ။ ဆရာတော် ကျောင်းမှာ အစစအရာရာ ပြည့်စုံလှတဲ့အတွက် လာရောက်အားထုတ်ချင်ကြတဲ့သူတွေ အတော်များပါတယ် ။ အမမိတ်ဆွေ တစ်ချို ့ကလည်း လာရောက်ပြီး တရားအားထုတ်ချင်ပေမယ့် ။ ဆရာတော်ကျောင်းက စည်းမျဉ်းဥပဒေတွေ ကြားသိရတာနဲ ့တင် အခြားရိပ်သာမှာ သွားဝင်လိုက်ရတဲ့အကြောင်းတွေကိုလည်း အမကိုထုတ်ပြောပြကြပါတယ် ။ အမလက်ခံပါတယ် ။ အမကိုယ်တိုင်က ဆရာတော်ကျောင်းမှာ အားထုတ်သူဖြစ်နေလို ့ပါပဲ ။ နောက်တခုပြောပြချင်ပါတယ် အမငယ်တုန်းက အားထုတ်တဲ့ ကျိုက်ထိုမြို ့ အရင်အခေါ်ဝေါ်က အောင်သပြေရိပ်သာ ။ အခုတော့ မဟာဗောဓိကိုးထောင်လို ့လူသိများပါတယ် ။ အမဆယ့်တစ်နှစ်အရွယ်မှာ ဆရာတော်က ပထဦးဆုံးအကြိမ် ရိပ်သာဖွင့်လှစ်ခဲ့တာပါ ။ ပထမဆုံး စဖွင့်တဲ့အချိန် အမတရားထိုင်ခဲ့ရတာပါ။ အဲဒီတုန်းကလည်း ဆရာတော် ကိုယ်တိုင်က စောင့်ကြပ်ပြီး ကြည့်ရှုပြီး တရစပ် တည့်မတ်ပြင်ပေးနေတာမို ့ပါ ။ အမတို ့ကိုအားလပ်ချိန် အနည်းငယ် ခွင့်ပြုပေးပါတယ် ။ ရေချိုးချိန် ဒါလည်း ဆယ့်ငါးမိနစ်သာ သတ်မှတ်ပေးခဲ့တာပါ ။ အမေရဲ ့အမနဲ ့အတူအားထုတ်ခဲ့ရတာရယ် ။ ရွယ်တူနီးပါး သုံးယောက်ရှိခဲ့တာကို အမကိုယ်တိုင်တောင် မသိခဲ့ဘုူး ။ ဓါတ်ပုံမှတ်တမ်းက ဆရာတော်ကျောင်း မှာ ရှိနေတာမို ့ ဟိုတစ်လောကမှ အမပြန်ဖြစ်လို ့ကျောင်းကိုသွားရင်း သိခွင့်ရခဲ့တာပါ ။ နောက်ပြီး အမနဲ ့နောင်တစ်ချိန်မှာဆွေမျိုးတော်စပ်ရတဲ့ သူ ၊ အမခင်ပွန်းဖက်က အမမရောက်ဘူးတဲ့ အစ်မဝမ်းကွဲအိမ်သွားလည်တော့လည်း နင့်ကိုငါက အရင်ထဲကသိနေတာ နင်က ငါ့ကိုမသိဘူး မဟုတ်လားလို ့မေးတော့ ။ အမကကြောင်သွားတာပေါ့နော် ။ ငါတို ့ငယ်ငယ်က အသက်ငယ်ဆုံးရိပ်သာဝင်ခဲ့ကြတာ သုံးယောက်ပဲရှိတာ ဓါတ်ပုံရိုက်ခဲ့ကြတဲ့မှတ်တမ်းကို ။ အမြဲထုတ်ကြည့်နေလို ့ ငါ့ကနင့်ကို မှတ်မိနေတယ်လို ့ပြောပြတော့ ။ အမလည်း ဝမ်းသာမိသွားပါတယ် ။ အမနားလည်မိတာ စည်းကမ်းကြီးတဲ့ ဆရာတော်တွေရဲ ့ကျေးဇူးတရားတွေကိုပါပဲ ။။

Leave a Reply