သိကြားမကိုဠ် ခေါ်အဆိပ်ဖြေပင်
ကျွန်တော်တို့ပတ်ဝန်းကျင်မှာမကြာခဏဖြစ်တတ်တဲ့
ပင့်ကူရှပ်ခြင်း
ကင်းကိုက်ခံရခြင်း
စသဖြင့်အဆိပ်ရှိအကောင်များကိုက်ပါကအနေရလွန်စွာခက်ပြီး
တရက်နှစ်ရက်မပျောက်တတ်ရှိတတ်ပါတယ်
မြွေမှအ ပ အဆိပ်ရှိအကောင်အတော်များများကိုက်တာကိုဆေးမြီးတိုများဖြင့်ကုသပျောက်ကင်း
နိုင်ကြပါတယ်နေရာဒေသကွဲပြားသွားသလိုကိုယ့်နယ်အလိုက်ကုသပုံလဲအမျိုးမျိုးကွဲပြား
ကြပါတယ်
အဆိပ်ရှိအကောင်ကိုက်ပါကသက်သာပျောက်ကင်းစေတဲ့အပင်တွေလဲအမျိုးမျိုးရှိကြပါတယ်
စာရေးသူတိုို့လက်တွေ့သက်သာပျောက်ကင်းတဲ့အပင်တပင်အကြောင်းပြောပြချင်ပါတယ်
သိကြားမကိုဠ်ပင်လို့ခေါ်ပါတယ်
အချို့နေရာတွေမှာစေတီပင်လို့လဲခေါ်ပါတယ်
အချို့နေရာတွေမှာတော့ဒီအရွက်ကိုသိကြားမကိုဠ်လို့အသိအမှတ်မပြုပဲ
အရွက်အနည်းငယ်ကြီးအရွက်ပတ်လယ်ခွေးသွားစိတ်များကဲ့သို့ဖြစ်နေတဲ့အပင်က်ိုခေါ်ပါသတဲ့
ဘာပြောပြောအခေါ်ကအရေးမကြီးပါဖူး
အပင်ရဲ့အသုံးဝင်မှုကအရေးကြီးပါတယ်
အပင်ဆိုပေမဲ့အပင်ကြီးမျုိုးမဟုတ်ပါ
ချုံပင်မျိုးဖြစ်ပါတယ်အရွက်ကအနည်းငယ်ရှည်ပြီးနဲနဲကြီးပါတယ်
ထူးခြားတာကအရွက်ပေါ်မှာသိကြားမင်းမကိုဠ်လိုပုံကလေးက
သစ်ရွက်စိမ်းပေါ်မှာအမဲရောင်နဲ့ပေါ်နေတာပါ
စိုက်ပျိုးရလဲမခက်ပါဖူးအပင်ကအကြမ်းခံပါတယ်ရေရှိရင်အပါွးမြန်ပါတယ်
အဆိပ်ရှိအကောင်ကိုက်ရင်သိကြားမကိုဠ်အရွက်ကိုခူးပြီးကြိတ်
အကိုက်ခံရတဲ့အနာပေါ်အုံပေးအဝတ်နဲ့စည်းထားပါ
တညအိပ်ပြီးနောက်နေ့ဆိုအကောင်းပါပဲ
နောက်တခုသုူ့အရွက်ထူးခြားချက်ကအနာမန်းတွေလဲနိုင်ပါတယ်
မွှေးကျွှတ်နာလိုကုရခက်တဲ့အနာမ ျီုး
ဝက်ခြံလိုမ ျိုးဖြစ်ရင်
အရွက်ကိုမီးအပူပေးပြီးပျော့သွားတဲ့အခါအနာပေါ်ကပ်ထားလိုက်ပါ
အနာကအရည်တွေထွက်ပြီးသက်သာသွားပါတယ်
ကိုယ့်ပတ်ဝန်းကျင်မှာမြေလွတ်ရှိတယ်ဆိုစိုက်ထားသင့်တဲ့အပင်တပင်ဖြစ်ပါတယ်
လူသားအားလုံးက ျမ်းမာကြပါစေ
7 comments
တောတွင်းပျော်
September 4, 2016 at 8:04 pm
ဟိုတနေ ့က ကျနော် ကင်းမြီးကောက် အထိုးခံရတယ်။
ဘာမှတော ့ သိပ်မဖြစ်။
ကင်းခြေများ အကိုက်ခံရတုန်းကတော ့ တစ်ညလုံး
အကိုက်ခံရတဲ ့ ခြေထောက်က မီးစလိုပဲပူတယ်။
ဒီနေ ့ညနေ ကျနော ့ညီ ကင်းမြီးကောက် အထိုးခံရတယ်။
ဆေးထိုးလိုက်ရတယ်။
သူကျတော ့ ကင်းခြေများကျတော ့ အကိုက်ခံနိုင်တယ်။ နှာခေါင်းမှာ
အကိုက်ခံရတာတောင် အေးဆေးပဲ :k:
ခု အန်ကယ်ကြီးပြပေးထားတဲ ့ အရွက်ရှာထားရတော ့မယ်။
ခဏခဏ ကင်းနဲ ့ထိနေလို ့။
ရှယ်သွားပြီ။
Ma Ei
September 5, 2016 at 3:36 pm
ဒီအပင်ကို စိုက်ထားရင်မြွေမလာဘူးလို့ပြောပါတယ်။ အရွက်မှာ မြွေဟောက်ရဲ့ ပါးပျဉ်းမှာပါတဲ့ အရာလေးပါတာကြောင့်လို့ ပြောကြပါတယ်။ နံမည်သေချာမသိပါဘူး။ သိကြားမကိုဠ်ကိုတော့ အဖြူရောင်အပွင့်လေးတွေ မကိုဠ်ပုံပွင့်တဲ့ အပင်ကိုခေါ်ကြပါတယ်။
kotun winlatt
September 5, 2016 at 4:40 pm
အန်ကယ်ကြီးရေးပြတဲ့ အပင်က ကျနော်တို့ဘက်မှာ ရေအိုင်စပ်တွေ အလေ့ကျပေါက်တဲ့အပင်တွေ ထင်တယ် အလေ့ကျပေါက်တဲ့အပင်မို့ နာမည်ဘယ်လိုခေါ်တယ်ဆိုတာတော့ သေချာမသိ အဆိပ်ပြေတယ်ဆိုတော့ ဂွတ်တယ် . . .
uncle gyi
September 6, 2016 at 7:57 am
တောတွင်းပေ ျာ်ရေမောင်ရင်ကကင်းနဲ့အမြဲထိတွေ့နေတယ်ဆိုတော့
နိမိတ်အရking ဖြစ်တော့မယ်နဲ့တူတယ်ကောင်းတယ်လို့သာမှတ်
ဟုတ်ပါတယ်မအိအေတနယ်တမ ျိုးခေါ်ကြတာဆိုတော့လွဲနိုင်ပါတယ်
မအိပြောတဲ့အပင်ကဆီးခ ျိုတကယ်ကောင်းတယ်လို့ကြားမိပါတယ်
ကိုထွန်းဝင်းလတ်ရေဘာပြောပြောသိထားတော့အရေးကြုံတော့အသုံးဝင်တာပေါ့
kai
September 6, 2016 at 3:20 pm
သေသေချာချာ သုတေသနပြုဖို့ကောင်းတယ်..။
အလွယ်ဆုံးက.. ပင့်ကူ၊ ကင်းမျိုးစုံကို တမျိုးစီတွေ.. ပုလင်းထဲထည့်..။
ရန်ကုန်မြို့လည်မှာ ချထား..။
တကောင်စီအကိုက်ခံခိုင်း..။
အဲဒီဆေးအုံ…။
နောက်တရက်နေကျ.. မပျောက်ပဲပိုဆိုးလာသူကို.. ဒေါ်လာ ၁၀ဝ လျှော်ပေး..။
=
ဟုတ်ရင်တော့.. တော်တော်ကြီးတဲ့ ဘစ်ဇနက်..။ :k:
အရင်ကကျော်စွာဦးကြီးမိုက်
September 8, 2016 at 11:38 am
ထင်တယ်…သဂျီးဒီလိုမန့်တော့မယ်လို့….ဟုတ်တော့ဟုတ်သဗျ
တစ်နေ့တစ်နေ့ ဖွဘုတ်တော်ကြီးမှာတွေ့နေရတဲ့နွယ်မျက်သစ်ပင်ဆေးဘက်ဝင်ပုံတွေ
ကတပုံတပင်ပဲ :))
uncle gyi
September 8, 2016 at 3:26 pm
ဒီအပင်ကလက်တွေ့စမ်းပြီးသားအပင်နော်သူကြီး
၂ဆင့်၃ဆင့်လက်ဆင့်ကမ်းပြောလာတဲ့အပင်မဟုတ်
အမ ျိုးတွေထဲလက်တွေ့ပေ ျာက်ကင်းထားတဲ့အပင်
တခါပေ ျာက် ၂ ခါ ပေ ျာက်မဟုတ်
ပေ ျာက်ပေါင်းမ ျားပြီ
သူကြီးပြောသလိုတော့စီးပွါးဖြစ်ဘယ်သူမှမစမ်းသေး
ကိုယ်တိုင်ဆေးထုတ်မှနဲ့တူတယ်