Medicaid(Medi-Cal) ကို မရပ်ဖို့ သက်ဆိုင်ရာ Repubican အမတ်များထံ စာရေးတောင်းဆိုကြရန် – SweSwe Aye
ဧပြီ၁၆၊ ၂၀၂၅ – Westmister, CA ။ Repubicans များက လွှတ်တော်တွင် Medicaid အတွက် သတ်မှတ်ထားသော $880 ဘီလျံကို ဖြတ်မည့်အဆို အောင်မြင်ပါက Medi-Cal အပေါ်မှီခိုနေရသော Californians များအပေါ် မည်သို့ ဆိုးကျိုးတွေသက်ရောက်မှုရှိမည်လဲဆိုသောအချက်ကို ဆွေးနွေးသည့်အစည်းအဝေးကို American Community Media က ဦးစီးပြီး Nguoi Viet Office ၏ အစည်းအဝေးခမ်းမတွင် ကျင်းပခဲ့သည်။
Medi-Cal သည် သက်ကြီးများ၊ လူကြီးများနှင့်ကလေးများအတွက် State နှင့် Federal က ထောက်ပံ့ပေးသော ကျန်းမာရေးအာမခံဖြစ်သည်။ လွန်ခဲ့သောသတင်းပတ်က House အောက်လွှတ်တော် နှင့် Senate အထက်လွှတ်တော် သည် ဖယ်ဒရယ်၏ဘတ်ဂျက်များကိုလျော့ချရန် အဆိုတင်သွင်းခဲ့သည်။ နောက်ဆုံးအဆုံးအဖြတ်ကို လာမည့်လပိုင်းများတွင် သိကြရမည်ဖြစ်သည်။ Michael Odeh, Senior Director Health Policy at Children Now က ” နောက်လတွေမှာ နောက်လမယ့်၁၀နှစ်အတွက် $၈၈၀ ဘီလျံကို ကို ဖြတ်မယ်ဆိုတာကို သူတို့ဆုံးဖြတ်ချက်ထွက်လာလိမ့်မယ်။ ဘယ်သူကမှ ဘယ်နေရာကိုအများစုက Medi-Aid အတွက်လျာထားတဲ့ဘတ်ဂျက်တွေလဲပါသွားပါလိမ့်မယ်။ ဒီဆုံးဖြတ်ချက်တွေဟာ လွယ်လင့်တကူနဲ့မြန်မြန်ဆန်ဆန်ဖြစ်လာပါလိမ့်မယ်။ တကယ်လို့ အထက်လွှတ်တော်က နောက်လမယ့်၁၀နှစ်အတွက် $၈၈၀ ဘီလျံကို ကို ဖြတ်မယ်ဆိုတာကို အတည်ပြုလိုက်မယ်ဆိုရင် နောက်နှစ်မှာ Californians တွေအတွက် Medi-Cal ထဲက $၁၃ ဘီလျံ ဆုံးရှုံးမှာဖြစ်ပါတယ်။ Orange County မှာ Medi-Cal အသုံးစားရိတ်က တနှစ်ကို $ ၁၂ဘီလျံရှိပါတယ်။ ဒီလိုဖြတ်ရင် နောက်နှစ်အတွက် Orange County က Medi-Cal ယူထားသူတွေအကုန်ရပ်သွားပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

Medicaid ကို California တွင် Medi-Cal ဟုအမည်ပေးသတ်မှတ်ထားပြီး Californians ၁၅သန်းသည် ကျန်းမာရေးစောင့်ရှောက်မှုအတွက် Medi-Cal ကိုမှီခိုနေရသည်။ ၁၉၆၆ခုနှစ်မှ စတင်ခဲ့သောMedi-Cal သည် တဖြည်းဖြည်းလူအများထံကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိစေပြီး ၂၀၁၆တွင် အသက်၁၉နှစ်အောက် မည်သူမဆို နေထိုင်ခွင့်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လျှောက်ခွင့်ပေးခဲ့ပြီး ၂၀၂၀ တွင် အသက်၁၉နှစ်မှ၂၅နှစ်ထိ Californians များကို နေထိုင်ခွင့်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လျှောက်ခွင့်ပေးခဲ့ပြီး ၂၀၂၄တွင် အသက်၂၆နှစ်မှအသက်၄၉နှစ်ထိ ဝင်ငွေနည်းသောမည်သူ့ကိုမဆို လျှောက်ခွင့်ပေးခဲ့သည်။ ဝင်ငွေနည်းပြီး ကျန်းမာရေးအာမခံလစဉ်ပေးသွင်းရန် မတတ်နိုင်သူများသည် Medi-Cal ကိုသာ ကျန်းမာရေးအတွက်အားကိုးအားထားရပြီး State နှင့် Federal tax များအတွက် နှစ်စဉ်အခွန်ဆောင်သောအခါ ဒဏ်ကြေးမှလွတ်ကင်းရန် Minimum Essential Coverage (MEC) ရှိကြောင်းသက်သေကို Medi-Cal ရှိထားကြောင်း ပြသကြရသည်။ Medi-Cal သည် Primary ( နေမကောင်း၍ ပြသရန်) နှင့် specialty care (ခွဲစိတ်၊ ဆေးရုံတက်)၊ ဆရာဝန်ညွှန်းစာပါသောဆေးအများစု၊ သွားသန့်ရှင်းရေးနှင့်သွားဖာခြင်း၊ မျက်စိစမ်းခြင်း၊ အရေးပေါ် ER ပြသခြင်း၊ စိတ်ကျန်းမာရေးနှင့်မူးယစ်ဆေးဖြတ်ခြင်း၊ Preventive care များဖြစ်သော ကာကွယ်ဆေးထိုးခြင်း၊ ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းနှင့် Nursing home care, in-home assistance များကဲ့သို့သော နာတာရှည်လူနာများအတွက်ပါ ကျန်းမာရေးအာမခံကိုပေးသည်။ ” Medi-Cal သာ ရပ်သွားခဲ့ရင်လူတွေအတွက် စားရိတ်သက်သာပြီး ထိရောက်တဲ့ကျန်းမာရေးဝန်ဆောင်မှုတွေကို ပေးနိုင်မှာမဟုတ်တော့ပါဘူး။ ကျန်းမာရေးဝန်ထမ်းတွေအများကြီး အလုပ်ပြုတ်မယ်။ ဆေးရုံတွေပိတ်ရမယ်။ ER ပိုလူပြုံမယ်။ လူနာတွေဟာ ER မှာစောင့်ရမယ့်အချိန်တွေ ပိုကြာကြမယ်။ ” ဟု Odeh ကဆက်ပြောခဲ့သည်။ ” ကျနော် လိုရင်းကိုပဲပြောမယ်။ Medi-Cal ကို မဖြတ်ပါနဲ့။ Don’t cut Medi-Cal “
Orange County ၏ Medi-Cal plan ဖြစ်သော CalOptima နှင့် ချိတ်ဆက်ထားသည့် ဆေးရုံနှစ်ရုံသည် Medicaid စောင့်ရသည်မှာကြန့်ကြာမှုကြောင့် Medi-Cal နှင့်ဆက်စပ်သောအလုပ်လုပ်မှုများသည် ယခု ဘတ်ဂျက်မဖြတ်မီမှာပင် ရပ်ဆိုင်းသွားခဲ့ရကြောင်း Quynh Kieu, MD, Pediatrics Department, Miyoco Medical Center က ဆွေးနွေးခဲ့သည်။ California တွင် Medi-Cal ကိုမှီခိုနေရသောကလေး ၅သန်းခန့်ရှိပြီး OC ရှိ CalOptima တွင် ကလေးလူနာပေါင်း ၁သန်းခန့်ရှိသည်။ ” ကျမက ကလေးဆရာဝန်တယောက်အနေနဲ့ Medi-Cal နဲ့ပတ်သက်ပြီးပြောချင်တာက ကလေးတွေအတွက် Medi-Cal ဟာ preventive care အတွက် လိုကိုလိုတယ်။ ကာကွယ်ဆေးထိုးတယ်။ သွေးအားနည်းခြင်း ရှိ၊ မရှိစစ်ရတယ်။ ကလေးတွေဖွံဖြိုးမှုနဲ့နေထိုင်ကောင်းမှုကို နှစ်စဉ်စစ်ဖို့ Medi-Cal ရှိမှဖြစ်မယ်။” ဟု Dr. Kieu ကဆက်ပြောသည်။ California သည် အခြားပြည်နယ်များထက် ပိုပြီးမျိူးစုံသောကျန်းမာရေးစောင့်ရှောက်မှုုဖြစ်သည့် California Children’s Services (CCS) ကိုပေးလျက်ရှိရာ ” California Children’s Services ရှိတဲ့အတွက် ခန္ဓာကိုယ်မသန်စွမ်းတဲ့ကလေးတွေ၊ နေ့မစေ့ဘဲ မွေးလာခဲ့တဲ့ကလေးတွေ၊ Autism ကလေးတွေ၊ စကားပြောနောက်ကျတဲ့ကလေးတွေ၊ အကြားအာရုံချို့တဲ့တဲ့ကလေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေကိုပေးတယ်။ ခန္ဓာကိုယ်ကျန်းမာရေးစောင့်ရှောက်မှုတွေအပြင် ကလေးတွေက Medi-Cal ရှိနေတဲ့အတွက် စိတ်ကျန်းမာရေး၊ ကလေးရဲ့ Behavioral Health တွေနဲ့ သွားကျန်းမာရေးစောင့်ရှောက်မှုတွေရနေတာဖြစ်ပါတယ်” ဟု Dr. Kieu က ဆက်လက်ဆွေးနွေးခဲ့သည်။ ” သင့်မှာကလေးမရှိပေမယ့် သင့်မိတ်ဆွေတွေမှာ ကလေးတွေရှိပါလိမ့်မယ်။ Medi-Cal ကို ဘတ်ဂျက်ဖြတ်ရင် ကလေးတွေအတွက် ဒီကျန်းမာရေးစောင့်ရှောက်မှုတွေ ရပ်သွားပါလိမ့်မယ်။ “
မိဘများနှင့်မိသားစုလိုက် Medi-Cal ရရှိထားသော Evelyn Rodriguez, Parent Advocate & CEO, Latino Parents Mentors LLC | Executive က ” Medi-Cal ဟာ ကလေး၊ လူကြီး စသဖြင့် တဦးချင်းစီအတွက်မဟုတ်ပါဘူး။ မိသားစုတခုလုံးအတွက်ကိုအရေးကြီးတာပါ။ စိတ်ကျန်းမာရေး၊ လူကျန်းမာရေးအတွက် Medi-Cal ဟာ မိသားစုတွေအတွက် လိုအပ်တယ်” ဟုပြောကြားခဲ့သည်။ ” Medi-Cal ကိုရပ်လိုက်မှာဟာ အရမ်းကြောက်စရာကောင်းပါတယ်။ မိသားစုတွေက Medi-Cal ကို မှီခိုနေကြရတာ”
Medi-Cal သည် ကျန်းမာရေးနှင့် အထူးလိုအပ်ချက်ရှိသူများအတွက်လဲ လိုအပ်သောကျန်းမာရေးဝန်ဆောင်မှုများကို ပေးသည်ဖြစ်ရာ ကျန်းမာရေးနှင့် အထူးလိုအပ်ချက်များရှိသော သား William Del Rosario ၏ မိခင်ဖြစ်သူ Michelle က ” Autism ဖြစ်နှုံးတွေဟာ ပိုပြီး မြင့်တက်လာပါတယ်။ ဒီလို လူနာတွေ၊ ကလေးတွေဟာ Medi-Cal ပေါ်မှာပဲ မှီခိုနေရတယ်။ ဒီအချိန်ဟာ Medi-Cal ကို ဖြတ်ရမယ့်အချိန် လုံးဝမဟုတ်ပါဘူး” ဟုပြောကြားခဲ့သည်။ သားဖြစ်သူ William Del Rosario သည် စကားမပြောနိုင်သော်လဲ သူပြောချင်သောစကားများကို ကွန်ပြူတာမှတဆင့် အသံထွက်ကာပြောကြားခဲ့သည်။ District 40 တွင်နေထိုင်ကြသော Michelle နှင့် သားဖြစ်သူ William Del Rosario အသက်၂၄နှစ်တို့သည် Rep. Young Kim ထံသို့ Medi-Cal ဘတ်ဂျက်ဖြတ်ပါက ယခုရင်ဆိုင်နေရသောသားဖြစ်သူ၏ ကျန်းမာရေးစိန်ခေါ်မှုများအတွက် ကြီးစွာသောအခက်အခဲများကြုံတွေ့လာရမည်ဖြစ်သဖြင့် ထိုသို့သော လူနာများအတွက် Medi-Cal ကိုမဖြတ်ပါရန်တောင်းဆိုသောစာကို ရေးသားပေးပို့ခဲ့သည်။
Republicans ခေါင်းဆောင်းများသည် federal budget လျော့ချမည့်ကိစ္စကိုဆောင်ရွက်နေရာ 40th congressional district ကိုကိုယ်စားပြုရွေးကောက်ခံအမတ် Rep. Young Kim သည် Medicaid cuts အတွက် မထောက်ခံကြောင်း ခေါင်းဆောင်ပိုင်းများကို စာရေးထားသော Republican အမတ်၁၂ဦးတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ထိုRepublican အမတ်၁၂ဦးသည် GOP ခေါင်းဆောင်မှုအား စာရေးပြောကြားထားသည်မှာ အကယ်၍ Medicaid ကိုဖြတ်ပါက ဘတ်ဂျက်ညှိုနှိုင်းဆွေးနွေးခြင်းအစီအစဉ်မှာ ပြန်လည်ပါဝင်ကြမည်မဟုတ်ကြောင်းကို စာရေးပြောကြားထားခဲ့သည်။
Medi-Cal ဘတ်ဂျက်ဖြတ်လျှင် မည်သည့်လူတန်းစားများကိုအဓိကထိမလဲနှင့် အခြားဘယ်လိုစီးပွားရေးလုပ်ငန်းတွေအပေါ်ထိခိုက်မှုရှိလာနိုင်သလဲ ဆိုသော မြန်မာ့ဂဇက်၏မေးခွန်းကို Michael Odeh က ” Medi-Cal ကိုဖြတ်ရင် ဝင်ငွေနည်းလူတန်းစားတွေ၊ အင်္ဂလိပ်စကားမပြောကြသူတွေ၊ အသားအရောင်ရှိတဲ့လူမျိူးတွေ၊ Disables တွေသာမက လူတန်းစားမျိုးစုံကို ထိခိုက်မှာပါ။ ကျနော်က စီးပွားရေးလုပ်ငန်းရှင်မဟုတ်ပေမယ့် သိထားတာက ဆေးရုံတွေ၊ ဆေးခန်းတွေဟာ လူနာအားလုံးမဟုတ်တောင် ဝင်ငွေက Medi-Cal လူနာတွေဆီကနေ ကုသပြီး ရကြတာလေ။ ဆေးရုံတွေ၊ ဆေးခန်းတွေ၊ ကျန်းမာရေးလုပ်သားတွေ အပေါ် သက်ရောက်မှုတွေရှိကိုရှိပါတယ်” ဟုဖြေကြားခဲ့သည်။
“Californians ၃ယောက်မှာ ၁ယောက်က ကျန်းမာရေးစောင့်ရှောက်မှုကို Medi-Cal က ပေးတယ်။ Medi-Cal ဘတ်ဂျက်ရဲ့ ၆၀% က အစိုးရကပေးတဲ့ Federal ဘတ်ဂျက်ကနေရတယ်။ ဒီနေ့မှာ undocumented immigrants အကြောင်းကို မပြောဘူး။ Medi-Cal ကို Gov. Newsom က undocumented immigrants တွေအတွက် ဘောင်ချဲ့ပေးခဲ့တယ်။ အခု Medi-Cal ဘတ်ဂျက်ကိုဖြတ်မယ်ဆိုရင် သူတို့သာ ဒုက္ခရေက်တာမဟုတ်ဘဲ နိုင်ငံသားတွေရဲ့ မိဘတွေထဲမှာ Home care services တွေ၊ အိမ်တိုင်ယာရောက်အစားအစာပို့တဲ့ဝန်ဆောင်မှုတွေ ဒါတွေက Medi-Cal ပေါ်မှီခိုနေရတာ။ ဒါတွေကို မနှစ်က ဆွေးနွေးခဲ့တယ်။ အခု Medi-Cal ကိုဖြတ်ရင် လူတွေအများကြီးဟာ ဗြုန်းကနဲမထိန်းနိုင်မသိမ်းနိုင် ဒုက္ခရောက်ကြတော့မှာ။ ဆေးရုံတွေ၊ ဆေးခန်းတွေဟာ community မှာ Medi-Cal ရှိတဲ့လူနာရော၊ Medi-Cal မရှိတဲ့လူနာတွေရော လက်ခံကုသပေးတယ်ဆိုပေမယ့် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ဆေးဝါးစားရိတ်ကိုပြန်ထုတ်ပေးတဲ့ Medi-Cal ကိုရပ်လိုက်ရင် ဆေးရုံတွေ၊ ဆေးခန်းတွေ အင်ရှိအားရှိဆက်ရပ်တည်ဖို့ ဘယ်သူမှ အာမ မခံနိုင်ပါဘူး။ Medi-Calကိုဖြတ်လိုက်ရင် ကြီးမားပြင်းထန်တဲ့ domino effect ကို ဆက်တိုက်ရင်ဆိုင်ကြရမှာဖြစ်ပါတယ်” ဟု American Community Media ၏ ဒါရိုက်တာဖြစ်သူ Sandy Close က မြန်မာ့ဂဇက်ကိုပြောကြားခဲ့သည်။
မှတ်ချက်/ ” Republican Representatives တွေဆီကို Medi-Cal ကို မဖြတ်ဖို့ တောင်းဆို စာရေးကြပါ။” ဆောင်းပါးအား မြန်မာ့ဂဇက်ဧပြီ ၂၀၂၅ ထုတ်တွင် ပုံနှိပ်ဖေါ် ပြမည်ဖြစ်သည်။