Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာပြည်တွင် လုပ်သည် နောက်ဆက်တွဲ

ဆူးSeptember 26, 20101min40511


ဒါက စပါးအုံးပါနော ။သူက အကွက်မဲတယ် ။ စပါးကြီးက အကွက်ဝါတယ် ဝိုင်းတယ် ။ စပါးအုံးက နှာခေါင်းရပေါက် ။စပါးကြီးက ၉ပေါက် ။ သိတဲ့ ကျွမ်းကျင်တဲ့သူကတော့ မြင်ရုံနဲ့ သိနိုင်တယ်……

စပါးကြီးသည်းခြေ ဆိုတာ အင်မတန်မှကို ရှားပါးတယ် ။ အတော်လဲ အသုံးဝင်တယ် ။ တခြား အခါးဓါတ်တွေက လျာပေါ်တင် ပြီးသွားကြတာ သူ့ အခါးဓါတ်ကတော့ အကြောပေါင်း တစ်ထောင်အထိ ဖြန့်ကျက်နိုင်စွမ်းရှိတယ် ။ သေခါနီး မျောနေသူကို လျှာပေါ် တစ်ပဲသားလောက်ပဲတင်ပေးလိုက် တစ်နာရီလောက်တော့ ဆက်နိုင်သေးတယ် ။ သေခါနီးရင် အကြောသွေးဆုတ် ကုန်တာကိုး…..စပါးကြီးသည်းခြေက အကြောတွေ သွေးဆက်ပို့နိုင်အောင် ဇင်္ဂမ ဝါယောကနေတွန်းပို့အောင် စေ့ဆော်နိုင်စွမ်း ရှိလို့ပါ ။ အဲ့လိုပဲ ကြောင်တောင်ကန်း မျက်မမြင် ( တိမ်မရှိပဲ တစ်စုံတစ်ခု ဖျားနာဲခင်း တက်ခြင်းတို့ကြောင့် ကန်းတာ) တချို့

ဆိုရင် စပါးကြီးသည်းခြေလေး လေးငါးခါခပ်ရုံနဲ့ ပြန်မြင်တာတွေ ကိုယ်တွေ့ ကြုံခဲ့ဘူးတယ် ။ လေဖြတ် လေငန်းမှာတော့

မသိသူ မရှိလောက်အောင် စွမ်းတယ်လေ ။ ဒီလောက်တောင် စွမ်းနေမှတော့ စပါးကြီးသည်းခြေကို မလိုချင်သူရှိပါ့ မလားဗျာ ။

စပါးကြီးနဲ့ စပါးအုံးတောင် ကွဲကွဲ ပြားပြား မသိသေးသူတွေ ဒုနဲ့ဒေးဆိုတော့ ရိုက်စားတွေ အတွက် ဂွင်ပဲလေ ……..

ကျနော် ကျိုက်ထီးရိုးရောက်စဉ်က ဆိုင်တိုင်းလိုလို စပါးကြီးသည်းခြေရပြီ တဲ့ ။ မေးကြည့်တော့ တစ်လုံး ၅၀၀ဝ တဲ့လေ ။

(ရွှေဈေးတောင် ၁ကျပ်သား ငါးသောင်းပဲရှိသေးတာ ) ပြန်ရောင်းဘို့ များများယူချင်တယ် ဆိုတော့ ရတယ် ..ခဏစောင့်အုံး ဆိုပြီး ယူလာတာ …..ဟိုက်ရှားပါး ကျွတ်ကျွတ်အိတ်ကြီးနဲ့ တစ်ထုပ်ဗျ ၊ အလုံး၃၀ဝလောက်ရှိတယ် ။ဒီတိုင်းဆို မြန်မာပြည်က

စပါးကြီးမြွေတောင် မျိုးတုန်းလောက်ပြီ ။……….ကျနော်လဲ မဟုတ်မှန်းသိပေမယ့် အားကနာ မိုးကလဲချုပ်နေတော့ မဝယ်ရင် ဝိုင်းရိုက်မှာစိုးလို့ အလုံး၂ဝလောက်ဝယ်ခဲ့ရတယ် ။ တစ်လုံး၅၀ဝ တဲ့လေ ။ (နောက်မှ သူငယ်ချင်းအရင်းတွေကို လက်ဆောင်ပေးလိုက်ရတယ် ။ဒင်းတို့ကတော့ ကျေးဇူးတွေတင်လွန်းလို့တဲ့ )

ဘေးဆိုင်က ကရင်ကြီးတစ်ယောက်က လက်တို့ပြီးခေါ်ပြောတယ် ။ ကျနော်ကလဲ ကရင်လို နည်းနည်းတတ်တော့ ခင်သွားလို့ခေါ်ပြောတာပါ ။မှတ်သားလောက်ပါတယ် …….. အဲ့ဒီ သည်းခြေတွေက အတုတွေ ။ရန်ကုန် မြောက်ဥက္ကလာက

ထုတ်တာ အလုံ့းရေ ထောင်နဲ့သောင်းနဲ့ ယူချင်လဲရတယ် ။ မစွမ်းဘူးတော့ မဟုတ်ဘူး ။ နည်းနည်းတော့ စွမ်းပါတယ် ။

အခါးပေါင်းများစွာ( ဘုမ္မရာဇာ ၊ ကြက်သည်းခြေ ၊ ငါးသည်းခြေ ၊ နွားသည်းခြေ )တို့ကို ဆေးဘက်ဝင် တခြားအမြစ်တွေ

ရော ၊ ထန်းလျက်နည်းနည်းထည့် ကျို ၊ ငါးစည်ပေါင်းထဲဆေးထိုးအပ်နဲ့ထည့်ပြီး ညှို့တံဆိုတာကို ကြက်တက်ကလေး
နဲ့ လုပ်ထားတာ ။ ဘယ်လိုစမ်းစမ်း အစစ်ပဲ ။ ဒုတ်ချောင်းလေးမှာ စပါးကြီးသည်းခြေသုတ် ရေထဲချ ။ ကူးတယ်ဗျ ။

အဲဒါ ထန်လျက်ရဲ့ အစွမ်းပေါ့ ။ တကယ်စမ်းချင်ရင်တော့ ညှို့တံ နေရာကို ရေနွေးပူထဲထည့်စိမ်လိုက် ။ ကော်ကပ်ထားတဲ့

ကြက်တက်လေး၂ခုဟာ ပြုတ်ကျသွားလိမ့်မယ် ။အဲဒါ အတုပဲ ။ အစစ်က လက်ဖဝါးပေါ် ပွတ်လိုက် ခဏနေရင် လက်ဖမိုးပေါ်လျက် ကြည့် ခါးနေတယ် ။ အစစ်တစ်လုံးကို ရွှေငါးမူးသားဈေးလောက်ရှိတယ် ။တစ်ကယ့် အစစ်လိုချင်ရင် အကောင်လိုက်ဝယ်သွား။ကျနော့မှာ ရှိတယ်ဆိုပြီး ထုတ်ပြတယ် ။လားလား နည်းတဲ့ကောင်ကြီးမဟုတ်ဘူး ။ ၁၂ပေလောက်ရှိမယ် ။အရှင်ဗျ ….ကဲ……..ဒါနဲ့ပဲ ကျေးဇူးတော် အနန္တ တင်ပြီး လက်ပတ်နာရီလေး ချွတ်လို့ လက်ဆောင်ပေးခဲ့တယ်ဗျာ ။

ကဲဗျာ …….အရေးဟဲ့ အကြောင်းဟဲ့ လေဖြတ်လို့ စပါးကြီးသည်းခြေအတုကို အားကိုးပြီး သောက်နေလို့ကတော့

ပျဉ်ကောင်းကောင်းသာ ရှာထားတော့ ။ မျက်စိနာလို့ သွားမခပ်လိုက်နဲ့ ထညက်ရေတွေက ရောင်ရမ်းသွားစေလိမ့်မယ် ။

အဲ့ဒါကြောင့် မြန်မာ တိုင်းရင်းဆေးတွေ နာမယ်ပျက်တာလေ ။ ဆေးနည်းရင်းအတိုင်း အစစ်အမှန်ဆိုရင်တော့ ……….

မျက်စိရောဂါ၊ နှလုံး ၊ အဖောအယောင် ၊ လေးဘက်နာ ၊ လေဖြတ်လေငန်း ၊ အကြောဆိုင်း၊ အကြောလေ/ သွေးမလျောက်

ဦးနှောက် အကျိတ် ၊ အနာစိမ်း အနာ့ပဆုပ်တွေတောင် ပျောက်တယ်ဗျာ …

ကျနော့ကိုယ်တွေ့ အရင်းအနှီးကြီးတဲ့ သင်ခန်းစာလေးမို့ တစ်ဆင့်ကူးယူဖော်ပြချင်ရင် မူရင်းလင့်ခ်လေးတော့ ရေးတွဲပေး

စေချင်ပါတယ် ။ ပြောင်ကြီး zawwinchina@gmail.com

11 comments

  • whowho

    September 26, 2010 at 11:29 am

    မပျောက်ချင်လည်းနေပါစေတော့။ ကြောက်တတ်လို့ပါ။

  • intro

    September 26, 2010 at 12:04 pm

    ကျိုက်ထီးရိုးသွားတုန်းက အားဆေးဆိုလို့ စမ်းသောက်ကြည့်တာ… ဘာမှ မထူးပါဘူးဗျာ… တစ်ညလုံး အိပ်လို့မရပဲ ရေပဲ ထထသောက်နေရတယ်… ပြန်တာတောင် ရေငတ်မပြေဘူးဗျာ… ဘာမှ ယုံစားလို့မရဘူး… အယုံလွယ်လို့ကတော့ ခံရပြီသာမှတ်၊ ကိုယ်တွေ့ကိုယ်တွေ့

    • ဆူး

      September 28, 2010 at 3:26 am

      လွန်ခဲ့တဲ့ ၈နှစ်လောက်တုန်းက ကျိုက်ထီးရိုး ဘုရားဖူးသွားတာ အနီး အနားက ကျောက်ထပ်ကြီးကို သွားရင်း လမ်းမှာ ရှိတဲ့ ကျောက်ဆီယို ဘုရားမှာ ဂေါပကက အလှူခံတယ် ဘုရားကို လေမိုးကျလို့ ဘုရားဆင်းတု ပြုတ်ကျပြီး ပျက်စီး ပဲ့သွားပါတယ် အသစ် ကိုးကွယ်နိုင်ရန် လှူခဲ့ပါဆိုတော့ ဘုရား ဆင်းတု ပဲ့နေလို့ စိတ်မကောင်းတာနဲ့ မြန်မာပီပီ စေတနာ ကောင်းကောင်း ကျသလောက် လှူတယ် ဘုရား နေကဇာတင်ဖို့ အတွက် ရော ဘုန်းကြီး မနက်စာ ပင့်ပြီး လှူရန် ဆွမ်း အတွက်ပါလှူခဲ့ပါတယ်။ ဖြစ်ချင်တော့ ၂လလောက် နေတော့ ကျိုက်ထီးရိုးကို ပြန်ရောက်သွားတယ်။ ဒါနဲ့ လှူထားတဲ့ ဘုရား ဘယ်လို နေမလဲ ပြန်သွားကြည့်တော့ ဘုရားအပဲ့နဲ့ အလှူခံတုန်းပါဘဲ အလှူခံ အဖွဲ့က မမှတ်မိဘဲ ထပ်ပြီး အလှူခံနေတော့ စိတ်လည်း မကောင်း ဒေါသလည်း ဖြစ်ခဲ့ရပါတယ်။ မလှူပါနဲ့ ပြောရင် ငရဲကကြီးအုန်းမယ်။ လှူတော့လည်း သူတို့က ရိတ်သိမ်းပစ်တယ်။ နောက် တခု ကျိုက်ထီးရိုးမှာ ဖြစ်လေ့ရှိတာ တခုရှိသေးတယ်။ ဘုရားကို လမ်းလျောက်တက်ရင် နတ်နန်းတွေ ဝင်ရှိခိုးအုန်းဆိုပြီး အော်နေတဲ့ လူကြီးတွေ အယုံအကြည်မရှိလို့ မဝင်ဘူး ဆိုရင် သူတို့က ထိုင်ကြိမ်ဆဲနေတယ်။ နတ်ကဘဲ စိတ်ဆိုးပြီး ချက်ချင်းဘဲ ကျားယောင်ဆောင် ကိုက်တော့ မလို မြွေကဘဲ ကိုက်မလား နတ်ကဘဲ ဖမ်းစားဘဲ ဘုရားပေါ် မရောက်တော့ဘူးလား ထင်ရလောက်အောင်ကို ထိုင်ကြိမ်ဆဲနေတာ အလှူခံရရင် တမျိုး မလှူဘဲနေရင်လည်း အမျိုးမျိုး ပြောဆိုတာတွေ ရှိတယ် ဒါမျိုးတွေ လည်း ကိုယ်တွေ့ကြုံရတာမို့.. အားလုံး သိစေချင်တယ်။

  • kopauk mandalay

    September 26, 2010 at 12:10 pm

    (အဲ့ဒါကြောင့် မြန်မာ တိုင်းရင်းဆေးတွေ နာမယ်ပျက်တာလေ)
    ဆိုတာလေးကိုတော့သိပ်ကြိုက် သိပ်မှန်ပါဗျာ။
    သေချမတတ်ဘဲနဲ့ ကြားဘူးနားဝနဲ့ ဆေးတွေဖော်ကြတော့
    သောက်လို့မပျောက်တော့ အဘိုးတန်တဲ့ မြန်မာတိုင်းရင်းဆေးက ကြားထဲက အချောင်နာမယ်ပျက်ကုန်တာလေ။

  • winkyawaung

    September 26, 2010 at 1:21 pm

    အင်း ရှားပါးပစ္စည်းကို ပေါနေတယ်ဆိုတော့ တစ်ချို့ကသိနေကြပါတယ်.။ ယခုလို အတုကို ရေးသားဖာ်ပြလိုက်တော့ ပိုပြီး ရှင်းလင်းသွားတာပေါ့ကွယ်။

  • kk

    September 26, 2010 at 4:47 pm

    မြန်မာပြည်တွင်လုပ်သည် ဆိုတဲ့ ခေါင်းစဉ်နဲ့ အရမ်းကိုလိုက်ဖက်ညီတယ်
    မြန်မာလူမျိုးတွေက အားနာတတ်၊ ယုံလွယ်တတ်၊ အားကိုးအရမ်းရှာတတ်သလောက်
    လိမ်လည်တတ်၊ အတုလုပ်တတ်၊ တဖက်သားကိုဒုက္ခပေးတတ်တဲ့ နေရာမှာလဲ
    လက်ကုန်ပါဘဲ.. တကယ်ဆို ကျိုက်ထိုလိုနေရာမျိုးမှာနေကြတဲ့သူတွေဟာ
    စာတောင်ဟုတ်တိပတ်တိမတတ်တဲ့၊ မြန်မာလိုတောင်ရေရေလည်လည်သိပ်မပြောတတ်တဲ့ ကရင်တွေ၊ မွန်တွေများပါတယ်။
    ဒီလူတွေကတောင်မြန်မာလူမျိုးအချင်းချင်း လိမ်လည်နိုင်တယ်ဆိုတာ
    လိမ်တဲ့လူရဲ့ အပြစ်မဟုတ်တော့ပါဘူး၊
    မိမိလောဘကိုရှေ့တန်းတင်မိတဲ့ (ငါးစာသာမြင်ပြီး ငါးမျှားချိတ်မမြင်တဲ့)
    လောဘသားတွေရဲ့ ရလဒ်ပါဘဲ
    ဒီလိုရေးတော့ မင်းရောဒီလိုမခံဖူးဘူးလားလို့မေးချင်ကြပါလိမ့်မယ်
    ပြောပြီးပါပကော
    ခေါင်းစဉ်ကိုက ……မြန်မာပြည်တွင်လုပ်သည် ….. တဲ့
    ကျနော်လဲ မြန်မာဘဲဗျာ ခံဘူးတာမှ ဖွတ်ဖွတ်ကြေ
    ခံခဲ့ရဘူး။ ခံနေရဆဲ။ ခံရဦးမည်။။။။။

  • kyansitthar101

    September 26, 2010 at 4:53 pm

    စပါးကြီးသည်းခြေက ဆေးဖက်ဝင်တာတော့သိတယ်။
    ဒါပေမယ့် ဒီလောက် ကောင်းမှန်း တန်ဖိုးကြီးမှန်း မသိခဲ့ဘူး။ အခုလို ရှင်းပြပေးတဲ့ အတွက် ကျေးဇူးတင် ပါတယ်။

  • char too lan

    September 28, 2010 at 9:14 am

    ဟုတ်တယ် ဒါမျိုးတွေကိုခံရလွန်းလို့ ဘာမှအယုံအကြည်မရှိတော့ဘူး။ ဘုရားဘန်းပြပီးလုပ်စားနေတဲ့သူတွေကပေါပါ့။ မပြောချင်တော့ဘူး။

  • Kaythayi

    September 28, 2010 at 10:46 am

    စပါးကြီး သည်းခြေ ဆိုတာ အတု ရော အစစ်ပါ မမြင်ဘူးပါဘူး…..ဗဟုသုတ ရအောင် အခုလို တင်ပြလာတာ ကျေးဇူးတင်ပါတယ်….

  • unclegyi1974

    September 28, 2010 at 2:38 pm

    ကျိုက်ထီးရိုးဘုရားကိုဆယ်ကျော်သက်အရွယ်
    ကလမ်းလျှောက်တက်ဖူးတယ်၊ သိပ်ပျော်ဖို့
    ကောင်းပါတယ်၊ အလှူခံတွေကလဲရှိပါတယ်
    အခုလိုတော့မများပါ၊ အလှူခံတွေကသက်ကြီး
    ပုဂ္ဂိုလ်တွေချည်းဘဲလို့မှတ်မိပါတယ်။
    အခုကားလမ်းပေါက်ပြီးမှတော်တော်ကြာမှတ
    ခေါက်ထပ်ရောက်ပါတယ်၊ နေရာတိုင်းအလှူခံ
    တွေချည်းပါဘဲ၊ အလှူခံတဲ့လူတွေကလဲလူငယ်
    လူလတ်တွေများပါတယ်၊ လူကြီးပိုင်တွေကမတွေ့
    သလောက်ပါဘဲ အလှူခံတဲ့ပုံစံကလဲ
    ဆူး ပြောသလိုဘဲတပုံစံထဲပါဘဲ
    ဘာတွေများဖြစ်နေပါသလဲ
    သိတဲ့လူရှိရင်ပြောပြပေးပါအုန်း။

  • doekalay

    September 29, 2010 at 2:38 am

    စပါးကြီးသည်းခြေဆေးဆိုပြီးဈေးတွေထဲမှာလည်းလိမ်ပြီးရောင်းနေတာကိုတွေ ့တယ်။မယုံလို ့ဘယ်တော ံ့မှမဝယ်ဘူး။ရောဂါမပျောက်ရင်နေပါ။

Leave a Reply